Mr.Rong's ချစ်မှုရေးရာ ဒိုင်ယ...

Door eithethmue

51.9K 7K 113

မင်္ဂလာ ညချမ်းပါရှင် အသစ်လေးတွေ လာကြေညာတာပါ ရှင့် ???? BL အတိုလေးနှစ်ပုဒ် PICK ထားပါတယ် အပိုင်းသိပ်မများတာလေး... Meer

Chapter 1.1
Chapter 1.2
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9.1
Chapter 9.2
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21.1
Chapter 21.2
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69.1
Chapter 69.2
Chapter 70
Chapter 71
Chapter 72
Chapter 73
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Extra 11
End of Extra

Chapter 59

517 67 0
Door eithethmue


Chapter 59

ငါမင်းအကြောင်းဘာမှမသိသေးဘူး





ချန်းခယ့်ယောင်မှာ တဒင်္ဂတုန့်ဆိုင်းသွားသည်။

"မင်းဘာလို့ရုတ်တရက်ကြီးမေးချင်လာရတာလဲ"

"အထွေအထူးမဟုတ်ပါဘူး"

ရုန်ယီပြောလိုက်သည်။

သူသည် 'စပျစ်နွယ်ပေါ်မှဖရဲသီးခုနစ်လုံး' အမည်ရအွန်လိုင်းမိတ်ဆွေကို အလိမ်အညာတစ်ပုံတစ်ခေါင်းကြီးနှင့်ဖြီးဖြန်းထားခဲ့သည်။ ထိုသူကအမှန်တကယ်ချန်းခယ့်ယောင်ဖြစ်နေခဲ့လျှင် သူ့ကိုယ်သူဖော်ထုတ်ရန်မှာရှက်စရာကောင်းလွန်း၏။





သို့သော်ငြား လက်ရှိအချိန်တွင်ဝေ့လည်ကြောင်ပတ်လုပ်သည်မှအပအခြားနည်းလမ်းရှာမတွေ့ပေ။ အမှန်တွင်ရုန်ယီ ချန်းခယ့်ယောင်ကို "ငါကထူးထူးခြားခြားချစ်စရာကောင်းတယ်လို့မင်းထင်လား" ဟုမေးချင်ခဲ့သည်၊ သို့သော် ၎င်းမှာအသံကျယ်ကျယ်ဖြင့်ထုတ်ပြောရန်ခက်သည်။

အဆုံးသတ်၌မူ သူသည်ချဉ်းကပ်ရမည့်နည်းလမ်းကိုပြောင်းလဲရန်ဆုံးဖြတ်လိုက်သည်၊ သူသည် တက်ကြွလွန်းသည့်အွန်လိုင်းမိတ်ဆွေကိုဖွင့်ပြောသည့်ကိစ္စကအောင်မြင်၊ မမြင်အား ကိုယ်ပိုင်မက်ဆေ့ချ်ပို့ပြီးသည်အထိစောင့်ရန်ဆုံးဖြတ်လိုက်သည်။

ထိုအတိုင်းတွဲစပ်ကြည့်ပါက အဆိုပါအွန်လိုင်းမိတ်ဆွေသည်သူ့အရှေ့မှလူအတိအကျဖြစ်ကြောင်းသံသယဖြစ်စရာရှိတော့မည်မဟုတ်။





"ကိုယ်မင်းကိုအရင်ကမပြောပြခဲ့တာ ကိုယ်နည်းနည်းရှက်နေလို့ပါ"





ချန်းခယ့်ယောင်သည်သူ့လက်များကိုဆုပ်နယ်လျက် ရုန်ယီ၏စိတ်ထဲမှအရာများကိုသတိမထားမိဘဲပြောနေသည်။

"လျိုယွမ်နဲ့ကိုယ့်သူငယ်ချင်းတွေကကိုယ့်ရဲ့ကလောင်နာမည်ကိုသိသွားကြတော့ဝိုင်းရယ်ကြတယ်၊ အချို့မိတ်ဆွေစာရေးဆရာတွေဆိုရင်သူတို့သဘောနဲ့သူတို့မိန်းကလေးပုံစံမိတ်ကပ်တွေပြင်လာကြသေးတယ်၊ အဲဒါကကိုယ့်ကိုနောက်ပိုင်းမှာ လူတွေနဲ့တွေ့ဖို့အရမ်းရှက်သွားစေခဲ့တယ်၊ ကိုယ်မင်းကိုပြောလိုက်ရင်မင်းလည်းကိုယ့်ကိုရယ်မှာကြောက်တယ်"





"အကုန်လုံးတော့မဟုတ်ပါဘူး"





ရုန်ယီ ခေါင်းယမ်းလိုက်သည်။





"ငါကတော့မင်းကအံ့ဩစရာကောင်းတယ်လို့ထင်တယ်"

"....."

"တကယ်ပြောတာ"





ရုန်ယီ ပြောလိုက်သည်။





"ငါကောလိပ်တက်နေတုန်းက 'နဂါးရှာပုံတော်' ပထမတစ်အုပ်တောင်အခေါက်ပေါင်းမနည်းဖတ်ဖြစ်ခဲ့တယ်"





သူပိုရှက်လာလေ၊ ရုန်ယီကပိုပြီးစိတ်လှုပ်ရှားလာလေပင်။





"ရုပ်ရှင်ထွက်လာတော့အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်ကြည့်ခဲ့တယ်၊ အဲဒါက...."

စကားပြောနေရင်းတန်းလန်းဖြင့် သူတစ်စုံတစ်ခုမှားနေသည်ကိုရုတ်ချည့်နားလည်သွားကာ တမဟုတ်ချင်းပါးစပ်ပိတ်လိုက်သည်။





ချိုမြိန်နေသည့်မူလလေထုလေးမှာ ရုတ်တရက်ကို့ရို့ကားယားအဖြစ်ပြောင်းသွားသည်။





"အဲဒါကြောင့်နဲ့မင်းအဲဒီကောင်ကိုချစ်မိသွားတာလား"

ချန်းခယ့်ယောင်ကမေးလာခြင်းပင်။



"....."



ချန်းခယ့်ယောင်က အသက်ပြင်းပြင်းရှူလိုက်၏။

"တကယ်တော့၊ အဲဒီဇာတ်ကောင်နေရာကသူနဲ့မသင့်တော်ဘူးလို့မင်းမထင်ဘူးလား"



အရိုးသားဆုံးပြောရလျှင် မော့ယွီဖေးနှင့်ဇာတ်ကောင်ကြားရှိသဘောထားက အတော်လေးကွဲပြားသည့်တိုင် သူ့တွင်ကြည့်ကောင်းသည့်ရုပ်ရည်ရှိသည်။ ရုန်ယီမှာ ထိုစဉ်ကအထိအရူးထနေခဲ့သေးသည်။ ယခုဤအရာကိုဝန်ခံရန်မှာ သူ့အတွက်ခဲယဉ်းနေ၏။ ရုန်ယီ လည်ချောင်းရှင်းကာမေးလိုက်သည်။





"ဒါဆိုဘာလို့မင်းကသူ့ကိုအကောင်းပြောပေးနေသေးတာလဲ"





"အဲဒီတုန်းက ကိုယ်နဲ့သူကအတူရှိနေသေးတယ် ပြီးတော့ ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးကအကောင်းဆုံးအဆင့်မှာလေ၊ အဲဒါကြောင့်ကိုယ်သူ့ကိုတတ်နိုင်သမျှကူညီနိုင်မယ်လို့ထင်ခဲ့တာ"





"ပြီးတော့ မင်းကသူ့အတွက်နောက်တစ်ခုကိုသီးသန့်ရေးပေးခဲ့သေးတယ်"





ရုန်ယီ ပြောလိုက်သည်။





ချန်းခယ့်ယောင်ကသူ့ကိုကြည့်လာပြီး တစ်စုံတစ်ခုပြောရန်တွေဝေနေသည်။





"အဲဒါတွေအကုန်လုံးကဖြစ်ခဲ့ပြီးသားတွေပါ၊ ငါကအဲဒီလောက်ရက်စက်တဲ့လူမျိုးမဟုတ်ပါဘူး"





ရုန်ယီအသံတိမ်တိမ်နှင့်ရေရွတ်ပြီး ရုတ်တရက်သူ့အသံကိုမြှင့်လိုက်သည်။





"ဒါပေမဲ့ အခုငါမင်းကိုမေးနေတာ၊ မင်းရိုးရိုးသားသားဖြေရမယ်"





ချန်းခယ့်ယောင်ကသူ့ကို ကူကယ်ရာမဲ့စွာကြည့်သည်။





"မင်းကြားတာတွေကိုစိတ်မဆိုးရင်ပေါ့"





"သူကဘာလို့မင်းကိုအစ်ကိုလို့ခေါ်တာလဲ"





ရုန်ယီ မေးလိုက်သည်။





"မင်းအဖေနဲ့တစ်ခုခုဖြစ်ခဲ့သေးလို့လား"





ချန်းခယ့်ယောင်ကခေါင်းညိတ်သည်။





"ကိုယ့်အဖေကအထက်တန်းကျောင်းမှာတုန်းကသဘောကျခဲ့ဖူးတဲ့လူရှိတယ်လို့ပြောဖူးခဲ့တာမှတ်မိလား၊ မော့ယွီဖေးကသူ့ကလေး"





"သူတို့ပုံမှန် အတူနေကြတာလား"





"ဟင့်အင်း"





ချန်းခယ့်ယောင်ကခေါင်းယမ်း၍ပြောသည်။





"သူငယ်တုန်းမှာပဲ မတော်တဆမှုဖြစ်ပြီးဆုံးသွားတယ်၊ ကိုယ့်အဖေကသတင်းကြားတော့စိုးရိမ်သွားတယ်လေ၊ အဲဒါကြောင့်သူ့ဆီကိုမကြာခဏသွားလည်တယ်၊ သူ့အထက်တန်းကျောင်းကကိုယ့်အိမ်နဲ့နီးတယ်၊ကိုယ့်အဖေကသူ့ကိုအမြဲညစာဖိတ်ကျွေးနေကျ၊ အဲဒါနဲ့ပဲ ကိုယ်တို့ချင်းရင်းနှီးလာကြတာ၊ အဲဒီနောက်ဆုံးကောက်ရိုးမျှင်ကအစ်မလန်ကိုမျက်စိစူးသွားစေခဲ့တယ်"





ရုန်ယီကခေါင်းငုံ့ကာ အချိန်အနည်းငယ်ကြာအောင်စဉ်းစားနေသည်။





"ဒီလောက်နှစ်တွေအကြာကြီးသိလာတာ၊ သူမင်းအကြောင်းကောင်းကောင်းသိနေတာမဆန်းတော့ဘူး"





"ကိုယ်အဲဒီအချိန်ကအရမ်းတုံးခဲ့တယ်၊ ကိုယ်သူ့ကိုသဘောကျတော့အကုန်လုံးကိုပြောပြခဲ့မိတယ်"





ရုန်ယီ ခေါင်းမော့ကာပြောလိုက်သည်။





"ငါနဲ့မတူဘူးပဲ၊ ငါကမင်းအကြောင်းဘာမှမသိထားဘူးလေ"





ချန်းခယ့်ယောင်ကကြက်သေသေသွားပြီးမှဆက်ပြောလာသည်။





"ဒါပေမဲ့ကိုယ်အခုပိုတော်လာအောင်သင်ယူနေပါတယ်၊ အဲဒါဆိုမင်းသိချင်တာမှန်သမျှကို ကိုယ်ရိုးရိုးသားသားဖြေပေးနိုင်ပြီ"



"....."



ထိုသို့သော စိတ်ကျေနပ်ဖွယ်စကားမျိုးကိုမဆိုင်းမတွပြောထွက်နိုင်ခြင်းက အမှန်တကယ်ပင်သူအနည်းငယ်ပိုတော်လာပြီဟုထင်မြင်ရသည်။



"ပြီးတော့၊ အခြားသူတွေရဲ့ပရိုမုန်းတွေကိုမခံနိုင်ဘူး၊ ပြီးတော့ 'အဲဒီနည်းလမ်း' နဲ့သူကမကျေနပ်နိုင်လို့အခြားလူတွေနဲ့တွေ့ပြီးဒိတ်နေတာကိုမင်းသိသွားခဲ့တာပေါ့?"



"တကယ်တော့ ကိုယ်ကသာပရိုမုန်းတွေနဲ့ပတ်သတ်ပြီးမဖြေရှင်းနိုင်တာပါ"

ချန်းခယ့်ယောင်ကခေါင်းငုံ့ထားသည်။

"သူ့ရဲ့မွေးရာပါစွမ်းရည်က အယ်လ်ဖာဖြစ်နေတာတောင်ပရိုမုန်းတွေကိုအာရုံခံနိုင်တာက ဘီတာတွေနဲ့မကွာဘူး၊ အဲဒါကြောင့် သူကလည်းသူ့ရဲ့ပရိုမုန်းကိုဘယ်လိုထိန်းချုပ်ရမလဲမသိဘူး"

"အဲဒါကမင်းအတွက်ပိုမဆိုးသွားဘူးလား"

"သူ့နေရာကကြည့်ရင်တော့ သူကပဲကိုယ်နဲ့အလိုက်အထိုက်ဖြစ်အောင်နေနိုင်တာ"

"....."

ရုန်ယီ တုန့်ဆိုင်းသွားသည်။

"အယ်လ်ဖာ ဂလန်းတွေကိုခွဲထုတ်လို့ရတဲ့ခွဲစိတ်မှုရှိတယ်လို့ငါကြားဖူးတယ်"

ချန်းခယ့်ယောင်ခါးသီးစွာပြုံးပြီးခေါင်းယမ်းလိုက်သည်။





"သူကကိုယ်နဲ့စိတ်မကျေနပ်နိုင်လို့အခြားတစ်ယောက်ကိုရှာတာလို့မင်းထင်လား"

"အဲဒါကအကြောင်းရင်းပဲမဟုတ်ဘူးလား"

"အဲဒါကပုံမှန်တွေးတာပဲ"

ချန်းခယ့်ယောင်ကပြောလာသည်။

"ဒါပေမဲ့သူကယဉ်ယဉ်လေးရူးနေတဲ့ကောင်"

"အာ?"

"ကိုယ်တုံ့ပြန်တာတွေသူမမြင်ခဲ့ဘူး၊ သူနောက်တစ်ယောက်နဲ့အိပ်တာကိုကိုယ်ဘာလို့စိတ်ဆိုးတာလဲသူမသိဘူး"

ချန်းခယ့်ယောင်ကပြောလာသည်။

"အဲဒီတော့သူက ကိုယ့်အတွက်အများကြီးအနစ်နာခံပြီး ကိုယ့်ကိုစိတ်ဆိုးပြေအောင်လုပ်ပေးချင်တယ်လို့တွေးတယ်၊ ဒါပေမဲ့ ကိုယ်ကလည်းသူဘယ်လောက်လုပ်လုပ်ဒေါသထွက်နေတုန်းပဲ"

"....."

"ထပ်မပြောချင်တော့ဘူး"



ချန်းခယ့်ယောင်က မှုန်တေတေမျက်နှာထားဖြင့်ဆက်ပြောလာသည်။

"တွေးကြည့်တာနဲ့တင်စိတ်တိုတယ်"

အမှန်တွင် မနေ့ကမော့ယွီဖေးနှင့်နီးနီးကပ်ကပ်ဆက်ဆံပြီးနောက် ရုန်ယီသည်မော့ယွီဖေး၏ လော့ဂျစ်များကထူးဆန်းနေမှန်းနားလည်လာသည်။ ချန်းခယ့်ယောင်က သူ့ကိုစွန့်ပစ်ခဲ့သည်ဟုစောဒကတက်သည်။အစပိုင်းတွင် ရုန်ယီကနောက်နေခြင်းဖြစ်မည်ဟုတွေးခဲ့သော်ငြား သူတကယ်ယုံကြည်ခဲ့မိသယောင်ပင်။ ရုန်ယီသည်အဝေးမှပရိသတ်တစ်ယောက်ဖြစ်နေလျှင်ပင် ပရိသတ်များအကြားကျယ်ကျယ်ပြန့်ပြန့်ပြောဆိုရလောက်သည်အထိ တမူထူးခြားသည်ကိုသူသိခဲ့သည်။ သူ၏ကို့ရို့ကားယားနိုင်သည့်လောဂျစ်များက ချစ်စရာကောင်းသည်ဟုသူ၏ပရိသတ်များကယူဆထားသည်။ သို့သော် လူအကောင်လိုက်နှင့်တကယ်တမ်းဆက်ဆံကြည့်သည်တွင် မော့ယွီဖေး၏လော့ဂျစ်များကသူ့ကိုမကြာခဏ ပြောစရာစကားများပျောက်ဆုံးစေခဲ့မှန်းသိလိုက်ရသည်။

ချစ်သူမဟုတ်သည့်အခြားလူတစ်ယောက်နှင့် လိင်ကိစ္စပျော်ပါးခြင်းကကိစ္စကြီးမဟုတ်ဟုသူယူခဲ့သည်မှာ မှန်ကောင်းမှန်နိုင်သည်။ အနည်းဆုံး သူသည်သူ၏ချစ်သူနှင့်သူ့အတွက် ဆုံးဖြတ်ရမည့်မူများချမှတ်ထားခဲ့သည်။ ထို့ကြောင့် သူ၏အချစ်ပြိုင်ဘက်ဟုယူဆထားသည့် ရုန်ယီနှင့်တွေ့သည့်အခါ ရန်လိုနေသည့်ပုံစံကိုပင်မပြခဲ့ပေ။

ရုန်ယီမှာ ထိုအချက်ကမှန်လား၊ မှားလားမပြောနိုင်သော်ငြား မည်သို့ပင်ဖြစ်စေ သူနှင့်ချန်းခယ့်ယောင်ကတစ်ယောက်နှင့်တစ်ယောက်အတိအကျကိုမသင့်လျော်ကြပေ။

ထိုသို့ဆိုလျှင် ချန်းခယ့်ယောင်အတွက်မည်သို့သောလူမျိုးကသင့်လျော်ပါသနည်း။





ရုန်ယီ ခေါင်းငုံ့ကာသူ့မေးစေ့ကိုလက်ချောင်းများနှင့်ပွတ်သပ်နေသည်။သေချာသည်မှာ သစ္စာရှိခြင်းကိုယုံကြည်ပြီးအခြားသူတစ်ယောက်ကိုအချစ်များခွဲဝေမပေးနိုင်သည့်သူကိုယ်တိုင်ဖြစ်လိမ့်မည်။





"မင်းကဘာတွေပျော်နေတာလဲ"





ချန်းခယ့်ယောင်ကမျက်မှောင်ကြုတ်ကာမေးလေ၏။

သူသည်အတိတ်မှဖြစ်ရပ်များကို ပြန်လည်စုစည်းလိုက်ရသောကြောင့်လေးလံတင်းကျပ်သည့်ခံစားချက်ဝင်နေသည်။ ရုန်ယီသည်သူနှင့်အတူဝေမျှခံစားသင့်ပြီး သူ့ကိုချက်ချင်းနှစ်သိမ့်ပေးသင့်မည့်အစား ခေါင်းငုံ့ကာပြက်ရယ်ပြုနေသည်။ ၎င်းကတကယ်ကိုတရားလွန်သည်။

ရုန်ယီသည် သူ့အားအမှန်အတိုင်းပြောပြရန်ရှက်ရွံ့နေသည်။

သူယခု မော့ယွီဖေးနှင့်ပတ်သတ်ပြီးအလွန်အမင်းရှုပ်ထွေးသည့်ခံစားချက်များရှိနေသည်။ သူသည်အနှီသူ၏ ပရိသတ်တစ်ယောက်မဟုတ်တော့၊ သို့သော်ငြား သူ့ကိုမနှစ်သက်တော့ခြင်းလည်းမဟုတ်ပေ။ ထိုသူက ချန်းခယ့်ယောင်ကိုနာကျင်ဖွယ်မှတ်ဉာဏ်များယူဆောင်လာခဲ့သည့်တိုင် အနှီသူ၏ဟောင်းလောင်းပေါက်ဦးနှောက်ကိုကျေးဇူးတင်ရမည်၊ ရုန်ယီတွင် ချန်းခယ့်ယောင်၏ရတနာလေးအားကောက်ရန်အခွင့်အရေးရခဲ့သည်။





သည့်အပြင် မနေ့ကကဲ့သို့သောအဖြစ်မျိုးမရှိခဲ့ပါက ရုန်ယီသည်ချန်းခယ့်ယောင်ကို အဆောတလျင်နမ်းခဲ့ရမည်မဟုတ်။





ထိုအနမ်းကသူ့ကိုယုံကြည်ချက်များပေးခဲ့သည်။





နှုတ်ခမ်းများကိုဖြတ်သန်းပြီး ချန်းခယ့်ယောင်၏နွေးထွေးမှုတင်မက စိတ်ဆန္ဒပြင်းပြမှုများနှင့် ပရိုမုန်း၊ ပြောမပြနိုင်သည့်စကားလုံးပေါင်းမြောက်များစွာကိုပင်ရခဲ့သည်။





အားလုံးက ယနေ့သူပိုရဲရင့်လာသည့်သက်သေများပင်။





အဓိကအချက်အရ သူမော့ယွီဖေးကိုကျေးဇူးတင်သင့်သည်။ သူ၏မရည်ရွယ်သည့်လှုပ်ရှားမှုက သူနှင့်ချန်းခယ့်ယောင်၏ဦးတည်ရာကိုအပြန်အလှန်နားလည်လာစေသည်။





သို့တစေ ၎င်းစကားများကထုတ်ပြောရန်အနည်းငယ်ရှက်စရာကောင်းနေ၍ အချိန်တိုအတွင်းရုန်ယီသည်အခြားခေါင်းစဉ်တစ်ခုကိုပြောင်းလိုက်သည်။





"အဲဒါဆို... အိုမီဂါတွေကိုမကြိုက်တာမျိုးကမင်းနဲ့မဆိုင်ဘူးမဟုတ်လား"





"အဲဒါကမကြိုက်တာမျိုးမဟုတ်ဘူး"

ချန်းခယ့်ယောင်ကငြင်းဆန်လာသည်။



"ကိုယ်မင်းကြောင့်အန်တာမဟုတ်ဘူး၊ မင်းအထင်လွဲနေပြီ"





၎င်းကသာမန်အတိုင်းစကားလုံးရွေးချယ်ပြောခြင်းဖြစ်သည့်တိုင် ချန်းခယ့်ယောင်က အတည်တွေးနေ၍ ရုန်ယီအပျင်းပြေသွားသည်။





"အဲဒါဆိုမင်းရဲ့ရောဂါဘာလဲ"

"ရှင်းပါတယ်၊ မင်းကိုယ့်မိဘတွေအကြောင်းလည်းသိပါတယ်"

ချန်းခယ့်ယောင်ကပြောလာသည်။

"ကိုယ်ငယ်ငယ်တည်းကသူတို့ရဲ့လိင်ပိုင်းဗီဇတွေအလွှမ်းမိုးထိန်းချုပ်မခံရတဲ့ဘီတာမျိုး ပြီးတော့ သူတို့ချစ်ရတဲ့သူတစ်ယောက်တည်းပဲဖြစ်ချင်ခဲ့တယ်"

"ဟုတ်ပါပြီ...မင်းကအခုထိမင်းသဘောကျတဲ့လူနဲ့လွတ်လွတ်လပ်လပ်ရှိနေတုန်းပဲလေ"





ရုန်ယီ တိုးလျလွန်းသည့်အသံဖြင့်ပြောလိုက်သည်။





ချန်းခယ့်ယောင်ကသူ့ကိုကြည့်ကာပြုံးသည်။





"ရှင်းရှင်းပြောရရင်အခြားအကြောင်းတွေလည်းရှိသေးတယ်"





ရုန်ယီကသူ့ကိုကြည့်ကာ ရှေ့ဆက်ပြောစေသည်။





"တကယ်တော့ ကိုယ်လိင်ခွဲခြားတာနောက်ကျတယ်၊ မင်းအလယ်တန်းတုန်းကကိုယ်ခန္ဓာပိုင်းစမ်းသပ်စစ်ဆေးတာတွေလုပ်ခဲ့ဖူးလား၊ နမူနာပရိုမုန်းအနံ့တွေရှူခိုင်းပြီး ဒုတိယလိင်အမျိုးအစားကိုကြိုတင်ခန့်မှန်းတာလေ"





"အင်း"





ရုန်ယီ ခေါင်းညိတ်လိုက်သည်။





စစ်ဆေးရာတွင်အသုံးပြုသည့်ပရိုမုန်းများက အရည်အသွေးနိမ့်ပြီးမည်သို့သောရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုမျိုးကိုမှမဖြစ်စေပေ။ သို့သော် ခွဲခြားခံလူငယ်များအတွက်မူ အနာဂတ်၏ဒုတိယလိင်အမျိုးအစားကိုသူတို့၏အပြင်ပန်းအသွင်အပြင်အရ ကြမ်းတမ်းစွာခွဲခြားရသည်။ တိကျသေချာမှုက ကိုးဆယ်ရာခိုင်နှုန်းထက်ပိုသည်။





ရုန်ယီသည် ထိုအချိန်ကအသားအရေခပ်လတ်လတ်နှင့်ချစ်စရာကောင်းသည့်ဝတုတ်လေးဖြစ်ပြီး အံ့ဩစရာမရှိသည့်အိုမီဂါဖြစ်လာမည့်စမ်းသပ်ချက်အဖြေကိုရခဲ့သည်။

"ကိုယ်အဲဒီ့အချိန်ကဘာအနံ့မှခံလို့မရခဲ့ဘူး၊ စမ်းသပ်ချက်အဖြေကဘီတာတဲ့"

ချန်းခယ့်ယောင်ကဆိုသည်။

"ကိုယ်အဲဒီအချိန်ကအရမ်းပျော်ခဲ့ရတာ"





"......"



"ကိုယ်နောက်ဆုံး အယ်လ်ဖာအဖြစ်လိင်မခွဲခြားခင်အထိတကယ်မခံစားခဲ့ရဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်လက်တွေ့ဘဝမှာ အိုမီဂါအနံ့ကိုအနံ့ခံဖို့ခက်တယ်၊ ကိုယ်တစ်ခါတုန်းကဆိုဘယ်သူ့ပရိုမုန်းကိုမှမတုံ့ပြန်လို့ ဒီလိုစမ်းသပ်ချက်ရလဒ်မျိုးထွက်လာတာလို့ထင်ခဲ့တယ်"





"ဒါဆို...စကားလမ်းကြောင်းလွှဲပါရစေ"





ရုန်ယီ သတိထားပြောလိုက်သည်။





"မင်းမော့ယွီဖေးကိုမနာလိုဖြစ်နေလား"





ချန်းခယ့်ယောင်အံ့ဩသွားသည်။ ထို့နောက် သူပြုံးကာခေါင်းညိတ်လိုက်၏။





"အင်း၊ အဲဒီတုန်းကကိုယ်သူ့ကိုစံပြပုဂ္ဂိုလ်လို့တောင်တွေးခဲ့တာ"





ရုန်ယီကခေါင်းသာညိတ်ပြီး စကားမပြောပေ။





ရုတ်တရက် ချန်းခယ့်ယောင်ကသူ့ကိုဖျတ်ကနဲကြည့်ကာလက်ကိုလှမ်းဆွဲသည်။





"စံပြပုဂ္ဂိုလ်ကအချိန်နဲ့အမျှပြောင်းနေတာပဲ"





သူသည်ရုန်ယီ၏မျက်လုံးများကိုစိတ်လှုပ်ရှားမှုအပြည့်ဖြင့်ကြည့်လိုက်သည်။





ရုန်ယီ မတုံ့ပြန်ခဲ့ပေ။





စက္ကန့်အနည်းငယ်ကြာပြီးနောက် သူဗြုန်းကနဲတစ်စုံတစ်ခုကိုသတိရသွားသည်။





သူ၏နှစ်ဦးနှစ်ဖက်အားပေးနေကျ အွန်လိုင်းမိတ်ဆွေကသူ၏အနှစ်သက်ဆုံးအိုမီဂါကိုဖော်ပြရာတွင် 'ချစ်စရာကောင်းခြင်း' အပြင် 'ဒေါသအိုး' 'အပြောင်းအလဲမြန်သူ' ၊ 'အလွယ်တကူစိတ်တိုတတ်ခြင်း' များလည်းပါတတ်သည်။



ရုန်ယီသည် ဆန်းကြယ်အားပြင်းစွာဘေးကျပ်နံကျပ်ဖြစ်နေသောချန်းခယ့်ယောင်ကိုကြည့်ကာ သူ၏ခန့်မှန်းချက်အချို့ကိုပိုပြီးအတည်ပြုပေးလိုက်သလိုခံစားရသည်။





မည်သို့ပင်ဖြစ်စေ သူနဂိုအတိုင်းစိတ်မတိုသော်ငြား၎င်းကိုနားလည်သွားပြီးမှ ရုတ်တရက်အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်လာသည်။

သူဇာချဲ့လိုက်လျှင် သူသာကသိကအောက်ဖြစ်ရလိမ့်မည်ထင်သည်။





ရုန်ယီ အသက်ပြင်းပြင်းရှူကာပြုံးလိုက်သည်။





"အိုကေ၊ မင်းဆက်ပြော"





၎င်းကိုမြင်ရပြီး ချန်းခယ့်ယောင်သည်စိတ်သက်သာသွားသလိုသက်ပြင်းချကာ သူ့အားပြန်လည်ပြုံးပြလာသည်။ သူဆက်ပြောလိုက်သည်။





"အဲဒီတုန်းက ကိုယ်အိုမီဂါတွေကိုစိတ်မဝင်စားခဲ့ဘူး၊ ပြီးတော့ ကိုယ့်စိတ်ထဲမှာ ကိုယ်ကဘီတာလို့ပဲပုံသေမှတ်ထားခဲ့တယ်၊ အဲဒါကြောင့်အချို့နေရာတွေကို အာရုံစိုက်ခဲ့တယ်....ကိုယ့်မှာအတွေးနည်းနည်းပဲရှိပြီးသံသယတွေကိုဘယ်လိုရှောင်ရမလဲမသိတာလည်းဖြစ်နိုင်တယ်"





"တစ်ယောက်ယောက်ကအကြံဉာဏ်မှားတွေပေးတာကြောင့်လား"





"အမှန်ပဲ"





ချန်းခယ့်ယောင်ကပြောလာသည်။





"အဲဒီအချိန်ကကိုယ်နဲ့အဆင်ပြေနေတဲ့ကျောင်းသားတစ်ယောက်ရှိတယ်၊ တကယ်တော့ကိုယ်ကသူ့ကိုသူငယ်ချင်းကောင်းတစ်ယောက်လိုသေဘာထားခဲ့တာ ပြီးတော့ သူနဲ့ပတ်သတ်ပြီးအများကြီးလည်းမတွေးခဲ့ဘူး၊ အဲဒါကြောင့် ကိုယ်တို့နည်းနည်းနီးစပ်ခဲ့တယ်"





"ဘယ်လောက်အထိလဲ"

"တလွဲမတွေးနဲ့"

ချန်းခယ့်ယောင်ကအမြန်ပြောလိုက်သည်။

"ညီအကိုတွေလောက်ပါပဲ၊ ကိုယ်တို့မကြာခဏအတူကစားကြရုံပဲ"





"မကြာခဏဆိုတာဘယ်လောက်လဲ"

ချန်းခယ့်ယောင်မှာ တဒင်္ဂတုံ့ဆိုင်းသွားသည်။

"အင်း...ကိုယ်တို့ကျောင်းကိုအတူသွားပြီးအတူပြန်တယ်"

"သူလည်းအိုမီဂါပဲလား"

"အင်း"

ချန်းခယ့်ယောင်ကခေါင်းညိတ်သည်။

"နောက်ပိုင်း..သူအထင်လွဲသွားတယ်"

ရုန်ယီ စိတ်ထဲတွင်သာမျက်ဆံလှန်လိုက်သည်။

အဆိုပါအိုမီဂါသာ သူ့အစွမ်းအစ၏ဆယ်ပုံတွင်တစ်ပုံသာရှိလျှင် ကျောင်းပြီးသည်နှင့် မင်္ဂလာဆောင်ရန်ပြင်ဆင်ထားကြလောက်ပြီးပြီ။





စာရေးသူ၏မှတ်စုတို

"ဆရာချန်းကဒီလောက်အချိန်အကြာကြီးပြီးမှဘာလို့မကုသတာလဲ"ဆိုသည့်မေးခွန်းနှင့်ပတ်သတ်ပြီး

မင်းတို့ယုံမှာမဟုတ်ဘူး၊ ဒါပေမဲ့ အခန်း ၄၆ ကစပြီးသုံးရက်နဲ့နေ့တစ်ဝက်ရှိပြီ။ ဆရာချန်းကအကောင်းဆုံးလုပ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီနေ့သူတို့အကြာကြီး ဒီလိုမလုံလောက်တဲ့အကြောင်းအရာတွေဆက်ပြောနေပြီး နောက်တစ်ပိုင်းလည်းဆက်ပြောကြဦးမှာပဲ၊ ဘာလို့လဲဆိုတော့သူတို့အခုချစ်မိနေကြပြီလေ။ ငါတော့ စာအုပ်ခေါင်းစဉ်ကို 'အောင်ပွဲခံဖို့နေ့တစ်ဝက်' ဆိုပြီးပြောင်းဖို့ဆုံးဖြတ်လိုက်ပြီ။





Xxxxxx



Ga verder met lezen

Dit interesseert je vast

5.5K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
32.7K 3.1K 24
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
8.3K 1K 23
Jungkook Atlas Francis - Taehyung Rowan Elliot
3K 149 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...