My Feelings, My Creations

By YmThant9

3.5K 227 74

အနုပညာဆိုတာ နစ်ဝင်ခံစား​လို့ အကောင်းဆုံး ရပ်ဝန်းတစ်ခုပါပဲ... (ပန်းချီကား တေးသွား စာအုပ် ကဗျာတွေနဲ့ အတွေးတွေရဲ... More

ကျွန်မနှင့် မြို့ပြညများ
ကျွန်မနှင့် အိမ်
ကျွန်မနှင့် သေခြင်းတရား
ကျွန်မနှင့် အလွမ်းည
ကျွန်မနှင့် စိတ်
ကျွန်မနှင့် Explosion
ကျွန်မနှင့် အပိုင်းအစများ
ကျွန်မနှင့် အသည်းကွဲသံစဥ် 🎻🎹
ကျွန်မနှင့် အလွမ်းရာသီ
ကျွန်မနှင့် ဒီဇင်ဘာည
ကျွန်မနှင့် လွင့်​​ငေးခြင်း
ကျွန်မနှင့် အရောင်များ

ကျွန်မနှင့် သူမ Portrait

280 16 4
By YmThant9


သူမ💗 ...

သူမနှင့် ကျွန်မ 2021 အကုန် ဒီဇင်ဘာလရဲ့ လလယ်ရက်တစ်ရက်မှာ စတင်ဆုံစည်းခဲ့ပါတယ်။ အဲ့ဒီကာလတွေတုန်းက ကျွန်မစိတ်တွေ အတော်လေး လေလွင့်ပြီး အရာရာ လှစ်ဟာလို့ feeling empty ဖြစ်နေချိန်ပေါ့။ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်တွေလေလွင့်နေခဲ့မိတာ။ သိပ်အားနေတဲ့အချိန်တွေကို ဖြုန်းတီးဖို့ရှာကြံရင်း ကျွန်မ wp ထဲက fic လေးတွေ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ အဲ့သလိုနဲ့ အဲ့ဒီကာလ popular ဖြစ်တဲ့ fic တွေ ဖတ်နေရင်း တစ်ရက်မှာ အောက်က recommendation မှာ ေတာင်နေကြာတွေပုံနဲ့ "အကယ်၍သာ" ဆိုတဲ့ ရိုးရိုးယဥ်ယဥ် fic လေး တစ်ပုဒ်ကိုသွားတွေ့တယ်။ ဘာရယ်မဟုတ်ပါဘဲ ကျွန်မ ကောက်ဖွင့်လိုက်မိခဲ့တယ်။

ပထမပိုင်းနဲ့တင် character နှစ်ယောက်လုံးကြောင့် အရမ်းကို စိတ်ဝင်စားသွားမိခဲ့ပါတယ်။ အထူးသဖြင့် သူမ ကြောင့်ပေါ့။

သူမနာမည်က ရှေးခေတ်ကနာမည်ကြီးအဆိုတော်အန်တီ့နာမည်နဲ့ ခပ်ဆင်ဆင်ရယ်ပါ။ ရိုးသလိုလေးနဲ့ဆန်းပါတယ်။ ဒါပေမယ့် အဓိကစိတ်ဝင်စားသွားရတဲ့ အကြောင်းချက်ကတော့ သူမ ဟာ ကျွန်မနဲ့ professional တူပြီး အသက်အရွယ် position မတိမ်းမယိမ်း ဖြစ်နေတဲ့အချက်ပါပဲ။ အဲ့ဒီအချက်ကြောင့်ပဲ ဘယ်လိုပင် Author က ဇာတ်တစ်ခုလုံးကို တခြား characterရဲ့ point of view က ရေးခဲ့စေကာမူ ကျွန်မဖတ်လိုက်တိုင်း အမြဲ သူမနေရာကပဲ ဝင်ခံစားမိခဲ့ရပါတယ်။ အရွယ် အလုပ်အကိုင်အနေအထား တူနေတာမို့ သူမနေရာကနေ ဝင်ခံစားဖို့ ကျွန်မအတွက်ပိုပြီးလွယ်ကူ အံဝင်နေခဲ့ပါတယ်။

တိုက်ဆိုင်မှုတွေ ဆိုတာ တကယ်ရှိတတ်မှန်း ပိုမိုလက်ခံ ရတဲ့အခိုက်အတန့်တွေပါပဲ။ သူမနဲ့ ကျွန်မဟာ တချို့သော အချက်အလက်တွေမှာ ထင်မှတ်မထားဘဲ အတော်တိုက်ဆိုင်နေခဲ့တယ်။

နှစ်ယောက်စလုံး
ဖေဖေမရှိတော့တာချင်းတူတယ်။
မေမေဟာ ကျွန်မတို့ဘဝအတွက် အရေးအပါဆုံးသူ ဖြစ်တာချင်းတူတယ်။
သမီး​ကြီးဖြစ်ပြီး မောင်တစ်ယောက် ညီမတစ်ယောက်ရှိတာချင်းတူတယ်။
အလုပ်အကိုင်တူတယ်။
မွေးဂဏန်းတူတယ်။ မွေးသက္ကရာဇ် ကို reader တစ်ယောက်ကမေးတော့ Author ​ဖြေလိုက်တဲ့ချိန်မှာ ကျွန်မမွေးသက္ကရာဇ်ဖြစ်နေလို့ အရမ်းအံ့ဩခဲ့ရဖူးတယ်။
အလုပ်ပေါ်ထားတဲ့ခံယူချက်ချင်းတူတယ်။
ဦးထီးသီချင်းတွေ ကြိုက်တာလည်းတူပါတယ်။ ကျွန်မကတော့ အခြားအဆိုတော် အတော်များများကြိုက်ပါတယ်။

လုံးဝကွဲလွဲနေတဲ့အချက်တွေလည်းရှိပါသေးတယ်။ ဥပမာ - သူမက စီးကရက်ကို အဖော်ပြုတတ်သလောက် ကျွန်မက အနံ့တောင်မခံနိုင်တာမျိုးပေါ့။ သူမက အရမ်းကို စကားကြွယ်ပြီး စိတ်ရှည်ကြင်နာအလိုလိုက်လွန်းတတ်သလောက် ကျွန်မကတော့ ဘယ်လိုချော့ရမှန်းကို​တောင်မသိတဲ့ အေးတိ​​အေးစက်ရေခဲတုံးဖြစ်နေတာမျိုးတွေပေါ့။

သူမနဲ့ပတ်သက်တဲ့အမှတ်တရတွေ များပါတယ်။ သူမကြောင့် ပထမဆုံး wp account ဖွင့်ဖြစ်ခဲ့တယ်။ သူမကြောင့် ပထမဦးဆုံး comment နောက်တော့ comments ပေါင်းများစွာ ရေးဖြစ်ခဲ့တယ်။ သူမကြောင့် ည ၇ နာရီတိုင်းကို မျှော်လင့်စောင့်စားတတ်ခဲ့တယ်။ မတွေ့ရတဲ့ညတွေဆို အပိုင်းဟောင်းတွေပြန်ဖတ်ရင်း သူမကို လွမ်းတတ်လာခဲ့တယ်။ အထီးကျန်လှစ်ဟာနေတဲ့ ကျွန်မရဲ့စိတ်နှလုံးဟာ သူမကြောင့်ပြန်လည် နွေးထွေးအသက်ဝင်လာခဲ့တယ်။ သူမကြောင့် ၁၄ရက်တိတိ မျက်ရည်ကျခဲ့ရတာလည်း တကယ့်ကို အမှတ်တရပါပဲ။

မမရီ မမရီရယ် နဲ့ တဖွဖွရေရွတ် ကြရင်း
သူမကိုချစ်မြတ်နိုးကြတာကို ကြည့်​ပြီးကြည်နူးပြုံးပျော်ရတယ်။ တကယ်လည်း မြတ်နိုးထိုက်တဲ့ အမျိုးသမီးပါကွယ်။ တခြားသူတွေ သူမကို ချစ်ကြတဲ့ထဲမှာ အကြောင်းပြချက်အမျိုးမျိုးပါကောင်းပါပါလိမ့်မယ်။

ကျွန်မဒီအမျိုးသမီးကို မြတ်နိုးရတဲ့ အဓိကအကြောင်းရင်းကတော့ သူမရဲ့မေတ္တာချစ်ခြင်းကြောင့်ပါပဲ။ မျှော်လင့်မထားတဲ့အချိန် မျှော်လင့်မထားတဲ့အ​ခြေအနေမှာ မျှော်လင့်မထားတဲ့ ချစ်သူမျိုးကို သူမက ထပ်မံချစ်မိသွားခဲ့တယ်​ေလ။

အချစ်မှာ တစ်စတစ်စနဲ့ သူမ ပျော်ဝင်ကျရှုံးလာပုံတွေ၊ လျှို့ဝှက်ချက် တစ်ခုကိုမြိုသိပ်ရင်း ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကြားမှာ အမြဲလွန်ဆွဲခဲ့ရပုံတွေ၊ အချစ်ရဲ့ခေါ်ဆောင်မှုနောက်ကို မရုန်းနိုင်အောင်ကပ်ငြိရင်း အဲ့ဒီအတွက် နောင်တ သိမ်ငယ်မှုတွေ စိုးထိတ်ပူပန်မှုတွေနဲ့ အကြိမ်ကြိမ်အားတင်းရင်း ကြိုးစားရင်ဆိုင်ကျော်ဖြတ်ခဲ့ရပုံတွေ၊ သူမကလေးလေး အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် သူမရဲ့ သိက္ခာမာနတွေကိုတောင် ပုံချပစ်နိုင်တာတွေ၊ ချစ်ရသူအတွက် အမြဲ အလျှော့ပေး ကြင်နာယုယနိုင်ပုံတွေ၊ သူမချစ်ရသူကို ဆုံးရှုံးလက်လွှတ်ရပြီဆိုတော့ ဣန္ဒြေမဆည်နိုင်အောင် အလဲလဲအပြိုပြိုဖြစ်ရတဲ့အထိ အချစ်ကြီးခဲ့ပုံတွေ...

ဇာတ်လမ်းတစ်ခုလုံး ပြီးဆုံးသွားချိန်မှာ ကျွန်မရင်ထဲက အလှိုက်လှဲဆုံး ခံစားချက်တစ်ခုကို ရေးချခဲ့မိတယ်။

ဘဝမှာ တစ်ခါလောက်တော့...
ရီ့လိုချစ်တတ်ဖူးချင်တယ်.... လို့ ....

တကယ်ပါ.. သူမရဲ့ သူမတူတဲ့မေတ္တာတရားဟာ ကျွန်မကို အညှို့ယူနိုင်ဆုံးပါပဲ။ 🤍
လူတစ်ယောက်က လူတစ်ယောက်အပေါ် ဒီလောက်အထိ ချစ်မြတ်နိုးလို့ရပါသလား လို့ သိစေခဲ့တဲ့ သူမ... 💗

ကျွန်မပြောဖြစ်ပါတယ်။ အကယ်၍ ရီသာ အပြင်မှာ တကယ်ရှိခဲ့ရင် ကျွန်မနဲ့သူမ
တကယ့်ကို သူငယ်ချင်းတွေဖြစ်နေလောက်ပြီး ကျွန်မရဲ့ လူသားပိစိလေး နဲ့ ခိုင်လေးတို့အကြောင်းကို ရင်ဖွင့်တိုင်ပင်နေကြရလောက်ပြီလို့လေ။

ခုချိန်ထိလည်း ကျွန်မချစ်တတ်ဖို့ကြိုးစားနေဆဲပါပဲ။ ရီ့လို ချစ်တတ်ချင်တဲ့ ကျွန်မက ခုချိန်ထိအောင် သူမခြေဖျားကိုတောင် မမှီနိုင်သေးပါဘူး။ ဒီရက်ပိုင်းတွေမှာ ကျွန်မ သူမကို သိပ်သတိရမိပါတယ်။ ဒါ​ကြောင့် သူမ ပုံစံကို အနီးစပ်ဆုံးတူတဲ့ actress တစ်ယောက်ရဲ့ ပုံကို နမူနာယူပြီး ကျွန်မ သူမကို Portrait လေး ရေးဖြစ်ခဲ့ပါတယ်။

ကျွန်မ Portrait ကို ရေးလေ့မရှိပါဘူး။ တစ်ခါမှလည်း ပန်းချီသင်တန်းတွေတက် စနစ်တကျ မလေ့လာခဲ့ဖူးပါဘူး။ self study နဲ့ practice လုပ်ခဲ့တာလည်း မရှိခဲ့ဘူး။ ဘဝမှာ ရေးဖူးတဲ့ Portrait ၄ ပုံပဲရှိပါတယ် (ရီအပါအဝင်)။ အားလုံးက ကျွန်မချစ်မြတ်နိုးရတဲ့ အမျိုးသမီးတွေချည်းပါပဲ။ ခုလည်း ကျွန်မသူမကို မြတ်နိုးစိတ်နဲ့ Portrait လေးကြိုးစားဖန်တီးဖြစ်ပါတယ်။ သူမရဲ့အလှက လှပခြင်းအပြင် ထည်ဝါခြင်း ကျက်သရေရှိခြင်း အရှိန်အဝါတွေနဲ့ ဝင့်ထည်တဲ့အလှမျိုးပါ။ အဲ့ဒီ vibe လေးရအောင် ကြိုးစားရေးခဲ့တာပါ။

ဆွဲနေစဥ်တစ်လျှောက်လုံး ခံစားရတာ သူမဟာ သိပ်ကို လှပလွန်းတယ် ဆိုတဲ့ အတွေးလေးပါပဲ။ (နှာခေါင်းလုံးလုံးလေးနဲ့ မေးဖျားလေးကို နမ်းချင်မိတယ် ပြောမိလို့ နှုတ်ခမ်းစူခံလိုက်ရပါသေးတယ်။)

ကျွန်မမြတ်နိုးရတဲ့ သူမရဲ့ပုံကို ကျွန်မ creations တွေနဲ့အတူ
အမှတ်တရလေး သိမ်းထားချင်ပါတယ်။ လိုအပ်ချက်တွေကို မေတ္တာစိတ်နဲ့ဖြည့်ကြည့်ပေးကြဖို့လည်း မျှော်လင့်ပါတယ်။

12.9.2023

(စိတ်မကောင်းရတာလေး တစ်ချက်က
ကျွန်မပထမဆွဲတော့ သာမန်စာရွက်သား sketch book ပေါ်မှာ ကလေးတွေဆေးရောင်ခြယ်တဲ့ colour pencils လေးတွေနဲ့ပဲ ဆွဲလိုက်မိပါတယ်။ နောက်ပိုင်း acrylic ပဲ ရေးတာများတော့ မဆွဲဖြစ်တာလည်း ကြာပါပြီ။ ဆွဲရင်း colour တွေတင်တော့မှ ခဲသားကြောင့် အရောင်ထပ်လို့မရ blending လုပ်မရနဲ့ အတော်ဒုက္ခတွေ့တော့တာပါ။ အဲ့ဒီအချိန်မှာ ပုံရေးနေတာ ၃ ၄ နာရီလောက်ရှိပါပြီ။ နောက်ဆုံး မောင်လေးရဲ့ Prismacolour pencils တွေယူဆွဲမှပဲ အဆင်အနည်းငယ်ပြေသွားခဲ့ပါတယ်။ စျေးအတော်ကြီးတဲ့ professional use တွေမို့ အားနာပြီး စစကတည်းက ယူမရေးလိုက်မိတာကို အတော်လည်း နောင်တရသွားခဲ့ပါတယ်လေ။)

Continue Reading

You'll Also Like

100K 6.9K 24
Font: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) မမျှော်လင့်တဲ့ အခြေအ...
82.9K 7.3K 141
New Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description က...
32K 4.2K 69
කිරුළ නොපලන් රජෙකුගෙ කතාව
58.2K 4.2K 39
​နွေဦး ဆိုတဲ့ tomboy ​လေးက သူ့ဘဝရဲ့ ​အ​မှောင်ဆုံးအချိန်မှာ ​တွေ့လိုက်ရတဲ့ လင်းနဒ္ဒီ​သော် ဆိုတဲ့ ဆရာဝန်မ​လေးကို ချစ်မိသွားတဲ့အ​ကြောင်း​လေးပါပဲ။