အခန်း (၄၀၁) ထိုးဖောက်ဝင်ရောက်ခြင်း
ကျန်သည့်မျိုးနွယ်များ ရုတ်တရက်ပေါ်ပေါက်လာမှုသည် ငရဲဂိုဏ်းထဲရှိ ကျင့်ကြံသူများကို အငိုက်မိသွားစေသည်။
မြို့ရိုးထိပ်ပေါ်ရှိ ကျင့်ကြံသူတစ်ထောင်နီးပါးက မြို့ထဲတွင်ခြေကုပ်ရယူရန်ဝင်လာသည့် ရန်သူများကို ဟန့်တားနေလေသည်။ တချိန်တည်းတွင် သူတို့က လေထဲကနေမြို့ထဲကို ကျူးကျော်ဝင်ရောက်ရန်ကြိုးစားနေသော ကျန်သည့်မျိုးနွယ်များကို တိုက်ခိုက်ရန်အတွက် မြို့ရိုးပေါ်၌ အစီအရင်လေးများကို အသက်သွင်းလိုက်၏။
မြေပြင်ပေါ်ရှိစစ်သည်များက မြို့ရိုးနှင့်ဂိတ်များကို အင်အားဖြည့်ပေးနေစဉ် စစ်ကူပေးလျက် အင်အားဖြည့်တင်းကာ မြို့ရိုးပေါ်ရှိကျင့်ကြံသူများကို ကုသပေးနေလေ၏။
ကျင့်ကြံသူများကြားထဲရှိတိုက်ပွဲက ပြီးခါနီးသည့်အချိန်တွင် စစ်မြေပြင်ကို တာဝန်ယူရန် သေမျိုးများအတွက် အချိန်ရောက်လာ၏။ တိုင်းပြည်နှစ်ပြည်ရှိ တိုက်ပွဲများကြားထဲတွင် ရှေ့တန်းရှိလူများက ကျင့်ကြံသူများသာဖြစ်၏။ ထိုက တာ့ယန်အင်ပါယာ၏အုတ်မြစ်ပဲ ဖြစ်သည်။ ၎င်းသည် ကျင့်ကြံခြင်းလောကထဲ၌ အခြေခံအကျဆုံး တိုက်ခိုက်ရေးနည်းလမ်းထဲမှ တစ်ခုလည်း ဖြစ်သည်။
သူသည် အပေါ်ကနေကျလာသောကျင့်ကြံသူများကို မြင်တွေ့ချိန်၌ ရှန်လွမ့်ရှိုးက အံ့ဩဆွံ့အသွား၏။ အချိန်အတိုင်းအတာတစ်ခုအထိ သူ ဆွံ့အနေသေးဆဲဖြစ်သည်။ သူက သတ္တိမွေးလျက် မေးလိုက်၏။
“ဆရာကြီး မေးခွန်းတစ်ခုလောက်မေးလို့ရမလား”
“ဘာလဲ” လုကျိုးက မုတ်ဆိတ်သပ်လျက်သူတို့အပေါ်ရှိတိုက်ပွဲကိုလေ့လာလိုက်သည်။
လျန်စီရင်စု၏မြို့စောင့်တပ်များသည် ငရဲဂိုဏ်းကိုရှုံးနိမ့်သွားပြီးနောက် ကျန်သည့်မျိုးနွယ်စုများကို တွန်းလှန်ရန် သူတို့ကိုယ်သူတို့သာအားကိုးနိုင်တော့သည်။ သို့သော် ယင်းက စီးဝူယာ့၏တွက်ချက်မှုအတွင်း၌ ရှိလောက်၏။ သူတို့တွေက ဘာကြောင့် ဒီလောက် စွမ်းအားကင်းမဲ့ပုံ ပေါ်နေရတာလဲ။ တမင်တကာလုပ်နေတာလား။
“ဆရာကြီးက လော့ဂိုဏ်းကလား” ရှန်လွမ့်ရှိုးက နောက်ဆုံးတွင်မေးလိုက်၏။
“ဘာကြောင့်ဒီလိုမေးတာလဲ”
“ဂိုဏ်းသုံးဂိုဏ်းထဲမှာ လော့ဂိုဏ်းက လေးအတတ်မှာအကျွမ်းကျင်ဆုံးပဲ။ အဲ့ဒီဂိုဏ်းထဲမှာ လက်ရွေးစင်လေးသည်တော်တွေ အများကြီးရှိတယ်။ လော့ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ပြိုင်ဖက်ကင်းလေးသည်တော်တစ်ယောက်ပဲ။ သူက ကောင်းကင်ကြုံးတောအုပ်ထဲမှာ မြားတစ်စင်းထဲနဲ့ အဆင့်မြင့်သားရဲတစ်ကောင်ကိုတောင် သတ်ခဲ့သေးတာ” ရှန်လွမ့်ရှိုးက တလေးတစား ပြောလိုက်၏။ သူကြံ့ကြံ့ခံခဲ့သည့်မြားကနေ သူ့ရင်ထဲ၌ အကြောက်တရားများ ရှိနေသေးသည်။
“တမိုးအောက်မှာ မရေမတွက်နိုင်တဲ့ လက်ရွေးစင်လေးသည်တော်တွေအများကြီးရှိတယ်။ လော့ဂိုဏ်းက ပြောပလောက်အောင်မဟုတ်ဘူး” လုကျိုးက စိတ်မပါလက်မပါပြန်ဖြေလိုက်၏။
“…” အချိန်အတိုင်းအတာတစ်ခုအထိ ရှန်လွမ့်ရှိုးက ဆွံ့အသွားတော့သည်။ လုကျိုုး၏မောက်မာထောင်လွှားမှုက နောက်တစ်ဆင့်ကို ရောက်နေပြီဟု သူခံစားမိသည်။ လော့ဂိုဏ်းကတောင် ထည့်ပြောရန်သေးသိမ်လွန်းသည်ဟု သူက တွေးမိနေတာဖြစ်သောကြောင့် ဖြစ်သည်။ သူက သူ့ခံစားချက်ကိုမပြသရဲတာ သဘာဝကျ၏။ ထိုအစား သူမေးလိုက်၏။ “ဆရာကြီး ဝေဟင်ထဲကနေကျန်တဲ့မျိုးနွယ်တွေကို ဘာကြောင့်မပစ်တာလဲ”
ဆိုရလျှင် ရှန်လွမ့်ရှိုးက ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ဦးဖြစ်၏။ ထို့သို့တိုင် သူသည် လုကျိုး၏မြားကို မပိတ်ဆို့နိုင်ပေ။ သူ၏အမြင်တွင် လုကျိုးက အားကုန်သုံးပြီး ကျန်သည်မျိုးနွယ်စု၏ ခေါင်းဆောင်ကို တိုက်ခိုက်ခဲ့မည်ဆိုလျှင် တိုက်ပွဲ၏အခြေအနေကို များစွားပြောင်းလဲနိုင်လိမ့်မည်။ သူသည် စုတ်ပြတ်သည့်အပေးအယူများစွာ၌ ပါဝင်ခဲ့သော်ငြား တာ့ယန်၏မြေပြင်ပေါ် ကျန်သည့်မျိုးနွယ်စုများကို ခြေမချချင်ပေ။
လုကျိုးသည် မြို့ရိုးပေါ်ကနေ တိုက်ပွဲကိုဆက်လက်လေ့လာနေ၏။ သူက အမေးကို ချက်ချင်းမဖြေပေ။ သူက လှုပ်ရှားခဲ့လျှင် သူ့ကိုယ်သူထုတ်ဖော်မိရာရောက်သွားမည်။ ထိုအချိန်ကျ ယွီကျန့်ဟိုင်နှင့် စီးဝူယာ့ကို မည်ကဲ့သို့ဖမ်းရမည်နည်း။ နောက်ဆုံးတွင် သူက ပြောလိုက်တော့၏။ “ငရဲဂိုဏ်းရဲ့ခွန်အားနဲ့ ကျန်တဲ့မျိုးနွယ်တွေကိုဖြေရှင်းဖို့လုံလောက်မှာပဲ”
“…” ရှန်လွမ့်ရှိုးက ဘာမှမပြောရဲတော့ချေ။
ရှောင်ယွမ်အာသည် လုကျိုး၏လက်မောင်းကိုဖက်တွယ်လိုက်၏။ အစောတုန်းက သူမ၏ စိုးရိမ်ပူပန်မှု အများစု ပျောက်ကွယ်သွားပြီဖြစ်သည်။ သူမက ယခုသိချင်စိတ်တို့ရှိနေ၏။ သူမက မေးလိုက်သည်။ “ရှစ်စွင်း တပည့် တစ်ချက် သွားကြည့်ချင်တယ်”
လုကျိုးက အတွေးတူညီပေ၏။
“သွားကြမယ်”
နှစ်ယောက်သားက မြို့ရိုးဆီသို့ ကမန်းကတန်းသွားလိုက်သည်။
ရှန်လွမ့်ရှိုးက ထိတ်လန့်သွား၏။ သူက ဘယ်ညာကြည့်လိုက်၏။ စခန်းက လူသူကင်းမဲ့နေလေပြီ။ သူက ကမန်းကတန်းအော်ပြောလိုက်တော့သည်။ “ကျွန်တော်ကိုစောင့်ပါဦး” လက်ရှိတွင် ဘေးအကင်းဆုံးနေရာက ထိုအဘိုးကြီး၏ဘေးတွင်ဖြစ်သည်။
အချိန်ဆွဲမနေဘဲ သူတို့သုံးယောက်က မြို့ရိုး၏အခြေသို့ ရောက်သွားသည်။ အဝေးကနေ သတိမပြုမိသော်ငြား အနီးတွင် မြို့ရိုးများက အင်မတန်မြင့်မား၏။ ထိုနေရာကနေ မြို့ရိုးထိပ်ကို မမြင်ရပေ။
သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များဖြင့် လက်ရွေးစင်များသည် လေထဲတွင်ပျံသန်းနေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့အဖို့မြို့တွင်းကနေ စိတ်ဝင်စားဖွယ်တိုက်ပွဲကို မျက်မြင်တွေ့ရန် မဖြစ်နိုင်လုနီးပါးပင်။
“ဆရာ ... ဆရာကြီး ကျွန်တော့် ... ကျွန်တော့်ကို မမေ့ပါနဲ့ဦး” ရှန်လွမ့်ရှိုးက ပူပန်စွာပြောလိုက်၏။
လုကျိုးက လက်ဝေ့ယမ်းလိုက်သည်။ သုံးယောက်သားက မြို့ရိုးထိပ်ဆီသို့ပျံသန်းသွား၏။
ဖုန်း ဖုန်း ဖုန်း
ဝှစ် ဝှစ် ဝှစ်
တိုက်ပွဲသံများက သူတို့နားထဲရောက်လာတော့သည်။
သုံးယောက်သားက မြို့ရိုးထိပ်ဆီသို့ဆင်းသက်လိုက်စဉ် သူတို့မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့ဩဆွံ့အသွားလေ၏။ ပေငါးဆယ်ခန့်မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေခုနစ်ဆယ်ခန့်မြင့်သည့် စိတ်ဝိညာဉ်သဏ္ဌာန်တို့သည် မြို့ရိုးကို ကျော်လွန်လျက် ကျန်သည့်မျိုးနွယ်များနှင့်ရဲစွမ်းသတ္တိရှိရှိ တိုက်ခိုက်နေလေ၏။
မီးငှက်ခန်းမ၏ခေါင်းဆောင်ယန်ယန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်၏အရွယ်အစားကို လျင်မြန်စွာ မြှင့်တင်နေပြီးနောက် တစ်ဒါဇင်ခန့်ကိုဖယ်ထုတ်လိုက်သည်။
လို့လီမျိုးနွယ်သားများက ပြန်ဆုတ်ကြကာ သွေးအန်ကြလျက် သက်ရောက်မှုကြောင့် နောက်သို့လွင့်သွား၏။
ထိုသို့တိုင် မြေပြင်ပေါ်၌ လို့လီနှင့်လို့လန်မျိုးနွယ်သားများပိုများလာ၏။ လို့လန်သားများသည် သူတို့ ဂါထာများ ရွတ်ဆိုရန် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားနေကြ၏။ ခရမ်းရောင်စွမ်းအင်က လေထဲရှိ လို့လီမျိုးနွယ်သားများကို ရစ်ဝဲထား၏။
တိုက်ပွဲက ဖရိုဖရဲဖြစ်တော့သည်။
လူတိုင်းက အလုပ်များနေကြလေရာ လုကျိုးနှင့်ကျန်သည့်သူများကို မည်သူမှသတိမပြုမိပေ။
သုံးယောက်သားက ထောင့်တစ်နေရာတွင်ရပ်နေပြီးနောက် အမြင့်တစ်နေရာကနေ ငုံ့ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးက တံတွေးမျိုချလိုက်၏။
“ငရဲဂိုဏ်း၏မဟာကာကွယ်စောင့်ရှောက်သူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ ယန်ယန်းကတောင် ဒီလောက်အစွမ်းထက်နေတာ တခြားကာကွယ်စောင့်ရှောက်သူတွေဆို ဘယ်လောက်တောင် အစွမ်းထက်မလဲ”
“မင်းက ငရဲဂိုဏ်းနဲ့ရင်းနှီးတယ်လား” လုကျိုးက ရှန်လွမ့်ရှိုးကို တချက်ကြည့်လိုက်သည်။
ရှန်လွမ့်ရှိုးသည် လုကျိုးက သူ့ကိုပစ်ခဲ့သည်ဆိုတာမေ့သွားပုံပေါ်၏။ သူက ပြုံးလျက်ပြောလိုက်၏။
"ငရဲဂိုဏ်းရဲ့ဂိုဏ်းချုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ပထမဆုံးတပည့်ဆိုတာ လူတိုင်းသိကြတယ်”
ထိုစဉ် အစောတုန်းက သက်ရောက်မှုကနေနောက်လွင့်လာသည့် လို့လီသားများက ပြန်ထလာတာကို လုကျိုးသတိပြုမိလိုက်၏။ သူတို့က ယန်ယန်းကို အုပ်စုဖွဲ့တိုက်ခိုက်ကြတော့သည်။
“လို့လီသားတွေက ခြေမြန်တာပဲ။ သူတို့တွေက ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ တာအိုမကျင့်ကြံဘူး။ သူတို့က ဝံပုလွေရိုင်းတွေကို ကိုးကွယ်ပြီး ဘယ်တော့မှ သူတို့ကိုယ်တိုင် မလှုပ်ရှားဘူး။ သူတို့စိတ်ဝိညာဉ်သဏ္ဌာန်တွေက ဝံပုလွေသဏ္ဌာန်တွေပဲ။ သူတို့မှာ ကိုယ်တိုင်ကုသခြင်းစွမ်းရည်နဲ့ မယုံနိုင်စရာကောင်းလောက်တဲ့ အရည်အချင်းတွေရှိတယ်” ရှန်လွမ့်ရှိုးက ပြောလိုက်၏။
“ဒါပေမဲ့ လူရိုင်းတွေကတော့ လူရိုင်းတွေပါပဲ။ ပြောရရင် တာ့ယန်က လူမျိုးဆယ့်နှစ်စုကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတာ အကြောင်းပြချက်မရှိတာမဟုတ်ဘူးပဲ”
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်၏။ "မင်းက တာ့ယန်ကို သိပ်ယုံကြည်ချက်ရှိနေတဲ့ပုံပဲ”
ရှန်လွမ့်ရှိုးက သက်ပြင်းချလိုက်လေ၏။
“ကျုပ်ရဲ့ယုံကြည်ချက်က ဧကရာဇ်ယုံရှုပေါ်မှာ ယုံချင်းအတွက်ကတော့ မေ့လိုက်ပါတော့”
“ပေဖြူလွှာထိပ်မှာရှိတဲ့လူကတောင် မပြောရဲတဲ့စကားလုံးတွေလား”
“လောင်ချန်းပေ့ ပေဖြူလွှာနဲ့ပေနက်လွှာက သူတို့ရဲ့ကျင့်ကြံဆင့်တွေကို အခြေခံပြီး သတ်မှတ်ထားတာမဟုတ်ဘူး။ ပေဖြူလွှာပေါ်က ကျွန်တော့်ရဲ့အဆင့်သတ်မှတ်ချက်က ဘာမှမဟုတ် ပြက်လုံးတစ်ခုပဲ” ရှန်လွမ့်ရှိုးက ပြောလိုက်၏။ သူပြောနေစဉ်၌ သူက ပေနက်လွှာက ပိုပြီးဂုဏ်သိက္ခာရှိသည်ဟု တွေးထင်နေပုံပေါ်သည်။
ပေဖြူလွှာ၏ပထမက ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ဦးမျှသာဖြစ်သည်။
ဝှစ် .....
ထိုစဉ် လို့လီသားများက လေထဲပျံဝဲလာ၏။ ထူးကဲသော စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက မြေပြင်ပေါ်ကနေဝေ့တက်လာတော့သည်။
“ရှစ်စွင်း အဲဒါဘာလဲ” ရှောင်ယွမ်အာက အဝေးရှိကြီးမားသည့် ဝံပုလွေပုံစံ စိတ်ဝိညာဉ်သဏ္ဌာန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန် ... သူ့ရဲ့သွင်ပြင်ကိုအကဲခတ်ဖြတ်ကြည့်ရင် ဒါက ပွင့်ချပ်ခြောက်လွှာဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လောက်တယ်” ရှန်လွမ့်ရှိုးက သုန်မှုန်သောအမူအရာဖြင့်ပြန်ပြောလိုက်သည်။
ထိုစဉ် ဝံပုလွေဘုရင်က လေထဲသို့သူ့ဖာသာသူခုန်တက်လာ၏။ ယင်းက ပွင့်ချပ်ခြောက်လွှာရှိသော ရွှေကြာကိုလည်ပတ်ပြီးဖူးပွင့်နေသည်။
ရှောင်ယွမ်အာက သိချင်စိတ်ဖြင့်မေးလိုက်တော့သည်။ “သူတို့ရဲ့စိတ်ဝိညာဉ်သဏ္ဌာန်က ဘာကြောင့်များ လူပုံသဏ္ဌာန် မဟုတ်ရတာလဲ။ ထူးဆန်းလိုက်တာ သူတို့တွေမှာရွှေကြာရှိတာပဲ”
လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ကျင့်ကြံခြင်းက ကျင့်ကြံခြင်းနည်းလမ်းနဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ကျမ်းဂန်တွေပေါ်မူတည်ပြီးတည်ဆောက်ထားတာ။ ကျမ်းဂန်တွေမှာ အမျိုးမျိုးသောဂိုဏ်းတွေရဲ့ သဘောတရားရှုထောင့်တွေပါဝင်တယ်။ အဲ့ဒီသဘောတရားတွေက စိတ်နဲ့စိတ်စွမ်းအားအတွက် လမ်းညွှန်အဖြစ် ဆောင်ရွက်ပေးတယ်။ ငါ့ရဲ့စိတ်စွမ်းအင်ကို ဓားမော့အဖြစ် ပုံသွင်းချင်တယ်ဆိုရင်ဒါက ဓားမော့ဖြစ်လိမ့်မယ်” သူက ညာလက်ကို မြှောက်ပြီး သူ့လက်ထဲ၌ စွမ်းအင်ဓားမော့ပေါ်လာသည်။
“ဓားတစ်လက်အဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ဓားဖြစ်လိမ့်မယ်” စွမ်းအင်ဓားမော့က စွမ်းအင်ဓားတလက်ဖြစ်သွား၏။ ပြီးနောက် ၎င်းသည် ပုံသဏ္ဌာန်မျိုးစုံ ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတော့လက်သီးကျစ်ကျစ်ဆုပ်လိုက်ရာစွမ်းအင်ပျောက်သွားသည်။
“စွမ်းအင်သဏ္ဌာန်တွေကလည်းတူတူပဲ ဒါပေမဲ့ သူတို့ဖွဲ့တည်ပြီးတဲ့နောက်စိတ်ဝိညာဉ်ပုံသဏ္ဌာန်ကို ပြောင်းလဲဖို့က ခက်ခဲသွားပြီ။ ပုံမှန်ဆို ကျင့်ကြံခြင်းရဲ့အစောပိုင်းအဆင့်မှာ ဖွဲ့တည်မှုက တိကျသွားတာ။ ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့တာအိုဂိုဏ်းတွေက လွှမ်းမိုးမှုအတွက်တိုက်ခိုက်နေတဲ့အချိန် လူသားကျင့်ကြံမှုက ရွှေခေတ်ကိုရောက်တယ်။ နောက်တော့ နှစ်ပေါင်းသုံးသောင်းကုန်လွန်ခဲ့ပြီး ကျင့်ကြံခြင်းနည်းလမ်းတွေက နည်းလမ်းမျိုးစုံအဖြစ်ကွဲထွက်သွားတာ။ မတူညီတဲ့နည်းလမ်းသုံးခုက စိတ်ဝိညာဉ်သဏ္ဌာန်သုံးမျိုးကို ပေါ်ထွက်လာစေတယ်။ တာ့ယန်လွှမ်းမိုးတာ ခံထားရတဲ့ တခြားမျိုးနွယ်တွေက တာ့ယန်ရဲ့ ကျင့်ကြံခြင်းကို ကျင့်ကြံကြပြီး လူပုံစံစိတ်ဝိညာဉ်တစ်ခုရကြတယ်။ တဖက်မှာတော့ တာ့ယန်လွှမ်းမိုးတာမခံရတဲ့သူတွေက သူတို့ဘိုးဘေးတွေနောက် လိုက်ကြတယ်။ လို့လီသားတွေက ဝံပုလွေဘုရင်ကို ကိုးကွယ်တာကြောင့် သူတို့တွေက ဝံပုလွေသဏ္ဌာန်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တယ်”
“ဪ” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်၏။
“တင်း ... ရှောင်ယွမ်အာကိုသင်ပြပြီးပါပြီ။ ဆုလာဒ်ကုသိုလ်မှတ်နှစ်ရာ”
ရှန်လွမ့်ရှိုးက လက်သီးဆုပ်လျက်ပြောလိုက်သည်။ "ကျွန်တော်ဉာဏ်အလင်းပွင့်သွားပါပြီ”
ရှောင်ယွမ်အာက ဆက်မေးလိုက်၏။ “ရှစ်စွင်း တကယ်ကြီးသီးခြားမျိုးနွယ်တစ်သောင်း ရှိနေတာလား”
လုကျိုးသည် ထိုအကြောင်းအရာနှင့်သိပ်မရင်းနှီးပေ။ သူက ယေဘုယျအဖြေတစ်ခုသာပေးနိုင်၏။
သို့သော် သူ့အဖို့အံ့ဩသွားရသည်က ရှန်လွမ့်ရှိုးသည် အပြုံးတစ်ပွင့်ဖြင့်ဝင်ဖြေ၏။
“တကယ်ပဲ စာအုပ်ထဲမှာ တခြားမျိုးနွယ်တစ်သောင်းကို မှတ်တမ်းတင်ထားတယ်။ လျန်ခရိုင်ရဲ့မြို့တစ်ခုတည်းမှာတင် တာ့ယန်နဲ့မတူညီတဲ့စကားကိုပြောတဲ့ တခြားမျိုးနွယ်တွေ ရှိတယ်။ လုံရှီးနဲ့လုံပေ့က မပါသေးဘူး။ ဒီနှစ်တွေမှာ စစ်ပွဲတွေဖြစ်လာတာနဲ့အမျှ လက်ရှိအခြေအနေကို ဦးတည်လာတာပဲ”
“တာ့ယန်လောက်အံ့ဩဖို့ကောင်းလား”
“အဲ့လိုပြောရလောက်အောင်အထိတော့မဟုတ်သေးဘူး” ရှန်လွမ့်ရှိုးက ပြန်ပြောလိုက်၏။
ရှောင်ယွမ်အာသည် လေထဲရှိဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုလက်ညှိုးထိုးပြကာ မေးလိုက်တော့သည်။ “ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်မှာ ဘာကြောင့်များ ရွှေကြာတစ်ပွင့် ရှိနေရတာလဲ။ ဒီလိုသာဆိုရင် သူတို့က တာ့ယန်ရဲ့လျို့ဝှက်ကျင့်စဉ်နည်းလမ်းတွေကို သင်ယူခဲ့တာမဟုတ်ရင် ...”
“အမ်း...” ရှန်လွမ့်ရှိုးသည် မေးခွန်းကြောင့် နင်သွား၏။ ထိုကိစ္စကို သူ ယခင်က တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
“ရှစ်စွင်း အဲဒါဘာကြောင့်လဲ” ရှောင်ယွမ်အာက ဒီနေ့မေးခွန်းတွေ သိပ်မေးလွန်းနေသလိုပဲ။
လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။ ကံကောင်းသည်မှာ သူ၏ရင့်ရော်သောမျက်နှာပေါ်ရှိ အရေပြားက လုံလောက်အောင်ထူပြီးဖြစ်သည်။ သူ၏အတွေးကို မည်သူမှမဖတ်နိုင်။ သို့သော် သူသည်လည်း ထူးဆန်းသည်ဟုခံစားမိသည်။ ကျိထျန်းတောက်၏ ကြွယ်ဝသော အတွေ့အကြုံဖြင့်တောင် သူ့မှတ်ဉာဏ်ထဲတွင် အဖြေမရှိပေ။
ကွန်ဖြူးရှပ်၊ ဗုဒ္ဓနဲ့တာအိုဂိုဏ်းကျင့်ကြံခြင်းတွေသာဆိုလျှင် အတွေးက ဝိညာဉ်နှင့် စိတ်စွမ်းအားကို ထောက်ပံ့ပေးကာ စိတ်ဝိညာဉ်သဏ္ဌာန်ကိုဆုံးဖြတ်ပေးမည်။ ကျန်သည့်မျိုးနွယ်များက ထိုသီအိုရီကို နားမလည်နိုင်လျှင် သူတို့က အဘယ်ကြောင့် ရွှေကြာဖွဲ့တည်နိုင်သနည်း။ ၎င်းကို မည်သူရှင်းပြနိုင်မည်နည်း။
လုကျိုးက နောက်ဆုံးတွင် မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့၏။
“ဖြစ်နိုင်တာက ထောက်ပံ့ရေးနည်းလမ်းလိုအပ်တဲ့ လူသားနဲ့တိရိစ္ဆာန်တွေလိုပဲ သူတို့က အခြေခံအားဖြင့် တူတူပဲ” ရှောင်ယွမ်အာသည် ခေါင်းကုတ်နေသည်မှာ ထိုစကားကို နားမလည်ကြောင်း ပြသနေလေ၏။
ထိုစဉ် ပွင့်ချပ်ခြောက်လွှာ ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်က ယန်ယန်း၏စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ဦးတည်လာ၏။
ဖုန်း
စိတ်ဝိညာဉ်သဏ္ဌာန်များက လေထဲတွင်ဖရိုဖရဲစီးဆင်းသွားပြီး သန်မာသော လေပြင်းက တိုက်ခတ်လာသည်။ တိုက်ပွဲနှင့်နီးကပ်လွန်းသည့်လူတိုင်းက လေပြင်းကြောင့် လွင့်လာ၏။
“ကာကွယ်စောင့်ရှောက်သူယန်ယန်း ကျုပ် ကူညီမယ်” ယွီဟုန်သည် သူ၏ ပွင့်ချပ်လေးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ယန်ယန်းဆီသို့ သွားလိုက်၏။
ယခု နှစ်ယောက်နှင့် တစ်ယောက် ဖြစ်သွားသည်။ လို့လီလက်ရွေးစဉ်သည် တိုက်ပွဲကျလာသည်နှင့်အမျှ ပိုပြီး ရဲစွမ်းသတ္တိရှိလာ၏။ သူ့နောက်ရှိ လို့လန်မျိုးနွယ်သား ရာချီရှိသည်။ သူတို့က သူ့ကို စုန်းဂါထာများဖြင့် ပံ့ပိုးပေးနေသည်။
“နာလိုက်တာ” ရှောင်ယွမ်အာသည် ဂါထာများကိုမြင်သောအခါ သူမခြေဆောင့်နင်းလိုက်မိ၏။ သူမသည် စစ်မြေပြင်ထဲဝင်သွားက စုန်းအတတ်ကျင့်ကြံသူများကို သတ်ဖြတ်ချင်သည်။
လုကျိုးကပြောသည်။ “စုန်းအတတ်ကျင့်ကြံသူလေးတွေကို ဂရုစိုက်စရာမလိုဘူး”
မော့လီနှင့် ပါမားတို့ကဲ့သို့မဟာနတ်ဆရာများမရှိဘဲ ထိုပံ့ပိုးရေးဂါထာများသည် တိုက်ပွဲ၏အခြေအနေကို ပြောင်းလဲပေးနိုင်မှာမဟုတ်ပေ။ ထို့အပြင် ယင်းက လျန်စီရင်စု အရှေ့ဖက်တွင် ဖြစ်သည်။ အစီအရင်ကြီးမရှိ စုန်းအတတ်က ဤဒီနေရာတွင်အစွမ်းမထင်ပေ။
ဖုန်း ဖုန်း ဖုန်း
လို့လီကျင့်ကြံသူသည် သုံးပွဲဆက်တိုက် တိုက်ခိုက်၏။ သူ၏ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က သုံးခုခွဲသွား၏။ တစ်ခုက ယန်ယန်းကိုခုန်အုပ်စဉ်နောက်တစ်ခုက ယွီဟုန်ကိုခုန်အုပ်၏။
ယန်ယန်းက အမြန်နောက်ဆုတ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မြို့ရိုးဆီရွေ့လိုက်၏။
ယွီဟုန်သည် ပွင့်ချပ်လေးလွှာကျင့်ကြံသူတစ်ဦးဖြစ်သည်။ ပြင်းထန်သောထိုးနှက်ချက်ဖြင့် အရိုက်ခံရပြီးနောက် နောက်သို့ဆုတ်သွား၏။ လမ်းတဝက်တွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ခေါ်လိုက်သည်။
“အဲ့ဒီလို့လီလက်ရွေးစင်က အစွမ်းထက်လိုက်တာ” ရှောင်ယွမ်အာက ထိတ်လန့်သွားတော့သည်။ သူမသည် စစ်မြေပြင်ထဲ ဝင်ရောက်သွားကာ ချက်ချင်းတိုက်ခိုက်လိုစိတ်ပေါ်လာ၏။ သူမက ရှစ်စွင်းလက်ကို အမြန်ဖက်တွယ်ထားလိုက်သည်။
“ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်မှာကြီးမားတဲ့ပေါက်ကွဲစွမ်းအားရှိပြီး အံ့ဩဖွယ် ကောင်းလောက် အောင် တိုက်ခိုက်နိုင်တယ်။ ယန်ယန်းက ဒီတိုက်ပွဲမတိုင်ခင် သူ့စွမ်းအားသုံးစွဲတာ များလွန်းတာပဲဖြစ်ရမယ်။ မျှတတဲ့တိုက်ပွဲဆိုရင် ယန်ယန်းက ရှုံးမှာမဟုတ်ဘူး” လုကျိုးက ပြော၏။
“ဪ” ပြဿနာက ကမ္ဘာပေါ်၌ မျှတမှုမရှိတာပဲဖြစ်သည်။
မြို့ရိုးပေါ်၌ လေးသည်တော်များသည် စွမ်းအင်မြားများကို ပစ်ခတ်လျက် ပျံသန်းနေသော ကျန်သည့် မျိုးနွယ်သားများကို မြားများဖြင့်ပစ်ခွင်းနေတော့သည်။
ထိုစဉ် ကျင့်ကြံသူတစ်ဦးက မြို့ရိုးပေါ်ပျံသန်းလာလျက် ကျယ်လောင်စွာကြေညာလိုက်သည်။
“ဆိုးတာပဲ။ စတုတ္ထမင်းသားက တောင်ဖက်ကနေတန်ပြန်တိုက်ခိုက်နေပြီ”
ယန်ယန်းက လေထဲပျံဝဲနေသေးဆဲဖြစ်သည်။ မြို့ရိုးက ကြီးမားလွန်းနေသည်။ မည်သူကြေညာမှန်းတောင် သူမသိရပေ။ လူထူထပ်နေသော မြို့ရိုးပေါ်ရပ်နေသည့် လုကျိုးနှင့် ကျန်သည့်သူများကို မြင်ရန်လည်းမဖြစ်နိုင်ပေ။
ယန်ယန်းက ပြောလိုက်၏။ “လျှိုပင်းက တခြားမျိုးနွယ်တွေနဲ့ပေါင်းလိုက်တာပဲ။ သတ္တမသခင်လေးကို အကြောင်းကြား”
“နားလည်ပါပြီ”
ငရဲဂိုဏ်းသည် ချက်ချင်းပင်ကြိုတင်သတိထားမှုပြုလိုက်၏။ သူတို့တွေက နှစ်ဖက်ညှပ်တိုက်ခိုက်ခံနေရလေပြီ။
ယခုအချိန်တွင် မြို့ရိုးနှင့်အစီအရင်၏အကာကွယ်ကိုသာအားကိုးနိုင်သည်။ လောစရာမလိုတော့ပေ။ သို့သော် ဤအတိုင်းဆက်ဖြစ်နေပါက ငရဲဂိုဏ်းသည်အရေးနိမ့်သွားပေလိမ့်မည်။
စီးဝူယာ့က ဘာတွေလုပ်နေတာလဲ။
...
Zawgyi
အခန္း (၄၀၁) ထိုးေဖာက္ဝင္ေရာက္ျခင္း
က်န္သည့္မ်ိဳးႏြယ္မ်ား ႐ုတ္တရက္ေပၚေပါက္လာမႈသည္ ငရဲဂိုဏ္းထဲရွိ က်င့္ႀကံသူမ်ားကို အငိုက္မိသြားေစသည္။
ၿမိဳ႕ရိုးထိပ္ေပၚရွိ က်င့္ႀကံသူတစ္ေထာင္နီးပါးက ၿမိဳ႕ထဲတြင္ေျခကုပ္ရယူရန္ဝင္လာသည့္ ရန္သူမ်ားကို ဟန႔္တားေနေလသည္။ တခ်ိန္တည္းတြင္ သူတို႔က ေလထဲကေနၿမိဳ႕ထဲကို က်ဴးေက်ာ္ဝင္ေရာက္ရန္ႀကိဳးစားေနေသာ က်န္သည့္မ်ိဳးႏြယ္မ်ားကို တိုက္ခိုက္ရန္အတြက္ ၿမိဳ႕ရိုးေပၚ၌ အစီအရင္ေလးမ်ားကို အသက္သြင္းလိုက္၏။
ေျမျပင္ေပၚရွိစစ္သည္မ်ားက ၿမိဳ႕ရိုးႏွင့္ဂိတ္မ်ားကို အင္အားျဖည့္ေပးေနစဥ္ စစ္ကူေပးလ်က္ အင္အားျဖည့္တင္းကာ ၿမိဳ႕ရိုးေပၚရွိက်င့္ႀကံသူမ်ားကို ကုသေပးေနေလ၏။
က်င့္ႀကံသူမ်ားၾကားထဲရွိတိုက္ပြဲက ၿပီးခါနီးသည့္အခ်ိန္တြင္ စစ္ေျမျပင္ကို တာဝန္ယူရန္ ေသမ်ိဳးမ်ားအတြက္ အခ်ိန္ေရာက္လာ၏။ တိုင္းျပည္ႏွစ္ျပည္ရွိ တိုက္ပြဲမ်ားၾကားထဲတြင္ ေရွ႕တန္းရွိလူမ်ားက က်င့္ႀကံသူမ်ားသာျဖစ္၏။ ထိုက တာ့ယန္အင္ပါယာ၏အုတ္ျမစ္ပဲ ျဖစ္သည္။ ၎သည္ က်င့္ႀကံျခင္းေလာကထဲ၌ အေျခခံအက်ဆဳံး တိုက္ခိုက္ေရးနည္းလမ္းထဲမွ တစ္ခုလည္း ျဖစ္သည္။
သူသည္ အေပၚကေနက်လာေသာက်င့္ႀကံသူမ်ားကို ျမင္ေတြ႕ခ်ိန္၌ ရွန္လြမ့္ရွိုးက အံ့ဩဆြံ႕အသြား၏။ အခ်ိန္အတိုင္းအတာတစ္ခုအထိ သူ ဆြံ႕အေနေသးဆဲျဖစ္သည္။ သူက သတၱိေမြးလ်က္ ေမးလိုက္၏။
“ဆရာႀကီး ေမးခြန္းတစ္ခုေလာက္ေမးလို႔ရမလား”
“ဘာလဲ” လုက်ိဳးက မုတ္ဆိတ္သပ္လ်က္သူတို႔အေပၚရွိတိုက္ပြဲကိုေလ့လာလိုက္သည္။
လ်န္စီရင္စု၏ၿမိဳ႕ေစာင့္တပ္မ်ားသည္ ငရဲဂိုဏ္းကိုရႈံးနိမ့္သြားၿပီးေနာက္ က်န္သည့္မ်ိဳးႏြယ္စုမ်ားကို တြန္းလွန္ရန္ သူတို႔ကိုယ္သူတို႔သာအားကိုးနိုင္ေတာ့သည္။ သို႔ေသာ္ ယင္းက စီးဝူယာ့၏တြက္ခ်က္မႈအတြင္း၌ ရွိေလာက္၏။ သူတို႔ေတြက ဘာေၾကာင့္ ဒီေလာက္ စြမ္းအားကင္းမဲ့ပုံ ေပၚေနရတာလဲ။ တမင္တကာလုပ္ေနတာလား။
“ဆရာႀကီးက ေလာ့ဂိုဏ္းကလား” ရွန္လြမ့္ရွိုးက ေနာက္ဆုံးတြင္ေမးလိုက္၏။
“ဘာေၾကာင့္ဒီလိုေမးတာလဲ”
“ဂိုဏ္းသုံးဂိုဏ္းထဲမွာ ေလာ့ဂိုဏ္းက ေလးအတတ္မွာအကြၽမ္းက်င္ဆုံးပဲ။ အဲ့ဒီဂိုဏ္းထဲမွာ လက္ေ႐ြးစင္ေလးသည္ေတာ္ေတြ အမ်ားႀကီးရွိတယ္။ ေလာ့ဂိုဏ္းရဲ႕ဂိုဏ္းခ်ဳပ္က ၿပိဳင္ဖက္ကင္းေလးသည္ေတာ္တစ္ေယာက္ပဲ။ သူက ေကာင္းကင္ႀကဳံးေတာအုပ္ထဲမွာ ျမားတစ္စင္းထဲနဲ႕ အဆင့္ျမင့္သားရဲတစ္ေကာင္ကိုေတာင္ သတ္ခဲ့ေသးတာ” ရွန္လြမ့္ရွိုးက တေလးတစား ေျပာလိုက္၏။ သူႀကံ့ႀကံ့ခံခဲ့သည့္ျမားကေန သူ႕ရင္ထဲ၌ အေၾကာက္တရားမ်ား ရွိေနေသးသည္။
“တမိုးေအာက္မွာ မေရမတြက္နိုင္တဲ့ လက္ေ႐ြးစင္ေလးသည္ေတာ္ေတြအမ်ားႀကီးရွိတယ္။ ေလာ့ဂိုဏ္းက ေျပာပေလာက္ေအာင္မဟုတ္ဘူး” လုက်ိဳးက စိတ္မပါလက္မပါျပန္ေျဖလိုက္၏။
“…” အခ်ိန္အတိုင္းအတာတစ္ခုအထိ ရွန္လြမ့္ရွိုးက ဆြံ႕အသြားေတာ့သည္။ လုက်ိဳုး၏ေမာက္မာေထာင္လႊားမႈက ေနာက္တစ္ဆင့္ကို ေရာက္ေနၿပီဟု သူခံစားမိသည္။ ေလာ့ဂိုဏ္းကေတာင္ ထည့္ေျပာရန္ေသးသိမ္လြန္းသည္ဟု သူက ေတြးမိေနတာျဖစ္ေသာေၾကာင့္ ျဖစ္သည္။ သူက သူ႕ခံစားခ်က္ကိုမျပသရဲတာ သဘာဝက်၏။ ထိုအစား သူေမးလိုက္၏။ “ဆရာႀကီး ေဝဟင္ထဲကေနက်န္တဲ့မ်ိဳးႏြယ္ေတြကို ဘာေၾကာင့္မပစ္တာလဲ”
ဆိုရလွ်င္ ရွန္လြမ့္ရွိုးက ပြင့္ခ်ပ္ငါးလႊာက်င့္ႀကံသူတစ္ဦးျဖစ္၏။ ထို႔သို႔တိုင္ သူသည္ လုက်ိဳး၏ျမားကို မပိတ္ဆို႔နိုင္ေပ။ သူ၏အျမင္တြင္ လုက်ိဳးက အားကုန္သုံးၿပီး က်န္သည္မ်ိဳးႏြယ္စု၏ ေခါင္းေဆာင္ကို တိုက္ခိုက္ခဲ့မည္ဆိုလွ်င္ တိုက္ပြဲ၏အေျခအေနကို မ်ားစြားေျပာင္းလဲနိုင္လိမ့္မည္။ သူသည္ စုတ္ျပတ္သည့္အေပးအယူမ်ားစြာ၌ ပါဝင္ခဲ့ေသာ္ျငား တာ့ယန္၏ေျမျပင္ေပၚ က်န္သည့္မ်ိဳးႏြယ္စုမ်ားကို ေျခမခ်ခ်င္ေပ။
လုက်ိဳးသည္ ၿမိဳ႕ရိုးေပၚကေန တိုက္ပြဲကိုဆက္လက္ေလ့လာေန၏။ သူက အေမးကို ခ်က္ခ်င္းမေျဖေပ။ သူက လႈပ္ရွားခဲ့လွ်င္ သူ႕ကိုယ္သူထုတ္ေဖာ္မိရာေရာက္သြားမည္။ ထိုအခ်ိန္က် ယြီက်န႔္ဟိုင္ႏွင့္ စီးဝူယာ့ကို မည္ကဲ့သို႔ဖမ္းရမည္နည္း။ ေနာက္ဆုံးတြင္ သူက ေျပာလိုက္ေတာ့၏။ “ငရဲဂိုဏ္းရဲ႕ခြန္အားနဲ႕ က်န္တဲ့မ်ိဳးႏြယ္ေတြကိုေျဖရွင္းဖို႔လုံေလာက္မွာပဲ”
“…” ရွန္လြမ့္ရွိုးက ဘာမွမေျပာရဲေတာ့ေခ်။
ေရွာင္ယြမ္အာသည္ လုက်ိဳး၏လက္ေမာင္းကိုဖက္တြယ္လိုက္၏။ အေစာတုန္းက သူမ၏ စိုးရိမ္ပူပန္မႈ အမ်ားစု ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ သူမက ယခုသိခ်င္စိတ္တို႔ရွိေန၏။ သူမက ေမးလိုက္သည္။ “ရွစ္စြင္း တပည့္ တစ္ခ်က္ သြားၾကည့္ခ်င္တယ္”
လုက်ိဳးက အေတြးတူညီေပ၏။
“သြားၾကမယ္”
ႏွစ္ေယာက္သားက ၿမိဳ႕ရိုးဆီသို႔ ကမန္းကတန္းသြားလိုက္သည္။
ရွန္လြမ့္ရွိုးက ထိတ္လန႔္သြား၏။ သူက ဘယ္ညာၾကည့္လိုက္၏။ စခန္းက လူသူကင္းမဲ့ေနေလၿပီ။ သူက ကမန္းကတန္းေအာ္ေျပာလိုက္ေတာ့သည္။ “ကြၽန္ေတာ္ကိုေစာင့္ပါဦး” လက္ရွိတြင္ ေဘးအကင္းဆုံးေနရာက ထိုအဘိုးႀကီး၏ေဘးတြင္ျဖစ္သည္။
အခ်ိန္ဆြဲမေနဘဲ သူတို႔သုံးေယာက္က ၿမိဳ႕ရိုး၏အေျခသို႔ ေရာက္သြားသည္။ အေဝးကေန သတိမျပဳမိေသာ္ျငား အနီးတြင္ ၿမိဳ႕ရိုးမ်ားက အင္မတန္ျမင့္မား၏။ ထိုေနရာကေန ၿမိဳ႕ရိုးထိပ္ကို မျမင္ရေပ။
သူတို႔၏စိတ္ဝိညာဥ္သဏၭာန္မ်ားျဖင့္ လက္ေ႐ြးစင္မ်ားသည္ ေလထဲတြင္ပ်ံသန္းေနျခင္းေၾကာင့္သာ မဟုတ္လွ်င္ သူတို႔အဖို႔ၿမိဳ႕တြင္းကေန စိတ္ဝင္စားဖြယ္တိုက္ပြဲကို မ်က္ျမင္ေတြ႕ရန္ မျဖစ္နိုင္လုနီးပါးပင္။
“ဆရာ ... ဆရာႀကီး ကြၽန္ေတာ့္ ... ကြၽန္ေတာ့္ကို မေမ့ပါနဲ႕ဦး” ရွန္လြမ့္ရွိုးက ပူပန္စြာေျပာလိုက္၏။
လုက်ိဳးက လက္ေဝ့ယမ္းလိုက္သည္။ သုံးေယာက္သားက ၿမိဳ႕ရိုးထိပ္ဆီသို႔ပ်ံသန္းသြား၏။
ဖုန္း ဖုန္း ဖုန္း
ဝွစ္ ဝွစ္ ဝွစ္
တိုက္ပြဲသံမ်ားက သူတို႔နားထဲေရာက္လာေတာ့သည္။
သုံးေယာက္သားက ၿမိဳ႕ရိုးထိပ္ဆီသို႔ဆင္းသက္လိုက္စဥ္ သူတို႔ျမင္လိုက္ရေသာျမင္ကြင္းေၾကာင့္ အံ့ဩဆြံ႕အသြားေလ၏။ ေပငါးဆယ္ခန႔္ျမင့္သည့္ စိတ္ဝိညာဥ္သဏၭာန္ႏွင့္ ေပခုနစ္ဆယ္ခန႔္ျမင့္သည့္ စိတ္ဝိညာဥ္သဏၭာန္တို႔သည္ ၿမိဳ႕ရိုးကို ေက်ာ္လြန္လ်က္ က်န္သည့္မ်ိဳးႏြယ္မ်ားႏွင့္ရဲစြမ္းသတၱိရွိရွိ တိုက္ခိုက္ေနေလ၏။
မီးငွက္ခန္းမ၏ေခါင္းေဆာင္ယန္ယန္းက သူ၏စိတ္ဝိညာဥ္သဏၭာန္၏အ႐ြယ္အစားကို လ်င္ျမန္စြာ ျမႇင့္တင္ေနၿပီးေနာက္ တစ္ဒါဇင္ခန႔္ကိုဖယ္ထုတ္လိုက္သည္။
လို႔လီမ်ိဳးႏြယ္သားမ်ားက ျပန္ဆုတ္ၾကကာ ေသြးအန္ၾကလ်က္ သက္ေရာက္မႈေၾကာင့္ ေနာက္သို႔လြင့္သြား၏။
ထိုသို႔တိုင္ ေျမျပင္ေပၚ၌ လို႔လီႏွင့္လို႔လန္မ်ိဳးႏြယ္သားမ်ားပိုမ်ားလာ၏။ လို႔လန္သားမ်ားသည္ သူတို႔ ဂါထာမ်ား ႐ြတ္ဆိုရန္ တတ္နိုင္သမွ် အေကာင္းဆုံး ႀကိဳးစားေနၾက၏။ ခရမ္းေရာင္စြမ္းအင္က ေလထဲရွိ လို႔လီမ်ိဳးႏြယ္သားမ်ားကို ရစ္ဝဲထား၏။
တိုက္ပြဲက ဖရိုဖရဲျဖစ္ေတာ့သည္။
လူတိုင္းက အလုပ္မ်ားေနၾကေလရာ လုက်ိဳးႏွင့္က်န္သည့္သူမ်ားကို မည္သူမွသတိမျပဳမိေပ။
သုံးေယာက္သားက ေထာင့္တစ္ေနရာတြင္ရပ္ေနၿပီးေနာက္ အျမင့္တစ္ေနရာကေန ငုံ႕ၾကည့္လိုက္သည္။
ရွန္လြမ့္ရွိုးက တံေတြးမ်ိဳခ်လိဳက္၏။
“ငရဲဂိုဏ္း၏မဟာကာကြယ္ေစာင့္ေရွာက္သူ ေလးေယာက္ထဲမွ တစ္ေယာက္ျဖစ္တဲ့ ယန္ယန္းကေတာင္ ဒီေလာက္အစြမ္းထက္ေနတာ တျခားကာကြယ္ေစာင့္ေရွာက္သူေတြဆို ဘယ္ေလာက္ေတာင္ အစြမ္းထက္မလဲ”
“မင္းက ငရဲဂိုဏ္းနဲ႕ရင္းႏွီးတယ္လား” လုက်ိဳးက ရွန္လြမ့္ရွိုးကို တခ်က္ၾကည့္လိုက္သည္။
ရွန္လြမ့္ရွိုးသည္ လုက်ိဳးက သူ႕ကိုပစ္ခဲ့သည္ဆိုတာေမ့သြားပုံေပၚ၏။ သူက ၿပဳံးလ်က္ေျပာလိုက္၏။
"ငရဲဂိုဏ္းရဲ႕ဂိုဏ္းခ်ဳပ္က မိစာၦေဝဟင္ေမွ်ာ္နန္းရဲ႕ပထမဆုံးတပည့္ဆိုတာ လူတိုင္းသိၾကတယ္”
ထိုစဥ္ အေစာတုန္းက သက္ေရာက္မႈကေနေနာက္လြင့္လာသည့္ လို႔လီသားမ်ားက ျပန္ထလာတာကို လုက်ိဳးသတိျပဳမိလိုက္၏။ သူတို႔က ယန္ယန္းကို အုပ္စုဖြဲ႕တိုက္ခိုက္ၾကေတာ့သည္။
“လို႔လီသားေတြက ေျချမန္တာပဲ။ သူတို႔ေတြက ဗုဒၶ၊ ကြန္ျဖဴးရွပ္၊ တာအိုမက်င့္ႀကံဘူး။ သူတို႔က ဝံပုေလြရိုင္းေတြကို ကိုးကြယ္ၿပီး ဘယ္ေတာ့မွ သူတို႔ကိုယ္တိုင္ မလႈပ္ရွားဘူး။ သူတို႔စိတ္ဝိညာဥ္သဏၭာန္ေတြက ဝံပုေလြသဏၭာန္ေတြပဲ။ သူတို႔မွာ ကိုယ္တိုင္ကုသျခင္းစြမ္းရည္နဲ႕ မယုံနိုင္စရာေကာင္းေလာက္တဲ့ အရည္အခ်င္းေတြရွိတယ္” ရွန္လြမ့္ရွိုးက ေျပာလိုက္၏။
“ဒါေပမဲ့ လူရိုင္းေတြကေတာ့ လူရိုင္းေတြပါပဲ။ ေျပာရရင္ တာ့ယန္က လူမ်ိဳးဆယ့္ႏွစ္စုကို ၿခိမ္းေျခာက္နိုင္စြမ္းရွိေနတာ အေၾကာင္းျပခ်က္မရွိတာမဟုတ္ဘူးပဲ”
လုက်ိဳးက မုတ္ဆိတ္သပ္လ်က္ေျပာလိုက္၏။ "မင္းက တာ့ယန္ကို သိပ္ယုံၾကည္ခ်က္ရွိေနတဲ့ပုံပဲ”
ရွန္လြမ့္ရွိုးက သက္ျပင္းခ်လိဳက္ေလ၏။
“က်ဳပ္ရဲ႕ယုံၾကည္ခ်က္က ဧကရာဇ္ယုံရႈေပၚမွာ ယုံခ်င္းအတြက္ကေတာ့ ေမ့လိုက္ပါေတာ့”
“ေပျဖဴလႊာထိပ္မွာရွိတဲ့လူကေတာင္ မေျပာရဲတဲ့စကားလုံးေတြလား”
“ေလာင္ခ်န္းေပ့ ေပျဖဴလႊာနဲ႕ေပနက္လႊာက သူတို႔ရဲ႕က်င့္ႀကံဆင့္ေတြကို အေျခခံၿပီး သတ္မွတ္ထားတာမဟုတ္ဘူး။ ေပျဖဴလႊာေပၚက ကြၽန္ေတာ့္ရဲ႕အဆင့္သတ္မွတ္ခ်က္က ဘာမွမဟုတ္ ျပက္လုံးတစ္ခုပဲ” ရွန္လြမ့္ရွိုးက ေျပာလိုက္၏။ သူေျပာေနစဥ္၌ သူက ေပနက္လႊာက ပိုၿပီးဂုဏ္သိကၡာရွိသည္ဟု ေတြးထင္ေနပုံေပၚသည္။
ေပျဖဴလႊာ၏ပထမက ပြင့္ခ်ပ္ငါးလႊာက်င့္ႀကံသူတစ္ဦးမွ်သာျဖစ္သည္။
ဝွစ္ .....
ထိုစဥ္ လို႔လီသားမ်ားက ေလထဲပ်ံဝဲလာ၏။ ထူးကဲေသာ စိတ္ဝိညာဥ္သဏၭာန္တစ္ခုက ေျမျပင္ေပၚကေနေဝ့တက္လာေတာ့သည္။
“ရွစ္စြင္း အဲဒါဘာလဲ” ေရွာင္ယြမ္အာက အေဝးရွိႀကီးမားသည့္ ဝံပုေလြပုံစံ စိတ္ဝိညာဥ္သဏၭာန္ကို လက္ညွိုးထိုးျပလိုက္သည္။
“ဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္ ... သူ႕ရဲ႕သြင္ျပင္ကိုအကဲခတ္ျဖတ္ၾကည့္ရင္ ဒါက ပြင့္ခ်ပ္ေျခာက္လႊာဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္ျဖစ္ေလာက္တယ္” ရွန္လြမ့္ရွိုးက သုန္မႈန္ေသာအမူအရာျဖင့္ျပန္ေျပာလိုက္သည္။
ထိုစဥ္ ဝံပုေလြဘုရင္က ေလထဲသို႔သူ႕ဖာသာသူခုန္တက္လာ၏။ ယင္းက ပြင့္ခ်ပ္ေျခာက္လႊာရွိေသာ ေ႐ႊၾကာကိုလည္ပတ္ၿပီးဖူးပြင့္ေနသည္။
ေရွာင္ယြမ္အာက သိခ်င္စိတ္ျဖင့္ေမးလိုက္ေတာ့သည္။ “သူတို႔ရဲ႕စိတ္ဝိညာဥ္သဏၭာန္က ဘာေၾကာင့္မ်ား လူပုံသဏၭာန္ မဟုတ္ရတာလဲ။ ထူးဆန္းလိုက္တာ သူတို႔ေတြမွာေ႐ႊၾကာရွိတာပဲ”
လုက်ိဳးက ျဖည္းျဖည္းခ်င္း ေျပာလိုက္၏။ “က်င့္ႀကံျခင္းက က်င့္ႀကံျခင္းနည္းလမ္းနဲ႕ ဘိုးေဘးေတြ ခ်န္ထားခဲ့တဲ့က်မ္းဂန္ေတြေပၚမူတည္ၿပီးတည္ေဆာက္ထားတာ။ က်မ္းဂန္ေတြမွာ အမ်ိဳးမ်ိဳးေသာဂိုဏ္းေတြရဲ႕ သေဘာတရားရႈေထာင့္ေတြပါဝင္တယ္။ အဲ့ဒီသေဘာတရားေတြက စိတ္နဲ႕စိတ္စြမ္းအားအတြက္ လမ္းၫႊန္အျဖစ္ ေဆာင္႐ြက္ေပးတယ္။ ငါ့ရဲ႕စိတ္စြမ္းအင္ကို ဓားေမာ့အျဖစ္ ပုံသြင္းခ်င္တယ္ဆိုရင္ဒါက ဓားေမာ့ျဖစ္လိမ့္မယ္” သူက ညာလက္ကို ျမႇောက္ၿပီး သူ႕လက္ထဲ၌ စြမ္းအင္ဓားေမာ့ေပၚလာသည္။
“ဓားတစ္လက္အျဖစ္ ေျပာင္းလဲခ်င္တယ္ဆိုရင္ ဓားျဖစ္လိမ့္မယ္” စြမ္းအင္ဓားေမာ့က စြမ္းအင္ဓားတလက္ျဖစ္သြား၏။ ၿပီးေနာက္ ၎သည္ ပုံသဏၭာန္မ်ိဳးစုံ ေျပာင္းလဲသြားၿပီးေနာက္ ေနာက္ဆုံးေတာ့လက္သီးက်စ္က်စ္ဆုပ္လိုက္ရာစြမ္းအင္ေပ်ာက္သြားသည္။
“စြမ္းအင္သဏၭာန္ေတြကလည္းတူတူပဲ ဒါေပမဲ့ သူတို႔ဖြဲ႕တည္ၿပီးတဲ့ေနာက္စိတ္ဝိညာဥ္ပုံသဏၭာန္ကို ေျပာင္းလဲဖို႔က ခက္ခဲသြားၿပီ။ ပုံမွန္ဆို က်င့္ႀကံျခင္းရဲ႕အေစာပိုင္းအဆင့္မွာ ဖြဲ႕တည္မႈက တိက်သြားတာ။ ကြန္ျဖဴးရွပ္၊ ဗုဒၶနဲ႕တာအိုဂိုဏ္းေတြက လႊမ္းမိုးမႈအတြက္တိုက္ခိုက္ေနတဲ့အခ်ိန္ လူသားက်င့္ႀကံမႈက ေ႐ႊေခတ္ကိုေရာက္တယ္။ ေနာက္ေတာ့ ႏွစ္ေပါင္းသုံးေသာင္းကုန္လြန္ခဲ့ၿပီး က်င့္ႀကံျခင္းနည္းလမ္းေတြက နည္းလမ္းမ်ိဳးစုံအျဖစ္ကြဲထြက္သြားတာ။ မတူညီတဲ့နည္းလမ္းသုံးခုက စိတ္ဝိညာဥ္သဏၭာန္သုံးမ်ိဳးကို ေပၚထြက္လာေစတယ္။ တာ့ယန္လႊမ္းမိုးတာ ခံထားရတဲ့ တျခားမ်ိဳးႏြယ္ေတြက တာ့ယန္ရဲ႕ က်င့္ႀကံျခင္းကို က်င့္ႀကံၾကၿပီး လူပုံစံစိတ္ဝိညာဥ္တစ္ခုရၾကတယ္။ တဖက္မွာေတာ့ တာ့ယန္လႊမ္းမိုးတာမခံရတဲ့သူေတြက သူတို႔ဘိုးေဘးေတြေနာက္ လိုက္ၾကတယ္။ လို႔လီသားေတြက ဝံပုေလြဘုရင္ကို ကိုးကြယ္တာေၾကာင့္ သူတို႔ေတြက ဝံပုေလြသဏၭာန္စိတ္ဝိညာဥ္ကို ပိုင္ဆိုင္တယ္”
“ဪ” ေရွာင္ယြမ္အာက ေခါင္းညိတ္လိုက္၏။
“တင္း ... ေရွာင္ယြမ္အာကိုသင္ျပၿပီးပါၿပီ။ ဆုလာဒ္ကုသိုလ္မွတ္ႏွစ္ရာ”
ရွန္လြမ့္ရွိုးက လက္သီးဆုပ္လ်က္ေျပာလိုက္သည္။ "ကြၽန္ေတာ္ဉာဏ္အလင္းပြင့္သြားပါၿပီ”
ေရွာင္ယြမ္အာက ဆက္ေမးလိုက္၏။ “ရွစ္စြင္း တကယ္ႀကီးသီးျခားမ်ိဳးႏြယ္တစ္ေသာင္း ရွိေနတာလား”
လုက်ိဳးသည္ ထိုအေၾကာင္းအရာႏွင့္သိပ္မရင္းႏွီးေပ။ သူက ေယဘုယ်အေျဖတစ္ခုသာေပးနိုင္၏။
သို႔ေသာ္ သူ႕အဖို႔အံ့ဩသြားရသည္က ရွန္လြမ့္ရွိုးသည္ အၿပဳံးတစ္ပြင့္ျဖင့္ဝင္ေျဖ၏။
“တကယ္ပဲ စာအုပ္ထဲမွာ တျခားမ်ိဳးႏြယ္တစ္ေသာင္းကို မွတ္တမ္းတင္ထားတယ္။ လ်န္ခရိုင္ရဲ႕ၿမိဳ႕တစ္ခုတည္းမွာတင္ တာ့ယန္နဲ႕မတူညီတဲ့စကားကိုေျပာတဲ့ တျခားမ်ိဳးႏြယ္ေတြ ရွိတယ္။ လုံရွီးနဲ႕လုံေပ့က မပါေသးဘူး။ ဒီႏွစ္ေတြမွာ စစ္ပြဲေတြျဖစ္လာတာနဲ႕အမွ် လက္ရွိအေျခအေနကို ဦးတည္လာတာပဲ”
“တာ့ယန္ေလာက္အံ့ဩဖို႔ေကာင္းလား”
“အဲ့လိုေျပာရေလာက္ေအာင္အထိေတာ့မဟုတ္ေသးဘူး” ရွန္လြမ့္ရွိုးက ျပန္ေျပာလိုက္၏။
ေရွာင္ယြမ္အာသည္ ေလထဲရွိဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္ကိုလက္ညွိုးထိုးျပကာ ေမးလိုက္ေတာ့သည္။ “ဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္မွာ ဘာေၾကာင့္မ်ား ေ႐ႊၾကာတစ္ပြင့္ ရွိေနရတာလဲ။ ဒီလိုသာဆိုရင္ သူတို႔က တာ့ယန္ရဲ႕လ်ိဳ႕ဝွက္က်င့္စဥ္နည္းလမ္းေတြကို သင္ယူခဲ့တာမဟုတ္ရင္ ...”
“အမ္း...” ရွန္လြမ့္ရွိုးသည္ ေမးခြန္းေၾကာင့္ နင္သြား၏။ ထိုကိစၥကို သူ ယခင္က တစ္ခါမွ မစဥ္းစားခဲ့ဖူးေပ။
“ရွစ္စြင္း အဲဒါဘာေၾကာင့္လဲ” ေရွာင္ယြမ္အာက ဒီေန႕ေမးခြန္းေတြ သိပ္ေမးလြန္းေနသလိုပဲ။
လုက်ိဳး၏အမူအရာက တည္ၿငိမ္ေန၏။ ကံေကာင္းသည္မွာ သူ၏ရင့္ေရာ္ေသာမ်က္ႏွာေပၚရွိ အေရျပားက လုံေလာက္ေအာင္ထူၿပီးျဖစ္သည္။ သူ၏အေတြးကို မည္သူမွမဖတ္နိုင္။ သို႔ေသာ္ သူသည္လည္း ထူးဆန္းသည္ဟုခံစားမိသည္။ က်ိထ်န္းေတာက္၏ ႂကြယ္ဝေသာ အေတြ႕အႀကဳံျဖင့္ေတာင္ သူ႕မွတ္ဉာဏ္ထဲတြင္ အေျဖမရွိေပ။
ကြန္ျဖဴးရွပ္၊ ဗုဒၶနဲ႕တာအိုဂိုဏ္းက်င့္ႀကံျခင္းေတြသာဆိုလွ်င္ အေတြးက ဝိညာဥ္ႏွင့္ စိတ္စြမ္းအားကို ေထာက္ပံ့ေပးကာ စိတ္ဝိညာဥ္သဏၭာန္ကိုဆုံးျဖတ္ေပးမည္။ က်န္သည့္မ်ိဳးႏြယ္မ်ားက ထိုသီအိုရီကို နားမလည္နိုင္လွ်င္ သူတို႔က အဘယ္ေၾကာင့္ ေ႐ႊၾကာဖြဲ႕တည္နိုင္သနည္း။ ၎ကို မည္သူရွင္းျပနိုင္မည္နည္း။
လုက်ိဳးက ေနာက္ဆုံးတြင္ မုတ္ဆိတ္သပ္လ်က္ေျပာလိုက္ေတာ့၏။
“ျဖစ္နိုင္တာက ေထာက္ပံ့ေရးနည္းလမ္းလိုအပ္တဲ့ လူသားနဲ႕တိရိစာၦန္ေတြလိုပဲ သူတို႔က အေျခခံအားျဖင့္ တူတူပဲ” ေရွာင္ယြမ္အာသည္ ေခါင္းကုတ္ေနသည္မွာ ထိုစကားကို နားမလည္ေၾကာင္း ျပသေနေလ၏။
ထိုစဥ္ ပြင့္ခ်ပ္ေျခာက္လႊာ ဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္က ယန္ယန္း၏စိတ္ဝိညာဥ္သဏၭာန္ဆီ ဦးတည္လာ၏။
ဖုန္း
စိတ္ဝိညာဥ္သဏၭာန္မ်ားက ေလထဲတြင္ဖရိုဖရဲစီးဆင္းသြားၿပီး သန္မာေသာ ေလျပင္းက တိုက္ခတ္လာသည္။ တိုက္ပြဲႏွင့္နီးကပ္လြန္းသည့္လူတိုင္းက ေလျပင္းေၾကာင့္ လြင့္လာ၏။
“ကာကြယ္ေစာင့္ေရွာက္သူယန္ယန္း က်ဳပ္ ကူညီမယ္” ယြီဟုန္သည္ သူ၏ ပြင့္ခ်ပ္ေလးလႊာ စိတ္ဝိညာဥ္သဏၭာန္ျဖင့္ ယန္ယန္းဆီသို႔ သြားလိုက္၏။
ယခု ႏွစ္ေယာက္ႏွင့္ တစ္ေယာက္ ျဖစ္သြားသည္။ လို႔လီလက္ေ႐ြးစဥ္သည္ တိုက္ပြဲက်လာသည္ႏွင့္အမွ် ပိုၿပီး ရဲစြမ္းသတၱိရွိလာ၏။ သူ႕ေနာက္ရွိ လို႔လန္မ်ိဳးႏြယ္သား ရာခ်ီရွိသည္။ သူတို႔က သူ႕ကို စုန္းဂါထာမ်ားျဖင့္ ပံ့ပိုးေပးေနသည္။
“နာလိုက္တာ” ေရွာင္ယြမ္အာသည္ ဂါထာမ်ားကိုျမင္ေသာအခါ သူမေျခေဆာင့္နင္းလိုက္မိ၏။ သူမသည္ စစ္ေျမျပင္ထဲဝင္သြားက စုန္းအတတ္က်င့္ႀကံသူမ်ားကို သတ္ျဖတ္ခ်င္သည္။
လုက်ိဳးကေျပာသည္။ “စုန္းအတတ္က်င့္ႀကံသူေလးေတြကို ဂ႐ုစိုက္စရာမလိုဘူး”
ေမာ့လီႏွင့္ ပါမားတို႔ကဲ့သို႔မဟာနတ္ဆရာမ်ားမရွိဘဲ ထိုပံ့ပိုးေရးဂါထာမ်ားသည္ တိုက္ပြဲ၏အေျခအေနကို ေျပာင္းလဲေပးနိုင္မွာမဟုတ္ေပ။ ထို႔အျပင္ ယင္းက လ်န္စီရင္စု အေရွ႕ဖက္တြင္ ျဖစ္သည္။ အစီအရင္ႀကီးမရွိ စုန္းအတတ္က ဤဒီေနရာတြင္အစြမ္းမထင္ေပ။
ဖုန္း ဖုန္း ဖုန္း
လို႔လီက်င့္ႀကံသူသည္ သုံးပြဲဆက္တိုက္ တိုက္ခိုက္၏။ သူ၏ဝံပုေလြဘုရင္ စိတ္ဝိညာဥ္သဏၭာန္က သုံးခုခြဲသြား၏။ တစ္ခုက ယန္ယန္းကိုခုန္အုပ္စဥ္ေနာက္တစ္ခုက ယြီဟုန္ကိုခုန္အုပ္၏။
ယန္ယန္းက အျမန္ေနာက္ဆုတ္လိုက္သည္။ သူ၏စိတ္ဝိညာဥ္သဏၭာန္ကို ၿမိဳ႕ရိုးဆီေ႐ြ႕လိုက္၏။
ယြီဟုန္သည္ ပြင့္ခ်ပ္ေလးလႊာက်င့္ႀကံသူတစ္ဦးျဖစ္သည္။ ျပင္းထန္ေသာထိုးႏွက္ခ်က္ျဖင့္ အရိုက္ခံရၿပီးေနာက္ ေနာက္သို႔ဆုတ္သြား၏။ လမ္းတဝက္တြင္ သူ၏စိတ္ဝိညာဥ္သဏၭာန္ကို ျပန္ေခၚလိုက္သည္။
“အဲ့ဒီလို႔လီလက္ေ႐ြးစင္က အစြမ္းထက္လိုက္တာ” ေရွာင္ယြမ္အာက ထိတ္လန႔္သြားေတာ့သည္။ သူမသည္ စစ္ေျမျပင္ထဲ ဝင္ေရာက္သြားကာ ခ်က္ခ်င္းတိုက္ခိုက္လိုစိတ္ေပၚလာ၏။ သူမက ရွစ္စြင္းလက္ကို အျမန္ဖက္တြယ္ထားလိုက္သည္။
“ဝံပုေလြဘုရင္စိတ္ဝိညာဥ္သဏၭာန္မွာႀကီးမားတဲ့ေပါက္ကြဲစြမ္းအားရွိၿပီး အံ့ဩဖြယ္ ေကာင္းေလာက္ ေအာင္ တိုက္ခိုက္နိုင္တယ္။ ယန္ယန္းက ဒီတိုက္ပြဲမတိုင္ခင္ သူ႕စြမ္းအားသုံးစြဲတာ မ်ားလြန္းတာပဲျဖစ္ရမယ္။ မွ်တတဲ့တိုက္ပြဲဆိုရင္ ယန္ယန္းက ရႈံးမွာမဟုတ္ဘူး” လုက်ိဳးက ေျပာ၏။
“ဪ” ျပႆနာက ကမာၻေပၚ၌ မွ်တမႈမရွိတာပဲျဖစ္သည္။
ၿမိဳ႕ရိုးေပၚ၌ ေလးသည္ေတာ္မ်ားသည္ စြမ္းအင္ျမားမ်ားကို ပစ္ခတ္လ်က္ ပ်ံသန္းေနေသာ က်န္သည့္ မ်ိဳးႏြယ္သားမ်ားကို ျမားမ်ားျဖင့္ပစ္ခြင္းေနေတာ့သည္။
ထိုစဥ္ က်င့္ႀကံသူတစ္ဦးက ၿမိဳ႕ရိုးေပၚပ်ံသန္းလာလ်က္ က်ယ္ေလာင္စြာေၾကညာလိုက္သည္။
“ဆိုးတာပဲ။ စတုတၳမင္းသားက ေတာင္ဖက္ကေနတန္ျပန္တိုက္ခိုက္ေနၿပီ”
ယန္ယန္းက ေလထဲပ်ံဝဲေနေသးဆဲျဖစ္သည္။ ၿမိဳ႕ရိုးက ႀကီးမားလြန္းေနသည္။ မည္သူေၾကညာမွန္းေတာင္ သူမသိရေပ။ လူထူထပ္ေနေသာ ၿမိဳ႕ရိုးေပၚရပ္ေနသည့္ လုက်ိဳးႏွင့္ က်န္သည့္သူမ်ားကို ျမင္ရန္လည္းမျဖစ္နိုင္ေပ။
ယန္ယန္းက ေျပာလိုက္၏။ “လွ်ိုပင္းက တျခားမ်ိဳးႏြယ္ေတြနဲ႕ေပါင္းလိုက္တာပဲ။ သတၱမသခင္ေလးကို အေၾကာင္းၾကား”
“နားလည္ပါၿပီ”
ငရဲဂိုဏ္းသည္ ခ်က္ခ်င္းပင္ႀကိဳတင္သတိထားမႈျပဳလိုက္၏။ သူတို႔ေတြက ႏွစ္ဖက္ညွပ္တိုက္ခိုက္ခံေနရေလၿပီ။
ယခုအခ်ိန္တြင္ ၿမိဳ႕ရိုးႏွင့္အစီအရင္၏အကာကြယ္ကိုသာအားကိုးနိုင္သည္။ ေလာစရာမလိုေတာ့ေပ။ သို႔ေသာ္ ဤအတိုင္းဆက္ျဖစ္ေနပါက ငရဲဂိုဏ္းသည္အေရးနိမ့္သြားေပလိမ့္မည္။
စီးဝူယာ့က ဘာေတြလုပ္ေနတာလဲ။
...