လမင်းခြေသံ { Completed }

By LinMyatMo23

42.3K 2K 167

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၃၉} (UNICODE)

359 24 2
By LinMyatMo23

"မင်း ..မင်း ‌ဆေးမှတ်မီတယ် ပုတက်။"

certificate သွားထုတ်ချိန်၌ မာန်သည် မိမိ၏ အမှတ်ကို အာရုံမစိုက်နိုင်ဘဲ လှိုင်း၏ စာရွက်ကို အရင် ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်မိသည်။ ထိုအခိုက် မာန်သည် ဟိတ်ဟန် ထုတ်ဖို့လည်း သတိမရတော့ဘဲ လှိုင်းသံစဉ် ဆေးမှတ် မီသည်ကိုပင် ပြောမပြတတ်အောင် ဝမ်းသာသွားရသည်။ မာန်က ဝမ်းသာအားရ ပြောသောအခါ လှိုင်းက မာန့်ကို တွေတွေကလေး ငေးကြည့်နေသည်မှာ အဓိပ္ပာယ် တစ်ခုခု‌ ရောနှောနေသလိုပါပဲ။

"ကျွန်တော့်ကြောင့် အဲ့လောက်တောင် ပျော်ရလား ကိုရိပ်ရယ်။"

မာန့်အပြုံးကို မြင်လိုက်ရခိုက် သူ၏ ကမ္ဘာကြီး လစ်ဟာမှု တစ်စုံတစ်ရာ မရှိတော့ဘဲ ပြီးပြည့်စုံသွားသလိုမျိုး။

ဤအချစ်၌ လှိုင်းဘက်က နစ်ဝင်ပြီးရင်း နစ်ဝင်နေမိခြင်း၏ အဓိက တရားခံသည် မာန်ရိပ်မော်သာလျှင် ဖြစ်လိမ့်မည်။

"ကိုရိပ်ကို အိမ်ပြန်လိုက်ပို့ပြီးရင် ကျွန်တော် လူတစ်ယောက်နဲ့ သွားတွေ့လို့ ရမလား။"

"ဘယ်သူနဲ့ သွားတွေ့မလို့လဲ။ ဟိုကောင် ဟန်ငြိမ်းနဲ့လား။"

မာန်သည် လှိုင်းနှင့် ဟန်ငြိမ်းကို City Mart မှာ တွဲတွေ့ပြီး မကြာခင်ပင် ဖိုးသားနှင့် ဟန်ငြိမ်းတို့ အမျိုးတော်နေမှန်း အမှတ်မထင် သိလိုက်ရသဖြင့် ထိုစဉ်ကတည်းက လှိုင်း ဖိုးသားကို စာသွားသင်လျှင် စာသင်တာ မပြီးမချင်း ကားထဲ ထိုင်စောင့်နေတတ်သည်။ ခုလည်း လှိုင်းက လူတစ်ယောက်ကို သွားတွေ့မည် ဆိုတိုင်း လွန်ခဲ့သည့် လများစွာကတည်းက မာန်က မပတ်သက်နဲ့ ဆိုသဖြင့် လှိုင်း အဆက်အသွယ် ဖြတ်ထားသည့် ဟန်ငြိမ်းကို မဆီမဆိုင် ထင်ရာ ဆွဲတွေးနေပြန်သည်။

"ဟန်ငြိမ်းက ဘယ်က ပါလာပြန်တာလဲ ကိုရိပ်ရယ်။ ကျွန်တော်က ဦးလေးကြင်ကို သွားတွေ့ချင်လို့ပါ။"

"မသိနိုင်ဘူးလေ။ မင်း ငါ့နောက်ကွယ်မှာ အဲ့ကောင်နဲ့ ပတ်သက်နေရင် ဘယ်လိုလုပ်မလဲ။"

"မပတ်သက်ပါဘူး ကိုရိပ်ရယ် ..စိတ်ချနော်။"

စိတ်ချနော် ဟု ပြောတိုင်း မာန်က စိတ်ချလက်ချနှင့် သူ သွားချင်သည့် နေရာတိုင်းကို လွှတ်စရာလား။ လှိုင်းကို မာန် မယုံကြည်သည်မျိုး မဟုတ်သော်ငြား လှိုင်းမဟုတ်သည့် လူများကို မယုံကြည်တာ။ လှိုင်းသံစဉ်က မာန့်လို မဟုတ် ... ရိုးသားသည့် ဖိုးသခွါး ဖြစ်နေရုံသာမက အားလည်း အားနာတတ်သေး၏။ တစ်ဖက်လူ၏ စိတ်ကိုလည်း သိသည် မဟုတ် ... ရိုးသားနေရရင်ကို စိတ်ချမ်းသာနေပုံ ပေါ်သည် ဖြစ်ရာ မာန်ကပဲ မနေနိုင် မထိုင်နိုင်ဖြင့် သူ့ လိုက်ထိန်းနေရသည်။

"ဦးလေးကြင်နဲ့ ခု သွားတွေ့ ..ငါပါ လိုက်ခဲ့မယ်။"

"ကိုရိပ်ပါ လိုက်မလို့လား။"

"ဘာလဲ ..ငါ လိုက်လို့ မရဘူးလား။"

"အဲ့လို မဟုတ်ပါဘူး ..လိုက်ချင်ရင်တော့ ကိုရိပ်သဘောပါဗျာ။"

မျက်ခုံးကို ပင့်ကာ ခပ်စူးစူး တစ်ချက် စိုက်ကြည့်ပေးလိုက်မှ မလိုက်စေချင်ဟန်ဖြင့် အင်တင်တင် ဖြစ်နေရာမှ အချိုးက ချက်ချင်း ပြောင်းကာ မျက်မှန်ကို ပင့်တင်ရင်း ပြန်ပြောလာသည်။ လှိုင်းသံစဉ် မာန့်စိတ်ကို သိနေသည်လေ ... မာန့်ကို လိုက်ခွင့် မပေးလို့ကတော့ သူရော သွားလို့ရမယ် ထင်လား။

"ကိုရိပ်"

"ဟင်"

အိမ်အပြန်လမ်း၌ ကားမောင်းနေရင်း ခပ်တိုးတိုး ခေါ်သံကို မာန်သည် လှိုင်း၏ အမှတ်စာရင်းကို ကြည့်ရင်း ပြန်ထူးလိုက်မိသည်။ အမှတ်ပေါင်းကို ကြည့်ရင်း မာန် ဘယ်လိုတွေတောင် ပျော်မှန်း မသိ။ မာန် ဟိုးငယ်ငယ်လေးကတည်းက တက်ချင်နေသော ဆေးကျောင်းကို လှိုင်းသံစဉ်နှင့် အတူ တက်ခွင့်ရတော့မည် ဆိုသော အသိသည် မာန့်၏ ပျော်ရွှင်ကြည်နူးမှု အလုံးစုံကို လုယူ စားသုံးသွားလေသည်။

"ကျွန်တော် ဆေးမှတ်မီတာ အဲ့လောက်တောင် ပျော်တာလား ကိုရိပ်။"

လက်ထဲ လှိုင်း၏ အမှတ်စာရင်းစာရွက် ရောက်လာပြီးကတည်းက တကိုင်ကိုင်နှင့် ကြည့်မဝဖြစ်နေသဖြင့် မေးရာ မာန်သည် ပြုံးနေမိသည့် မျက်နှာကို ချက်ချင်း တည်လိုက်ကာ လှိုင်းထံသို့ နဂါးမျက်စောင်းတစ်ချက်ကို စက္ကန့်မလပ် ပို့လွှတ်လေသည်။

"ဘယ်သူက ပျော်နေလို့လဲ။ ငါက ..ဒီတိုင်း ... ပါပါးအစား ဝမ်းသာတာ။ မင်းပြောသလို ပါပါးက မင်းကျောင်းစရိတ်အတွက် ကုန်ထားရတာတွေ အများကြီးပဲလေ။ မင်း ဆေးမှတ်မီတော့ ပိုကောင်းတာပေါ့ .. မဟုတ်ဘူးလား။"

"ဟုတ်တော့လည်း ဟုတ်တယ်နော် ကိုရိပ်။ ၅ ဘာသာ ဂုဏ်ထူးပေမဲ့ ဆေးမှတ်မီတော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ဦးလည်း ကျောင်းထားပေးရကျိုးနပ်မှာ မဟုတ်ဘူး။"

တုံးအသည်ဟု ပြောပါများလျှင်လည်း မာန်ကပဲ သူ့ကို ကဲ့ရဲ့ရာ ရောက်ဦးမည်။ သို့သော်လည်း တုံးတာကတော့ တကယ်ပါ ... မာန်က တမင် မျက်နှာထားကို ပြန်တင်းကာ လီဆယ်စကား ဆိုတော့လည်း မာန့်စကားဆိုလျှင် နှစ်ခါမစဉ်းစားဘဲ ပုတက်လေးက ယုံကြည်ပေးရှာသည်။ သို့ဖြစ်၍ မာန့်ကိုဆို ယုံကြည်မှုတို့ ဖိတ်လျှံနေတတ်သည့် လှိုင်းအား မာန် တွယ်ငြိမိတာ အဆန်းတော့ ဟုတ်မည် မထင်ပါ။

"ကိုရိပ် ခဏစောင့် ..ကျွန်တော် လာဖွင့်ပေးမယ်။"

ဦးကြင်၏ ဆိုင်နား‌ ရောက်သောအခါ လှိုင်းသည် ကားစက်သတ်ပြီးသည်နှင့် ထီးကို ယူကာ ကားပေါ်မှ ဆင်းပြီး မာန်ထိုင်နေရာဘက်သို့ လျှောက်လာသည်။ ထို့နောက် ကားတံခါးကို ဖွင့်ပေးကာ မာန့်ကို မိုးမစိုစေရန် ထီးမိုးပေးရှာသည်။ မာန်က လှိုင်းထက် အရပ်ပိုရှည်နေသည် ဖြစ်ရာ လှိုင်းခမျာ လက်ကို ဆန့်တန်းကာ မာန့်အား ထီးမိုးပေးနေရသည်မို့ မာန်ကပဲ မနေနိုင် မထိုင်နိုင်ဖြင့် ထီးကို ယူကာ လှိုင်းခေါ်ရာနောက်သို့ လိုက်လာလိုက်သည်။ သို့သော် လှိုင်း မာန့်ကို ခေါ်သွားသည့် နေရာကား ဘီယာဆိုင်။

"ဦးလေးကြင်"

ဆိုင်ကောင်တာ၌ မေးထောက် ထိုင်ကာ ငိုက်နေသည့် ဦးကြင်အား လှိုင်း လှုပ်နှိုးပြီး ခေါ်လိုက်ရာ ဦးကြင်သည် မျက်လုံး မပွင့်တပွင့်ဖြင့် လှိုင်းကို အိပ်မှုန်စုံမွှား လှမ်းကြည့်သည်။

"ဟာ လှိုင်း ..မင်းကလည်း ပျောက်ချက်သား‌ ကောင်းလိုက်တာကွာ။ ဟိုတစ်လောက ဆယ်တန်းအောင်စာရင်းတွေ ထွက်လို့ မင်း ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါလဲ ငါက သိချင်နေတာ လှိုင်းရ။ မင်းကို ဆက်သွယ်ဖို့ကျ ဘယ်လို ဆက်သွယ်ရမှန်း မသိတာနဲ့ မင့် မျှော်နေတာ။ ဘယ်လိုလဲ အခြေအနေ။"

"5D ကိုမှ ဆေးမှတ်မီတယ် ဦးလေးကြင်။"

လှိုင်းသည် အတောက်ပဆုံး ပြုံးကာ ဦးကြင်ဘက်သို့ လက် ၅ ချောင်း ထောင်ပြကာ ပြောလေရာ မာန် တအံ့တဩ လိုက်ငေးလိုက်မိသည်။ ဘာလဲ ... မာန့်ကိုတောင် ဒီလောက် ကြည့်ကောင်းအောင် မပြုံးပြဘဲ ဦးကြင်ကိုကျ လှလှပပ ပွင့်လန်းနေသည့် သူ့အပြုံးပန်းကို ကြည့်ခွင့်ပေးနေသည်လား။ မာန် မဟုတ်သည့် တစ်ခြားသူ တစ်ယောက်ကို ပြုံးပြနေသည့် လှိုင်းသံစဉ်သည် အတည် မုန်းစရာကောင်းလို့ နေလေသည်။ မာန်သည် ဆိုင်အဝင်ဝ၌ လက်ထဲရှိ ထီးကို မပိတ်မိသေးဘဲ လှိုင်း၏ မျက်နှာကို အမှုန့်ကြိတ်ပစ်ချင်သည့် မျက်ဝန်းများဖြင့် ကြည့်ရင်း ထီးလက်ကိုင်ကို တင်းတင်း‌ဆုပ်ကိုင်ထားမိသည်။ ထီးပေါ် သွန်းဖြိုးကျနေသည့် မိုးစက် မိုးပျောက်များသည်လည်း မာန့်ရင်ထဲရှိ အပူမီးကို မငြိမ်းပေးနိုင်။

"တကယ်ကြီးလား ..ငါ့သားက တော်တာ့ကွာ။"

ဦးကြင်သည် ဝမ်းသာအားရဖြင့် ကောင်တာအတွင်းပိုင်းမှ ထွက်လာကာ လှိုင်းကို ဝမ်းပန်းတသာဖြင့် ဖက်ရှာသည်။ ထိုအခါတွင်တော့ မာန်၏ သည်းခံနိုင်မှု အတိုင်းအတာသည် ကမ်းလွန်ပင်လယ်ပြင်ထဲ ရောက်နေပြီမို့ မာန်သည် ထီးကိုပင် မြန်မြန်ပိတ်ကာ ကောင်တာဘောင်၌ ချိတ်ပြီး ပူးကပ်နေသည့် ခန္ဓာကိုယ်နှစ်ခုကို ကြားမှ ဆွဲခွါလိုက်ရသည်။ မာန့်လုပ်ရပ်ကြောင့် လှိုင်းမှာ သူ့ထုံးစံအတိုင်း အူတူတူလေးပေမဲ့ ဦးကြင်ကမူ အံ့အားသင့်သွားဟန်ဖြင့် -

"မာန်ပါ ပါလာတာလား။"

"ဟုတ်တယ် ဦးလေးကြင်။ လှိုင်း လာချင်တယ်ဆိုလို့ ကျွန်တော်ပါ လိုက်ခဲ့တာ။"

"ဩ အေး အေး ..မင်းရော ဂုဏ်ထူးတွေ ပါမှာပေါ့။"

"ဟာ ဦးလေးကြင်ကလည်း ..ဂုဏ်ထူးသေချာပေါက် ပါတာပေါ့။ ကိုရိပ်ကလေ ဘာသာစုံ ဂုဏ်ထူးထွက်တာ ဦးလေးကြင်ရဲ့။ အမှတ်တွေကလည်း အမှတ်ပြည့်ဖို့ ဘယ်လောက်မှ မလိုဘူး။ ကိုရိပ်က အရမ်း တော်တာပါဆို။"

မာန့်အကြောင်းကို မျက်နှာပင့်ဖြင့် ဂုဏ်ယူသလို ပြောနေသည့် လှိုင်းကို ကြည့်ရင်း မာန် စိတ်ထဲ ဝမ်းနည်းလာသည်။ မာန် စာကြိုးစားတာ တကယ်တော့ ပါပါးဆီကနေ ဂုဏ်ယူသည့် အကြည့်များဖြင့် အကြည့်ခံချင်လို့ ၊ မာန့်အကြောင်းကို လူတကာရှေ့ ခေါင်းမော့ ရင်ကော့ကာ ဝင့်ကြွားစွာ ပြောခံချင်လို့ ၊ မာန့်ကြောင့် ပါပါးကို လူအများ အားကျရသည်မျိုးကို လိုချင်လို့။ ဒါပေမဲ့ ဘာသာစုံ ဂုဏ်ထူး ထွက်တာ မာန် တစ်ယောက်တည်းမှ မဟုတ်ဘဲ။ ပါပါး၏ သားကြီး ဇွဲမာန်ဟိန်းသည်လည်း ဘာသာစုံ ဂုဏ်ထူးနှင့် ဆယ်တန်းကို အောင်ခဲ့သည်ဘဲ။ ဟိန်းက ဆရာဝန် မလုပ်ချင်ဘဲ ဓာတ်ပုံနှင့် ဆိုင်သည့် ပညာရပ်ကိုသာ စိတ်ဝင်စားသည်မို့ ပါပါးက သူ့ကို သူ လုပ်ချင်သည့် ဓာတ်ပုံဆရာ ဖြစ်အောင် ပံ့ပိုးပေးနေခြင်း ဖြစ်၏။ သို့ဖြစ်၍ ဘာသာစုံဂုဏ်ထူးရှင်၏ ဖခင်ဆိုသော ဂုဏ်ပုဒ်သည် ပါပါးအတွက် အထူးအဆန်း မဟုတ်တော့သလို မာန်သည်လည်း ပါပါး ဂုဏ်ယူရသည့် ပထမဆုံးသား မဟုတ်တော့။ ဒုတိယ ဖြစ်ခံရသည့် ခံစားချက်သည် မာန်ရိပ်မော်အား ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် သိမ်ငယ်စိတ်ကို ပေးစွမ်းနိုင်သည်။

သို့ပေသိ ပထမ ဆိုသည့် ခံစားချက်မျိုးကို မာန် သိပ်ချစ်ရသည့် ပါပါးက မပေးနိုင်သော်လည်း သွေးမတော် သားမစပ်သည့် လှိုင်းသံစဉ်ကတော့ ဆောင်ကြဉ်းပေးနိုင်သည်။ မာန် သိပ်မြင်ချင်နေသည့် ဂုဏ်ယူသောကြောင့် တောက်ပနေသည့် မျက်ဝန်းညိုများကို လှိုင်းက ပြသနေသည်။ အမြဲ ခေါင်းငုံ့ထားတတ်သူက မာန့်အကြောင်းကိုတော့ မျက်နှာကိုမော့ကာ ပုံမှန် ပြောနေကျ လေသံတိုးတိုးနှင့် ကွဲလွဲစွာဖြင့် ဆိုင်ထဲရှိ စားသုံးသူများပါ ကြားနိုင်လောက်သည်အထိ လေသံကို မြှင့်ကာ ပြောဆိုနေသည်။ လှိုင်းသံစဉ်သည် မာန့်အကြောင်းကို ဂုဏ်ယူသလို ပုံစံဖြင့် ဟန်လုပ်ပြောဆိုနေခြင်း မဟုတ် ... သူ၏ စိတ်ရင်းခံမှ ချီးမွမ်းစကားများက အလိုအလျောက် ဖိတ်လျှံကျလာသည်မျိုး။

"တော်လိုက်တာ မာန်ရာ။ မင်းရော ဘာဆက်တက်မယ် စိတ်ကူးလဲ။"

"ကိုရိပ်က ဆေးကျောင်း တက်မှာ ဦးလေးကြင်ရဲ့။ ကိုရိပ်ကလေ ငယ်ငယ်လေးကတည်းက ဆရာဝန် ဖြစ်ချင်တာဗျ။ ဦးလေးကြင် တစ်ခုခု နေလို့ ထိုင်လို့ မကောင်းရင် ကိုရိပ်ဆီသာ လာခဲ့ ..သူ ပျောက်အောင် ကုပေးလိမ့်မယ်။"

ဦးကြင် မာန့်ကို မေးသမျှ မာန် မဖြေခင် သူချည်း‌ ဝင်ဝင်ပြောသွားတာ ... မဆီမဆိုင် ကြားဝင်ပြီး အဖြေပေးပြန်တော့လည်း အမွှန်းတင်လွန်းနေလေရာ မာန်ပင် မနေတတ်တော့ချေ။

"အောင်မလေးဗျာ ..မာန် တော်ကြောင်း ပြဖို့ ငါက ကြားထဲကနေ နေမကောင်းဖြစ်ပေးရဦးမှာလား လှိုင်း။"

"အဲ့လိုတော့ မဟုတ်ဘူးလေ ဦးလေးကြင်ရယ်။ ကျွန်တော်က ဒီတိုင်း ပြောလိုက်တဲ့ဟာကို။"

ဦးကြင်ပြောမှ လှိုင်းသည် ကြိုးတပ်မျက်မှန်၏ ကြိုးလေး သွယ်ကျနေသည့် သူ၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် ပွတ်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ ဘေးစောင်းလွယ်အိတ်ကြိုးကို ဆုပ်ကိုင်ထားကာ ရှက်သလို ပြောလာသည်။ လှိုင်း၏ ပုံစံကြောင့် ဦးကြင်က ခပ်ဟဟ ရယ်သကဲ့သို့ မာန်ပါ လိုက်ပြုံးမိသွားသည်။

"ဟုတ်ပါပြီ လာ လာ ထိုင်ကြ ..ငါ အလကားကျွေးမယ်။ နှစ်ယောက်စလုံးကို ဂုဏ်ပြုတဲ့အနေနဲ့။"

ဦးကြင်သည် မာန်နှင့် လှိုင်းအား ဝိုင်းအလွတ်တစ်ခု၌ နေရာချပေးကာ စားပွဲထိုးကောင်လေးကို လှမ်းခေါ်သည်။ စားပွဲထိုးကောင်လေးသည် မီနူးစာရွက် နှစ်ရွက် ချပေးလာချိန်၌ -

"ကိုရိပ် စားချင်တာ မှာထားနှင့်နော်။ ကျွန်တော် toilet ခဏ သွားလိုက်ဦးမယ်။ ဦးလေးကြင် ခဏလိုက်ခဲ့ပါလား။"

လှိုင်းသည် ဦးကြင်ကို မျက်စပစ်ပြကာ မာန့်အနားမှ ခေါ်ထုတ်သွားကာ ဆိုင်အတွင်းဘက်သို့ ဝင်သွားသည်။ သံသယ ဝင်စရာ ကောင်းလိုက်တာ ... မာန်သည် ဘေးနားရပ်နေသည့် စားပွဲထိုးကောင်လေးအား ကြာဇံကြော် နှစ်ပွဲသာ မှာလိုက်သည်။ ပြီးနောက်တွင်တော့ လှိုင်းသံစဉ်နောက် လိုက်ရမည်ပင်။

"ဦးလေးကြင် ..ဒီမှာ ပိုက်ဆံ။ အဖေတို့ကို မပေးဘဲ ကျွန်တော့်အစား အကြွေးရှင်ကို တိုက်ရိုက် သွားပေးပေးပါဗျာ ..နော် ဦးလေးကြင်။"

"အေး အေး ..ငါ ဒီနေ့သွားပေးပေးမယ်။"

"ဟုတ် ကျေးဇူးတင်ပါတယ် ဦးလေးကြင်ရယ်။ အဖေတို့ကလည်း ကျွန်တော်က ဒီဘက်က အတိုးကြေအောင် ဆပ်နေတုန်း ရှိသေး ..သူတို့က ထပ်ထပ်ချေးနဲ့ ဒီအကြွေးက ဘယ်တော့မှ ကြေတော့မှာလဲ မသိပါဘူးဗျာ။"

"ငါ ကိုအောင့်မိန်းမကိုတော့ ပြောထားပါတယ် ..ဒီတစ်ခါ ပြီးရင် နောက်ထပ် ပိုက်ဆံထပ်မချေးပေးဖို့။ သူက သူ့မိန်းမစကားကျ နားထောင်လို့ တော်သေးတယ်။ ဒါနဲ့ မင်းရော ..ဆေးကျောင်းပဲ တက်မှာမလား။"

ဦးကြင်က မေးလာသောအခါ တိတိကျကျ အဖြေပြန်မပေးမိခင် လှိုင်းသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။

"အဲ့ကိစ္စလည်း ကျွန်တော် ဦးလေးကြင်နဲ့ တိုင်ပင်ချင်လို့ဗျ။ ကျွန်တော် ..တက္ကသိုလ်ကို အဝေးသင်ပဲ လျှောက်ပြီး အလုပ်ထွက်လုပ်ရင် ကောင်းမလားလို့။"

"ဟာ မင်းဟာကလည်း အဓိပ္ပာယ် မရှိတာ။ မင်းက ဆေးကျောင်းတက်လို့ ရနေတာကို အဝေးသင် တက်မလို့လား။ မင်းကို မင်းအဖွား ဘယ်လောက်ထိ ဆရာဝန် ဖြစ်စေချင်ခဲ့လဲ ဟမ်။ အနည်းဆုံးတော့ မင်းအဖွားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ်လေကွာ။"

"ကျွန်တော် အဖွားကို မမေ့ပါဘူး ဦးလေးကြင်ရယ်။ ဒါမဲ့ ..ဆေးကျောင်းတက်ရင်က ပိုက်ဆံအများကြီး ကုန်မှာဗျ။ ကျွန်တော့်ဘာသာ ဂိုက်လုပ်ပြီး ရှာလို့ရပေမဲ့ အဖေတို့ အကြွေးတွေက အရင်းကြေဖို့ နေနေသာသာ ခုထိ အတိုးတောင် မဆပ်နိုင်သေးတာ ..ဆေးကျောင်းသာ တက်ဖြစ်ရင် ကျောင်းစရိတ်က ဦးဆီကပဲ တောင်းရမှာ။ ကျွန်တော် ဦးကို အားနာလှပြီ ဦးလေးကြင်ရယ် ..ဦးမှာက ကိုရိပ်ကလည်း ရှိသေးတယ်။ ကျွန်တော်ပါ ဆေးကျောင်း တက်ရင် နှစ်ယောက် ကုန်ကျစရိတ်က နည်းမှာ မဟုတ်ဘူးဗျ။ ကျွန်တော် အဝေးသင်ပဲ လျှောက်လိုက်ရင် ကောင်းမယ် ထင်တယ်နော် ဦးလေးကြင်။"

"ဘာကောင်းတာလဲ ..ဘာမှမကောင်းဘူး။"

လှိုင်း၏ စကားအဆုံး ထွက်ပေါ်လာသည့် စကားသံမာမာမှာ ဦးကြင်ဆီမှ မဟုတ်ဘဲ မာန့်ဆီမှ ဖြစ်နေသဖြင့် လှိုင်း စိတ်တွေ ပိန်သွားရသည်။ မာန်က ဘယ်က ဘယ်လို ဒီနောက်ထိ ရောက်လာတာပါလိမ့်။

"ကိုရိပ် ..ဘယ် ..ဘယ်လိုရောက်လာတာလဲ။ ကိုရိပ်ရော toilet ဝင်ချင်လို့လားဗျ။"

မျက်လုံးအဝိုင်းသားနှင့် မေးလာပုံက မာန့်ကို သူနှင့် ဦးကြင် ပြောနေသည်များအား မကြားစေချင်သည့် ပုံပါပဲ။

"ငါ့အပိုတွေ မေးမနေနဲ့ ..မင်း ဘာတွေ ပြောနေတာလဲ။"

"ဩ ..ဘာမှမဟုတ်ပါဘူး ကိုရိပ်ရဲ့။ ကျွန်တော်က ဦးလေးကြင်နဲ့ မတွေ့ရတာ ကြာလို့ အလွမ်းသယ်နေတာပါဗျ။ ဟုတ်တယ်နော် ဦးလေးကြင်။"

"ဪ ဟုတ်တယ် ဟုတ်တယ် မာန်ရ။ မတွေ့တာကြာတော့ အဆင်ပြေ မပြေ အကျိုးအကြောင်း မေးနေတာ။"

လှိုင်းက ဦးကြင်၏ လက်ကို တံတောင်ဖြင့် တွတ်ကာ စစ်ကူလှမ်းတောင်းတော့ ဦးကြင်က ချက်ချင်း နားလည်သဘောပေါက်စွာဖြင့် စစ်ကူ ပို့ပေးရှာသည်။ ခက်သည်ကား သူ ပို့ပေးသည့် စစ်ကူများက အရည်အချင်း ပြည့်ဝသည် မဟုတ်။ နောက်ပြီး မာန့်ကို သူတို့ ပြောတိုင်းယုံသည့် ပုတ်သင်ညိုများ ထင်နေကြလား မပြောတတ်။

"လှိုင်းသံစဉ် ငါပြောတာ နားထောင်။ မင်း ဆေးကျောင်း မတက်ဘူးဆို ငါလည်း မတက်ဘူး။ အကယ်၍ မင်း အဝေးသင်ပဲ လျှောက်မယ်ဆိုရင် ငါလည်း အဝေးသင်ပဲ လျှောက်မှာ။ ပြော ..မင်းက ငါ သိပ်ဖြစ်ချင်တဲ့ ဆရာဝန် ငါ့ကို မဖြစ်စေချင်ဘူးလား။ ငါ ဆရာဝန် မဖြစ်အောင် တမင် အကွက်ချပြီး လုပ်နေတာလား။"

"အဲ့ ..အဲ့လိုမဟုတ်ပါဘူး ကိုရိပ်ရယ် ... ကျွန်တော်က ဦးကို အားနာလို့ပါ။ နောက်ပြီး ..."

"ပုတက် ..ငါက ဆေးကျောင်းပဲ တက်မှာ။ အဲ့အတွက် မင်းပါ ငါနဲ့အတူ တက်ရမယ်။ ဒါက အမိန့်ပဲ ..အထွန့်တက်မယ် မကြံနဲ့။ ငါ စကားတစ်ခွန်းကို နှစ်ခါ မပြောဘူး။ ဦးလေးကြင်ကိုတော့ ကျွန်တော် အားနာပါတယ်။ ဒါမဲ့ ဒီကောင်က ဒီလို ပြောမှ စကားနားထောင်မှာ။ ဟိတ်ရောင် ..ငါ‌ ပြောတာ ကြားလား။"

"ဟုတ် ကိုရိပ် ..ကြားပါတယ်။"

မာန်က ဖိဟောက်နေသဖြင့် ဆိုင်ဝန်ထမ်းတစ်ချို့ကပါ လှည့်ကြည့် လှည့်ကြည့်လုပ်လာကြသည်ကို မာန် သိနေသော်လည်း မတတ်နိုင်။ လှိုင်းက သူ ဟောက်ဆာဂျင် လုပ်မှ စကားကို မြေဝယ်မကျ နာခံမည့် ကောင်လေး။

"ကြားရင်ပြီးရော။ ဦးလေးကြင် ..ပြီးရင် ထွက်လာခဲ့ပါ။ ကျွန်တော် အပြင်မှာ‌ စောင့်နေပါ့မယ်။"

မာန်က ပြောပြီးသည်နှင့် ထိုနေရာမှ အရှေ့ဘက်ရှိ ဆိုင်သို့ ပြန်ထွက်သွားသည်။ မာန်နှင့် လှိုင်းကို ကြည့်ရင်း ဦးကြင်မှာ ပြုံးစိစိ။ လှိုင်းက မလိမ္မာတာ မဟုတ် ၊ လိမ္မာသည်။ သို့သော် ခေါင်းမာသည့် ကလေး ဖြစ်ရာ ဦးကြင် ပြောလျှင်တောင် တစ်ချို့ကိစ္စတွေကို နားထောင်သည်မဟုတ်။ ယခုကိစ္စ၌လည်း ဦးကြင်သာ တားလျှင် ပြောလို့ ရမည့်ပုံ မပေါ်သော်လည်း မာန့်စကားကျ နားထောင်သားပဲ။

"ဦးလေးကြင်ကလည်း ကိုရိပ်ကို ဝိုင်းမပြောပေးဘူးဗျာ။"

"ငါက ဘာဝိုင်းပြောပေးရမှာလဲ လှိုင်း။ မင်းကိုရိပ်ကို ကိုယ့်ဘာသာ ပြောပေါ့ ..သူ့ကျ ဘာလို့ ဘာမှ မပြောလဲ။"

"ကျွန်တော်မှ မပြောရဲတာ ဦးလေးကြင်ရဲ့။"

"ခုမှတော့ ဆူပုတ်မနေနဲ့တော့ ..လာ အပြင်ထွက်မယ်။"

အပြင်သို့ ပြန်ရောက်သောအခါ မာန်က စားဝိုင်း၌ ငြိမ်သက်စွာ ထိုင်ကာ သူ၏ ကီးပတ်ဖုန်းကို နှိပ်နေသည်။ လှိုင်းက ဘေးနားရှိ ခုံ၌ ဝင်ထိုင်သောအခါ လှိုင်းကို တစ်ချက် မျက်လုံးပင့်ကြည့်ကာ ချက်ချင်း မျက်လွှာချသွားလေသည်။ သဘောက လှိုင်းကို ဂရုမထားအားဘူးဆိုသည့် အထာပေါ့။

"ကိုရိပ် မှာပြီးသွားပြီလား။"

"ပြီးပြီ"

ပြန်ဖြေလာပုံက ခပ်ပြတ်ပြတ်ပါပဲ။ ကြည့်ရတာတော့ ခုနကိစ္စကို စိတ်ခုနေသေးပုံပဲ။

"ကျွန်တော့်ကို စိတ်ဆိုးနေတာလား။"

"ငါ စိတ်ဆိုးတယ်လို့ ပြောမိလို့လား။"

"ကိုရိပ် စိတ်ဆိုးရင် ဘယ်တုန်းကများ စိတ်ဆိုးနေတယ်လို့ ပြောဖူးလို့လဲ။ ကဲပါ ..ခုနက ကျွန်တော် မှားသွားတာပါ ကိုရိပ်ရယ်။ ကျွန်တော် တောင်းပန်ပါတယ် ..စိတ်မဆိုးပါနဲ့တော့နော်။"

တောင်းပန်စကား ဆိုကာ ပြန်ချော့နေသည့် လှိုင်းအား မာန် ခေတ္တမျှ စိုက်ကြည့်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။ တကယ်တော့ မာန် စိတ်ဆိုးနေတာ မဟုတ်ဘူး ... စိတ်မကောင်းဖြစ်နေတာ။ လှိုင်းက မာန်နှင့်အတူ တက္ကသိုလ် မတက်ဖို့ စဉ်းစားနေသည် ဆိုသော အသိက လူကို မသေသေအောင် သတ်နေသလိုပဲ။ မာန့်ကို လှိုင်း အဝေးသို့ တွန်းထုတ်နေသည် ဆိုသော ခံစားချက်သည် ရင်ဘတ်တစ်ခုလုံးကို အရေခွံခွါပြီး ဆားသိပ်လိုက်သလို ၊ နှလုံးသားကို ရည်ရွယ်ချက်ရှိရှိ မီးမြိုက်လိုက်သလို ၊ အသိ သတိအလုံးစုံကို ညှို့ယူလိုက်သလိုကို ထူပူလာစေသည်။

တစ်အောင့်အကြာ၌ မာန် မှာထားသည့် ကြာဇံကြော် ၂ ပွဲ လာချပေးသောအခါ လွန်ခဲ့သည့် မိနစ်အနည်းငယ်က ငွေရှင်းကောင်တာ၌ အလုပ်များနေသည့် ဦးကြင်ကပါ လှိုင်းတို့ ဝိုင်း၌ လာထိုင်သည်။

"ကြာဇံကြော်က မုန်လာဥနီတွေ ပါတာပဲ။ ပေး ပေး ကိုရိပ် ..ကျွန်တော် ဖယ်ပေးမယ်။"

မာန်၏ ပန်းကန်အား လှိုင်းသည် လှမ်းယူကာ ကြာဇံကြော်ထဲ လှီးထည့်ထားသော မုန်လာဥနီများကို တစ်ဖတ်ချင်း ယူကာ သူ၏ ပန်းကန်ထဲ ပြောင်းထည့်သည်။ လှိုင်း လုပ်နေသည်ကို မာန် ကြည့်ရင်း ကျေနပ်ပြုံးတစ်ခုကို သတိလက်လွတ် ပြုံးလိုက်မိသည် ထင်ရဲ့။ မာန့်၏ စိတ်အာရုံကို လှိုင်းက ဖမ်းယူထားသဖြင့် မာန်သည် သူနှင့် လှိုင်းကို တစ်လှည့်စီ ကြည့်နေသော ဦးကြင်၏ အကြည့်တို့ကိုတော့ သတိမမူမိလိုက်ပါချေ။

"ရပြီ ကိုရိပ်။ မုန်လာဥနီတွေ မရှိတော့ဘူး။"

လှိုင်းက ပန်းကန်ကို ပြန်ပေးရင်း မာန့်ကို လှမ်းကြည့်လာသောအခါမှ မာန်သည် မျက်နှာကို ချက်ချင်း တည်လိုက်မိသည်။ မာန့်ကို သေချာ အကဲခတ်နေရင်းမှ ဦးကြင်သည် တစ်ချက် ပြုံးကာ -

"ဒါနဲ့ မင်းတို့ နှစ်ယောက်လုံး ရည်းစား မရှိသေးဘူးလား။"

"ကိုရိပ်က ကောင်မလေး ရှိတယ် ဦးလေးကြင်။ နာမည်က ခင်ဝတီစံ တဲ့။ ကိုရိပ်တို့ ဘေးအိမ်က။"

သူ ရှည်ပြန်ပါပြီ ... မာန့်အစား ဝင်ပြောပေးမယ်ဆိုလည်း ရှိတယ်ဆို တော်ရောပေါ့။ ခုတော့ ခင့်နာမည်နှင့် လိပ်စာကိုပါ မလိုအပ်ဘဲ ဖြည့်စွက်ပြောနေသေးသည်။

"ဒါဖြင့် မာန်က ဘာလို့ ကောင်မလေးနဲ့ လျှောက်မသွားဘဲ လှိုင်းနဲ့ အတူ ရှိနေတာလဲ။"

"ကျွန်တော် ခင်နဲ့ စကားများထားလို့ ဦးလေးကြင်။"

"ဟုတ်လား ..မင်းက လိုက်မချော့ဘူးလား မာန်ရ။"

"မချော့ပါဘူးဗျာ။ လိုက်ချော့ရတဲ့ အလုပ် ကျွန်တော် ဝါသနာ မပါဘူး။ ချော့လည်း မချော့တတ်ဘူး။ သူ စိတ်ပြေသွားရင် ပြန်လာခေါ်ပါလိမ့်မယ်။"

ရည်းစားထားတာကလည်း မာန့်ဘက်မှ တစ်ဖက်မိန်းကလေးကို အလျှော့ပေးပြီး လိုက်လျောပေးတာမျိုး ရှိပုံ မရလေရာ ဦးကြင်မှာ အနည်းငယ်တော့ အံ့ဩရသည်။ သို့ပေသိ ပြောမယ်သာ ပြောတာပါ ... မာန်သည် သူ့ကောင်မလေး အပေါ်တွင် သာမက လှိုင်းအပေါ်၌လည်း အတော်ကလေး နိုင်စားပုံ ပေါ်သည်။ အင်းလေ ... မိတဆိုး သူဌေးသားလေး ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့။

"ဟိတ်ရောင် ..သွေးတွေ။"

မာန်သည် အလန့်တကြား အော်လိုက်မိရာ လှိုင်းသည် ချက်ချင်းဆိုသလို သူ၏ နှာခေါင်းထိပ်ကို လက်ဖြင့် အုပ်လိုက်ပြီး စားပွဲပေါ်ရှိ တစ်ရှူး သုံး လေးရွက်ကို ဆွဲယူကာ -

"ကိုရိပ် ကျွန်တော် ပြန်လာခဲ့မယ်နော်။"

ဟူ၍သာ ပြောပြီး ဆိုင်အတွင်းပိုင်းသို့ အပြေးဝင်သွားသည့် လှိုင်းကြောင့် မာန် စိတ်တွေ ပူလာရသည်။

"သူ ဒီလိုပဲ ခဏ ခဏ နှာခေါင်းသွေး လျှံနေတာလား မာန်။"

မာန့်ကို သိလိုစိတ် ပြင်းပြစွာ မေးလာသည့် ဦးကြင်အား မာန် ကြောင်ကြည့်လိုက်မိသည်။ လှိုင်းက ဘယ်တုန်းကမှ နှာခေါင်းသွေး မလျှံဖူးပါဘူး။

"သူ တစ်ခါမှ နှာခေါင်းသွေး မလျှံဖူးပါဘူး ဦးလေးကြင်ရဲ့။"

"ဟေ ဟုတ်လား ။ မဟုတ်သေးပါဘူး မာန်ရ ..ဟိုတစ်လောက ဆယ်တန်းစာမေးပွဲ ပြီးတဲ့အချိန် သူ ငါ့အိမ် လာတုန်းကတောင် နှာခေါင်းသွေးလျှံသေးတယ်။ သူ့မေးကြည့်တော့ ရာသီဥတု ပူလို့ တစ်ခါတလေမှပါတဲ့။"

"ဗျာ"

မာန် ... မာန် တကယ် မသိဘူး။ ဦးကြင်စကားအဆုံး အာမေဋိတ်အသံ ပြုမိရုံမှအပ မာန်သည် ဘာစကားမှ ထပ်မပြောမိဘဲ ခဏမျှ ငြိမ်သက်နေမိသည်။ "တစ်ခါတလေ" ... ရုတ်တရက်ကြီးဆိုသလို မာန့်အာရုံထဲ လှိုင်း၏ ပုံရိပ်တစ်ချို့ ပြန်လည် ကိုယ်ထင်ပြလာသည်။ မာန် သတိထားမိသလောက် သည်နောက်ပိုင်း လှိုင်းသည် သူ့ကျောင်းသားများအတွက် စာပြန်ဖတ်နေရင်း တစ်ခါတစ်ရံ အိမ်သာထဲသို့ အပြေးတစ်ပိုင်း ဝင်ဝင်သွားတတ်သလို ပုံမှန် တစ်ရှူးမဆောင်နေကျ လူက လွယ်အိတ်ထဲ အမြဲ တစ်ရှူးတစ်ထုပ် ထည့်ထားတတ်သည်။

မာန် စဉ်းစားနေတုန်း ရှိသေး ... လှိုင်းက သူ့အနား ပြန်ရောက်လာသည်။ နှာခေါင်းသွေးလျှံသည့် နှာခေါင်းပေါက်ထဲလည်း တစ်ရှူးစကို လုံးထည့်ထားသေးသည်။

"လှိုင်း"

"ဗျာ ကိုရိပ်"

အပြစ်လုပ်ထားမိသည့် ယုန်သူငယ်လို မာန့်ကို မရဲတရဲလေး မျက်လုံးလှန်ကြည့်လာသည်။

"မင်း ခဏ ခဏ နှာခေါင်းသွေးလျှံတယ်ဆို။"

"ဗျာ ..မလျှံပါဘူးရဲ့။ ကိုရိပ်ကို ဘယ်သူ ပြောတာလဲ။"

"ငါ ပြောတာ ..မင်း ဟိုတစ်ခေါက် ငါ့အိမ်လာတုန်းကလည်း နှာခေါင်းသွေးလျှံတယ်လေ လှိုင်း။"

"အဲ့တစ်ခါတည်းပါ ဦးလေးကြင်ရဲ့။ ခဏ ခဏမှ မဟုတ်တာကို။"

"ဘာပဲဖြစ်ဖြစ် ဆေးခန်းသွားရမယ် လှိုင်းသံစဉ်"

"ကျွန်တော် ဆေးခန်းမသွားချင်ဘူး ကိုရိပ်။ တကယ်ပြောတာပါ ..ကျွန်တော် ဘာမှ မဖြစ်ပါဘူးဗျ။"

"လျှာမရှည်နဲ့ ..စားပြီးရင် အပြန်ကျ ဆေးခန်း ဝင်ရမယ်။"

"ကိုရိပ်"

မာန် တစ်ချက်ပဲ စိုက်ကြည့်ပေးလိုက်ရာ အထွန့်တက်ချင်နေသေးပုံ ရသည့် နှုတ်ခမ်းများ အော်တိုပိတ်သွားလေသည်။ သူ မာန့်စိတ်ကို သိနေသည်လေ ... မာန်က လုပ်ချင်ရင် မဖြစ်ဖြစ်အောင် လုပ်လိုက်ရမှ ကျေနပ်သည်မျိုး။ မာန့်အကြောင်းကို လှိုင်းသံစဉ်လောက် မည်သူက သိနိုင်မည်နည်း။ မာန်တို့ စားပြီးနောက် မပြန်ခင် စကားဖောင်ဖွဲ့နေကြရင်း -

"ဦးလေးကြင် ..ခဏ လာပါဦး။ ဘီယာ မရောင်းပေးဘူးဆိုတာကို ပြောလို့ မရလို့။"

စားပွဲထိုးကောင်လေးက လာခေါ်မှ ဦးကြင်သည် မနီးမဝေး၌ ရပ်နေသည့် ကောင်လေးကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ အရပ်ရှည်ရှည် ၊ ပိန်ပိန်သွယ်သွယ် ကောင်လေးသည် ဘေးစောင်းလွယ်အိတ်ကို လွယ်ထားကာ ကောင်တာကို မှီလျက် လှိုင်းတို့ရှိရာ ဝိုင်းသို့ ရှုတည်တည် ကြည့်နေသည်။ မျက်နှာလေးက တကယ့်ကို ကလေးရုပ်ကလေးမို့ ဂျစ်တစ်တစ် အမူအရာများကြောင့် လှိုင်း မျက်ခုံးများ အနည်းငယ်တော့ မြှင့်တက်သွားသည်။ နောက်ပြီး ထူးထူးခြားခြား ဖြစ်နေသော မျက်ဝန်းပြာများက လှိုင်းစိတ်ထဲ ရင်းနှီးနေသယောင် ခံစားရသည် ... မျက်ဝန်းပြာများကို မြင်ကတည်းက ဘုန်းသွင် ပြောပြောနေတတ်သည့် သူ၏ ချာတိတ်ကို အမှတ်ရလာစေသည်။ ထိုကောင်လေးကို မြင်သည်နှင့် ဦးကြင်သည် တစ်ချက် စုတ်သပ်လိုက်ရင်း -

"ကျစ် ..ဒီကောင်လေး လာပြန်ပြီ။"

ညည်းညူသလို ခပ်တိုးတိုး ပြောကာ ဦးကြင်သည် လှိုင်းတို့ ထိုင်နေရာ ဝိုင်းမှ ထထွက်သွားသည်။ လှိုင်းသည် မလှမ်းမကမ်းရှိ ကောင်လေးကို လွန်စွာမှ စိတ်ဝင်စားနေမိသွားသဖြင့် မျက်တောင်မခတ်တမ်း စူးစမ်းနေမိသည်။ ဦးကြင်နှင့် စကားပြောနေပုံကိုက တစ်လောကလုံးကို လူမထင်သည့် မျက်နှာထားမျိုးဖြင့်။ တစ်စွန်းတစ်စ နားစည်ကို လာရိုက်ခတ်သည့် စကားသံစူးစူးသည်လည်း အင်မတန်မှ နားကလော်စရာ ကောင်းနေသည်။

"ဦးလေး သိပ်ပေမရှည်နဲ့ ..ကျုပ်က ပိုက်ဆံပေးပြီး ဝယ်နေတာ။ အလကား တောင်းနေတာ မဟုတ်ဘူး။ ကျုပ် ခင်ဗျားဆိုင်ကို တစ်ခုခု မလုပ်ခင် ပေးစရာ ရှိတာ မြန်မြန်ပေး ..ပြီးမှ ကျုပ်အဆိုး မဆိုနဲ့။"

"မင်းစကားက ရင့်လှချည်လားကွ။ ကောင်လေး ..မင်းကိုရော ငါတို့က ရဲမတိုင်ရဲဘူးလို့ ထင်နေတာလား ဟမ်။ တစ်သက်လုံး ဂျေးအောင်းသွားချင်လား မင်း။"

"ခြိမ်းခြောက်တိုင်း ကြောက်တဲ့အထဲမှာ ကျုပ် ပါမယ် ထင်နေလား။ မြန်မြန်ပေးဗျာ ..ကျုပ်မှာ အချိန်မရှိဘူး။"

ဦးကြင်လည်း ပြောမရသည့် အဆုံး ကောင်လေး၏ လက်ထဲ ဘီယာပုလင်း ထိုးပေးလိုက်ရသည်။ ထိုအခါမှ ကောင်လေးသည် ပိုက်ဆံကို ငွေရှင်းကောင်တာပေါ် တင်ကာ ဖွဲဖွဲလေး ကျနေသေးသည့် မိုးရေထဲ ထွက်သွားလေသည်။ ဦးကြင်လည်း ထိုကောင်လေးကို ကြည့်ပြီး ခေါင်းတခါခါဖြင့် ခေတ္တမျှ ရပ်နေမိသည်။ တော်သေးသည် ... လှိုင်းသည် ဖခင်၏ ဥပက္ခာကို ခံယူ ရရှိထားသည့်တိုင်အောင် ထိုကောင်လေးလိုမျိုး ရိုင်းစိုင်း ဆိုးသွမ်းနေသည်မျိုး မဟုတ်လို့။

"ဦးလေးကြင် ..အဲ့ကောင်လေးက ငယ်သေးသလိုပဲနော်။ ဘီယာလာဝယ်တာလား။"

လှိုင်းတို့အနား ပြန်ရောက်လာသည့် ဦးကြင်အား စစ်ဆေးမေးမြန်းရေး လုပ်နေသည့် လှိုင်းကြောင့် မာန်ကိုယ်တိုင်ပင် မသိလိုက်ဘဲ လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ခုနကတည်းက မာန် ကြည့်နေသည်မှာ အကောင်းမဟုတ် ... ဆိုင်မှာ အရက်လာဝယ်သည့် ကောင်လေးအား စိတ်ဝင်တစားကို မမှိတ်မသုန်ဖြင့် လေ့လာရေးဆင်းနေသည့် လှိုင်းသံစဉ်သည် မာန့်ကိုပင် သတိမရတော့ပေ။ ဒါထက် ဟိုကောင်လေးကလည်း ချောလိုက်တာဆိုသည်မှာ မိန်းကလေးတောင် အရှုံးပေးရလောက်သည် ဖြစ်ရာ မာန့်စိတ်ထဲ ခုလုခုလုနှင့် အမှန်တကယ် အဆင်ပြေမနေ။

"ဟုတ်တယ် ဘီယာလာဝယ်တာ။ ရိုးရိုးတန်းတန်း အိမ်က လူကြီး လာဝယ်ခိုင်းတာဆို ငါ ဘာမှ မပြောပါဘူး လှိုင်းရာ။ ခုဟာက သူကိုယ်တိုင်က သောက်နေလို့ မရောင်းပေးချင်တာ။ လူကဖြင့် အခုမှ ၁၃ ၊ ၁၄ လောက်ပဲ ရှိဦးမှာကို သောက်တတ်နေပြီဆိုတော့ ..ဟင်း ..."

"ဦးလေးကြင် ကျွန်တော်တို့ သွားတော့ ..."

မာန့်စကား မဆုံးခင်ပင် ထွက်ပေါ်လာသော ဖုန်းမြည်သံကြောင့် မာန်သည် အင်္ကျီအိတ်ကပ်ထဲရှိ ကီးပတ်ဖုန်းကို ထုတ်ကာ ဖုန်းလက်ခံလိုက်သည်။

"ဟယ်လို ပါပါး"

"....."

"နှစ်ယောက်လုံး ဆေးမှတ်မီတယ် ပါပါး။"

"....."

"အဲ့တာတော့ မရဘူး ..လှိုင်းသံစဉ်က ဒီနေ့ ကျူရှင်သင်ဖို့ ရှိသေးတယ်။ ကျွန်တော်နဲ့ သူ ညနေစောင်းလောက်မှ ပြန်လာမှာ။"

"....."

"ပြီးရောဗျာ ဒါဆိုလည်း။ ကျွန်တော်က ၁၇ လမ်းက ဆိုင်မှာ ရှိတယ်။ ပါပါးသားက ထွက်လာပြီလား။"

"....."

"ဟုတ် ဟုတ် ဒါပဲနော်။"

မာန်သည် စိတ်ရှုပ်လာဟန်ဖြင့် စကားကို မြန်မြန်ဖြတ်ကာ ဖုန်းချပစ်လိုက်ပြီး လှိုင်းကို ကြည့်မိတော့ မျက်လုံးအဝိုင်းသားနှင့် သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်နေသည့် အကြည့်တို့နှင့် ဆုံသည်။

"ပါပါးက ခင်တို့ မိသားစုနဲ့ စားသောက်ဆိုင်မှာ ချိန်းထားတယ်တဲ့။ အဲ့တာ အခု ဇွဲမာန်ဟိန်း ငါ့ကို လာခေါ်နေပြီ။ မင်းက ငါ့ကား ယူသွား လှိုင်း။ ပြီးတော့ အေးချမ်းမောင်ဆီ မသွားခင် ဆေးခန်း အရင်ဝင်ပြ။ ငါ‌ ပြောတာ ကြားလား။"

"ဟုတ် ကိုရိပ် ..ကိုဇွဲမာန်က ရောက်တော့မှာလား။"

"အဲ့တာ မင်းကိစ္စ မဟုတ်ပါဘူး ..အဲ့ကောင် ရောက်ရင် ငါ့ကို ဖုန်းဆက်လိမ့်မယ်။ မင်း ဆေးခန်းသွားတော့ လှိုင်း။ တစ်ခုရှိတယ်နော် ..မင်း ငါမပါဘူးဆိုပြီး ဆေးခန်းမသွားဖို့ မစဉ်းစားနဲ့။ အိမ် ပြန်ရောက်လာရင် ငါ့ကို အကျိုးအကြောင်း ပြန်ပြောပြရမှာ နားလည်လား။"

"ဟုတ်ကဲ့ပါ ကိုရိပ်ရဲ့ ..ကျွန်တော် ဆေးခန်းသွားမှာပါ။ ကိုရိပ်လည်း ကိုဇွဲမာန်နဲ့ ရန်မဖြစ်နဲ့ဦးနော်။ ဦးတို့နဲ့ တွေ့ရင်လည်း အရမ်း ကလန်ကဆန် မလုပ်နဲ့နော် ကိုရိပ်။ ခုက ဧည့်သည်တွေပါ ပါမှာဆိုတော့ မကောင်းဘူးဗျ။"

"သိပါတယ်ကွာ ..စကားရှည်တာ။ ဆေးခန်းသာ မြန်မြန်သွား ..မင်း ကျူရှင်ဝင်ရမဲ့ အချိန်က နီးနေပြီ။"

"ဟုတ် ကိုရိပ် ..ဒါဆို ကျွန်တော် သွားပြီနော်။ ဦးလေးကြင် ..ကျွန်တော် သွားတော့မယ်နော်။ နောက်မှ ထပ်လာခဲ့မယ်။"

"အေး အေး ကားကို ဂရုစိုက်မောင်းဦး။"

"ကိုရိပ် ..ကျွန်တော် စိတ်ချမယ်နော်။"

လှိုင်း ဆိုင်ထဲမှ ထွက်ချိန်၌ မိုးစဲသွားပြီမို့ လှိုင်းသည် ထီးမပါဘဲ အပြင်သို့ ထွက်ခွါသွားလေသည်။ ဒါတောင် မသွားခင် အမျှင်မပြတ်နိုင်စွာဖြင့် မှာတမ်းခြွေနေသေးသည့် လှိုင်းအား မာန် ဖနောင့်နှင့်သာ စိတ်ရှိလက်ရှိ ပေါက်ပစ်လိုက်ချင်တော့သည်သာ။ သူ စိတ်မချရအောင် မာန်က ကလေးလား ... လှိုင်းသံစဉ်က လူရှေ့သူရှေ့ အရမ်း ဆရာကြီး လုပ်တာပဲ။ တစ်ခါတလေ ပုတက် အချိုးမပြေဘူးဆိုတာ ဒီလို အကွက်တွေပေါ့။

"ဦးလေးကြင် ဒီမှာ ပိုက်ဆံ"

"မပေးနဲ့လေ မာန် ..ဒါ ငါ ကျွေးတာ။"

"မဟုတ်တာဗျာ ..ယူလိုက်ပါ။ ဦးလေးကြင်လည်း စီးပွါးရေး လုပ်နေတာပဲဟာ။ ကျွန်တော် ခုနက မပေးဘူးဆိုတာက လှိုင်းသံစဉ်ရှေ့သာ ပေးရင် အဲ့ကောင်လေး ကြားထဲက သူ့ပိုက်ဆံနဲ့ ဝင်ရှင်းသွားမှာ စိုးလို့။ ယူထားလိုက်ပါနော် ဦးလေးကြင်။"

"အေး အေး ..နောက်တစ်ခေါက်ကျရင်တော့ ငါ ကျွေးမှာနော် မာန်။ အဲ့အခါကျရင် မငြင်းရဘူး။"

"ဟုတ်ကဲ့ပါ ဦးလေးကြင်။ ခဏနော် ..ကျွန်တော် ဖုန်းကိုင်လိုက်ဦးမယ်နော်။"

"အေး အေး"

မာန်သည် ဦးကြင်နှင့် စကားပြောနေရင်းမှ အသံမြည်နေသည့် ဖုန်းကို ထုတ်ကာ ကိုင်မည်အပြု မြင်လိုက်ရသည့် ဖုန်းနံပါတ်ကြောင့် စိတ်က သိပ်ကြည်တော့သည် မဟုတ်။

"ရောက်ပြီလား"

"....."

"မင်း လမ်းထဲ ဝင်မလာနဲ့။ ငါ လမ်းထိပ် ထွက်လာခဲ့မယ်။ ဒါပဲ။"

မာန်သည် ပြောပြီးသည်နှင့် ဖုန်းကို သူ့ဘက်မှ အရင်ချပစ်လိုက်ကာ ဦးကြင်ကို နှုတ်ဆက်လိုက်သည်။ ဇွဲမာန်ဟိန်းကို လမ်းထဲ ဝင်လာခိုင်း၍မှ မဖြစ်ဘဲ ... ဟိန်းသာ လမ်းထဲ ဝင်လာလျှင် မာန်က ဦးကြင်အား ထိုမှန်ကြောင်နှင့် လူမှုရေးအရ မိတ်ဆက်ပေးနေရဦးမည်။ ဦးကြင်သည် လှိုင်းအကြောင်းကို သိနေသူမှန်းသာ ဇွဲမာန်ဟိန်း သိလျှင် မာန့်နောက်ကွယ်၌ လှိုင်းအကြောင်း လာစုံစမ်းနေမှ အခက်သား။

"ဦးလေးကြင် ကျွန်တော့်ကို ခွင့်ပြုပါဦး။ နောက်မှ ကျွန်တော် လှိုင်းကို ခေါ်ပြီး ထပ်လာခဲ့ပါဦးမယ်။"

"အေး အေး။ ဒါနဲ့ မာန် ..ငါ့ကို မင်းတို့ အိမ်ဖုန်းဖြစ်ဖြစ် ရေးပေးခဲ့ပါလား။"

"ဪ ဟုတ် ရေးပေးခဲ့မယ် ဦးလေးကြင်။"

ဦးကြင်သည် သူ၏ ငွေရှင်းကောင်တာမှ စာရွက်နှင့် ဘောပင်ကို မာန့်ဘက်သို့ ကမ်းပေးလာရာ မာန်သည် စာရွက်ပေါ်၌ သူ၏ နာမည်နှင့် ဖုန်းနံပါတ်ကို ချရေးပေးလိုက်ကာ ဦးကြင်ကို ပြန်ကမ်းပေးပြီး -

"ဒါ ကျွန်တော့်ဖုန်းနံပါတ်ပါ ဦးလေးကြင်။ တစ်ခုခု ပြောချင်တာ ရှိရင် ကျွန်တော့်ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ။ လှိုင်းကလည်း ကျွန်တော့်အနားမှာပဲ အမြဲ ရှိနေတာဆိုတော့ သူ့ကို ဖုန်းပေးပေးပါ့မယ်။"

"ကောင်းပါပြီကွာ ..ကျေးဇူးနော် မာန်။ ငါက အဲ့ကလေးကို စိတ်မချတာ။ လူလေးက အူတူတူ အတတနဲ့။"

"စိတ်ချပါ ..ကျွန်တော် ရှိနေသရွေ့ လှိုင်းသံစဉ်ကို ဘယ်သူမှ ထိလို့ မရဘူး။ ကျွန်တော့်ကို ခွင့်ပြုဦးနော် ဦးလေးကြင်။"

မာန်သည် ဦးကြင်ကို နှုတ်ဆက်ပြီး ဆိုင်အဝင်အဝ၌ ထားထားခဲ့သည့် ထီးကို ယူကာ ဆိုင်ထဲမှ ထွက်လာလိုက်သည်။ မှန်သည် ... လှိုင်းသံစဉ်ကို မည်သူမှ ထိခွင့် မရှိ။ လှိုင်း၏ အသားကို ထိခွင့်ရသူဆို၍ ဤကမ္ဘာပေါ်၌ သူ တစ်ယောက်တည်းသာ ရှိရမည်။

မာန်သည် လမ်းထိပ်ရောက်သောအခါ အသင့်စောင့်နေသည့် ကား၏ နောက်ခန်း၌ ထိုင်ရန် ကားတံခါး ဖွင့်မည် အပြု ကားမှန်ချကာ ဟိန်းက စကားလှမ်းပြောသည်။

"မာန် ရှေ့မှာလာထိုင်လေကွာ။"

မာန်သည် ဟိန်း၏ စကားကို မြေဝယ်မကျ နားထောင်ခြင်း မရှိဘဲ ချက်ချင်း ကိုင်ထားလက်စ ကားတံခါးလက်ကိုင်ကို ဖွင့်ကာ ကားနောက်ခန်း၌ ဝင်ထိုင်လိုက်သည်။ မာန့်လုပ်ရပ်ကြောင့် ဟိန်းက တစ်ချက် ပြုံးကာ -

"မင်းက‌ တော်တော် စကားနားထောင်တယ်နော် မာန်။ အန်းမားတို့ မင်းကို အရမ်းအလိုလိုက်ထားခဲ့တယ် ထင်တယ်နော်။"

"အဲ့တာ မင်းနဲ့ ဘာဆိုင်လဲ။ မင်း ငါ့ကိစ္စတွေ လာမစပ်စုနဲ့ ..ငါ မကြိုက်ဘူး။"

"စကားပြောတာကိုကကွာ။ ထားပါ ..ဒါနဲ့ မင်းတစ်ယောက်တည်းလား မာန်။ သံစဉ်ရော။"

"မပါဘူး ..အမေးအမြန်း ထူမနေဘဲ မောင်းစရာ ရှိတာသာ မောင်း။"

"မင်း ငါ့ကို မင်းရဲ့ ဒရိုင်ဘာများ ထင်နေလား။"

ဟိန်းသည် ကားမောင်းနေရင်း နောက်ကြည့်မှန်မှ တစ်ဆင့် မာန့်ကို လှမ်းကြည့်ကာ မေးရာ မာန်သည် အဖြေပြန်ပေးမနေတော့ဘဲ မနက်က အိမ်က မထွက်ခင် သတိတရ ယူလာမိသည့် လှိုင်း ပေးထားသော voice recorder လေးအား ဘောင်းဘီအိတ်ကပ်ထဲမှ ထုတ်ကာ နားကြပ်ဖြင့် နားထောင်နေလိုက်သည်။ "သံစဉ်" ဟု ဟိန်းက လှိုင်းအား ခေါ်လျှင် အလိုလို ဒေါသထွက်လာမိသည့် မာန်သည် နားကြပ်မှတစ်ဆင့် ကြားနေရသည့် လှိုင်း၏ သီချင်းသံကြောင့် အမျက်ဒေါသများ အနည်းအကျဉ်းမျှ အနည်ထိုင်လာရသည်။

လွမ်းတယ် လှိုင်း ... ခွဲခွါရတဲ့ အချိန်တိုလေးမှာတောင် မင်းမရှိရင် ငါဟာ အရာရာကို ဆုံးရှုံးထားတဲ့ လူတစ်ယောက်လိုမျိုး ပြီးပြည့်စုံခြင်းဆိုတာ ငါနဲ့ မဆိုင်တော့သလိုပဲ။

မာန်ရိပ်မော်ဆိုတဲ့ ဖြစ်တည်မှုအတွက် လှိုင်းသံစဉ်ဆိုတာ မရှိမဖြစ် လိုအပ်ချက်တစ်ခုပဲ။

~ 8/9/2023 (8:42 p.m.) ~

Continue Reading

You'll Also Like

3.1K 68 10
I'll figure out the title later (I figured that out already! This is old news lol 💀). This story is like any other Lucifer x reader I've read so far...
7.4M 207K 22
It's not everyday that you get asked by a multi-billionaire man to marry his son. One day when Abrielle Caldwell was having the worst day of her life...
1.1M 37.6K 70
HIGHEST RANKINGS: #1 in teenagegirl #1 in overprotective #3 in anxiety Maddie Rossi is only 13, and has known nothing but pain and heartbreak her ent...
536K 21.3K 31
- "Y/n will you marry me, when we grow up?" -"Only, If you'll treat me to my favourite ice-cream every day then I will marry you." ••••••••••••••••••...