ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်

By KooChimmy58

84.3K 5.6K 373

" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More

Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39 (final)

Part 15

2.4K 151 11
By KooChimmy58

Unicode

Message ဝင်လာတဲ့ Notiသံကြောင့် ဖုန်းဖွင့်ကြည့်လိုက်တော့ Tae Hyung ဆီက ရောက်လာတဲ့ message!!

TH:"အခြေအနေ ဘယ်လိုရှိလဲ Jungkook"

JK:"ဖွင့်ပြောခဲ့ပြီ အတော်လေးတော့ကြိုးစားလိုက်ရတယ်...ငါစိတ်တွေအရမ်းလှုပ်ရှားနေတာ"

TH:" မင်းကို ငါကJiminလက်ချက်နဲ့ ခေါင်းတွေဘာတွေကွဲသွားပြီမှတ်နေတာ"

JK:"ကွဲခါနီးလေးတင်ပဲ...စိတ်အရမ်းဆိုးသွားလို့ မနည်းတောင်းပန်ပြီး ပြန်ချော့ခဲ့ရတာ"

TH:"ဟားးဟားး ကောင်းတယ် Jimin ကိုဖုန်းဆက်ပြီး Jeon Jung Kook ကပြန်ချစ်သင့်တဲ့
ကောင်မဟုတ်ဘူးလို့ပြောထားလိုက်အုံးမယ်"

JK:"ဟိတ်ကောင် မင်း!!!"

TH:"သေချာလေးနားချပေးလိုက််မှာမို့ စိတ်မပူနဲ့ဘရို"

JK:"ကျေးဇူး"

TH:"ရပါတယ်ကွာ အချင်းချင်းတွေပဲ ကျေးဇူးတွေဘာတွေမလိုပါဘူး"

JK:"ရွဲ့ပြောနေတာကွ!!!"

ပြဿနာတွေအရမ်းဖြစ်မသွားလောက်တဲ့ပုံမို့ Tae Hyungလည်း ဒီအတိုင်းပဲစောင့်ကြည့်နေလိုက်တာပိုပြီးကောင်းပါလိမ့်မည်။
အခြေအနေမဟန်မှ ဝင်ပြီးညှိပေးရမှာပဲ...သူ့သူငယ်ချင်းနှစ်ယောက်လုံးရဲ့စိတ်ထဲဘာတွေရှိနေကြလဲဆိုတာလည်းသိပြီးသားမို့။နှစ်ယောက်သားက အချစ်တွေက အချိန်ကိုက်ဖြစ်မနေကြတော့ အနည်းငယ်လွဲနေရုံသာ။
သူလည်း Crushလေးကိုအမြန်ဖွင့်ပြောပြီး မီးစိမ်းပြတဲ့အခြေအနေကိုအမြန်ဆုံးရောက်အောင်ကြိုးစားရပါအုံးမည်။
Londonကပြန်လာတဲ့ Jeon Jung Kook!!! သူသာအဖြေအရင်ရကြည့် အသားကုန်နှိမ်မှာကို ကြိုမြင်နေခြင်းကြောင့်ပင်။
Kim Tae Hyungလည်း သူ့နှလုံးသားလေးအတွက်အချိန်ရှိခိုက်ကြိုးစားရပါအုံးမည်။

Tae Hyungနဲ့ ပြောပြီးတဲ့အချိန်ကျတော့ မနက်ဖြန်တွေ့ခွင့်ရဖို့ညဏ်နီညဏ်နက်တွေထုတ်ပြီး Jimin ဆီဖုန်းဆက်ရသည်။ မပြန်မချင်းမျက်နှာလေးကို နေ့တိုင်းမြင်ချင်တာမို့...။

"Hello Jimin"

"ဘာကိစ္စလဲ ပြော"

"Tae Hyungလေ ဆေးရုံတင်လိုက်ရလို့"

"ဟမ် ဘယ်လိုဖြစ်တာလဲဘယ်ဆေးရုံမှာလဲငါခုလိုက်သွားလိုက်မယ် အရမ်းစိုးရိမ်ရလား"

"ပြောတာ ခဏလေးနားထောင်ပါကွာ"

"မြန်မြန်ပြော အဲ့ဒါဆို"

"အရမ်းကြီးမစိုးရိမ်ရဘူး မနက်ကျမှကိုယ်လာခေါ်ပြီးတော့ ဆေးရုံအတူတူသွားမယ်"

"အဲ့ဒါဆိုလည်းပြီးရော မနက်စောစောသွားမယ် ငါTae Hyungဆီဖုန်းဆက်ပြီးမေးလိုက်အုံးမယ်"

"ဟမ် မဖြစ်ဘူး"

"ဘာလို့မဖြစ်တာလဲ သူဘယ်လိုနေသေးလဲဆိုတာသိရမှ စိတ်အေးမှာဖုန်းဆက်လိုက်မယ်"

"အိပ်နေပြီ သူကအိပ်ပျော်နေပြီတဲ့ အဲ့ဒါကြောင့်အိပ်ရေးပျက်သွားမှာစိုးလို့"

"တကယ် စိတ်ချရတာရောဟုတ်ရဲ့လား"

"စိတ်မပူနဲ့ သူလုံးဝအဆင်ပြေတယ်"

"အင်း ပြီးရော"

"မနက်ကျရင်လာခေါ်ပေးမှာမို့ အဆင်သင့်ပြင်ထားနော်"

"သိပြီ"

"ပြန်ချစ်ပေးမဲ့အကြောင်းလေးစဥ်းစားဖို့လည်း မမေ့နဲ့နော်"

"ဒါပဲ"

မသိချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်းလွှဲတာလေးကိုက Park Jiminတို့ကသိပ်ချစ်စရာ။

Tae Hyungဆီဖုန်းလှမ်းဆက်ပြီး အခြေအနေမေးလိုက်ရင် အလကားနေရင်း သူ့ကိုဆေးရုံပို့တယ်ဆိုပြီး မေတ္တာတွေအတုံးလိုက်ပို့ခံရမှာသိနေတာမို့....။
ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပါသူငယ်ချင်းလေးရေ...။
မနက်ဖြန်ကိစ္စက မနက်ဖြန်မှရှင်းတော့မည်။
Kim Tae Hyungဆီက အထောင်းခံရမဲ့ကိစ္စကိုလည်းကြိုတွေးရင်းနှင့်ပင် ။

ပြောင်းလဲသွားတဲ့အခြေအနေတွေက ရုတ်တရက်မို့ Jimin ကိုယ်တိုင်တောင်လိုက်လို့မမှီသေး။
Jeon Jung Kook က လူကိုနှလုံးရောဂါရအောင် စကားတတ်တိုင်းကို လျှောက်ပြောနေတော့တာ...
မေမေ့ဆီက နှလုံးငြိမ်အောင် ဆေးပါ တောင်းသောက်ရမဲ့အဖြစ်။

ကျောင်းကပြန်လာတဲ့အထိတောင် Tae Hyungကနေကောင်းသေးတာမို့ ဘာလို့များဆေးရုံအထိတက်လိုက်ရတာလဲဆိုတဲ့ စိတ်ပူတဲ့အတွေးတွေပေါင်းစုံနှင့်အိပ်ပျော်ဖို့ကြိုးစားလိုက်ရသည်။
________________

ဒေါက်!!!ဒေါက်!!!ဒေါက်!!!

"ထပြီ မေမေ"

"ဝင်လာခဲ့လို့ရမလား Jimin"

"ဟမ်"

ဆေးရုံသွားဖို့ပြောထားတာတော့ မှတ်မိပေမဲ့ Jungkook ဒီလောက်အစောကြီးရောက်လာလိမ့်မယ်မထင်ပါ။မနက်6နာရီပဲရှိပါသေးသည်။
အရင်ကနေဖ*င်ထိုးအောင် အိပ်တဲ့သူက ခုအစောကြီးရောက်လာတော့ သူငယ်ချင်းကိုအတော်လေးစိတ်ပူနေမှန်း ခန့်မှန်းမိပါသည်။

တံခါးသွားဖွင့်ပေးလိုက်တော့မှ Jiminအတွေးတွေက တက်တက်စင်အောင်ကိုလွဲနေမှန်းသိလိုက်ရတာ...ဆေးရုံလူနာသွားမေးမဲ့လူလား Concertမှာ ဖျော်ဖြေမဲ့ Idolလားဆိုတာ မသဲကွဲပါ။အရမ်းကြည့်ကောင်းနေတော့လည်း အမြင်ကပ်ချင်လာသည် သူကိုကတအားချောလွန်းနေတာ!!!

"အခန်းထဲဝင်မယ်နော်"

Jeon Jung Kook က ခွင့်ပဲတောင်းတာ ခွင့်ပြုတာမပြုတာတွေမစောင့်ဘူး လူကအခန်းထဲရောက်နေပြီဖြစ်သည်။

"မင်း လူနာသွားမေးမှာတော့ ဟုတ်ပါတယ်နော်"

"အိပ်ယာထခါစဆို တော်တော်လေးချစ်ဖို့ကောင်းတယ်"

"မေးတာကို ဖြေ"

"ဟုတ်တယ်လေ Tae Hyungဆီသွားမှာ အိပ်ပျော်တာမကြာသေးဘူးလား...အိပ်ချင်မူးတူးရုပ်လေးဖြစ်နေလို့"

"အင်း အိပ်ပျော်တာမကြာသေးဘူး"

"အဲ့ဒါဆိုပြန်အိပ်နော်"

"မင်းကရော"

"ကြည့်ပြီး စောင့်နေပေးမယ်လေ"

"ဟမ်!!ငါကအဲ့ဒါဆို ဘယ်လိုလုပ်အိပ်ပျော်တော့မှာလဲ"

"အဲ့ဒါဆိုရင် အောက်မှာသွားစောင့်နေပေးမယ်လေ "

"တော်ပါ မေမေကဆူအုံးမယ်...ရေချိုးအုံးမှာခဏစောင့်"

"အမှန်တော့လေ မနက်အစောမင်းကိုအရမ်းတွေ့ချင်လို့လာခဲ့တာ ညကလည်းအိပ်မပျော်ဘူး"

"....."

"လွမ်းလို့လေ ငါ London ပြန်သွားရင်ခုလိုမျိုးသေချာမတွေ့ရတော့ဘူး။ ဖုန်းခေါ်ရင်တောင် မကိုင်ရင်တွေ့ရဖို့မသေချာဘူးလေ"

"မင်းကပြန်မချစ်သေးတဲ့အချိန်မှာလည်း Londonကိုမပြန်ချင်ဘူး။ မသွားလို့လည်းမဖြစ်တာမို့ မင်းကို ဂရုစိုက်ပေးလို့ရတဲ့အခွင့်အရေးနဲ့ မင်းအပေါ် အစစအရာရာဖြည့်ဆည်းပေးချင်တယ် အဲ့ဒါကြောင့် မြန်မြန်ပြန်ချစ်ပေးနော်"

"...."

"နော်လို့ Jimin"

Ring!!!Ring!!!

ထိုအချိန် Jiminဖုန်းကထမြည်လာသည်။
Contact nameကိုလှမ်းကြည့်လိုက်တော့ Yoongi Hyungတဲ့....မနက်စောစော စိတ်အချဥ်ကဖောက်သွားရသည်။အရင်လို စိတ်အလိုလိုက်၍မဖြစ်တော့တာတော့ အသေအချာသိပါသည်။

"Hello Hyung"

"...."

"ဟုတ်ကဲ့ ပိတ်ရက်ဆိုတော့ အားတယ်"

"....."

"ဟုတ် Hyung အဲ့ဒါဆိုရင် ညနေကျရင်လာခေါ်လိုက်နော်"

"...."

"ဟုတ်ကဲ့ Hyung ဖုန်းချပြီနော်"

"ဘာလို့ဖုန်းဆက်တာလဲ သူက...ဘယ်ကိုသွားမှာလဲ...နှစ်ယောက်တည်းလား မရဘူးနော်"

"ဘာလို့မရတာလဲ ဒါငါ့လွတ်လပ်ခွင့်လေ"

"အဲ့ဒါကတော့ ဟုတ်ပါတယ် ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

"သဝန်တိုတယ်လေကွာ "

"အဲ့တော့ ငါကသွားရမှာလား မသွားရဘူးလား"

"သွားရမှာပါ သွားပါ...ဒါပေမဲ့ ကိုယ့်ကိုပါခေါ်သွား"

"မင်းက ဘာလိုက်လုပ်ဖို့လဲ"

"ဒီအတိုင်းပဲ ရင်းနှီးထားသင့်တယ်ထင်လို့ သူကမင်းနဲ့အရမ်းရင်းနှီးနေတော့"

"ပြီးတာပဲ ခုတော့ရေသွားချိုးမလို့ ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်"

"ဟုတ်သားပဲ အသားယူသလိုဖြစ်သွားတယ်"

"မင်း အသားယူနေတာရောမဟုတ်လို့လား"

"ဟုတ်ပါတယ်"

Jimin မနက်စောစော သွေးတွေတိုးရပါသည်။
Tae Hyungဆီသွားရင်းနဲ့ နှလုံးအထူးကုဆရာဝန်ဆီမှာသူပါ နှလုံးကိုဆေးစစ်ကြည့်ဖို့တော့ လိုနေပြီထင်ပါသည်။ Jeon Jung Kookကြောင့် နှလုံးတွေခဏခဏတုန်နေရလို့...။
____________________

"Tae Hyung ကဘယ်ဆေးရုံမှာလဲ "

"အဲ့ဒါက သူကဆေးရုံမှာလေ ခုမနက်စာဝင်စားရင်း သူ့အတွက်အသီးအနှံလေးဖြစ်ဖြစ်အရင်ဝင်ဝယ်ရအောင်"

"အင်း စတော်ဘယ်ရီတွေများများဝယ်ရမယ်"

မျက်နှာနုနုဖတ်ဖတ်လေးကို ခဏခဏလှည့်ကြည့်နေမိသည်။မျက်စိရှေ့မှာ မြင်နေရတာတောင် ကြည့်မဝနိုင်ပါ....ဒီသက်ရှိလေးနဲ့ ခွဲပြီးအဝေးမှာ နေဖို့Jungkook အတွက်အတော်လေးခက်ခဲပါသည်။
ကားထဲမှာ အဆင်ပြေသလိုရှိနေတာလေးတွေက ဆိုင်ထဲရောက်မှ ပြဿနာက ကြိုစောင့်နေသလားမှတ်ရအောင် Kim Tae Hyungက စတိုင်ခပ်မိုက်မိုက်အစ်ကိုတစ်ယောက်နဲ့ ထိုင်ပြီးမနက်စာစားနေတာကို တည့်တည့်ကြီးတိုးတာမျိုး။

"ဟိုမှာ Tae Hyungမလား "

"မဟုတ်ပါဘူး ရုပ်ချင်းဆင်တာနေမှာ"

"မဟုတ်တာ Tae Hyungက သူ့စတိုင်နဲ့သူနေတာ သူ့လိုရုပ်ရည်မျိုးဘယ်နေရာမှာမှ မရှိဘူး။ ရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒါလိုက်အတုယူနေတာပဲ"

စိတ်မြန်လက်မြန်လေးက ပြောနေရင်းစားပွဲအနားရောက်သွားပြီဖြစ်သည်။

"ဟော Jimin ဘယ်ကနေဘယ်လိုရောက်"

"မင်းသက်သာလား ဆေးရုံမှာမနေဘဲဘယ်လိုလုပ်ဒီမှာအေးဆေးမုန့်လာစားနေတာလဲ နေမကောင်းတာကို ဆေးကုရမယ်လေ အဲ့လိုချက်ချင်းဆင်းလာလို့မရဘူး လာပါပြန်လိုက်ခဲ့"

"ဟမ် ငါကဘယ်ကဆေးရုံလဲ အကောင်းကြီးဟာကို ကြည့်လိုက် ဒေါင်ဒေါင်မြည်ပဲ"

"Hoseok Hyung ကူပြောပေးပါအုံး....အဲ့လိုမျိုးဆေးမကုပဲပေနေရင်ပိုဆိုးသွားမှာလေ"

ဒီမနက်အစော Tae Hyungကအရေးတကြီး Hyungနဲ့တွေ့ချင်ပါတယ်ပြောလာ၍ လာတွေ့ခြင်းဖြစ်သည်။
သူကိုယ်တိုင်နေမကောင်းလို့ ဆေးရုံတက်နေရပေမဲ့ ကိုယ့်ကိုလာတွေ့တဲ့အထိတော့လည်း မဖြစ်စေချင်ပါ။ကျန်းမာရေးက အရာအားလုံးထက်ပိုအရေးကြီးတာကို...သူ့ဘက်ကနေချစ်တယ်လို့လည်းဝန်ခံထားပြီဖြစ်တာကြောင့် ကိုယ်လည်းပြန်ချစ်မိနေတာကြောင့် အချိန်မဆွဲချင်တော့ပါ။

"ငြင်းမနေတော့နဲ့ ဆေးရုံသွားမယ်"

"တကယ်နေကောင်းတယ်ဗျ Hyungရဲ့"

"မင်းဆေးရုံမသွားရင်တော့ ငါ့အချစ်ကိုပြန်ရဖို့စိတ်မကူးနဲ့"

"ဗျာ"

"သွားမှာလား မသွားဘူးလား "

"သွားမယ် သွားရမှာပေါ့"

"လိုက်လာခဲ့ အဲ့ဒါဆို"

Hoseok Hyungနဲ့ Jiminက ရှေ့ကနေထွက်သွားပြီဖြစ်သည်။
Jungkookတစ်ယောက်သာ အနားမှာကျောက်ရုပ်ကြီးလိုရပ်နေသည်။

"Jungkook!! ဒါနဲ့လေ ငါ့ကျန်းမာရေးကလုံးဝအကောင်းကြီးပါ သူတို့နှစ်ယောက်ဘာဖြစ်သွားကြတာလဲ"

"အဲ့ဒါက ငါ Jiminနဲ့ဒီနေ့တွေ့ချင်လို့ မင်းဆေးရုံတက်နေရတယ်လို့ ညာပြောလိုက်မိတာကွာ...ခုကအဲ့ဒါမင်းဆီသွားမယ်ဆိုပြီး ခေါ်လာခဲ့တာ "

"ဘာကွ!!! ငါကအကောင်းကြီးလေ"

"ဟုတ်တယ်လေ ငါ့ကိုကျေးဇူးတင်"

"ဘာကိစ္စနဲ့မင်းကိုကျေးဇူးတင်ရမှာလဲ ငါ့ဘာသာအကောင်းတိုင်းမနေရဘူး ဆေးရုံပို့တာမင်းလေ"

"ငါ့ကြောင့်ပဲ ခုမင်းcrushဆီကအဖြေပြန်ရတော့မှာမဟုတ်ဘူးလား မင်းကိုဆေးရုံတက်နေရတာတောင် လာတွေ့တယ်ဆိုပြီး သနားပြီးပြန်ချစ်ဖို့စဥ်းစားပေးသွားတာလေ"

"ဟုတ်သားပဲကွ ကျေးဇူးငါ့ကောင်"

"အဲ့တော့ မင်းလည်းငါ့ကိုပြန်ကူညီ Jiminလည်းယုံအောင် မင်းလည်းအဖြေရအောင် မင်းဆေးရုံတက်လိုက်"

"ဒါပေါ့ ဆေးရုံသွားရအောင်"

အကြောင်းအရာတွေက တိုက်ဆိုင်သွားပြီးအဆင်ပြေသွားလို့သာ JungKookလည်းအသက်ရှူချောင်တော့သည်။
မဟုတ်လျှင် Kim Tae Hyungဆီကလည်း အထောင်းခံနိုင်ရသလို Jiminစိတ်ဆိုးပြီးစဥ်းစားပေးမယ်ဆိုတဲ့ အခွင့်အရေးလေးပါဆုံးရှုံးသွားနိုင်တာမို့...။

Note_In the Soopမှာတုန်းက Jiminကို Jungkookနှိုးတဲ့အခန်းက သူတို့နှစ်ယောက်ပြောသွားတာလေးထည့်သုံးထားပါတယ်။

Zawgyi







JK:"ဟိတ်ကောင် မင်း!!!"

TH:"သေချာလေးနားချပေးလိုက်မှာမို့ စိတ်မပူနဲ့ဘရို"

JK:"ကျေးဇူး"


JK:"ရွဲ့ပြောနေတာကွ!!!"



"Hello Jimin"

"ဘာကိစ္စလဲ ပြော"







"ဟမ် မဖြစ်ဘူး"





"အင်း ပြီးရော"


"သိပြီ"


"ဒါပဲ"




________________

ဒေါက်!!!ဒေါက်!!!ဒေါက်!!!

"ထပြီ မေမေ"


"ဟမ်"



"အခန်းထဲဝင်မယ်နော်"




"မေးတာကို ဖြေ"




"မင်းကရော"






"....."



"...."

"နော်လို့ Jimin"

Ring!!!Ring!!!


"Hello Hyung"

"...."


"....."


"...."





"ဒါပေမဲ့ ဘာဖြစ်လဲ"

"သဝန်တိုတယ်လေကွာ "








"ဟုတ်ပါတယ်"

____________________





"ဟိုမှာ Tae Hyungမလား "












"ဗျာ"


"သွားမယ် သွားရမှာပေါ့"

"လိုက်လာခဲ့ အဲ့ဒါဆို"













Continue Reading

You'll Also Like

196K 14.8K 34
"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်...
170K 12.9K 55
ငါ့မေတ္တာတွေ ပြန်စူးတဲ့တစ်နေ့ ငါ ပျော်ပျော်ကြီး ထိုင်ကြည့်နေမှာ မောင်
761K 17.2K 46
In wich a one night stand turns out to be a lot more than that.
1M 38.6K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...