သန်းကြွယ်ခြေလှမ်း (လင်းဖန်)
By Miracle_Phyu97
64.5K 5K 46
စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More
Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180
Ch-27
756 71 0
By Miracle_Phyu97
သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၂၇) စားသောက်ဆိုင်ဖွင့်တာ ပိုက်ဆံရဖို့ မဟုတ်ဘူး
လင်းဖန်အိမ်ကို ကြည့်ရှုပြီးနောက် ရှားရန်ရန်နှင့်အတူ ပြန်လာခဲ့သည်။
ရှဲ့ထျင်ထျင်က နယ်မြေဝင်ပေါက်တွင် ရပ်ကာ လင်းဖန်ကို စောင့်နေခဲ့ပါသည်။
"လင်းဖန် လူလိမ်ကောင်။ ဟွန်း နင်လိမ်တယ်။ နင့်မှာ အိမ်မရှိ၊ ကားမရှိဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလာား" ရှဲ့ထျင်ထျင်က လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။
"နင်က... ရှဲ့ထျင်ထျင်လား" လင်းဖန်က သူ့ရှေ့က ကောင်မလေးကို ကြည့်ကာ မေးလိုက်ပါသည်။
"ဟုတ်တယ်။ ဒီနေ့အတွက် ငါတောင်းပန်ပါတယ်။ ငါ နောက်မကျခဲ့သင့်ဘူး။ ဝီချက်မှာလည်း နင့်ကို မBlock ခဲ့သင့်ဘူး။"
"ဒါပေမယ့် လင်းဖန်၊ နင်က အရမ်းတော်ပြီး ချမ်းသာလွန်းတယ်။ နောက်ပိုင်း ဘယ်ကောင်မလေးက နင့်ကို သဘောကျရဲတော့မှာလဲ" ရှဲ့ထျင်ထျင်က လင်းဖန်ကို နှစ်နှစ်ကာကာ တောင်းပန်ပြီး ပြောလိုက်ပါသည်။
"ဟားဟား ငါတစ်ကိုယ်တည်းသမား ဖြစ်နေတာ ဝါရင့်နေပြီ။ မဟုတ်ရင် ဘာလို့ မျက်မမြင် ချိန်းတွေ့ဖို့ သွားမှာလဲ" လင်းဖန်က ရယ်မောလိုက်ပါသည်။ ရှဲ့ထျင်ထျင် နောက်ကျတာကို သူ ဂရုမစိုက်ပါဘူး။
ဘာပဲဖြစ်ဖြစ် ထိုစဥ်က သူလည်း ဝီချက်မှာ တခြားသူနဲ့ စကားပြောနေခဲ့တာ မဟုတ်လား။
"နင်က အရမ်းတော်တာကို ဘာလို့ မျက်မမြင် ချိန်းတွေ့ဖို့ လိုမှာလဲ။ ရန်ရန်ကို ဘယ်လိုသဘောရလဲ" ရှဲ့ထျင်ထျင်က သူမ၏ လက်မောင်းကို ကိုင်ကာ မျက်တောင်ခတ်လိုက်ပါသည်။
"ထျင်ထျင် နင်ဘာလို့..." ရှားရန်ရန်က ရှက်သွေးဖြာသွားခဲ့ပါသည်။
"မဆိုးပါဘူး" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။
"ဒါဆိုလည်း အခု... အခန်းတစ်ခန်း သွားငှားကြပါလား။ ငါဆွဲမထားပါဘူး" ရှဲ့ထျင်ထျင်က တမင်တကာ ပြောလိုက်ပါသည်။
"ဟာ... ထျင်ထျင် မဟုတ်တာတွေ မပြောစမ်းပါနဲ့" ရှားရန်ရန်က ခေါင်းငုံ့လိုက်ပါသည် လင်းဖန်ရှေ့မှာ ဒီတိုင်း နေရင်တောင် ရှက်သွေးဖြာနေတတ်သည့် သူမကို ရှဲ့ထျင်ထျင်က ဒီလိုအရာများ ပြောခဲ့သေးသည်။
"ငါတို့ အခုလေးတင် ငါ့အခန်းကို သွားပြီးပြီလေ" လင်းဖန်က ပြောလိုက်ပါသည်။ ရှဲ့ထျင်ထျင် ဘာကို ဆိုလိုသလဲ သူနားမလည်ခဲ့ပါ။
"ကျွတ် ပျင်းဖို့ ကောင်းတဲ့ကောင်" ရှဲ့ထျင်ထျင်က သရော်လိုက်ပါသည်။
"လင်းဖန် ဒီနေ့ဖြစ်ခဲ့တာအတွက် ငါ တကယ် တောင်းပန်ပါတယ်။ နင်က အရမ်းတော်တာပဲ။ နောက်ပိုင်းကျရင် နင့်ကို တွယ်ကပ်ဖို့ပဲ လိုက်ရှာနေတော့မှာ။ ငါ့ကို ခွင့်မပြုရင် နင့်အမေနဲ့ တိုင်မှာ။ နင်က ငါ့အိမ်နီးချင်းပဲ" ရှဲ့ထျင်ထျင်က ပြောလိုက်ပါသည်။
လင်းဖန်က သူ့ရှေ့က ကောင်မလေးကြောင့် ရယ်ချင်သွားသည်။ သို့သော် ခေါင်းငြိမ့်လိုက်ပါသေးသည်။
အနည်းဆုံး ရှဲ့ထျင်ထျင် ပြောတာ မှန်ပါသည်။
"ဒါဆို ငါတောင်းပန်တာကို လက်ခံလား" ရှဲ့ထျင်ထျင်က လင်းဖန်ကို ကြည့်ရင်း မေးလိုက်ပါသည်။
"ဘယ်လိုလုပ် လက်မခံဘဲ နေရဲမှာလဲ။ လက်မခံရင် နင်ငါ့မိဘတွေကို သွားတိုင်မှာပေါ့" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"လင်းဖန် နင်ကတော့ အတီးခံချင်နေတာပဲ" ရှဲ့ထျင်ထျင်က သူမ၏ လက်သီးဆုပ်လေးကို ခါရမ်းပြလိုက်သည်။ သူမ၏ စိတ်အခြေအနေက အခုတော့ အများကြီး ပိုကောင်းသွားပါပြီ။
"နင် ငါတောင်းပန်တာကို လက်ခံလိုက်ပြီဆိုတော့ နင့်ကို တစ်ခုခု ဝယ်ကျွေးဦးမယ်။ နင်လာရမယ်နော်" ရှဲ့ထျင်ထျင်က ရိုးရိုးသားသား ပြောလိုက်သည်။
"ဒါပေမယ့် ရန်ရန်နဲ့ ငါတို့ နင့်အိမ်ကို ဘယ်တော့ လာလို့ရမှာလဲ။ နင့်အိမ်က ဗီလာကြီးမလား" ရှဲ့ထျင်ထျင်၏ မျက်လုံးများ ပြူးကျယ်သွားပါသည်။
"နင်လာချင်ရင် ငါ့ကိုဆက်သွယ်လိုက်လေ။ နင်တို့အတွက် ကားစီစဥ်ပေးမယ်" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။ ရှဲ့ထျင်ထျင်နှင့် ရှားရန်ရန်တို့က သူ့အထက်တန်း အတန်းဖော်များနှင့် အတူတူပဲဖြစ်ပြီး သူ့အိမ်ကို လာလည်ချင်နေကြသည်။
"ကျွတ် ငါက ရက်ချိန်းယူရဦးမှာပေါ့" ရှဲ့ထျင်ထျင်က မကျေမနပ်ပြောကာ ရှားရန်ရန်ကို ဆွဲခေါ်သွားခဲ့ပါတော့သည်။
လင်းဖန်က Bugatti ကားကြီးဖြင့် အိမ်ကို မောင်းပြန်လာခဲ့ပါသည်။
ကြွေပန်းဥယျာဥ်အိမ်ရာထဲက ဒုတိယအိမ်ကိုလည်း လင်းဖန် ငှားရမ်းခဲ့ပါသည်။
နှစ်စဥ် အိမ်ငှားခက ယွမ် ၁.၂ သန်းလောက်အထိ မြင့်မားခဲ့၏။
လင်းဖန်၏ ဘဏ်အကောင့်ထဲတွင် သူ့မိဘများကို ပေးခဲ့သည့် ယွမ် ၅၀၀,၀၀၀ ကလွဲပြီး စုထားသည့်ငွေ ယွမ် ၁.၆ သန်း ရှိနေပါပြီ။
...
နောက်တစ်နေ့ လင်းဖန် နိုးလာပြီး  Sign-in ဝင်လိုက်ပါသည်။
"ဒင်-- အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ သခင်လေး Koenigsegg One ပြိုင်ကားကြီးကို ရရှိခဲ့ပါပြီ။"
"ကားနှင့် သက်ဆိုင်ရာ ပိုင်ဆိုင်မှု စာချုပ်စာတန်းများကို စနစ်၏ သိုလှောင်ခန်းထဲ ထည့်ထားလိုက်ပါပြီ။ အချိန်မရွေး ထုတ်ယူနိုင်ပါတယ်။" ဟု စနစ်က ပြောလိုက်ပါသည်။
နောက်ထပ် ပြိုင်ကားတစ်စီး သူ ရရှိခဲ့ပြန်ပြီ။
လင်းဖန်က အွန်လိုင်းပေါ်တွင် ရှာကြည့်လိုက်ပါသည်။ သူ မရှာကြည့်တာမှ အဆင်ပြေဦးမည်။ သို့သော် ရှာကြည့်လိုက်သောအခါ သူ ထိတ်လန့်သွားခဲ့ရ၏။
Koenigsegg One ကလည်း သန်းရာကျော် တန်ဖိုးရှိသည့် ပြိုင်ကားကြီး ဖြစ်ပါသည်။
ကားကို ငွေအနားများဖြင့် အလှဆင်ထားသည်။ အရှေ့အနောက် Michelin တာယာ ၄လုံးရှိ ၁၉လက်မနှင့် ၂၀လက်မ ကာဘွန်ဖိုက်ဘာ ဘီးနှောင့်များမှာ အလွန်မြင့်သော အရှိန်တွင် အောက်ဖိအားများစွာကို ထောက်ပံ့ပေးပါသည်။
Koenigsegg One က 5.0L Double Turbo-Charging ဖိအားအင်ဂျင်ကို အသုံးပြုထားပြီး ၎င်း၏ အမြင့်ဆုံး ထုတ်အားက ၁,၄၀၀ မြင်းကောင် ရေအားရှိသည်။ အမြင့်ဆုံးလိမ်အားက 1371Nm ဖြစ်ပြီး ဂီယာအုံတွင် 7-Speed ကလပ် နှစ်ခုကို အထူးတပ်ဆင်ထားသည်။
ခြုံပြောရလျှင် အလွန်မိုက်ပြီး အလွန်အဆင့်မြင့်ပါသည်။
ထို့အပြင် တစ်ကမ္ဘာလုံးတွင် ဒီလို ပြိုင်ကားမျိုး ၆ စီးသာရှိသည်။
နေ့ဘက်တွင် ဘယ်သူမှမရှိ၊ မည်သည့် လုံခြုံရေး ကင်မရာမှ မရှိသည့် နေရာတစ်ခုကို ရှာပြီး သူ့ပြိုင်ကားကို ထုတ်ကြည့်လိုက်ကာ လုံးဝ ကြက်သေ သေသွားခဲ့ရသည်။
တံခါးဖွင့်သည့် ခလုတ်ကို နှိပ်လိုက်သောအခါ Koenigsegg One ကားကြီး၏ ဘေးနှစ်ဖက်စလုံးက လိပ်ပြာတောင်ပံဖြန့်သလို ပွင့်သွားခဲ့ပါသည်။
လင်းဖန်က ကားထဲတွင် ထိုင်လိုက်သောအခါ ကျောထဲ သက်တောင့်သက်သာ ရှိသွားခဲ့ပါသည်။
လီဗာကို နင်းလိုက်ပြီး ရှန်ဟိုင်းမြို့ ၏ လမ်းမများပေါ်တွင် မောင်းကြည့်လိုက်ပါသည်။ ထိုအခါ နောက်ထပ် အံ့အားသင့်သံများ နောက်တစ်သုတ် ထွက်ပေါ်လာရပြန်သည်။
"ငါ့လခွမ်း... အဲ့တာ Koenigsegg One မလား။ အဲ့တာလည်း သန်းရာချီ တန်ဖိုးရှိတဲ့ ပြိုင်ကားပဲကွ။"
"ဘုရားရေ ရှန်ဟိုင်းမြို့မှာ ခုတလော သန်းရာချီတန်ဖိုးရှိတဲ့ ပြိုင်ကားနှစ်စီးတောင် ပေါ်လာတယ်။ ဘုရား ဘုရား သန်းရာချီတဲ့ ပြိုင်ကားကြီးတွေက အခု အရမ်းစျေးပေါနေပြီလား။"
"အဲ့ဒီကောင်လေးက အရမ်းချောတယ်ထင်တယ်။ မဟုတ်မှလွဲရော Bugatti ကားကြီး မောင်းနေတဲ့ ကောင်လေးက Koenigsegg One ကားမောင်းတဲ့သူနဲ့ အတူတူပဲလား။"
"ဒါက ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ရဲ့ ဘဝလား။ သူ မောင်းတဲ့ ပြိုင်ကားတွေ အကုန်လုံးက ယွမ် သန်းရာကျော်တန်ဖိုးရှိတယ်။ ငါတို့သူ့ကို ယှဥ်လို့တောင်မရဘူး။"
"ကောင်လေး စောင့်ပါဦး။ ဓာတ်ပုံ အတူတူ ရိုက်ရအောင်လေ။"
...
လင်းဖန်က ဒီလိုဘဝမျိုးနှင့် အသားကျနေပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူက အလွန်ချောမောနေသောကြောင့်ဖြစ်ပါသည်။
သူတို့ နယ်မြေ၏ ဝင်ပေါက်သို့ ရောက်သောအခါ ဝင်ပေါက်တွင် ရှိသော လုံခြုံရေးက လင်းဖန်၏ ပြိုင်ကားကြီးကို မှင်သက်စွာ ကြည့်လိုက်ပါသည်။
လုံခြုံရေးဝန်ထမ်းများပင် ကြက်သေသေသွားခဲ့ရပါသည်။
သူတို့က လင်းဖန်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ သို့သော်လည်း လင်းဖန်က ပြိုင်ကားအသစ်စက်စက် တစ်စီးကို မောင်းလာခဲ့ပြန်သည်။ ထို့ကြောင့် လုံခြုံရေးအစောင့်များ ကိုယ့်ဘဝကို မေးခွန်းပြန်ထုတ်မိစေပါသည်။
"ညီလေးဖန် ဘယ်တုန်းက ပြိုင်ကားသစ် တစ်စီးဝယ်လိုက်တာလဲဟ။"
"ငါစစ်ပြီးပြီ။ အဲ့ဒီပြိုင်ကားကလည်း သန်းရာချီပြီး တန်ဖိုးရှိတယ်။ လခွမ်း။ သူဌေးဆိုတာ တကယ်သူဌေးပဲဟေ့။ သူတို့က ယွမ် သန်း ၁၀၀ အောက်နိမ့်တဲ့ ပြိုင်ကားတွေတောင် မဝယ်ကြဘူး။”
"ညီလေးဖန်က ပြိုင်ကားမောင်းရုံတင် မဟုတ်ဘူး။ အကျင့်စရိုက်ကလည်း အရမ်းကောင်းတယ်။ အခုချိန်ထိ ညီလေးလင်းဖန်ရဲ့ ကားရှေ့ခုံမှာ ထိုင်စီးတဲ့ ကောင်မလေးကိုလည်း မတွေ့ဖူးသေးဘူး။"
"ဟူး ဘယ်လိုမိန်းကလေးမျိုးက ညီလေးဖန်ရဲ့ နှလုံးသားကို ရတဲ့အထိ ကံကောင်းမလဲ မသိဘူးနော်။ နောက်ပိုင်းကျရင် နေထိုင်ဖို့ စားသောက်ဖို့ ဝတ်စားဖို့ ဘာမှစိတ်ပူစရာလိုမှာ မဟုတ်ဘူး။"
ထို့နောက် လင်းဖန်က သူ့ပြိုင်ကားကြီးကို မောင်းသို့ မောင်းလာခဲ့ပြီး သုံးဘီးကို ထုတ်လိုက်ပါသည်။
လုံခြုံရေးအစောင့်များက ကိုယ့်ဘဝကိုယ် ပို၍ပင် သံသယဖြစ်လာခဲ့ပါပြီ။
လခွမ်း...
လင်းဖန်တွင် သန်းရာကျော်သော ပြိုင်ကား နှစ်စီးရှိနေပါလျက် သုံးဘီးစီးနေတုန်းပဲလား။
သူတို့ ဒုတိယမျိုးဆက်တစ်ယောက်၏ ဘဝကို မစဥ်းစားကြည့်ရဲတော့ပါ။
သူသုံးဘီးစီးရခြင်း အဓိကအကြောင်းအရင်းက သူစားသောက်ဆိုင်ဖွင့်ဖို့ ဖြစ်ပါသည်။ ငါးများ၊ ပုစွန်များ၊ အသားများနှင့် တခြားပစ္စည်းများကို သေချာပေါက် ပြိုင်ကားထဲ ထည့်မသည်နိုင်ပါ။
ဒီလို အလုပ်မျိုးလုပ်ဖို့က ပိုကောင်းသည်။ သုံးဘီး ညစ်ပတ်သွားတာ ကိစ္စမရှိပါ။
ပြောစရာမလိုအောင် ဒီလိုအလုပ်မျိုး လုပ်ဖို့အတွက် Bugatti နှင့် Koenigsegg တို့က အဆင်ပြေမည် မဟုတ်ပေ။
"ညီလေးဖန်။ မင်းစားသောက်ဆိုင်မှာ အလုပ်သွားလုပ်ဦးမှာလား။"
"ဟမ်း ငါသာ မင်းနေရာမှာဆို ပြိုင်ကားကြီးကို မောင်းပြီး အဲ့လိုပစ္စည်းတွေကို ကားနောက်ခန်းထဲ ပစ်ထည့်ထားလိုက်မိမှာ အမှန်ပဲ။ အဲ့အချိန်ကျရင် ကောင်မလေး ဘယ်လောက်များများ ငါ့နောက်ကို လိုက်လာကြမလဲ မသိဘူး။ မင်းရဲ့ စားသောက်ဆိုင်မှာတောင် သူတို့ စားချင်လာကြလိမ့်မယ်။” လုံခြုံရေးအစောင့်က ပြောလိုက်ပါသည်။
"ဟုတ်တယ် ညီလေးဖန်။ မင်းဒီလောက်လန်းတဲ့ ပြိုင်ကားကြီးကို မောင်းသွားရင် လူဘယ်လောက်များများ မင်းကို လှည့်ကြည့်ကြမလဲမသိဘူး။ အဲ့ကျရင် မင်းစားသောက်ဆိုင် ရောင်းအားကလည်း ထိုးတက်လာမှာကွ" နောက်ထပ် လုံခြုံရေးအစောင့်က ပြောလိုက်ပါသည်။
လုံခြုံရေးအစောင့်နှစ်ယောက်၏ ပြောစကားကို ကြားသောအခါ သူပြုံးလိုက်ပါသည်။
"တကယ်တော့ ခင်ဗျားတို့ ပြောတာတွေ ဘာမှ မမှားပါဘူး။ ဒါပေမယ့်..."
"ကျွန်တော် စားသောက်ဆိုင် ဖွင့်ရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံရဖို့ မဟုတ်ဘူးဗျ။"
"သူ့အတွက်ကြောင့်ပါ။ အဲ့လောက်ပါပဲ။"
Continue Reading
You'll Also Like
725K 28.6K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
370K 25.2K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
588K 15.1K 77