1970 ခုနှစ်မှလှပသောအရံဇာတ်ကေ...

By Doh_Clover

160K 17.4K 108

စဆုံး 1500 ကျပ် More

Description
Chapter 1
Chapter 2
Paid GP
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Paid
1st Anniversary
1st
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Promotion
Chapter 23
Chapter 24 - 1
Chapter 26 -1
Chapter 25
Chapter 26-2
Chapter 27
Chapter 28.1
Chapter 28.2
Chapter 29.1
Chapter 29.2
promotion
Chapter 30
Chapter 30-2
Chapter 31
Chapter 32
Chapter 33
Chapter 34-1
Chapter 34-2
Chapter 35-1
Chapter 35-2
Chapter 36
Chapter 37
Chapter 37.2
Chapter 38
Chapter 39
Promotion
Noti
Chapter 40
Chapter 41.1
Chapter 41.2
Chapter 42
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52.1
Chapter 52.2
Chapter 53
Chapter 54
Chapter 54.2
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 58.2
Chapter 59
Chapter 60
Chapter 60.2
Chapter 61
Chapter 62
Chapter 62.2
Chapter 63
Chapter 64
Chapter 64.2
Chapter 65
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68.1
Chapter 68.2
Chapter 69
Chapter 70.1
Chapter 70.2
price

Chapter 24 - 2

1.9K 262 1
By Doh_Clover

အပိုင်း - ၂၄.၂

ယွမ်ချန်းကွေ့လည်း ထမင်းစားနေရာကနေ မတ်ထက်ရပ်လိုက်ပြီး အိမ်အပြင်ထွက်လာခဲ့တော့သည်။အပြင်ရောက်တာနဲ့ ဒေါသထွက်‌နေသည့်လျူရှင်းဟွာအားမြင်လိုက်ကာ
"အမေဘာဖြစ်လို့လဲ" လို့ မေးလိုက်၏။
 
လျူရှင်းဟွာက
"နင့်မိန်းမ။ ဆန်းရှောင်းဟိုင်ကို ခေါ်လိုက်စမ်းပါ"
ယွမ်ချန်းကွေ့လည်း ထမင်းစားနေသည့်ဆန်းရှောင်ဟိုင်အား လှည့်ကြည့်ကာလက်ယက်ခေါ်လိုက်သည်။ ဆန်းရှောင်ဟိုင်လည်း သူမ၏တူတွေကို‌စားပွဲပေါ်ချလိုက်ကာ ယွမ်ချန်းကွေ့အနီး လာရပ်လိုက်၏။
 
ယွမ်ရွယ်ဂျင်းနဲ့ယွမ်ရဲဟွာတို့နှစ်ယောက်ကတော့ ထမင်းစားနေရင်းဖြင့် အဖြစ်အပျက်တွေကို ကြည့်နေကြသည်။
 
ဆန်းရှောင်ဟိုင်လည်း လျူရှင်းဟွာအား သတိထားပြီးကြည့်လိုက်၏။ လျူရှင်းဟွာ၏နောက်မှာလည်း ယွမ်ကျီကောင်း၊ ယွမ်ချီကျီ၊ ယွမ်ချန်းရှန်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့လည်း ရပ်နေကြသည်။ သူတို့တွေအကုန်လုံးက သူမအားအပြစ်သားတစ်ယောက်ကဲ့သို့ စိုက်ကြည့်နေကြ၏။
 
သူမလည်း လည်ချောင်းကိုအရင်ရှင်းလိုက်သည်။
"အဟမ်း"
ပြီးတဲ့နောက် လျူရှင်းဟွာအား
"အမေ၊ ဘာဖြစ်လို့လဲ" လို့ မေးလိုက်သည်။
လျူရှင်းဟွာက ဆန်းရှောင်ဟိုင်ကိုစူးစူးရဲရဲစိုက်ကြည့်လျက်
"ချီကျီ ကွာရှင်းတော့မယ်ဆိုတဲ့အကြောင်းကို ရွာထဲမှာသတင်းပျံ့အောင် ပြောလိုက်တာ နင်မလား"
 
ထိုသို့ပြောပြီးနောက် လျူရှင်းဟွာက သူမ၏အင်္ကျီလက်များကို ခေါက်လိုက်ကာ
"အရင်တစ်ခါက ငါ့ရဲ့လက်စကနည်းနည်းမလုံမလောက်ဖြစ်သွားတာထင်တယ်။ ဒါ့ကြောင့်မို့လည်း နင်ကအကမ်းတက်လာတော့တာပဲ။ ဒီတစ်ခါတော့ နင့်ကိုမှတ်လောက်သားလောက်အောင် ရိုက်မှဖြစ်တော့မယ်"
ထိုစကားကြောင့် ဆန်းရှောင်ဟိုင်တစ်ယောက် ကြောက်လန့်တကြီးဖြစ်သွားပြီး ယွမ်ချန်းကွေ့နောက်ကိုအမြန်ဝင်ပုန်းလျက်
"အမေ။ ကျွန်မက အဲ့ဒီအကြောင်းတွေကို သိတောင်မသိတဲ့ဟာ ရွာထဲဘယ်လိုလုပ်ပြီးတော့ လျှောက်ပြောပါ့မလဲ။"
 
ယွမ်ချန်းကွေ့ကလည်း ဆန်းရှောင်ဟိုင်ကို ကာပေးရင်းဖြင့်
"အမေ၊ ရှောင်းဟိုင်အပေါ် အထင်မှားနေတာပဲ ဖြစ်ရမယ်။ ကျွန်တော်တို့တွေ ချီကျီကွာရှင်းမယ်ဆိုတဲ့အကြောင်းကို အခုမှ အမေပြောလို့သိတာပါဗျာ။ဒီတော့ ရွာထဲကို ရှောင်းဟိုင်ဖြန့်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
 
ဆန်းရှောင်ဟိုင်လည်း သူမ၏ဒုတိယသားအား သေချာစိုက်ကြည့်လျက် "နင်က သူမအတွက်နဲ့ရှေ့ကနေ ကာဆီးကာဆီးလုပ်နေတာလား"
 
"ကျွန်တော် သူမကိုကာပေးနေတာမဟုတ်ဘူး။ သူမကမှ အမေပြောသလို လုပ်မှမလုပ်ခဲ့တာ"
 
လျူရှင်းဟွာလည်း ဒေါသတကြီးဖြစ်သွားပြီး အံတကြိတ်ကြိတ်ဖြင့် ဆန်းရှောင်ဟိုင်အား စိုက်ကြည့်လိုက်တော့သည်။
ထိုအချိန်မှာပဲ ယွမ်ချီကျီ‌က လျူရှင်းဟွာ၏လက်ကိုဆွဲလျက်
"အမေ။ ထားလိုက်ပါတော့။ သမီးတို့ညစာပြန်စားကြရအောင်"
 
သက်သေထင်ထင်ရှားရှားမရှိ၍ လျူရှင်းဟွာလည်းဒေါသတကြီးဖြင့် ယွမ်အိမ်ဘက်ကို ပြန်လာခဲ့တော့သည်။
အခြားသောသူတွေလည်း လျူရှင်းဟွာနောက်ကနေယွမ်အိမ်သို့ ပြန်လာခဲ့ကြ၏။
လျူရှင်းဟွာက အိမ်ရောက်တာနဲ့ ထမင်းနည်းနည်းဝါးလိုက်ပြီး
 
ယွမ်ချီကျီ
 
ယွမ်ချီကျီအနေနဲ့ အခုချိန်မှာ သူများတွေအပြောခံရမှာကို မကြော‌က်တော့ပေ။ သူမစိတ်ထဲမှာ သူမမိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က အရေးအကြီးဆုံးဖြစ်နေပြီ ဖြစ်သည်။
 
"ဘာပဲဖြစ်ဖြစ် ဒီဟာကို ရွာ‌ထဲကလူတွေသိအောင် နည်းနည်းပါးပါးတော့ ဖြေရှင်းသင့်တယ်ထင်တယ်နော်"
 
"ချန်းရှန်ပြောတာမှန်တယ်။ သမီးအနေနဲ့အခုချိန်မှာမိသားစုကဘေးမှာရှိလို့ အခြားလူတွေရဲ့စကားကို နားယောင်တာမျိုးမရှိပေမယ့် အဖေနဲ့အမေတို့သေသွားတဲ့အခါကျရင်ရော။ သမီးဘယ်လိုနေမလဲ။ ဒါ့ကြောင့် ဖြေရှင်းသင့်တာတော့ ဖြေရှင်းမှ ဖြစ်မယ်နော်"
 
"ဒါဆိုရင် အကောင်းဆုံးဖြေရှင်းနည်းကတော့ တစ်ခုပဲရှိတယ်။ တတိအဒေါ်ရဲ့ယောက်ျားက တတိယအဒေါ်ကို ကြောက်သွားစေဖို့ပဲ"
ယွမ်ကျီကောင်းက
"လျူရှောင်းကြောက်သွားစေဖို့ ဟုတ်လား။ ပြောချင်တာက ဘယ်လိုကြီးလဲ။ ရှင်းအောင်ပြောစမ်းပါဟ"
 
ယွမ်ရိက ယွမ်ကျီကောင်းကို ကြည့်လိုက်ပြီး
"လူတစ်ယောက်ရဲ့အမူအကျင့်က ပြင်ဖို့အရမ်းခက်တယ်။ ဒါ့ကြောင့် တတိယအဒေါ်အနေနဲ့ ရွေးချယ်စရာနှစ်ခုရှိပြီး ဖြေရှင်းဖို့အကောင်းဆုံး နည်းတစ်ခုရှိတယ်။ ရွေးချယ်စရာတွေက ကွာရှင်းဖို့နဲ့ အနိုင်ပိုင်းဖို့ပဲ။ ဖြေရှင်းနည်းကတော့ အနိုင်ပိုင်းပစ်လိုက်တာပဲ။ တတိယအဒေါ်ရဲ့ ယောက်ျားအနေနဲ့တတိယအဒေါ်ကို မရိုက်နှက်တော့ဖို့က တတိယအဒေါ်က အရင်ဦးအောင် လက်စွမ်းပြနိုင်မှဖြစ်မယ်။ အဲ့လိုမလုပ်သရွေ့ကတော့ တတိယအဒေါ် အနိုင်ကျင့်ခံနေရဦးမှာပဲ။ ရှင်းရှင်းပြောရရင် အဒေါ့်ယောက်ျားက နည်းနည်းကြမ်းပြရင် အဒေါ်က သူ့ထက်ပိုပြီး ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ဖို့ပြောတာ"
 
ယွမ်ကျီကောင်းလည်း ယွမ်ရိ၏စကားကြောင့် သူ့သမီး၏ကိုယ်ခန္ဓာအား အကဲခတ်လိုက်သည်။
 
သူသမီးဟာ လူကောင်ကသေးသည့်အပြင် လျူရှောင်းနဲ့ယှဉ်ပါက အင်အားခြင်းလုံးဝမမျှပေ။ ဒါ့ကြောင့် ယွမ်ရိပြောသကဲ့သို့ လျူရှောင်းအနိုင်ကျင့်သမျှ ငြိမ်မခံပဲ ပြန်လုပ်ဖို့က အလွန်အမင်း ခက်ခဲနိုင်ပေသည်။
 
"ဒီလိုဆိုရင်ရော။ ချန်းရှန်ကို အဲ့ဒီကောင်ကိုရိုက်ဖို့ပြောလိုက်မယ်လေ။ အဲ့တာဆိုရင် သူလည်း ချီကျီကိုအနိုင်ကျင့်ဝံ့မှာ မဟုတ်လောက်တော့ဘူး"
"ဦးလေးငါးက ဒီတစ်ကြိမ်မှာလည်း ရိုက်ခဲ့ပြီးပြီလေ။ တကယ်လို့ ဦးလေးလျူရှောင်းက တတိယအဒေါ်ကို နောက်တစ်ကြိမ်ရိုက်လို့ ဦးလေးငါးကို ပြန်ရိုက်ခိုက်လည်း တတိယအဒေါ်ကတော့ အရိုက်ခံရပြီးသွားပြီလေ။ ဦးလေးလျူရှောင်းလိုလူမျိုးတွေက အရိုက်ခံရ‌တုန်းတခဏပဲ ရိုးသားကြတာ နောက်တော့ နဂိုဗီဇ ပြန်ပြလာကြမှာဘဲ"
 
နားထောင်နေသည့် လျူရှင်းဟွာလည်း သက်ပြင်းချလိုက်ပြီး
"ထားလိုက်ပါတော့။ ဒီအကြောင်းတွေကို နောက်မှဆက်ပြောကြရအောင်။ အခုတော့ ထမင်းကို အရင်ပြီးအောင်စားကြ"
ထိုစကားကြောင့် လူတိုင်း လေမပေါပဲထမင်းကိုစားကြတော့သသည်။
ထမင်းစားပြီလို့ အပ်ရာဝင်ချိန်။
ယွမ်ချီကျီက ကုတင်ပေါ်မှာလှဲရင်း တဖက်ကုတင်မှယွမ်ရိအား
"ရှောင်ရိက မတွေ့ရတဲ့နှစ်အနည်းငယ်အတွင်းမှာပဲ အရွယ်ရောက် ကြီးပြင်းလာခဲ့ပြီ" လို့ ပြောလိုသည်။
 
ယွမ်ရိက
 
"မင်းရဲ့ဦးလေးလျူရှောင်းက ပြောင်းလဲလိမ့်မယ်လို့ထင်သလား" လို့ ထပ်မေးလိုက်၏။
 
 
ယွမ်ချီကျီလည်း ယွမ်ရိ၏မေးခွန်းကြောင့် အံ့ဩသွားတော့သည်။
 
ယွမ်ရိက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးတော့
"အိမ်ထောင်ကျပြီးလို့ လင်ရယ်၊မယားရယ်ဖြစ်လာပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် အေးအတူပူအမျှ ခံစားကြရမှာပဲ။ တစ်ယောက်ရဲ့အပြစ်တွေကို တစ်ယောက်ကဖာထေးပြီး ဘဝကိုတိုးတက်အောင် ဆောင်ရွက်ကြရမှာပဲလေ။ ဦးလေးလျူရှောင်းကလည်း အဒေါ့်ကိုအနိုင်ကျင့်တတ်တဲ့ အကျင့်ကိုသာပြင်လိုက်ရင် အဒေါ်တို့အိမ်ထောင်ရေးက လုံးဝကိုသာသာယာယာလေး ဖြစ်သွားမှာပဲ"
 
ယွမ်ချီကျီက ယွမ်ရိပြောသမျှစကားတွေကို သေချာနားထောင်နေခဲ့သည်။
ယွမ်ရိက ဆက်လက်ပြီးတော့
"တကယ်တော့ ဦးလေးလျူရှောင်းနဲ့ ခွဲနေလိုက်တာက အကောင်းဆုံးပဲလို့ ထင်တယ်။ လူတစ်ယောက်ကိုပြောင်းလဲစေဖို့အတွက်နဲ့ ဘာကိစ္စကိုယ့်ဘဝကိုအနစ်မွန်းခံရမှာလဲ။ ဒါ့အပြင် အဲ့ဒီလူပြောင်းလဲဖို့ဆိုတာကလည်း သေမှမသေချာတဲ့ဟာကြီးကို"
 
ဒီတစ်ကြိမ်မှာလည်း ယွမ်ချီကျီက စကားပြန်မပြောခဲ့ချေ။ ဒါ့ကြောင့် ယွမ်ရိလည်း ဘာစကားမျှ ထပ်မပြောတော့ချေ။
 
ယွမ်ကျဲကတော့ အိပ်ပျော်သွားတာ တော်တော်ကြာနေပြီဖြစ်သည်။ မကြာခင်မှာပဲ သူမ၏မျက်ခွံတွေလေးလံလာကာ အိပ်ပျော်သွားတော့၏။
 
ယွမ်ချီကျီကတော့ တော်တော်နဲ့မအိပ်စက်နိုင်သေးပဲ ယွမ်ရိပြောခဲ့သည့်စကားများကို အတွေးပေါက်နေခဲ့သည်။ ဒါ့ကြောင့် ညတော်တော်လေးနက်မှသာ အိပ်ပျော်သွားတော့သည်။
 
ယွမ်ချီကျီက နောက်ကျမှအိပ်ရာဝင်ခဲ့ပေမယ့် မနက်စောစောထပြီး အိမ်မှာလုပ်စရာရှိတာတွေကိုလုပ်ကိုင်ခဲ့၏။
 
မနက်စာ စားပြီးသည့်နောက်မှာ သူမက ကောက်ရိုးဦးထုပ်ဆောင်းကာ စိုက်ခင်းထဲအလုပ် လုပ်သွားဖို့ ပြင်လိုက်သည်။
 
ဒါပေမယ့် သူမသွားခါနီးမှာပဲ လျူရှင်းဟွာက ဝာားလိုက်သည်။
"ဒီနေ့တော့ မသွားပါနဲ့ဦးလား သမီးရယ်။ အိမ်မှာပဲ နေပါကွယ်"
သူမအမေက သူမအတွက် ထိုသို့တားဆီးနေမှန်းယွမ်ချီကျီသိပေသည်။ ဒါပေမယ့် သူမကလူတွေဆီကနေတိုးတိုး၊ တိုးတိုးနဲ့ အပြောခံရတာတွေကို ဂရုစိုက်တတ်သည့်သူတစ်ယောက် မဟုတ်ချေ။
ဒါ့ကြောင့်မို့ သူမက
"အမေ သမီးအဆင်ပြေပါတယ်။ လူတွေအနေနဲ့ သမီးအကြောင်းနောက်ကွယ်မှာ ဘယ်လောက်ပဲပြောပြော သမီးအပေါ်ထိခိုက်သွားတာမှ မဟုတ်ပဲ"
 
အရင်ကဆိုလျှင် သူမဟာလူတွေရဲ့အမြင်ကို ဂရုစိုက်မှာ သေချာပေမယ့် အခုချိန်မှာတော့ မတူတော့ချေ။ သူမကထိုအရာတွေကို ဂရုစိုက်မှသာလျှင် သူမအတွက် ထိခိုက်သလို ခံစားရမှာဖြစ်ပြီး ဂရုမစိုက်လျှင်တော့ ဘာမှခံစားရတော့မှာမဟုတ်ကြောင်း သိနေပြီဖြစ်လို့ပင်။
 
တောင်ခြေ၊ တုန်းဖန်းမြို့လျူအိမ်။
ယွမ်ချီကျီ ထွက်သွားပြီးကတည်းက လျူရှောင်း၏ မိဘနှစ်ပါးဟာ လျူရှောင်းတို့အိမ်မှာ လာနေကြ၏။အကြောင်းမှာတော့‌ လျူရှောင်းအလုပ်သွားတဲ့အချိန် ကလေးတွေကိုထိန်းဖို့ပဲ ဖြစ်သည်။
အကြီးမသုံးယောက်က အရွယ်ရောက်နေပြီဖြစ်လို့ သိပ်ပြီးဂရုစိုက်ရာမလိုတော့ပေမယ့် အငယ်ဆုံးကလေး‌ကတော့ မတူပေ။
 
လေး၊ ငါးနှစ်အရွယ် ကလေးတစ်ယောက်ဖြစ်တာမို့ တအားဆော့ကာ လူကြီးတွေအနေနဲ့ အအမြဲသတိထားကာ မျက်စိအောက်က အပျောက်မခံဝံ့ကြပေ။
လျူရှောင်း၏မိခင်ဟာလည်း အသက်အရွယ်ရနေပြီဖြစ်တာမို့ ရက်အနည်းခန့် အိမ်အလုပ်တွေလုပ်ကာ၊ ကလေးတွေကိုထိန်းရသဖြင့် ပင်ပန်းနေပြီ ဖြစ်သည်။
 
လျူရှောင်း၏ဒဏ်ရာတွေကလည်း တော်တော်လေးသက်သာလာပြီဖြစ်လို့ ယွမ်ချီကျီအား ပြန်လိုက်ခေါ်ဖို့ တိုက်တွန်းလိုက်၏။
 
လျူရှောင်းက
"သူ့ကို ပြန်ခေါ်ရမယ်ဟုတ်လား။ အမေ၊ သူ့မောင်ကကျွန်တော့ကို ဒီလိုရုပ်ဖြစ်သွားတဲ့အထိ ရိုက်သွားတာနော်။ ပြီးတော့ အဲ့ကောင်မကိုလည်း ကျွန်တော်က အိမ်ပေါ်ကဆင်းပါလို့ ပြောလား။ သူ့ဘာသာပဲ ဆင်းသွားတာလေ။ ဒီတော့ ဘာကိစ္စနဲ့ ပြန်လိုက်ခေါ်ရမှာလဲ"
 
လျူရှောင်း၏အမေလည်း ဒေါသတကြီးဖြင့်
"ဟဲ့ သူ့ကိုပြန်ခေါ်ခိုင်းတာ အိမ်အလုပ်တွေကို ကူလုပ်ခိုင်းရအောင်လို့ဟဲ့။ ငါတစ်ယောက်တည်း လုပ်နေရတာ ပင်ပန်းလှပြီ။ ဒီတော့ နင်ဆုံးဖြတ်ချည်။ ချီကျီကို ပြန်ခေါ်မှာလား။ ဒါ‌မှမဟုတ်ငါနဲ့နင့်အဖေ အိမ်ကိုပြန်ရမှာလား"
 
လျူရှောင်းကလည်း
"အမေတို့ပြန်ချင်ရင် ပြန်ကြဗျာ။ ကျွန်တော့သမီးတွေလည်း အရွယ်ရောက်လာကြပြီမို့လို့ သူတို့ကိုခိုင်းလည်း ရတယ်။ ဆန်နီကို သားငယ်ထိန်းခိုင်းလိုက်ပြီး ကျန်တဲ့အကြီးမနှစ်ယောက်ကို အိမ်အလုပ်တွေလုပ်ခိုင်းလိုက်ရင် ပြီးနေပြီဟာကို။ ယွမ်ချီကျီဆိုတဲ့ဟာမ မရှိလည်း ကျွန်တော်တို့အတွက် အေးဆေးပဲ"
 
"လျူရှောင်း နင်က ကိုယ့်အမေစကားကို နားမထောင်တော့တာလား။ နင့်သမီးတွေရဲ့အသက်ကိုလည်း ပြန်ကြည့်လိုက်ဦး။ ဆယ့်နှစ်နှစ်၊ ဆယ်နှစ်နဲ့ ခုနှစ်နှစ်။ ဒီအရွယ်လေးတွေက အခြားအလုပ်နည်းနည်းပါးပါးဆို ခိုင်းလို့ရပေမယ့် အိမ်တစ်အိမ်လုံးကို ထိန်းသိမ်းဖို့ဆိုရင်တော့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် သူတို့ကအိမ်အလုပ်ချည်းပဲ မလုပ်နိုင်ဘူး‌။ ကျောင်းသွားရဦးမယ့်ဟဲ့။ ဒါတွေကို နင်သိရဲ့လား"
လျူရှောင်းဟာ သူမပြောသမျှကို မသိကျိုးကျွန်ပုံစံဖြင့် နားထောင်နေတာကြောင့် ‌လျူရှောင်း၏မိခင်လည်း ဒေါသတွေထွက်လာပြီး
"ထားလိုက်ပါတော့။ နင့်ကြည့်ရတာ ငါပြောတာတွေကို နားဝင်မယ့်ပုံမပေါ်ဘူး။ ဒီတော့ ငါနဲ့နင့်အဖေနဲ့ ကိုယ့်အိမ်ကိုကိုယ်ပြန်တော့မယ်။ နင့်မိသားစုကို နင်ကောင်းကောင်းမွန်မွန်ထိန်းနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကာ သူမယောက်ျားအားခေါ်လျက် ချက်ချင်းပဲ ထွက်သွားတော့သည်။
 
ဒါပေမယ့် သူမတို့ထွက်သွားသည့်ညမှာပဲ ဒန်နီနဲ့အားနီတို့နှစ်ယောက်သား ထမင်းအိုးတည်နေရင်းဖြင့် မတော်တဆ မီးလောင်သွားတော့သည်။ မီးတောက်ဟာ တဖြည်းဖြည်းကြီးမားလာပြီး မီးဖိုချောင်တစ်ခုလုံးနီးပါး လောင်ကျွမ်းသွား၏။
ကံကောင်းစွာဖြင့် အိမ်နီးချင်းတွေက အမြန်ပြေးလာပြီး ဝိုင်းငြိမ်းပေးခဲ့ကြ၍ တစ်အိမ်လုံး လောင်မသွားခြင်း ဖြစ်ပေသည်။
 
လျူရောင်းဟာ ထိုအချင်းအရာ‌ကြောင့် ဒေါသတွေအရမ်းထွက်နေတော့သည်။
 
"အဖေ။ အမေ့ကို သွားခေါ်ကြရအောင်နော်" လို့ ပြောလိုက်၏။
 
ထိုအခြင်းအရာကြောင့် လျူရှောင်း၏ဒေါသတွေ ပိုပြီးကြီးမားလာကာ
"မင်းအမေအကြောင်း ငါ့ရှေ့လာမပြောနဲ့။ မင်းအမေကသေသွားပြီကွ" လို့ ခက်ထန်စွာ အော်ပြောလိုက်တော့သည်။
 
...............
ယွမ်ချီကျီ တောင်ပေါ်ရောက်တာ ရှစ်ရက်လောက် ကြာသွားပါပြီ။
သူမဟာ သူမ၏သားသမီးလေးယောက်အကြောင်းကို နေ့တိုင်း တွေးနေမိ၏။ သူမ‌အနေနဲ့ တောင်ပေါ်ကို စိတ်ဆိုးပြီးပြန်လာရပေမယ့် သူမ၏သားသမီးတွေကိုတော့ လွမ်းဆွတ်လို့နေပါသည်။
တောင်ပေါ်မှာနေရသည့်တစ်လျှောက် သူမဟာမိဘနှစ်ပါး၊ မောင်တစ်ယောက်၊ တူမနှစ်ယောက်နဲ့အတူ လုံခြုံနွေးထွေးသည့် မိသားစုဘဝကို ခံစားနေရသည်။အိမ်ထောင်ကျပြီးကတည်းက သူမစိတ်ထဲ ဒီလိုမျိုးခံစားမှုများဖြင့် မနေခဲ့ရတော့ပေ။
 
တကယ်တော့ သူမ လက်ထပ်လိုက်ပြီးကတည်းက သူမဘဝမှာ ရေတိမ်နစ်သွားသလို ဖြစ်သွားခြင်းပင်။
 
ဒီရှစ်ရက်အတွင်း လျူရှောင်းဟာ ယွမ်အိမ်သို့ရောက်လာခြင်း မရှိချေ။ ဒါ့ကြောင့် လျူရှင်းဟွာက
"အဲ့အကောင်က တော်တော်ကို လူပါးဝတာပဲ။ ဒီလောက်ရက်တွေကြာနေပြီ အိမ်ကိုတစ်ခေါက်လောက် အကျိုးအကြောင်းပြောရအောင် လာတာမျိုးလည်းမရှိဘူး"
ယွမ်ကျီကောင်းကလည်း ဒေါသတကြီးဖြင့်
"အဲ့ကောင်လာရင်လည်း ငါ့သမီးကိုတော့ ပြန်ထည့်မပေးနိုင်ဘူးနော်"

Continue Reading

You'll Also Like

90.2K 9K 56
21 ရာစုက သုသေသနပညာရှင်မလေးက ရှေးခတ်ကိုရောက်သွားပြီး သူမဝင်စားခဲ့တဲ့ မူလပိုင်ရှင်မှာ ရိုးရိုးအေးအေး ယောင်္ကျားတစ်ယောက်နဲ့ ခလေးသုံးယောက်ကို ဘယ်လို စောင...
76.4K 8.2K 87
translation novel အသစ်လေးဖတ်ပေးကြပါဦးနော် 😊