Secret Love On Air

ErikaPaul9 tarafından

4.3K 481 32

မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစ... Daha Fazla

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 13
Part - 14
Part - 15

Part - 12

227 37 4
ErikaPaul9 tarafından

" မမ "

" မိုး မိုးစားဖို့ဆန်ပြုတ်လုပ်ထားတယ် နဲနဲဝင်အောင်စားပါဦးလား "

" မမမအိပ်တာဘယ်နှညရှိနေပြီလဲ မျက်တွင်းတွေကတော်တော်လေးချိုင့်သွားတယ် "

" နှစ်ညတည်းပါ "

" မမိုးနေမကောင်းကတည်းက ခုဆိုရင် ညကောင်းကောင်းမအိပ်တာ တစ်ပတ်လောက်ရှိပါပြီ "

အသံတွေခပ်ထန်နေလား သိမ်ဝင်နေလား မသိတတ်တော့တဲ့နွေဦးမောင်တစ်ယောက်သူမတို့နဲ့ခပ်လှမ်းလှမ်းတစ်နေရာမှာရပ်ရင်းပြောနေသည်။

" မမ "

ဝိုင်းလဲ့ရွှန်းနေသောမျက်လုံးတွေနဲ့စိမ့်စမ်းညိုကိုသူမကြင်နာစွာကြည့်နေမိသည်။

" နွေဦးမောင် "

ရာသီဥတုသာယာနေခဲ့တယ် အေးချမ်းတဲ့ဥတုကလေး သို့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ရင်ထဲမှာတော့ပူလောင်ခဲ့ရပြီ။

" အန်တီစိမ့်စမ်းညို "

" အန်တီတောင်းပန်ပါတယ် "

" အန်တီစိမ့်စမ်းညို ဘာကိုတောင်းပန်တာလဲ "

" အန်တီ့ရဲ့လုပ်ရပ်အတွက် "

" မလိုပါဘူး လူတိုင်းကကိုယ်ချစ်တဲ့သူကိုရွေးချယ်ကြမှာပဲလေ ဥပမာ အန်တီစိမ့်စမ်းညိုကမမိုးကိုရွေးတယ် ပြီးတော့နွေဦးလည်းနွေဦးချစ်တဲ့အန်တီစိမ့်စမ်းညိုကိုရွေးချယ်တယ် "

" အို..."

" ဟုတ်တယ် အန်တီစိမ့်စမ်းညို အန်တီစိမ့်စမ်းညိုကိုသမီးချစ်နေခဲ့တာပါ လေလိုင်းတွေထဲကစခဲ့တဲ့အချစ်တစ်ခုကခုထိမပြောင်းလဲပဲတည်ရှိနေခဲ့တာပါ "

" နွေဦးမောင် သမီးကိုအန်တီဆက်ဆံပုံတွေကမျှော်လင့်ချက်ပေးသလိုမျိုးဖြစ်နေခဲ့ပြီလားမသိပါဘူး ဒါပေမယ့် အန်တီဆုံးဖြတ်ပြီးသွားပါပြီ သမီးကိုယ့်လမ်းကိုလျှောက်ပါ တခြားတစ်စုံတစ်ယောက်ကိုချစ်ပစ်လိုက်ပါတော့ "

" ဟင့်အင်း မချစ်နိုင်ပါဘူး အန်တီစိမ့်စမ်းညို သမီးဘယ်သူ့ကိုမှမချစ်နိုင်ပါဘူး အန်တီစိမ့်စမ်းညိုအပေါ်ကိုလည်းဘာမှမျှော်လင့်ချက်မထားခဲ့ပါဘူး ဒီတိုင်းပဲချစ်နေခဲ့တာပါ ထပ်ပြီးတော့လည်းဒီတိုင်းချစ်နေမှာပါ "

" သမီးနာကျင်ရလိမ့်မယ် "

" အန်တီစိမ့်စမ်းညို နောက်ဆန်မတင်းပါနဲ့ စိတ်ထဲလည်းမထားပါနဲ့ အန်တီစိမ့်စမ်းညိုလည်းအန်တီစိမ့်စမ်းညိုချစ်စရာရှိတဲ့လူကိုချစ်ပါ သမီးလည်းသမီးချစ်တဲ့အန်တီစိမ့်စမ်းညိုကိုသမီးချစ်နေမှာပါ "

" အန်တီတောင်းပန်ပါတယ် "

" မလိုပါဘူး အန်တီစိမ့်စမ်းညို အရာရာခွင့်လွတ်ပေးပြီးထာဝရချစ်နေမှာပါ "

နွေဦးမောင်သည်စိမ့်စမ်းညိုကိုတင်းကြပ်စွာပွေ့ဖက်ထားမိလေသည်။

" ဒါကပထမဆုံးပွေ့ဖက်ခြင်းနဲ့နောက်ဆုံးပွေ့ဖက်ခြင်းပါ "

နှစ်ယောက်လုံးမျက်ရည်တွေကျခဲ့တယ်။အဘယ်ကြောင့်များလဲ။အချစ်ဟာ လောကဟာ သိပ်မတရားဘူးလို့ခံစားလိုက်ရတဲ့အခိုက်အတန့်တွေ...

" နွေဦးကိုသနားပါတယ် "

" တစ်ယောက်ကသစ္စာကြီးတာကိုပြခဲ့တယ် နောက်တစ်ယောက်ကလည်း ဖြူစင်ပြီးမျှော်လင့်ချက်ကင်းတဲ့ချစ်ခြင်းကိုပြသွားခဲ့တယ် လောကကြီးက တရားပါတယ်လေ "

အဖြစ်အပျက်အလုံးစုံကိုရပ်ကြည့်နေခဲ့သူတို့မှာမြကြာဖြူနဲ့မောက်ဝိုင်ဝမ်းတို့ပင်ဖြစ်သည်။

" ဟယ်လို မာမီ "

" သမီးငယ် ပြောလေ သမီး "

" အမ် ဘာမှမဟုတ်ပါဘူး ဒီတိုင်းနေကောင်းလားလှမ်းမေးတာပါ "

" သမီး ငိုနေတာလား "

ရှိုက်သံတစ်ချက်ထွက်သွားဟန်နဲ့တူပါတယ်။

" မာမီ "

ရှိုက်ကြီးတငင်ငိုလိုက်မိပါပြီ။ဝမ်းနဲခြင်းအလုံးစုံကိုဖောက်ထုတ်ပြီးမိခင်ဖြစ်သူနဲ့ဖုန်းပြောရင်းငိုနေခဲ့တာပါ။

" သမီးငယ် "

" မာမီ သမီးချစ်တဲ့သူကိုသူချစ်တဲ့လူနဲ့တွေ့ရတော့အရမ်းပျော်ပါတယ်မာမီ "

ငိုနေတဲ့မျက်လုံးတွေကြားထဲက နှုတ်ခမ်းကလေးအနည်းငယ်တွန့်သွားလျက်သူမဆိုလေသည်။

" မာမီ သမီးကိုဘာလုပ်ပေးရမလဲတောင်မာမီမသိတော့ဘူးကွယ် "

" မာမီလည်းဒယ်ဒီနဲ့အတူတူပြန်တွေ့ပေးပါ တခြားဘာမှမလိုပါဘူး တကယ်ချစ်ကြတဲ့သူတွေကအချိန်ဘယ်လောက်ပဲကြာကြာပြန်ချစ်နိုင်ကြတာပဲမလား "

ရွှေခင်စောမှာငြင်းလည်းမငြင်းဝံ့ ဘာစကားလုံးနဲ့မှပြန်လည်မချေပဝံ့ သို့ပေမယ့်သူ့နှလုံးသားတစ်နေရာမှာတော့အဖြေတစ်စုံတစ်ရာထုတ်ကောင်းထုတ်နေလိမ့်မည်။

ဒီလိုညတွေမျိုးကိုဘယ်လိုကျော်ဖြတ်ကြမလဲ။နွေဦးမောင်ရင်ထဲမှာဘယ်လောက်တောင်ကြေမွသွားခဲ့ပြီလဲ။စိမ့်စမ်းညိုရဲ့နှလုံးသားထဲမှာရောဘယ်သူတစ်စုံတစ်ယောက်ကတကယ်ပဲနေရာယူခဲ့သလဲ။ဖြစ်ပျက်ခဲ့ပြီးပြီပဲ။ဒီလူတွေကကိုယ်ရေးကိုယ်တာနဲ့အလုပ်ကိုယ်စီခွဲကြတဲ့လူတွေပီပီ နေ့သစ်တစ်ခုရောက်လာတာနဲ့မနေ့တနေ့ကဘာမှမဖြစ်ခဲ့သလိုမျိုးအပြုံးကိုယ်စီနဲ့နှုတ်ဆက်ပြောဆိုဆက်ဆံနိုင်ကြသေးတယ်။

" ဒီနေ့ စလုပ်မယ့် project ပါအန်တီစိမ့်စမ်းညို "

" အော် ကျေးဇူးပါသမီး "

" ပစ္စည်းတွေလည်းအဆင်သင့်ဖြစ်ပြီမို့မနက်စာစားပြီးတာနဲ့စထွက်လို့ပါပြီ "

" ဟုတ်ပါပြီ "

" မမ မိုးလိုက်လို့ရမလားဟင် "

" ခုမှနလန်ပြန်ထူနိုင်တာကိုအေးဆေးနားပါဦး "

" မမနဲ့အတူတူလိုက်ချင်လို့ပါ မမဓာတ်ပုံရိုက်တာမမြင်ရတာတော်တော်ကြာသွားပြီ "

ရှမ်းပြည်ကိုလာရတဲ့အကြောင်းက ရှမ်းပြည်ရဲ့ဓလေ့ထုံးတမ်းနဲ့အစဥ်အလာတွေလေ့လာမှတ်တမ်းတင်ဖို့ပါပဲ။

" သဘောပါရှင် အဲ့ဆိုလည်းလိုက်ခဲ့ "

" ying "

" ဟုတ် ဒေါက်တာ "

" တီစိမ့်တို့ကိုသေချာခေါ်သွားလိုက်နော် ဒေါက်တာကတော့လိုက်ဖြစ်မှာမဟုတ်တော့ဘူး ဒီနေ့ OT case ရှိလို့သွားရဦးမယ် "

" အော် ဟုတ်ကဲ့ပါ "

" အားလုံးပဲ အေးဆေးစားကြဦး တို့တော့ထနှင့်တော့မယ် သွားပြီနော် ဘေဘီ "

မနက်စာဝိုင်းမှထအသွား မောက်ဝိုင်ဝမ်းကိုမြကြာဖြူကနဖူးလေးအား kiss ပေးသွားလေသည်။

ကျန်တဲ့သူတို့သုံးယောက်ကတော့ပြုံးပြုံးကြီးကြည့်ပြီးကျန်နေခဲ့တယ်။

ရှမ်းပြည်ရဲ့ဆောင်းဦးလေးကသိပ်လှပရက်လွန်းပါတယ်။သူတို့ပြင်ဆင်ပြီးနောက်ကျမှထွက်ခဲ့ပေမယ့် မြူပင်တော်တော်လေးဆိုင်းနေသေးသည်။အေးခဲလှသည့်အချိန်တော့မဟုတ်သေး အေးချမ်းလှသည့်အချိန်မှာ...

" မိုး ချမ်းနေလား "

" နဲနဲပါ မမ "

" မမ သဘက်လေးလွှမ်းထားလိုက် "

နေမကောင်းဖြစ်ပြီးအနည်းငယ်ပိန်ကျသွားတဲ့မိုးဝေရီရဲ့ခန္ဓာကိုယ်ကလေးအားသဘက်ကလေးနဲ့လွှမ်းခြုံအုပ်မိုးပေးလိုက်သည်။
အော်...နွေးထွေးလှပေါ့ နွေဦးမောင်တစ်ယောက်ကတော့ အေးနေလား ပူနေလားတောင်သူမကိုသူမသိပုံမရဟန်တူပါသည်။
အပြင်ကမြူတွေငေးနေရင်းသာတိတ်တိတ်ကလေးလိုက်ပါသွားသည်။

" ဘုရားကြီးက သပ္ပာယ်လိုက်တာ "

ဦးစွာပထမခေါ်သွားတဲ့နေရာက ဗုဒ္ဓဘာသာထွန်းကားရာနယ်မြေပီပီ နမ့်လန်မြို့ငယ်လေးရဲ့အထင်ကရဘုရားကြီးတစ်ဆူကိုဖူးမြော်ရအောင်ခေါ်သွားလေသည်။

" ဟုတ်တယ် တီစိမ့် ဒါ ying တို့မြို့ရဲ့အကြီးဆုံးဘုရားတစ်ဆူပဲ "

" ဘုရားစေတီရဲ့သမိုင်းကြောင်းလေးပြောပြလို့ရမလား တီတို့ကို "

" အာ ရပါတယ် ying သေချာတော့မသိပေမယ့် သိသလောက်တော့ပြောပြပါ့မယ် သိပ်တော့တိကျမယ်မထင်ဘူး "

" ရပါတယ် အကြမ်းဖျင်းလောက်ပေါ့ "

" မှတ်မိတာမမှားဘူးဆို ဒီဘုရားကိုစတည်တာက 2019 နှောင်းပိုင်းကာလတွေမှာဖြစ်မယ်ထင်ပါတယ် 2023 မှာတော့ ဘုရားကိုယ်ထည်တည်ထားပြီးစီးတာ အမြင့်ပေတွေအကျယ်တွေကိုတော့ ying အသေအချာမသိပါဘူး "

" အချိန်တော်တော်ယူလိုက်ရပုံပဲနော် "

" ဟုတ်တယ် တီစိမ့် "

" တီတို့အပေါ်တက်လို့ရသလား "

" ရပါတယ် တီစိမ့် တက်ကြမယ်လေ "

ဘုရားရဲ့တည်ထားပုံက လေးထောင့်ပုံစံအထဲကမှဘုရားကအလယ်မှာ နှစ်ဖက်နှစ်လှံမှာကတက်စရာလှေကားထားထားသည်။ဘုရားရင်ပြင်ပေါ်ရောက်လျှင် မြင်ရတဲ့အောက်က ရှုခင်းတွေလည်းပန်းချီတစ်ချပ်လိုပင်တင်စားလို့ရသည်။နေသာသာနေ့တွေမှာတိမ်စိုင်တွေဝဲပျံလွှင့်စင်နေပုံကိုလည်းရင်သပ်ရှုမောဖွယ်ကြည့်ရှုနိုင်ပါသေးသည်။

" မြူတွေကင်းပြီး တိမ်တွေထွက်လာရင်ပိုလှနေမှာနော် view တွေက "

တစ်လျှောက်လုံးတိတ်ဆိတ်လာတဲ့နွေဦးမောင်ကတိုးတိုးကလေးဆိုမိလေသည်။ဘာကြောင့်မှန်းရယ်မသိပေမယ့် နွေဦးမောင်စကားကိုကြားတော့ စိမ့်စမ်းညိုမှာသူမကိုမသိမသာနဲ့တွေဝေသွားတဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့မိသည်။

သူမဆိုလိုချင်တာ ကောင်းကင်တစ်ခွင်ကမြူတွေလား ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ရင်ထဲကမသေချာမရေရာတဲ့တွေဝေခြင်းမြူစိုင်တွေလား။

ဆက်ရန်....

NLY🤎

Okumaya devam et

Bunları da Beğeneceksin

476K 30K 40
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...
250K 15.6K 46
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
584K 15.7K 80
A butler was the job description. Do what he wants. Get what he desires. That's all I have to do, but suddenly, I am thrown into a completely differe...
88.4K 3.8K 24
Book #1 of DESTINY'S ALIGNMENT SERIES *・゚゚・*:.。..。.:*゚:*:✼✿  🪄 "Shut up" "Your lips please ma'am" "What do you want? " "You, your love " "What...