သန်းကြွယ်ခြေလှမ်း (လင်းဖန်)

By Miracle_Phyu97

64.5K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... More

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-7

829 78 0
By Miracle_Phyu97

သန်းကြွယ်ခြေလှမ်း

အခန်း(၇) ကြမ်းတမ်းပြီး ချစ်ဖို့ကောင်းသူ

လင်းဖန်တစ်ယောက် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ ရှားဝမ်ချွေ့ကလည်း သူမ၏ ခေါက်ဆွဲကို စားပြီးသွားပြီဖြစ်သည်။

ကြက်ဥခေါက်ဆွဲ တစ်ပန်းကန်ကို ၇ ယွမ် ဖြစ်၏။

"လင်းဖန် နင့်ကို WeChat ကနေ ပိုက်ဆံ ပို့ပေးလိုက်တယ်နော်" ရှားဝမ်ချွေ့က ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ပြောလိုက်ပါသည်။

သူတို့က အတန်းဖော်ဟောင်းများဖြစ်ကြပြီး ရင်းနှီးကြသော်လည်း လင်းဖန်က ရှားဝမ်ချွေ့ကို ကျသင့်ငွေ သက်ညှာမပေးဘဲ သူမကလည်း ဦးစွာ ရှင်းတတ်သည်။

လင်းဖန်သာ ကျသင့်ငွေကို မတောင်းပါက သူတို့၏ ဆက်ဆံရေး သဘောသဘာဝ ပြောင်းလဲသွားပြီး သူမကိုပင် သဘောကျသွားနိုင်သည်။

ထို့အပြင် လင်းဖန်မှာသာ စနစ်မရှိပါက သူ့ကိုယ်သူ ထောက်ပံ့ဖို့တောင် ခက်ခဲနိုင်ပါသည်။ ၇ ယွမ်ကလည်း ပိုက်ဆံ ဖြစ်၏။

"ကောင်းပါပြီ" လင်းဖန်က ခေါင်းငြိမ့်ကာ ဖုန်းကိုတော့ ထုတ်မကြည့်တော့ပေ။

"လင်းဖန် ဒီမှာ နင့်စီးပွားရေးကလည်း သိပ်မကောင်းဘူး။ နင်ပိုက်ဆံများများစားစား မရဘူး မလား" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ပိုက်ဆံတော့ အများကြီး မရပေမယ့် ကိစ္စမရှိပါဘူး။" လင်းဖန်က ပြန်ပြောလိုက်ပါသည်။ သူ့တွင် ယွမ်သန်းရာချီ တန်ကြေးရှိသည့် ဇိမ်ခံကားနှင့် စံအိမ်ကြီးများ ရှိသည်။ ဘဏ်အကောင့်ထဲမှာလည်း ယွမ် ၁၀၀,၀၀၀ ရှိသေး၏။ အနည်းဆုံးတော့ လောလောဆယ်အတွက် စားစရာ ဝတ်စရာ အတွက် စိုးရိမ်ဖို့ မလိုတော့ပေ။ နောက်ပိုင်းတွင် ပိုကောင်းတာ တစ်ခုခုပင် ရလာနိုင်သည်။ ထို့ကြောင့် စားသောက်ဆိုင်ငယ်လေး၏ စီးပွားရေးကို သူသိပ်မမှုပါ။

"နင်က ဒီလောက် ချောတာကို ငါတို့ကုမ္ပဏီထဲ ဝင်လို့ ရတယ်လေ။ ပြီးရင် အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက် လုပ်လို့တောင် ရတယ်။ အချိန်တန်ရင် ပရိတ်သတ်တွေ အများကြီး ရလာမှာပဲ" ရှားဝမ်ချွေ့က သူမ၏ လက်ထဲက ကြောင်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်ပါသည်။

"အချိန်တန်ရင် ငါတို့တွေ ဇာတ်ညွှန်း အတူတူ ဖတ်ကြပြီး အတူတူ သရုပ်ဆောင်လို့တောင် ရတယ်..." ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ ယခင်တုန်းက သူမ အမြဲတမ်း အကြင်နာပေးခန်းများ၊ လက်ကိုင်ခန်းများ စသည့် ဇာတ်ဝင်ခန်းများကို မရိုက်ကူးဖို့ ငြင်းဆိုခဲ့သည်။ ကုမ္ပဏီအတွက် ထိခိုက်မှုလည်း များခဲ့၏။ ကံကောင်းစွာဖြင့် သူမက ကုမ္ပဏီ၏ ထိပ်တန်း သရုပ်ဆောင်တစ်ယောက် ဖြစ်သဖြင့် ကုမ္ပဏီက ဘာမှ မပြောခဲ့ပေ။

"အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ဒီလိုနေတာက တော်တော်လေး စိတ်ချမ်းသာဖို့ ကောင်းတယ်လို့ ငါတော့ထင်တယ်။ နေ့တိုင်းက တိတ်ဆိတ်ပြီး ပျော်စရာကောင်းတယ်။ မကြာမကြာ ငါ့မိဘတွေဆီကိုလည်း ဖုန်းဆက်တယ်။ အရာရာ အဆင်ပြေပါတယ်။ နာမည်ကျော် တစ်ယောက်ဖြစ်ရတာက အရမ်းဖိအားများတယ်လေ" လင်းဖန်က ငြင်းဆန်လိုက်ပါသည်။

သူက အခုတောင် အလွန်ချောမောနေပြီးသား ဖြစ်သည်။ လမ်းမပေါ်တွင် ကောင်မလေး များစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။ သတင်းသမားများက သူ့နောက်ကို လိုက်လာပြီး အမျိုးသမီးပရိတ်သတ်မျိုးစုံက သူ့ကို အထာပေးကြသည်။

ဒီလိုဘဝမျိုးကတောင် တွေးကြည့်ရုံနှင့် ဖိအားများလှသည်။ လင်းဖန်က ဘဝကို ပျော်ပျော်ပဲ နေလို၏။ အိမ်ငှားခများ ကောက်ခံမည်။ မိန်းကလေးများကို ဖွန်ကြောင်မည်။ မကြာခဏ လေ့ကျင့်ခန်းလည်း လုပ်မည်။ ဒီလိုဆို မကောင်းဘူးလား။

"သိပါပြီ..." ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများ အနည်းငယ် အရောင်မှေးမှိန်သွားရသည်။

"ပြီးတော့ နင်နဲ့ အတူတူ သရုပ်ဆောင်ရင် နောက်ပိုင်း နင့်ပရိတ်သတ်တွေ ဝန်းရံတာပါ ခံရမှာပေါ့..."

"ခုနတုန်းက ငါ့ကိုခေါက်ဆွဲ ကျွေးတာသာ သူတို့တွေ မြင်သွားလို့ကတော့..." လင်းဖန်က ပြုံးလိုက်တော့သည်။ မသိစိတ်ထဲတွင်လည်း ရှားဝမ်ချွေ့က သူသိထားသည့် အရင်တုန်းက အတန်းဖော် မဟုတ်တော့မှန်း ခံစားမိဆဲ ဖြစ်ပါသည်။

လက်ရှိ ရှားဝမ်ချွေ့က မရေမတွက်နိုင်သော လူပေါင်းများစွာ သဘောကျသည့် နာမည်ကျော်တစ်ယောက် ဖြစ်သည်။ စနစ်သာ မရှိပါက သူကတော့ ခက်ခဲသည့် ဘဝမျိုးနှင့် သာမန်လူသာ ဖြစ်သည်။

"မြောင် လူဆိုးကောင် လင်းဖန်။ ငါနင့်ကို ကုတ်မှာနော်"

"နင့်ကို ခေါက်ဆွဲချက်ကျွေးတာ ဘာဖြစ်လို့လဲ။ ကျောင်းတုန်းကလည်း နင်ငါ့ကိုကျွေးတာပဲ။ ငါနဲ့အတူတူ သရုပ်ဆောင်ရတော့ကော ဘာဖြစ်လဲ။ ငါက နင့်အတန်းဖော် မဟုတ်ဘူးလား"

"ငါ့မှာ အခု ပရိတ်သတ်နည်းနည်း ရှိနေပြီ ဆိုပေမယ့် ငါက သာမန်လူဖြစ်နေတုန်းပဲ။ ငါ့ကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လူတစ်ယောက်လို့ သဘောမထားစမ်းပါနဲ့။ ဟင်း အဲ့တာမျိုး နောက်တစ်ခေါက် ထပ်ပြောလို့ကတော့ ငါစိတ်ဆိုးမှာနော်" ရှားဝမ်ချွေ့က ကြမ်းတမ်းချင်ယောင် ဆောင်ပြီး လင်းဖန်ကို စိုက်ကြည့်လိုက်ပါသည်။

"နင်စိတ်ဆိုးရင် ဘာလုပ်မှာလဲ" လင်းဖန်က ရှားဝမ်ချွေ့၏ စိတ်ဆိုးနေသော မျက်နှာကို ကြည့်ကာ အကြောင်းမရှိဘဲ ချစ်ဖို့ကောင်းသည်ဟု ခံစားမိသည်။

"မြောင် ကိုက်မှာလေ ငါက အရမ်းကြမ်းတမ်းတာ" ရှားဝမ်ချွေ့က ပြောလိုက်သည်။

"ကြမ်းတမ်းပြီး ချစ်ဖို့ကောင်းတာပေါ့" လင်းဖန်က ပြုံးလိုက်သည်။

"မဟုတ်ဘူး ကြမ်းတာတစ်ခုတည်းပဲ။" ရှားဝမ်ချွေ့က အလွန် စိတ်ဆိုးစွာဖြင့် လင်းဖန်ကို ရိုက်လိုက်ပါသည်။

"နာတယ်ဟ" လင်းဖန်က အက်ကွဲကွဲ အသံဖြင့် ပြောလိုက်သည်။ သူက ဟန်ဆောင်နေတာသာဖြစ်သော်လည်း သူနဲ့ ရှားဝမ်ချွေ့တို့က အထက်တန်းကျောင်း တက်စဥ်ကတည်းက ဒီလိုပဲဖြစ်သည်။

"ငါလုပ်တာ နာသွားလား" ရှားဝမ်ချွေ့၏ အကြည့်က နူးညံ့သွားပြီး သိမ်မွေ့စွာ မေးလိုက်ပါသည်။

"မနာတော့ပါဘူး" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ သူမ၏ ချစ်ဖို့ကောင်းမှုကြောင့် သူအရည်ပင် ပျော်သွားပြီဟု ခံစားလိုက်ရသည်။ သူ့ရှေ့က ဒီလို လှလှပပ ကောင်မလေးသာ တကယ် သရုပ်ဆောင်လျှင် ဘယ်သူက ခံနိုင်ရည်ရှိမည်နည်း။

ရှားဝမ်ချွေ့က ထိုင်လိုက်ကာ နူးနူးညံ့ညံ့ ပြုံးလိုက်ပါသည်။ "လင်းဖန် နင်က အထက်တန်းကျောင်းတုန်းက ပုံစံအတိုင်းပဲ"

"နင်နာမည်ကျော် ဆယ်လီ မဖြစ်ချင်လည်း ငါ့မန်နေဂျာလုပ်ပြီး လစာမြင့်မြင့် ရနိုင်တာပဲ" ရှားဝမ်ချွေ့က အတည်ပေါက် ပြောလိုက်သည်။

"အဆင်မပြေပါဘူး။ ငါက ချောလွန်းနေတော့ နင့်နာမည်တွေကို လုမသွားနိုင်ဘူးလား" လင်းဖန်က ပြုံးလိုက်သည်။

"နင်ကတော့..." ရှားဝမ်ချွေ့၏ မျက်နှာက လင်းဖန်ကို ကြည့်ရင်း ရှက်သွေးဖြာစွာ နီရဲသွားသည်။ ဒီကောင် လင်းဖန်ကတော့ အမြဲတမ်း ပြဿနာရှာနေတာပဲ။

"မြောင်~" မီးခိုးရောင် ကြောင်လေးက အော်ပြီး ရှားဝမ်ချွေ့၏ လက်ထဲသို့ ခုန်တက်လိုက်ပါသည်။ ထို့နောက် လင်းဖန်ကို ကြမ်းတမ်းစွာဖြင့် လက်သည်း ထုတ်ပြလိုက်သည်။

"ဒီကြောင်လေးကို နင့်ဆီမှာ ထားခဲ့မယ်နော်။ ငါ့ကို ကူထိန်းပေးပါဦး" ရှားဝမ်ချွေ့က သက်ပြင်းချလိုက်သည်။ သူမက အမြဲလိုလို အလုပ်များနေတတ်သဖြင့် ဘယ်လိုလုပ်ပြီး ကြောင်ကို ယုယဖို့ အချိန်ရှိမည်နည်း။

"ဟုတ်ပါပြီ" လင်းဖန်က ချက်ချင်း သဘောတူလိုက်ပါသည်။ မီးခိုးရောင် ကြောင်လေးကို သူပြုံးပြလိုက်၏။ ဒီကြောင်အိုကြီးက ငါ့ကို ထိခိုက်အောင် လုပ်ထားတာ။ နောက်ဆုံးတော့ ဝှေးသင်းဖို့ ခေါ်သွားလို့ရပြီ။

"အနိုင်မကျင့်နဲ့နော်" ရှားဝမ်ချွေ့က ထပ်ပြောလိုက်သည်။

"ငါ့အဆင့်အတန်းက ကြောင်တစ်ကောင်နဲ့တောင် မယှဥ်နိုင်တော့ဘူးလား။" လင်းဖန်လည်း အနည်းငယ် စိတ်ဆိုးသွားပါ၏။ ဒီကြောင်က သူငယ်ချင်းစိတ်ဓာတ်ထက် အချစ်ကို ဦးစားပေးတတ်တဲ့ကြောင်ပဲ။

"အမ်းးး... မိသားစုသုံးယောက်ထဲမှာ သေချာပေါက် နင့်အဆင့်က အနိမ့်ဆုံးပဲပေါ့" ရှားဝမ်ချွေ့က ခပ်ပါးပါးလေး ပြုံးလိုက်ပါသည်။

"နင့်ရဲ့ မိသားစု သုံးယောက်က ဘယ်သူတုန်း။ ငါ့ရဲ့ ယွမ်သိန်းချီကို လိမ်ယူဖို့ မကြိုးစားကြနဲ့နော်" လင်းဖန်က ကြောင်ကို သတိထားပြီး ယူလိုက်ပါသည်။ သူက ဒီကိုလာစားရုံသာ မကသေးဘဲ တင်တောင်းငွေကိုပါ လိုချင်သေးတာလား။ နောက်ပိုင်းကျရင် ဒီနေရာမှာ အလကား စားရမှာပဲမဟုတ်ဘူးလား။

ရှားဝမ်ချွေ့က စိတ်ဆိုးသွား၏။ "ကိုက်မှာနော်။"

လင်းဖန်၏ ညာလက်ပေါ်တွင် ကိုက်ရာကြီး ထင်သွားသည်။

"လခွမ်း... နင်ခွေးနှစ်မှာ မွေးခဲ့တာလား" လင်းဖန်က သူ့လက်မောင်းပေါ်က သွားရာကို ကြည့်လိုက်သည်။ သူကတော့ စနောက်ရုံသာဖြစ်ပြီး ရှားဝမ်ချွေ့က တကယ်ကိုက်သည်။

"~~~ ငါအလုပ်လုပ်စရာရှိသေးလို့ အရင်ပြန်နှင့်တော့မယ်။ ကြောင်ကို နင့်လက်ထဲ အပ်ခဲ့မယ်နော်။ သူ့နာမည်ကို ချွေ့ချွေ့လို့ ပေးလိုက်မယ်" ရှားဝမ်ချွေ့က မတ်တပ်ရပ်ကာ ကြောင်လေးကို ပွတ်သပ် ယုယပေးလိုက်သည်။

"အမ်း အိုကေ" လင်းဖန်က ကြောင်လေးကို ခေါ်ကာ အခန်းတံခါးမှ ထွက်သွား၏။

ရှားဝမ်ချွေ့က သူမ၏ ကြောင်နားရွက် ဦးထုပ်နှင့် မျက်နှာဖုံးတို့ကို ပြန်ဝတ်လိုက်သည်။ ကံကောင်းစွာဖြင့် အနီးအနားတွင် ဘယ်သူမှ ရှိမနေပါ။ လင်းဖန်၏ သုံးဘီးဆိုင်ကယ်ဟောင်းကြီးကို မြင်သောအခါ သူမက နူးညံ့စွာ သက်ပြင်းချလိုက်သည်။

"နင့်သုံးဘီးဆိုင်ကယ်ကြီးကို လဲချင်လား။ ဒါကြီးကို စီးရတာ ဘေးမကင်းဘူးနော်" ရှားဝမ်ချွေ့က လင်းဖန်ကို ပြန်လှည့်ကြည့်လိုက်ပါသည်။

"ရပါတယ်။ ငါအပြင်သွားရင် ကားနဲ့သွားနေကျ" လင်းဖန်က ခပ်လှမ်းလှမ်းတွင် ပါကင်ထိုးထားသည့် Bugatti La Voiture Noire ကားကြီးကို လက်ညှိုးထိုးပြလိုက်သည်။

ပြိုင်ကားကြီးကို မြင်သောအခါ ရှားဝမ်ချွေ့က ကြည့်လိုက်ပြီး လင်းဖန်ရှေ့သို့ လျှောက်လာ၏။ ထို့နောက် လင်းဖန်မျက်နှာအား လက်သည်းဖြင့် ဆိတ်ကာ ပြောလိုက်သည်။ "အရူးကောင် လင်းဖန်။ ဘယ်လိုကြွားရမလဲ ဆိုတာပဲ သိတယ်။  ငါအရင်ပြန်တော့မယ်ဟေ့။ နောက်တစ်ခေါက် လာကြွားရင် ကိုက်မှာနော်။"

လင်းဖန်က ရယ်လိုက်ပါသည်။

တကယ်ပါ။ အမှန်တိုင်းပြောတာတောင် သူ့ကို ဘယ်သူမှ မယုံကြည်ကြပေ။

Bugatti ကြီးအကြောင်းကိုတော့ လင်းဖန် ရှင်းပြမနေတော့ပါ။ တခြားသူများရှေ့တွင် သူ့ကြွယ်ဝမှုကို ထုတ်မကြွားချင်ပါ။

ထွက်ခွာသွားသည့် ရှားဝမ်ချွေ့၏ နောက်ကျောဘက်ကို ကြည့်ရင်း လင်းဖန်က သူ့ဖုန်းကင်မရာကို ဖွင့်ကာ ရှားဝမ်ချွေ့၏ ဓာတ်ပုံတစ်ပုံအား ရိုက်လိုက်သည်။

သိပ်မကြာခင် လင်းဖန်တစ်ယောက် ရှားဝမ်ချွေ့၏ နောက်ကျောကို မမြင်ရတော့ပေ။

WeChat တွင် ရှားဝမ်ချွေ့ပို့သည့် မက်ဆေ့ချ် တစ်စောင်ကို လင်းဖန် ရရှိပါသည်။

ရှားဝမ်ချွေ့ : "ငါပြန်နှင့်ပြီနော်"

လင်းဖန် : "ဂရုစိုက်ဦး"

ရှားဝမ်ချွေ့ : "~~~"

Continue Reading

You'll Also Like

1.1M 64.7K 58
သူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပ...
137K 9.2K 46
តួឯកJeon Jungkookជាម៉ាហ្វៀសម្លាប់មិនរើស មុខមិនញញើតនឹងច្បាប់ តួឯកKim Taehyungជាកូនចិញ្ចឹមអ្នកម្នាង
193K 11.5K 23
ᴠᴋᴏᴏᴋ ᴍɢʟ sᴛᴏʀʏ ᴇɴᴛᴇʀᴇᴅ:+18 @_ᴠɴᴀʙɪ🦋 ©190624
419K 52.1K 139
I Become the Older Brother of the Heroine in Abusive Novel Description ယုံနင်မြို့စား၏ဆက်ခံသူ ကျွင်းဟွိုင်လန်မှာ ပြန်လည်မွေးဖွားလာပြီးနောက် သူက ရှော...