S.O.L.U.T.I.O.N ( YOSAHI ) Co...

Door Donut-15

2.5K 392 129

ရှေ့‌ဆက်တိုးမယ်ပေါ့... နာကျင်ရင်တောင်မှလား? Meer

INTRO
Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15) Final

Part (6)

121 23 4
Door Donut-15

ဒီလိုနဲ့ပဲ Yoshi အမြဲလာရောက်ထိုင်နေကြ Bar သို့ပင် ဦးတည်၍ ဂယူဟာမောင်းလာခဲ့သည်။
Bar တွင် ထူးဆန်းတာတစ်ခုတွေ့လိုက်ရခြင်းမှာ Only LGBT  အတွက်သာဖွင့်ထားခြင်းပင် ဖြစ်သည်။

" Kyu "

" ခင်ဗျား ကျုပ်ကို ဂယူ ကလွဲရင် ကျန်တာခေါ်ပါလား "

" ဘာလို့လဲ "

" ဂယူ ဆိုတဲ့ နာမ်စားက တစ်ယောက်သောသူအတွက်ပဲ မို့လို့ပါ "

" ဟုတ်ကဲ့ .... လိုရင်းပဲပြောကြတာပေါ့ "

" မေးချင်တာမေးပါ... ငါသိသလောက် အကုန်ပြောပြပါ့မယ် "

" Yoshinori ရဲ့ဖြစ်တည်မှု အကုန်လုံးကျွန်တော်သိချင်တယ် "

" မဟုတ်မှ လွဲရော ကောင်လေး.. မင်း "

ဂယူ့ရဲ့ရီသံဟာ လှောင်ရီ သလို ရိသဲ့သဲ့ဖြင့် သူ့အားစိုက်ကြည့်နေမိသည်။

" ခင်ဗျား ကျုပ်ကို အဲ့လိုအကြည့်မျိုးနဲ့မလှောင်ပါနဲ့ ဂင် ဂျွန်း ဂ ယူ "

" အဟက်...မင်းမငြင်းပါနဲ့ "

" မပြောပြချင်လဲနေတော့ ပြန်တော့မယ် ၊ အာရုံတော့လာမစားနဲ့ "

" ထိုင်ပါ ထိုင်ပါ ... စိတ်ကြီးပဲ ပြောပြပါ့မယ် "

" ဒီလိုပါ.. သူ့ရဲ့ဘဝအမှန်က "

  __________________________________

~ 12 YEARS AGO ,

Yoshi Dark Side -

" ခွမ်း... " မှန်ကွဲသံကြောင့် ရုတ်တရက်ပြေးဝင်လာခဲ့တဲ့ မိန်းမတစ်ယောက် ။ ထိုသူမှာအသားဖြူဖြူ ပိန်ပိန်ပါးပါး အရမ်းလှပလွန်းလှသည့် ယိုရှီ့ရဲ့ မေမေဖြစ်နေလေသည်။

" သားလေး... မေ့သားလေး ဘာဖြစ်တာလဲ "

ရင်ခွင်ထဲ၌ သားလေးကိုဖက်ထားလျှက် မျက်ရည်လေးတွေဟ မြေသို့ပင် ခ လေသည်။

" ရှင်မ မင်းရဲ့သားလုပ်ပုံဟုတ်သေးရဲ့လား ၊ ကြည့်စမ်း သူ့မှန်တင်ခုံအံဆွဲထားမှာ "

" ဟယ် နှုတ်ခမ်းနီတွေ ၊ သားနှုတ်ခမ်းပြစမ်း , နှုတ်ခမ်းမှာလဲ နှုတ်ခမ်းနီတေနဲ့သားလေးရယ် "

" မင်းရဲ့သားက ယောက်ျား တစ်ယောက်ဖြစ်ပီး ဒီလိုတွေလုပ်နေတာ ငါ့အသိုင်းအဝိုင်း ငါ့ရဲ့ဂုဏ်သိက္ခာတွေကို ဟိုးအောက်ဆုံးထိထိုးချဖို့ဆိုတာ လွယ်လွယ်လေး "

" လာပြန်ပီလား.. ရှင့်ရဲ့ ဂုဏ်သိက္ခာ ၊ ကျွန်မကိုလဲရှင့်ရဲ့ ဂုဏ်သိက္ခာတစ်ခုထဲ အတွက်နဲ့ လက်ထပ်ခဲ့တာပဲမဟုတ်လား "

" မင်း ပါးစပ်ပေါက်က်ုပိတ်ပီး မင်းရဲ့သားကို ပြန်ပြုပြင်ခိုင်း ၊ ငါ့က်ုစောတကမတက်နဲ့ "

" တော်စမ်းပါ... အခု ကျွန်မသားလေး ဘာပဲဖြစ်ဖြစ် ဘယ်လိုပုံစံပဲဖြစ်ဖြစ် ၊ သူ့ကိုလက်ခံမှာ ၊ ကိုမွေးထားတဲ့ရင်သွေးပဲလေ ၊ ဘာပဲဖြစ်ဖြစ်ပေါ့ ရှင်လူမဟုတိဘူးလား ၊ လူကမွေးတာမဟုတိဘူးလား KANEMOTO SAN , ပြောစမ်းပါ "

" တော်စမ်းကွာ  ကတောက် , ငါ့အရိပ်အောက်မှာနေသ၍ ငါ့ရဲ့ အမိန့်ကို နာခံနေရမှာပဲ ၊ မဟုတ်ရင်အကုန်သတ်ပစ်မယ် "

အခန်းတံခါးကိုဆောင့်ပိတ်ကာ ထွက်သွားခြင်းပင် ၊ ကျန်ခဲ့တဲ့သားမိနှစ်ယောက်မှာတော့ ငိုကြွေးကာနေလျှက်သားငယ်လေးအားရင်ခွင်ထဲပိုက်ထားလေသည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ နောက်သုံးလေးနှစ်ကြာတဲ့အထိကို ပိုပိုဆိုးလာခဲ့သည်။
ယိုရှီရဲ့ မေမေဟာလဲ သူ့ရဲ့အဖေကိုစိတ်ကုန်တာကြောင့် မိဘနှစ်ပါးလုံး သူ့ရဲ့မျက်နှာကိုတသ်ချက်မကြည့် အတ္တတွေနဲ့သာ တစ်ဖက်တစ်ချက်စီလျှောက်လှမ်း‌ကြတော့သည်။

" လာစမ်း.... "

KANEMOTO SAN ဆွဲတဲ့နောက်ကို တစ်ရွတ်တိုက် လိုက်ပါလာခဲ့တာကြောင့် ဒူးတွေပွန်းပဲ့ကာ ခြေဖဝါးတွေဟာ ပေါက်ပြဲလျှက် သွေးတွေဟာ တစတစထွက်နေခဲ့သည်။

" ပါးရယ် တော်ပါတော့ ပါးမကြိုက်တာ နောက်မလုပ်တော့ဘူးနော် "

" ဖြောင်း......ဖြောင်း "

" ပါး သားကိုရိုက်နေမဲ့အစားသတ်လိုက်ပါလား "

" မင်းက ငါ့စီးပွားရေးကိုလာလာရှုပ်တဲ့ကောင်ပဲ ၊ မင်းရဲ့အဲ့စိတ်ကို ဘယ်တော့မှ ပြင်မှာလဲ ငါ့ကိုပြော ...ပြောလို့ ဖြောင်း....."

" သား ရှင်သန်ရတာ အဆင်ပြေရဲ့လား လို့ ပါးမေးခဲ့ဖူးလား ၊ တကယ်ဆို အရမ်းပင်ပန်းနေပီ , သားကိုလွတ်လပ်ခွင့်ပေးပါတော့ "

" $ကြီး $ကျယ်တွေ ပြောတတ်အောင် မင်းကိုဘယ်သူသင်‌ပေးထားလဲ , မင်းအဲ့အခန်းထဲကကိုမထွက် နဲ့ ၊ စားစရာတွေအကုန်လာ‌ပို့ပေးမယ် ၊ "

" သိပ်ကို မုန်းတယ်ပါး... ပါးရဲ့သားအဖြစ်မွေးဖွားလာရတာကိုက ဘဝကြီးတစ်ခုလုံး စုတ်ပြတ်သတ် ၊ အကျည်းတန်လွန်းတယ် "

" ဘာ "

" ဟုတ်တယ်.... ဘယ်မှာလဲ သားသမီးအပေါ်ထားတဲ့အချစ် ၊ မေတ္တာ ၊ သံယောဇဉ် ဘာတစ်ခုမှ မရခဲ့ဘူး "

" အဲ့အရာတွေထက် ဂုဏ်သိက္ခာက ပိုအရေးကြီးတယ်ဆိုတာ မင်းသိလား "

" တော်စမ်းပါ... တစ်ခါလာလဲ အဲ့စကားပဲ ၊ ရှင်သန်ရတာ အဓိပ္ပါယ်မဲ့လာပီ ၊ မေမေ ဘာကြောင့် ပါးနဲ့ ကွာပီး သားကိုထားခဲ့လဲအစကမသိခဲ့ဘူး ၊ အခုတော့ အဲ့ဒီ့စိတ်တွေကြောင့်ပဲ မေမေဒဏ်ရာရခဲ့တာ ကြိမ်းသေနေတာ "

" ‌$ စကားတွေများတယ်ကွာ... ဖြောင်းးး ၊ မင်းအဲ့အဲ့ gay နေတဲ့စိတ်ကိုပြင်မှ လွတ်လပ်ခွင့်ဆိုတာရမယ် ၊ Kanemoto မျိုးရိုးရဲ့ အမွေဆက်ခံရမဲ့သူက Gay ဖြစ်လို့မရဘူးဆိုတာ မင်းခေါင်းထဲရိုက်ထည့်ထား ၊ အခန်းထဲက ထွက်လာဖို့မကြိုးစားနဲ့ ပေးတာယူ ကျွေးတာစား ၊ စောတကမတက်နဲ့ "

တံခါးကိုသော့အထပ်ထပ် ခပ်ထားလျှက်အကျဉ်းသားတစ်ဦးလိုပင် ခြံရံခံရသည်။

တကယ်ဆို သိပ်ကိုပင်ပန်းနေပါပီ ၊ လှောင်အိမ်ထဲက ငှက်လို အတောင်ပံနှစ်ဖက်လုံးကိုလဲ ရိုက်ချိုးခံထားရတဲ့ငါက ဘာအတွက်များ တောင့်ခံနေရဦးမှာလဲ ။

လူတွေကိုသိပ်မုန်းတယ်။အမြဲတမ်း ကိုယ့်မှာ အခက်အခဲတွေရှိနေရင်တောင် အရာအားလုံးဟာ အဆင်ပြေပြန့်ပြူးနေပါတယ်လို့ ကိုယ့်ဟာကိုယ် လိမ်ညာနေမိတာဟာလား အပြစ်ပါ ၊ ငါ suicide သင့်လား ? ၊ 

စိတ်‌ဖိစီးမှု‌ဒဏ်ကိုငါ့လောက်ကောဘယ်သူကခံနေရမလဲ...? Gay ? အကြောင်းပြချက်က gay ဖြစ်နေလို့တဲ့...အဟက် ၊ ငါ့ကိုလက်ခံပေးတဲ့သူတွေသာရှိသော်ငြား ရင်ဆိုင်ဖြေရှင်းရတာမခက်သည့်အပြင် အသိအမှတ်ပြုတဲ့သူတစ်ယောက်ထဲရှိရင်သာ အဆင်ပြေပါတယ် ။

မုန်းတယ် အဖေ ၊ ကျုပ်ရဲ့အနာဂတ် ၊ ကျုပ်ရဲ့ လမ်းစတွေ ကို ဖျက်စီးခဲ့တာဟာ ကျုပ်ရဲ့ ပျံသန်းတော့မဲ့ အတောင်ပံနှစ်ဖက်လုံးကိုရိုက်ချိုးလိုက်တာနဲ့အတူတူပဲမလား ?

အတ္တကြီးတဲ့ အဖေ့ကိုလဲမုန်းသလို တစ်ယောက်ထဲ ကိုယ်လွတ်ရုန်းခဲ့တဲ့ အမေ့ကိုလဲ‌မုန်းတယ် ၊ သားကိုမွေးခဲ့တာလဲအမှားထဲကအမှားပဲမို့ သိပ်ကိုရူးမတတ်ပင်ပန်းတယ်။ လိုချင်မိတယ် အချစ်စစ် ၊ မေတ္တာစစ် ၊ ဆုတောင်းသာပြည့်မယ်ဆိုရင်ပေါ့..... !

တွေးရင်း ဒဏ်ရာဒဏ်ချက်တွေရဲ့အရှိန်ကြောင့် မျက်ရည်တွေစီးကျကာ အိပ်ပျော်သွားခဲ့သည်။

_________________________________

" အဲ့တာ ပဲ ဆာဟိ.... အဲ့နောက်ပိုင်းကအကြောင်းတွေတော့ သေချာမ‌သိပေမဲ့ ၊ ဒီကောင်ကြီးက စိတ်ရောဂါ အထူးကုနဲ့ပြနေရတာတော့သိတယ် "

" အော်... ဒါနဲ့ သူက ယောက်ျားတွေက်ု ဘာလို့အဲ့လို‌တွေ လိုက်လုပ်နေရတာလဲ "

" ရင်ထဲကဒဏ်ရာတွေကြောင့်ပေါ့ကွာ ၊ သူက Gay လေ အဖြေက ရှင်းနေတာ "

" ဒါဆို မင်းကရော .. "

" အင်း... တူတူပဲ  , ငါတို့လဲ လူထဲကလူပဲလေ အချစ်ဆိုတာ ဖိုမ ရယ်လို့မရှိပါဘူး ၊ ကျားဖြစ်ဖြစ် မ ဖြစ်ဖြစ် ၊ အချစ်စစ်အချစ်မှန်နဲ့ ချစ်ရင် ဘယ်သူမှတောင်ဝင်တားလို့မရပါဘူး "

" ...... "

" ဒီတော့ မင်းစဉ်းစား "

" ဘာ.. "

" မင်းငါ့ကိုလိမ်လို့ရတယ်... မင်းကိုမင်းတော့လိမ်လို့မရပါဘူး , ပီးတော့ အဲ့ဒီမျက်ဝန်းတွေက ပိုပီးသိသာနေတယ် "

မျက်နှာလေးရဲကာ ရှက်သွေးဖျာသွားခဲ့ပီး လက်လေးတွေပါတုန်ရီနေလျှက် ပင် ဆာဟိတစ်ယောက်မလုံမလဲဖြစ်လျှက် ထပြန်သွားတော့သည်။

" ပြောပြပေး‌လို့‌ကျေးဇူး , အလုပ်နဲ့ပတ်သက်ပီး လိုတာရှိရင်ပြောပါ ၊ လိုအပ်တာ အကုန်လုပ်ပေးပါ့မယ် ၊ ခင်ဗျားညီမအတွက်လဲ တောင်းပန်ပါတယ် "

" ရတယ် ပီးတာတွေလဲပီးခဲ့ပီ ထားလိုက်ပါ "

" နောက်မှ ဆုံကြတာပေါ့ "

ထိုစဉ် ဂျောင်းဝူတစ်ယောက်အပေါက်ဝတွင် သု့အကိုနဲ့တိုက်မိတော့သည်။ မထင်ထားတာကြောင့်အံ့ဩသွားလျှက် ၊ ဒီနေ့‌နဲ့ဆို ဂျောင်းဝူအိမ်ပြန်မလာတာ တစ်ပတ်ပြည့်လေ ပီ ။ စကားသံတွေကြောင် ဂယူတစ်ယောက်လှည့်ကြည့်တော့
ဂျောင်းဝူဖြစ်နေလေသည်။ ဆာဟိနဲ့ဆုံနေတာကိုသိနေတာကြောင့် စကားများအားခိုးနားထောင်လျှက်

" အငယ်ကောင်... မင်းဘာလို့ အိမ်ပြန်မလာတာလဲ ဖုန်းခေါ်တော့လဲ စက်ပိတ်ထားတယ်ပဲပြောနေတယ် "

" ဟ...ကိုလေး ကျွန်တော့ကိုဘယ်တုန်းကစိတ်ပူတတ်သွားတာလဲ "

" မ မဟုတ်..ကိုလေးက "

" ဖယ်.. လွှတ် ၊ ကိုလေး ပါပါးရဲ့ ဒဏ်‌တွေ တကယ်မခံနိုင်တော့ဘူး ... အဖေလို့သာခေါင်းစဉ်တက်နေပေမဲ့... တကယ်အဖေအရင်းမှမဟုတ်တာ "

" ဒီမှာ... အငယ်ကောင် ငါလေ မင်းတို့မေမေဘက်ကပါလာခဲ့တာတောင် အခု ထိ မင်းနဲ့မမကို အရင်းသဖွယ်ချစ်ခဲ့တာပါ "

" မမကိုလဲ... ယိုရှီ ရဲ့လက်ထဲကို ကိုလေးအဖေက အတင်းထိုးထည့်ခဲ့တာလေ "

" မင်း မမရဲ့နောက်ကြောင်းဘယ်လောက်သ်ိလဲဂျောင်းဝူ ၊ လာပါကွာ မင်းကို ကိုလေးချစ်ပါတယ် ၊ အထင်မလွဲပါနဲ့ ပြန်ရအောင်လေနော် "

ညီလေးအားအတင်းပင် လည်ပင်းကသိုင်း၍ ဆွဲခေါ်သွားခဲ့သည်။ ဂျောင်းဝူတသ်ယောက်ဘယ်လောက်တောင်မှနာကျင်နေရမလဲ ကျွန်တော်သိသည်။ ဘာလို့ဆို ငယ်ငယ်လေးထဲက မမYuki နဲ့ သူနဲ့ နှစ်ယောက်ကို ကျွန်နတော်နဲ့တန်းတူဘယ်တော့မှ မဆက်‌ဆံပေ။

အမွေကိစ္စလဲ တစ်စက်လေးတောင်မဟ ၊ ဒါပေမဲ့ မမ Yuki တစ်ယောက် ယိုရှီ့ကိုချဉ်းကပ်ရခြင်း အကြောင်းအရင်းဟာလဲ အမွေကိစ္စသာဖြစ်နေမယ်လို့ကျွန်တော်ရဲရဲပြောရဲတယ်။

သေချာပါတယ် မမ Yuki က ယိုရှီ့ရဲ့ အားနည်းချက်ကိုနင်းပီး ယူထားတယ်ဆိုတာ ၊ တဖြည်းဖြည်းနဲ့ဖော်စရာမလိုအောင်ကို သိသာနေခဲ့တယ်။ Gay ဆိုတဲ့ ဖြစ်တည်မှုကို သူ့ရဲ့ဖိနပ်အောက်သို့နင်းခြေဖိထားခြင်းကို KANEMOTO SANသာသိလိမ့်မည်။

KANEMOTO SAN ကို မမYuki က ခြိန်းခြောက်ထားတာလဲဖြစ်နိုင်တယ် ။ ဒါပေမဲ့ အဲ့အရာတွေအားလုံးက ဂျောင်းဝူဆီကိုဘာလို့လာရိုက်ခက်နေရတာလဲဆိုတာ အဖြေရှာရလိမ့်မည်။
တကယ်တော့ဂျောင်းဝူက ကြိုးဆွဲရာကရတဲ့အရုပ်ဆိုတာ ကျွန်တော်အသိဆုံးပင် ။

အိမ်ရောက်တော့ မူးပီူငိုထားတဲ့ သူ့ရဲ့ညီ‌ငယ်လေးကိုဘေးကနေသောင်လေးခြုံပေးရင်း ရင်ဘက်လေးကိုပုတ်သိပ်လေသည်။

" ကိုလေး မင်းက်ုချစ်ပါတယ်... ငါနဲ့မင်းမမရဲ့ လှည့်ကွက်တွေကြားထဲ မင်းဝင်မလာရင်ကောင်းလိမ့်မယ် ... Goodnight ငယ်လေး "

နှာဖူးလေးကိုနမ်းလျှက် မီးလေးမှိတ်လိုက်ကာ အချစ်ရဆုံးညီလေးအား နွေးထွေးတဲ့ရင်ခွင်ထဲသို့ ထည့်၍ အိပ်စက်လေသည်။

မနက်ခင်းအလင်းရောင်နဲ့ နိုးထလာခဲ့တဲ့ ဂျောင်းဝူတသ်ယောက်။ သူ့ကုတင်စားပွဲရှေ့တည့်တည့်တွင် စာလေးတစ်စောင် ၊ နွားနို့လေးတစ်ခွက်နှက့် ပန်းပန်ပြားအဖြူလေးပေါ်‌တွင် ပေါင်မုန့်ကြက်ဥကြော်လေးအာူကြော်ထားပေးခဲ့ပုံရသည်။

စာထဲတွင် - " အမြဲကိုလေးက မင်းအတွက်ပဲဖြစ်ဖြစ် သက်ဆုံးတိုင် အင်အားတစ်ခုအဖြစ်ရှိနေတာမို့ ကိုလေးလက်ကိုဆွဲပီး ယုံကြည်စွာလိုက်ခဲ့ပေးပါ ငယ်လေးရေ... ချစ်တယ် "

စာဖတ်ပီး အပြုံးပန်းလေး‌ဝေကာ ၊ အကိုဖြစ်သူလုပ်ပေးတဲ့မုန့်လေးအား အားရပါးရစားတော့သည်။

------------------

" Yoshi ..... "

ထိုခေါ်သံကြောင့် ရုတ်တရက်လှည့်ကြည့်မိတဲ့အခါ အဆာဟိပင် ၊ ထုံးစံတိုင် မီးမရှီတဲ့အိမ်ကြီးသို့အမှတ်မထင်ရောက်လာတာကြောင့် အံ့ဩ
မှင်သက်သွားရပြန်သည်။

ယိုရှီဟာ အကျီချွတ်နဲ့ အောက်ပိုင်းက သပတ်အဖြူကိုသာပတ်ထားလေသည်။ စီးကရက်ကို ဖွာနေတာကြာပီဖြစ်သည့်ပုံစံ ၊ ဆေးလိပ်ဟာကုန်လုနီးပါးပင် အငွေ့များအား စုပ်ယူ၍မှုတ်ထုတ်နေလေသည်။  ကုန်သွားပီဖြစ်တဲ့ ထိပ်ဖျားပိုင်းအားပြတင်းပေါက်မှ လွှတ်ပစ်၍ ဆာဟိဘက်သို့မျက်နှာမူလိုက်သည်။

‌လျှာ အား ပါးဇောင်သို့ထိုးကာ အသံမာမာဖြင့် ပြောဆိုလာတော့သည်။

" ဘာကိစ္စလဲ.. ဒီနေရာကိုမင်းမလာတတ်ဘူးဆို"

" ပြောစရာရှိလို့.... "

" ငါ့မှာ မရှိဘူး... မင်းပြန်တော့ ၊ မဟုတ်ရင် တစ်ခုခုလုပ်မိလိမ့်မယ် "

" ခင်ဗျားက မမ Yuki နဲ့ မနေပဲ ဘာလို့ ဒီမှာလာလာနေနေတာလဲ "

ဆာဟိဆီသို့ခြေလှမ်းများဟာ ရွေ့လာခဲ့ပီး အသံဟာ ညစ်တစ်တစ် ပင် ၊ ပုခုံးတို့အားဆွဲဆုပ်ကာ နှုတ်ခမ်းများသာ ဆာဟိရဲ့ နား အနားသို့ပင် ကပ်၍

" ငါက ဘာဆိုတာကို မင်း မမသိလို့ လက်ခံပေးထားတဲ့အရာလေ ၊ အဲ့ဒါကို မင်းက ဘာလို့ ဆရာ့ထက်သားတစ်လကြီးချင်ရတာလဲ..ပြောစမ်း"

" ဒါဆို....??? "

" ဘာအခု မှ ဒါဆိုလဲ....မင်းလဲ ငါ့ပါးဆီက ပိုက်ဆံတွေလိုချင်လို့ကြံရပါပဲမလား "

" မဟုတ်ဘူးနော်.....ခင်ဗျားမစွပ်ဆွဲနဲ့ကျုပ်ကို ၊ ဟင့်အင်း , အဲ့လိုအကြည့်မျိုးကြီးတွေနဲ့ကြည့်ပီး လှောင်ရီမရီပါနဲ့ "

" မင်း အမက ငါ့ဆီက တစ်နေ့တစ်နေ့ငွေရရင်ပီးရောလေ ၊ သူ့ ခန္ဓာကိုယ်‌မပေးရတော့ သူ့အကြိုက်ပဲပေါ့ ၊ ငါ့အားနည်းချက်ကို နင်းချေထားကြတာ အဟက် "

" ဘာ "

" အော် ဒါနဲ့.....မင်းလဲ မင်းအမနဲ့တကျိတ်ထဲတညံထဲဆိုတော့ ရော့... ဒီမှာပိုက်ဆံ "

ဆာဟိရဲ့ မျက်နှာအားပိုက်ဆံနဲ့ပစ်ပေါက်‌လိုက်လေသည်။ ပိုက်ဆံထုတ်ရဲ့အရှိန်ဟာပြင်းတယကြောင့် မျက်လုံးအောက်နားက ပါးပြင်လေးဟာ သွေးလေးမစို့မပို့ထွက်ကာ ခြစ်မိသွားတော့သည်။

" ခင်ဗျား မိုက်ရိုင်းလုချည်လား "

" ဟိုးထား..စကားမဆုံးသေးဘူး ၊ ဒီလိုပိုက်ဆံတွေကိုတော့ မင်းအမက အလကားရပေမဲ့ ၊ မင်းကတော့ မရနိုင်ဘူးနော် ၊ အနည်းဆုံးတော့ မင်းရဲ့ ခန္ဓာကိုယ်ကို ငါစိတ်ပါတိုင်း အချိန်ပြည့်ပေးရမယ် ၊ ဘယ်လိုလဲ "

" ဘာ...ဖြောင်း....ဖြောင်း...ဖြောင်း "

ဆာဟိရဲ့ ပါးရိုက်လိုက်တဲ့ရှိန်ကြောင့် မြေပြင်ပေါ်သို့ပင် လဲကျသွားခဲ့ပီး.... ပါးစပ်မှ သွေးများစီးကျလာလေသည်။ ဆာဟိတသိယောက် လဲကျသွားတဲ့ ယိုရှီရဲ့ ပါးဇောင်ကို တင်းကြပ်စွာညှစ်ထားကာ

" ခင်ဗျားကို ကျုပ်သနားမိတာ မှားတာပဲ , ခင်ဗျားစိတ်တွေ အဲ့လောက်ထကြွနေရင် Bar ကတစ်ယောက်ခေါ်အိပ်လိုက် ၊ ကျုပ်က ခင်ဗျားထင်သလိုအတန်းအသားထဲကမဟုတ်ဘူး ၊ သဘောပေါက် "

ပါးဇောင်းအား ညှစ်ထား၍ လက်ညိုးငေါက်ငေါက်ထိုးကာပြောထွက်လာပေမဲ့ ၊ ဒေါသစိတ်ကြောင့်အသံတွေဟာ တုန်ရီနေခဲ့သည်။

ပေါက်ကွဲကာ ဒေါသတကြီးနဲ့ထွက်သွားတော့မယ်ဆာဟိအား နောက်ကနေ လှမ်းဆွဲထားတဲ့လက်တစ်စုံ ၊ ရုတ်တရက်ထရပ်ကာ ကျောခိုင်းပီးထွက်သွားဖို့လုပ်သည့်ဆာဟိအား.. ယိုရှီနိုရီတစ်ယောက် နောက်ကနေ ခါးလေးအားလက်နှစ်ဖက်နဲ့ သိုင်းဖတ်လိုက်လေသည်။

" ငါ့ဒေါသတွေ မထိန်းနိုင်ခဲ့ဘူး ၊ ငါတောင်းပန်ပါတယ် ၊ မင်းကပါ ငါ့ကိုမုန်းရင် ငါရူး‌တော့မယ်ထင်တယ် အဆာဟိ "

ဖက်ထားတဲ့လက်အား အတင်းဆွဲဖယ်ချကာ မျက်ရည်ဝဲနေတဲ့မျက်လုံးအားမတွေ့စေကြရန် နေကာမျက်မှန်အမဲအားကောက်တတ်၍ထွက်သွားသည်။

ASAHI POV - ချစ်ဖို့ဆိုတာ အတားအဆီးတွေကကာထားပီးသားမို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !

Junkyu ပြောသလို ယိုရှီဟာ Psycho သမားဆိုတာ ကျွန်တော် ဒီနေ့ရှင်းရှင်းလင်းလင်းကိုမြင်လိုက်ရပါတယ်။ ဘယ်သူမဆို ကျွန်တော့်ကို ကြောက်ကြတယ် ၊ မယှဉ်နိုင်ကြဘူး။ သို့သော်
ယိုရှီနိုရီကတော့ တစ်ဦးတည်းသော ကျွန်တော့စိတ်ကိုထိန်းချုပ်နိုင်သူဖြစ်နေတယ်။

ကျွန်တော့စိတ်ကိုကျွန်တော်ပြန်မေးရတဲ့အထိကိုမယုံနိုင်ခဲ့ဘူး ၊ ကျွန်တော့်ကိုကျွန်တော် သတိထားမိတဲ့အချက်က သူ ပထမဆုံး ကျွန်တော့ကို အတင်းအကြပ်လုပ်ခဲ့တဲ့နေ့ကပဲဆိုပါ‌တော့ ။
အဲ့နေ့ပီးထဲက မိန်းမတွေနဲ့နမ်းတိုင်း ပွတ်သီးပွတ်သပ်လုပ်တိုင်း ကျွန်တော် သူ့မျက်နှာကိုပဲမြင်ယောင်နေခဲ့ပီး မိန်းမတိုင်းရဲ့အထိအတွေ့မှာစိတ်မပါတော့ဘူးဆိုတာကို ဝန်ခံပါတယ်

ကျွန်တော်နှစ်‌ညလောက်ကိုအိပ်မပျော်ခဲ့ပဲ ပြန်သုံးသပ်နေမိခဲ့တယ်။ အဖြေဟာ မမှားနေခဲ့ဘူး ။ သို့သော် မမကြောင့် ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေမို့ စိတ်ထဲက ထုတ်ဖို့သာ ပြင်ဆင်ရတော့မယ်မဟုတ်လား ? မျိုသိပ်ရင်းနဲ့ပဲ........ !

_________________________________

အပိုင်းလေးနဲနဲတိုသွားတယ်ထင်တယ်။
အဆင်ပြေကြရဲ့လားရှင့် 💙

မျှော်နေပေးကြလို့လဲ ကျေးဇူးတင်ပါတယ်🧡

Fanfic မို့ fic လိုပဲဖတ်ပေးစေချင်ပါတယ်😻

အသုံးအနှုန်းရိုင်းတာတွေပါရင် ကြိုတောင်းပန်ပါတယ်နော် ✋💛

















     

Ga verder met lezen

Dit interesseert je vast

507K 20.8K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
887K 54.5K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
168K 6.1K 92
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1.2M 52.2K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC