Part (3)

156 27 10
                                    

ဆာဟိတစ်ယောက် လည်ပင်းက ဒဏ်ရာ နဲ့ယိုရှိ့အား ကုတင်ပေါ်သို့ ပွေ့တင်ထားပုံရသည်။
ကုတင်ဇောင်းဘေးတွင် လက်ကလေးကွေးကာ ဦးခေါင်းလေးညွှန့်ရက် သူပါအိပ်နေခဲ့သည်။

သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ပုံစံလေးပေမဲ့ ပတ်ဝန်းကျင်က်ုထိခိုက်စေခဲ့တဲ့ အရာမျိူး ပေါ့ ၊ တစ်ယောက်သောသူရဲ့ အဆိပ်ဟာပြင်းပြလှသည်။

နာကျင်စရာ ၊ ရုန်းကန်ခြင်း ၊‌ သောကတွေ ဒေါတွေနဲ့ပြည့်နက်နေတဲ့ ယိုရှီ ။

သာယာမှု ၊ ပျော်မွေ့မှု ၊ စည်းစိမ် ၊ ငွေမဲတေကြား ၊ အမြဲမှန်ချင်စိတ် တွေနဲ့ ပြည့်နက်နေတဲ့ ဆာဟိ။

အတန်ကြာမှ ယိုရှီတစ်ယောက်နိုးလာခဲ့ပီး ဆာဟိအား လှုပ်နှိုးခဲ့သည်။

" ဟျောင့်.... ထထ "

အိပ်မှုံစုံဖွားနဲ့ ထလာပီး လန့်သွားကာ ခန္ဓာကိုယ်လေးအားနောက်ဆုတ်လျှက်ပင်

" မင်း မပြန်သေးဘူးလား "

" မင်း ခေါ်လာတဲ့နေရာကို ငါမှမသိပဲ အဲ့တော့ပြန်လမ်းရော ဘယ်လိုလုပ်သိမှာလဲ "

" ကျစ်... ခက်လိုက်တာ "

" ဘာကိုလဲ .. အခု မင်းလဲပြန်မှာမလား ငါလဲလိုက်မယ် ၊ ပီးတော့ ဆေးရုံဝင်လိုက်ပေါ့ "

" ဘာ HAMADA ASAHI "

" ဟုတ်တယ်လေ ... ခင်ဗျားထင်ရာစိုင်းပီး ကျုပ်ကိုခေါ်လာတာလေ ဒီ ဒဏ်ရာအတွက်က ဘာမှရော်‌ကြေးမပေးနိုင်ဘူး "

" မင်း.... "

" ပီးတော့ ညကကျုပ်အပေါ်ကြူးလွန်တာတေရော "

" ပါးစပ် ကိုပိတ်ထား အဆာဟိ ၊ ငါမင်းကို လုပ်ချင်လို့လုပ်တယ်များထင်နေလား ၊ ငါ့ ပြဇာတ်ထဲကို မင်းဝင်ဝင်မလာနဲ့ ။
သိပ်ကိုအန္တရာယ်များတယ် ၊ ဒါဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်သတ်ိပေးခြင်းပဲ "

" ဒါနဲ့မေးလို့ရမလား ၊ ဒီ ကုတင်ဇောင်းက ကြိုးတွေကဘာတွေလဲ "

" မင်း သိစရာလိုလို့လား ၊ မင်းနဲ့မဆိုင်ရင် မသိသလိုနေတာအကောင်းဆုံးပဲ ၊ လာ ထ အခုလိုက်ပို့ပေးမယ် အိမ်ကို "

ယိုရှီဟာ တကယ်ကို မှ စိတ်ထွေပြားတတ်တဲ့သူဖြစ်ပီး စိတ်ရောဂါ အထူးကုဆရာဝန်ကြီးနဲ့လဲ တစ်လတစ်ခါ အိပ်ငွေ့ချ၍ ဆေးကုသမှုခံယူနေရတာ ကို သူ့ရဲ့အချစ်ဆုံးငယ်သူငယ်ချင်းဖြစ်သူ။ဂျွန်ဂယူ ကလွဲရင် မည်သူမျှမသိချေ။

S.O.L.U.T.I.O.N ( YOSAHI ) Complete Where stories live. Discover now