Part (6)

117 23 4
                                    

ဒီလိုနဲ့ပဲ Yoshi အမြဲလာရောက်ထိုင်နေကြ Bar သို့ပင် ဦးတည်၍ ဂယူဟာမောင်းလာခဲ့သည်။
Bar တွင် ထူးဆန်းတာတစ်ခုတွေ့လိုက်ရခြင်းမှာ Only LGBT  အတွက်သာဖွင့်ထားခြင်းပင် ဖြစ်သည်။

" Kyu "

" ခင်ဗျား ကျုပ်ကို ဂယူ ကလွဲရင် ကျန်တာခေါ်ပါလား "

" ဘာလို့လဲ "

" ဂယူ ဆိုတဲ့ နာမ်စားက တစ်ယောက်သောသူအတွက်ပဲ မို့လို့ပါ "

" ဟုတ်ကဲ့ .... လိုရင်းပဲပြောကြတာပေါ့ "

" မေးချင်တာမေးပါ... ငါသိသလောက် အကုန်ပြောပြပါ့မယ် "

" Yoshinori ရဲ့ဖြစ်တည်မှု အကုန်လုံးကျွန်တော်သိချင်တယ် "

" မဟုတ်မှ လွဲရော ကောင်လေး.. မင်း "

ဂယူ့ရဲ့ရီသံဟာ လှောင်ရီ သလို ရိသဲ့သဲ့ဖြင့် သူ့အားစိုက်ကြည့်နေမိသည်။

" ခင်ဗျား ကျုပ်ကို အဲ့လိုအကြည့်မျိုးနဲ့မလှောင်ပါနဲ့ ဂင် ဂျွန်း ဂ ယူ "

" အဟက်...မင်းမငြင်းပါနဲ့ "

" မပြောပြချင်လဲနေတော့ ပြန်တော့မယ် ၊ အာရုံတော့လာမစားနဲ့ "

" ထိုင်ပါ ထိုင်ပါ ... စိတ်ကြီးပဲ ပြောပြပါ့မယ် "

" ဒီလိုပါ.. သူ့ရဲ့ဘဝအမှန်က "

  __________________________________

~ 12 YEARS AGO ,

Yoshi Dark Side -

" ခွမ်း... " မှန်ကွဲသံကြောင့် ရုတ်တရက်ပြေးဝင်လာခဲ့တဲ့ မိန်းမတစ်ယောက် ။ ထိုသူမှာအသားဖြူဖြူ ပိန်ပိန်ပါးပါး အရမ်းလှပလွန်းလှသည့် ယိုရှီ့ရဲ့ မေမေဖြစ်နေလေသည်။

" သားလေး... မေ့သားလေး ဘာဖြစ်တာလဲ "

ရင်ခွင်ထဲ၌ သားလေးကိုဖက်ထားလျှက် မျက်ရည်လေးတွေဟ မြေသို့ပင် ခ လေသည်။

" ရှင်မ မင်းရဲ့သားလုပ်ပုံဟုတ်သေးရဲ့လား ၊ ကြည့်စမ်း သူ့မှန်တင်ခုံအံဆွဲထားမှာ "

" ဟယ် နှုတ်ခမ်းနီတွေ ၊ သားနှုတ်ခမ်းပြစမ်း , နှုတ်ခမ်းမှာလဲ နှုတ်ခမ်းနီတေနဲ့သားလေးရယ် "

" မင်းရဲ့သားက ယောက်ျား တစ်ယောက်ဖြစ်ပီး ဒီလိုတွေလုပ်နေတာ ငါ့အသိုင်းအဝိုင်း ငါ့ရဲ့ဂုဏ်သိက္ခာတွေကို ဟိုးအောက်ဆုံးထိထိုးချဖို့ဆိုတာ လွယ်လွယ်လေး "

S.O.L.U.T.I.O.N ( YOSAHI ) Complete Where stories live. Discover now