" မမ "
ရင်ထဲကဟာတာတာတစ်နေရာကပြန်လည်နိုးကြားတက်ကြွစေခဲ့သလိုမျိုး...
" မမ မိုးကို "
" ဘာကိစ္စလဲ မိုး "
" အေးစက်လိုက်တာ "
" ဒီလိုဖြစ်အောင်လုပ်လိုက်တဲ့သူကလည်းမိုးပဲမဟုတ်လား "
" အတိတ်တွေပြန်မတူးဆွကြရအောင် မမ "
" မဆွပါဘူး တို့ကအရှိကိုအရှိတိုင်းပဲပြောတာပါ "
" အသစ်ပြန်စကြရအောင် မမ "
စိမ့်စမ်းညိုသည်ရိသဲ့သဲ့လေးတစ်ချက်ရီမိသည်။
" တို့အမှန်တိုင်းဝန်ခံရရင် မိုး မင်းအပေါ်တို့ချစ်နေသေးတာအမှန်ပါပဲ ဒါပေမယ့်တို့မင်းကိုပြန်မလိုချင်ဘူး အသစ်လည်းပြန်မစချင်သလို အတိတ်ကိုလည်းပြန်မသွားချင်ဘူး မိုး တို့ဇာတ်လမ်းကိုမင်းပဲအဆုံးသတ်ခဲ့တာကြာပါပြီ "
မိုးဝေရီတစ်ယောက်မှာ ကျောက်ရုပ်ပမာမတ်တပ်ကြီးရပ်ပြီးမျက်ရည်တွေကျနေခဲ့မိတယ်ထင်ပါရဲ့။
" မငိုပါနဲ့ မိုး မင်းမငိုပါနဲ့ မင်းငိုတာတို့မကြိုက်ဘူး မင်းငိုရင် "
အသံတွေတိမ်တင်သွားခဲ့တယ်။ရှိုက်သံတွေပါကြားနေမိပါရဲ့။
" မိုးမှားခဲ့ပါတယ် မိုးကိုခွင့်လွတ်ပါ "
မိုးဝေရီသည်စိမ့်စမ်းညိုကိုပွေ့ဖက်ထားပြီးမျက်ရည်ကျရင်းဆိုမိလေသည်။
" မင်းနောက်ကျသွားခဲ့ပါပြီ မိုး "
" ဘာလို့လဲ ဘာလို့လဲဟင် မမလည်းမိုးကိုချစ်နေတုန်းပဲမလား ဘာလဲဟင် အဲ့ဒီကလေးမကြောင့်လား "
" မဆိုင်တဲ့ကလေးကိုဆွဲမထည့်ပါနဲ့မိုး ဖြူစင်တဲ့ကလေးကိုအပြစ်တင်ဖို့စိတ်မစောပါနဲ့ဦး "
" အဲ့ဆိုရင်ဘာလို့လဲ "
" မင်းမှတ်မိလား မိုး မင်းတို့ကိုလမ်းခွဲဖို့ပြောခဲ့တုန်းက ဘာလို့လဲဆိုတဲ့မေးခွန်းကိုတို့မေးခဲ့တယ်မဟုတ်လား မင်းကတော့ ပြတ်ပြတ်သားသားပဲရက်ရက်စက်စက်နဲ့ မချစ်တော့တာလို့ဖြေခဲ့တာနော် ဒါပေမယ့်တို့ကမင်းလောက်အသည်းမမာဘူး တို့ကလိမ်ရတာလည်းမကြိုက်ဘူး တို့ဒီအတိုင်းပဲမင်းနဲ့မပတ်သက်ချင်တော့တာ တို့ချစ်တာတောင်မင်းကိုပြန်မလိုချင်ပါဘူး ဒါတို့ရဲ့စိတ်ဆန္ဒပါပဲ မိုး "
" မမ မိုးကိုတကယ်စိတ်ဖြတ်နိုင်ပြီလားဟင် "
စိမ့်စမ်းညိုဘာမှခွန်းတုံ့မပြန်ခဲ့ပါ။
" အန်တီစိမ့်စမ်းညို..."
သူမတို့နှစ်ယောက်ရှိနေတဲ့နေရာအပြေးကလေးလာခဲ့သူမှာနွေဦးမောင်...
" အော် အမ် "
အားနာပြီးပြန်ထွက်တော့မယ့်အမူအယာလေးပြင်နေတုန်း...
" ဘာကိစ္စလဲ သမီး အန်တီ့ကိုစောင့်ဦး အန်တီလည်းလိုက်မယ် "
" ဒေါက်တာတို့က shopping mall ခေါ်မလို့အန်တီစိမ့်စမ်းညိုကိုလာရှာခိုင်းတာပါ "
" အော် ဟုတ်လား သွားကြမယ်လေ လာ..."
ငူငူကြီးရပ်နေတဲ့မိုးဝေရီရှေ့ဖြတ်လျှောက်သွားပြီးနွေဦးမောင်ခါးကိုသိုင်းဖက်ကာထွက်သွားလေသည်။
" ဒေါက်တာမိုးဝေရီကြောင့်ဒီလိုတွေလုပ်နေတာဆိုရင် နွေဦးစိတ်မကောင်းဖြစ်မိမှာ "
လမ်းလျှောက်ရင်းနှင့်ပင်နွေဦးမောင်က စိမ့်စမ်းညိုကြားရုံလောက်ပြောလေသည်။
" သမီး ထင်ချင်သလိုထင်တော့ကွာ ဒါပေမယ့်အန်တီကစိတ်အရင်းအတိုင်းမဟုတ်ရင်ဘယ်အရာမှမလုပ်တတ်တာ သမီးကိုလည်းခနခနပြောပြဖူးပါတယ် sry "
ဖက်ထားတဲ့ကိုဖြုတ်လိုက်ဖို့လူပ်နေတဲ့ချိန်...
" ဒီချိန်ဖြုတ်တော့မှမထူးတော့ပါဘူး ဆက်ဖက်ထားပါ "
နွေဦးမောင်ကစိမ့်စမ်းညိုလက်ကိုသူမခါးပေါ်ပြန်တေ့ပေးလေသည်။
" စိမ့် shopping mall ခေါ်သွားမလို့လေ "
" သွားကြမယ်လေ "
" Ying မိုးကိုသွားခေါ်လိုက် "
" ဟုတ် ဒေါက်တာ "
" မမိုးရေ သွားကြမယ်လေ "
" အမ် မလိုက်တော့ဘူး ဒီနေ့ လူနာတစ်ယောက်ရဲ့ opinion ကြည့်ပေးဖို့ရှိတယ် ခနနေချိန်းထားတာ "
" အာ မမိုးကလည်း လူစုံတုန်းဒီလိုထွက်ရတာကို ရက်ပြန်ချိန်းလိုက်ပါ လူနာနဲ့ "
" ဒီအချိန်မှာ အရေးကြီးဆုံးသောအရာက လူနာပါပဲ Ying "
မောက်ဝိုင်ဝမ်းဘာမှထပ်မပြောတော့ပဲငြိမ်ငြိမ်ကလေးသာခေါင်းလှည့်ထွက်သွားလိုက်သည်။
" မမိုးကမလိုက်တော့ဘူးတဲ့ လူနာနဲ့ချိန်းထားတာရှိလို့တဲ့ "
" အော် အင်းပါ အဲ့ဆိုတို့တွေပဲသွားကြတာပေါ့ "
လေးယောက်သားပျော်"ကြီး shopping ထွက်ခဲ့ကြသည်။
" The One shopping mall ကဖွင့်တာမှမကြာသေးဘူး စျေးလည်းတန်တယ်စုံလည်းစုံတယ် မမကတော့ဒီလာနေကြ "
" ကျွန်မတို့လည်းရောက်တုန်းရောက်ခိုက်ရှမ်းပြည်အစားအသောက်လေးတွေအစုံဝယ်သွားမှပဲ နွေဦး သမီး သမီးလည်းလိုချင်တာအကုန်ယူနော် အန်တီအကုန်ရှင်းမယ် "
" ရပါတယ် အန်တီစိမ့်စမ်းညိုရဲ့ "
" ဘာကိုရတာလဲ မရဘူး လိုချင်တာတစ်ခုမှလက်ကမချနဲ့ "
" အဲ့ဆိုအန်တီစိမ့်စမ်းညိုလည်း လိုချင်တာအကုန်ယူနော် "
" နေပါဦး ဒီနှစ်ယောက်ကအပြန်ယှဥ်အမ်းနေကြတာလား "
ကြားထဲကမနေနိုင်တဲ့မောက်ဝိုင်ဝမ်းကစကားနာထိုးလိုက်သည်။
" မဟုတ်ရပါဘူး မမ Ying "
လေးယောက်လုံးဟားတိုက်ရယ်လိုက်ကြတော့သည်။
" shooping mall ထွက်ပြီးသွားရင် ကော်ဖီလိုက်တိုက်မယ် Enjoy cafe ကဒီမြို့မှာနာမည်ကြီးပဲ "
" နေရာမလပ်သာအကုန်ခေါ်လည်ပါ မမရာ "
" ဟုတ်ပါပြီရှင် "
" ဆရာ ဆရာ ဘာဖြစ်တာလဲ "
လူနာခန်းထဲထွက်ထွက်ပြီးချင်းခေါင်းတွေရုတ်တရက်မူးဝေလာပြီးနှာခေါင်းသွေးတွေလျှံပယ်လာသူမှာ မိုးဝေရီ...
" ရ ရပါတယ် "
ဆရာမလေးတွေကနားနေခန်းအမြန်တွဲခေါ်သွားပြီးပြုစုပေးရလေသည်။
" ဆရာ အဆင်ပြေရဲ့လားရှင့် "
" ပြေပါတယ် အပူများသွားလို့နေမှာပါ "
" ဆရာ မျက်နှာတွေလည်းဖြူနေတာပဲ ဆရာနေမကောင်းဖြစ်နေတယ်ထင်တယ် ဆရာမြကြာဖြူကိုခေါ်ပေးရမလားရှင့် ဆရာ "
" ရပါတယ် "
ရပါတယ်ဆိုပေမယ့် စကားသံလေးကတော့တကယ့်တိုးတိုးကလေးပင်
" အမကိုအိမ်ပြန်လိုက်ပို့ပေးပါလား အိမ်မှာနားလိုက်ရင်ကောင်းသွားမှာပါ "
" ရပါတယ် ဆရာ "
MO တစ်ယောက်ကလိုက်ပို့ပြီးအိမ်ပြန်ခေါ်သွားခဲ့သည်။
" အယ် မိုးကပြန်မလာသေးဘူးလား ဒီချိန်ထိ "
သူတို့ရောက်လာတော့ညအနဲငယ်မောင်နေပြီ။တစ်အိမ်လုံးကတိတ်ဆိတ်နေတော့မိုးဝေရီပြန်မလာသေးဘူးလို့ပဲထင်ကြသည်။
" အိမ်က ကလေးတွေလည်းဘယ်ရောက်ကုန်ပါလိမ့် "
တခြားလူတွေကလည်းပတ်ရှာနေတုန်း ထိုအခါအိမ်အပေါ်ထပ်မှအပြေးအလွှားပြေးဆင်းလာတဲ့အိမ်အကူကောင်မလေးကိုတွေ့ရလေသည်။
" မိဝါ ဘာဖြစ်နေတာလဲ ရေးကြီးသုတ်ဖြာနဲ့ "
" ဆရာ ဆရာမိုး ဆရာမိုး သတိလစ်နေတယ် "
" ဘယ်လို "
စကားဆုံးဆုံးချင်းအိမ်ပေါ်အပြေးအလွှားတက်ခဲ့သူမှာစိမ့်စမ်းညိုပင်။နွေဦးမောင်အတွက်တော့ကြေကွဲစရာကောင်းနေမလား။
" မိုး မိုး "
ကုတင်ပေါ်ပျော့ခွေစွာအိပ်စက်နေတဲ့မိုးဝေရီကိုသူမပြေးပွေ့ဖက်လိုက်လေသည်။
" မိုး မမရောက်လာပြီ မိုး မခေါ်နေတာကြားလား "
" မိုး "
သူမနောက်ကနေအပြေးအလွှားရောက်လာကြသူ သူတို့သုံးယောက်နဲ့ အိမ်အကူကလေးမတွေလည်းပါသည်။
" မမ လုပ်ပါဦး မိုးကိုကယ်ပါဦး တစ်ကိုယ်လုံးအေးစက်နေတာပဲ "
စိမ့်စမ်းညိုရဲ့ဆောက်တည်ရာမရနိုင်တော့တဲ့သောကတွေဟန်မဆောင်နိုင်တော့တဲ့အချိန်အခိုက်အတန့်တွေ...
" စိမ့် မမကိုခနဖယ်ပေး "
ဆရာဝန်တွေရှိတဲ့အိမ်ဆိုတဲ့အတိုင်းပဲ အရေးပေါ်ဆေးသေတ္တာတွေလည်းအကုန်ရှိနှင့်နေသည်။မောက်ဝိုင်ဝမ်းကအပြေးအဆင်သင့်ယူထားနှင့်သည်။
သွေးခုန်နှုန်းစမ်း Bp စမ်း ထိုးစရာဆေးရှိတာထိုးပြီး drip တွေလည်းလေးဖက်လေးလံ run ထားပေးလိုက်သည်။
နာရီဝက်လောက်နေတော့ မိုးဝေရီမျက်လုံးလေးအနဲငယ်လှုပ်ခတ်လာပြီး လက်ချောင်းလေးတွေစတင်လှုပ်ရှားလာပါသည်။
" မိုး မမရှိတယ်နော် "
သူမဘေးနားတစ်ချပ်မှမကွာထိုင်စောင့်နေသူမှာစိမ့်စမ်းညို စိမ့်စမ်းညိုဘေး တစ်ဖဝါးမှမခွာ ရပ်စောင့်နေသူမှာ နွေဦးမောင်
" မမ "
Oxygen mask အောက်က စကားသံတိုးတိုးလေးတစ်ခွန်း အသံကိုအားစိုက်ပြီးနားထောင်နေမှသာကြားရသည်။ပါးစပ်အမူအရာအားဖြင့်တော့ မမ လို့ခေါ်တာစိမ့်စမ်းညိုသိသည်။
" မိုး ဘာမှမဖြစ်တော့ဘူးနော် "
ဆံပင်လေးကိုသပ်ပေးလိုက် လက်ကလေးကိုနမ်းရှိုက်လျက် ပါးကလေးကိုပွတ်သပ်လျက်မိုးဝေရီကိုသူမနှစ်သိမ့်ပြုစုပေးနေသည်။
နွေဦးမောင်တစ်ယောက် ဘယ်လိုနေနေလဲ ဒီချိန်မှာသူစိတ်ဝင်စားတဲ့ပုံမပေါ်ပါဘူး။သူမရဲ့စိတ်အလုံးစုံဟာ မိုးဝေရီဆိုသောမိန်းကလေးအပေါ်မှာပဲကပ်ငြိတွယ်ထားနေခြင်းပင်။
ဆက်ရန်...
NLY🤎