love like the galaxy { myanma...

Von littleleaf1111

26.7K 2.6K 119

credit to original owner Guan Xin Ze Luan Mehr

မိတ်ဆက်
အခန်း 1-1
အခန်း 1-2
အခန်း 2-1
အခန်း 2-2
အခန်း 3-1
အခန်း 3-2
အခန်း 4-1
အခန်း 4-2
သမိုင်းရာဇဝင်
အခန်း 5-1
အခန်း 5-2
အခန်း 6-1
အခန်း 6-2
အခန်း 7-1
အခန်း 7-2
အခန်း 8-1
အခန်း 8-2
အခန်း ၉-၁
အခန်း ၉ -၂
အခန်း 10-1
အခန်း 10-2
အခန်း 11
အခန်း 12-1
အခန်း 12-2
အခန်း 13-1
အခန်း 13-2
အခန်း 14-1
အခန်း 14 - 2
အခန်း 15- 1
အခန်း 15-2
အခန်း 16-1
အခန်း 16-2
အခန်း 17-1
အခန်း 17-2
အခန်း 18-1
အခန်း 18-2
အခန်း 19-1
အခန်း 19-2
အခန်း 20-1
အခန်း 20- 2
အခန်း 21-1
အခန်း 21-2
အခန်း 22-1
အခန်း 22-2
အခန်း 23-1
အခန်း 23-2
အခန်း 24-1
အခန်း 24 - 2
အခန်း 25 - 1
အခန်း 25 - 2
အခန်း 26 - 1
အခန်း 26 - 2
အခန်း 27 - 1
အခန်း 27 - 2
အခန်း 28 - 1
အခန်း 28 - 2
အခန်း 29 - 1
အခန်း 29 - 2
အခန်း 30 - 1
အခန်း 30 - 2
အခန်း 30 - 3
အခန်း 31-1
အခန်း 31-2
အခန်း 32-1
အခန်း 32-2
အခန်း 33-1
အခန်း 33 - 2
အခန်း 34 - 1
အခန်း 34 - 2
အခန်း 35 - 1
အခန်း 35 - 2
အခန်း 35 - 3
အခန်း 36 - 1
အခန်း 36 - 2
အခန်း 36 -3
အခန်း 37-1
အခန်း 37-2
အခန်း 38-1
အခန်း 38-2
အခန်း 39-1
အခန်း 39-2
အခန်း 40-1
အခန်း 40-2
အခန်း 40-3
အခန်း 41-1
အခန်း 41-2
အခန်း 42-2
အခန်း 43-1

အခန်း 42-1

377 32 3
Von littleleaf1111

အခန်း ( ၄၂ ) အပိုင်း ၁

အမှတ်ရဖွယ် လေထုအခြေအနေလေးက သမားတော်၏ အော်သံနှင့်အတူ ပြိုကွဲသွားသည်။

''သွေးက ထွက်နေသေးတယ်နော်…..´´

စစ်သည်နှစ်ယောက်က သူ့ကို ထိန်းချုပ်ထားသော်လည်း သူ့ရဲ့ပါးစပ်ကိုတော့ ချုပ်မထားဘူး။ သူဟာ ရိုးသားတဲ့ သမားတော်တစ်ယောက် အနေနဲ့  သူ့မျက်စိရှေ့မှာ ဒဏ်ရာက သွေးတွေထွက်နေသည်ကို ဒီအတိုင်းကြည့်မနေနိုင်ဘူး။  ရှောက်ရှန်းက အသိစိတ်ဝင်လာပြီး သွေးထွက်နေသေးသည့် ဒဏ်ရာကိုတစ်ချက်ကြည့်လိုက်ကာ ရှေ့သို့တစ်လှမ်းတိုးပြီး မကျေနပ်စွာပြောသည်။

''မြှားကျိုးတောင် ထွက်သွားပြီ။ ရှင်ကအဲ့ဒီမှာ ဘာကြောင်လုပ်နေသေးတာလဲ။ အမြန်လာပြီး ကုမပေးသေးဘူးလား? သမားတော်က မိဘလို စိတ်ထားရတယ်။ ရှင်က ဘယ်လိုလုပ်ပြီး မစိုးရိမ်ရတာလဲ´´

ဒီစကားထွက်လာသည်နှင့် သမားတော်ချန်ဟာ ဝမ်းနည်းပက်လက်နှင့် ကောင်းကင်ကိုမော့ပြီးတော့သာ အော်လိုက်ချင်သည်။ သူက အသံတစ်ချက် မပြုရသေးခင်မှာပဲ သူ့ဘေးနားမှ စစ်သည်နှစ်ယောက်ဟာ ဘယ်ညာအနည်းငယ် လှုပ်လိုက်ပြီး အခုသူဟာ စကားတောင် ပြောလို့မရတော့ဘူး။

…..ဟုတ်ပါတယ်။ ကောင်မလေးရဲ့ အမြင်ဘက်ကကြည့်လျှင် သမားတော်ရဲ့ လက်တွေဟာ နောက်ကျောမှာ အချုပ်ခံထားရသည်ကို မမြင်နိုင်ဘူး။ လျန်ချိုးဖေးက ရယ်ချင်သည်။ ဒါပေမဲ့ သူ့ဘေးနားက အကိုဖြစ်သူရဲ့ အားပြင်းပြင်းနဲ့ တစ်ချက်ဆွဲတာကို ခံလိုက်ရပြီး လူငယ်လေးဟာ မျက်နှာကို အမြန်ပြန်ပြင်လိုက်သည်။ လီဝူလန်က ဆက်မကြည့်နိုင်တော့ပဲ ခေါင်းလှည့်ကာ အပြင်ဘက်ကတံခါးကို ကြည့်နေလိုက်သည်။

လီထိုက်ကုန်းက အောက်နှာခမ်းကို အကြိမ် အချို့သပ်လိုက်သည်။ သူ့ရဲ့ ချစ်ရတဲ့ မုတ်ဆိတ်မွှေးလေးဟာ ခဏခဏ ထိခံနေရသည်ကို သတိထားလိုက်မိပြီး လက်ကိုချကာ အခင်းပေါ်တွင် ထိုင်လိုက်သည်။ သမားတော်က တိတ်ဆိတ်စွာနဲ့ ရှေ့ကိုတိုးပြီး သူ၏ဝာာဝန်ကို ဆောင်ရွက်သည်။ ဒါကိုမြင်ပြီးတဲ့နောက်မှာ ရှောက်ရှန်းက နောက်ကိုတစ်လှမ်းဆုတ်လိုက်ပြီး ကိုယ့်နေရာကို ပြန်သွားကာ ထိုင်မလိုလုပ်သည်။

ကိုယ်ကိုလှည့်လိုက်တဲ့ အချိန်မှာတော့ နဂိုနေရာမှာ ရှိနေသည့် အခင်းဟာ ဘယ်အချိန်တုန်းက ယူသွားမှန်း မသိပဲ လင်ပုယီ၏ ညာဘက်အနည်းငယ် နိမ့်သည့်နေရာတွင် ချထားသည်ကို တွေ့လိုက်ရသည်။ ဓားအမာရွတ်နှင့် ကိုယ်ရံတော်ဟာ အရမ်းကို ကြင်နာစွာနဲ့ ပြုံးလိုက်ပြီးတော့ ပြောသည်။

''သခင်မလေး အရင်ထိုင်ပါ´´

ရှောက်ရှန်းက ထိတ်လန့်သွားပြီး အဲ့ဒီနောက် ကြောင်တောင်တောင်နှင့် ထိုင်ချလိုက်သည်။  ချန်အိမ်တော်တွင် အမေချန် မရှိသရွေ့ အဖေချန်က ကျိုကျွေးခန်းမ၌ ဧည့်ခံချိန်များတွင် သခင်မရှောင်း၏နေရာဟာ ဒီလိုမျိုးနေရာတွင်ပင် ဖြစ်ကြောင်း သူမပြန်သတိရလိုက်သည်။ ဒီတော့ ဒါကနေရာပိုင်ရှင်ကို အရိုအသေပေးတဲ့ အဓိပ္ပာယ်လား? သူမက စီစဥ်နေပေမဲ့ ဒီအိမ်က လိီထိုက်ကုန်း ပိုင်တာလေ။ ချန်မိသားစုရဲ့ အဆင့်အတန်းက လီမိသားစုထက် မြင့်လို့များလား…?

စိတ်ရှုပ်ထွေးနေတုန်းမှာပဲ သူမက ရုတ်တရက် ပြင်းထန်သည့် သေရည်နံ့ကို ရလိုက်သည်။ အေးအေးဆေးဆေး လှည့်ကြည့်လိုက်တော့ သမားတော်ချန်ဟာ လင်ပုယီ၏ ဒဏ်ရာကို အသစ်ဖွင့်ထားသည့် သေရည်တစ်အိုးလုံးဖြင့် ထပ်ခါထပ်ခါ ဆေးနေသည်ကို တွေ့လိုက်ရသည်။ လီထိုက်ကုန်းက အနံ့ခံလိုက်ကာ ပြုံး၍မှတ်ချက်ပြုသည်။

''ဒီသေရည်က ဆယ်နှစ်အထက်ရှိတဲ့ သေရည်ကောင်းပဲ´´

လျန်ချိုးဖေးက အနည်းငယ် သဘောကျသွားသည့်ပုံ ပေါ်သည်။

''လောင်ကျောက်က အမြင်အာရုံကောင်းတာပဲ။ ဒါက ချန်ဝမ်နန်းတော် ဂိုဒေါင်မှာ တွေ့ခဲ့တဲ့ နှစ်ချို့သေရည်ပဲ။ ဖွက်ထားတာ ဘယ်လောက်တောင် ကြာပြီလဲမသိဘူး´´

''နှစ်သစ်ကူးတဲ့ အချိန်တုန်းက အရှင်မင်းကြီးက ချီးမြှင့်ခဲ့တာ။ အစတုန်းကတော့ ဂုဏ်ပြုစားပွဲမှာ သောက်မလို့ စီစဥ်ထားတာ´´

ရှောက်ရှန်းကလည်း အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး ဒီသေရည်က တကယ့်ကို ပြင်းပြီး သင်းသင်းလေးမွှေးနေတာပဲဟု စိတ်ထဲမှာ ပြောလိုက်သည်။ သူမက ''ကျွန်မက အယ်ကိုဟောဓာတ် ပါဝင်မှုများတာကို သန့်စင်ပေးနိုင်တယ်။ ဒီလိုသေရည်ကောင်းကို ဖြုန်းတီးမပစ်နဲ့။ ဒါမှမဟုတ် ကျွန်မတို့အိမ်က အဖေချန်ကို ပေးလိုက်ပါ့လား´´ လို့ အရမ်းကို ပြောချင်နေသည်။ ဒီစကားကို သေချာပေါက် ပြောလို့မရဘူးပေါ့။ သူများက ကိုယ့်အသက်ကို ကယ်ထားတာကို ကျေးဇူးမဆပ်ပဲ တစ်ဖက်သားရဲ့ သေရည်ကို မက်မောနေသေးတယ်?

လင်ပုယီက ကောင်မလေးကို ဘေးဘက်ကနေ ကြည့်လိုက်ပြီးနောက် သူ၏ လက်ထဲက ခေါက်ထားသည့် ဘရိုကိတ် လက်ကိုင်ပုဝါလေးကို ကြည့်လ်ုက်သည်။ မြှားကျိုးကို ဆွဲထုတ်ပြီးသည့်နောက်တွင် ကောင်မလေးက လက်ကိုင်ပုဝါကို ပြန်ပေးခဲ့ပြီး အဲ့ဒီနောက် ဆွဲကြိုးကို သူမလက်ထဲတွင် ပြန်ယူသွားခဲ့သည်။ သူမက ငယ်ရွယ်သေးသော်လည်း ရှင်းလင်းသည့် စိတ်သဘောထားရှိပြီး ချည်နှောင်လိုသည့် ရည်ရွယ်ချက်မရှိဘူး။

အခုချိန်မှာ သမားတော်ချန်က အသားပုပ်တွေကို စတင်ဖြတ်နေပြီ ဖြစ်သည်။ အသားကို ဖြတ်တောက်သည့် အသံနှင့်အတူ မဲနက်ယောင်ကိုင်းပြီး ပုပ်နေသဘ့် အသားစများဟာ ဖြတ်တောက်ခံရပြီး ပန်းကန်ပြားပေါ်တွင် တင်ထားသည်။ ရှောက်ရှန်း၏ ဦးရေပြားများတောင် ထုံကျင်သွားသည်။

သို့ပေမဲ့ ကျောဗလာနှင့် ထိုအမျိုးသားကတော့ လက်တွေကို ဒူးပေါ်တင်ကာ တိတ်တဆိတ်ထိုင်နေပြီး အမူအရာက ပြောင်းလဲမှုမရှိဘူး။ သူ၏ ဖြူလျော့နေသော မျက်နှာနှင့် အနည်းငယ် တင်းထားသည့်နှာခမ်းမှလွဲ၍  ဘာမှမဖြစ်နေသလိုပဲ။ သူ့၏ နှင်းလိုဖြူဆွတ်နေသည့် အရေပြားပေါ်မှ နီရဲနေသည့် နှာခမ်းကို ဘေးဘက်မှကြည့်ရင်း ရှောက်ရှန်းဟာ ရှင်းမပြတတ်အောင် အတွေးနယ်ချဲ့နေမိသည်။ '' ဒီလို ရာထူးအဆင့်အတန်း သြဇာအာဏာမျိုးအတွက် သူက အရမ်းကို ငယ်သေးတယ်......´´

အသားပုပ်တွေကို ဖြတ်တောက်ပြီးတဲ့နောက်တွင် ဒဏ်ရာကို ဆေးကြော၊ ဆေးလိမ်းပြီး သမားတော်ဟာ နောက်ပြန်မကြည့်ပဲ ဆေးအိတ်ကို ကျောတွင်ထမ်းကာ ထွက်သွားသည်။ သူ့ရဲ့ နောက်ကျောကိုပဲ ကြည့်လျှင်တောင် သူတော်တော်လေး ခံစားခဲ့ရမှန်း လီဝူလန်က ခံစားလို့ရသည်။ လင်ပုယီက လျန်ချိုးဖေးဝတ်ရုံတွေ တစ်ထပ်ပြီးတစ်ထပ် ဝတ်ဆင်ပေးတာကို ခံယူသည်။ သေရည်အိုးတစ်ဝက်ကို သောက်လိုက်ပြီးသည့်နောက်တွင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး လက်မြှောက်ကာ တစ်ယောက်ယောက်ကို ဝင်လာဖို့ ခေါ်လိုက်သည်။

ရှည်လျားသည့် ပိုးလိပ်ကြီးနှင့်အတူ စစ်သားနှစ်ယောက် ဝင်လာပြီး အဲ့ဒီနောက် အကုန်လုံး၏ရှေ့တွင် ဖြည်းဖြည်းချင်း ဖြန့်လိုက်သည်။ လက်စသတ်တော့ တောင်တွေ၊ မြစ်တွေနှင့် ရွာတွေကို မှတ်သားထားသည့် မြေပုံဖြစ်သည်။ ရှောက်ရှန်းက နားမလည်နိုင် ဖြစ်နေသော်လည်း လီထိုက်ကုန်းကတော့ ဒါကိုသိသည်။ ဒါဟာ ရန်ကျိုးမြေပုံပဲ ဖြစ်သည်။ လင်ပုယီ၏ ပုံစံဟာ တည်ကြည်နေပြီးတော့ပြောသည်။

''ရန်ကျိုးကို ကျွန်တော် ခဏခဏ ဖြတ်သွားခဲ့ဖူးတယ်။ ဒါပေမဲ့ တုန်းကျွင်းဘက်ကိုတော့ တစ်ခါမှမလာခဲ့ဖူးဘူး။ အခု စစ်သားအကြွင်းအကျန်တွေက ဟိုနေရာ ဒီနေရာမှာ ပြန့်နှံ့နေတယ်။ ဒီရက်ပိုင်းမှာပဲ ကျွန်တော်အုပ်စုနှစ်ခုကို သတ်ခဲ့တယ်´´

''ဒါပေမဲ့ အခြားအုပ်စုတစ်ခုက ချင်စီရင်စုကနေ လိုက်ဖမ်းတာ ရှောင်းကျွမ်းတောင်ပိုင်းမှာ ပျောက်သွားတယ်။ ထိုက်ကုန်းကို အကြံဉာဏ် တောင်းပါရစေ။ အခုယွီလင်စစ်သားတွေက အရှေ့ဘက်ကို ပိတ်ထားပြီးပြီ။ သူတို့က ဘယ်နေရာကိုများ ထွက်ပြေးသွားနိုင်ပါလဲ?´´

လီထိုက်ကုန်းက စိတ်ထဲမှာ ထိတ်လန့်သွားပြီး ပါးစပ်ကနေ လွတ်ထွက်သွားသည်။

''မဟုတ်မှလွဲရော သခင်မလေးချန် ခန့်မှန်းသလို အရှင်မင်းကြီးမှာ တစ်ခုခုဖြစ်နေပြီလား?´´

လူအားလုံး၏ မျက်လုံးဟာ ထိပ်ဦးပိုင်း ညာဘက်မှာထိုင်နေသည့် ကောင်မလေးထံ ကျရောက်သွားသည်။ ရှောက်ရှန်းက အရမ်းကို ရှက်ရွံ့သွားပြီး စိတ်ထဲတွင် လိီထိုက်ကုန်းကို ပါးစပ်အရမ်းမြန်သည့်အတွက် အကြီးကြီး ကျိန်ဆဲလိုက်သည်။ လင်ပုယီက စိတ်ဝင်စားသွားဟန်ရှိသည်။

''မင်းကဘာကို ခန့်မှန်းထားတာလဲ?´´

ရှောက်ရှန်းက လက်တွေကို ထပ်ခါထပ်ခါယမ်းလိုက်ပြီး စိတ်လှုပ်ရှားစွာပြောသည်။

''မဟုတ်ပါဘူး မဟုတ်ပါဘူး.... ကျွန်မက လျှောက်ပြီးခန့်မှန်းတာပါ။ အတည်မယူပါနဲ့ အတည်မယူပါနဲ့...´´

ပါးစပ်မြန်သည့် အဖိုးကြီးလီဟာ သူမကိုကူညီပြီး အမြန်ပြောလိုက်သည်။

''သခင်မလေးချန်က ပြောတယ်။ တစ်ယောက်ယောက်က ဥပဒေကို ဆန့်ကျင်ဖို့ ကြံစည်နေတယ်တဲ့။ အရင်ဆုံး တော်ဝင်ယာဥ်တန်း ခရီးကို နှောင့်နှေးအောင်လုပ်ပြီး ရုတ်တရက်အလစ်တိုက်ခိုက်တာတဲ့။ ဒါ့ကြောင့်မို့လို့ အနောက်ဘက်မှာ တစ်ယောက်မှမသိကြတာ´´

ရှောက်ရှန်းက ခြောက်ကပ်ကပ် ရယ်လိုက်သည်။ လင်ပုယီက ပြုံးပြီး ဘာမှမပြောခင် ကောင်မလေးကို ခဏကြာအောင် ကြည့်လိုက်သည်။

''ခန့်မှန်းတာ တစ်ဝက်မှန်တယ်။ တစ်ယောက်ယောက်က မဟုတ်တာ တစ်ခုခုလုပ်ဖို့ ကြံစည်နေတာ အမှန်ပဲ။ ဒါပေမဲ့ အရှင်မင်းကြီးက အစောကြီးထဲက သတိထားမိတယ်။ အတိတ်ကို ထောက်ထားပြီး သူ့ဟာသူ နောင်တရဖို့ မျှော်လင့်နေရုံပဲ´´

''မထင်မှတ်ပဲ သူခိုးကောင်က အဆိပ်ပြင်းတယ်။ ဆန့်ကျင်တာ မအောင်မြင်တာကိုတွေ့တော့ မကြာသေးခင်က ချင်းကျိုးကနေ စုဆောင်းထားတဲ့ ဓားပြအကြွင်းအကျန်စစ်သည်တွေကို အဖက်ဖက်ကိုဖြန့်  အရှင်မင်းကြီးက သူတို့အကုန်လုံးကို သုတ်သင်ချင်တယ်လို့ ကောလဟာလဖြန့်ပြီး တရားခံကို အရှုပ်အထွေးတွေ ကြားထဲမှာ လွတ်မြောက်သွားစေတယ်´´

လီထိုက်ကုန်းက မနည်းကို ပြန်လည်တည်ဆောက်ထားရတာ နှစ်တွေမကြာသေးတဲ့ ရွာလေးဟာ ထပ်ပြီးဒုက္ခခံစားရမှာကို စဥ်းစားမိပြီး စိတ်မကောင်းစွာဖြင့် အကျယ်ကြီး ပြောလိုက်မိသည်။

''အရှင်မင်းကြီးကလည်း အရမ်းကို ကြင်နာပြီး သဘောထားကြီးလွန်းတယ်။ ဘာခံစားချက်တွေကို ထောက်ထားနေရတာလဲ။ မကောင်းတဲ့ အမတ် သူခိုးကောင်တွေကို ချက်ချင်းအပြစ်ပေးသင့်တယ် ´´

ရှောက်ရှန်းကလည်း မေ့မျောနေတဲ့ သခင်မဆန်းနှင့် သေဆုံးဒဏ်ရာရကြတဲ့ ချန်အိမ်တော်က လူတွေကို စဥ်းစားလိုက်မိပြီး ထောက်ခံသည်။

''ဟုတ်တယ်! ဟုတ်တယ်!´´

လင်ပုယီက သူမ၏ ထောက်ခံသည့် အမူအရာဟာ အရမ်းကို သဘောကျစရာ ကောင်းသည်ဟု ခံစားရပြီး ပိုလို့ပြုံးကာပြောသည်။

''နယ်စပ်က အမတ်ကြီးတွေက တစ်ချက်လှုပ်တာနဲ့ အကုန်လုံးကို အကျိုးသက်ရောက်လိမ့်မယ်။ အရှင်မင်းကြီးက အခြေအနေတစ်ရပ်လုံးကို ထိန်းချုပ်ပြီးသွားပြီ။ ဒါပေမဲ့ သူတို့ကဒီလောက် အဆိပ်ပြင်းလိမ့်မယ်လို့ ထင်မထားခဲ့ဘူး´´

လီထိုက်ကုန်းက ''အာ´´ ဆိုပြီး ပေါင်ကိုတစ်ချက်ရိုက်လိုက်ကာ

''နယ်စပ်က အမတ်ကြီး? ကျွန်တော်တို့ ပြည်နယ်မှူးလုပ်တဲ့ ရှုပ်ထွေးမှုများလား? ကျွန်တော်တို့ရဲ့ စီရင်စုမှူးက ကြိုးစားပြီး ထိန်းသိမ်းထားလို့ တော်သေးတယ်။ ဒါ့ကြောင့်မို့လို့ အနောက်ဘက်ကို အန္တာရာယ်တွေ ပျံ့နှံ့မလာတာ´´

လင်ပုယီက နှာခမ်းကို တွန့်လိုက်ပြီးပြောသည်။

''မဟုတ်ဘူး။ အခြားသူရဲ့ လှည့်ဖျားခံရပြီး ရှုပ်ထွေးမှုတွေဖြစ်အောင် လုပ်တာက မင်းတို့ရဲ့ စီရင်စုမှူး။ ရန်ကျိုးပြည်နယ် ပြည်နယ်မှူးက အရှင်မင်းကြီးကို သစ္စာရှိပြီး ရှုပ်ထွေးမှုကို ကြိုးစားနှိမ်နှင်းပေးတယ်။ ချင်စီရင်စုကနေ အနောက်ဘက်က ဒါ့ကြောင့် လုံခြုံတာ။ အရှင်မင်းကြီးက ရက်ပိုင်းအတွင်းမှာပဲ တစ်တိုင်းပြည်လုံးကို ကြေညာလိမ့်မယ်´´

ဒီတစ်ခေါက်မှာတော့ လီထိုက်ကုန်း ပါးစပ်မြန်စရာ မလိုပဲ လင်ပုယီက ခေါင်းလှည့်ကာ ရှောက်ရှန်းကို မေးလိုက်သည်။

''ဒါလည်း မင်းခန့်မှန်းထားတာလဲ?´´

ရှောက်ရှန်းက အနေရခက်လို့ နားတွေတောင် နီလာပြီး ခြောက်ကပ်ကပ်နဲ့ပဲ ဆက်ရယ်နေနိုင်သည်။

''ဒီမိန်းမငယ်လေးက အသိပညာ နည်းပါးပါတယ်။ အသိပညာ နည်းပါးပါတယ်….ဟားဟား…´´

ကောင်မလေးရဲ့ အကြည့်တွေက သူ့အပေါ် ကျရောက်လာတာကို ခံစားမိပြီး လီထိုက်ကုန်းက ရှက်ရွံ့သွားကာ မုတ်ဆိတ်မွှေးကိုသပ်ရင်း မြေပုံကို ကြည့်ရန် လျှောက်သွားလိုက်သည်။ အဲ့ဒီနောက် သာမာန်ကာလျှံကာ မေးလိုက်သည်။

''အဲ့ဒီဓားပြတွေက ဘယ်နေရာကနေ ထွက်ပြေးလာတာလဲ မသိဘူး´´

လင်ပုယီက ပြောသည်။

''ဟွာစီရင်ကနေ စတယ်´´

လီထိုက်ကုန်းက စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကိုလှည့်လိုက်ပြီး အသံကျယ်ကျယ်နှင့်ပြောသည်။

''ဒီဟာတော့ သခင်မလေးချန် ခန့်မှန်းတာမှန်သွားပြီ! တကယ့်ကို ဟွာစီရင်စုမှာ ကိစ္စဖြစ်တာပဲ။ သခင်မနဲ့ သခင်မလေးက ဟွာစီရင်စုကို မသွားလို့ တော်သေးတယ်´´

''မဟုတ်ရင် ကျားပါးစပ်ထဲကို ဝင်သလို ဖြစ်မသွားဘူးလား? မိန်းကလေးချန် အရမ်းထက်မြက်တာပဲ!´´

သူက ရိုးသားကြင်နာသည့်လူ ဖြစ်သည်။ သူက ကောင်မလေးဟာ အရှက်ကြီးပြီး တစ်ခါတည်း မျက်နှာနှစ်ခါပျက်သွားသည်ဟု တိတ်တိတ်လေး တွေးလိုက်ပြီး အခုတော့ ပြန်အဖက်ဆယ်နိုင်ပြီ ဖြစ်သည်။ လင်ပုယီက ရယ်လိုက်မိသည်။

''ဒါလည်း မဟုတ်သေးဘူး။ အရှင်မင်းကြီးက အစောကြီးထဲက ပြင်ဆင်ထားပြီး ဟွာစီရင်စုရဲ့ အရှေ့ဘက်ရွာမှာ စခန်းချထားတာမို့လို့ အရှုပ်အထွေးက ချက်ချင်းရှင်းခံလိုက်ရတယ်´´

''မင်းတို့ တကယ်လို့ မနေ့က ဟွာစီရင်စုကိုသာသွားရင် ငြိမ်းချမ်းနေပြီဖြစ်လို့ အန္တာရယ် မရှိတော့ဘူး´´

လီထိုက်ကုန်းက ခြောက်ကပ်ကပ်နှင့် နှစ်ချက်လောက်ရယ်ပြီး အမြန်ခေါင်းငုံ့ကာ မြေပုံကိုကြည့်လိုက်သည်။ လျန်ချိုးဖေးနှင့် လီဝူလန်က ဘေးဘက်ကိုလှည့်ကာ ကျိတ်ရယ်လိုက်သည်။ အမာရွတ်နှင့် စစ်သည်မှစ၍ ပေလိပ်ကိုင်ထားသည့် စစ်သည်နှစ်ယောက်အထိ အိမ်ထဲမှ စစ်သည်တွေအကုန်လုံးဟာ တိတ်တတိတ်ရယ်လိုက်ကြသည်။

ရှောက်ရှန်း : ထိုက်ကုန်း ကျွန်မတောင်းပန်ပါတယ်။ မပြောပါနဲ့တော့! တုန်းကျွင်းဟာ မြေဧရိယာ ကြီးမားပြီး ကြွယ်ဝချမ်းသာသည်။ လီထိုက်ကုန်းက မြေပုံရှေ့မှာ အချိန်အကြာကြီး ရပ်နေပြီး တုံ့ဆိုင်းကာ ဆုံးမဖြတ်နိုင်ဖြစ်နေသည်။

''….လူကြီးမင်းလင်! မဖုန်းကွယ်ပဲ အမှန်အတိုင်း ပြောရရင် ဒီအဖိုးကြီးက ဒီနေရာကို  အကုန်လုံးသိတယ်လို့တော့ မပြောရဲပေမဲ့ လမ်းတွေ မြစ်တွေအကုန်လုံးကိုတော့ သိပါတယ်။ ဒါပေမဲ့ ဓားပြတွေက ဘယ်လမ်းကို သွားမယ်ဆိုတာက တကယ့်ကို ပြောဖို့ခက်ပါတယ်….."

သူပြောလို့ မပြီးသေးခင်မှာပဲ ရှောက်ရှန်းက မတ်တပ်ရပ်ကာ အကျယ်ကြီးအော်လိုက်သည်။

''ထိုက်ကုန်း အခက်တွေ့စရာ မလိုပါဘူး။ လူမှာ လမ်းကြောင်းရှိသလို သူခိုးတွေမှာ အကြံအစည်ရှိတယ်။ အဲ့ဒီသူခိုးဓားပြအုပ်စုက လူသတ်လုယက်ဖို့ ရည်ရွယ်ချက်ရှိရင် သေချာပေါက် လူများတဲ့နေရာကို သွားလိမ့်မယ်´´

''တကယ်လို့ အခြေအနေကို ရှုပ်ထွေးအောင်လုပ်ပြီး အရှင်မင်းကြီးက ဓားပြတွေကို နှိမ်နှင်းနေတုန်းမှာ လွတ်မြောက်ချင်ရင်  သူတို့က ဝေးလံခေါင်ပါးတဲ့လမ်းကို ရွေးလိမ့်မယ်။ အထူးသဖြင့် အခြားသူတွေ သတိထားမိဖို့ မလွယ်ကူတဲ့ တောနဲ့တောင် အကြားတွေ´´

ဒီတစ်ခေါက်မှာတော့ လီထိုက်ကုန်းဟာ စိတ်ရှိသလို မချီးကျုးရဲတော့ဘူး။ အမြန် လင်ပုယီ၏ သဘောထားကို ကြည့်လိုက်သည်။ ဒါပေမဲ့ သူကကောင်မလေးကို ကြည့်ကာ ဖျော့ဖျော့လေးပြုံးပြီး ပြောသည်ကို တွေ့လိုက်ရသည်။

''မင်းပြောတာ အရမ်းမှန်တယ်´´

မြို့တော်မှာ အေးစက်ပြီး အရည်အချင်းရှိတယ်လို့ နာမည်ကျော်တဲ့ စစ်သူကြီးဟာ ပြုံးလိုက်သည့်အချိန်တွင် တကယ့်ကို ငယ်ရွယ်ပြီးချောမောသည်။ ရှောက်ရှန်းက နောက်ဆုံးတော့ မျက်ခုံးပင့်ကာ အသက်ရှုထုတ်လိုက်ပြီး နှာခမ်းထောင့်စွန်းကိုကိုက်၍ ဖျော့ဖျော့လေး ပြုံးလိုက်သည်။ လင်ပုယီက ကောင်မလေးကို ကြည့်၍ပြောသည်။

''တကယ်လို့ အစောပိုင်းနှစ်တွေမှာသာ ရှုပ်ထွေးသွားခဲ့ရင် မြေဆီလွှာက ကျတ်တီးမြေ ဖြစ်သွားမယ်ဆိုရင်တောင် ပြည်နယ်တိုင်းမှာ သတ္တိရှိတဲ့ လူငယ်တွေက စုရုံးပြီး ကျေးရွာကို ကာကွယ်လိမ့်မယ်။ ဒါပေမဲ့ ဒီနှစ်တွေမှာ သတ္တိရှိတဲ့ လူငယ်တွေက မွေးရပ်မြေကိုပြန် အရိုင်းမြေကို လယ်စိုက်လို့ ပြန့်ကျဲကုန်ကြပြီ´´

''ရုတ်တရက် ရှုပ်ထွေးမှု ဖြစ်တာက ဝံပုလွေကို သိုးအုပ်ထဲ လွှတ်လိုက်တာပဲ။ ဒါ့ကြောင့်မို့လို့ အရှင်မင်းကြီးက အကုန်လုံးကို လျစ်လျူရှုပြီး ဓားပြတွေကို အရင်နှိမ်နှင်းဖို့ အမိန့်ပေးထားတယ်´´

''ထိုက်ကုန်း ဒီဓားပြအုပ်စုက အဆိုးဆုံးတွေထဲက အုပ်စုတစ်ခုပဲ။ သူတို့က တောင်ဘက်ကျင်ကျိုးကို ထွက်ပြေးပြီး ရှု့တိုင်းပြည်ကို တစ်ဆင့်ဝင်ဖို့ ပြင်ဆင်ထားတာ´´

လီထိုက်ကုန်းက မုတ်ဆိတ်မွှေးကိုသပ် ခေါင်းငြိမ့်ကာ မြေပုံကိုကြည့်ရန် ပြန်လှည့်လိုက်သည်။ လီဝူလန်က ကိုယ့်ဟာကို တွေးလိုက်သည် : လူကြီးမင်းလင် သင်ပြောတာက အရမ်းကို ကောင်းပါတယ်။ ဒါပေမဲ့ စကားပြောတဲ့ အချိန်မှာ ကျွန်တော့်အဖေရဲ့ မျက်နှာကို ကြည့်လို့မရဘူးလား?

                          Zawgyi

အခန္း ( ၄၂ ) အပိုင္း ၁

အမွတ္ရဖြယ္ ေလထုအေျခအေနေလးက သမားေတာ္၏ ေအာ္သံႏွင့္အတူ ၿပိဳကြဲသြားသည္။

''ေသြးက ထြက္ေနေသးတယ္ေနာ္…..´´

စစ္သည္ႏွစ္ေယာက္က သူ႔ကို ထိန္းခ်ဳပ္ထားေသာ္လည္း သူ႔ရဲ႕ပါးစပ္ကိုေတာ့ ခ်ဳပ္မထားဘူး။ သူဟာ ႐ိုးသားတဲ့ သမားေတာ္တစ္ေယာက္ အေနနဲ႔  သူ႔မ်က္စိေရွ႕မွာ ဒဏ္ရာက ေသြးေတြထြက္ေနသည္ကို ဒီအတိုင္းၾကည့္မေနႏိုင္ဘူး။  ေရွာက္ရွန္းက အသိစိတ္ဝင္လာၿပီး ေသြးထြက္ေနေသးသည့္ ဒဏ္ရာကိုတစ္ခ်က္ၾကည့္လိုက္ကာ ေရွ႕သို႔တစ္လွမ္းတိုးၿပီး မေက်နပ္စြာေျပာသည္။

''ျမႇားက်ိဳးေတာင္ ထြက္သြားၿပီ။ ရွင္ကအဲ့ဒီမွာ ဘာေၾကာင္လုပ္ေနေသးတာလဲ။ အျမန္လာၿပီး ကုမေပးေသးဘူးလား? သမားေတာ္က မိဘလို စိတ္ထားရတယ္။ ရွင္က ဘယ္လိုလုပ္ၿပီး မစိုးရိမ္ရတာလဲ´´

ဒီစကားထြက္လာသည္ႏွင့္ သမားေတာ္ခ်န္ဟာ ဝမ္းနည္းပက္လက္ႏွင့္ ေကာင္းကင္ကိုေမာ့ၿပီးေတာ့သာ ေအာ္လိုက္ခ်င္သည္။ သူက အသံတစ္ခ်က္ မျပဳရေသးခင္မွာပဲ သူ႔ေဘးနားမွ စစ္သည္ႏွစ္ေယာက္ဟာ ဘယ္ညာအနည္းငယ္ လႈပ္လိုက္ၿပီး အခုသူဟာ စကားေတာင္ ေျပာလို႔မရေတာ့ဘူး။

…..ဟုတ္ပါတယ္။ ေကာင္မေလးရဲ႕ အျမင္ဘက္ကၾကည့္လွ်င္ သမားေတာ္ရဲ႕ လက္ေတြဟာ ေနာက္ေက်ာမွာ အခ်ဳပ္ခံထားရသည္ကို မျမင္ႏိုင္ဘူး။ လ်န္ခ်ိဳးေဖးက ရယ္ခ်င္သည္။ ဒါေပမဲ့ သူ႔ေဘးနားက အကိုျဖစ္သူရဲ႕ အားျပင္းျပင္းနဲ႔ တစ္ခ်က္ဆြဲတာကို ခံလိုက္ရၿပီး လူငယ္ေလးဟာ မ်က္ႏွာကို အျမန္ျပန္ျပင္လိုက္သည္။ လီဝူလန္က ဆက္မၾကည့္ႏိုင္ေတာ့ပဲ ေခါင္းလွည့္ကာ အျပင္ဘက္ကတံခါးကို ၾကည့္ေနလိုက္သည္။

လီထိုက္ကုန္းက ေအာက္ႏွာခမ္းကို အႀကိမ္ အခ်ိဳ႕သပ္လိုက္သည္။ သူ႔ရဲ႕ ခ်စ္ရတဲ့ မုတ္ဆိတ္ေမႊးေလးဟာ ခဏခဏ ထိခံေနရသည္ကို သတိထားလိုက္မိၿပီး လက္ကိုခ်ကာ အခင္းေပၚတြင္ ထိုင္လိုက္သည္။ သမားေတာ္က တိတ္ဆိတ္စြာနဲ႔ ေရွ႕ကိုတိုးၿပီး သူ၏ဝာာဝန္ကို ေဆာင္႐ြက္သည္။ ဒါကိုျမင္ၿပီးတဲ့ေနာက္မွာ ေရွာက္ရွန္းက ေနာက္ကိုတစ္လွမ္းဆုတ္လိုက္ၿပီး ကိုယ့္ေနရာကို ျပန္သြားကာ ထိုင္မလိုလုပ္သည္။

ကိုယ္ကိုလွည့္လိုက္တဲ့ အခ်ိန္မွာေတာ့ နဂိုေနရာမွာ ရွိေနသည့္ အခင္းဟာ ဘယ္အခ်ိန္တုန္းက ယူသြားမွန္း မသိပဲ လင္ပုယီ၏ ညာဘက္အနည္းငယ္ နိမ့္သည့္ေနရာတြင္ ခ်ထားသည္ကို ေတြ႕လိုက္ရသည္။ ဓားအမာ႐ြတ္ႏွင့္ ကိုယ္ရံေတာ္ဟာ အရမ္းကို ၾကင္နာစြာနဲ႔ ၿပဳံးလိုက္ၿပီးေတာ့ ေျပာသည္။

''သခင္မေလး အရင္ထိုင္ပါ´´

ေရွာက္ရွန္းက ထိတ္လန္႔သြားၿပီး အဲ့ဒီေနာက္ ေၾကာင္ေတာင္ေတာင္ႏွင့္ ထိုင္ခ်လိုက္သည္။  ခ်န္အိမ္ေတာ္တြင္ အေမခ်န္ မရွိသေ႐ြ႕ အေဖခ်န္က က်ိဳေကြၽးခန္းမ၌ ဧည့္ခံခ်ိန္မ်ားတြင္ သခင္မေရွာင္း၏ေနရာဟာ ဒီလိုမ်ိဳးေနရာတြင္ပင္ ျဖစ္ေၾကာင္း သူမျပန္သတိရလိုက္သည္။ ဒီေတာ့ ဒါကေနရာပိုင္ရွင္ကို အ႐ိုအေသေပးတဲ့ အဓိပၸာယ္လား? သူမက စီစဥ္ေနေပမဲ့ ဒီအိမ္က လိီထိုက္ကုန္း ပိုင္တာေလ။ ခ်န္မိသားစုရဲ႕ အဆင့္အတန္းက လီမိသားစုထက္ ျမင့္လို႔မ်ားလား…?

စိတ္ရႈပ္ေထြးေနတုန္းမွာပဲ သူမက ႐ုတ္တရက္ ျပင္းထန္သည့္ ေသရည္နံ႔ကို ရလိုက္သည္။ ေအးေအးေဆးေဆး လွည့္ၾကည့္လိုက္ေတာ့ သမားေတာ္ခ်န္ဟာ လင္ပုယီ၏ ဒဏ္ရာကို အသစ္ဖြင့္ထားသည့္ ေသရည္တစ္အိုးလုံးျဖင့္ ထပ္ခါထပ္ခါ ေဆးေနသည္ကို ေတြ႕လိုက္ရသည္။ လီထိုက္ကုန္းက အနံ႔ခံလိုက္ကာ ၿပဳံး၍မွတ္ခ်က္ျပဳသည္။

''ဒီေသရည္က ဆယ္ႏွစ္အထက္ရွိတဲ့ ေသရည္ေကာင္းပဲ´´

လ်န္ခ်ိဳးေဖးက အနည္းငယ္ သေဘာက်သြားသည့္ပုံ ေပၚသည္။

''ေလာင္ေက်ာက္က အျမင္အာ႐ုံေကာင္းတာပဲ။ ဒါက ခ်န္ဝမ္နန္းေတာ္ ဂိုေဒါင္မွာ ေတြ႕ခဲ့တဲ့ ႏွစ္ခ်ိဳ႕ေသရည္ပဲ။ ဖြက္ထားတာ ဘယ္ေလာက္ေတာင္ ၾကာၿပီလဲမသိဘူး´´

''ႏွစ္သစ္ကူးတဲ့ အခ်ိန္တုန္းက အရွင္မင္းႀကီးက ခ်ီးျမႇင့္ခဲ့တာ။ အစတုန္းကေတာ့ ဂုဏ္ျပဳစားပြဲမွာ ေသာက္မလို႔ စီစဥ္ထားတာ´´

ေရွာက္ရွန္းကလည္း အသက္ျပင္းျပင္း ရႈိက္လိုက္ၿပီး ဒီေသရည္က တကယ့္ကို ျပင္းၿပီး သင္းသင္းေလးေမႊးေနတာပဲဟု စိတ္ထဲမွာ ေျပာလိုက္သည္။ သူမက ''ကြၽန္မက အယ္ကိုေဟာဓာတ္ ပါဝင္မႈမ်ားတာကို သန္႔စင္ေပးႏိုင္တယ္။ ဒီလိုေသရည္ေကာင္းကို ျဖဳန္းတီးမပစ္နဲ႔။ ဒါမွမဟုတ္ ကြၽန္မတို႔အိမ္က အေဖခ်န္ကို ေပးလိုက္ပါ့လား´´ လို႔ အရမ္းကို ေျပာခ်င္ေနသည္။ ဒီစကားကို ေသခ်ာေပါက္ ေျပာလို႔မရဘူးေပါ့။ သူမ်ားက ကိုယ့္အသက္ကို ကယ္ထားတာကို ေက်းဇူးမဆပ္ပဲ တစ္ဖက္သားရဲ႕ ေသရည္ကို မက္ေမာေနေသးတယ္?

လင္ပုယီက ေကာင္မေလးကို ေဘးဘက္ကေန ၾကည့္လိုက္ၿပီးေနာက္ သူ၏ လက္ထဲက ေခါက္ထားသည့္ ဘ႐ိုကိတ္ လက္ကိုင္ပုဝါေလးကို ၾကည့္လ္ုက္သည္။ ျမႇားက်ိဳးကို ဆြဲထုတ္ၿပီးသည့္ေနာက္တြင္ ေကာင္မေလးက လက္ကိုင္ပုဝါကို ျပန္ေပးခဲ့ၿပီး အဲ့ဒီေနာက္ ဆြဲႀကိဳးကို သူမလက္ထဲတြင္ ျပန္ယူသြားခဲ့သည္။ သူမက ငယ္႐ြယ္ေသးေသာ္လည္း ရွင္းလင္းသည့္ စိတ္သေဘာထားရွိၿပီး ခ်ည္ေႏွာင္လိုသည့္ ရည္႐ြယ္ခ်က္မရွိဘူး။

အခုခ်ိန္မွာ သမားေတာ္ခ်န္က အသားပုပ္ေတြကို စတင္ျဖတ္ေနၿပီ ျဖစ္သည္။ အသားကို ျဖတ္ေတာက္သည့္ အသံႏွင့္အတူ မဲနက္ေယာင္ကိုင္းၿပီး ပုပ္ေနသဘ့္ အသားစမ်ားဟာ ျဖတ္ေတာက္ခံရၿပီး ပန္းကန္ျပားေပၚတြင္ တင္ထားသည္။ ေရွာက္ရွန္း၏ ဦးေရျပားမ်ားေတာင္ ထုံက်င္သြားသည္။

သို႔ေပမဲ့ ေက်ာဗလာႏွင့္ ထိုအမ်ိဳးသားကေတာ့ လက္ေတြကို ဒူးေပၚတင္ကာ တိတ္တဆိတ္ထိုင္ေနၿပီး အမူအရာက ေျပာင္းလဲမႈမရွိဘူး။ သူ၏ ျဖဴေလ်ာ့ေနေသာ မ်က္ႏွာႏွင့္ အနည္းငယ္ တင္းထားသည့္ႏွာခမ္းမွလြဲ၍  ဘာမွမျဖစ္ေနသလိုပဲ။ သူ႔၏ ႏွင္းလိုျဖဴဆြတ္ေနသည့္ အေရျပားေပၚမွ နီရဲေနသည့္ ႏွာခမ္းကို ေဘးဘက္မွၾကည့္ရင္း ေရွာက္ရွန္းဟာ ရွင္းမျပတတ္ေအာင္ အေတြးနယ္ခ်ဲ႕ေနမိသည္။ '' ဒီလို ရာထူးအဆင့္အတန္း ၾသဇာအာဏာမ်ိဳးအတြက္ သူက အရမ္းကို ငယ္ေသးတယ္......´´

အသားပုပ္ေတြကို ျဖတ္ေတာက္ၿပီးတဲ့ေနာက္တြင္ ဒဏ္ရာကို ေဆးေၾကာ၊ ေဆးလိမ္းၿပီး သမားေတာ္ဟာ ေနာက္ျပန္မၾကည့္ပဲ ေဆးအိတ္ကို ေက်ာတြင္ထမ္းကာ ထြက္သြားသည္။ သူ႔ရဲ႕ ေနာက္ေက်ာကိုပဲ ၾကည့္လွ်င္ေတာင္ သူေတာ္ေတာ္ေလး ခံစားခဲ့ရမွန္း လီဝူလန္က ခံစားလို႔ရသည္။ လင္ပုယီက လ်န္ခ်ိဳးေဖးဝတ္႐ုံေတြ တစ္ထပ္ၿပီးတစ္ထပ္ ဝတ္ဆင္ေပးတာကို ခံယူသည္။ ေသရည္အိုးတစ္ဝက္ကို ေသာက္လိုက္ၿပီးသည့္ေနာက္တြင္ သက္ျပင္းရွည္ႀကီး ခ်လိုက္ၿပီး လက္ေျမႇာက္ကာ တစ္ေယာက္ေယာက္ကို ဝင္လာဖို႔ ေခၚလိုက္သည္။

ရွည္လ်ားသည့္ ပိုးလိပ္ႀကီးႏွင့္အတူ စစ္သားႏွစ္ေယာက္ ဝင္လာၿပီး အဲ့ဒီေနာက္ အကုန္လုံး၏ေရွ႕တြင္ ျဖည္းျဖည္းခ်င္း ျဖန္႔လိုက္သည္။ လက္စသတ္ေတာ့ ေတာင္ေတြ၊ ျမစ္ေတြႏွင့္ ႐ြာေတြကို မွတ္သားထားသည့္ ေျမပုံျဖစ္သည္။ ေရွာက္ရွန္းက နားမလည္ႏိုင္ ျဖစ္ေနေသာ္လည္း လီထိုက္ကုန္းကေတာ့ ဒါကိုသိသည္။ ဒါဟာ ရန္က်ိဳးေျမပုံပဲ ျဖစ္သည္။ လင္ပုယီ၏ ပုံစံဟာ တည္ၾကည္ေနၿပီးေတာ့ေျပာသည္။

''ရန္က်ိဳးကို ကြၽန္ေတာ္ ခဏခဏ ျဖတ္သြားခဲ့ဖူးတယ္။ ဒါေပမဲ့ တုန္းကြၽင္းဘက္ကိုေတာ့ တစ္ခါမွမလာခဲ့ဖူးဘူး။ အခု စစ္သားအႂကြင္းအက်န္ေတြက ဟိုေနရာ ဒီေနရာမွာ ျပန္႔ႏွံ႔ေနတယ္။ ဒီရက္ပိုင္းမွာပဲ ကြၽန္ေတာ္အုပ္စုႏွစ္ခုကို သတ္ခဲ့တယ္´´

''ဒါေပမဲ့ အျခားအုပ္စုတစ္ခုက ခ်င္စီရင္စုကေန လိုက္ဖမ္းတာ ေရွာင္းကြၽမ္းေတာင္ပိုင္းမွာ ေပ်ာက္သြားတယ္။ ထိုက္ကုန္းကို အႀကံဉာဏ္ ေတာင္းပါရေစ။ အခုယြီလင္စစ္သားေတြက အေရွ႕ဘက္ကို ပိတ္ထားၿပီးၿပီ။ သူတို႔က ဘယ္ေနရာကိုမ်ား ထြက္ေျပးသြားႏိုင္ပါလဲ?´´

လီထိုက္ကုန္းက စိတ္ထဲမွာ ထိတ္လန္႔သြားၿပီး ပါးစပ္ကေန လြတ္ထြက္သြားသည္။

''မဟုတ္မွလြဲေရာ သခင္မေလးခ်န္ ခန္႔မွန္းသလို အရွင္မင္းႀကီးမွာ တစ္ခုခုျဖစ္ေနၿပီလား?´´

လူအားလုံး၏ မ်က္လုံးဟာ ထိပ္ဦးပိုင္း ညာဘက္မွာထိုင္ေနသည့္ ေကာင္မေလးထံ က်ေရာက္သြားသည္။ ေရွာက္ရွန္းက အရမ္းကို ရွက္႐ြံ႕သြားၿပီး စိတ္ထဲတြင္ လိီထိုက္ကုန္းကို ပါးစပ္အရမ္းျမန္သည့္အတြက္ အႀကီးႀကီး က်ိန္ဆဲလိုက္သည္။ လင္ပုယီက စိတ္ဝင္စားသြားဟန္ရွိသည္။

''မင္းကဘာကို ခန္႔မွန္းထားတာလဲ?´´

ေရွာက္ရွန္းက လက္ေတြကို ထပ္ခါထပ္ခါယမ္းလိုက္ၿပီး စိတ္လႈပ္ရွားစြာေျပာသည္။

''မဟုတ္ပါဘူး မဟုတ္ပါဘူး.... ကြၽန္မက ေလွ်ာက္ၿပီးခန္႔မွန္းတာပါ။ အတည္မယူပါနဲ႔ အတည္မယူပါနဲ႔...´´

ပါးစပ္ျမန္သည့္ အဖိုးႀကီးလီဟာ သူမကိုကူညီၿပီး အျမန္ေျပာလိုက္သည္။

''သခင္မေလးခ်န္က ေျပာတယ္။ တစ္ေယာက္ေယာက္က ဥပေဒကို ဆန္႔က်င္ဖို႔ ႀကံစည္ေနတယ္တဲ့။ အရင္ဆုံး ေတာ္ဝင္ယာဥ္တန္း ခရီးကို ေႏွာင့္ေႏွးေအာင္လုပ္ၿပီး ႐ုတ္တရက္အလစ္တိုက္ခိုက္တာတဲ့။ ဒါ့ေၾကာင့္မို႔လို႔ အေနာက္ဘက္မွာ တစ္ေယာက္မွမသိၾကတာ´´

ေရွာက္ရွန္းက ေျခာက္ကပ္ကပ္ ရယ္လိုက္သည္။ လင္ပုယီက ၿပဳံးၿပီး ဘာမွမေျပာခင္ ေကာင္မေလးကို ခဏၾကာေအာင္ ၾကည့္လိုက္သည္။

''ခန္႔မွန္းတာ တစ္ဝက္မွန္တယ္။ တစ္ေယာက္ေယာက္က မဟုတ္တာ တစ္ခုခုလုပ္ဖို႔ ႀကံစည္ေနတာ အမွန္ပဲ။ ဒါေပမဲ့ အရွင္မင္းႀကီးက အေစာႀကီးထဲက သတိထားမိတယ္။ အတိတ္ကို ေထာက္ထားၿပီး သူ႔ဟာသူ ေနာင္တရဖို႔ ေမွ်ာ္လင့္ေန႐ုံပဲ´´

''မထင္မွတ္ပဲ သူခိုးေကာင္က အဆိပ္ျပင္းတယ္။ ဆန္႔က်င္တာ မေအာင္ျမင္တာကိုေတြ႕ေတာ့ မၾကာေသးခင္က ခ်င္းက်ိဳးကေန စုေဆာင္းထားတဲ့ ဓားျပအႂကြင္းအက်န္စစ္သည္ေတြကို အဖက္ဖက္ကိုျဖန္႔  အရွင္မင္းႀကီးက သူတို႔အကုန္လုံးကို သုတ္သင္ခ်င္တယ္လို႔ ေကာလဟာလျဖန္႔ၿပီး တရားခံကို အရႈပ္အေထြးေတြ ၾကားထဲမွာ လြတ္ေျမာက္သြားေစတယ္´´

လီထိုက္ကုန္းက မနည္းကို ျပန္လည္တည္ေဆာက္ထားရတာ ႏွစ္ေတြမၾကာေသးတဲ့ ႐ြာေလးဟာ ထပ္ၿပီးဒုကၡခံစားရမွာကို စဥ္းစားမိၿပီး စိတ္မေကာင္းစြာျဖင့္ အက်ယ္ႀကီး ေျပာလိုက္မိသည္။

''အရွင္မင္းႀကီးကလည္း အရမ္းကို ၾကင္နာၿပီး သေဘာထားႀကီးလြန္းတယ္။ ဘာခံစားခ်က္ေတြကို ေထာက္ထားေနရတာလဲ။ မေကာင္းတဲ့ အမတ္ သူခိုးေကာင္ေတြကို ခ်က္ခ်င္းအျပစ္ေပးသင့္တယ္ ´´

ေရွာက္ရွန္းကလည္း ေမ့ေမ်ာေနတဲ့ သခင္မဆန္းႏွင့္ ေသဆုံးဒဏ္ရာရၾကတဲ့ ခ်န္အိမ္ေတာ္က လူေတြကို စဥ္းစားလိုက္မိၿပီး ေထာက္ခံသည္။

''ဟုတ္တယ္! ဟုတ္တယ္!´´

လင္ပုယီက သူမ၏ ေထာက္ခံသည့္ အမူအရာဟာ အရမ္းကို သေဘာက်စရာ ေကာင္းသည္ဟု ခံစားရၿပီး ပိုလို႔ၿပဳံးကာေျပာသည္။

''နယ္စပ္က အမတ္ႀကီးေတြက တစ္ခ်က္လႈပ္တာနဲ႔ အကုန္လုံးကို အက်ိဳးသက္ေရာက္လိမ့္မယ္။ အရွင္မင္းႀကီးက အေျခအေနတစ္ရပ္လုံးကို ထိန္းခ်ဳပ္ၿပီးသြားၿပီ။ ဒါေပမဲ့ သူတို႔ကဒီေလာက္ အဆိပ္ျပင္းလိမ့္မယ္လို႔ ထင္မထားခဲ့ဘူး´´

လီထိုက္ကုန္းက ''အာ´´ ဆိုၿပီး ေပါင္ကိုတစ္ခ်က္႐ိုက္လိုက္ကာ

''နယ္စပ္က အမတ္ႀကီး? ကြၽန္ေတာ္တို႔ ျပည္နယ္မႉးလုပ္တဲ့ ရႈပ္ေထြးမႈမ်ားလား? ကြၽန္ေတာ္တို႔ရဲ႕ စီရင္စုမႉးက ႀကိဳးစားၿပီး ထိန္းသိမ္းထားလို႔ ေတာ္ေသးတယ္။ ဒါ့ေၾကာင့္မို႔လို႔ အေနာက္ဘက္ကို အႏၲာရာယ္ေတြ ပ်ံ႕ႏွံ႔မလာတာ´´

လင္ပုယီက ႏွာခမ္းကို တြန္႔လိုက္ၿပီးေျပာသည္။

''မဟုတ္ဘူး။ အျခားသူရဲ႕ လွည့္ဖ်ားခံရၿပီး ရႈပ္ေထြးမႈေတြျဖစ္ေအာင္ လုပ္တာက မင္းတို႔ရဲ႕ စီရင္စုမႉး။ ရန္က်ိဳးျပည္နယ္ ျပည္နယ္မႉးက အရွင္မင္းႀကီးကို သစၥာရွိၿပီး ရႈပ္ေထြးမႈကို ႀကိဳးစားႏွိမ္ႏွင္းေပးတယ္။ ခ်င္စီရင္စုကေန အေနာက္ဘက္က ဒါ့ေၾကာင့္ လုံၿခဳံတာ။ အရွင္မင္းႀကီးက ရက္ပိုင္းအတြင္းမွာပဲ တစ္တိုင္းျပည္လုံးကို ေၾကညာလိမ့္မယ္´´

ဒီတစ္ေခါက္မွာေတာ့ လီထိုက္ကုန္း ပါးစပ္ျမန္စရာ မလိုပဲ လင္ပုယီက ေခါင္းလွည့္ကာ ေရွာက္ရွန္းကို ေမးလိုက္သည္။

''ဒါလည္း မင္းခန္႔မွန္းထားတာလဲ?´´

ေရွာက္ရွန္းက အေနရခက္လို႔ နားေတြေတာင္ နီလာၿပီး ေျခာက္ကပ္ကပ္နဲ႔ပဲ ဆက္ရယ္ေနႏိုင္သည္။

''ဒီမိန္းမငယ္ေလးက အသိပညာ နည္းပါးပါတယ္။ အသိပညာ နည္းပါးပါတယ္….ဟားဟား…´´

ေကာင္မေလးရဲ႕ အၾကည့္ေတြက သူ႔အေပၚ က်ေရာက္လာတာကို ခံစားမိၿပီး လီထိုက္ကုန္းက ရွက္႐ြံ႕သြားကာ မုတ္ဆိတ္ေမႊးကိုသပ္ရင္း ေျမပုံကို ၾကည့္ရန္ ေလွ်ာက္သြားလိုက္သည္။ အဲ့ဒီေနာက္ သာမာန္ကာလွ်ံကာ ေမးလိုက္သည္။

''အဲ့ဒီဓားျပေတြက ဘယ္ေနရာကေန ထြက္ေျပးလာတာလဲ မသိဘူး´´

လင္ပုယီက ေျပာသည္။

''ဟြာစီရင္ကေန စတယ္´´

လီထိုက္ကုန္းက စိတ္လႈပ္ရွားစြာျဖင့္ ကိုယ္ကိုလွည့္လိုက္ၿပီး အသံက်ယ္က်ယ္ႏွင့္ေျပာသည္။

''ဒီဟာေတာ့ သခင္မေလးခ်န္ ခန္႔မွန္းတာမွန္သြားၿပီ! တကယ့္ကို ဟြာစီရင္စုမွာ ကိစၥျဖစ္တာပဲ။ သခင္မနဲ႔ သခင္မေလးက ဟြာစီရင္စုကို မသြားလို႔ ေတာ္ေသးတယ္´´

''မဟုတ္ရင္ က်ားပါးစပ္ထဲကို ဝင္သလို ျဖစ္မသြားဘူးလား? မိန္းကေလးခ်န္ အရမ္းထက္ျမက္တာပဲ!´´

သူက ႐ိုးသားၾကင္နာသည့္လူ ျဖစ္သည္။ သူက ေကာင္မေလးဟာ အရွက္ႀကီးၿပီး တစ္ခါတည္း မ်က္ႏွာႏွစ္ခါပ်က္သြားသည္ဟု တိတ္တိတ္ေလး ေတြးလိုက္ၿပီး အခုေတာ့ ျပန္အဖက္ဆယ္ႏိုင္ၿပီ ျဖစ္သည္။ လင္ပုယီက ရယ္လိုက္မိသည္။

''ဒါလည္း မဟုတ္ေသးဘူး။ အရွင္မင္းႀကီးက အေစာႀကီးထဲက ျပင္ဆင္ထားၿပီး ဟြာစီရင္စုရဲ႕ အေရွ႕ဘက္႐ြာမွာ စခန္းခ်ထားတာမို႔လို႔ အရႈပ္အေထြးက ခ်က္ခ်င္းရွင္းခံလိုက္ရတယ္´´

''မင္းတို႔ တကယ္လို႔ မေန႔က ဟြာစီရင္စုကိုသာသြားရင္ ၿငိမ္းခ်မ္းေနၿပီျဖစ္လို႔ အႏၲာရယ္ မရွိေတာ့ဘူး´´

လီထိုက္ကုန္းက ေျခာက္ကပ္ကပ္ႏွင့္ ႏွစ္ခ်က္ေလာက္ရယ္ၿပီး အျမန္ေခါင္းငုံ႔ကာ ေျမပုံကိုၾကည့္လိုက္သည္။ လ်န္ခ်ိဳးေဖးႏွင့္ လီဝူလန္က ေဘးဘက္ကိုလွည့္ကာ က်ိတ္ရယ္လိုက္သည္။ အမာ႐ြတ္ႏွင့္ စစ္သည္မွစ၍ ေပလိပ္ကိုင္ထားသည့္ စစ္သည္ႏွစ္ေယာက္အထိ အိမ္ထဲမွ စစ္သည္ေတြအကုန္လုံးဟာ တိတ္တတိတ္ရယ္လိုက္ၾကသည္။

ေရွာက္ရွန္း : ထိုက္ကုန္း ကြၽန္မေတာင္းပန္ပါတယ္။ မေျပာပါနဲ႔ေတာ့! တုန္းကြၽင္းဟာ ေျမဧရိယာ ႀကီးမားၿပီး ႂကြယ္ဝခ်မ္းသာသည္။ လီထိုက္ကုန္းက ေျမပုံေရွ႕မွာ အခ်ိန္အၾကာႀကီး ရပ္ေနၿပီး တုံ႔ဆိုင္းကာ ဆုံးမျဖတ္ႏိုင္ျဖစ္ေနသည္။

''….လူႀကီးမင္းလင္! မဖုန္းကြယ္ပဲ အမွန္အတိုင္း ေျပာရရင္ ဒီအဖိုးႀကီးက ဒီေနရာကို  အကုန္လုံးသိတယ္လို႔ေတာ့ မေျပာရဲေပမဲ့ လမ္းေတြ ျမစ္ေတြအကုန္လုံးကိုေတာ့ သိပါတယ္။ ဒါေပမဲ့ ဓားျပေတြက ဘယ္လမ္းကို သြားမယ္ဆိုတာက တကယ့္ကို ေျပာဖို႔ခက္ပါတယ္….."

သူေျပာလို႔ မၿပီးေသးခင္မွာပဲ ေရွာက္ရွန္းက မတ္တပ္ရပ္ကာ အက်ယ္ႀကီးေအာ္လိုက္သည္။

''ထိုက္ကုန္း အခက္ေတြ႕စရာ မလိုပါဘူး။ လူမွာ လမ္းေၾကာင္းရွိသလို သူခိုးေတြမွာ အႀကံအစည္ရွိတယ္။ အဲ့ဒီသူခိုးဓားျပအုပ္စုက လူသတ္လုယက္ဖို႔ ရည္႐ြယ္ခ်က္ရွိရင္ ေသခ်ာေပါက္ လူမ်ားတဲ့ေနရာကို သြားလိမ့္မယ္´´

''တကယ္လို႔ အေျခအေနကို ရႈပ္ေထြးေအာင္လုပ္ၿပီး အရွင္မင္းႀကီးက ဓားျပေတြကို ႏွိမ္ႏွင္းေနတုန္းမွာ လြတ္ေျမာက္ခ်င္ရင္  သူတို႔က ေဝးလံေခါင္ပါးတဲ့လမ္းကို ေ႐ြးလိမ့္မယ္။ အထူးသျဖင့္ အျခားသူေတြ သတိထားမိဖို႔ မလြယ္ကူတဲ့ ေတာနဲ႔ေတာင္ အၾကားေတြ´´

ဒီတစ္ေခါက္မွာေတာ့ လီထိုက္ကုန္းဟာ စိတ္ရွိသလို မခ်ီးက်ဳးရဲေတာ့ဘူး။ အျမန္ လင္ပုယီ၏ သေဘာထားကို ၾကည့္လိုက္သည္။ ဒါေပမဲ့ သူကေကာင္မေလးကို ၾကည့္ကာ ေဖ်ာ့ေဖ်ာ့ေလးၿပဳံးၿပီး ေျပာသည္ကို ေတြ႕လိုက္ရသည္။

''မင္းေျပာတာ အရမ္းမွန္တယ္´´

ၿမိဳ႕ေတာ္မွာ ေအးစက္ၿပီး အရည္အခ်င္းရွိတယ္လို႔ နာမည္ေက်ာ္တဲ့ စစ္သူႀကီးဟာ ၿပဳံးလိုက္သည့္အခ်ိန္တြင္ တကယ့္ကို ငယ္႐ြယ္ၿပီးေခ်ာေမာသည္။ ေရွာက္ရွန္းက ေနာက္ဆုံးေတာ့ မ်က္ခုံးပင့္ကာ အသက္ရႈထုတ္လိုက္ၿပီး ႏွာခမ္းေထာင့္စြန္းကိုကိုက္၍ ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးလိုက္သည္။ လင္ပုယီက ေကာင္မေလးကို ၾကည့္၍ေျပာသည္။

''တကယ္လို႔ အေစာပိုင္းႏွစ္ေတြမွာသာ ရႈပ္ေထြးသြားခဲ့ရင္ ေျမဆီလႊာက က်တ္တီးေျမ ျဖစ္သြားမယ္ဆိုရင္ေတာင္ ျပည္နယ္တိုင္းမွာ သတၱိရွိတဲ့ လူငယ္ေတြက စု႐ုံးၿပီး ေက်း႐ြာကို ကာကြယ္လိမ့္မယ္။ ဒါေပမဲ့ ဒီႏွစ္ေတြမွာ သတၱိရွိတဲ့ လူငယ္ေတြက ေမြးရပ္ေျမကိုျပန္ အ႐ိုင္းေျမကို လယ္စိုက္လို႔ ျပန္႔က်ဲကုန္ၾကၿပီ´´

''႐ုတ္တရက္ ရႈပ္ေထြးမႈ ျဖစ္တာက ဝံပုေလြကို သိုးအုပ္ထဲ လႊတ္လိုက္တာပဲ။ ဒါ့ေၾကာင့္မို႔လို႔ အရွင္မင္းႀကီးက အကုန္လုံးကို လ်စ္လ်ဴရႈၿပီး ဓားျပေတြကို အရင္ႏွိမ္ႏွင္းဖို႔ အမိန္႔ေပးထားတယ္´´

''ထိုက္ကုန္း ဒီဓားျပအုပ္စုက အဆိုးဆုံးေတြထဲက အုပ္စုတစ္ခုပဲ။ သူတို႔က ေတာင္ဘက္က်င္က်ိဳးကို ထြက္ေျပးၿပီး ရႈ႕တိုင္းျပည္ကို တစ္ဆင့္ဝင္ဖို႔ ျပင္ဆင္ထားတာ´´

လီထိုက္ကုန္းက မုတ္ဆိတ္ေမႊးကိုသပ္ ေခါင္းၿငိမ့္ကာ ေျမပုံကိုၾကည့္ရန္ ျပန္လွည့္လိုက္သည္။ လီဝူလန္က ကိုယ့္ဟာကို ေတြးလိုက္သည္ : လူႀကီးမင္းလင္ သင္ေျပာတာက အရမ္းကို ေကာင္းပါတယ္။ ဒါေပမဲ့ စကားေျပာတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္အေဖရဲ႕ မ်က္ႏွာကို ၾကည့္လို႔မရဘူးလား?

Weiterlesen