ဒီနေ့တော့Gunwookတို့ရေကူးကလပ်ရဲ့ ရေကူးပြိုင်ပွဲရှိတာကြောင့် Yujinရဲ့Gunwookကိုသွားအားပေးချင်သည်ဟုပူဆာမှုကြောင့် အခုတော့Gyuvinပါအတူပါလာရသည်။
ဘေးကအဆိုးလေးကတော့ သူ့အစ်ကိုကို တခြားသူများနှင့်အပြိုင်သံပြိုင်ရွတ်ပြီးအားပေးနေသည်မှာ Gyuvinရဲ့မျက်လုံးထဲမှာချစ်စရာအလွန်ကောင်းနေပေမဲ့လဲ Gyuvinကတော့မျက်နှာတည်လေးဖြစ်နေရသည်။
သူ့အစ်ကိုကို အားပေးချင်တယ်ဆိုလို့သာ မဖြစ်မနေဒီကိုခေါ်လာရတာ။Gyuvinရဲ့အလိုဆို သူစိမ်းလူတွေရဲ့အပေါ်ပိုင်းဗလာပုံတွေကို
Yujinလေးမြင်နေရတာကိုလုံးဝ
မကြိုက်ပါဘူး။ဖြစ်နိုင်ရင်မျက်လုံးလေးနှစ်ဖက်ကိုအဝတ်နဲ့သာစည်းပေးထားလိုက်ချင်တာ။
လေပူတွေကိုမှုတ်ထုတ်လိုက်ရင်း သက်ပြင်းတချချနဲ့ ဆူပုတ်ပုတ်ဖြစ်နေတဲ့သူ့ကို Yujinလေးကတော့ တစ်ချက်တောင်အဖက်လုပ်ပြီးလှည့်မကြည့်။
ရေကူးပြိုင်ပွဲကိုသာ စိတ်ဝင်တစားနဲ့ကြည့်နေသည်။
နောက်ဆုံးသူ့အစ်ကိုGunwookက
ပထမနေရာနဲ့အနိုင်ရသွားတာ့
Gyuvinရဲ့လက္မောင်းလေးတွေကိုလာထုပြီးပျော်နေသေးတာ ဘာကောင်လေးမှန်းမသိ။
Gunwookရဲ့နောက္မှာဒုတိယအနေနဲ့ပန်းဝင်လာတဲ့သူကိုမြင်ရော Yujinရဲ့ဘေးကနေတစ်ချိန်လုံးဆူပုတ်နေတဲ့သူကိုစချင်လာသည်။ဘေးကနေတစ်လျောက်လုံးမျက်နှာကြီးဆူပုတ်ပြီးထိုင်နေတာ
Yujinမြင်တာပေါ့။
"ကိုကို...အဲ့တစ်ယောက်bodyက
တောင့်တယ်နော်...မိုက်တယ် "
Yujinကိုကို့ရဲ့အနားလေးကပ်ပြီး
သူကြားနိုင်သည်ဆိုရုံလေးတိုးတိုးလေးပြောလိုက်တော့ မျက္မှောင်ကြီးကကြုတ်လာပြီး Yujinလက်ညိုးထိုးပြလိုက်တဲ့သူကိုစိုက်ကြည့်နေသည်။
"ဘယ်နေရာကမိုက်တာလဲ "
"bodyလေ လုံးဝကျွန်တော့်အကြိုက်ပဲ "
ထိုစကားအဆုံးမှာတော့ ထိုလူကိုကြည့်နေတဲ့အကြည့်တွေဟာ
Yujinဆီကိုရောက်လာပြီး
"ကျစ်...ပြန်မယ် ထ"
Yujinရဲ့လက်ကိုဆွဲယူပြီးထပြန်ရန်လုပ်သည်။Yujinမှာကိုကို့ရဲ့
လက်ကိုအတင်းပြန်ဆွဲထားလိုက်ရရင်း
"စတာ စတာလို့...Gunwookနဲ့တွေ့ပြီးမှပြန်မယ်လေ..."
"အခုပြန်မယ်...ထHan Yujin"
"မပြန်ပါဘူး...ကိုကိုပြန်ချင်ပြန်ပေါ့ ကျွန်တော်နေခဲ့အုံးမယ်"
"မင်းကိုဒီမှာဘယ်လိုထားခဲ့နိုင်မှာလဲ...ကိုယ့်စိတ်ကိုဆွထားပြီး "
"ကျွန်တော်ခုနကစလိုက်တာလို့ပြောထားတယ်လေ "
"မင်းအစ်ကိုနဲ့တွေ့ချင်ရင်အခုသွားတွေ့မယ်...ပြီးတာနဲ့ပြန်မယ်"
"ဆုပေးပွဲတစ်ခါတည်းလုပ်မှာတဲ့
အဲ့တာကြည့်ပြီးမှပြန်မှာ "
"မရဘူး...မဟုတ်ရင်အခုပဲပြန်မယ်"
"မပြန်ဘူးဗျာ..."
"အဲ့bodyတွေကိုတအားကြည့်ချင်နေတာလား မင်းက "
Yujinဘက်ကအရင်စမိလိုက်တာဆိုပေမဲ့လဲ ကိုကို့ဘက်ကဒီလိုရွဲ့တဲ့တဲ့ ပြောလာသောအခါ ဆူပုတ်ပုတ်လေးဖြစ်သွားရသည်။
"ကျွန်တော်စလိုက်တာကို ဘာလို့အဲ့လောက် sensitiveဖြစ်နေရတာလဲ ကိုကိုက "
"ဒါဆို ကိုယ်ကလဲ ဟိုဘက်ကအားပေးနေတဲ့ကောင်မလေးအုပ်စုကအရမ်းချောတယ် ကိုယ့်အကြိုက်ပဲလို့ ပြန်စရင်ရော"
ကိုကိုမေးငေါ့ပြတဲ့နေရာကိုကြည့်လိုက္မိတော့ တကယ့်အလှပဂေးတွေဖြစ်နေတာကြောင့် Yujinရဲ့မျက်နှာလေးဟာ ပုံသေလိုတည်သွားရသည်။ ဒီလောက်ချောလှနေတာတွေကိုဘယ်ကတည်းကချောင်းနေတာလဲမှမသိတာ။Yujinတောင် သတိမထားမိတာ သူကတော့သတိထားမိတယ်ပေါ့။
Yujinဘက်ကဘာစကားမှထပ်မပြောတော့ပဲ အဲ့နေရာမှာပဲရုပ်သေနဲ့ထိုင်နေလိုက်တော့ကိုကိုကလဲသူ့နည်းတူဘာစကားမှမပြောပဲရုပ်တည်နှင့်ထိုင်နေသည်။ပြန်ဖို့ကိုလဲထပ်မပြောတော့။
Gunwookတို့ဆုပေးပွဲပြီးသည်အထိ နှစ်ယောက်လုံးတစ်ယောက်နှင့်တစ်ယောက္မသိသလိုနေ၍ထိုင်နေသည်မှာ သူစိမ်းတွေအလား။
နှစ်ယောက်လုံးရဲ့ မျက်နှာတွေဟာ
တည်တင်းနေသည်မှာတော့တူညီနေသည်။
ထိုကဲ့သို့သောဘာမဟုတ်သောကိစ္စလေးနှင့်ပြသာနာဖြစ်ခဲ့ကြသည်မှာ အိမ်ပြန်တော့မယ့်အချိန်ထိ နှစ်ယောက်လုံးမခေါ်ကြတော့ပေ။
YujinကလဲGyuvinနဲ့အတူတူမပြန်ပဲ သူ့အစ်တွေနဲ့အတူတူပြန်သည်။
Gyuvinကလဲ Yujinကိုသူနဲ့အတူပြန်ဖို့အတင်းမခေါ်တော့ပဲ Yujinထက်ပင်အရင်ကျောင်းဝန်းထဲကထွက်လာခဲ့လိုက်သေးသည်။
ဒါမျိုးဘာမဟုတ်တဲ့ကိစ္စသေးသေးလေးတွေနှင့် သမီးရည်းစားတွေကြားမှာပြသာနာဖြစ်တက်ကြတာဟာသဘာဝပင်။အထူးဆန်းတော့မဟုတ်။
"ဖုန်းလေးတောင်မဆက်ဘူးပေါ့လေ...ရတယ် "
အိမ်ပြန်ရောက်လို့ အိပ်ခါနီးသည်အထိ ဖုန်းလေးပင်တစ်ချက္
မဆက်ပဲ နေနိုင်လွန်းသည့်
လူဆိုးကိုကိုပင်။
စိတ်တိုစွာနဲ့သူဝယ်ပေးထားသည့်
ကုတင်ပေါ်ကယုန်အရုပ်လေးတွေကို ဒေါသသေးသေးလေးတွေပုံချမိတော့သည်။
"မင်းတို့သခင်က တကယ်လူဆိုးသိလား "
"ငါကဒီတိုင်းစလိုက်တာကို....သူကျ ဟိုအလှပဂေးလေးတွေသွားကြည့်နေပြီးတော့ "
"နေပါ ငါလဲစိတ်ဆိုးတာပဲ လုံးဝ
အရင်စမခေါ်ဘူးကြည့်နေ "
"ရည်းစားထားရတာကောင်းကိုမကောင်းဘူး မင်းတို့လဲရည်းစား
မထားကြနဲ့သိလား ပူလောင်တယ်"
သူကသာစိတ်ဆိုးစွာနဲ့ပြောနေပေမဲ့
ယုန်ရုပ်လေးတွေကတော့ သူ့ကိုဘာပြန်ပြောနိုင်မှာမို့လို့လဲ။နှာခေါင်းလေးရှုံ့လိုက်ရင်း ထိုအရုပ်လေးတွေကိုဖက်ပြီးသာ
အမြန်အိပ်ပျော်အောင်အိပ်ပစ်လိုက်တော့သည်။ဒါတောင်
အိပ်မက္ထဲထိလာလွှမ်းမိုးနေသည့်သူကိုမကျေနပ်ပါဘူး။
တစ်ဖက္မှာလဲ Gyuvin
တစ်ယောက်ညပင်အိပ်မပျော်နိုင်ခဲ့။
တစ်ညလုံးကိုယ့်ဘက်ကအရင် ဆက်သွယ်ဖို့ကိုချီတုံချတုံဖြစ်ခဲ့နေရပေမဲ့ အခုတော့ဘယ်လိုမှမနေနိုင်မထိုင်နိုင်တဲ့ Gyuvinကပဲအဆိုးလေးရဲ့တိုက္အောက်ကိုအစောကြီးထဲက ရောက်နေရပြီ။
အောက်ထပ်ကိုဆင်းလာတဲ့ကောင်လေးကိုတွေ့လိုက်ရတော့ ကားဟွန်းကိုတီးလိုက်ပြီး Gyuvinကတော့မျက်နှာတည်နှင့်သာ။
Gyuvinရဲ့ကားကိုမြင်တော့
မျက္မှောင်လေးကြုတ်ကြည့်လာပြီး သူ့ဘေးကအစ်ကိုတွေကိုတစ်ခုခုပြောလိုက်ပြီး Gyuvinရဲ့ကားရှိရာဘက်ကိုလျှောက်လာပြီး
ကားထဲကိုသူ့ဘက်ကလဲရုပ်တည်နဲ့ဝင်ထိုင်လာသည်။
"ခါးပတ်ပတ် "
အခါတိုင်းလိုသာဆို Gyuvinကခါးပတ်ပတ်ပေးမယ် ပြီးရင်အခကြေးအဖြစ် Yujinဆီက
အနမ်းတစ်ချက်ပြန်တောင်းမှာဆိုပေမဲ့ ဒီတစ်ခါတော့အချင်းချင်းစိတ်ဆိုးနေကြတာမို့ ခါးပတ်မပတ်ပဲဒီတိုင်းထိုင်နေဆဲဖြစ်တဲ့Yujinကို
သူ့ဘာသာသူပတ်ခိုင်းလိုက်တော့
"မပတ်ဘူးဗျာ..."
ခေါင်းမာမာနဲ့မပတ်သေးပဲထိုင်နေတဲ့Yujinကို Gyuvinနာနာလေးသာရိုက်လိုက်ချင်မိတော့သည်။
"အခုပတ် "
"ကျွန်တော့်ကိုဂရုစိုက္မနေပါနဲ့...မောင်းစရာရှိတာမောင်း "
"ခေါင်းမမာနဲ့...မော်တော်ပီကယ်အဖမ်းခံရရင် ငါပဲရှင်းရမှာ"
"ရှင်းလိုက်ပေါ့...ကျွန်တော်နဲ့ဘာဆိုင်တာကျလို့...စီနီယာ့ကိစ္စ "
ကိုကိုလိုခေါ်နေကျရာကနေ
စီနီယာလို့ပြန်ပြောင်းခေါ်လာတော့
Gyuvinရဲ့နားထဲဘယ်လိုမှနားထောင်မကောင်းနေ။ဒါဟာလဲGyuvinက ငါလို့သုံးလိုက္မိလို့ပြန်ရွဲ့တာ။အဲ့လိုအရွဲ့အစောင်းလေးတွေဘယ်ကနေပြောတက်လာမှန်းမသိ။
"နောက်တစ်ခါစီနီယာလို့ထပ်ခေါ်ရင် ကိုယ့်အဆိုးမဆိုနဲ့ "
ခပ်တည်တည်နဲ့ပြောလိုက်ရင်းနဲ့
လက်ကလဲဒင်းလေးရဲ့ကားခါးပတ်ကြိုးကိုဆွဲတပ်ပေးလိုက်ရတော့သည်။မဟုတ်ရင်အဆိုးလေး
ကြောင့် ဘယ်မှသွားရတော့မှာမဟုတ်ဘူး။
"အရမ်းနေနိုင်တာနော် ဖုန်းလေးတောင်တစ်ချက္မဆက်ဘူး "
Yujinဘက်ကစပြီးစကားနာထိုးလာသည်။တကယ်တမ်းနေနိုင်တာကဘယ်သူမို့လို့လဲ။အခုGyuvinသာရောက္မလာရင်သူတို့နှစ်ယောက်ဘယ်အချိန်တိုင်းတာအထိ မခေါ်မပြောပဲနေကြအုံးမလားမသိ။
"ကိုယ်အခုရောက်လာတယ်လေ..
နေနိုင်တာကမင်း "
"အငယ်ကိုအလျော့ပေးမယ်မရှိဘူး"
"အခုပြသာနာကဘယ်သူအရင်စတာလဲ "
"ကျွန်တော်ကဒီတိုင်းစလိုက်တာကို ဘယ်သူကsensitiveလာဖြစ်နေတာလဲပြော "
သူ့အသံနဲ့မလျော့တဲ့လေသံနဲ့ပြောလာသည့်ကောင်လေးက သူ့အမှားမရှိသည့်ပုံ။
"ကိုယ်အရမ်းသဝန်တိုတက်တာ
မသိဘူးလား မင်း...လာစလဲ
မကြိုက်ဘူး "
"သူကျ ဟိုအလှပဂေးတွေကိုသွားကြည့်နေပြီးတော့ "
"ကိုယ်ကမင်းအရင်လာစလို့
တွေ့ရာနေရာကိုလက်ညိုးထိုးပြီးပြောလိုက်ရုံပဲရှိတာ...ဘယ်သူ့ကိုမှမကြည့်ဘူး "
"လက်ညိုးထိုးလိုက်တာကလဲနော်
အလှလေးတွေဆီတန်းလို့ "
"Han Yujin...မင်းအဲ့ဒီ့စကားနာထိုးတက်တဲ့အကျင့်တွေဘယ်ကတက်လာတာလဲ..."
Yujinအအော်ခံလိုက်ရတာကြောင့်
ဘာမှဆက္မပြောတော့ပဲ တိတ်ဆိတ်နေမိသွားသည်။Yujinကတိတ်သွားတော့သူ့ဆီမှသက်ပြင်းချသံတစ်ချက်ကြားလိုက်ရသည်။
Yujinလဲစောနကမှသူတပ်ပေးထားတဲ့ခါးပတ်ကိုဆဲွဲဖြုတ်လိုက်ရင်းကားပေါ်မှဆင်းဖို့ပြင်လိုက်တော့ တစ်ဖက္မှတံခါးလော့ခ်ကိုချလိုက်သည်မှာလျင်မြန်စွာ။
"တံခါးဖွင့်ပေး...ကျွန်တော်ဆင်းမယ်"
"ခါးပတ်ပြန်တပ်လိုက် "
"မတပ်ဘူး...စီနီယာနဲ့အတူမသွားတော့ဘူး...ဆင်းမှာ "
"ကျစ်...မဆိုးနဲ့တော့..."
"စီနီယာက ကျွန်တော်ဘာလုပ်လုပ်ဆိုးတယ်လို့မြင်နေတာမလား"
"မင်းကရောလိမ္မာနေလို့လား "
"မလိမ္မာဘူး....မလိမ္မာတော့ မတွဲချင်တော့ဘူးလား"
"ဟေး...မဆိုင်တာတွေမပြောနဲ့"
"ပြောမှာပဲ.... "
"တော်တော့ ကိုယ်စိတ်မဆိုးချင်ဘူး...Han Yujin"
တိတ်သွားတဲ့ကောင်လေးကို
ဒုတိယတစ်ခေါက်ကားခါးပတ်ကိုပြန်တပ်ပေးလိုက်ပြီး ဆူပုတ်နေတဲ့ကောင်လေးရဲ့မျက်နှာလေးကိုသေချာကြည့်လိုက်သည်။Gyuvinကြည့်နေမှန်းသိတော့
မျက္မှောင်လေးဟာပိုကြုတ်သွားသည်။
"ကိုယ်ဒီကိုလာတာမင်းနဲ့ပြန်အဆင်ပြေချင်လို့ ရန်ထပ်
မဖြစ်ချင်တော့ဘူး "
"....."
"ဒါကြောင့် ကိုယ်နဲ့ပြေလည်ကြမယ်မလား... "
"မင်းဆိုးလဲကိုယ်ကချစ်တယ်...
ဘယ်လိုပဲဖြစ်နေနေမင်းကိုပဲချစ်မှာ အဲ့တာကြောင့်မဟုတ်တာတွေထပ်မပြောနဲ့တော့ "
"နောက်တစ်ခါထပ်ပြောရင်ကိုယ်တကယ်စိတ်ဆိုးတော့မှာ "
Yujinကလဲစိတ်ဆိုးပြေလွယ်တဲ့ထဲမှာပါသည်။ဟိုကဖြင့်သေချာတောင်မချော့ရသေးဘူး အခုစိတ်ကဖြင့်ပြေချင်နေပြီ။သူနဲ့ဒီလိုရန်ပွဲသေးသေးလေးတွေကလဲဖြစ်နေကြမို့မထူးဆန်းတော့။သူ့ဘက်ကတစ်ခွန်းလောက်ချော့ပြောလာသည်နဲ့တင် ပြန်အဆင်ပြေသွားကြသည်။
"ကျွန်တော့်ကိုအရင်လာအော်တာဘယ်သူမို့လို့လဲ "
ဒီတစ်ခါတွင်တော့Yujinရဲ့အသံလေးမှာခုနကလိုတင်းမာမနေတော့ပဲပျော့သွားသည်။
"ကိုယ်မှားပါတယ် "
Gyuvinကလဲပြသာနာထပ်မဖြစ်ချင်တော့တာကြောင့်အကြီးဖြစ်တဲ့သူကပဲ အလျော့ပေးလိုက်သည်။Yujinနဲ့ဒီလိုမခေါ်မပြောပဲရန်ဖြစ်နေရတာလဲGyuvinအတွက်အလွန်ပင်ပန်းပါသည်။
ပြီးတော့လဲHan Yujinကအချော့ကြိုက်သည်လေ။အချော့များခံလိုက်ရရင်စိတ်လေးကပျော့သွားတာ Gyuvinသိတာပေါ့။Gyuvinအပေါ်ဆိုရင်လဲတစ်ရက်ထက်ပိုပြီးကြာကြာစိတ်မဆိုးတက်။
Yujinကတော့စိတ်ပျော့တက်တဲ့
ကိုယ့်ဘာသာကိုယ်သာ အပြစ်တင်ချင်မိတော့သည်။Yujinကတော့တစ်ညလုံးပူပန်နေခဲ့ရတာ သူဖုန်းတောင်မဆက်လို့လေ။Yujinကိုစိတ်ကုန်ပြီးဖြတ်သွားတော့မှာလားလို့။
အခုကြတော့လဲသူ့ဘက်ကစချော့လာတဲ့စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့တင် Yujinရဲ့ဆိုးချင်နေတဲ့စိတ်လေးတွေဟာအကုန်ပျောက်ကွယ်သွားတော့သည်။မကျေနပ်စွာနဲ့ ကျောင်းကိုအတူလာတဲ့လမ်းတစ်လျောက်လုံး ကိုကို့ရဲ့လက္မောင်းတွေကို တစ်ချက်တစ်ချက်ဆွဲဆွဲကိုက်လာလိုက်သည်။
ကိုကိုကတော့Yujinကို'မင်းကခွေးလေးလား'ဟုဆိုရင်း ရီနေတော့တာပဲ......။
"Han Yujin shhi...ဒီရက်ပိုင်းအိမ်ကိုဖုန်းတောင်မဆက်ဘူးနော် "
ကိုကိုနဲ့နေ့လည်စာစားပြီးတုန်း
ကျောင်းဝန်းထဲကခုံတန်းတစ်ခုမှာထိုင်နေတုန်း နယ်ကမေမေ့ဆီကဖုန်းဝင်လာခဲ့တာကြောင့် ဘေးက
ကိုကို့ကိုတိတ်တိတ်နေဖို့အချက်ပြလိုက်ရင်းမေမေနှင့်ဖုန်းပြောနေလိုက်သည်။
YujinကလဲYujinပါပဲ။အရင်ကဆို
အိမ်ကိုအားနေဖုန်းခေါ်နေတက်ပေမဲ့ ရည်းစားရပြီးYujinဘက်ကသိပ်ပြီးမခေါ်ဖြစ်တော့။ဒါကိုမေမေကစနောက်ဟန်ဖြင့်အစချီလာသည်။
"ဘာလဲ ကောင်လေးရည်းစားရနေပြီလား "
"ဟာ...မဟုတ်တာကိုမေမေနော်"
"မဟုတ်ရင် အိမ်ကိုတောင်ဖုန်းမခေါ်နိုင်ရလောက်အောင် ဘာတွေအလုပ်ရှုပ်နေတာတုန်း သားလေးရဲ့ ဟမ် "
Yujinမလုံလဲစွာနဲ့ ဘေးကကိုကို ကိုလဲတစ်ချက်ကြည့်လိုက္မိသေးသည်။Yujinရဲ့အချိန်တွေကို ဒီကိုကို ကိုပဲပေးနေရတာပါလို့။
"အဲ့လိုပြောကြေးဆို မေမေတို့ကလဲသားဆီဘာလို့ဖုန်းမခေါ်ကြတာလဲပြော သူများမခေါ်လဲမေမေတို့စခေါ်လို့ရတာကို "
Yujinဘက်ကလဲထိုကဲ့သို့ မကျေ
မနပ်လေးပြန်ချေပမိပြန်တော့ မေမေဆီမှရီသံကိုကြားလိုက်ရသည်။
"မေမေနော်မရီနဲ့...အကုန်လုံးသားကိုမေ့နေကြပြီမလား "
"ဟုတ်ပါ့ကွာ...ငါ့သားအသံကြားမှပဲ သတိရတော့တယ် "
ဘေးကနေဖေဖေ့အသံကိုပါကြားလိုက်ရတာကြောင့် Yujinနှုတ်ခမ်းလေးဟာဆူသွားမိပြန်သည်။စနေမှန်းသိပေမဲ့လဲ
Yujinမကြိုက်ပါ။
"မေ့နေကြရင်လဲ ပိတ်ရက်ကြရင်ပြန်မလာဘူးသိလား ဒီမှာပဲနေတော့မယ်"
Yujinကအိမ်မှာဆိုအရမ်းစိတ်ကောက်တက်သည်။အခုလဲဘေးက ကိုကိုရှိတာကိုပင်မေ့ပြီးအိမ်ကလူတွေကိုစိတ်ကောက်မိတော့သည်။
"ဒီကလေးတော့ မင်းဖေဖေကစနေမှန်းသိရဲ့နဲ့...."
"အသက်ကဘယ်လောက်ရှိနေပြီလဲ စိတ်ကကောက်နေတုန်းလား"
"ဖေဖေပဲ Yujinကဘယ်အရွယ်ဖြစ်ဖြစ်ကလေးပဲဆို "
"ကလေးလေးတွေတောင်မင်းလိုစိတ်မကောက်ပါဘူးကွာ "
Speakerဖွင့်ထားတာတော့မဟုတ်ပေမဲ့ Yujinဖုန်းပြောနေတာတောင်
အနားမှာတောက်တဲ့လိုကပ်နေသေးတဲ့သူက ဖေဖေ့ရဲ့စကားကို အနည်းငယ်ကြားသွားသည်ထင်ပါရဲ့ ရီလာသည်။Yujinမျက္စောင်းလေးတစ်ခုပေးလိုက္မိသည်။
"ေတာ်ပြီ ဖေဖေတို့်နဲ့မပြောချင်တော့ဘူး...."
"စတာပါကွာ ဖေဖေသားငယ်လေးကိုနေ့တိုင်းသတိရနေတာပေါ့ စိတ်တော့မဆိုးလိုက်ပါနဲ့ "
ထိုအခါမှYujinရဲ့စိတ်လေးဟာပြန်ပျော်သွားရသည်။အဲ့လိုပဲ Yujinကအချော့ခံရတာအရမ်းကြိုက်တယ်လေ။
Yujinကအမှားတစ်ခုခုလုပ်မိလို့
အိမ်ကလူတွေက လာဆူသလိုပြောရင် ခေါင်းမာပြီးတောင်ထိုအမှားကိုပိုလုပ်တက်သည်။သေချာချော့မော့ပြီးပြောမှသာနားဝင်တက်တာ။
"မတည့်တာတွေမစားနဲ့နော်....
Gunwookieနဲ့Taeraeကိုလှမ်းမေးမှာ စားတယ်ဆိုတဲ့အသံကြားရင်အဆူခံရမယ်မှတ် "
"မစားပါဘူး...ဖေဖေတို့သားကို
မယုံဘူးလား"
"ယုံပါတယ် ယုံပါတယ်....ဒါနဲ့ "
"ဟုတ်"
"ရည်းစားလဲမထားနဲ့အုံး ငယ်သေးတယ် "
ဒါကိုတော့ Yujinပြန်မဖြေမိပဲတိတ်နေလိုက္မိသည်။နှုတ်ခမ်းအောက်ဖက်ကိုလဲကိုက္မိလိုက်သေးသည်။
"အာ...ဖေဖေ သားအတန်းတက်ဖို့ရှိသေးလို့ ဖုန်းချလိုက်တော့မယ်နော်"
ကိုယ့်ကိုကိုယ်မလုံလဲစွာနဲ့
ဖုန်းကိုချလိုက်ပေမဲ့ Yujinစိတ်ထဲ
တစ်စုံတစ်ရာတော့ပူပန်မှုလေးကိန်းအောင်းနေမိတော့သည်။
ကိုကို့ကိုတော့ဘာမှမဖြစ်သလို
ပုံမှန်အတိုင်းပဲပြောဆိုနေပေမဲ့
Yujinကတော့ ဖေဖေတို့သာ Yujinတို့နှစ်ယောက္အကြောင်းကိုသိသွားမှာ ကြိုတွေးပြီးစိုးရိမ်နေမိတော့တာပါပဲ။
Aug-28,Mon
......................................