Part-18

1K 123 6
                                    

မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့်
Han Yujinကိုသတိရသည်။အရင်လို Gyuvinအိပ်ယာကနိုးသည်နှင့်အပျင်းတစ်လေးYujinကိုအိပ်ယာကနေထတော့ဖို့ ဖုန်းလှမ်းဆက်ပြီးလှမ်းနှိုးချင်သည်။

Gyuvinကဖုန်းဆက်လှမ်းနှိုးသည့်အခါ အဆိုးလေးကအိပ်ယာက
မထချင်သေးကြောင်း အသံသေးသေးလေးနှင့် ချွဲတက်သေးရစ်တက်သေးသည်။ထိုအသံလေးတွေကိုလဲလွမ်းသည်။

အိပ်ယာကနိုးလာသည်နှင့် ကျချင်လာသည့်မျက်ရည်တွေကိုလဲ မုန်းသည်။

Yujinနဲ့နောက်ဆုံးတွေ့ခဲ့ပြီးထဲက
Gyuvinကျောင်းမသွားမိတာလဲ
ဘယ်လောက်ရှိနေပြီလဲ​ေတ​ာင်
မသိတော့ချေ။

Yujinကတော့သူ့ကိုတကယ်ပြတ်ချင်သည်ထင်ပါရဲ့ နှစ်ယောက်အတူတူတင်ထားခဲ့သည်
relationship statusကအစ
singleပြောင်းလိုက်သည်။

သူ့ကိုblockထားဆဲပင်မို့လို့
သူအကောင့်တုဖွင့်၍ အချိန်တိုင်း
Han Yujinရဲ့အကောင့်ထဲကို
ဝင်ဝင်checkနေရသည်။

အင်း..Gyuvinကသာအဆင်မပြေနိုင်ပေမဲ့ ကောင်လေးကတော့အဆင်ပြေနေတယ်ထင်ပါရဲ့။
ကျောင်းလဲနေ့တိုင်းသွားသည်။
dance clubကိုလဲနေ့တိုင်းသွားနေဆဲထင်ပါရဲ့။

အခါတိုင်းဆိုsocial mediaကိုသိပ်သုံးလေ့မရှိသည့်ကောင်လေးက အခုဆိုဘယ်နေရာရောက်နေပါစေ ပုံလေးတွေရိုက်ပြီးstoryလေးတွေတင်တက်လာသည်။သူအဆင်ပြေနေမှန်း Gyuvinကိုသိစေချင်လို့လားမသိပါဘူး။

Gyuvin ထပ်ပြီးဆက်သွယ်ဖို့ပြင်ခဲ့ပေမဲ့လဲ ကောင်လေးဘက္မှ
"စီနီယာ ကျွန်တော့်ကိုထပ်ဆက်သွယ်နေမယ်ဆိုရင် ကျွန်တော်စာမေးပွဲလဲဝင်မဖြေတော့ဘူး ကျောင်းလဲထပ်မတက်တော့ဘူး'ဟု ခြိမ်းခြောက်လာခဲ့သည့်အခါGyuvinလဲထပ်
မဆက်သွယ်မိတော့ပါဘူး။

တွေးမိရင်းတွေးမိရင်းနဲ့ လွမ်းစိတ်တွေဟာတစ်စတစ်စပိုပို တိုးလာခဲ့ပါသည်။ဓာတ်ပုံလေးတွေပဲကြည့်ရင်း အလွမ်းဓာတ်တွေကိုဖြေနေရသည်မှာလွယ်ကူမနေခဲ့ပါ။

"ကြည့် နင်အိပ်ယာနိုးတာနဲ့ဒီလိုပဲနေနေတော့မှာလား ကျောင်းရောဒီတစ်သက္မသွားတော့ဘူးလား "

ဘယ်ကတည်းကသူ့အခန်းထဲရောက်နေမှန်းမသိသည့် အစ်မဖြစ်သူက စိတ်မချမ်းသာသည့်အသံ
နှင့်ပြောလာသည်။

Heart Sharker (Completed)حيث تعيش القصص. اكتشف الآن