Part-9

1.1K 118 3
                                    

Yujinစိတ်​တွေပူလောင်မိပြီး
စီနီယာ့ဆီဖုန်းတွေခေါ်ကြည့်သော်လဲ မကိုင်တာမို့မျက်ရည်လေးတွေကဝဲသွားမိသည်။

ငယ်ငယ်လေးထဲကYujinက
အငိုသန်လေးမို့ တစ်ခုခုစိတ်ထဲအလိုမကျမိတာမျိုးဆိုရင်မျက်ရည်ကအရင်ကျလာတက်သည်။

စီနီယာကောင်မလေးတစ်ယောက်နဲ့ပါသွားသည်ဟူ၍ ကြားလိုက်ရတာက Yujinရဲ့ရင်ထဲကိုပူလောင်စေသည်။

စီနီယာအသစ်တွေ့သွားလို့ Yujinကိုအခုလိုဆက်ဆံနေတာများလား....

မဟုတ်မှစီနီယာက Yujinကိုတကယ်ကြီးကစားနေတာများလား။

ဘာအမှားမှမလုပ်မိပဲ Yujinကိုပစ်ပယ်ထားတာကြီးက လွန်လွန်းတယ်မဟုတ်ဘူးလား။

စိတ်ထဲအတွေးပေါင်းများစွာနဲ့
ယောက်ယက်ခက်နေတာ အကလေ့ကျင့်နေတာကိုလဲသေချာမလုပ်နိုင်တော့။

နားချိန်မှာလဲထောင့်လေးနားကပ်၍ ခွေနေမိတော့သည်။
ငိုချမိချင်နေတာကို အတင်းထိန်းထားနေရသည်မှာလဲခက်ခဲသည်။

စီနီယာနဲ့Yujinအကြောင်းကိုလဲ
dance clubကလူတွေလဲအကုန်သိသွားပြီဖြစ်တာကြောင့် အကုန်လုံးအတွက်ပြောစရာတစ်ခုလိုဖြစ်နေသည်။

ဒါတွေလဲYujinဂရုစိုက္မအားပါ။
ပြောချင်တာပြောကြပါစေတော့။
သူတို့ဘာသာပျင်းလာရင်ရပ်သွားလိမ့်မည်။

အခုချိန်မှာစီနီယာလောက်ကျန်တာဘာမှအရေးမကြီး။

ခဏကြာတော့စီနီယာကပြန်ရောက်လာသည်။လက်ထဲမှာလဲ
မုန့်ထုတ်တွေအများကြီးလဲပါလာသေးသည်။

"ကိုယ့်သူငယ်ချင်းဝယ်ပေးလိုက်တာ...မင်းတို့အကုန်လုံးအတွက် "

"ဝါး...ကြက်ကြော်နဲ့ကိုလာ..."

"ကျေးဇူးပါ...စီနီယာ "

နားချိန်အတွင်းမှာအကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး
Yujinကလွဲပြီး အကုန်ထိုမုန့်တွေကိုစားနေကြသည်။

Yujinကတော့ထိုင်နေရာမှမထမိသလို စီနီယာ့ကိုလဲလိုက်ကြည့်မနေမိတော့။Yujinကသာတစ်ညလုံး တစ်မနက်လုံးရူးမလိုဖြစ်နေရတာ။

စီနီယာကတော့ပုံမှန်ထက်တောင်လန်းဆန်းတက်ကြွနေသည့်ပုံ။

ထိုမုန့်တွေကလဲ စီနီယာနဲ့အတူထွက်သွားသည့်ကောင်မလေးကပဲဝယ်ပေးလိုက်တာနေမှာပေါ့....

Heart Sharker (Completed)Where stories live. Discover now