S.O.L.U.T.I.O.N ( YOSAHI ) Co...

By Donut-15

2.5K 392 129

ရှေ့‌ဆက်တိုးမယ်ပေါ့... နာကျင်ရင်တောင်မှလား? More

INTRO
Part (1)
Part (2)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part (12)
Part (13)
Part (14)
Part (15) Final

Part (3)

158 27 10
By Donut-15

ဆာဟိတစ်ယောက် လည်ပင်းက ဒဏ်ရာ နဲ့ယိုရှိ့အား ကုတင်ပေါ်သို့ ပွေ့တင်ထားပုံရသည်။
ကုတင်ဇောင်းဘေးတွင် လက်ကလေးကွေးကာ ဦးခေါင်းလေးညွှန့်ရက် သူပါအိပ်နေခဲ့သည်။

သိပ်ကိုစိတ်ကူးယဉ်ဆန်တဲ့ပုံစံလေးပေမဲ့ ပတ်ဝန်းကျင်က်ုထိခိုက်စေခဲ့တဲ့ အရာမျိူး ပေါ့ ၊ တစ်ယောက်သောသူရဲ့ အဆိပ်ဟာပြင်းပြလှသည်။

နာကျင်စရာ ၊ ရုန်းကန်ခြင်း ၊‌ သောကတွေ ဒေါတွေနဲ့ပြည့်နက်နေတဲ့ ယိုရှီ ။

သာယာမှု ၊ ပျော်မွေ့မှု ၊ စည်းစိမ် ၊ ငွေမဲတေကြား ၊ အမြဲမှန်ချင်စိတ် တွေနဲ့ ပြည့်နက်နေတဲ့ ဆာဟိ။

အတန်ကြာမှ ယိုရှီတစ်ယောက်နိုးလာခဲ့ပီး ဆာဟိအား လှုပ်နှိုးခဲ့သည်။

" ဟျောင့်.... ထထ "

အိပ်မှုံစုံဖွားနဲ့ ထလာပီး လန့်သွားကာ ခန္ဓာကိုယ်လေးအားနောက်ဆုတ်လျှက်ပင်

" မင်း မပြန်သေးဘူးလား "

" မင်း ခေါ်လာတဲ့နေရာကို ငါမှမသိပဲ အဲ့တော့ပြန်လမ်းရော ဘယ်လိုလုပ်သိမှာလဲ "

" ကျစ်... ခက်လိုက်တာ "

" ဘာကိုလဲ .. အခု မင်းလဲပြန်မှာမလား ငါလဲလိုက်မယ် ၊ ပီးတော့ ဆေးရုံဝင်လိုက်ပေါ့ "

" ဘာ HAMADA ASAHI "

" ဟုတ်တယ်လေ ... ခင်ဗျားထင်ရာစိုင်းပီး ကျုပ်ကိုခေါ်လာတာလေ ဒီ ဒဏ်ရာအတွက်က ဘာမှရော်‌ကြေးမပေးနိုင်ဘူး "

" မင်း.... "

" ပီးတော့ ညကကျုပ်အပေါ်ကြူးလွန်တာတေရော "

" ပါးစပ် ကိုပိတ်ထား အဆာဟိ ၊ ငါမင်းကို လုပ်ချင်လို့လုပ်တယ်များထင်နေလား ၊ ငါ့ ပြဇာတ်ထဲကို မင်းဝင်ဝင်မလာနဲ့ ။
သိပ်ကိုအန္တရာယ်များတယ် ၊ ဒါဟာ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်သတ်ိပေးခြင်းပဲ "

" ဒါနဲ့မေးလို့ရမလား ၊ ဒီ ကုတင်ဇောင်းက ကြိုးတွေကဘာတွေလဲ "

" မင်း သိစရာလိုလို့လား ၊ မင်းနဲ့မဆိုင်ရင် မသိသလိုနေတာအကောင်းဆုံးပဲ ၊ လာ ထ အခုလိုက်ပို့ပေးမယ် အိမ်ကို "

ယိုရှီဟာ တကယ်ကို မှ စိတ်ထွေပြားတတ်တဲ့သူဖြစ်ပီး စိတ်ရောဂါ အထူးကုဆရာဝန်ကြီးနဲ့လဲ တစ်လတစ်ခါ အိပ်ငွေ့ချ၍ ဆေးကုသမှုခံယူနေရတာ ကို သူ့ရဲ့အချစ်ဆုံးငယ်သူငယ်ချင်းဖြစ်သူ။ဂျွန်ဂယူ ကလွဲရင် မည်သူမျှမသိချေ။

" ကလင် ကလင် ကလင် "

" အေး ဂယူ ပြော "

" ချစ်သူငယ်ချင်းလေး ... ငါ့ရဲ့အမြတ်ကိစ္စနဲ့ပတ်သက်ပီး ပြောစရာရှိတယ် Osake ဆိုင်ကိုလာမလား ၊ Coffee ဆိုင်မှာပဲ ဆုံမလား "

" ဟျောင့် ငါဘာလုပ်နေရလဲမင်းသိတာပဲ ၊ ရက်နီးနေပီလေ ၊ ငါ့က်ုသတ်နေတာလား "

" ပီးရော ဒါဆို Coffee ဆို‌ပေါ့ Okiyaka Cafe ဆိုင်ကို လာခဲ့ကွာ "

" Oki စောင့်နေ "

ဆာဟိဟာ လုံးဝကိုအတွေးထဲနစ်မြုပ်သွားသည့်တိုင်‌အောင် ယိုရှီရဲ့ စကားစတွေဆွဲထုတ်ရင်း တွေးတောတော့သည်။ အတန်ကြာသည်အထိ အသိစိတ်ပြန်မကပ်လာ ။

" ASAHI ... Hamada Asahi "

" Aww.. inn "

" မင်း အိမ်ရှေ့ရောက်ပီ ဆင်းတော့ "

" ခင်ဗျားနှင်စရာမလိုပါဘူး ယောက်ဖရဲ့ "

" ဘာ "

" မနက်ဖန် ခင်ဗျားစေ့စပ်ပွဲနော် "

" မင်း ပါးစပ်က်ုပိတ်လို့ မရဘူးလား ၊ မင်းကိုညှာပေးရင် ကန်းတက် တတ်တဲ့လူစားမျိုးပဲ "

" ဒီမှာ ယိုရှီ...ခင်ဗျားပါးစပ်က ရွံစရာတွေနဲ့ လှည့်ပတ်ပီး စကားကြီးစကားကျယ်တေသိပ်မပြောနဲ့ ၊ ပလုတ်အရင်သွား ကျင်းလိုက်ဦး ၊ ပီးတော့ ခင်ဗျား အဖေနဲ့ယှဉ်ရင် ခင်ဗျားက ဘာကောင်မှမဟုတ် ဘူး "

"မင်းး..မင်းး "

" ဘာလဲ အနာပေါ်တုတ်ကျသွားလို့ ထိသွားတာလား "

" မင်းငါ့ရှေ့ပေါ်မလာနဲ့ "

" ခင်ဗျားသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ " ဟားတိုက်သံဟာ ရိသဲ့သဲ့ပင်

--------------------------

" Hello Junkyu"

" အေးပြော "

" Sakura Osake ya ပဲလာခဲ့တော့ကွာ "

" ဘယ်လိုဖြစ်တာလဲ "

" နဲနဲ ညစ်နေလို့ကွာ လာမှာသာလာခဲ့ "

" Oki Oki "

ကားမောင်း‌နေရင်းတွေးတော့မိတာတစ်ခုတော့ရှိတယ်။ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုကို အကျိုးရှိရှိအသုံးချချင်ခဲ့တာ တော့အမှန်ပါ ၊ ချမ်းသာကြွယ်ဝခြင်းကို တကယ်တော့ ရွံရှာစက်ဆုတ်မိတယ်။ သို့ပေမဲ့ ကို့ကိုယ်ကို အမြဲ ဖျက်စီးနေခဲ့မိတယ် ။ ဒါမှ လဲ ခံသာတာမလား ? ။ မဟုတ်ရင် ရူးဖို့ရှိတယ် ။ အဓိပ္ပါယ်မဲ့လွန်းတဲ့ ဘဝကြီးကို တဖြည်းဖြည်းမုန်းလာဖို့ပဲရှိတယ်။

ငါဟာ ဘာအတွက်နဲ့ ရှင်သန်နေရတာလဲ ?
အခုအသက် ၂၆ နှစ်အရွယ်အထိ ငါ့စိတ်နဲ့ငါ ဘယ်နခါရှင်သန်ကြည့်ခဲ့ပီးပီလဲ ?? အမြဲတမ်း ကိုယ့်ဟာကို တွေးတတ်တဲ့ ဒီစကားသံတေဟာ
အမြဲလိုလို ပဲ့တင်သံထပ်နေခဲ့တယ် ။

ထိုသို့ တွေးတောရင်း ကားကိုဆက်မောင်းလာကာ Sakura Osake ya ဆိုရှေ့သို့‌ရောက်လာလေသည်။
ဂယူမှ သူ့အား လက်ဟန်ခြေဟန်ပြလျှက် အထဲသို့ခေါ်ခဲ့သည်။

" ကယ် ဆိုပါဦး "

" ငါ့ရဲ့ ကာစီနို ဝိုင်း ၃၀လောက် မင်းကိုရောင်းချင်လို့ အဲ့ကရတဲ့ပိုက်ဆံနဲ့ ငါ လုပ်စရာရှိလို့ "

" ဘာ.. အဲ့ဒါ ငါ့ ပါးဆီသွားပါလား "

" မင်းရဲ့ ပါးက မင်းဆီ လွှတ်တာလေ ငါ့နှယ် "

" အော် "

" ဒါနဲ့ ငါသတင်းကြားတယ်နော် မင်းပါးပြောလိုက်တာ "

" ကြားရင် ကြားတယ်မှတ်လေ "

" Oki လေ ..... ဒါဆိုလဲ ငါ့မင်းအတွက် နှစ်ယောက်ခေါ်လာတာ မလိုချင်လဲနေပေါ့ "

" ဘာ... တကယ်လား "

" ငါမင်းသူငယ်ချင်းပါ ဘယ်တုန်းက မင်းအပေါ်လစ်ဟင်းဖူးလို့လဲ "

ထိုစဉ် ဆိုင်၏ အတွင်း ဘက်၌ ရန်ဖြစ်သံလိုလို အသဲသဲ့သဲ့ဟာ သူတိူ့နှစ်ယောက်နားထဲသို့ရောက်လာလေတော့သည်။

" မောင် Hana ကို လိမ်တယ် "

" ငါ ဘာလိမ်လို့လဲ "

" ဘာလိမ်လို့လဲ ဟုတ်လား ၊ အခု ဒီ Vedio ကဘာလဲပြောလေ "

" မင်းကို ဘယ်သူပို့လိုက်ဝာာလဲ "

" ဘယ်သူပို့ရမှာလဲ ရှင် အရမ်းယုံကြည်ရပါတယ်ဆိုတဲ့ ရှင့်ကောင်မ‌လေ ၊ ရှင် က ဒီလိုပဲ မိန်းမတေကိုငွေနဲ့ပစ်ပေါက် ခန္ဓာကိုယ်ယူပီး လုပ်စားနေတာလား "

" တော်လိုက်တော့နော် Hana "

ထိုလူဟာ Hana ရဲ့စကားသံတွေကြားဒေါသတွေအလိပ်လိုက်ထွက်လာတာကြောင့် သူမအားလက်ဖြန်နှင့်ရွယ်ဖို့အလုပ် အသံမာမာတစ်ခုက သူတို့ကြားထဲဝင်ရောက်လာလျှက်

" မင်း ငါ့ညီမကိုဘာလုပ်တာလဲ "

" နေပါဦး ခင်ဗျားကရောဘာကောင်လဲ "

ဂယူရဲ့နောက်ကနေ ဝင်လိုက်လာတဲ့ယိုရှီက ထိုသူအားတွေ့သွားခဲ့ပီး အံ့ဩကြောင်အလျှက်

" အဆာဟိ...မင်း "

" ထပ်ပီး ခင်ဗျားပဲလား ၊ $ အာရုံတွေကစပီ"

" မင်း ဘာလို့ ဂယူ့ညီမကိုမှ သွားထိရတာလဲ ၊ မင်း သူတို့အကြောင်းဘယ်လောက်သိလဲဟမ် "

ထိုစဉ် Hanaရဲ့လက်အားအတင်း ဆောင့်ဆွဲ
လျှက် ဆာဟိတစ်ယောက် ဆိုင်ထဲကထွက်သွားသည်။ ဂယူနဲ့ယိုရှီ လဲ ဒေါသတကြီးနောက်ကလိုက်သွားရသည်။ ထိုစဉ် ဆိုင်ရှေ့ရုတ်တရက် ကာထိုးရပ်လိုက်တဲ့ ဆာဟိရဲ့တစ်ဦးတည်းသောညီလေး ဂျောင်းဝူပင် ၊ ရုတ်ရုတ်သဲသဲဖြစ်နေတာကြောင့် အတင်းပင် ဆာဟိဆီသို့ ဦးတည်၍ ပြေးလာတော့သည်။

" ဒီမှာ ခင်ဗျားတို့ဆက်လိုက်မလာနဲ့နော် Hana က ကျုပ်ရည်းစား ကြိုက်တာလုပ်လို့ရတယ် "

" ဟ... ငါ့ညီမကိုမင်းက ကြိုက်တာလုပ်လို့ရတယ်ပြောရအောင် မင်းအဆင့်အတန်းကဘာလဲ ၊ ဘယ်ကလဲ "

ထိုစဉ် အတင်းရုန်းကာ ငိုနေတဲ့ Hana ရဲ့ ပါးပြင်ဆီသို့ ပြင်းထန်တဲ့ ရိုက်ချက်ဟာကျရောက်‌လာတော့သည်။

" မင်း.... မင်း ခွက် "

အရမ်းခါးသီးရင့်မာလွန်းတဲ့ အကျင့်တစ်ခုအား ဆာဟိဆီမှ ထွက်လာတာကြောင့် ယိုရှီဟာ အံ့ဩလတံ့ပင် တစ်ပြိုင်နက်ထဲမှာပဲ ဆာဟိမျက်နှာဆီသို့ ဆိုးရွားမာထန်လှတဲ့ လက်သီးတစ်ချက်ဟာကျရောက်လျှက်

အကိုဖြစ်သူနောက်အား လိုက်လာခဲ့တဲ့ Jeongwoo, ဒေါသထောင်ခနဲထွက်သွားတာကြောင့် Junkyu အားဆောင့်တွန်းလိုက်တော့သည်။

" ဘာလဲခင်ဗျားက .. ကျုပ်အကိုကို ဘာလို့လက်ပါတာလဲ "

" မင်းဘယ်သူလဲ "

" ကျုပ်ဘယ်သူလဲ အရေးမကြီးဘူး ၊ ကျုပ်အကိုကိုထိုးတဲ့ ခဗျား ရော့ "

" ခွက်... ခွက် "

Jeongwoo ရဲ့ဘယ်ပြန်ညာပြန်လက်သီးဟာ ဂယူရဲ့ ပါးဇောင်တွေပေါ်အား အားဖြင့်သက်ရောက်သွားချင်ပင် သွေးများစည်းကျလာခဲ့သည်။
ထိုပြင်ဆာဟိဟာ ယိုရှီ့ဆီသို့ခြေလှမ်းများဦးတည်လျှက် ကော်လံစအား ဆွဲမလိုက်ပီး

" ဒီနေရာဟာ ကျုပ်တို့ပိုင်နက်...အားလုံးကိုအမှုန့်ကြိတ်လိုက်လို့ရတယ်နားလည်လား "

" ဘာ "

" ဟုတ်တယ် ကျုပ်တို့ညီကိုက ခင်ဗျားတို့သုံးယောက်လုံးကို လက်စဖျောက်ပစ်လိုက်လို့ရတယ် ၊ ဥပဒေ ဆိုတာ ဘာလဲ သိလား ဟမ် "

ဂယူ့ရဲ့ ပုခုံးအား Jeongwoo တစ်ယောက်မသိမသာပုတ်ခက်လိုက်ပီး နားရဲ့ အနားတစ်ဝိုက်သို့ လေသံဟာ တိုးဝှေ့လာလျှက် ပျြောသာစကားပင်
ဤစကားကိုကြားပီးနောက် ဂယူဟာ အံကိုကြိတ်အောက်ဘက်ကခပ်တန်းတန်းချထားတဲ့လက်ဖဝါးများအား ကွေးနေအောင် တင်းတင်းကြပ်ကြပ်ဆုတ်ထားမိသည်။

ဂျောင်းဝူဘက်သို့ မျက်စံအိမ်ဟာ ရွေ့သွားခဲ့ပီး စွေ့စွေ့ကြည့်နေမိသည်။
လျှာဟာ အပေါ်အောက်ပင့်၍အသံတစ်ချက်ဟာရုတ်တရက်

" တောက် ... ဥပဒေ ဟုတ်လား ? မင်းဥပဒေအကြောင်းဘယ်လောက်နားလည်လို့ ဒီစကားပြောတာလဲ ကလေးပေါက်စရဲ့ "

" ဘာ ကျုပ်ကိုများ ကလေးပေါက်စ ? "

" မင်းတို့ညီကို ကို ငါတို့ဘာကောင်ဆိုတာ တနေ့သင်ပြရတာပေါ့ လာ သွားမယ် ငါတို့ "

Hana ရဲ့လက်အား အတင်းအကြပ်ဆွဲခေါ်သွားတဲ့အခါမှာ ညီမဖြစ်သူဟာ အကို့ရဲ့လက်ထဲမှ ရုန်းလိုက်သေးသည်။

" ကိုကို ညီမလေး သူနဲ့ရှင်းလို့မပြီးသေးဘူး "

" ရှင်းလဲ နင့်အကောင်က ဗြောင်လိမ်နေတာ ၊ နင့်လိုငတုံးမမျိုးတေသာ ယုံစားနေကြတာ ၊
သောက်မှတ်ရှိအောင် ငါ့လက်ဝါး မြည်းကြည့်မလား "

မျက်ရည်လေးတွေဝဲပီးဘာမှမပြောနိုင်တော့တဲ့ Hana တစ်ယောက် ၊ အကိုဖြစ်သူဂယူရဲ့ဆွဲခေါ်မှုနောက်သို့ ကောက်ကောက်ပါအောင်ဆောင်ဆွဲခေါ်သွားခံခဲ့ရသည်။

ကျန်ရစ်ခဲ့တဲ့ ယိုရှီကတော့ ဆာဟိအားစွေ့စွေ့ကြည့်လျှက် ဂျောင်းဝူပုခုံးကိုလက်ဖြင့်တင်းတင်းဆွဲညှစ်ထားပီး သို့စကား ဆိုလာသည်။

" မင်းခဏရှောင်ပေး ဂျောင်းဝူ "

"ယောက်ဖ ခင်ဗျားကတတ်လဲတတ်နိုင်တယ် ၊ ခင်ဗျားအဆင့်အတန်းမျိုးနဲ့ အဲ့လိုမောင်နှမကို ဘယ်လိုလုပ်များသူငယ်ချင်းတော်ထားတာလဲ "

မျက်နှာရင့်မာ တင်းကြပ်ကာ စူးရှတဲ့မျက်လုံးများဖြင့် လျှာကိုပါးဇောင်းထဲထိုးလျှက် ထပ်မံပြောဆိုလာပြန်သည်။ ဂျောင်းဝူစီကို ခက်ထန်လှတဲ့အ ကြည့်များနဲ့ မျက်ခုံးကိုပင့်တင်ကာ
အသံနက်ကြီးဖြင့်

" ငါမင်းကို ရှောင်ပေးလို့ ပြောနေတယ် "

ပြောချင်ဝာာကတော့ ငါ့ကို စကားလာမရှည်နဲ့ဆိုတဲ့ပုံစံမျိုး

" Oki Oki "

ဆာဟိရဲ့လက်ကိုဆွဲပီး ကော်ဖီဆိုင်အနောက်ဖက် မီးဆိုင်းတစ်ခုထဲသာလင်းနေခဲ့တဲ့ ကန်ရေ ပြင်ဆီသို့ လက်ကိုတင်းတင်းကြပ်ကြပ်ဆွဲကာခေါ်ဆောင်လာသည်။ လက်အရင်းတွေဟာ ဖိကပ်ဆွဲလာတဲ့ဒဏ်ကြောင့် အရမ်းနာကျင်လာသည်။
ယိုရှီ့ဆီကလက်ကိုအတင်းရုန်းလွှတ်ပီး တစ်ပြိုင်နက် ပါးပြင်ပေါ်သို့ ကြမ်းတမ်းပီးပြင်းထန်လှတဲ့ ရိုက်ချက်တစ်ခုဟာ မတုံမဆိုင်းပဲကျရောက်လာတော့သည်။

" ဖြောင်းးးးး "

ပါးပြင်ကို လက်‌ဝါးဖြင့်ထိကာ ဒေါသသံနဲ့ ဒီဘက်လှည့်လာလျှက်

" HAMADA ASAHI "

" ဘာလဲ သိပ်ကိုနာသွားလား ၊ အမြဲဘာလို့ခင်ဗျားလဲ ၊ ကျုပ်ရှေ့ကနေအမြဲပိတ်ပိတ်ရပ်နေရတာလဲ "

" မင်းက အဲ့လိုကြောက်ဖို့ကောင်းတဲ့ လူစားမျိုးမှန်း ငါဒီနေ့မှသိခဲ့ရတယ် "

" ဘာ ? ဟားဟားဟား ၊ သူခိုးကလူပြန်ဟစ်‌နေလို့ပါလား အဟက် ၊ ဒါနဲ့ ခင်ဗျားရော လူဘယ်နှယောက် ကိုဝယ်စားပြီးပြီလဲ ? ဟမ် "

" အဲ့ဒါ ငါ့အပိုင်းပါ "

" ဒါဆို ဒါလဲ ကျုပ်ကိစ္စလေ ခင်ဗျားနဲ့မှမဆိုင်တာ ၊ ဘာလို့ အာရုံလာစားနေတာလဲ ၊ နာချင်းနာရင် ကျုပ်တို့ကနာမှာလေ ၊မမတစ်ယောက်လုံးကို ခင်ဗျားလိုကောင်မျိုးရဲ့လက်ထဲထည့်ပေးရမှာတောင် သနတယ် "

" မင်းအမကို လိုလိုချင်ချင်နဲ့ ငါက တောင်းနေတာလား ၊ မင်းအမက အရှက်မရှိလိုက်တွယ်ကပ်နေတာလား စဉ်း‌စားလေ ၊ အော် ဒါနဲ့ မင်းတို့မိသားစုက ပိုက်ဆံမက်တာတောင်မဟုတ်ဘူးမလား "

" ပိုက်ဆံ??? ခင်ဗျားအဖေနဲ့ ကျုပ်တို့အဖေဆိုတာ တလှေတည်းစီးနေကြတဲ့သူတွေပဲ ခင်ဗျားလဲ ခင်ဗျားအဖေသာမရှိရင် ဘာကောင်မှမဟုတ်ဘူးလို့ကျုပ်ပြောပီးသားပဲ "

" ကျစ်.... "

" ခင်ဗျား ဘာပြောချင်လို့ ဒီကိုခေါ်လာတာလဲ ၊
ပြောစရာမရှိရင် သွားတော့မယ် ၊ အချိန်တွေ ခင်ဗျားလိုအားမနေတဲ့အတွက် "

" ဘယ်အားမလဲ ? မိန်းမတကာနဲ့ အိပ်နေမှတော့ ၊ မင်းနားချိန်ရော ရှိရဲ့လား ဟမ် ၊ Hamada Asahi "

ဤစကားကြောင့် မီးတောင်သဖွယ်ဒေါသတွေဟာထောင်ခနဲထထွက်သွားတော့သည်။ လက်များကို အရှိန်ယူကာ ယိုရှီနိုရီအားဆောင့်တွန်းလိုက်တာကြောင့် မြေပြင်ပေါ်သို့ပုံရပ်သားလေးပင် ၊ ‌ထိုစဉ် ယိုရှီရဲ့ ဆံနွယ် အနီရောင်အား
ဆောင့်ဆွဲပင့်တင်ကာမော့စေပီး မျက်နှာကို လှန်လိုက်ကာ နား အနားသို့ကပ်၍ အသံတချက် တိုးဝှေ့လာလေသည်။

" မနက်ဖန် စေ့စပ်ပွဲကိုပဲ ခေါင်းထဲထည့်ထား ၊
ခင်ဗျား အပြစ်တစ်ခုလုပ်မိတာနဲ့ ခင်ဗျားဇာတ် ခင်ဗျား နိုင်အောင် က ရမယ် ၊ ရှင်းလား "

"......"

အနားကပ်ကာ သတ်ပစ်ချင်လောက်အောင်မုန်းတဲ့အသံနဲ့ပြောနေတာကြောင့် ဆံနွယ်မှဆွဲလှန်ခံထားရတဲ့ ယိုရှီရဲ့ဦးခေါင်းဟာ သူ့လက်ထဲမှရုန်းထွက်ပီး ဆာဟိရဲ့ ဦးခေါင်းအား ပစ်တိုက်လိုက်တာကြောင့် နောက်ပြန်ပစ်လဲသွားတော့သည်။
ဂျောင်းဝူတစ်‌ယောက်မြင်သွားပီးအလျှင်အမြန်လာပြေးထူရသည်။

" ကိုလေး တို့နှစ်ယောက်ကလဲ မကြီးမငယ်နဲ့
သူများမောင်နှမ အတွက်နဲ့များ ရန်ဖြစ်ရတယ်လို့ လူကြားလို့မှမကောင်း "

ဂျောင်းဝူဟာ ယိုရှီနဲ့တော့တည့်သည်။ သဘောကျသည်။ ယိုရှီရဲ့အိမ်သို့ မမနဲ့ပတ်သက်ပီးအဝင်အထွက်ရှိနေတာကြောင့် ယိုရှီ့အကြောင်းတစ်ချို့ကိုတော့ အိမ်တော်ထိန်းယွန်း ဆီက တချို့တစ်ဝက်ကြားထားသည်။ ဒါကြောင့် ယိုရှီ့ကိုသနားတာလဲပါသည်။ ထိုအကြောင်းတေအား သူ့အကိုနဲ့စကားမစပ်မိတာကြောင့် အခုချိန်ထိမပြောမိကြပေ။

" လာ ထ ပြန်ရအောင် ကိုလေး "

ယိုရှီကတော့ ပါးရိုက်ခံထားရတာကြောင့် နှုတ်ခမ်းအနည်းငယ်ပေါက်နေခဲ့သည်။
နှုတ်ခမ်းကသွေးကို သုတ်လျှက် ဘာမှမပြောပဲလှည့်ထွက်သွားသည်။

ကျန်ခဲ့တဲ့အဆာဟိတစ်ယောက်ကတော့ ဂျောင်းဝူဘေးတွင် ငုတ်တုတ်ထိုင်လျှက် ဒေါသထွက်နေဆဲပင် ကျန်နေခဲ့သည်။

____________________________

အဝေးပြေးလမ်းမတစ်နေရာတွင်
တစ်နေ့ ဂယူဟာ ကားဆီဖြည့်ဖို့ ဆိုင်ထဲအဝင် မှန်ချပီးစကားပြောဖို့အလုပ် ဝန်ထမ်းကောင်လေးအားလှမ်းခေါ်လိုက်လေသည်။

ကောင်တာမှာထိုင်နေသူ ဂျောင်းဝူကထလာလျှက်

" မင်း....မင်း ဒီကို "

" ဒီလိုနေရာမှာ Suit အပြည့်နဲ့ ရှိနေတယ်ဆိုမှတော့ Founder ပေါ့ ၊ ဒါလေးတောင်မတွေးတတ်ဘူးလား "

" စကားမရှည်နဲ့ ငါ့ကိုဆီထည့်ပေး "

" ဆောရီးဗျာ ဆီက အခုလေးတင်ပြတ်သွားတာမရှိတော့ဘူး "

" သေချာရဲ့လားကောင်လေး "

" ဒါပေါ့ "

" Oki လေ ၊ ငါဆေးလိပ်သောက်လိုက် ဦးမယ် "

" ဟေးးး ဟေးးး ဒီမှာဆေးလိပ်သောက်လို့မရဘူးလေ နားမလည်ဘူးလား "

" အေးဆေးပါ မင်းတို့ဆိုင် ဆီပြတ်နေတာပဲကို ဘာမှမဖြစ်ဘူး "

" ကျစ်... မရပါဘူးဆို "

" ငါ့ကိုလာမလိမ်နဲ.. အခုထည့် ၊ သွားဟေ့ကောင် ငါစကားတေအများကြီးပြောရတာမကြိုက်ဘူး ၊ပီးတော့ မင်းကိုလဲ ငါကျေနပ်နေတာမဟုတ်ဘူး လက်သီး အကြွေးကိုတစ်နေ့တော့ပြန်ဆပ်မှာ "

" အမယ်...ခင်ဗျားစကားကလဲ ရင်လှချည်လား "

" ငါက always customer ကွ ဒီမှာ , မင်းနဲ့တွေ့မှပဲစကားတွေရှည်နေရတယ် ၊ ငါ့မှာအချိန်မရှိဘူး "

" ခင်ဗျားကို နဲနဲတော့စိတ်ဝင်စားလာပီ "

" တော်စမ်းပါ... နားခါးတယ် ၊ အရေးမပါတာတွေမပြောနဲ့ ဆီထည့်ပေး "

" ခဏတော့စောင့် "

ဂျောင်းဝူတစ်ယောက် ဂယူ စွာနေပုံကိုကြည့်ပီးရီချင်မိသည်။ မနေ့ညကတင် ဂယူ့ကို ပြင်းပြင်းထန်ထန်နှစ်ထိုးထားတာကြောင့် နှုတ်ခမ်းစပ်ကနဲနဲရောင်နေတာသိသာလွန်းနေတယ်။ အခုပုံစံကျတော့လဲ ဂယူမဟုတ်တဲ့အတိုင်း

ဝတ်လာတဲ့ပုံက တီရှပ်အဖြူလေး ဘောင်းဘီကလဲ အတိုဖြစ်ပုံရသည်။ , မျက်နှာက ပါးဖောင်းလေးက မျက်ဝန်းနားအထိကို စကားပြောလိုက်တိုင်းတက်တက်သွားတော့သည်။ နှုတ်ခမ်းကလဲဆူလိုက်သေးသည်။ ဤ ပုံစံကိုကြည့်ပီး ပြုံးမိနေတဲ့ ဂျောင်းဝူပင် -

ညဦးမှောင်စပျိုးချိန် ၌ နန်းတော်ကဲ့သို့လှပလွန်းတဲ့ အိမ်တော်ကြီးရဲ့ ခြံထဲတွင် လူအများဟာစည်ကားလျှက်ရှိပီး ခရိုနီအများစုသာလာကြသည့်ပွဲဖြစ်လေသည်။
ဤပွဲဟာ အခြားမဟုတ် Yoshinori နှင့် Yuki
တို့ရဲ့ စေ့စပ်ပွဲဖြစ်သည်။

ယိုရှီနိုရီတစ်‌ယောက် ရေကို အေးဆေးစိမ်ချိုးနေလေရဲ့ ၊ ဖုန်းတွေ Missed call ဝင်ထားတာလဲ သိပုံမရ ၊ အတန်ကြာမှ Bathrobe ပတ်ကာ ထွက်လာလေသည်။

ထိုစဉ်ကုတင်ရှေ့က ဆိုဖာမှာ မထင်မှတ်ထားတဲ့သူတစ်ယောက် ၊ ကြက်သွေးရောင် Suit အပြည့် ၊ ခြေထောက်ကိုချိတ်၍ လက်ပိုက်ကာထိုင်နေသည်။

" ငါ့အခန်းထဲကို ဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းကိုထွက်နေတော့တာပါလား Hamada Asahi "

ခေါင်းလျှော်ထားတာကြောင့်ဆံနွယ်လေးတွေဟာ စိုစွတ်နေ၍ ရေဟာ ဆက်လက် ၊ bathrobe ရဲ့ အပေါ်က ရင်ဘက်ဖြူဖြူလေးဟာနဲနဲလေး ဟနေပီး ၊ အရမ်းကိုလှပနေလွန်းသည်။

" အောက်ဆင်းလာဖို့ကို ခင်ဗျား ဘာလို့ကြာနေတာလဲ ၊ ဧန္ကတ ခင်ဗျားအဖေက ပိုက်ဆံမက်လို့များ ကျုပ်အမနဲ့ပေးစားတာလား "

" အဲ့တာ မင်းဖေသွားမေးလေ ၊ ငါ့ထက်မင်းအဖေကပိုသိမှာပေါ့ "

" ခင်ဗျား မရွဲ့နဲ့ "

ဆာဟိအနားသို့ ယိုရှီဟာ တလှမ်းခြင်းလျှောက်လာခဲ့ပီး နား အနားသို့ကပ်ကာပုခုံးကိုကိုင်၍

" ငါနဲ့ စေ့စပ်ရမှာက မင်းလား ? မင်းအမလား ?"

" ဘာ "

" ဟုတ်တယ်လေ..အမြဲတမ်း မင်းသဘောတိုင်းငါ့အခန်းထဲဝင်ဝင်လာတာ သံသယ ဝင်စရာကောင်းမနေဘူးလား ဟမ် ၊ မင်းငါ့ကိုများကြိုက်နေသလားအောင့်မေ့ရတယ် " ရီသံဟာ ရိသဲသဲ့

သူ့အနားသို့ကပ်နေတဲ့ ယိုရှီရဲ့ ကြက်သီးထဖွယ်စကားတွေကြောင်း မျက်နှာသို့ ဆွဲထိုးလိုက်မိတော့သည်။ တစ်ဆက်ထဲမှာပဲ ယိုရှီဟာ ဒေါသတွေငယ်ထိပ်တန်းရောက်ကာ ဆာဟိရဲ့ အကျီ ကော်လံစကိုဆွဲ၍ ရေချိုးခန်းထဲ က ကြွေရေဇလုံကန်ကြီးထဲသို့ တွန်း၍ ပစ်ချလိုက်လေသည်။

ကြွေဇလုံထဲက အဆာဟိအား ရေပန်းဖြင့် မျက်နှာကို အဆက်မပြတ် ဖြန်းနေတာကြောင့် ရေမွန်း၍ စကားပြောချိန်မရပေ။ သို့သော် ကြွေဇလုံနှုတ်ခမ်းကို လက်နှစ်ဖက်ဖြင့်အားပြုကာ အမြန်ကုန်းထပြီးပြေးမည်အလုပ် လူတစ်ယောက်အော်ခေါ်သံဟာ မထင်မှတ်ပဲ အခန်းအပေါက်ဝရှေ့သို့ရောက်လာခဲ့သည်။

" သခင်လေး ... သခင်လေးရေ ဥက္ကဌကြီးခေါ်နေပီ "

ထိုအသံကြောင့် တွေ့သွားမှာစိုး၍ ထွက်ပြေးရုန်းထွက်ဖို့ကြံရွယ်နေတဲ့ ဆာဟိရဲ့ လက်ဖြန်အား ဆောင့်ဆွဲပီး ရေချိုးခန်းထဲပြန်ခေါ် သွင်းလိုက်တာကြောင့် နှစ်ယောက်လုံးခြေချော်ကာ ကြွေရေဇလုံးအဖြူကြီးထဲသို့ ပြုတ်ကျသွားသည်။

နှစ်ယောက်သား တစ်ယောက်ပေါ်တစ်ယောက်ထပ်၍ ဆံနွယ်လေးတွေဟာညိတွယ်နေခဲ့ပီး မျက်လုံးချင်စုံနေကြလျှက် ဆာဟိရဲ့ လက်ဖဝါး‌တစ်ဖက်ဟာ ရေဇလုံဘောင်သို့ကိုင်ထားခဲ့ပီး ၊ ကျန်တဖက်ကတော့ ယိုရှီရဲ့ အပေါ်ဘက်က ဟစိလေးဖြစ်နေတဲ့ Bathrobe ထဲသို့ပင် လက်လေးနဲ့ထောက်ထားမိနေ‌သည်။

နှစ်ယောက်သားရဲ့ နှာဖျားလေးတွေဟာလဲ ထိစပ်နေခဲ့ပီး ပန်းဖူးလေးတွေသဖွယ် နီနီရဲရဲ စိုစွတ်နေတဲ့ နှုတ်ခမ်းလေးတွေကတော့ နီးစပ်နေခဲ့ကြသေးသည်။ အတန်ကြာသည်အထိ နှစ်ယောက်သား Eyes contact ရနေကြဆဲ ဖြစ်သည်။

တစ်ယောက်သောသူရဲ့ နှလုံးသားခုန်နှုန်း ဟာ
ဘာလို့မှန်းမသိ ရူးမတတ် မြန်ဆန်နေလျှက်

အတွေးတွေ နဲ့ရှုပ်ထွေးမှုတွေကိုကြုံရလျှင်
တိမ်တွေကိုကြည့်လိုက်တဲ့အခါမှာ စိတ်ကြည်လင်ပီး လှပသကဲ့သို့ ၊ ထိူသူ၏ မျက်နှာဟာလဲ အနီးကပ်သေချာကြည့်ကာမှ အပြစ်ပြောစရာမရှိအောင် လှပေနေလွန်းတာကိုသိခဲ့ရသည်။

ကျွန်တော့ရင်ထဲ တဒိတ်ဒိတ်ပဲ ၊ သတိလက်လွတ်ဖြစ်ကာ မသိစိတ်ကနေ သူ့ရဲ့လက်ကလေး အားဖမ်းဆုပ်ထားလိုက်မိသည်။
ဒါဟာ ပထမဆုံးပဲ သူနဲ့တွေ့လိုက်ကာမှ ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်ကြီးပင် ၊
နှုတ်ခမ်းတွေဟာ အနီးဆုံးမှာရှိနေခဲ့ကြတာကြောင့် Red berry စီးကရက် အနံ့လေးဟာလဲ နှာခေါင်းထဲနဲ့ဆွဲကျန် စွဲမက်စေခဲ့သည်။

သို့ပေမဲ့... ဒါတွေဟာ တဒ်ဂ ဖြစ်ပျက်သွားခဲ့တဲ့အရာမို့ ရင်ထဲက နှလုံးသားတွေဟာ
ကတောက်ကစသာဖြစ်နေခြင်းဟု ယူဆခြင်းပင်

___________________________________

မင်မင် နောက်ကျသွားတယ် , တင်ခါနီးမှ Delete မှားနှိပ်မိလို့ ၊ ပြန်ရေးနေရလို့ပါ 😞

မျှော်နေကြမယ်ဆိုတာကိုသိပါတယ် ၊ တောင်းပန်ပါတယ်နော် အားလုံးကို 🥺💛
ဖတ်ရတဲ့အရသာပေါ့သွားခဲ့ရင်လဲတောင်းပန်ပါတယ်နော် 😞

Conversation လေး နဲနဲပိုထည့်ပေးထားပါတယ် ကြိုက်ကြမယ်လို့လဲမျှော်လင့်မိပါတယ် ။ 🧡
































Continue Reading

You'll Also Like

356K 15.3K 39
જ⁀➴ᡣ𐭩 hidden, various hazbin hotel characters x female reader જ⁀➴ᡣ𐭩 𝑰𝒏 𝒘𝒉𝒊𝒄𝒉 we follow an angel named y/n, who had her bes...
567K 20.5K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
166K 4.9K 51
matilda styles, will you be my valentine? (please reject me so i can move on) ⋆ ˚。⋆୨💌୧⋆ ˚。⋆ IN WHICH christopher sturniolo falls for nepo baby or...
496K 20.4K 61
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...