အသင်္ချေစာဖတ်သူ၏ရှုထောင့် Boo...

Від Sunfish_Squid

6.6K 927 102

အပိုင်း ၁၄၆ - Більше

အပိုင်း ၁၄၆ : ကြယ်တာရာတို့၏ပွဲတော် (၁)
အပိုင်း ၁၄၇ : ကြယ်တာရာတို့၏ပွဲတော် (၂)
အပိုင်း ၁၄၈ : ကြယ်တာရာတို့၏ပွဲတော် (၃)
အပိုင်း ၁၄၉ : ကြယ်တာရာတို့၏ပွဲတော် (၄)
အပိုင်း ၁၅၀ : ကြယ်တာရာတို့၏ပွဲတော် (၅)
အပိုင်း ၁၅၁ : မဟူရာရဲတိုက် (၁)
အပိုင်း ၁၅၂ : မဟူရာရဲတိုက် (၂)
အပိုင်း ၁၅၃ : မဟူရာရဲတိုက် (၃)
အခန်း ၁၅၅: အပိုင်း (၃၀) - မဟူရာရဲတိုက် (၅)
အခန်း ၁၅၆: အပိုင်း (၃၀) - မဟူရာရဲတိုက် (၆)
အခန်း ၁၅၇- အပိုင်း ၃၁- ဇာတ်ညွှန်းသင်္ချိုင်း (၁)
အခန်း ၁၅၈ - အပိုင်း ၃၁ - ဇာတ်ညွှန်းသင်္ချိုင်း (၂)
အခန်း ၁၅၉ - အပိုင်း ၃၁ - ဇာတ်ညွှန်း၏သင်္ချိူင်း(၃)
အခန်း ၁၆၀ - အပိုင်း ၃၁ - ဇာတ်ညွှန်း၏သင်္ချိုင်း(၄)
အခန်း ၁၆၁ - အပိုင်း ၃၁ - ဇာတ်ညွှန်း၏သင်္ချိုင်း (၅)
အခန်း ၁၆၂ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာရဲ့အချစ်ဇာတ်လမ်း (၁)
အခန်း ၁၆၃ - အပိုင်း ၃၃ - ဂင်မ်ဒို့ဂျာရဲ့အချစ်ဇာတ်လမ်း (၂)
အခန်း ၁၆၄ - အပိုင်း ၃၂ - ကင်ဒို့ဂျာ​၏အချစ် (၃)
အခန်း ၁၆၅ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာရဲ့အချစ် (၄)
အခန်း ၁၆၆ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​၏အချစ် (၅)
အခန်း ၁၆၇ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​၏အချစ် (၆)
အခန်း ၁၆၈ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​ရဲ့အချစ် (၇)
အခန်း ၁၆၉ - အပိုင်း ၃၂ - ဂင်မ်ဒို့ဂျာ​ရဲ့အချစ်(၈)
အခန်း ၁၇၀ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၁)
အခန်း ၁၇၁ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၂)
အခန်း ၁၇၂ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၃)
အခန်း ၁၇၃ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၄)
အခန်း ၁၇၄ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၅)
အခန်း ၁၇၅ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၆)
အခန်း ၁၇၆ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၇)
အခန်း ၁၇၇ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၈)
အခန်း ၁၇၈ - အပိုင်း ၃၃ - ပြန်လည်ဖတ်ရှုခြင်း (၉)
အခန်း ၁၇၉ - အပိုင်း ၃၄ - စား၍မရနိုင်သော (၁)
အခန်း ၁၈၀ - အပိုင်း ၃၄ - စား၍မရနိုင်သော(၂)
အခန်း ၁၈၁ - အပိုင်း ၃၄ - စား၍မရနိုင်သော(၃)
အခန်း ၁၈၂ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၁)
အခန်း ၁၈၃ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၂)
အခန်း ၁၈၄ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင်(၃)
အခန်း ၁၈၅ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၄)
အခန်း ၁၈၆ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၅)
အခန်း ၁၈၇ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၆)
အခန်း ၁၈၈ - အပိုင်း ၃၅ - ၇၃ယောက်မြောက်နတ်ဆိုးဘုရင် (၇)

အခန်း ၁၅၄ : အပိုင်း ၃၀ - မဟူရာရဲတိုက် (၄)

153 26 2
Від Sunfish_Squid


ဟန်ဆူယုန်း သူ့ဇာတ်ကြောင်းအား ကြားသည်နှင့် ကြောင်အမ်းနေသည့်အမူအရာတို့ဖြင့် တီးတိုးရေရွတ်၏။”နင်တကယ်ပဲကြယ်တာရာတစ်ပါးဖြစ်သွားတာလား?”

လွန်ခဲ့တဲ့ရက်လေးကတင် လူ၀င်စားတစ်ယောက်ဖြစ်ခဲ့သည့်သူဟာ ရုတ်ချည်းဆိုသလို ကြယ်တာရာတစ်ပါးဖြစ်လာခဲ့သည်။ထူးဆန်းနေမှာကတော့အသေအချာ။ဟန်ဆူယုန်းအနေနဲ့ လူ၀င်စားတစ်ယောက် ကြယ်တာရာတစ်ပါးဖြစ်လာသည့်ကိစ္စမျိုးအားတစ်သက်နဲ့တစ်ကိုယ်မကြားခဲ့ဖူးပါချေ။

“အင်း ငါကကြယ်တာရာပဲ။”

“တကယ်?အတည်ကြီးလား?”

“ဟုတ်ပါတယ်ဆို”

ဟန်ဆူယုန်းမျက်၀န်းများထဲ မယုံကြည်မှုတို့နှင့်ပြည့်နေ၏။”....အဲ့လောက်တောင်လွယ်လား?”

မလွယ်ဘူးလို့ငြင်းချင်ပေမဲ့လို့  ဟန်ဆူယုန်းကနားထောင်မနေ။

“SHIT,ဒါဆိုနင်ကအခု ဇာတ်ကွက်အပြင်ကနေငါတို့ကိုစောင့်ကြည့်ပြီး စပွန်ဆာပေးမှာပေါ့?”

“အဲ့လိုမဟုတ်ဘူး။ငါကဇာတ်ကွက်ကြောင့် ကြယ်တာရာတစ်ပါးဖြစ်လာတဲ့အတွက်ဇာတ်ကွက်ထဲမှာပဲ ဆက်ပါနေရမှာ။”

“အတူတူပဲမဟုတ်လား? ငါတော့မပြောတတ်တော့ဘူး?”

တကယ်တမ်းက သူကိုယ်တိုင်တောင်မှအစစ်လို့မခံစားရ။ပုံပြင်များအားငှားရမ်းခြင်း၊တခြားကြယ်တာရာများနှင့်နက်ဗျူလာများအား အရောင်းအဝယ်ပြုခြင်း၊သူ့အပေါ်ရှိနေသည့်ကြယ်တာရာများ၏အပြုအမူများအားပြောင်းလဲခြင်း...

[တချို့ကြယ်တာရာများသည် သင့်ကြီးထွားလာမှုအပေါ်မနာလိုဖြစ်သည်။]

[တချို့ကြယ်တာရာများသည် သင့်တွင်ဂုဏ်ပုဒ်တစ်ခုရှိလာမည်ကို ကန့်ကွက်နေသည်။]

[တချို့ကြယ်တာရာများသည် သင့်အားရန်လိုနေသည်။]

မည်သို့ပင်ဖြစ်စေ ကြယ်တာရာများသည်လည်း မနာလိုမှု၏အကျဉ်းတန်ခံစားချက်ကို ခံစားရလေသည်။တတ်သစ်စလေးတစ်ယောက်အခုမှ အဖူးစဖူးတာကို ဘာလို့များရင့်ရင့်သီးသီးဖြစ်နေကြတာလဲ?သို့တိုင် အခုလောလောဆယ်သူလုပ်နိုင်သည့်အရာတစ်ခုရှိနေသည်။

[သင်သည် တခြားကြယ်တာရာများအားစိုက်ကြည့်နေသည်။]

[တချို့ကြယ်တာရာများသည် သင့်အားအံအားသင့်မှုတို့ဖြင့်စိုက်ကြည့်နေသည်!]

[တချို့ကြယ်တာရာများသည် အံဩလွန်းကုန်သဖြင့် သူတို့သောက်နေသည့်cokeများပါ ပြန်ထွက်ကြကုန်သည်။]

[သွယ်ဝိုက်မက်ဆေ့ခ်ျအားပေးပို့ရန် ဒင်္ဂါး၂၀၀အားအသုံးပြုသည်။]

...ထင်တဲ့အတိုင်း သွယ်ဝိုက်မက်ဆေ့ခ်ျ တွေက ပိုက်ဆံကုန်တယ်။ပျော်ဖို့တော့ကောင်းပေမဲ့ အတော်အသင့်လောက်ပဲသုံးမှ။

ဟန်ဆူယုန်းက သူ့အားပါးစပ်ကြီးဟလျက် စိုက်ကြည့်နေ၏။“အခုလေးတင်မက်ဆေ့ခ်ျပို့လိုက်တာ နင်လား?ယခုထိတိုင်အမည်နာမတစ်ခုမရှိသေးသည့်ကြယ်တာရာဆိုတာလေ?”

ဟန်ဆူယုန်းအမြင်မှာတော့ ထိုသို့ပင်။

“အင်း”

“အဲ့တာက နင့်မှာအခုထက်ထိစပွန်ဆာစာချုပ်မရှိထားလို့လား?”

“အင်း”

“...ဒါဆို ငါကအတော်‌လေးအချိန်နှောင်းသွားပြီပေါ့”

“အဲ့လိုပြောလို့ရတယ်”

ဟန်ဆူယုန်းမျက်မှောင်ကြုတ်လျက် လေထဲသို့မော်ကြည့်သည်။

[ကြယ်တာရာ‘အသူရာမှောင်မိုက်မီးတောက်နဂါး’သည် သူမမျက်နှာအားဝန်လေးစွာစူးစိုက်ကြည့်နေသည်။]

ဟန်ဆူယုန်းသက်ပြင်းချကာ သူ့အားစိုက်ကြည့်၏။“ချီးပဲဟေ့...သောက်ရမ်းမနာလိုတာပဲ။စကားမစပ် နင့်မှာဘာလို့ဂုဏ်ပုဒ်မရှိသေးတာလဲ?”

“အဲ့တာက...”

ဘာလို့ဂုဏ်ပုဒ်မရှိရတာလဲ?အဖြေမှန်က သူလည်းမသိ။

[စတားစထရင်းသည် သင့်ကြယ်တာရာအတွက် ဂုဏ်ပုဒ်တစ်ခုအားရှာပေးနေသည်။]

မဟုတ်မှ သူ့မှာလုံလောက်တဲ့ပုံပြင်တွေမရှိလို့များလား?ဂုဏ်ပုဒ်မရှိတဲ့ကြယ်တာရာတစ်ပါးက ဘာနဲ့တူသလဲဆို ဇာတိမြေမရှိပဲ နိုင်ငံသားခံယူဖို့လုပ်နေသလိုမျိုး။

ဟန်ဆူယုန်းကရေရွတ်၏။“နင်ကကလေကချေပဲ”

“...ငါးခုမြောက်ပုံပြင်က ပြီးမှမပြီးသေးတာ။အဲ့ပုံပြင်အဆုံးသတ်သွားရင်တော့ ငါ့မှာဂုဏ်ပုဒ်တစ်ခုရှိနိုင်လာနိုင်တာပဲ”

[ငါးခုမြောက်ပုံပြင် ‘အထီးကျန်ကယ်တင်ရှင်’ ဆက်လက်လုပ်ဆောင်နေဆဲ]

ငါးခုမြောက်ပုံပြင်သည် ကြယ်တာရာ၏‘အဆင့်အတန်း’ကို ကြီးကြီးမားမားသက်ရောက်စေသော ပုံပြင်တစ်ပုဒ်ဖြစ်သည်။သူ့ကြယ်တာရာ၏နေရာဟာလည်း ထိုပုံပြင်အဆုံးသတ်မည့်အပေါ်မူတည်နေသည်။

...ထင်ရတာပဲ။

ထို့နောက် ဟန်ဆူယုန်းတစ်ယောက် ရုတ်တရက်ကြီးထပြော၏။“ဘူးးး...ဂင်မ်ဒို့ဂျာ နင်ရုတ်တကြီးစောက်ရမ်းမိုက်လာတယ်?ဒါဆို နင်အခုယူဂျွန်ဟော့ကို ချနိုင်ပြီပေါ့?”

ယူဂျွန်ဟော့။သူ့လက်သီးအား ဆုပ်လိုက်ပြီးနောက်ပြန်ဖြန့်၏။ထို့နောက် သူအရင်ကတခါမှမရခဲ့ဖူးသည့် မက်‌ဆေခ်ျ့အားလက်ခံရလိုင်သည်။

[‘ဖြစ်နိုင်ချေမုန်တိုင်း’သက်ရောက်မှုကို ဂရုပြုပါ။]

[စတားစထရင်းသည် လက်ရှိတွင်သင့်လယ်ဗယ်အား တွက်ချက်နေသည်။]

သူ့လက်ချောင်းထိပ်ဖျားလေးများ၌ မရိုးမရွခံစားနေရသည်။၎င်းဟာ ကြယ်တာရာများ၏ပြဿနာပင်။သို့တိုင် ‘တွက်ချက်’နေဆဲသို့ရောက်ရှိနေသရွေ့ သူအဆင်ပြေလောက်၏။စတားစထရင်းအား သူ့နှင့် သင့်တော်မည့်ထိန်းချုပ်မှုအဆင့်ကို ယခုထိတိုင်မသိကြသေး။

“အခုဆိုရင်တော့ ငါသူ့ကိုနိုင်ကောင်းနိုင်နိုင်လောက်တယ်”

“...တကယ်ကြီးလား?”

‘အခု’ဆိုသည့်စကားဟာအဓိကပင်။ဇာတ်လိုက်တစ်ယောက်ဟာ အကြောင်းရှိ‌လို့ကိုဇာတ်လိုက်ဖြစ်နေခြင်းဖြစ်၏။သူဟာ ကြယ်တာရာတပါးဖြစ်လာခြင်းဖြင့်သာ သူ့အစွမ်းကြီးထွားမှုကိုတန်းညှိနိုင်သည်။ယူဂျွန်ဟော့လက်ခံရမည့် အကျိုးခံစားခွင့်ဟာ ကြီးမားလွန်းသည်။

သူ သူမအားအမိန့်ပေး၏။“ငါပေးခဲ့တဲ့ပစ္စည်းတွေ မြန်မြန်ပြန်ပေး”

“ကျစ် သိပြီသိပြီ”

[လူဝင်စား ‘ဟန်ဆူယုန်း’သည် စာချုပ်အားဖြည့်ဆည်းပေးသည်။]

သူဟန်ဆူယုန်းနှင့်ထားခဲ့သည့် ဒင်္ဂါးနှင့်ပစ္စည်းများအားလုံးပြန်ရလိုက်၏။ဟန်ဆူယုန်းတစ်ယောက်သက်ပြင်းချ၏။“...စိတ်မကောင်းစရာပဲ။တခဏလောက် ချမ်းသာသွားသလိုပဲ”

“ငါနင့်ကို ဒီကိစ္စတွေအတွက် ဒင်္ဂါး၂၀၀၀၀ပေးခဲ့တယ်လေ”

“ငါက၆၀၀,၀၀၀တောင်ပြန်လွှဲပေးထားရတာ ဒါပေမဲ့နင်ကတော့ ငါ့ကို ၂၀,၀၀၀ပဲပြန်ပေးတယ်လေ”

ဟန်ဆူယုန်းနှာမှုတ်ကာ နောက်ကျောသာပေးထားတော့၏။သူ ဟန်ဆူယုန်းဆီမှ ပစ္စည်းများနှင့်ဒင်္ဂါးများကိုလက်ခံရလိုက်သည်။

[ပိုင်ဆိုင်မှု ဒင်္ဂါး : ၆၈၄,၃၅၃ C ]

ထိုအချိန်အတွင်း ပိုက်‌ဆံအများကြီးစုထားရမည်။သူ့တွင်တည်ငြိမ်သည့်ဝင်ငွေနှင့် စုငွေများ ရှိထားသည့်အတွက်အထူးအဆန်းရယ်တော့မဟုတ်။အခုသူသည်ကြယ်တာရာတစ်ပါးဖြစ်နေသည့်အတွက် ဒင်္ဂါးများသုံးခြင်းနှင့်ပတ်သတ်၍ တုံ့ဆိုင်းနေခြင်းမရှိတော့။အခုကစ ဒင်္ဂါးတွေဟာ သူတို့ရဲ့တကယ့်ခွန်အားစစ်ကိုပြသပေတော့မည်။

ထို့နောက် ဖြေးဖြေးချင်းဖြေးဖြေးချင်း...အာ နေစမ်းပါဦး။ငါတကယ့်အရေးကြီးတာကြီးကိုမေ့နေတာပဲ။“ဟန်ဆူယုန်း မင်းအဲ့တာကိုဘယ်တော့ဖျက်ပေးမှာလဲ?အဲ့တာ လိင်ပိုင်းဆိုင်ရာစော်ကားမှုမြောက်တယ်နော်”

“အယ်?အာ ငါမေ့သွားတာ”

ဟန်ဆူယုန်းပြုံးလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့်ခေါင်းအားကိုင်ကာ ကြမ်းပြင်တွင်ငုတ်တုတ်ထိုင်နေသည့် အီဟွန်းဆုန်းအနားသို့ကပ်သွား၏။ဟန်ဆူယုန်းကိုယ်ပွားများဟာ အီဟွန်းဆုန်းပတ်ပတ်လည်တွင် ကိုယ်လုံးတီးဖြင့်ကပြနေဆဲ‌။

[ဇာတ်ကောင်‘အီဟွန်းဆုန်း’သည် အကြောက်တရားတို့ဖြင့်တုန်ယင်နေသည်။]

...

⌈ သံမဏိဓားသည် အမျိုးသမီးများနှင့်ပတ်သတ်လျှင်အားနည်းသည်။ ⌋

ရှင်သန်ရာနည်းလမ်းများတွင်ထိုသို့စာသားပါရှိထားသော်ငြား ထိုမျှလောက်ပြင်းထန်လိမ့်မည်လို့တော့မထင်ခဲ့။အဲ့တာအပြင်...

“...ဒါတွေကအစစ်မဟုတ်ဘူး”

ဟန်ဆူယုန်းကိုယ်ပွားများဟာ ကိုယ်လုံးတီးဖြစ်ဟန်ပေါ်သော်လည်း သူတို့တွင်အဓိကအစိတ်အပိုင်းများမပါရှိကြ။တနည်းဆိုရသော် အီဟွန်းဆုန်းယခုလိုဖြစ်လာရခြင်းမှာ သူသည် လူပုံစံအရုပ်များကိုမြင်လိုက်ရခြင်းကြောင့်ပင်။

ဟန်ဆူယုန်းဟာသူ့စကားရဲ့အဓိပ္ပာယ်အားသတိပြုမိသွားပြီးနောက် နတ်ဆိုးဆန်ဆန်အပြုံးမျိုးဖြင့်ရယ်မောလာ၏။

“ဟမ်းးးး...ဘာအဓိပ္ပာယ်လဲ?အဲ့တာတွေမတွေ့လိုက်ရလို့စိတ်မကောင်းဖြစ်သွားတာလား?”

“ငါပြောဖူးပါတယ်။နင့်လိုသနားစဖွယ်ခန္ဓာကိုယ်မျိုးကိုမကြိုက်ဘူးလို့လေ”

“...နင်မြင်‌တောင်မမြင်ဖူးပဲနဲ့များ”

“မြင်ဖို့လိုလို့လား?”

သူအီဟွန်းဆုန်းအနားသို့ကပ်သွားပြီးနောက် ကျောအားပုတ်လိုက်သည်။“ဟွန်းဆုန်းရှီ မင်းအဆင်ပြေရဲ့လား?”

“ဒို့-ဒို့ဂျာရှီ”

သူ့ပုံမှာ ကြောင်တောင်တောင်ဖြစ်နေပုံရသော်ငြား မရူးသေးချေ။အီဟွန်းဆုန်းတစ်ယောက် သရဲအားမြင်လိုက်ရသလိုသူ့အားကြည့်လာသည်။“ဘာလို့ဒို့ဂျာရှီက...မင်းက...သေသွားပြီလေ?”

အီဟွန်းဆုန်းတော့တကယ်ထရော်မာရသွားပုံပဲ။သူဟန်ဆူယုန်းအားစိတ်အနှောက်အယှက်ဖြစ်စွာကြည့်၏။၎င်းဟာ ဟာသဆန်ဆန်အခြေအနေမျိုးဖြစ်သော်ငြား သံမဏိဓားအတွက်‌တော့ တကယ့်ထိချက်ကြီးဖြစ်သွားနိုင်သည်။ဒီတစ်ခေါက်ထဲသူသာတစ်ခုခုမှားသွားပါက အီဟွန်းဆုန်းတစ်ယောက် သူမသိသည့်လမ်းကြောင်းထဲ ရောက်သွားနိုင်သည်...

ထိုအချိန်အတွင်း အီဟွန်းဆုန်း အခြေအနေပြန်ကောင်းလာဖို့ အချိန်ကိုပဲမှီခိုရ‌တော့ပေမည်။ထို့နောက် တခြားတဖက်မှ အသံတစ်ခုပေါ်လာသည်။

“တဆိတ်လောက်...”

“...?”

“သွားလို့ရပြီလားဟင်?”

ပင့်ခ်ကစ်များ၏နောက်ဆုံးအဖွဲ့ဝင်ကသူ့မျက်လုံးထဲရောက်လာ၏။သူမတွင် လှပသောမျက်နှာ သွယ်လျသောခန္ဓာနှင့် နူးညံ့ဟန်ရှိသောပါးပြင် မျက်ခုံးကောင်းကောင်းတို့ရှိလေသည်။ဒီလူက အသက်၄၀ရှိနေတဲ့အန်ကယ်ကြီးလို့ ဘယ်သူကများယုံလိမ့်မလဲ?

“ခင်ဗျားနာမည်က?”သူမေးလိုက်တော့ လှပကြော့ရှင်းသောအသံရှင်က ပြန်ဖြေသည်။

“ဆို-ဆိုးအင်နာ”

“အဲ့တာသူ့နာမည်အရင်းမဟုတ်ဘူး”

ဆိုးအင်နာက သူ့နာမည်အရင်းပြောလာဖို့ရာတွန့်ဆုတ်နေ၏။“...ကျွန်တော်က ဂင်မ်ယုန်းဖယ်”

ပင့်ခ်ကစ်များ ဂင်မ်ယုန်းဖယ်။ငါလူမှန်တွေ့တာပဲ။

ဟန်ဆူယုန်း တောက်ခေါက်ကာ“...သူ့ကိုဘာလို့အသက်ရှင်လျက်ထားထားတာလဲ?ပင့်ခ်ကစ်တွေက ကလိမ်ကကျစ်တွေမဟုတ်ဘူးလား?”

“မဟုတ်သေးဘူး။သူတို့တွေက လူဆိုးတွေ‘ဖြစ်လာ’လိမ့်မှာ။နင်သာသေသေချာချာဖတ်ခဲ့မယ်ဆို မူရင်းထဲကပင့်ခ့်ကစ်တွေက သုံးယောက်တွဲဆိုတာ”

“ဒါပေမဲ့အခုက လေးယောက်...အယ်?”

သူရှင်းပြ၏။“ဒီအန်ကယ်က သူတို့အဖွဲ့မစခင်သေသွားတာ”

“...အဲ့တာကြောင့်သူ့ကိုမမှတ်မိတာလား?”

“ဂင်မ်ယုန်းဖယ်ကအရင်ထဲက ဖြူစင်တဲ့လူပဲ။အဲ့တာအပြင် ပင့်ခ်ကစ်‌တွေထဲအရင်ဆုံးသေတဲ့သူက သူပဲ”

ဂင်မ်ယုန်းဖယ်က ကြားဖြတ်ပြော၏။“စိတ်မရှိပါနဲ့။မင်းတို့ဘာအကြောင်းပြောနေကြတာလဲဟင်?”

“တိတ်တိတ်နေစမ်းပါ”

ဟန်ဆူယုန်းက မျက်မှောင်ကြုတ်ကာ“သူကဖြူစင်တဲ့လူပေါ့?”

“အင်း”

သူကိုယ်တိုင်လည်းမယုံနိုင်ပေမဲ့လို့ ၎င်းဟာရှင်သန်ရာနည်းလမ်းများ၏ ဖွဲ့စည်းပုံပင်။

[လိင်ပြောင်းခြင်းအားနှစ်သက်သောကြယ်တာရာသည် ခေါင်းညိတ်ပြသည်။]

[လိင်ပြောင်းခြင်းအားနှစ်သက်သောကြယ်တာရာသည် လိင်ပြောင်းခြင်းအားကြိုက်နှစ်သက်သူများထဲတွင်လူဆိုးဆိုတာမရှိကြောင်း အခိုင်အမာဆိုနေသည်။]

တကယ်တမ်းက ဂင်မ်ယုန်းဖယ်သည် ပထမဇာတ်ကွက်အပါ ယနေ့ထိတိုင်မည်သူ့ကိုမှမသတ်ပဲရှင်သန်ခဲ့သည်။

သူသည် ‘အင်းဆက်သတ်ခြင်း’နည်းလမ်းကိုစဉ်းစားမိခဲ့ခြင်းမှာ ဂင်မ်ယုန်းဖယ် ပုရွက်ဆိတ်တစ်ကောင်အား အမှတ်မထင်တတ်နင်းမိကာအသက်ဘေးမှလွတ်မြောက်ခဲ့ရသည့် သာဓကကြောင့်ဖြစ်သည်။ဒါပေါ့ ဂင်မ်ယုန်းဖယ်ကတော့ သူဘယ်လိုအသက်ရှင်ခဲ့သလဲကိုမသိခဲ့ရ။

သူဟာ ‘ကံကောင်းစွာဖြင့်’အသက်ရှင်ခဲ့သူဖြစ်သည်။ထိုလူဟာ ပင်ခ့်ကစ်များက ဂင်မ်ယုန်းဖယ်ပင်။မဟုတ်‌ဘူး...အခုသူ့အဖော်တွေ သေကုန်ပြီဆိုတော့ ပင်ခ့်ကစ်လို့ပဲခေါ်သင့်တယ်။

ဟန်ဆူယုန်းက သူမဝန်မခံချင်သကဲ့သို့ရေရွတ်၏။“သေစမ်း...အဲ့တော့ဘာဖြစ်လဲ?ဘာပဲဖြစ်ဖြစ် နင်သူ့ကိုကယ်တာ သူ့ကိုသုံးဖို့ရှိလို့မဟုတ်လား?”

“အင်း”

“ဒါဆိုအခုဘာလုပ်ကြမလဲ?”

“ငါတို့‌ထပ်ပြီးဇာတ်ကွက်ထဲဖောက်ဝင်ရမယ်”

“နင်သိလားဒီဇာတ်ကွက်က?”

ဒါပေါ့သူသိတာပေါ့။ကောင်းကောင်းကြီးကိုသိတယ်။

“ဒီဟာက ဆိုလ်းအမိုးခုံးရဲ့လွတ်လပ်ရေးမတိုင်ခင် နောက်ဆုံးဇာတ်ကွက်လေ”

ကိုးခုမြောက်ဇာတ်ကွက်  မဟူရာရဲတိုက်။ဒီဇာတ်ကွက်ထဲ အရင်ကတခါမှမထွက်လာခဲ့ဖူးသည့် သက်ရှိများ ပေါ်လာလိမ့်မည်။

သူသည် အကြောက်တရားတို့ဖြင့်တုန်ယင်နေသည့်အီဟွန်းဆုန်း၊မေ့မျောနေသောအီဂျီဟယ်နှင့် ဒဏ်ရာရနေသောအီဂေလ်ယုန်းအား ဂရုစိုက်ပေး‌နေသည့် ရှင်ယူဆွန်းတို့အား ကြည့်လိုက်သည်။

သူ့တခြားအဖော်များသည်လည်း တနေရာရာတွင်ရှင်သန်နေပေလိမ့်မည်။ဂျောင်ဟီးဝန်တစ်ယောက်လုံးရှိနေသရွေ့ ပထမအထပ်မှာပင် အလွယ်တကူနှိမ်နင်းခံရမည်တော့မဟုတ်။

“ပထမထပ်ဆိုတာအပျော့လေး။တကယ်ငရဲက ဒုတိယထပ်မှ”

ရဲတိုက်ထဲမှအထူးပြူတင်းပေါက်များဟာ အပြင်ဘက်မှပုံရိပ်များအားပြသနေ၏။လူအုပ်များ ဆိုးလ်အနှံ့ရွေ့လျားနေကြသည်။ကံဆိုးချင်တော့ ‘အသန်မာဆုံးသောအနစ်နာခံသူ’၏ပျက်ကွက်မှုနှင့် နောက်ဆက်တွဲ ရုန်းကန်ရမှုများက ဆိုလ်းတစ်ဝက်လောက်အား နတ်ဆိုးကျွန်များဖြစ်လာစေသည်။

ဆိုလ်း၏လူဝင်စားများဟာ ဝမ်းနည်းပူပင်စွာအော်ငြီးနေကြသည်။စိတ်ပျက်အားလျော့ခြင်းက ဆိုလ်းတခွင်အားလွှမ်းခြုံထားသော်လည်း ‘ပုံပြင်’သည် ကင်းမဲ့နေဆဲ။ပုံပြင်တွေဟာ အမြဲတစေလိုအပ်နေခဲ့လေသည်။

ဒိုကဲဘီတွေဟာ ဒီထက်ပိုကြီးမားသည့်အဖျက်တရားမျိုးအားရှာဖွေနေကြသလို ကြယ်တာရာများသည်လည်း ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသောပုံပြင်အား တောင့်တ‌နေကြသည်။

ဟန်ဆူယုန်း ပြူတင်းပေါက်အားကြည့်ရင်း ပြော၏။“ဒါတွေက ရိုးအီနေပြီဖြစ်တဲ့စိတ်ကူးယဉ်ဆန်ဆန်ဟာမျိုးတွေပဲ။ပြန်လည်ရှင်သန်သူတွေ ပြန်လာသူတွေ ပြန်လည်ဝင်စားသူတွေ။အခုတော့နတ်ဆိုးတွေပေါ့?”

“ခိုးကူးတစ်ယောက်အနေနဲ့ ဒီလိုတွေပြောဖို့ကကျ...?”

“ဟေး ငါနင့်ကိုဘယ်နှစ်ကြိမ်လောက်ရှိနေပြီလဲပြောနေတာ...”

သူဟာစနောက်နေဆဲမှာပဲ သိချင်စိတ်တစ်ခုကသူ့ခေါင်းထဲဝင်လာသည်။“ဟန်ဆူယုန်း”

“ဘာလဲ?”

“နင်သာ ရှင်သန်ရာနည်းလမ်းများရဲ့ စာရေးဆရာသာဆို...”

“အဲ့အမှိုက်ကိုငါမရေးဘူး”

“ရေးတယ်ပဲဆိုပါတော့ဟာ”

စူပုတ်ပုတ်ဖြစ်နေသည့်ဟန်ဆူယုန်းက သူမနှုတ်ခမ်းကိုက်ကာ“...ငါသာအဲ့စာရေးဆရာဖြစ်ခဲ့ရင်?”

“နင်သာရှင်သန်ရာနည်းလမ်းများရဲ့စာရေးဆရာဖြစ်ခဲ့ရင် နင်ဘာလို့ဒီလိုကမ္ဘာမျိုးကို ဖန်တီးခဲ့တာလဲ?”

“ငါကဘယ်လိုလုပ်သိမှာလဲ?”

“မင်းလည်းစာရေးဆရာပဲလေ”

“ငါ့လိုပထမတန်းစားစာရေးဆရာတစ်ယောက်က တတိယတန်းစားစာရေးဆရာရဲ့အတွေးတွေကို ဘယ်လိုလုပ်များသိနိုင်မှာလဲ?”

...ငါကအရူးပဲ သူ့ကိုများမေးမိရတယ်လို့။သူသည် အသင်္ချေစာဖတ်သူ၏ရှုထောင့်ကိုသုံးခဲ့ရင်တောင်မှ ဟန်ဆူယုန်းကိုမဖတ်နိုင်။သို့တိုင် သူနည်းနည်းတော့နားလည်သလိုလိုရှိသည်။ဇာတ်လမ်းအားဖတ်မိခဲ့သည့်သူတွင်လည်း တူညီသောအတွေးမျိုးရှိလောက်လိမ့်မည်။

‘နင် ဒီကမ္ဘာကြီးရဲ့အဆုံးသတ်ကိုသိထားတယ် မဟုတ်လား?’

ဟန်ဆူယုန်းက ထိုမေးခွန်းအားသိသိသာသာကိုမေးနေ၏။ခါတိုင်းလိုပဲ သူပြန်မဖြေ။

ဟန်ဆူယုန်း သူမအဖြေပြန်မရဘူးဆိုတာသိနေသကဲ့သို့ ပြူတင်းပေါက်အားစိုက်ကြည့်နေ၏။ထို့နောက်သူမကနောက်မေးခွန်းတစ်ခုမေးလာ၏။

“...ဇာတ်ကွက်တွေကဘာလို့တည်ရှိနေတာလဲ?”

သူပြူတင်းပေါက်အားစိုက်ကြည့်၏။

‌မည်းနက်နေသောကောင်းကင်ယံအောက်တွင် ပြိုပျက်နေသောဆိုလ်းအား မြင်နေရသည်။သူကကြယ်တာရာတစ်ပါးဖြစ်လာလို့ပဲလား?ကောင်းကင်ကြီးဟာ အရင်ကနှင့်မတူ။

မရေမတွက်နိုင်သောကြယ်တာရာများဟာ ကောင်းကင်အားအလှဆင်ထားပြီး စတားစထရင်းဟာ ကြယ်တာရာများအားလွှမ်းခြုံထားသည်။သူတို့ဟာ နီးကပ်နေသည့်တိုင် ဘယ်သောအခါမှရောက်ရှိနိုင်မည်မဟုတ်သည့်ကြယ်များပင်။

ဒီလိုကြယ်ပေါင်းများစွာထွန်းလင်းပေးနေတာတောင်မှ...

ဖျောက်ဖြတ်မရနိုင်သည့် ဝေးလံသောအသူရာချောက်နက်ကြီးရှိနေသေးသည်။သူဟာ တစ်ခုခုအားရှာတွေ့လိုက်ရသလို ခံစားရမိ၏။

ဘာလို့များကြယ်တာရာတွေက အချိန်ကြာကြာတည်ရှိနိုင်ရတာလဲ?သူတို့တွေကပုံပြင်တွေနဲ့ပတ်သတ်လာရင် အရူးအမူးဖြစ်နေရတာလဲ?

သူထိုလှမ်းမရနိုင်သည့်ခံစားချက်များအား ခါချလိုက်ပြီးနောက် ပြော၏။“ဖြစ်နိုင်တာက ဇာတ်ကွက်...”

27.8.2023(Sun)
T.B.C

....

Zawgyi

ဟန္ဆူယုန္း သူ႔ဇာတ္ေၾကာင္းအား ၾကားသည္ႏွင့္ ေၾကာင္အမ္းေနသည့္အမူအရာတို႔ျဖင့္ တီးတိုးေရ႐ြတ္၏။”နင္တကယ္ပဲၾကယ္တာရာတစ္ပါးျဖစ္သြားတာလား?”

လြန္ခဲ့တဲ့ရက္ေလးကတင္ လူ၀င္စားတစ္ေယာက္ျဖစ္ခဲ့သည့္သူဟာ ႐ုတ္ခ်ည္းဆိုသလို ၾကယ္တာရာတစ္ပါးျဖစ္လာခဲ့သည္။ထူးဆန္းေနမွာကေတာ့အေသအခ်ာ။ဟန္ဆူယုန္းအေနနဲ႔ လူ၀င္စားတစ္ေယာက္ ၾကယ္တာရာတစ္ပါးျဖစ္လာသည့္ကိစၥမ်ိဳးအားတစ္သက္နဲ႔တစ္ကိုယ္မၾကားခဲ့ဖူးပါေခ်။

“အင္း ငါကၾကယ္တာရာပဲ။”

“တကယ္?အတည္ႀကီးလား?”

“ဟုတ္ပါတယ္ဆို”

ဟန္ဆူယုန္းမ်က္၀န္းမ်ားထဲ မယုံၾကည္မႈတို႔ႏွင့္ျပည့္ေန၏။”....အဲ့ေလာက္ေတာင္လြယ္လား?”

မလြယ္ဘူးလို႔ျငင္းခ်င္ေပမဲ့လို႔  ဟန္ဆူယုန္းကနားေထာင္မေန။

“SHIT,ဒါဆိုနင္ကအခု ဇာတ္ကြက္အျပင္ကေနငါတို႔ကိုေစာင့္ၾကည့္ၿပီး စပြန္ဆာေပးမွာေပါ့?”

“အဲ့လိုမဟုတ္ဘူး။ငါကဇာတ္ကြက္ေၾကာင့္ ၾကယ္တာရာတစ္ပါးျဖစ္လာတဲ့အတြက္ဇာတ္ကြက္ထဲမွာပဲ ဆက္ပါေနရမွာ။”

“အတူတူပဲမဟုတ္လား? ငါေတာ့မေျပာတတ္ေတာ့ဘူး?”

တကယ္တမ္းက သူကိုယ္တိုင္ေတာင္မွအစစ္လို႔မခံစားရ။ပုံျပင္မ်ားအားငွားရမ္းျခင္း၊တျခားၾကယ္တာရာမ်ားႏွင့္နက္ဗ်ဴလာမ်ားအား အေရာင္းအဝယ္ျပဳျခင္း၊သူ႔အေပၚရွိေနသည့္ၾကယ္တာရာမ်ား၏အျပဳအမူမ်ားအားေျပာင္းလဲျခင္း...

[တခ်ိဳ႕ၾကယ္တာရာမ်ားသည္ သင့္ႀကီးထြားလာမႈအေပၚမနာလိုျဖစ္သည္။]

[တခ်ိဳ႕ၾကယ္တာရာမ်ားသည္ သင့္တြင္ဂုဏ္ပုဒ္တစ္ခုရွိလာမည္ကို ကန႔္ကြက္ေနသည္။]

[တခ်ိဳ႕ၾကယ္တာရာမ်ားသည္ သင့္အားရန္လိုေနသည္။]

မည္သို႔ပင္ျဖစ္ေစ ၾကယ္တာရာမ်ားသည္လည္း မနာလိုမႈ၏အက်ဥ္းတန္ခံစားခ်က္ကို ခံစားရေလသည္။တတ္သစ္စေလးတစ္ေယာက္အခုမွ အဖူးစဖူးတာကို ဘာလို႔မ်ားရင့္ရင့္သီးသီးျဖစ္ေနၾကတာလဲ?သို႔တိုင္ အခုေလာေလာဆယ္သူလုပ္ႏိုင္သည့္အရာတစ္ခုရွိေနသည္။

[သင္သည္ တျခားၾကယ္တာရာမ်ားအားစိုက္ၾကည့္ေနသည္။]

[တခ်ိဳ႕ၾကယ္တာရာမ်ားသည္ သင့္အားအံအားသင့္မႈတို႔ျဖင့္စိုက္ၾကည့္ေနသည္!]

[တခ်ိဳ႕ၾကယ္တာရာမ်ားသည္ အံဩလြန္းကုန္သျဖင့္ သူတို႔ေသာက္ေနသည့္cokeမ်ားပါ ျပန္ထြက္ၾကကုန္သည္။]

[သြယ္ဝိုက္မက္ေဆ့ခ္်အားေပးပို႔ရန္ ဒဂၤါး၂၀၀အားအသုံးျပဳသည္။]

...ထင္တဲ့အတိုင္း သြယ္ဝိုက္မက္ေဆ့ခ္် ေတြက ပိုက္ဆံကုန္တယ္။ေပ်ာ္ဖို႔ေတာ့ေကာင္းေပမဲ့ အေတာ္အသင့္ေလာက္ပဲသုံးမွ။

ဟန္ဆူယုန္းက သူ႔အားပါးစပ္ႀကီးဟလ်က္ စိုက္ၾကည့္ေန၏။“အခုေလးတင္မက္ေဆ့ခ္်ပို႔လိုက္တာ နင္လား?ယခုထိတိုင္အမည္နာမတစ္ခုမရွိေသးသည့္ၾကယ္တာရာဆိုတာေလ?”

ဟန္ဆူယုန္းအျမင္မွာေတာ့ ထိုသို႔ပင္။

“အင္း”

“အဲ့တာက နင့္မွာအခုထက္ထိစပြန္ဆာစာခ်ဳပ္မရွိထားလို႔လား?”

“အင္း”

“...ဒါဆို ငါကအေတာ္‌ေလးအခ်ိန္ေႏွာင္းသြားၿပီေပါ့”

“အဲ့လိုေျပာလို႔ရတယ္”

ဟန္ဆူယုန္းမ်က္ေမွာင္ၾကဳတ္လ်က္ ေလထဲသို႔ေမာ္ၾကည့္သည္။

[ၾကယ္တာရာ‘အသူရာေမွာင္မိုက္မီးေတာက္နဂါး’သည္ သူမမ်က္ႏွာအားဝန္ေလးစြာစူးစိုက္ၾကည့္ေနသည္။]

ဟန္ဆူယုန္းသက္ျပင္းခ်ကာ သူ႔အားစိုက္ၾကည့္၏။“ခ်ီးပဲေဟ့...ေသာက္ရမ္းမနာလိုတာပဲ။စကားမစပ္ နင့္မွာဘာလို႔ဂုဏ္ပုဒ္မရွိေသးတာလဲ?”

“အဲ့တာက...”

ဘာလို႔ဂုဏ္ပုဒ္မရွိရတာလဲ?အေျဖမွန္က သူလည္းမသိ။

[စတားစထရင္းသည္ သင့္ၾကယ္တာရာအတြက္ ဂုဏ္ပုဒ္တစ္ခုအားရွာေပးေနသည္။]

မဟုတ္မွ သူ႔မွာလုံေလာက္တဲ့ပုံျပင္ေတြမရွိလို႔မ်ားလား?ဂုဏ္ပုဒ္မရွိတဲ့ၾကယ္တာရာတစ္ပါးက ဘာနဲ႔တူသလဲဆို ဇာတိေျမမရွိပဲ ႏိုင္ငံသားခံယူဖို႔လုပ္ေနသလိုမ်ိဳး။

ဟန္ဆူယုန္းကေရ႐ြတ္၏။“နင္ကကေလကေခ်ပဲ”

“...ငါးခုေျမာက္ပုံျပင္က ၿပီးမွမၿပီးေသးတာ။အဲ့ပုံျပင္အဆုံးသတ္သြားရင္ေတာ့ ငါ့မွာဂုဏ္ပုဒ္တစ္ခုရွိႏိုင္လာႏိုင္တာပဲ”

[ငါးခုေျမာက္ပုံျပင္ ‘အထီးက်န္ကယ္တင္ရွင္’ ဆက္လက္လုပ္ေဆာင္ေနဆဲ]

ငါးခုေျမာက္ပုံျပင္သည္ ၾကယ္တာရာ၏‘အဆင့္အတန္း’ကို ႀကီးႀကီးမားမားသက္ေရာက္ေစေသာ ပုံျပင္တစ္ပုဒ္ျဖစ္သည္။သူ႔ၾကယ္တာရာ၏ေနရာဟာလည္း ထိုပုံျပင္အဆုံးသတ္မည့္အေပၚမူတည္ေနသည္။

...ထင္ရတာပဲ။

ထို႔ေနာက္ ဟန္ဆူယုန္းတစ္ေယာက္ ႐ုတ္တရက္ႀကီးထေျပာ၏။“ဘူးးး...ဂင္မ္ဒို႔ဂ်ာ နင္႐ုတ္တႀကီးေစာက္ရမ္းမိုက္လာတယ္?ဒါဆို နင္အခုယူဂြၽန္ေဟာ့ကို ခ်ႏိုင္ၿပီေပါ့?”

ယူဂြၽန္ေဟာ့။သူ႔လက္သီးအား ဆုပ္လိုက္ၿပီးေနာက္ျပန္ျဖန႔္၏။ထို႔ေနာက္ သူအရင္ကတခါမွမရခဲ့ဖူးသည့္ မက္‌ေဆခ္်႕အားလက္ခံရလိုင္သည္။

[‘ျဖစ္ႏိုင္ေခ်မုန္တိုင္း’သက္ေရာက္မႈကို ဂ႐ုျပဳပါ။]

[စတားစထရင္းသည္ လက္ရွိတြင္သင့္လယ္ဗယ္အား တြက္ခ်က္ေနသည္။]

သူ႔လက္ေခ်ာင္းထိပ္ဖ်ားေလးမ်ား၌ မ႐ိုးမ႐ြခံစားေနရသည္။၎ဟာ ၾကယ္တာရာမ်ား၏ျပႆနာပင္။သို႔တိုင္ ‘တြက္ခ်က္’ေနဆဲသို႔ေရာက္ရွိေနသေ႐ြ႕ သူအဆင္ေျပေလာက္၏။စတားစထရင္းအား သူ႔ႏွင့္ သင့္ေတာ္မည့္ထိန္းခ်ဳပ္မႈအဆင့္ကို ယခုထိတိုင္မသိၾကေသး။

“အခုဆိုရင္ေတာ့ ငါသူ႔ကိုႏိုင္ေကာင္းႏိုင္ႏိုင္ေလာက္တယ္”

“...တကယ္ႀကီးလား?”

‘အခု’ဆိုသည့္စကားဟာအဓိကပင္။ဇာတ္လိုက္တစ္ေယာက္ဟာ အေၾကာင္းရွိ‌လို႔ကိုဇာတ္လိုက္ျဖစ္ေနျခင္းျဖစ္၏။သူဟာ ၾကယ္တာရာတပါးျဖစ္လာျခင္းျဖင့္သာ သူ႔အစြမ္းႀကီးထြားမႈကိုတန္းညႇိႏိုင္သည္။ယူဂြၽန္ေဟာ့လက္ခံရမည့္ အက်ိဳးခံစားခြင့္ဟာ ႀကီးမားလြန္းသည္။

သူ သူမအားအမိန႔္ေပး၏။“ငါေပးခဲ့တဲ့ပစၥည္းေတြ ျမန္ျမန္ျပန္ေပး”

“က်စ္ သိၿပီသိၿပီ”

[လူဝင္စား ‘ဟန္ဆူယုန္း’သည္ စာခ်ဳပ္အားျဖည့္ဆည္းေပးသည္။]

သူဟန္ဆူယုန္းႏွင့္ထားခဲ့သည့္ ဒဂၤါးႏွင့္ပစၥည္းမ်ားအားလုံးျပန္ရလိုက္၏။ဟန္ဆူယုန္းတစ္ေယာက္သက္ျပင္းခ်၏။“...စိတ္မေကာင္းစရာပဲ။တခဏေလာက္ ခ်မ္းသာသြားသလိုပဲ”

“ငါနင့္ကို ဒီကိစၥေတြအတြက္ ဒဂၤါး၂၀၀၀၀ေပးခဲ့တယ္ေလ”

“ငါက၆၀၀,၀၀၀ေတာင္ျပန္လႊဲေပးထားရတာ ဒါေပမဲ့နင္ကေတာ့ ငါ့ကို ၂၀,၀၀၀ပဲျပန္ေပးတယ္ေလ”

ဟန္ဆူယုန္းႏွာမႈတ္ကာ ေနာက္ေက်ာသာေပးထားေတာ့၏။သူ ဟန္ဆူယုန္းဆီမွ ပစၥည္းမ်ားႏွင့္ဒဂၤါးမ်ားကိုလက္ခံရလိုက္သည္။

[ပိုင္ဆိုင္မႈ ဒဂၤါး : ၆၈၄,၃၅၃ C ]

ထိုအခ်ိန္အတြင္း ပိုက္‌ဆံအမ်ားႀကီးစုထားရမည္။သူ႔တြင္တည္ၿငိမ္သည့္ဝင္ေငြႏွင့္ စုေငြမ်ား ရွိထားသည့္အတြက္အထူးအဆန္းရယ္ေတာ့မဟုတ္။အခုသူသည္ၾကယ္တာရာတစ္ပါးျဖစ္ေနသည့္အတြက္ ဒဂၤါးမ်ားသုံးျခင္းႏွင့္ပတ္သတ္၍ တုံ႔ဆိုင္းေနျခင္းမရွိေတာ့။အခုကစ ဒဂၤါးေတြဟာ သူတို႔ရဲ႕တကယ့္ခြန္အားစစ္ကိုျပသေပေတာ့မည္။

ထို႔ေနာက္ ေျဖးေျဖးခ်င္းေျဖးေျဖးခ်င္း...အာ ေနစမ္းပါဦး။ငါတကယ့္အေရးႀကီးတာႀကီးကိုေမ့ေနတာပဲ။“ဟန္ဆူယုန္း မင္းအဲ့တာကိုဘယ္ေတာ့ဖ်က္ေပးမွာလဲ?အဲ့တာ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေျမာက္တယ္ေနာ္”

“အယ္?အာ ငါေမ့သြားတာ”

ဟန္ဆူယုန္းၿပဳံးလိုက္ၿပီးေနာက္ လက္ႏွစ္ဖက္ျဖင့္ေခါင္းအားကိုင္ကာ ၾကမ္းျပင္တြင္ငုတ္တုတ္ထိုင္ေနသည့္ အီဟြန္းဆုန္းအနားသို႔ကပ္သြား၏။ဟန္ဆူယုန္းကိုယ္ပြားမ်ားဟာ အီဟြန္းဆုန္းပတ္ပတ္လည္တြင္ ကိုယ္လုံးတီးျဖင့္ကျပေနဆဲ‌။

[ဇာတ္ေကာင္‘အီဟြန္းဆုန္း’သည္ အေၾကာက္တရားတို႔ျဖင့္တုန္ယင္ေနသည္။]

...

⌈ သံမဏိဓားသည္ အမ်ိဳးသမီးမ်ားႏွင့္ပတ္သတ္လွ်င္အားနည္းသည္။ ⌋

ရွင္သန္ရာနည္းလမ္းမ်ားတြင္ထိုသို႔စာသားပါရွိထားေသာ္ျငား ထိုမွ်ေလာက္ျပင္းထန္လိမ့္မည္လို႔ေတာ့မထင္ခဲ့။အဲ့တာအျပင္...

“...ဒါေတြကအစစ္မဟုတ္ဘူး”

ဟန္ဆူယုန္းကိုယ္ပြားမ်ားဟာ ကိုယ္လုံးတီးျဖစ္ဟန္ေပၚေသာ္လည္း သူတို႔တြင္အဓိကအစိတ္အပိုင္းမ်ားမပါရွိၾက။တနည္းဆိုရေသာ္ အီဟြန္းဆုန္းယခုလိုျဖစ္လာရျခင္းမွာ သူသည္ လူပုံစံအ႐ုပ္မ်ားကိုျမင္လိုက္ရျခင္းေၾကာင့္ပင္။

ဟန္ဆူယုန္းဟာသူ႔စကားရဲ႕အဓိပၸာယ္အားသတိျပဳမိသြားၿပီးေနာက္ နတ္ဆိုးဆန္ဆန္အၿပဳံးမ်ိဳးျဖင့္ရယ္ေမာလာ၏။

“ဟမ္းးးး...ဘာအဓိပၸာယ္လဲ?အဲ့တာေတြမေတြ႕လိုက္ရလို႔စိတ္မေကာင္းျဖစ္သြားတာလား?”

“ငါေျပာဖူးပါတယ္။နင့္လိုသနားစဖြယ္ခႏၶာကိုယ္မ်ိဳးကိုမႀကိဳက္ဘူးလို႔ေလ”

“...နင္ျမင္‌ေတာင္မျမင္ဖူးပဲနဲ႔မ်ား”

“ျမင္ဖို႔လိုလို႔လား?”

သူအီဟြန္းဆုန္းအနားသို႔ကပ္သြားၿပီးေနာက္ ေက်ာအားပုတ္လိုက္သည္။“ဟြန္းဆုန္းရွီ မင္းအဆင္ေျပရဲ႕လား?”

“ဒို႔-ဒို႔ဂ်ာရွီ”

သူ႔ပုံမွာ ေၾကာင္ေတာင္ေတာင္ျဖစ္ေနပုံရေသာ္ျငား မ႐ူးေသးေခ်။အီဟြန္းဆုန္းတစ္ေယာက္ သရဲအားျမင္လိုက္ရသလိုသူ႔အားၾကည့္လာသည္။“ဘာလို႔ဒို႔ဂ်ာရွီက...မင္းက...ေသသြားၿပီေလ?”

အီဟြန္းဆုန္းေတာ့တကယ္ထေရာ္မာရသြားပုံပဲ။သူဟန္ဆူယုန္းအားစိတ္အေႏွာက္အယွက္ျဖစ္စြာၾကည့္၏။၎ဟာ ဟာသဆန္ဆန္အေျခအေနမ်ိဳးျဖစ္ေသာ္ျငား သံမဏိဓားအတြက္‌ေတာ့ တကယ့္ထိခ်က္ႀကီးျဖစ္သြားႏိုင္သည္။ဒီတစ္ေခါက္ထဲသူသာတစ္ခုခုမွားသြားပါက အီဟြန္းဆုန္းတစ္ေယာက္ သူမသိသည့္လမ္းေၾကာင္းထဲ ေရာက္သြားႏိုင္သည္...

ထိုအခ်ိန္အတြင္း အီဟြန္းဆုန္း အေျခအေနျပန္ေကာင္းလာဖို႔ အခ်ိန္ကိုပဲမွီခိုရ‌ေတာ့ေပမည္။ထို႔ေနာက္ တျခားတဖက္မွ အသံတစ္ခုေပၚလာသည္။

“တဆိတ္ေလာက္...”

“...?”

“သြားလို႔ရၿပီလားဟင္?”

ပင့္ခ္ကစ္မ်ား၏ေနာက္ဆုံးအဖြဲ႕ဝင္ကသူ႔မ်က္လုံးထဲေရာက္လာ၏။သူမတြင္ လွပေသာမ်က္ႏွာ သြယ္လ်ေသာခႏၶာႏွင့္ ႏူးညံ့ဟန္ရွိေသာပါးျပင္ မ်က္ခုံးေကာင္းေကာင္းတို႔ရွိေလသည္။ဒီလူက အသက္၄၀ရွိေနတဲ့အန္ကယ္ႀကီးလို႔ ဘယ္သူကမ်ားယုံလိမ့္မလဲ?

“ခင္ဗ်ားနာမည္က?”သူေမးလိုက္ေတာ့ လွပေၾကာ့ရွင္းေသာအသံရွင္က ျပန္ေျဖသည္။

“ဆို-ဆိုးအင္နာ”

“အဲ့တာသူ႔နာမည္အရင္းမဟုတ္ဘူး”

ဆိုးအင္နာက သူ႔နာမည္အရင္းေျပာလာဖို႔ရာတြန႔္ဆုတ္ေန၏။“...ကြၽန္ေတာ္က ဂင္မ္ယုန္းဖယ္”

ပင့္ခ္ကစ္မ်ား ဂင္မ္ယုန္းဖယ္။ငါလူမွန္ေတြ႕တာပဲ။

ဟန္ဆူယုန္း ေတာက္ေခါက္ကာ“...သူ႔ကိုဘာလို႔အသက္ရွင္လ်က္ထားထားတာလဲ?ပင့္ခ္ကစ္ေတြက ကလိမ္ကက်စ္ေတြမဟုတ္ဘူးလား?”

“မဟုတ္ေသးဘူး။သူတို႔ေတြက လူဆိုးေတြ‘ျဖစ္လာ’လိမ့္မွာ။နင္သာေသေသခ်ာခ်ာဖတ္ခဲ့မယ္ဆို မူရင္းထဲကပင့္ခ့္ကစ္ေတြက သုံးေယာက္တြဲဆိုတာ”

“ဒါေပမဲ့အခုက ေလးေယာက္...အယ္?”

သူရွင္းျပ၏။“ဒီအန္ကယ္က သူတို႔အဖြဲ႕မစခင္ေသသြားတာ”

“...အဲ့တာေၾကာင့္သူ႔ကိုမမွတ္မိတာလား?”

“ဂင္မ္ယုန္းဖယ္ကအရင္ထဲက ျဖဴစင္တဲ့လူပဲ။အဲ့တာအျပင္ ပင့္ခ္ကစ္‌ေတြထဲအရင္ဆုံးေသတဲ့သူက သူပဲ”

ဂင္မ္ယုန္းဖယ္က ၾကားျဖတ္ေျပာ၏။“စိတ္မရွိပါနဲ႔။မင္းတို႔ဘာအေၾကာင္းေျပာေနၾကတာလဲဟင္?”

“တိတ္တိတ္ေနစမ္းပါ”

ဟန္ဆူယုန္းက မ်က္ေမွာင္ၾကဳတ္ကာ“သူကျဖဴစင္တဲ့လူေပါ့?”

“အင္း”

သူကိုယ္တိုင္လည္းမယုံႏိုင္ေပမဲ့လို႔ ၎ဟာရွင္သန္ရာနည္းလမ္းမ်ား၏ ဖြဲ႕စည္းပုံပင္။

[လိင္ေျပာင္းျခင္းအားႏွစ္သက္ေသာၾကယ္တာရာသည္ ေခါင္းညိတ္ျပသည္။]

[လိင္ေျပာင္းျခင္းအားႏွစ္သက္ေသာၾကယ္တာရာသည္ လိင္ေျပာင္းျခင္းအားႀကိဳက္ႏွစ္သက္သူမ်ားထဲတြင္လူဆိုးဆိုတာမရွိေၾကာင္း အခိုင္အမာဆိုေနသည္။]

တကယ္တမ္းက ဂင္မ္ယုန္းဖယ္သည္ ပထမဇာတ္ကြက္အပါ ယေန႔ထိတိုင္မည္သူ႔ကိုမွမသတ္ပဲရွင္သန္ခဲ့သည္။

သူသည္ ‘အင္းဆက္သတ္ျခင္း’နည္းလမ္းကိုစဥ္းစားမိခဲ့ျခင္းမွာ ဂင္မ္ယုန္းဖယ္ ပု႐ြက္ဆိတ္တစ္ေကာင္အား အမွတ္မထင္တတ္နင္းမိကာအသက္ေဘးမွလြတ္ေျမာက္ခဲ့ရသည့္ သာဓကေၾကာင့္ျဖစ္သည္။ဒါေပါ့ ဂင္မ္ယုန္းဖယ္ကေတာ့ သူဘယ္လိုအသက္ရွင္ခဲ့သလဲကိုမသိခဲ့ရ။

သူဟာ ‘ကံေကာင္းစြာျဖင့္’အသက္ရွင္ခဲ့သူျဖစ္သည္။ထိုလူဟာ ပင္ခ့္ကစ္မ်ားက ဂင္မ္ယုန္းဖယ္ပင္။မဟုတ္‌ဘူး...အခုသူ႔အေဖာ္ေတြ ေသကုန္ၿပီဆိုေတာ့ ပင္ခ့္ကစ္လို႔ပဲေခၚသင့္တယ္။

ဟန္ဆူယုန္းက သူမဝန္မခံခ်င္သကဲ့သို႔ေရ႐ြတ္၏။“ေသစမ္း...အဲ့ေတာ့ဘာျဖစ္လဲ?ဘာပဲျဖစ္ျဖစ္ နင္သူ႔ကိုကယ္တာ သူ႔ကိုသုံးဖို႔ရွိလို႔မဟုတ္လား?”

“အင္း”

“ဒါဆိုအခုဘာလုပ္ၾကမလဲ?”

“ငါတို႔‌ထပ္ၿပီးဇာတ္ကြက္ထဲေဖာက္ဝင္ရမယ္”

“နင္သိလားဒီဇာတ္ကြက္က?”

ဒါေပါ့သူသိတာေပါ့။ေကာင္းေကာင္းႀကီးကိုသိတယ္။

“ဒီဟာက ဆိုလ္းအမိုးခုံးရဲ႕လြတ္လပ္ေရးမတိုင္ခင္ ေနာက္ဆုံးဇာတ္ကြက္ေလ”

ကိုးခုေျမာက္ဇာတ္ကြက္  မဟူရာရဲတိုက္။ဒီဇာတ္ကြက္ထဲ အရင္ကတခါမွမထြက္လာခဲ့ဖူးသည့္ သက္ရွိမ်ား ေပၚလာလိမ့္မည္။

သူသည္ အေၾကာက္တရားတို႔ျဖင့္တုန္ယင္ေနသည့္အီဟြန္းဆုန္း၊ေမ့ေမ်ာေနေသာအီဂ်ီဟယ္ႏွင့္ ဒဏ္ရာရေနေသာအီေဂလ္ယုန္းအား ဂ႐ုစိုက္ေပး‌ေနသည့္ ရွင္ယူဆြန္းတို႔အား ၾကည့္လိုက္သည္။

သူ႔တျခားအေဖာ္မ်ားသည္လည္း တေနရာရာတြင္ရွင္သန္ေနေပလိမ့္မည္။ေဂ်ာင္ဟီးဝန္တစ္ေယာက္လုံးရွိေနသေ႐ြ႕ ပထမအထပ္မွာပင္ အလြယ္တကူႏွိမ္နင္းခံရမည္ေတာ့မဟုတ္။

“ပထမထပ္ဆိုတာအေပ်ာ့ေလး။တကယ္ငရဲက ဒုတိယထပ္မွ”

ရဲတိုက္ထဲမွအထူးျပဴတင္းေပါက္မ်ားဟာ အျပင္ဘက္မွပုံရိပ္မ်ားအားျပသေန၏။လူအုပ္မ်ား ဆိုးလ္အႏွံ႔ေ႐ြ႕လ်ားေနၾကသည္။ကံဆိုးခ်င္ေတာ့ ‘အသန္မာဆုံးေသာအနစ္နာခံသူ’၏ပ်က္ကြက္မႈႏွင့္ ေနာက္ဆက္တြဲ ႐ုန္းကန္ရမႈမ်ားက ဆိုလ္းတစ္ဝက္ေလာက္အား နတ္ဆိုးကြၽန္မ်ားျဖစ္လာေစသည္။

ဆိုလ္း၏လူဝင္စားမ်ားဟာ ဝမ္းနည္းပူပင္စြာေအာ္ၿငီးေနၾကသည္။စိတ္ပ်က္အားေလ်ာ့ျခင္းက ဆိုလ္းတခြင္အားလႊမ္းၿခဳံထားေသာ္လည္း ‘ပုံျပင္’သည္ ကင္းမဲ့ေနဆဲ။ပုံျပင္ေတြဟာ အၿမဲတေစလိုအပ္ေနခဲ့ေလသည္။

ဒိုကဲဘီေတြဟာ ဒီထက္ပိုႀကီးမားသည့္အဖ်က္တရားမ်ိဳးအားရွာေဖြေနၾကသလို ၾကယ္တာရာမ်ားသည္လည္း ပိုမိုစိတ္ဝင္စားဖြယ္ေကာင္းေသာပုံျပင္အား ေတာင့္တ‌ေနၾကသည္။

ဟန္ဆူယုန္း ျပဴတင္းေပါက္အားၾကည့္ရင္း ေျပာ၏။“ဒါေတြက ႐ိုးအီေနၿပီျဖစ္တဲ့စိတ္ကူးယဥ္ဆန္ဆန္ဟာမ်ိဳးေတြပဲ။ျပန္လည္ရွင္သန္သူေတြ ျပန္လာသူေတြ ျပန္လည္ဝင္စားသူေတြ။အခုေတာ့နတ္ဆိုးေတြေပါ့?”

“ခိုးကူးတစ္ေယာက္အေနနဲ႔ ဒီလိုေတြေျပာဖို႔ကက်...?”

“ေဟး ငါနင့္ကိုဘယ္ႏွစ္ႀကိမ္ေလာက္ရွိေနၿပီလဲေျပာေနတာ...”

သူဟာစေနာက္ေနဆဲမွာပဲ သိခ်င္စိတ္တစ္ခုကသူ႔ေခါင္းထဲဝင္လာသည္။“ဟန္ဆူယုန္း”

“ဘာလဲ?”

“နင္သာ ရွင္သန္ရာနည္းလမ္းမ်ားရဲ႕ စာေရးဆရာသာဆို...”

“အဲ့အမႈိက္ကိုငါမေရးဘူး”

“ေရးတယ္ပဲဆိုပါေတာ့ဟာ”

စူပုတ္ပုတ္ျဖစ္ေနသည့္ဟန္ဆူယုန္းက သူမႏႈတ္ခမ္းကိုက္ကာ“...ငါသာအဲ့စာေရးဆရာျဖစ္ခဲ့ရင္?”

“နင္သာရွင္သန္ရာနည္းလမ္းမ်ားရဲ႕စာေရးဆရာျဖစ္ခဲ့ရင္ နင္ဘာလို႔ဒီလိုကမာၻမ်ိဳးကို ဖန္တီးခဲ့တာလဲ?”

“ငါကဘယ္လိုလုပ္သိမွာလဲ?”

“မင္းလည္းစာေရးဆရာပဲေလ”

“ငါ့လိုပထမတန္းစားစာေရးဆရာတစ္ေယာက္က တတိယတန္းစားစာေရးဆရာရဲ႕အေတြးေတြကို ဘယ္လိုလုပ္မ်ားသိႏိုင္မွာလဲ?”

...ငါကအ႐ူးပဲ သူ႔ကိုမ်ားေမးမိရတယ္လို႔။သူသည္ အသေခ်ၤစာဖတ္သူ၏ရႈေထာင့္ကိုသုံးခဲ့ရင္ေတာင္မွ ဟန္ဆူယုန္းကိုမဖတ္ႏိုင္။သို႔တိုင္ သူနည္းနည္းေတာ့နားလည္သလိုလိုရွိသည္။ဇာတ္လမ္းအားဖတ္မိခဲ့သည့္သူတြင္လည္း တူညီေသာအေတြးမ်ိဳးရွိေလာက္လိမ့္မည္။

‘နင္ ဒီကမာၻႀကီးရဲ႕အဆုံးသတ္ကိုသိထားတယ္ မဟုတ္လား?’

ဟန္ဆူယုန္းက ထိုေမးခြန္းအားသိသိသာသာကိုေမးေန၏။ခါတိုင္းလိုပဲ သူျပန္မေျဖ။

ဟန္ဆူယုန္း သူမအေျဖျပန္မရဘူးဆိုတာသိေနသကဲ့သို႔ ျပဴတင္းေပါက္အားစိုက္ၾကည့္ေန၏။ထို႔ေနာက္သူမကေနာက္ေမးခြန္းတစ္ခုေမးလာ၏။

“...ဇာတ္ကြက္ေတြကဘာလို႔တည္ရွိေနတာလဲ?”

သူျပဴတင္းေပါက္အားစိုက္ၾကည့္၏။

‌မည္းနက္ေနေသာေကာင္းကင္ယံေအာက္တြင္ ၿပိဳပ်က္ေနေသာဆိုလ္းအား ျမင္ေနရသည္။သူကၾကယ္တာရာတစ္ပါးျဖစ္လာလို႔ပဲလား?ေကာင္းကင္ႀကီးဟာ အရင္ကႏွင့္မတူ။

မေရမတြက္ႏိုင္ေသာၾကယ္တာရာမ်ားဟာ ေကာင္းကင္အားအလွဆင္ထားၿပီး စတားစထရင္းဟာ ၾကယ္တာရာမ်ားအားလႊမ္းၿခဳံထားသည္။သူတို႔ဟာ နီးကပ္ေနသည့္တိုင္ ဘယ္ေသာအခါမွေရာက္ရွိႏိုင္မည္မဟုတ္သည့္ၾကယ္မ်ားပင္။

ဒီလိုၾကယ္ေပါင္းမ်ားစြာထြန္းလင္းေပးေနတာေတာင္မွ...

ေဖ်ာက္ျဖတ္မရႏိုင္သည့္ ေဝးလံေသာအသူရာေခ်ာက္နက္ႀကီးရွိေနေသးသည္။သူဟာ တစ္ခုခုအားရွာေတြ႕လိုက္ရသလို ခံစားရမိ၏။

ဘာလို႔မ်ားၾကယ္တာရာေတြက အခ်ိန္ၾကာၾကာတည္ရွိႏိုင္ရတာလဲ?သူတို႔ေတြကပုံျပင္ေတြနဲ႔ပတ္သတ္လာရင္ အ႐ူးအမူးျဖစ္ေနရတာလဲ?

သူထိုလွမ္းမရႏိုင္သည့္ခံစားခ်က္မ်ားအား ခါခ်လိုက္ၿပီးေနာက္ ေျပာ၏။“ျဖစ္ႏိုင္တာက ဇာတ္ကြက္...”

27.8.2023(Sun)
T.B.C

Продовжити читання

Вам також сподобається

6.3K 171 16
It's my first time writing an Story so please bear with me. Anyways...... Story: Future Caelus, lost everyone. His friends, family and Comrades. He m...
36.9K 1.2K 23
this is going to be based off the books currently under editing!! any suggestions please do tell me please enjoy ☆
22.6K 503 43
What If Chloe lukasiak has a twin sister who is the favorite?
19.9K 811 17
What if Satoru Gojo had a younger brother? Let's find out.