ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်
By KooChimmy58
83.4K 5.6K 373
" အမြဲတမ်းချစ်ပေးနေခဲ့ပေမဲ့ တစ်ဖက်ကအချစ်မခံနိုင်တဲ့အခါ ပြန်ရုတ်သိမ်းသွားရုံပေါ့" More
Note
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39 (final)
Part 9
2.3K 203 13
By KooChimmy58
Unicode
"ပထမနှစ်လေးတွေထင်တယ် တစ်ခါမှမမြင်ဖူးဘူး"
"ဟုတ်ပါတယ်ဗျ"
"တစ်ခုခု အကူအညီလိုအပ်တာရှိရင်ပြောနော် အကိုတတ်နိုင်သလောက် ကူညီပေးမယ်"
စိတ်သဘောထားလေးကလည်း ပြည့်ဝနေလိုက်တာ...ပေးလိုက်ပြီ ရော့ 101မှတ်!!
"ဟုတ် အဲ့ဒါဆိုအားမနာဘဲပြောမယ်နော်"
"ပြောပါ ရပါတယ်"
"Kim Tae Hyungပါဗျ ဒီဘက်က ကျွန်တော့်သူငယ်ချင်း Park Jiminတဲ့...တစ်ယောက်ရှိသေးတယ် သူကအခု Londonမှာကျောင်းတက်နေလို့"
"London မှာလား?"
စာအုပ်ဖတ်နေတဲ့ အကိုဆီက စကားသံထွက်လာသည်။
"ဟုတ်ကဲ့ဗျ"
"အကို့ရဲ့ ချစ်သူလည်း Londonမှာပဲကျောင်းတက်နေတာ"
"ဒီဘက်က အကိုကရောဟင်"
"သူ့မှာချစ်သူမရှိပါဘူး"
စာအုပ်ဖတ်နေတဲ့ အကိုကပဲဝင်ပြောပြသည်။
"ကောင်းလိုက်တာ"
"ဟမ်!!"
သုံးယောက်လုံးဆီက ပြိုင်တူထွက်လာတဲ့
အာမေဋိတ်အသံ!!
"အော် ဒီနေ့လည်စာကိုပြောတာပါ...အတော်လေးစားကောင်းတယ်"
ခင်လာတဲ့သက်တမ်းတစ်လျှောက်လုံး Tae Hyung ရဲ့ဒီလိုပုံစံမျိုးမမြင်ဖူးတာမို့ Jimin အထူးအဆန်းတွေဖြစ်နေရသည်။
လူတိုင်း အပေါ်ပုံမှန်ပဲဆက်ဆံတတ်ပေမဲ့ ဒီလိုမြင်လိုက်ရတော့ ဒီကောင် တကယ်ကြီး ဖောအင်လပ်သွားတာပဲ...။
"ဟိုလေ မသိတာလေးတွေမေးပြီးအကူအညီတောင်းစရာရှိရင် တောင်းလို့ရအောင် ဖုန်းနံပါတ်လေးပေးလို့ရမလား"
"ရတာပေါ့ ဖုန်းပေးလေ နံပါတ်ရိုက်ထည့်ပေးမယ်"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ...ဒီနေ့ကစပြီးတော့ ရင်းနှီးသွားပြီလို့ မှတ်လိုက်တော့မယ်နော် Hyung...ဒီဘက်ကHyungရောပဲ"
"ဟုတ်ပါပြီ"
လေးယောက်သား စကားတပြောပြောနဲ့ ခဏလေးအတွင်း ရင်းနှီးလာခဲ့သည်။
စီနီယာဆိုပေမဲ့ အထာကြီးနဲ့မနေတတ်ကြပဲ socialကောင်းတဲ့ အကိုနှစ်ယောက်ကြောင့်လည်း
မြန်မြန်ရင်းနှီးသွားတာဖြစ်သည်။
ကန်တင်းမှာထိုင်နေကြတဲ့ဝိုင်းတွေက ကောင်မလေးတွေကလည်း သူတို့ဝိုင်းဘက်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ သိသိသာသာရော မသိမသာပါ ကြည့်နေကြတာဖြစ်သည်။
ဓာတ်ပုံရိုက်တဲ့သူတွေက မသိအောင်ရိုက်ယူပြီး
တင်လိုက်ပြီးပြီဖြစ်သည်။
"ငါတို့ကျောင်းက မောင်လေး Team နဲ့ ကိုကြီး Team in one frame ကောင်မတွေရေ..!!"
comment: "ဟယ် ငါဒီနေ့ကျောင်းမတက်မိတာကိုအကြီးအကျယ်နောင်တတွေရဟေ့။ခုချက်ချင်းထလာရင် မှီလောက်လား?"
comment: "ဘယ်လို ခုအတူတူထိုင်နေကြတာလား ငါခုချက်ချင်းပြေးလာပြီ"
comment: "ဟဲ့ အသက်တောင်ဖြည်းဖြည်းရှူသွင်းနေရတယ် Visualကြီးတွေက သေလို့ရတယ်ဟယ်"
comment: "တစ်ယောက် typeတစ်မျိုးစီနဲ့ လုံးဝကိုငါ့စတိုင်တွေပဲ လေးယောက်လုံးက"
comment: "လေးယောက်လုံး ယူ!!"
စသည်ဖြင့် ကြူးတဲ့commentsပေါင်းထောင်ချီကမိနစ်ပိုင်းအတွင်း တက်လာသည်။
ကြူးရမယ်ဆိုရင် တကယ်တက်ညီလက်ညီရှိကြတဲ့ အဖွဲ့တွေဖြစ်သည်။
"Hyung တို့အတန်းချိန်ရှိသေးတာမို့ သွားလိုက်အုံးမယ်....နောက်ထပ်အချိန်ရရင်ထပ်ဆုံကြတာပေါ့"
"ဟုတ်ကဲ့"
"သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့ Hyung"
နှစ်ယောက်လုံးသေချာနှုတ်ဆက်ပြီး ထွက်သွားကြသည်။
"Tae Hyung"
"...."
"Kim Tae Hyung"
"...."
ဖြန်း!!
လက်မောင်းကို အားထည့်ပြီးနာနာလေးရိုက်ပေးလိုက်သည်။
"အားးနာတယ်ကွ"
"ငါခေါ်နေတာကျ ကြားလို့လား"
"ခေါ်တာလား မသိလိုက်ဘူး"
"ဘယ်သိမလဲ မင်းလိုက်ကြည့်နေတာ မျက်လုံးကြီးကပ်ပါသွားပြီလားတောင်မသိဘူး"
"ငါတကယ်ပါကွာ အဲ့လိုခံစားချက်မျိုးခုမှဖြစ်ဖူးတာ...အတည်ရအောင်လိုက်တော့မှာ"
"မင်း တကယ်ကြီး!!"
"ငါ့ရဲ့ နေရောင်ခြည်လေး တကယ်ပဲနွေးထွေးလိုက်တာ"
"ဟုတ်ပါပြီ သိပြီမို့လို့ လာလိုက်တော့ အခန်းပြန်မယ်"
"ညကျရင် ဖုန်းဆက်ပြီးငါ့ကိုပြန်သဘောကျလာအောင် အများကြီးဖလစ်ရမယ်"
"အေးပါကွာ ဖလစ်ဖလစ်"
"Jungkook ကိုလည်းလှမ်းပြောပြရမယ်"
Jimin သွားနေတဲ့ခြေလှမ်းတွေ တန့်သွားရသည်။
မေ့ထားပြီး နေနေတာဖြစ်လို့ လုံးဝမချစ်တော့တာမျိုးမဟုတ်။
သူနာမည်ကြားတိုင်း သူကြိုက်တတ်တဲ့အရာတွေမြင်တိုင်း ရင်ထဲအောင့်မျက်ပြီး သတိတွေရသည်။
သူ့ကိုချစ်တဲ့အချစ်တွေက ရင်ထဲမှာ အစိုင်အခဲတစ်ခုလို တည်ရှိနေပြီးသားမို့ ချေဖျက်ပစ်ဖို့ကအချိန်အများကြီးလိုပါသေးသည်။
Ring!!Ring!!Ring!!
Jimin ဖုန်းလာနေလို့ ကြည့်လိုက်တော့ Yoongi Hyung ...
"Hello Hyung"
"Hello Jimin... ဒီတစ်ပတ် weekendအားလား"
"ဟုတ်ကဲ့ အားတယ် Hyung"
"Hyung စပျစ်ခြံသွားဖို့ရှိလို့ Jiminလိုက်ချင်မလားလို့"
"ဟုတ်ကဲ့ လိုက်မယ် Hyung ...ဒါနဲ့လေ ကျွန်တော့်သူငယ်ချင်း Tae Hyungကိုလည်းခေါ်ခဲ့လို့ရမလားဟင်"
"ရတာပေါ့ ခေါ်ခဲ့ လူများရင်ပိုတောက်ပျော်ဖို့ကောင်းသေးတယ်"
"ဟုတ်ကဲ့ Hyung"
"အဲ့ဒါဆို ဒီတစ်ပတ် weekendကျမှ တွေ့မယ် "
"ဟုတ်"
Jiminအတွက်တော့ Yoongi Hyungက အကိုအရင်းတစ်ယောက်လို ခင်မင်ရင်းနှီးတဲ့အကိုဖြစ်သည်။
_________________
Tae Hyungဆီကနေ ငါမင်းကိုပြောပြစရာရှိတယ်ဆိုတဲ့ message ရထားတာကြောင့် Jungkook အတန်းနားချိန်မှာ face timeခေါ်လိုက်သည်။
"ဟေးးးဘရို"
"ဆိုစမ်းပါအုံး ဘာကိစ္စပြောစရာရှိတာလဲ?"
"ငါချစ်ရမဲ့သူတွေ့နေပြီ"
"ဘယ်သူလဲ ငါရောသိလား?"
"မင်းလည်းသိပ်သိတာပေါ့ Jiminလေ"
"ဘာကွ!!!"
"ဖြည်းဖြည်း အော်စမ်းပါကွ လန့်လိုက်တာ...ဘာလဲ သဝန်တိုတာလား?"
"ငါ... ငါကဘာကိစ္စနဲ့ သဝန်တိုရမှာလဲ ငါ့vocalက မင်းသိတဲ့အတိုင်း အရမ်းကောင်းနေတော့ အော်သလိုဖြစ်သွားတာ တကယ်က မအော်ဘူး"
"အဲ့လိုလား?"
"အေးပေါ့ကွ"
"မနောက်တော့ပဲ အတည်ပြောမယ်"
"အေး ပြောဘယ်သူလဲ"
"စီနီယာ အကိုတစ်ယောက်ပဲကျောင်းက...တရားသင်ချစ်သူတွေဖြစ်မှပဲ ပုံပြတော့မယ်"
"မင်းတောင်ချစ်ရမဲ့သူတွေ့နေပြီပဲ...ဟို"
"ဘာ 'ဟို' လဲ?"
"Jimin ကရော"
"အဲ့ဒါတော့ငါလည်း မသိဘူး...သူကအရင်တည်းကထုတ်မပြဘဲ စိတ်ထဲပဲထားတတ်တဲ့သူဆိုတော့ ငါလည်းမသိဘူး"
"မင်းတို့နှစ်ယောက် အချိန်တိုင်းလိုလိုအတူရှိနေတာတောင် မသိဘူးလား?"
"ဘယ်သိမလဲကွ ငါကအကြားအမြင်ဆရာလည်းမဟုတ်ဘူး"
"မသိလည်းနေ"
"အေး ဒါပဲဟိတ်ကောင်"
တီ!တီ!!
သူပြောချင်ရာပြောပြီး ဖုန်းကိုချသွားသည်။
ဒီကောင်ကတော့ အငြင်းခံရပါစေလို့ ခုတည်းကကြိုပြီး ဆုတောင်းပေးထားလိုက်မယ်
ဟေ့ကောင်...။
စေတနာလေးတစ်ခုပေါ့ကွာ...။
နေရာတွေဝေးနေပေမဲ့ ပုံမှန်မတွေ့ဖြစ်ရင်တောင် စိတ်တူကိုယ်တူပေါင်းခဲ့ကြတဲ့သူတွေမို့ သူတို့ကြားထဲ စိမ်းသွားတယ် ဆိုတဲ့အဖြစ်မျိုးတွေမရှိပေ။
"ငါ ပိတ်ရက်ပြန်လာမှ မင်းနဲ့တွေ့မယ် Kim Tae Hyung!! မင်းရဲ့crush ဆီကို မင်းငယ်ငယ်က ငယ်ကျိုးငယ်နာတွေသွားပြောပြစ်မယ်"
Jungkook တစ်ယောက်တည်းကြုံးဝါးနေရင်း
အတန်းတက်ဖို့ ကျောင်းထဲပြန်ဝင်လာလိုက်တော့သည်။
Note_စပရိုက်ပါ။ အိပ်ပျော်သွားတဲ့သူလေးတွေကလည်း မနက်ကျရင်ဖတ် မအိပ်သေးတဲ့သူတွေလည်း ခုဖတ်လို့ရအောင်ပါ။
သိပ်မရှည်တဲ့အတွက် သွေ့ပုချိ😭
(နောက်အပိုင်းတွေ ရှည်ရှည်ရေးပေးပါ့မယ် ကတိ❤)
စာလုံးပေါင်း အမှားလေးတွေတွေ့ရင်ထောက်ပြပေးပါနော်။ ရေးပြီးပြန်စစ်တတ်တဲ့အကျင့်မရှိတဲ့သူမို့ပါ(သောက်ပျင်းလေ ဒီက)
Zawgyi
"ဟုတ်ပါတယ်ဗျ"
"ပြောပါ ရပါတယ်"
"London မှာလား?"
"ဟုတ်ကဲ့ဗျ"
"ဒီဘက်က အကိုကရောဟင်"
"ကောင်းလိုက်တာ"
"ဟမ်!!"
အာမေဋိတ်အသံ!!
"ဟုတ်ပါပြီ"
"ဟုတ်ကဲ့"
"သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့ Hyung"
"Tae Hyung"
"...."
"Kim Tae Hyung"
"...."
ဖြန်း!!
"အားးနာတယ်ကွ"
"မင်း တကယ်ကြီး!!"
"အေးပါကွာ ဖလစ်ဖလစ်"
Ring!!Ring!!Ring!!
"Hello Hyung"
"ဟုတ်ကဲ့ အားတယ် Hyung"
"ဟုတ်ကဲ့ Hyung"
"ဟုတ်"
_________________
"ဟေးးးဘရို"
"ဘယ်သူလဲ ငါရောသိလား?"
"ဘာကွ!!!"
"အဲ့လိုလား?"
"အေးပေါ့ကွ"
"အေး ပြောဘယ်သူလဲ"
"ဘာ 'ဟို' လဲ?"
"Jimin ကရော"
"မသိလည်းနေ"
"အေး ဒါပဲဟိတ်ကောင်"
တီ!တီ!!
ဟေ့ကောင်...။
Continue Reading
You'll Also Like
1M 57.3K 36
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
50.6K 1.7K 11
This is a mini series. Its inspired by Tocobell321234's one shot. When the music freaks get into a fight with Jake, they say some hurtful things, an...
195K 14.8K 34
"အုပ်ထိန်းသူတွေဖြစ်တဲ့မိဘတောင်မနိုင်တဲ့သူကိုလက်ထပ်ခဲ့မိတာ ငါ့အမှားပဲ Park Jimin!!" "အစထဲက ဒီလိုလူမှန်း ခင်ဗျားသိရဲ့နဲ့ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာပဲ ဆက်...
18.8K 454 15
Tananoya is hella underrated,so why not make a little story for them This is probably gonna be shit,I apologise