𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •Ye...

By Dazzling_Angel9900

6.5K 823 189

တစ်နေ့နေ့တော့မင်းမြင်နိုင်ပါစေရည်ရွယ်ပြီး အဝါရောင် Acaciaတွေကို ငါ့ရင်ထဲမှာတိတ်တခိုးပျိုးထားခဲ့မိတယ် YeonBin... More

Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10

Part 6

389 53 22
By Dazzling_Angel9900


အလွန်အကျွံလှုပ်ရှားလေ့ကျင့်မှုရဲ့ရလဒ်ကြောင့် သူ့တစ်ကိုယ်လုံးနာကျင်နေပြီး ခြေထောက်တွေ ရွေ့အောင်ကိုပင် သယ်မဖို့ရန် ခက်ခဲနေချေပြီ ။

နဖူးပေါ်ကနေ မျက်လုံးထောင့်အထိစီးကျလာတဲ့ ချွေးတစ်ပေါက်ကိုအလျင်အမြန်သုတ်ဖယ်လိုက်ပြီး လေပေါ်ဝေ့ဝဲလာတဲ့ဘောလုံးဆီတိုးလှမ်းလိုက်ခဲ့ပေမယ့် လေးလံနေတဲ့ခြေထောက်တွေကြောင့် သူဟန်ချက်ပျက်သွားခဲ့ပြီ ။

သူ့လက်နဲ့မထိလိုက်ရတဲ့ ဘောလုံးနဲ့အတူ ကြမ်းပြင်ပေါ်ကိုသူလိမ့်ကျသွားခဲ့ပြီ ။

တကယ်ပင်ပန်းလိုက်တာ ။

" Yarr ချွဲယောန်ဂျွန်း မင်းကိုယ်မင်းဘာထင်နေလို့လဲ ကိုယ့် limit ကိုယ်မသိဘူးလား ဒီလိုမျိုးသေလောက်အောင်လေ့ကျင့်နေတာနဲ့ပဲ ရွှေတံဆိပ်ဆုရမှာမဟုတ်ဘူး နားလည်လား ! "

ခြေခေါက်ပြီး အနည်းငယ်ယောင်သွားတဲ့ခြေကျင်းဝတ်ကိုဆေးလူးပေးရင်း ဆူပူနေတဲ့ အသင်းခေါင်းဆောင် စီနီယာရဲ့အသံကနားထဲကြားတစ်ချက်မကြားတစ်ချက် ။

ဘောလီဘောဆော့နေတဲ့အချိန်တစ်ချိန်ကပဲ မျှော်လင့်ခြင်းတွေ နောင်တတွေ မျက်ရည်မကျဘဲအသံတိတ်ငိုကြွေးနေခြင်းတွေရဲ့ ဝေးရာကိုပြေးထွက်သွားနိုင်စွမ်းရှိအောင် ကူညီပေးတာကြောင့်လို့များဖြေရင် စီနီယာသူ့ကိုသနားနေလေမလား ။

" ဒါနဲ့ ဆူဘင်းရောဘာလို့ အခုထိမလာတာလဲ "

သူ မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိသည်ထင် ။

"မသိဘူး စီနီယာ "

မသိဘူးလို့ပဲထားလိုက်ရအောင် ။ သူ့ကိုမတွေ့ချင်တာကြောင့် ရောက်မလာတဲ့အကြောင်းကို သူမသိဘူးလို့ပဲထားရအောင် ။

" မဟုတ်မှ သူအသင်းထဲကထွက်သွားတာလား "

" မသိပါဘူးဆိုနေ !! "

သူ့အသံကအနည်းငယ်ကျယ်သွားတာမို့ အနားယူနေကြတဲ့ ခပ်လှမ်းလှမ်းကလူတွေပါသူတို့ကိုလှည့်ကြည့်လာကြတော့တယ် ။

" fuck မင်းဘာစကားပြောတာလဲ !!"

ဒေါသထွက်သွားတဲ့ အသင်းခေါင်းဆောင်က သူ့အင်္ကျီလည်ပင်းကိုဆောင့်ဆွဲလိုက်ပြီး ထိုးဖို့လက်ရွယ်တယ် ။

"တော်ကြတော့ တော်တော့ . . . စီနီယာစိတ်လျှော့ အဲဒီခွေးကောင်က အခုတလောစိတ်သိပ်မှန်နေတာမဟုတ်ဘူး ဒီတိုင်းလွှတ်ထားပေးလိုက် "

ဝင်ဆွဲကြသူတွေကြောင့် လူချင်းကွဲသွားကြပေမယ့် အသင်းခေါင်းဆောင်ကတော့သူ့ကို ကျိမ်းနေဆဲ ။

"မင်း သတိထားနေ ! "

သူတကယ်အပြစ်ရှိစိတ်ကိုခံစားလိုက်ရပေမယ့် စိတ်လိုလက်ရတောင်းပန်ချင်စိတ်မရှိနေတာမို့ အားကစားရုံထဲကသာ ထွက်ခဲ့လိုက်တော့တယ် ။

ခြေထောက်နာနေတာကြောင့်ရော တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာနေတာကြောင့်ရော လေးကန်တဲ့ခြေလှမ်းတွေနဲ့ ကျောင်းဆောင်ရှိရာကို လှမ်းရင်းဘေးအိတ်ထဲကဖုန်းကိုထုတ်ကာ contact တစ်ခုဆီကို ဖုန်းခေါ်ဆိုလိုက်တယ် ။

မကိုင်ဘူးထင်ခဲ့ပေမယ့် ဖုန်းကျခါနီးမှ တစ်ဖက်ဖုန်းကပြန်ဖြေခဲ့သည် ။

" မင်းဘယ်မှာလဲ "

"စာကြည့်တိုက်မှာ "

တစ်ဖက်လူအသံကသူ့ကိုတစ်ပတ်ကျော်ကျော်ရှောင်နေခဲ့တာနဲ့မတူစွာပဲ တကယ့်ကိုတည်တည်ငြိမ်ငြိမ် ။

" စကားပြောရအောင် ငါအဲ့ဘက်လာခဲ့မယ် "

တစ်ဖက်ကပြန်ဖြေသံမကြားရခင်မှာတင် သူဖုန်းကိုအလောတကြီးချလိုက်ပြီး ကူကယ်ရာမဲ့စွာဆံပင်တွေကိုထိုးဖွလိုက်မိတော့တယ် ။

အမှန်တော့ဒီရက်ပိုင်းအတွင်းမှာ သူကိုယ်တိုင်လည်း ချွဲဆူဘင်းကိုရှောင်နေခဲ့မိတာ ။

မျက်နှာချင်းဆိုင်အိမ်မှာနေပြီး အရိပ်လေးတောင်မတွေ့ရလေအောင်ပုန်းရှောင်ကောင်းသူနဲ့ မရှာဘဲနေနေခဲ့တဲ့ သူတို့အဖြစ်ကရယ်တော့ရယ်ချင်စရာ ။

ဒီတိုင်း သဘောကျမိရုံလေးပေမယ့် သူ့ရဲ့ခံစားချက်တွေက ဘောင်မဝင်နေခဲ့လေတော့ အရာရာဟာ အပြိုပြိုအလဲလဲ ။

တကယ်ပဲ ဘယ်ခြေလှမ်းတွေကစပြီး မှားယွင်းနေခဲ့‌တာလဲ ။ အဲ့ဒီအချိန်ကိုပြန်သွားပြီး ဝန်မခံခဲ့ရမှာလား ။

ဒါမှမဟုတ် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကိုပြန်သွားပြီး ပါးဖောင်းဖောင်း ဆံပင်လုံးလုံးလေးနဲ့ ချစ်စရာကလေးလေးကို

" ဟိုင်း. . . ငါက ချွဲယောန်ဂျွန်း ငါတို့သူငယ်ချင်းလုပ်ကြရအောင် "

လို့ပြောခဲ့တဲ့ ရှေ့သွားလေးတစ်ချောင်းကျိုးနေတဲ့ မျက်မှန်လေးနဲ့ ကလေးလေးကိုပဲ အပြစ်သွားဖို့ရလေမလား ။

တွေ့ဆုံခဲ့ခြင်းကပဲ မှားယွင်းနေခဲ့လေသလား ချစ်ရသူရယ် ။

ကျောင်းဂုဏ်နဲ့အညီဆောက်ထားတဲ့ စာကြည့်တိုက်ကျယ်ကြီးထဲ ငါးမိနစ်လောက်လိုက်ရှာပြီးမှသာ ဆူဘင်းကိုသူတွေ့လိုက်ရတော့တယ် ။

တစ်ယောက်တည်းမဟုတ် အနားမှာ နာနာနှင့်အတူ ။ ခပ်လှမ်းလှမ်းကမြင်နေရပုံဆို နှစ်ယောက်မျက်နှာချင်းဆိုင်ပြီးတစ်ခုခုကိုအချေအတင်ပြောနေသယောင် နာနာကသူ့ကိုကျောခိုင်းထားတာမို့သေချာပေါက်မြင်လိမ့်မည်မဟုတ် ။

မသိလိုက်မသိဘာသာပဲ သူထောင့်ကွယ်အစွန်းလေးကနေရပ်‌ကြည့်နေမိရင်းနဲ့ မျက်လုံးထောင့်စွန်းလေးကနေ သူ့အရိပ်ကလေးကိုသတိထားမိသွားတဲ့ဆူဘင်းက သူမထင်မှတ်ထားခဲ့တဲ့အရာတစ်ခုကို ချက်ချင်းထလုပ်ပစ်သည် ။

သူ့ကောင်မလေးကိုခါးကနေပွေ့ဖက်ဆွဲယူပြီး နမ်းရှိုက်လိုက်တာ ။

သူ့ကိုမြင်မှတမင်လုပ်ပြလိုက်တယ်ဆိုတာကို သူသေချာပေါက်ကိုသိတယ် ။

မင်းသူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့အကြောင်း ဇွတ်အတင်းသက်သေပြချင်တယ်ပေါ့ ချွဲဆူဘင်း ။ ဒါမှမဟုတ် ဝမ်းနည်းပက်လက်နဲ့ငါမင်းကိုလက်လွှတ်လိုက်ဖို့များ မျှော်လင့်နေတာလား ။

သူ ဟက်ခနဲတစ်ချက်လှောင်ရယ်ပစ်လိုက်မိတယ် ။

မနာကျင်တာမဟုတ်ဘူး နာကျင်ရပါများလာတော့ နှလုံးသားကထုံကျင်ပြီး နာကျင်ရကောင်းမှန်းမသိတော့တာ ။

အချိန်အကန့်အသတ်တစ်ခုကိုကျော်လွန်ပြီးတဲ့နောက်မှာ အကြင်သူနှစ်ယောက်အနားကို ခြေလှမ်းခပ်ကျဲကျဲတွေနဲ့ချဉ်းကပ်သွားလိုက်ပြီး အသံခပ်မာမာကိုသုံးပြီး သူပြောလိုက်တယ် ။

" ချွဲဆူဘင်း မင်းထွက်လာခဲ့ ပြောစရာရှိတယ် "

"ဒါက ဘာလုပ်တာလဲ ချွဲယောန်ဂျွန်း "

ဆူဘင်းလက်ကိုဆွဲပြီးထွက်ဖို့လုပ်နေတဲ့သူ့လက်ကို နာနာကပြန်ဖမ်းဆုပ်ပြီး ဒီအခြေအနေနားမလည်ဟန်နဲ့ တားသည် ။

သူတို့တွေရဲ့ပုံစံက စာကြည့်တိုက်နဲ့မအက်စပ်စွာပဲ ။ ဘေးလူတွေရဲ့အာရုံပါရလာတာမို့ သို့လော သို့လော အကြည့်များကသူတို့သုံးယောက်အပေါ်မှာ ။

"နာနာ ကိုယ့်ကိုခဏခွင့်ပြု ကိုယ် ယောန်ဂျွန်းနဲ့ပြောစရာလေးရှိနေလို့ "

ကို့ယိုးကားယားအခြေအနေကြားထဲ ဆူဘင်းရဲ့စကားကြောင့် နာနာက သူ့ကိုတစ်လှည့် ဆူဘင်းကိုတစ်လှည့်ကြည့်ပြီးနောက် သူ့လက်တွေကိုဖမ်းဆုပ်ထားရာကနေ လွှတ်ပေးလိုက်တော့တယ် ။

"ကျောင်းဝက စောင့်နေမယ် "

"အွန်း ခဏနေလာခဲ့မယ် "

_______________________________________________________________

*ခွပ်!!

သူတို့နှစ်ယောက်ရဲ့ပြဿနာဖြေရှင်းရာနေရာလို ဖြစ်နေတဲ့ ကျောင်းဆောင်ပျက်ထဲက အခန်းထဲရောက်တာနဲ့ ယောန်ဂျွန်းက ဆူဘင်းအင်္ကျီကော်လံစကိုဆွဲပြီး ဘယ်ဘက်ပါးရိုးဆီတည့်တည့် ထိုးပစ်လိုက်တာ ။

အားအများကြီး မပါပေမယ့် အငိုက်မိသွားတာမို့ တစ်ဖက်ကိုယိုင်ကျသွားတဲ့ဆူဘင်းက သူ့ကို ဒေါသမျက်လုံးတွေနဲ့ကြည့်လာသည် ။

" ဘာလုပ်တာလဲ ချွဲယောန်ဂျွန်း ရူးနေလား !!! "

"မင်းကမှ ရူးနေတာမဟုတ်ဘူးလား ဒီအသိစိတ်မရှိတဲ့ကောင်ရဲ့ "

ဆူဘင်းရဲ့ဒေါသအသံထက် နှစ်ဆမြင့်တဲ့အသံနဲ့သူပြန်အော်လိုက်မိတယ် ။

ဘုရားစူး လွန်ခဲ့တဲ့တစ်ပတ်လောက်က ဝန်ခံထားခဲ့တဲ့ crush နဲ့ ပထမဆုံးအကြိမ်ပြန်တွေ့ခြင်းပဲ ။

"ဘာပြောတယ် "

"မင်း စောနက ဘာလို့အဲဒီလိုလုပ်ခဲ့တာလဲ "

ဆူဘင်းရဲ့ အင်္ကျီကော်လံစကို တင်းတင်းပြန်ဆွဲကာ မျက်နှာချင်းဆိုင်လိုက်ပြီး သိချင်နေခဲ့တဲ့အရာကို သူထုတ်မေးလိုက်တော့သည် ။

" ဘာကိုလဲ နာနာကငါ့ချစ်သူလေ "

"ခွေးစကားတွေမပြောနဲ့ မင်းသူ့ကိုမချစ်ဘူး မင်းငါ့ကိုအရွဲ့တိုက်ချင်ရုံ ငါ့ဆီကရှောင်ပြေးချင်ရုံသပ်သပ်နဲ့ မိန်းကလေးကိုဆွဲမထည့်နဲ့ ချွဲဆူဘင်း  "

အင်္ကျီစတွေကြေမွသွားတဲ့အထိ ဖမ်းဆုပ်ထားတဲ့သူ့လက်တွေကိုဆူဘင်းက သူ့ရဲ့ကြီးမားတဲ့လက်တွေနဲ့ အုပ်ကိုင်ပြီးမှ ဆွဲဖယ်လိုက်ရင်း ပုံမှန်ထက်အနည်းငယ်တိုးတိမ်စေတဲ့အသံနဲ့ စကားတစ်ခွန်းကိုပြောတယ် ။ အဲဒီစကားကသူ့ကို ဟ်ုးအနက်ရှိုင်းဆုံးတစ်နေရာကနေ လှောင်ရယ်နေသလိုပဲ ။

" အချစ်ဆိုတာကြီးရှိနေမှ ချစ်သူဖြစ်ခွင့်ရှိတာလား ငါ့အတွက်တော့အချစ်ဆိုတာက အရေးမကြီးဘူး ယောန်ဂျွန်းနား "

မဖြစ်နိုင်တဲ့အချစ်တစ်ခုကိုရှေ့တန်းတင်နေတဲ့ သူ့ကိုယ်သူတိတ်တိတ်လေးပျောက်ကွယ်သွားစေချင်မိတဲ့အထိကို သိမ်ငယ်စေသည် ။

" ဒါဆို . . . ငါနဲ့တွဲကြရအောင် ! "

". . . "

မထင်မှတ်ထားခဲ့တဲ့စကားမို့ထင် ဆူဘင်းက ဘာမှပြန်မပြောဘဲသူ့ကိုကြောင်ကြည့်နေပြန်သည် ။

"အချစ်ကအရေးမကြီးဘူးဆို မင်းငါ့ကိုမချစ်ဘဲနဲ့လဲ ငါနဲ့တွဲလို့ရမှာပဲပေါ့ မဟုတ်ဘူးလား "

ဘာစကားမှပြန်မကြားရဘူး ။ တကယ်ကိုဘာစကားမှပြန်မပြောဘူး ။ မခံချင်စိတ်တွေ သိမ်ငယ်စိတ်တွေနဲ့ အရွဲ့တိုက်ပြီးပြောလိုက်တဲ့စကားပေမယ့် နဂိုထက်နှစ်ဆ ခက်ထန်နေတဲ့မျက်ဝန်းတွေကြောင့် သူငိုချင်လာသလိုပဲ ။

"မင်း ငါ့ကိုအဲ့လောက်ထိ မုန်းတာလား "

". . . "

"ဘာလို့လဲ ငါကယောင်္ကျားလေးဖြစ်နေလို့လား "

"တော်တော့ . . !! တစ်လောကလုံးက ‌မိန်းမယောင်္ကျားမှန်သမျှနဲ့တွဲနေခဲ့ရင်တောင်မှ ငါမင်းနဲ့မတွဲဘူး "

". . . "

"အဲဒါကြောင့်မို့ မင်းလည်းငါ့ကိုသဘောမကျနဲ့ ချွဲယောန်ဂျွန်း "

ဒီတစ်ကြိမ်မှာ ဘာစကားမှပြန်မပြောနိုင်ဘဲ ဆွံ့အသွားတဲ့လူက သူဖြစ်သွားခဲ့ပြီ ။ ရယ်စရာကောင်းလိုက်လေခြင်း ။ ဒီယောင်္ကျားတစ်ယောက်အတွက်နဲ့များ အရှက်တွေရော သိက္ခာတွေရော အကုန်ချနင်းပစ်ခဲ့မိတာ ။

" နားလည်ပြီ. . .  နောက်ကို ငါ့ကိုသဘောကျပေးဖို့ ထပ်ပြီးမပြောတော့ဘူး "

မင်းကမကြိုက်ဘူးဆိုလို့ မင်းစိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုလို့ ငါကခြေတစ်လှမ်းပြန်ဆုတ်ထားပေးလိုက်မယ် ။

" ပြီးတော့ အခုလိုမျိုးထပ်မလုပ်နဲ့တော့ . . .  အထူးသဖြင့် နာနာ . . . သူ(မ) ကိုမျှော်လင့်ချက်တွေမပေးဖို့ ငါတောင်းဆိုပါရစေ "

သိတယ်ဟုတ်လား မျှော်လင့်ချက်တွေအများကြီးထားမိလေ ပိုနာကျင်ရလေဆိုတာကိုလေ ။

" မင်း . . . တကယ်ချစ်ရတဲ့သူနဲ့တွေ့တဲ့တစ်နေ့ကျရင် ဝဋ်လည်လိမ့်မယ် ချွဲဆူဘင်း "

မျက်ဝန်းအိမ်တွေက ဆက်ပြီးထိန်းထားနိုင်စွမ်းမရှိတော့တဲ့ မျက်ရည်စက်ငယ်ကြောင့် သူအလျင်အမြန်ပဲ ကျောခိုင်းလိုက်ရတယ် ။

ဒီလောက်ဆိုတော်ပြီလေ ။ ဒီထက်ပိုပြီးမင်းအရှေ့မှာမကျရှုံးချင်တော့ဘူး ဆူဘင်းရယ် ။




" နောက်ကျသွားခဲ့ပြီးပြီ . . ငါတကယ့်ကို ဝဋ်လည်နေပြီထင်တယ် ချွဲယောန်ဂျွန်း "

ဘာလို့ငိုသွားရတာလဲ ။ မမြင်စေချင်ရင်လည်း ပိပိရိရိလုပ်သွားပါလား ။ ထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ခြေထောက်ကရော ဘာလဲ ။ မြို့နယ်အဆင့်ပြိုင်ပွဲတွေလာတော့မှာကို ဂရုမစိုက်ပြန်ဘူး ။

အဲဒီချွဲယောန်ဂျွန်းကလေ တကယ့်ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပဲ ။

လူကိုတကယ့်ကို ရှုပ်ထွေးနေအောင်အမြဲလုပ်တာ ။ ငယ်ငယ်လေးထဲကအမြဲဒီလိုပဲ ပြဿနာမျိုးစုံပတ်ရှာပြီးရင် အကုန်သူ့ခေါင်းပေါ်ကြီးပဲ ။

အခုလည်း သူ့ကိုကြိုက်ပါတယ်ပြောပြီး သူငယ်ချင်းဆက်ဆံရေးကိုပျက်အောင်လုပ်တယ် ။

အခုတော့ ဘာတဲ့ ။ ငါ့ကိုသဘောကျပေးဖို့ထပ်မပြောတော့ဘူးတဲ့ ။ ရယ်ရတယ် အစထဲကမပြောခဲ့ရမှာ ။

အဲဒါဆိုရင် ငါလည်း . . . ။

အဲဒီနေ့ပြီးတဲ့နောက်မှာသူတို့နှစ်ယောက်ထပ်ပြီးမတွေ့ဖြစ်ကြတော့ဘူး ။ မတော်တဆတွေ့မိရင်တောင် နှစ်ယောက်လုံးအတူတူမမြင်ချင်ယောင်ဆောင်သွားကြတာ ။

သူကလည်း အရင်လို နာနာနဲ့အဆင်ပြေနေခဲ့ပြီး ယောန်ဂျွန်းကလည်းအချိန်တိုင်းလိုလို ချာဂန်ဝူးဆိုတဲ့ ဂျပုကောင်နဲ့တတွဲတွဲ ။

အရာရာက ပုံမှန်အတိုင်းပဲ ။ ဘာမှမထူးခြားပြီးပြောင်းလဲနေတာမရှိဘူး ။

၁၀ နှစ်ကျော်လောက်အမြဲတမ်း အချိန်တိုင်းအတူရှိခဲ့တဲ့ အရိပ်ကလေးသာ အနားမှာမရှိရင်ဘယ်လိုများနေမလဲတွေးခဲ့ဖူးပေမယ့် တကယ်တော့လည်း ပုံမှန်အတိုင်းပဲ ။

" ချွဲယောန်ဂျွန်း မရှိဘူးလား "

အခန်း (၂ ) တစ်ခန်းလုံး ဝေ့ဝဲကြည့်လိုက်ပေမယ့် ရှာမတွေ့တာမို့ တစ်ယောက်ကိုမေးကြည့်မိတော့ ချာဂန်ဝူးနဲ့ခေါင်းမိုးထပ်တက်သွားတယ်တဲ့ ။

လွန်ခဲ့တဲ့ တစ်လကျော်ကျော်လောက်ထဲက ယောန်ဂျွန်းသူ့ဆီကငှားသွားခဲ့တဲ့ လေ့ကျင့်ခန်းစာအုပ်လိုလာတာမို့ ပြန်တောင်းဖို့လာခဲ့လက်စနဲ့ သူခေါင်မိုးထပ်လိုက်တက်သွားဖို့ဆုံးဖြတ်လိုက်တယ် ။

မဖြစ်မနေကြီးလိုလားဆိုတော့လည်း အင်း တစ်လကျော်လောက်တောင် အဲ့ဒီစာအုပ်မရှိဘဲနေခဲ့တာပဲလေ ။

" မင်းတို့တွေ ဘာလုပ်နေကြတာလဲ !! "

သူ့အော်သံက သူကိုယ်တိုင်ပင်ထိန်းလို့မနိုင်စွာ ခေါင်မိုးထပ်တစ်ခုလုံးပဲ့တင်ထပ်စွာ ။

မဟုတ်ဘူး ။ ဘာလုပ်နေတာလဲမဟုတ်ဘူး ။ သူတို့ကအဲဒါကိုတကယ်လုပ်နေကြတာလား ။

သူ့အသံကြောင့် ပူးကပ်နေကြတဲ့လူနှစ်ယောက်က လူချင်းခွာသွားကြပြီး သူ့ကိုအလန့်တကြားလှည့်ကြည့်ကြသည် ။

"ဆူဘင်း "

"မင်းတို့ဘာလုပ်နေကြတာလဲ "

ဒီတိုင်း အတည်ပြုချင်မိရုံလေးပဲ ။

" မဟုတ်ဘူး ဆူဘင်းနား မင်းထင်သလိုမဟုတ်ဘူး ငါကရှင်းပြ. . . "

"ကြည့်ရုံနဲ့မသိဘူးလား ငါတို့နမ်းနေတာကြတာ ! "

ယောန်ဂျွန်းရဲ့ငြင်းဆန်နေတဲ့စကားတွေရှေ့မဆက်ခင်မှာ ဖြတ်ပြောလာခဲ့တဲ့ စကားတစ်ခွန်းက နေ့ခင်းကြောင်တောင်မိုးကြိုးပစ်လိုက်သလိုပဲ ။

"ချာဂန်ဝူး !!

ယောန်ဂျွန်းရဲ့ အလန့်တကြားအော်သံနဲ့အတူ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့သူ့လက်သီးကလည်း ချာဂန်ဝူးရဲ့မေးရိုးထက်ရောက်ရှိသွားခဲ့တော့တယ် ။

_____________________________________________________________

" မင်းအဆင်ပြေရဲ့လား "

"ဘာကိုလဲ "

"အဲ့ဒီလောက်ဖြစ်နေရင်လည်း ဒီတိုင်းမျက်နှာပြောင်တိုက်ပြီး သွားတွေ့လိုက်ပါလား "

"ဘာတွေလာပြောနေတာလဲ ငါကဘာဖြစ်နေလို့လဲ "

" မင်းနဖူးမှာ ' သောက်ကျင့်မကောင်းတဲ့ကောင်ကိုလွမ်းတယ် ' လို့ရေးထားတယ်လေ "

ဂန်ဝူးစကားကြောင့် သူမရယ်ချင်ဘဲ ရယ်လိုက်ရမိတယ် ။

"နှစ်ခါဖွင့်ပြောတာ နှစ်ခါလုံးရက်ရက်စက်စက်အငြင်းခံလိုက်ရတာကိုလေ "

" ယောန်ကသတ္တိမရှိလိုက်တာ ငါသာဆိုမရရအောင် အပိုင်ယူပြမှာ "

"ဒါဆိုမင်းငါ့ကို ဘာလို့အပိုင်မယူလဲ မင်းပဲငါ့ကိုကြိုက်တယ်ဆို "

" ငါကမင်းလောက်ထိ တအားဖြစ်နေတာမှမဟုတ်တာ "

ဒီတစ်ခါတော့သူတကယ့်ကို အားရပါးရရယ်လိုက်မိတော့တာ ။ တစ်ဖက်သတ်အချစ်အချင်းချင်းတောင် သူကတစ်မူးသာလို့ရယ် ။

"ရယ်ပြီပဲ ငါဒီတစ်ခါတော့ယောန်ကိုရယ်အောင်လုပ်လိုက်နိုင်ပြီ "

"အွန်း ကျေးဇူးပဲ . . အ့ "

" ဘာဖြစ်တာလဲ "

" မျက်လုံးထဲပိုးကောင်ဝင်သွားတာလားမသိ အ့ မျက်လုံးအောင့်လိုက်တာ "

"တအားမပွတ်လိုက်နဲ့ မျက်လုံးပိုထိခိုက်မယ် ဖယ် ငါကြည့်ပေးမယ် "

ပိုးကောင်လား အမှိုက်လားမသိတဲ့ ဟာကိုဖယ်လို့ပြီးခါနီးမှာပဲ မထင်မှတ်ဘဲရောက်ချလာတဲ့ဆူဘင်းကြောင့် ရုတ်တရက်လန့်သွားခဲ့ရတာထက် မယုံသင်္ကာမျက်လုံးတွေနဲ့ စကားတွေကြောင့် ရင်ဘတ်ထဲကပိုနာရသည် ။

ငါ့မျက်လုံးတွေ နီရဲနေခဲ့တာကို မတွေ့ဘူးဟုတ်လား ။

ဟုတ်တာပဲလေ ။ မင်းကဘယ်တုန်းကငါ့ကိုမြင်အောင်ကြည့်ပေးခဲ့ဖူးလို့လဲ ။

အဲဒါတောင်မှ ငါကမင်းအထင်လွဲသွားမှာကိုစိုးရိမ်နေခဲ့မိတုန်းပဲ ။

မင်းကလွဲရင် တစ်ခြားသဘောကျရမယ့်သူဆိုတာမရှိဘူးဆိုတဲ့‌အကြောင်းတွေ ပြောပြချင်နေတုန်းပဲ ။

မကောင်းမှန်းသိရက်နဲ့ မင်းကိုပဲဆက်ပြီး ကိုးကွယ်ချင်နေခဲ့တဲ့နှလုံးသားက သိပ်ပြီးမိုက်မဲတယ် ငါ့အသက်ရယ် ။

ငါလေ မင်းကိုတကယ်ပဲ ဆက်မချစ်ချင်တော့ဘူးကွယ် . . . ။

____________________________________________________________ Yellow acacia




Hello ! မတွေ့ရတာအတော်ကိုကြာနေပြီနော် update မှန်ပါ့မယ်လို့ ကတိမပေးရဲပေမယ့် ကြိုးစားပါ့မယ်

ပြီးတော့ Happy birthday to you ပါညီမငယ် 💜 တစ်ရက်နောက်ကျသွားတာကိုတော့ အွန်ညီးကမီယားနဲ ㅠㅠ







Continue Reading

You'll Also Like

139K 16.6K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.9M 107K 63
They never thought one drunk night would end to something like this.
71.4K 4.8K 26
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...