Part 2

728 124 17
                                    

Unicode

"ဟယ့် ဟယ့် ငါတော့သေပါပြီ နားကြပ်တစ်ခုတည်းနှစ်ယောက်တပ်ထားတာဟာ "

" အား!!! ငါရူးတော့မယ် ပုခုံးလေးကိုမှီပြီးအိပ်နေတာကွာ သူ့လူကလည်း ခေါင်းလေးပါပြန်ပွတ်ပေးနေတာလို့ ... "

"ဟုတ်ပတော် လိုက်ဖက်လိုက်တာ....... မဟုတ်ဘူးလိုက်ဖက်တာထပ်ကိုပိုတယ် မြန်မြန်real လိုက်ကြပါတော့လို့ ရှင်တို့ရဲ့ "

" အို ဘာမှလာမပြောနဲ့ ငါ့ရင်ထဲမှာ YeonBin is အမြဲ real ပဲ ....."

အခန်းထဲမှ မိန်းမတစ်အုပ်ရဲ့ အသံတွေကြောင့်သူမ စိတ်အလိုမကျစွာ မျက်စောင်းထိုးပစ်လိုက်မိသည် ။

ဘယ့်နှယ့်တော် အရည်မရအဖက်မရ ယောကျာ်းလေးနှစ်ယောက်ကို အသည်းအသန်ပေးစားနေလိုက်ကြတာများ မြင်လို့တောင်မကောင်း ။

သူမတစ်ယောက်လုံးအခန်းထဲရှိနေသည်ကိုလည်း သိရက်နှင့် အားမနာတမ်း ဖြစ်နေကြသည့် ထိုမိန်းမတစ်အုပ်ကို သူမနည်းနည်းလေးမှ ကြည့်မရပေ ။

မကြားချင်ယောင်ဆောင်နေပေမယ့် နားထဲတိုးဝင်လာသည့်အသံတွေကြောင့် မနေနိုင်စွာ ဖုန်းကိုထုတ် Facebook ထဲဝင်လိုက်မိသည် ။

ထို့နောက် "Addicted to YeonBin" ဆိုသည့်စာလုံးတွေကို search barကနေအလျင်အမြန်ရှာကာ public groupထဲ ဝင်ကြည့်လိုက်တော့

မြင်လိုက်ရသည့်ပုံတွေကြောင့် သူမတောက်ခေါက်လိုက်မိသည် ။

Bus ကားနောက်ဆုံးခုံတွင် နားကြပ်တစ်ယောက်တစ်ဖက်တပ်ကာ တစ်ယောက်သောသူက ပုခုံးကိုမှီအိပ်နေသော ကောင်လေးနှစ်ယောက်ပုံများ ။

အတိအကျပြောရရင် ထိုနှစ်ယောက်ထဲမှတစ်ယောက်သည် သူမ၏နှစ်ယောက်မရှိသောချစ်ရသူ Choi SooBin။

သူငယ်ချင်းနှစ်ယောက်ရဲ့ သာမန်အပြုအမူတွေကို ရေးကြီးခွင်ကျယ်လုပ် ရောက်လေရာအရပ်ပုံတွေရိုက်ကာ တင်နေကြသည့်လူတွေကို သူမလုံးဝနားမလည် ။ 

အဲ့ဒီလို သာမန်ပုံတွေကိုပဲကြည့်ပြီး ဝမ်းနည်းနေမိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်းနားမလည်နိုင်တော့ပါ ။

Facebookတွင် ထို groupရှိနေသည်ကို သူမ သိသည်မှာ တစ်လခန့်ရှိနေပြီဖြစ်သည် ။ acc ထဲက တစ်ယောက် share ထားတာကိုမြင်မြင်ချင်း သူမ တကယ်အံ့ဩမဆုံးနိုင်ဖြစ်ရသည် ။

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now