Part 8

325 39 12
                                    


"နိုးနေတယ်ဆိုရင်လည်းထတော့ ငါလက်မောင်းအောင့်နေပြီ "

သူအိမ်မက်လှလှလေးက နိုးလာတော့ တကယ်ကြီးဆူဘင်းကိုမှီပြီးအိပ်နေမိတာကို သတိထားမိသွားတယ် ။ ဒါပေမယ့် သူမထချင်တာကြောင့် ဆက်ပြီးအိပ်ချင်ယောင်ဆောင်နေတုန်း ဆူဘင်းရဲ့စကားကြောင့် သူထလိုက်ရတော့တယ် ။

" ကပ်စီးနည်းတဲ့ကောင် ! "

"ဘာပြောတယ် "

သူဘာမှဆက်မပြောချင်တာကြောင့် တစ်ဖက်ကိုလှည့်ပြီး မသိချင်ယောင်ဆောင်ပစ်လိုက်တယ် ။

အိမ်မက်ထဲကနဲ့တစ်ခြားစီပဲ ။ ငါ့ကိုဆို ပခုံးလေးတစ်ဖက်တောင်မသထာတဲ့ကောင် ။

" နှစ်နာရီကျော်လောက်ရှိနေပြီလေကွာ ငါ့လက်ကသွေးတောင်လျှောက်တော့ရဲ့လားမသိဘူး "

"ဘာလုပ်ပေးရမှာလဲ ! "

"ဟာ . . "

သူ့ကိုယ်သူ ဘာဖြစ်နေမှန်းလည်းမသိတော့ဘူး ။ ချွဲဆူဘင်းနဲ့စကားကောင်းကောင်းမပြောချင်နေဘူး ။

ကြိုးစားပြီးမေ့ဖို့လုပ်နေတဲ့အချိန်တိုင်း မျက်စိရှေ့ရောက်လာတယ် ။ သူရှေ့တိုးဖို့ကြိုးစားပြန်ရင်လည်း မျှော်လင့်ချက်တွေကိုရိုက်ချိုးပစ်ပြန်ရော ။

ဒီလိုနဲ့ပဲ သူတစ်ယောက်တည်း သံသရာတစ်ပတ်လည်ပြီး move on နေရတာ ။

မကောင်းတဲ့ကောင် ။

trip အတွက်ပထမက ဘတ်ဂျက်ချွေတာတဲ့အနေနဲ့ ဈေးအတန်အသင့်ရှိတဲ့ hotel စီစဉ်ထားကြပေမယ့် ဆူဘင်းကသူ့မိဘတွေ ရှယ်ယာဝင်ထားတဲ့ hotel ကိုပြောင်းပြီးတည်းဖို့စီစဉ်လိုက်တာကြောင့် နေရာပြောင်းသွားရတော့တယ် ။

ကြီးကြီးကျယ်ကျယ်နဲ့ အပိုတွေသိပ်လုပ် ။

အမှန်တော့ ဒိတ်ဒိတ်ကြဲကျောင်းရဲ့ လေ့လာရေးခရီးပီပီ အကုန်လုံးက တတ်နိုင်ကြပေမယ့် စုပြီးပျော်ချင်တာကြောင့် ဟိုတယ်ရောက်တော့ သုံးယောက်တစ်ခန်း လေးယောက်တစ်ခန်း တွေစုပြီးယူလိုက်ကြတယ် ။

"ငါလည်း မင်းတို့နဲ့စုနေလိုက်မယ် "

" အေးကောင်းတယ် ငါတို့လေးယောက် အိုကေတယ် "

𝒀𝒆𝒍𝒍𝒐𝒘 𝑨𝒄𝒂𝒄𝒊𝒂 •YeonBin•Where stories live. Discover now