Unicode
" သူငယ်ချင်းဆက်တာလား Jimin"
"ဟုတ်ကဲ့ Hyung"
"အော်...ဒါစားပြီးရင်တော့ ပြန်ကြတော့မလား"
"ဟင့်အင်း လည်စရာနေရာတွေလိုက်ပို့ပေးမယ် Hyung...Busan မှာတုန်းကလည်း ကျွန်တော့်ကို အများကြီးလိုက်ပို့ပေးတာပဲ ပြန်ပြီးဧည့်ဝတ်ကျေရမှာပေါ့ဗျ"
"ဟုတ်ပါပြီ"
Busan ကိုလာလည်တဲ့အချိန်တုန်းက Jiminက တကယ်ချစ်ဖို့ကောင်းသည်။ ဆံပင်အုပ်အုပ်ကလေးနဲ့ အထက်တန်းပြီးသွားလို့ တက္ကသိုလ်
ကျောင်းသား အရွယ်သာဆိုတယ် တကယ်ကလေးနှင့်တူသည်။
Yoongi ကိုယ်တိုင်လည်း မွေးချင်းညီအစ်ကိုမောင်နှမ မရှိတော့ ညီလေးတစ်ယောက်ရလိုက်သလိုပင်...။
"ဒါနဲ့ Jiminတို့ကျောင်းတွေ တက်ရတော့မှာမလား"
"ဟုတ်တယ် Hyung...တစ်လလောက်ပဲလိုတော့တာ"
"တက္ကသိုလ် ကျောင်းသားကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဝိုင်းက Hyungရှင်းမယ်"
"ဟာ မဟုတ်တာ ကျွန်တော်ကျွေးမှာလို့အရင်ပြောထားတာကို"
"နောက်တစ်ခေါက် ပြန်ကျွေးပေါ့။ ဒီတစ်ခေါက်
Busan ပြန်ပြီးရင် အကို့အလုပ်အသစ်ကSeoulမှာဘဲ ဆက်လုပ်ဖြစ်တော့မှာ"
"အဲ့လိုလား ကျွန်တော်ပြန်ကျွေးမှာမို့ ဆက်ဆက်လာခဲ့နော်"
"ဟုတ်ပါပြီ "
"ဟင် Jimin"
"အော Tae Hyung"
"ငါဆိုင်အပြင်ကနေ ကြည့်နေတာမင်းနဲ့တူပါတယ်လို့...မုန့်လာစားတာလား ဒီလူကရော?"
"ငါ Busanသွားတုန်းက ခင်လာတဲ့ Yoongi Hyung တဲ့ Hyung သူကကျွန်တော့် သူငယ်ချင်း
Kim Tae Hyung "
"တွေ့ရတာ ဝမ်းသာပါတယ် "
"ဟုတ်ကဲ့ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ဗျ"
"မင်းရော ဘာလာလုပ်တာလဲ အတူတူဝင်စားသွားပါလား"
"ဟို..."
"တစ်ခါတည်းစားသွားလိုက်ပါ...ရင်းနှီးတဲ့အထိမ်းအမှတ်အနေနဲ့ အကိုကျွေးပါမယ်"
"ဟုတ်ကဲ့ဗျ"
ဒီလူ အတော်လေးကြည့်ကောင်းတာပဲ။ အသားဖြူတာတောင် အခြားသူတွေနဲ့မတူ နှင်းခဲလို
ဖွေးစွတ်နေတာမျိုး။
Ring!! Ring!!Ring!!
"ခဏနော် ဖုန်းသွားပြောလိုက်အုံးမယ်ဗျ"
"ရပါတယ် အေးဆေးပြောပါ"
ဝိုင်းနဲ့ နည်းနည်းဝေးတဲ့ဘက်ခဏထွက်လာခဲ့သည်။
"အေး Jungkook ပြော!!"
"မင်း အိမ်မှာလား Tae Hyung"
"မဟုတ်ဘူး ငါအပြင်မှာ "
"ငါမနက်အစောတည်းက Jiminတို့အိမ်သွားတယ်..သူ Busanမှာရင်းနှီလာတဲ့အကိုနဲ့ထွက်သွားတယ်တဲ့ အိမ်မှာမရှိဘူး"
"ဟုတ်တယ် ငါခုJiminတို့နဲ့မုန့်စားနေတာ"
"Jiminတို့...ဟုတ်လား"
"အေးလေ ခပ်ချောချောအကိုတစ်ယောက်လည်းပါတယ်။ Idol တွေလိုရုပ်ရည်မျိုးကွာ အတော်လေးကိုကြည့်ကောင်းတာ.."
"ဘယ်ဆိုင်လဲ ငါ့ကို location ပို့ပေးလိုက်"
"ဟမ် !!ဟမ်...ငါသေချာမကြားရဘူးဘာပြောတာလဲကွ...ဖုန်းလိုင်းတွေမကောင်းဘူး"
"Location ပို့ပေးလို့ ....ကြားလား ဟေ့ကောင်"
"မကြားဘူး ဟေ့ကောင်"
ဖုန်းကိုင်ထားတဲ့ လက်ကိုရှေ့ထုတ်ပြီး မကြားဘူးလုပ်နေတဲ့ Tae Hyung ကိုတော့ ဘေးဝိုင်းကလူတွေက လှည့်ကြည့်လှည့်ကြည့် လုပ်နေကြသည်။
ဒီလူ ဘာလားပေါ့ဆိုတဲ့ အကြည့်မျိုးတွေနှင့်။
"ဒီတစ်ခါတော့ မင်းအလှည့်ပေါ့ Jungkook ရယ်
ကိုယ့်ခံစားချက်ကိုယ်သိအောင် သေချာစဥ်းစားကြည့် "
"စေတနာနဲ့ ငါAirplane modeလေးပါတင်ထားပေးလိုက်မယ်နော် သူငယ်ချင်းလေး ဟဲဟဲ"
လူကြီးမင်း ခေါ်ဆိုသောဖုန်းမှာဆက်သွယ်၍မရပါသဖြင့်...
"ဘာလဲဟ ဒီဖုန်း ခုနကတော့ တန်းခနဲဝင်ပြီးတော့..တောင်ကိုရီးယားက ဖုန်းလိုင်းတွေဘာဖြစ်ချင်နေတာလဲ တောက်!!"
ဟိုဘက်က Airplane modeတင်သွားတာကိုမသိဘဲ ဘာမှမဆိုင်တဲ့ ဖုန်းလိုင်းကိုဘလိုင်းကြီးအမြင်စောင်းနေတဲ့ Jeon Jung Kook ရယ်နဲ့ Airplane modeတင်ပြီး ကျေနပ်နေတဲ့ Kim Tae Hyungနဲ့တော့ သူ့ဟာနဲ့သူအဆင်ပြေနေကြပါသည်။
___________________
သူတို့တွေတက္ကသိုလ် တက်ဖို့လဝက်လောက်ပဲလိုတော့သလို Jungkookလည်း နိုင်ငံခြားသွားဖို့ရက်နီးနေပြီဖြစ်သည်။
Jimin ကအရင်လို Jungkookကို ရှောင်နေဆဲ...Jungkook ကလည်း ဘယ်လိုရှင်းပြရမလဲမသိတာနဲ့ မသိချင်ယောင်ဆောင်ထားဆဲ...။
Group chat!!
JK: ကြက်ကြော်ဆိုင်မှာ တွေ့ကြရအောင် ငါမသွားခင်..
TH: အိုခေ ဘရို
JM: ဘယ်ဆိုင်လဲ?
စကားတော့ပြန်ပြောသေးသားပဲ
JK: ငါ location ပို့ပေးလိုက်မယ်
စာကိုတော့ seenပြသွားပြီး ဘာမှပြန်မပြောတော့ပေ။ ချေသွားလိုက်တာဆိုတာ...
သုံးယောက်သား မဆုံဖြစ်တာအတော်လေးကြာနေပြီမို့ Jimin တွေ့ချင်ပါသည်။
ခံစားချက်တွေ မသိချင်ယောင်ဆောင်ထားရတာ အဆင်ပြေနေတယ်လို့ ပြောလို့ရပါသည်။
ဒီအတိုင်းဆိုရင် အချိန်တစ်ခုရောက်တာနဲ့ Jungkookအပေါ်ထားတဲ့ ခံစားချက်တွေရှင်းရှင်းလင်းလင်း ပျောက်သွားနိုင်ကောင်းပါသည်။
Jungkook လေယာဉ်မတက်ခင် သုံးရက်အလို သူတို့ဆုံဖြစ်ကြသည်။
Tae Hyung နဲ့ Jimin နှစ်ယောက်အရင်ရောက်နှင့်နေတာမို့ ကြက်ကြော်အရင်မှာထားပြီးစားနေကြစဥ်...ဆိုင်ထဲဝင်လာတဲ့ Hoodie အဖြူနဲ့ Jungkook..
မြင်လိုက်တဲ့အချိန် ရင်ထဲ ဒိန်းခနဲ!!
ရင်ဘက်ထဲက အကောင်ကအမှတ်မရှိခုန်လာသည်။ ဘာလဲ ဒီအကောင် မတွေ့ရတဲ့ရက်တွေမှာတော့ ဟုတ်သလိုလိုနဲ့...
လမ်းတစ်ဖက်စီနေကြပေမဲ့ သူရှောင်နေတော့မတွေ့ဖြစ်တာကြာနေပြီမို့ ခုပြန်တွေ့ ခုရင်ခုန်သည်။
ဟူးးးအတော်မလွယ်ပါလား။
"စားတောင်နေကြပြီလား မင်းတို့က"
"အေး ဟုတ်တယ်"
"ထပ်မှာလေ ငါကျွေးမှာ"
"အသားကုန် စားပေးမှာမို့စိတ်ချ ဟေ့ကောင်"
"Jimin အအေးထပ်မှာလေ...ဟမ်ဘာဂါရောစားအုံးမလား"
"ငါတော်ပြီ "
"စားစမ်းပါ မင်းကလည်း"
ကောင်တာမှာ သူ့သဘောနဲ့အအေးရော ကြက်ကြော်နဲ့ ဘာဂါတစ်ခုပါမှာလာသည်။
"ရော့ "
"အင်း ကျေးဇူး"
သူတို့နှစ်ယောက်ကြား အရင်ကထက်အေးစက်စက်ဖြစ်သွားတာကိုတော့ ငြင်းမရ။
ကြက်ကြော် စားနေကြရင်း
Jimin ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ Yoongi Hyung...
Ring!!Ring!!
"Hello Hyung"
"....."
"တကယ်လား Hyung"
"....."
"ဟုတ် Hyung လာရင်ကျွန်တော့်ကိုဖုန်းဆက်လိုက်လေ"
"....."
"ဟုတ်ကဲ့ဗျ"
ပြုံးရယ်နေလိုက်တာ ဘာရီစရာပါလို့လဲ...မြင်ရတာတွေအဆင်မပြေ ။ Park Jiminတို့များ သူ့ကျရှောင်နေပြီး ဒီလူနဲ့ကျတော့ပြုံးရယ်နေသည်။
အရွဲ့တိုက်ချင်တဲ့ စိတ်ကလေးကခေါင်းပြူလာသည်။
နံပါတ်တစ်ခုဆီ စာရိုက်ပို့လိုက်သည်။
"ငါ နိုင်ငံခြားမသွားခင်အသိပေးစရာရှိတယ်"
"အေး ပြောလေ"
"ခဏနော် ငါပြန်လာခဲ့မယ်။ ဒီနားရောက်ပြီဆိုလို့သွားခေါ်လိုက်အုံးမယ်... မလာရင်စိတ်ဆိုးနေအုံးမယ်"
"ဘယ်သူမို့လို့လဲ မင်းဟာက"
Tae Hyung ကစကားဝင်ထောက်သည်။
"ပြန်လာခဲ့မယ် ခဏပဲ"
သူ့စကားပြောပုံကို ကြားပြီးကတည်းက Jiminစိတ်ထဲထင့်သွားသည်။
မဟုတ်မှ သူ့သဘောကျနေတဲ့တစ်ယောက်လား...?
ယောကျာ်းလေး အသိသူငယ်ချင်းလည်းဖြစ်နိုင်တာမို့ လျှောက်မတွေးနဲ့ Jimin...
မိနှစ်နှစ်ဆယ်လောက်ကြာတော့ ပြန်ရောက်လာသည်။
ထင်နေတဲ့အတိုင်းပဲ အမျိုးသမီးတစ်ယောက်နဲ့ လက်ချင်းကိုင်ပြီး ဆိုင်ထဲအတူဝင်လာသည်။
ရင်ဘက်ထဲ အောင့်တက်လာပြီး မျက်နှာတွေပါ ပူတက်လာသည်။
ဒါဘယ်လိုခံစားချက်မျိုးလဲ?
ကိုယ့်ကို သဘောမကျဘူးဆိုတာလည်း သိသည်။
အဲ့အခြေအနေကို လက်ခံလို့ရပါသည်။
သူ့အပေါ်ထားတဲ့ Jiminရဲ့သဘောထားကိုလည်းသိနေပါလျက်နဲ့ ခုကတမင် ခေါ်ပြီးပြတာလား?
"Jimin မင်း အဆင်ပြေရဲ့လား"
"အင်း ပြေတာပေါ့"
Tae Hyung ကြားထဲကနေ Jiminကိုဘယ်လိုနှစ်သိမ့်ရမလဲမသိတော့။
Jungkook လွန်ပါသည်။ Jiminရဲ့သဘောထားကိုသူ မသိတာလည်းမဟုတ်..။
ဝိုင်းကို နှစ်ယောက်လုံးလာထိုင်သည်။
"ဒါ ငါ့ ကောင်မလေးလေ မင်းတို့ကိုအသိပေးတာ"
ထင်ထားတာမှန်နေတာတောင် သူ့ပါးစပ်က ကိုယ်တိုင်ပြောလာတော့ ထိချက်ကနှစ်ဆပိုပြင်းတာပဲ...။
ခုံအောက်ကနေ လက်ကအင်္ကျီစကိုသာ ဖိချေနေမိသည်။
Note_ဒီအပိုင်းကို ရှည်ရှည်လေးရေးပေးထားပါတယ်နော်။
KooChimmy58
Zawgyi
" သူငယ္ခ်င္းဆက္တာလား Jimin"
"ဟုတ္ကဲ့ Hyung"
"ေအာ္...ဒါစားၿပီးရင္ေတာ့ ျပန္ၾကေတာ့မလား"
"ဟင့္အင္း လည္စရာေနရာေတြလိုက္ပို႔ေပးမယ္ Hyung...Busan မွာတုန္းကလည္း ကြၽန္ေတာ့္ကို အမ်ားႀကီးလိုက္ပို႔ေပးတာပဲ ျပန္ၿပီးဧည့္ဝတ္ေက်ရမွာေပါ့ဗ်"
"ဟုတ္ပါၿပီ"
Busan ကိုလာလည္တဲ့အခ်ိန္တုန္းက Jiminက တကယ္ခ်စ္ဖို႔ေကာင္းသည္။ ဆံပင္အုပ္အုပ္ကေလးနဲ႕ အထက္တန္းၿပီးသြားလို႔ တကၠသိုလ္
ေက်ာင္းသား အ႐ြယ္သာဆိုတယ္ တကယ္ကေလးႏွင့္တူသည္။
Yoongi ကိုယ္တိုင္လည္း ေမြးခ်င္းညီအစ္ကိုေမာင္ႏွမ မရွိေတာ့ ညီေလးတစ္ေယာက္ရလိုက္သလိုပင္...။
"ဒါနဲ႕ Jiminတို႔ေက်ာင္းေတြ တက္ရေတာ့မွာမလား"
"ဟုတ္တယ္ Hyung...တစ္လေလာက္ပဲလိုေတာ့တာ"
"တကၠသိုလ္ ေက်ာင္းသားႀကီးကိုဂုဏ္ျပဳတဲ့အေနနဲ႕ ဒီဝိုင္းက Hyungရွင္းမယ္"
"ဟာ မဟုတ္တာ ကြၽန္ေတာ္ေကြၽးမွာလို႔အရင္ေျပာထားတာကို"
"ေနာက္တစ္ေခါက္ ျပန္ေကြၽးေပါ့။ ဒီတစ္ေခါက္
Busan ျပန္ၿပီးရင္ အကို႔အလုပ္အသစ္ကSeoulမွာဘဲ ဆက္လုပ္ျဖစ္ေတာ့မွာ"
"အဲ့လိုလား ကြၽန္ေတာ္ျပန္ေကြၽးမွာမို႔ ဆက္ဆက္လာခဲ့ေနာ္"
"ဟုတ္ပါၿပီ "
"ဟင္ Jimin"
"ေအာ Tae Hyung"
"ငါဆိုင္အျပင္ကေန ၾကည့္ေနတာမင္းနဲ႕တူပါတယ္လို႔...မုန့္လာစားတာလား ဒီလူကေရာ?"
"ငါ Busanသြားတုန္းက ခင္လာတဲ့ Yoongi Hyung တဲ့ Hyung သူကကြၽန္ေတာ့္ သူငယ္ခ်င္း
Kim Tae Hyung "
"ေတြ႕ရတာ ဝမ္းသာပါတယ္ "
"ဟုတ္ကဲ့ ကြၽန္ေတာ္လည္းေတြ႕ရတာဝမ္းသာပါတယ္ဗ်"
"မင္းေရာ ဘာလာလုပ္တာလဲ အတူတူဝင္စားသြားပါလား"
"ဟို..."
"တစ္ခါတည္းစားသြားလိုက္ပါ...ရင္းႏွီးတဲ့အထိမ္းအမွတ္အေနနဲ႕ အကိုေကြၽးပါမယ္"
"ဟုတ္ကဲ့ဗ်"
ဒီလူ အေတာ္ေလးၾကည့္ေကာင္းတာပဲ။ အသားျဖဴတာေတာင္ အျခားသူေတြနဲ႕မတူ ႏွင္းခဲလို
ေဖြးစြတ္ေနတာမ်ိဳး။
Ring!! Ring!!Ring!!
"ခဏေနာ္ ဖုန္းသြားေျပာလိုက္အုံးမယ္ဗ်"
"ရပါတယ္ ေအးေဆးေျပာပါ"
ဝိုင္းနဲ႕ နည္းနည္းေဝးတဲ့ဘက္ခဏထြက္လာခဲ့သည္။
"ေအး Jungkook ေျပာ!!"
"မင္း အိမ္မွာလား Tae Hyung"
"မဟုတ္ဘူး ငါအျပင္မွာ "
"ငါမနက္အေစာတည္းက Jiminတို႔အိမ္သြားတယ္..သူ Busanမွာရင္းႏွီလာတဲ့အကိုနဲ႕ထြက္သြားတယ္တဲ့ အိမ္မွာမရွိဘူး"
"ဟုတ္တယ္ ငါခုJiminတို႔နဲ႕မုန့္စားေနတာ"
"Jiminတို႔...ဟုတ္လား"
"ေအးေလ ခပ္ေခ်ာေခ်ာအကိုတစ္ေယာက္လည္းပါတယ္။ Idol ေတြလို႐ုပ္ရည္မ်ိဳးကြာ အေတာ္ေလးကိုၾကည့္ေကာင္းတာ.."
"ဘယ္ဆိုင္လဲ ငါ့ကို location ပို႔ေပးလိုက္"
"ဟမ္ !!ဟမ္...ငါေသခ်ာမၾကားရဘူးဘာေျပာတာလဲကြ...ဖုန္းလိုင္းေတြမေကာင္းဘူး"
"Location ပို႔ေပးလို႔ ....ၾကားလား ေဟ့ေကာင္"
"မၾကားဘူး ေဟ့ေကာင္"
ဖုန္းကိုင္ထားတဲ့ လက္ကိုေရွ႕ထုတ္ၿပီး မၾကားဘူးလုပ္ေနတဲ့ Tae Hyung ကိုေတာ့ ေဘးဝိုင္းကလူေတြက လွည့္ၾကည့္လွည့္ၾကည့္ လုပ္ေနၾကသည္။
ဒီလူ ဘာလားေပါ့ဆိုတဲ့ အၾကည့္မ်ိဳးေတြႏွင့္။
"ဒီတစ္ခါေတာ့ မင္းအလွည့္ေပါ့ Jungkook ရယ္
ကိုယ့္ခံစားခ်က္ကိုယ္သိေအာင္ ေသခ်ာစဥ္းစားၾကည့္ "
"ေစတနာနဲ႕ ငါAirplane modeေလးပါတင္ထားေပးလိုက္မယ္ေနာ္ သူငယ္ခ်င္းေလး ဟဲဟဲ"
လူႀကီးမင္း ေခၚဆိုေသာဖုန္းမွာဆက္သြယ္၍မရပါသျဖင့္...
"ဘာလဲဟ ဒီဖုန္း ခုနကေတာ့ တန္းခနဲဝင္ၿပီးေတာ့..ေတာင္ကိုရီးယားက ဖုန္းလိုင္းေတြဘာျဖစ္ခ်င္ေနတာလဲ ေတာက္!!"
ဟိုဘက္က Airplane modeတင္သြားတာကိုမသိဘဲ ဘာမွမဆိုင္တဲ့ ဖုန္းလိုင္းကိုဘလိုင္းႀကီးအျမင္ေစာင္းေနတဲ့ Jeon Jung Kook ရယ္နဲ႕ Airplane modeတင္ၿပီး ေက်နပ္ေနတဲ့ Kim Tae Hyungနဲ႕ေတာ့ သူ႕ဟာနဲ႕သူအဆင္ေျပေနၾကပါသည္။
___________________
သူတို႔ေတြတကၠသိုလ္ တက္ဖို႔လဝက္ေလာက္ပဲလိုေတာ့သလို Jungkookလည္း နိုင္ငံျခားသြားဖို႔ရက္နီးေနၿပီျဖစ္သည္။
Jimin ကအရင္လို Jungkookကို ေရွာင္ေနဆဲ...Jungkook ကလည္း ဘယ္လိုရွင္းျပရမလဲမသိတာနဲ႕ မသိခ်င္ေယာင္ေဆာင္ထားဆဲ...။
Group chat!!
JK: ၾကက္ေၾကာ္ဆိုင္မွာ ေတြ႕ၾကရေအာင္ ငါမသြားခင္..
TH: အိုေခ ဘရို
JM: ဘယ္ဆိုင္လဲ?
စကားေတာ့ျပန္ေျပာေသးသားပဲ
JK: ငါ location ပို႔ေပးလိုက္မယ္
စာကိုေတာ့ seenျပသြားၿပီး ဘာမွျပန္မေျပာေတာ့ေပ။ ေခ်သြားလိုက္တာဆိုတာ...
သုံးေယာက္သား မဆုံျဖစ္တာအေတာ္ေလးၾကာေနၿပီမို႔ Jimin ေတြ႕ခ်င္ပါသည္။
ခံစားခ်က္ေတြ မသိခ်င္ေယာင္ေဆာင္ထားရတာ အဆင္ေျပေနတယ္လို႔ ေျပာလို႔ရပါသည္။
ဒီအတိုင္းဆိုရင္ အခ်ိန္တစ္ခုေရာက္တာနဲ႕ Jungkookအေပၚထားတဲ့ ခံစားခ်က္ေတြရွင္းရွင္းလင္းလင္း ေပ်ာက္သြားနိုင္ေကာင္းပါသည္။
Jungkook ေလယာဥ္မတက္ခင္ သုံးရက္အလို သူတို႔ဆုံျဖစ္ၾကသည္။
Tae Hyung နဲ႕ Jimin ႏွစ္ေယာက္အရင္ေရာက္ႏွင့္ေနတာမို႔ ၾကက္ေၾကာ္အရင္မွာထားၿပီးစားေနၾကစဥ္...ဆိုင္ထဲဝင္လာတဲ့ Hoodie အျဖဴနဲ႕ Jungkook..
ျမင္လိုက္တဲ့အခ်ိန္ ရင္ထဲ ဒိန္းခနဲ!!
ရင္ဘက္ထဲက အေကာင္ကအမွတ္မရွိခုန္လာသည္။ ဘာလဲ ဒီအေကာင္ မေတြ႕ရတဲ့ရက္ေတြမွာေတာ့ ဟုတ္သလိုလိုနဲ႕...
လမ္းတစ္ဖက္စီေနၾကေပမဲ့ သူေရွာင္ေနေတာ့မေတြ႕ျဖစ္တာၾကာေနၿပီမို႔ ခုျပန္ေတြ႕ ခုရင္ခုန္သည္။
ဟူးးးအေတာ္မလြယ္ပါလား။
"စားေတာင္ေနၾကၿပီလား မင္းတို႔က"
"ေအး ဟုတ္တယ္"
"ထပ္မွာေလ ငါေကြၽးမွာ"
"အသားကုန္ စားေပးမွာမို႔စိတ္ခ် ေဟ့ေကာင္"
"Jimin အေအးထပ္မွာေလ...ဟမ္ဘာဂါေရာစားအုံးမလား"
"ငါေတာ္ၿပီ "
"စားစမ္းပါ မင္းကလည္း"
ေကာင္တာမွာ သူ႕သေဘာနဲ႕အေအးေရာ ၾကက္ေၾကာ္နဲ႕ ဘာဂါတစ္ခုပါမွာလာသည္။
"ေရာ့ "
"အင္း ေက်းဇူး"
သူတို႔ႏွစ္ေယာက္ၾကား အရင္ကထက္ေအးစက္စက္ျဖစ္သြားတာကိုေတာ့ ျငင္းမရ။
ၾကက္ေၾကာ္ စားေနၾကရင္း
Jimin ဖုန္းျမည္လာလို႔ ၾကည့္လိုက္ေတာ့ Yoongi Hyung...
Ring!!Ring!!
"Hello Hyung"
"....."
"တကယ္လား Hyung"
"....."
"ဟုတ္ Hyung လာရင္ကြၽန္ေတာ့္ကိုဖုန္းဆက္လိုက္ေလ"
"....."
"ဟုတ္ကဲ့ဗ်"
ၿပဳံးရယ္ေနလိုက္တာ ဘာရီစရာပါလို႔လဲ...ျမင္ရတာေတြအဆင္မေျပ ။ Park Jiminတို႔မ်ား သူ႕က်ေရွာင္ေနၿပီး ဒီလူနဲ႕က်ေတာ့ၿပဳံးရယ္ေနသည္။
အ႐ြဲ႕တိုက္ခ်င္တဲ့ စိတ္ကေလးကေခါင္းျပဴလာသည္။
နံပါတ္တစ္ခုဆီ စာရိုက္ပို႔လိုက္သည္။
"ငါ နိုင္ငံျခားမသြားခင္အသိေပးစရာရွိတယ္"
"ေအး ေျပာေလ"
"ခဏေနာ္ ငါျပန္လာခဲ့မယ္။ ဒီနားေရာက္ၿပီဆိုလို႔သြားေခၚလိုက္အုံးမယ္... မလာရင္စိတ္ဆိုးေနအုံးမယ္"
"ဘယ္သူမို႔လို႔လဲ မင္းဟာက"
Tae Hyung ကစကားဝင္ေထာက္သည္။
"ျပန္လာခဲ့မယ္ ခဏပဲ"
သူ႕စကားေျပာပုံကို ၾကားၿပီးကတည္းက Jiminစိတ္ထဲထင့္သြားသည္။
မဟုတ္မွ သူ႕သေဘာက်ေနတဲ့တစ္ေယာက္လား...?
ေယာက်ာ္းေလး အသိသူငယ္ခ်င္းလည္းျဖစ္နိုင္တာမို႔ ေလွ်ာက္မေတြးနဲ႕ Jimin...
မိႏွစ္ႏွစ္ဆယ္ေလာက္ၾကာေတာ့ ျပန္ေရာက္လာသည္။
ထင္ေနတဲ့အတိုင္းပဲ အမ်ိဳးသမီးတစ္ေယာက္နဲ႕ လက္ခ်င္းကိုင္ၿပီး ဆိုင္ထဲအတူဝင္လာသည္။
ရင္ဘက္ထဲ ေအာင့္တက္လာၿပီး မ်က္ႏွာေတြပါ ပူတက္လာသည္။
ဒါဘယ္လိုခံစားခ်က္မ်ိဳးလဲ?
ကိုယ့္ကို သေဘာမက်ဘဴးဆိုတာလည္း သိသည္။
အဲ့အေျခအေနကို လက္ခံလို႔ရပါသည္။
သူ႕အေပၚထားတဲ့ Jiminရဲ႕သေဘာထားကိုလည္းသိေနပါလ်က္နဲ႕ ခုကတမင္ ေခၚၿပီးျပတာလား?
"Jimin မင္း အဆင္ေျပရဲ႕လား"
"အင္း ေျပတာေပါ့"
Tae Hyung ၾကားထဲကေန Jiminကိုဘယ္လိုႏွစ္သိမ့္ရမလဲမသိေတာ့။
Jungkook လြန္ပါသည္။ Jiminရဲ႕သေဘာထားကိုသူ မသိတာလည္းမဟုတ္..။
ဝိုင္းကို ႏွစ္ေယာက္လုံးလာထိုင္သည္။
"ဒါ ငါ့ ေကာင္မေလးေလ မင္းတို႔ကိုအသိေပးတာ"
ထင္ထားတာမွန္ေနတာေတာင္ သူ႕ပါးစပ္က ကိုယ္တိုင္ေျပာလာေတာ့ ထိခ်က္ကႏွစ္ဆပိုျပင္းတာပဲ...။
ခုံေအာက္ကေန လက္ကအကၤ်ီစကိုသာ ဖိေခ်ေနမိသည္။
Note_ဒီအပိုင္းကို ရွည္ရွည္ေလးေရးေပးထားပါတယ္ေနာ္။
KooChimmy58