လမင်းခြေသံ { Completed }

By LinMyatMo23

42.1K 2K 167

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၃၂} (ZAWGYI)

102 5 0
By LinMyatMo23

မာန်က ခင့်ကားနှင့်ပင် အပြင်ထွက်သွားသဖြင့် လှိုင်းသည် ဒေါ်အေးမြတ်မွန် တောင်းဆိုသည့် အတိုင်း မာန့်အတွက် သူ့အကြိုက် ပုစွန်ထုပ်ကို ချက်ပေးနေရသည်။ ဒေါ်အေးမြတ်မွန်ကမူ ဘုရားရှိခိုးမည်ဟု ဆိုကာ အပေါ်ထပ်သို့ တက်သွားသဖြင့် မီးဖိုခန်းထဲ၌ လှိုင်းတစ်ယောက်တည်း ဖြစ်နေသည်။

"ဟာ မွေးနေတာပဲ။ ဒီဟင်းက ကိုကို ကိုယ်တိုင် ချက်ထားတာလား။"

လှိုင်းသည် ပုစွန်ထုပ်ဟင်းအား ပန်းကန်ထဲ ထည့်ကာ ထမင်းစားခန်းထဲ၌ ထားပြီးသည်ဆိုလျှင်ပဲ ကြားလိုက်ရသည့် ခပ်စူးစူး အသံနှင့်အတူ အနားအပြေးရောက်လာသည်ကား ဦးသော်က၏ သမီးဖြစ်သူ။ နာမည်ကတော့ လှိုင်း စိတ်ထဲ ဝိုးတဝါးပါပဲ ... မေရတီ ဆိုလား ၊ မေဝတီ ဆိုလား။ ဒါထက် လှိုင်းကို သည်ကောင်မလေးက "ကိုကို" လို့ ခေါ်လိုက်တာလား။

"ဟုတ်တယ် ..ကျွန်တော် ကိုယ်တိုင် ချက်ထားတာ။ ဘာဖြစ်လို့လဲဗျ။"

ဦးသော်က၏ သမီးမို့ လှိုင်း အပြောအဆိုများပါ ဆင်ခြင်ရသည်။ ခင်ဝတီစံနှင့် ရွယ်တူ ဖြစ်ဟန် ရှိသောကြောင့် ခင်ဝတီစံနှင့် စကားပြောစဉ်က မိမိကိုယ်ကို "ငါ" ဟု သုံးနှုန်းလိုက်သော်လည်း ယခုမူ သူ့ထက် ငယ်မည့်ပုံ ပေါ်သည့် ကောင်မလေးအား လှိုင်း ယဉ်ယဉ်ကျေးကျေး ပြောလိုက်မိသည်။ ထိုအခါ ထိုမိန်းကလေးက နှုတ်ခမ်းကို ဆူကာ -

"ကိုကိုကလည်း ..ဘာကို ကျွန်တော် လဲ။ မေ့ထက် အသက် ၂ နှစ်တောင် ကြီးတဲ့ဟာကို။ ရင်းရင်းနှီးနှီးပဲ ပြောပါ ကိုကိုရဲ့ ..နော်။ မေ့နာမည်ကိုလည်း မှတ်ထားဦး ..မေရတီတဲ့။ ကိုကိုကတော့ မေလို့ပဲ ခေါ်ပေါ့။"

"ကောင်းပါပြီ မေ။ အစ်ကို ဘာလုပ်ပေးရဦးမလဲ။"

"မေက အိပ်ရာနိုးရင် ကော်ဖီ သောက်တတ်တာ ကိုကိုရဲ့။ ဒီအိမ်က အန်တီဝင်းကလည်း ဘယ်ရောက်နေလဲ မသိဘူးနော်။"

"အန်တီဝင်းက အန်းကုန်းနားမှာ နေနေရလို့ မေ။ အစ်ကို ဖျော်ပေးမယ်။ တစ်ခုပဲ ... အစ်ကို့ကို ကိုကို လို့ မခေါ်ပါနဲ့လား။ ဦးတို့ကြားရင်လည်း မသင့်တော်ဘူး။"

"ဟာ မရပါဘူးနော်။ မေက ကိုကို လို့ပဲ ခေါ်ချင်တာ။ ကိုကိုလို့ ခေါ်လည်း ဖေဖေတို့က ဘာမှ မပြောပါဘူး။ ခေါ်မယ်နော် ကိုကိုလို့ပဲ။"

"ဦးတို့ တီမြတ်တို့ ခွင့်ပြုတယ်ဆိုရင်တော့ ခေါ်ပါ မေ။"

"ဖေဖေတို့က ခွင့်ပြပါတယ် ကိုကိုရဲ့။ မေ့စကားတစ်ခွန်းပဲ။"

လှိုင်းလည်း ဘာမှ ထပ်မပြောတော့ဘဲ မေရတီအတွက် ကော်ဖီဖျော်ပေးလိုက်သည်။ နေ့လည်စာ စားချိန်ပင် ရောက်လုတော့မည့် အချိန်မှ အိပ်ရာထသည့် ကောင်မလေးသည် အမှန်တကယ် အလိုလိုက်ခံထားရသည်မှန်း သိသာလှသည်။

"ကိုကို ..ကိုမာန်ရောဟင်။"

မေ့အား လှိုင်းက အငွေ့မသေသေးသည့် ကော်ဖီခွက်ကို ချပေးလာချိန်၌ မေက ဘေးဘီကို ဝေ့ဝဲလျက် တစ်ခုခုကို ရှာဖွေနေဟန်ဖြင့် မေးလာသည်။ ထိုအခါ လှိုင်းသည် မတ်တပ်အနေအထားဖြင့်ပင် မေ၏ အမေးကို ပြန်ဖြေလိုက်သည်။

"ကိုရိပ်က သူ့ချစ်သူနဲ့ အပြင်ထွက်သွားတယ်။"

"ကိုရိပ် ဟုတ်လား။ နာမည်လေးက ခေါ်လို့ကောင်းလိုက်တာ။ မေလည်း ကိုရိပ်လို့ပဲ ခေါ်လို့ ရတယ်မလားဟင် ကိုကို။"

သဘောမတူချင်သော်လည်း လှိုင်းက ဘာတတ်နိုင်မည်နည်း။ မေရတီသည် ဦးသော်က၏ သမီးအရင်းပဲဟာ။ နောက်ပြီး မာန်သည် သူ့အပိုင်မှ မဟုတ်ဘဲ။ သူ့၌ ဘယ်လိုလုပ် မူပိုင် ကန့်သတ်ချက်တွေ ထားဖို့ အခွင့်အရေး ရှိနိုင်မည်နည်း။

"ကိုရိပ် သဘောတူရင်တော့ ခေါ်ပေါ့ မေ။"

"ဟုတ် ..သူ ပြန်ရောက်မှ ခွင့်သွားတောင်းရမယ်။ ဒါနဲ့လေ ..သူက ..ဒေါသကြီးတဲ့ပုံပဲနော်။ မနေ့ကဆို မေမေတို့ကို ပြန်ပြောနေတာများ ကြောက်စရာကြီး။"

ကော်ဖီခွက်ကို ကိုင်ထားရင်း ပုခုံးလေးတွန့်ကာ ပြောလာပုံကတော့ မာန့်ကို အမှန်တကယ် လန့်နေသည့်ပုံပါပဲ။ လှိုင်း စိုးရိမ်သည်ကလည်း မာန့်ကို ဦးသော်က၏ မိသားစုအမြင်၌ ယခုလိုမျိုး တစ်မျိုးတစ်မည် ထင်မှတ်သွားမည်ကိုပင်။ တကယ်တော့ မာန်က သူတို့ ထင်သလို ၊ မြင်သလို ဆိုးသွမ်း ရိုင်းစိုင်း ကြမ်းကြုတ်နေတာမှ မဟုတ်တာ ... နှလုံးသားက ဖြူစင်လွန်းလို့ အပွန်းပဲ့ အထိရှ မခံနိုင်တာ ၊ အစွဲအလမ်း ကြီးလွန်းလို့ အမျက်ဒေါသ ထွက်လွယ်တာ ၊ ဟန်ဆောင်မှုကင်းလွန်းလို့ လူအများအမြင်မှာ ထိန်းမရ ဆိုမရ ပုံစံ ဖြစ်နေတာ။ တကယ်တော့ မာန်က အင်မတန် စိတ်ရှင်းပြီး ဟန်ဆောင်မှု ကင်းကာ တွယ်တာတတ်လွန်းသူမှန်း လှိုင်းလောက် မည်သူက သိနိုင်မည်နည်း။

"ကိုရိပ်က ဒေါသကြီးတာ မဟုတ်ဘူး မေ။ မနေ့ကကိစ္စကလည်း သူ ဝမ်းနည်းလို့ ဖြစ်သွားရတာ။ ကိုရိပ်က ဦး ရန်ကုန် ပြန်လာမှာကို အချိန်တိုင်း စောင့်နေခဲ့တာ။ ဒါမဲ့ ခုလိုမျိုး မေတို့ပါ ပါလာတော့ ..သူ ချက်ချင်း အမှန်တရားကို လက်မခံနိုင်သေးတာ။ ကိုရိပ်က တကယ်တော့ စိတ်ထားကောင်းပါတယ် မေ။ ဦးနဲ့အတူ နေခဲ့ရတဲ့အချိန် နည်းပေမဲ့ ဆိုးသွမ်းလာခဲ့တာ ကလေး မဟုတ်ဘူး။ အန်းမားတို့ ထိန်းကွပ်မှုအောက်မှာ ကောင်းကောင်းမွန်မွန် ထူးထူးချွန်ချွန်နဲ့ ကြီးပြင်းလာခဲ့တဲ့သူပါ။ မေ ကိုရိပ် အကြောင်း သေချာ မသိသေးဘဲ ..အပြစ်တင်မစောစေချင်ဘူး။"

လှိုင်း၏ အကြည့်တို့၌ လေးနက်မှုတို့ နေပျော်နေပြီး မျက်နှာထားသည်လည်း တည်ကြည်မှုဖြင့် အရှိန်အဝါတစ်ခုအောက် ကိန်းအောင်းနေသည်။ အနိမ့်အမြင့် အတက်အကျ မရှိသော လေယူလေသိမ်းသည် ဒေါသကို ရည်ညွှန်းနေသည်လား မေရတီ မပြောတတ်ပေမဲ့ လှိုင်းကို ကြည့်ရတာ လေးနက်လွန်းနေသလိုပဲ။

"ဆောရီးပါ ကိုကိုရယ်။ မေက အဲ့သဘော ပြောတာ မဟုတ်ပါဘူး။ မေ့ကို စိတ်မဆိုးပါနဲ့နော်။"

"အစ်ကိုလည်း တောင်းပန်ပါတယ် မေ။ မေ့ကို ပြောတာ လေသံမာသွားတယ်။ အစ်ကို မေ့ကို စိတ်မဆိုးပါဘူး။ ဒီတိုင်း ..ကိုရိပ်ရဲ့ စိတ်ကို သိစေချင်ရုံပါ။"

"ဟုတ် ကိုကို။ မေ နောက်တစ်ခါ ဒီလို ထပ်မပြောတော့ပါဘူးနော်။ ကိုကို ..မေ တစ်ခုလောက် မေးလို့ရမလားဟင်။"

"ဘာများလဲ မေ။"

"ကိုကို့မှာ ..ချစ်သူရှိလား။"

"မရှိဘူး"

"ဒါဖြင့် သဘောကျနေတဲ့ မိန်းကလေးရော ရှိလားဟင်။"

"မရှိဘူး"

"တကယ်လား။"

"အင်း ..အစ်ကို့ကို ဘာလို့ မေးတာလဲ။"

"ဩ ဘာရယ် မဟုတ်ပါဘူး။ မေက ဒီတိုင်း သိချင်လို့။"

"မေလေး"

"ဟာ အန်းမား။"

ထမင်းစားခန်းထဲ ဝင်လာသည့် ဒေါ်သီတာကြောင့် မတ်တပ်ရပ်နေသည့် လှိုင်း၏ ကျောရိုးသည် ရုတ်ချည်း ဆန့်တန်းသွားလေသည်။ လှိုင်းကို မြင်သည်နှင့် ကွက်ခနဲ ပျက်သွားသည့် မျက်နှာသည် အမှန်စင်စစ် အလိုမကျဖြစ်သွားဟန်ကို ပေါ်လွင်စေသည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ လှိုင်းသံစဉ်။"

"မေက ကော်ဖီသောက်ချင်တယ် ဆိုလို့ပါ အန်းမား။"

"ကော်ဖီက ရပြီမလား။ သွား ..အန်းကုန်းဆီ သွားလိုက်။ ဝင်းဝင်းကို ထမင်း ဟင်းတွေ လာချခိုင်းတော့။"

"ဟုတ်ကဲ့ အန်းမား။"

လှိုင်းသည် ထမင်းစားခန်းထဲမှ တည်တည်ငြိမ်ငြိမ်သာ ထွက်ခွါသွားလေသည်။ လှိုင်း၏ ကျောပြင်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ပြီးမှ ဒေါ်သီတာသည် မေနှင့် တစ်ခုံကျော်ရှိ ခုံအလွတ်တွင် ဝင်ထိုင်ကာ -

"မေလေး မြေး ..အန်းမား ပြောစရာ ရှိတယ်။"

"ဟုတ် ပြောလေ အန်းမား။ သမီး နားထောင်နေတယ်။"

"သမီး လှိုင်းသံစဉ်နဲ့ ဝေးဝေးနေပါ မေလေး။ လှိုင်းနဲ့ ရင်းရင်းနှီးနှီး နေတာ အန်းမား မကြိုက်ဘူး။"

"ဘာဖြစ်လို့လဲ အန်းမားရဲ့။ ကိုကိုက သဘောကောင်းမဲ့ပုံပါပဲ။"

"ကိုကို ? မေလေး ..သူစိမ်းယောင်္ကျားလေးတစ်ယောက်ကို ကိုကိုလို့ မခေါ်ရဘူးလေ။ သူ့ကို ကိုလှိုင်းလို့ပဲ ခေါ်ချင် ခေါ်။"

"အန်းမားကလည်း ..သမီးက ကိုကိုလို့ပဲ ခေါ်ချင်တာကို။"

"မေလေး ..အန်းမားစကားကို နားထောင်ပါကွယ်။ သမီးက လိမ္မာပါတယ် ..ကိုလှိုင်းလို့ပဲ ခေါ်နော်။"

"ဟုတ်"

မေ လက်မခံချင်သော်ငြား ဒေါ်သီတာသည် အဖွားအရင်း ဖြစ်နေသည်က တစ်မျိုး ၊ မြေးအဖွားနှစ်ယောက် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးသည်က တစ်ဖုံ မေသည် လှိုင်းအား "ကိုလှိုင်း" ဟု ခေါ်ရန် သဘောတူလိုက်ရသည်။ မေမေကလည်း မေတို့ မောင်နှမနှစ်ယောက်စလုံးကို မာန်နှင့် တည့်အောင် နေပြီး အဖိုးအဖွားများ စကား နားထောင်ရမည်ဟု မန္တလေးမှာကတည်းက တဖွဖွ သွန်သင်နေခဲ့လေရာ မေမေ့စကားကို မေရတီ နားထောင်လိုက်တော့သည်။

"သား ဘုန်းသွင် ..ဘယ်ကနေ ဘယ်လို ရောက်လာတာလဲ။ မာန်လေးနဲ့ လာတွေ့တာလား မြေး။"

ဒေါ်သီတာသည် မေရတီ့ကို နားချပြီးမှ ထမင်းစားခန်းထဲမှ ပြန်ထွက်လာချိန်၌ အိမ်ထဲ ဝင်လာသည့် ပိုင်ဘုန်းသွင်နှင့် ထိပ်တိုက်ဆုံသည်။

"ဟုတ်ကဲ့ အန်းမား။ မာန် သူ့အခန်းထဲမှာလားဗျ။"

"မာန်လေးက အိမ်မှာ မရှိဘူး သားရဲ့။ ခုနကလေးတင် အပြင်ထွက်သွားတယ်။"

"ဒါဆို လှိုင်းရော ပါသွားတာပေါ့နော် အန်းမား။"

"မပါသွားပါဘူးကွယ်။ နေဦး အန်းမား ခေါ်ပေးမယ် ..လှိုင်းသံစဉ် ..လှိုင်းသံစဉ် ..."

"ဗျာ အန်းမား။"

လှိုင်းသည် ထူးသံတစ်ခုနှင့်အတူ ဒေါ်သီတာတို့ အခန်းထံမှ ထွက်လာသည်။

"ဒီမှာ ဘုန်းသွင် ရောက်နေတယ်။ ငါ အန်းကုန်းနား သွားနေလိုက်မယ်။ မင်းတို့ ပြောစရာ ရှိတာ ပြောကြ။"

"ဟုတ်ကဲ့အန်းမား။"

ဒေါ်သီတာ အခန်းထဲသို့ ဝင်သွားမှ လှိုင်းလည်း သက်ပြင်းကို လွတ်လွတ်လပ်လပ် ချနိုင်သည်။

"ဘုန်းသွင် ..ကိုရိပ်နဲ့ လာတွေ့တာလား။"

"မဟုတ်ဘူး။ မင်းဆီ လာတာ။"

"ငါ့ဆီ ?"

"ဟုတ်တယ် ..မင်း ဂိုက်လုပ်မဲ့ ကိစ္စလေကွာ။ ငါ့အမေ အသိရဲ့ ကလေးက ဒီနှစ် ၉ တန်းစတက်မှာ။ ငါတို့တုန်းကလို စာကျက်ဝိုင်းလည်း သွားတယ်။ ဒါမဲ့ အဲ့အန်တီရဲ့ သားက သူ့အနားမှာ ထိန်းပေးမဲ့သူ ရှိမှ စာကျက်တာဆိုတော့ မင်းနဲ့ဆို အဆင်ပြေလောက်မယ် ထင်လို့။ မင်းဘက်က ဘာမှ သိပ်မလုပ်ပေးစရာ မလိုဘူး လှိုင်း ..ဒီတိုင်း သူ့နား ထိုင်ပြီး စာမေးပေးရုံပဲ။ မင်း လုပ်မယ်မလား။"

"လုပ်ချင်တယ် ဘုန်းသွင်။ ငါ့အဖေအကြွေးတွေကလည်း ရှိသေးတယ်။ မနေ့ကတောင် အိမ်ကို ဘာမှ ပြောခဲ့ရတာ မဟုတ်ဘူးဆိုတော့လေ။ ဒါမဲ့ ..ဦးတို့က ခွင့်ပြုပါ့မလား မသိဘူး။"

"အဲ့တာဆို ဦးကို ခွင့်သွားတောင်းမယ်လေ လှိုင်း။ ကလေးမိဘနဲ့ မင်းနဲ့ကို တွေ့ပေးဖို့ ငါ ချိန်းထားသေးတယ်။"

"ဦးက အလုပ်သွားပြီ ဘုန်းသွင်ရ။ တီမြတ်တော့ ရှိတယ်။"

"ဒါဆိုလည်း တီမြတ်ကိုပဲ သွားခွင့်တောင်းရအောင်လေ။"

"ကိုလှိုင်းက ဂိုက်လုပ်မလို့လား"

ဘယ်အချိန်ကတည်းက ချောင်းနားထောင်နေသည် မသိရသည့် မေရတီသည် ရုတ်တရက် ကျောခိုင်းထားရာနောက်ဘက်မှ ဘွားခနဲ ပေါ်လာသည်မို့ ဘုန်းသွင်ရော လှိုင်းပါ နှလုံးပြုတ်မတတ် လန့်သွားရသည်။ အိမ်နေရင်း အဝါရောင် ဝမ်းဆက်ကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည့်တိုင်အောင် မေရတီသည် ကလေးဆန်ဆန် နုနယ်သည့် အသွင်အပြင်ကြောင့် ချစ်စရာကောင်းနေလေသည်။ ဒါနဲ့ မေက လှိုင်းကို "ကိုလှိုင်း" လို့ ခေါ်လိုက်တာမလား။ ဒေါ်သီတာကြောင့်လည်း ခေါင်းမာသော ကလေးမလေး၏ အခေါ်အဝေါ်တွေ ပြောင်းလဲကုန်သည် ထင်ပါရဲ့။

"စိတ်ချပါ အန်းမားရာ။ နန်းနန်းကိုရော မေ့ကိုပါ ကျွန်တော် စိတ်နဲ့တောင် မပြစ်မှားပါဘူးဗျာ။"

"ဟုတ်တယ် မေ။ အစ်ကို ဂိုက်လုပ်ပြီး အပိုဝင်ငွေလေး ရအောင် လုပ်မလို့။"

"ဒါဖြင့် မေ့ရဲ့ ဂိုက် လုပ်ပေးလေ ကိုလှိုင်း။ မေကလည်း အနားမှာ တစ်ယောက်ယောက် ရှိမှ စာကျက်တတ်တာ။ နောက်ပြီး စာကျက်ပျင်းတော့ ကိုလှိုင်း ထိန်းပေးမှ ဖြစ်မှာ။ နော် ကိုလှိုင်း ..မေ့ ဂိုက်လည်း လုပ်ပေးနော်။"

"အဲ့တာက ..."

"ဒီက အစ်ကိုက ကိုလှိုင်းတို့ သူငယ်ချင်းပဲမလားဟင်။ မေ မနေ့က တွေ့တယ် ..နှုတ်ဆက်မလို့ဟာကို အစ်ကိုက မြန်မြန် ထွက်သွားတာကို။ မေ့နာမည်က မေရတီပါ။ အစ်ကိုနာမည်ကရော။"

"ပိုင်ဘုန်းသွင် ..ကိုဘုန်းသွင်လို့ပဲ ခေါ်ပါ မေ။"

"ကိုဘုန်းလို့ပဲ ခေါ်မယ်လေနော် ကိုဘုန်း။ ခု ကိုဘုန်းတို့က မေမေ့ဆီမှာ သွားခွင့်တောင်းမလို့မလား။ မေ ပြောပေးမယ်။ မေမေက ခွင့်ပြုရင်တော့ မေ့ရဲ့ ဂိုက် လုပ်ပေးရမှာနော် ကိုလှိုင်း။"

မေရတီက ပြောပြီးသည်နှင့် အိမ်ပေါ်ထပ်သို့ သွက်လက်စွာ တက်သွားသည်မှာ ခွန်အားအပြည့်နှင့် သိမ်းငှက်တစ်ကောင်လို အားအင်အပြည့်ဖြင့် တက်ကြွနေသော်လည်း လွတ်လပ်သော သွင်ပြင်သည်လည်း ပေါ်လွင်နေသေး၏။ ခပ်သွက်သွက် အပေါ်ထပ်သို့ တက်သွားသည့် မေရတီကို ကြည့်ရင်း ဘုန်းသွင်က ခပ်ရေးရေး ပြုံးကာ လှိုင်း ကြားသည်ဆိုရုံမျှ တိုးတိုးဆိုလာသည်။

"မေက တကယ် အသွက်လေးနော် လှိုင်း။ မင်းနဲ့ ဖြစ်ပါ့မလား ..ပုံစံကတော့ မာန့်လို ဂျစ်ကျမဲ့ ပုံပဲနော် ဟေ့ကောင်။"

"မသိတော့ဘူးကွာ ..အကယ်၍ တီမြတ်တို့ ခွင့်ပြုရင်တော့လည်း သူ့ကို ဂိုက်လုပ်ပေးရတော့မှာပေါ့ကွာ။"

လှိုင်းက ခေါင်းတခါခါဖြင့် ရှေ့မှ အရင် အိမ်ပေါ်ထပ်သို့ တက်သွားသည်။ ထိုအခါ ဘုန်းသွင် နောက်မှ လိုက်တက်လာလိုက်သည်။ လှေကားထိပ် ရောက်သောအခါ ဒေါ်အေးမြတ်မွန်နှင့် မေရတီတို့က အောက်ဆင်းတော့မည့် ဟန်ဖြင့်။

"သြ သားတို့က အပေါ်တက်လာတာလား။ တီမြတ်က ခုပဲ အောက်ဆင်းလာမလို့။ လှိုင်းက ဂိုက်လုပ်ချင်လို့ဆို။"

"ဟုတ် တီမြတ် ..ကျွန်တော် အပိုဝင်ငွေလေး ရအောင် လုပ်မလားလို့။ ခု ဘုန်းသွင်ကလည်း ကျောင်းသားတစ်ယောက် ရှိတယ် ပြောလို့ဗျ။ အဲ့တာ တီမြတ်တို့ ခွင့်ပြုရင်တော့ ကျွန်တော် လုပ်ချင်ပါတယ်။"

"ခွင့်မပြုစရာ မရှိပါဘူး သားရယ်။ သားက သမာအာဇီဝကျကျ လုပ်မှာပဲ။ နောက်ပြီး သားရော မာန်လေးရောက ကျောင်းစာမှာ တော်ကြတယ်ဆို။ လုပ်ပါ တီမြတ်ကတော့ အားပေးတယ်။ ကို ညနေ အလုပ်ပြန်လာရင်လည်း တီမြတ်ပဲ ပြောပြလိုက်မယ်။"

"ဟုတ်ကဲ့ တီမြတ်။ ကျေးဇူးတင်ပါတယ်ဗျ။"

"သား အဆင်ပြေမယ်ဆို သမီးလေးရဲ့ ဂိုက်ပါ လုပ်ပေးပါလား လှိုင်း။ မင်းညီမက စာဆို မလုပ်ချင်ဘူး ..တီမြတ်လည်း တစ်ချိန်လုံးကျ သူ့ကို လိုက်မကြည့်ပေးနိုင်လို့။ တီမြတ် အကူအညီ တောင်းတာပါကွယ် ..သားကိုလည်း တီမြတ် ပိုက်ဆံပေးမှာပါ။"

"မဟုတ်တာ တီမြတ်ရယ် ..ခွင့်ပြုပေးတာနဲ့တင် ကျွန်တော်က ကျေးဇူးတင်ပါတယ်ဗျာ။ ညီမလေးကိုတော့  ကျွန်တော် ပိုက်ဆံမယူပါဘူး တီမြတ်ရယ်။"

"မယူလို့ မဖြစ်ဘူး သား ..သားက သမီးလေးကို ဂိုက်လုပ်ပေးမှာဆိုတော့ တီမြတ်ကလည်း ဒီအရှုပ်ထုပ်လေးကို လိုက်ကြည့်နေစရာ မလို‌တော့လို့ ပေးမှာပါ။ နောက်ပြီး သားက အလုပ်လုပ်မှာဆိုတော့ ပိုက်ဆံကတော့ ယူရမယ်နော် လှိုင်း။"

"မေမေကလည်း သမီးကို အရှုပ်ထုပ်တဲ့။ ကိုလှိုင်း ..မေက အရှုပ်ထုပ် မဟုတ်ဘူး။ မေက ကိုလှိုင်းစကားဆို နားထောင်မှာ သိလား။"

"ဟုတ်ပါပြီဗျာ။ တီမြတ် အဲ့တာဆို ကျွန်တော် လက်ခံပါ့မယ်။"

"တီမြတ် ..ဒါဆို သား လှိုင်းကို ခဏ အပြင်ခေါ်သွားမယ်နော်။ မေမေ့အသိနဲ့ ပေးတွေ့မလို့။"

"ရတယ်လေ သား။ သွား သွား။"

"ဟုတ် ..လှိုင်း အင်္ကျီသွားလဲ။ ငါ အောက်မှာ စောင့်နေမယ်။"

"ကျွန်တော့်ကို ခွင့်ပြုပါဦးဗျ။"

"ကောင်းပါပြီကွယ်။"

"ကိုလှိုင်း ..မေလည်း လိုက်ခဲ့မယ်။"

"ဟဲ့ သမီး ..လှိုင်းက အလုပ်ကိစ္စသွားမှာ။ ဘာလို့ လိုက်ရှုပ်နေမှာလဲ။ သွား ..သားကြီး ခုနကတည်းက သမီးကို မေးနေတာ။"

"ဟာ ..ကိုကြီးကတော့ ဘာတွေ လျှောက်ခိုင်းဦးမလို့လဲ မသိဘူး။"

စိတ်ညစ်သွားဟန်ဖြင့် မေရတီသည် ဇွဲမာန်ဟိန်း၏ အခန်းထဲသို့ ဝင်သွားသည်။ ဘုန်းသွင်ကတော့ ဒေါ်အေးမြတ်မွန်နှင့်အတူ အောက်ထပ်သို့ ဆင်းသွားပြီး လှိုင်းကမူ အခန်းထဲ ပြန်ဝင်လာကာ အင်္ကျီလဲလိုက်သည်။

"ကျွန်တော့်ကို ခွင့်ပြုပါဦးနော် တီမြတ်။"

"ဖြည်းဖြည်းသွားနော် သားတို့။"

"ဟုတ်ကဲ့"

လှိုင်းနှင့် ဘုန်းသွင်သည် မာန့်အိမ်မှ ထွက်လာသည်။ ဘုန်းသွင်က ကားမောင်းတတ်သူပီပီ ကားကို သူကိုယ်တိုင် မောင်းကာ ကလေးမိဘနှင့် ချိန်းထားသည့် နေရာသို့ ခေါ်သွားသည်။ ထိုချိန်းထားသည့် နေရာ မရောက်မချင်း လှိုင်းသည် စကားကို ရေပက်မဝင်အောင် ပြောလာသည်။

"ဘုန်းသွင် ..ငါ ဂိုက်လုပ်မှာကို ကိုရိပ်က ခွင့်ပြုပါ့မလား မသိဘူး။ ငါ သူ့ကို မပြောရဲဘူး။ ဘယ်လိုလုပ်ရမလဲ။"

စကားဝိုင်းကို စဖွင့်လိုက်သည့် အကြောင်းအရာကလည်း မာန်နှင့် စပ်လျဉ်းပတ်သက်နေလေရာ ဘုန်းသွင် စိတ်ပိန်သွားရသည် ... လှိုင်းသံစဉ် ဆိုသည့် ရထားက မာန်ရိပ်မော်ဆိုသည့် ဘူတာကိုပဲ အချိန်တိုင်း ဆိုက်နေတော့သည် မဟုတ်လား။

"ခွင့်ပြုမှာပါကွာ။ မင်းက ခိုးဆိုးလုနှိုက် လုပ်မှာမှ မဟုတ်တာ။ အကယ်၍ သူ သဘောမတူလည်း ငါ ဝိုင်းပြောပေးမယ်။ စိတ်ပူမနေနဲ့။ ဒါနဲ့ အဲ့ကောင်က မင်းကို မခေါ်ဘဲ ဘယ်သွားတာလဲ။"

"သူ့ချစ်သူနဲ့ အပြင်ထွက်သွားတာ။"

"....."

တိုးသဲ့သဲ့ ပြောလာသည့် လှိုင်း၏ စကားသံသည် ကားထဲ၌ မတိုးမကျယ် ပျံ့လွင့်လာချိန်တွင် ဘုန်းသွင်သည် ဘာမှ ထပ်မမေးမိဘဲ ကားမောင်းနေရင်းနှင့် လှိုင်းဘက်သို့ တစ်ချက် ငဲ့စောင်းကြည့်လိုက်မိသည်။ ကားမှန်ကို ကျော်၍ အပြင်ဘက်သို့ ငေးနေသည့်အတွက် ဘုန်းသွင်၏ ကရုဏာအကြည့်တို့ကို လှိုင်း မမြင်လိုက်မိပါချေ။

"ကိုရိပ်က ချစ်သူ ရှိနေပြီတဲ့ ဘုန်းသွင်ရ။ ငါတောင် မနေ့ကမှ သိတာ။ မင်းလည်း မသိသေးဘူးမလား။"

မေးခွန်းတစ်ခုနှင့်အတူ လှိုင်းသည် ဘုန်းသွင်ဘက်ကို လှည့်ကြည့်လာရာ ဘုန်းသွင်သည် ခေါင်းကိုသာ တစ်ချက် ခါပြပြီး အရှေ့တည့်တည့်သို့သာ ကြည့်၍ ကားမောင်းခြင်းအမှုကို အာရုံစိုက်ဟန် ဆောင်လိုက်ရသည်။

"အေးလေ မင်းလည်း ဘယ်သိမှာလဲ။ ကိုရိပ်နဲ့က ဟိုနေ့ကမှ ချစ်သူ ဖြစ်သွားကြတာတဲ့။ ကိုရိပ်ရဲ့ ကောင်မလေးကလေ ..တော်တော်တော့ လှတယ်ကွ။ ကိုရိပ်နဲ့လည်း လိုက်တယ်။ နောက်ပြီး ..ကိုရိပ်ကိုလည်း အရမ်းချစ်တဲ့ပုံပဲ။"

"လှိုင်း ..မင်း အဆင်ပြေရဲ့လား။"

"ဟင် ..ပြေပါတယ် ဘုန်းသွင်ရ။ ငါက ဘာဖြစ်ရမှာလဲ။ အဓိကက ကိုရိပ် စိတ်ချမ်းသာဖို့ပဲလေ။"

"မင်းစိတ်ချမ်းသာဖို့ရော မစဉ်းစားတော့ဘူးလား" ဟု ဘုန်းသွင် မေးလိုက်ချင်သည်။ သို့ပေမဲ့ လှိုင်း၏ ခံစားချက်များကို သိသိလျက်နှင့် ဘာမှ မမေးရက်။ အမြဲတမ်း မာန့်အတွက်သာ ဦးစားပေး စဉ်းစားပေးခဲ့သည့် လှိုင်းကို ဘုန်းသွင် မေးခွန်းတွေနှင့် ထပ်ပြီး မမှိပ်စက်လိုတော့ပေ။ ထို့ကြောင့် နှစ်ဦးသားကြားရှိ လေထုက အချိန်တစ်ခု ရောက်သည်အထိ တိတ်ဆိတ် ခြောက်ကပ်သွားလေသည်။ ဘုန်းသွင်က ကားကိုသာ အာရုံစိုက်၍ ဂရုတစိုက် မောင်းနေပြီး လှိုင်းကမူ အပြင်ဘက် ပတ်ဝန်းကျင်ကိုသာ ငေးမောကြည့်ရင်း အတွေးနယ်ချဲ့နေဟန် တူသည်။ သို့ဖြစ်၍ ချိန်းထားသည့် နေရာ ရောက်သောအခါမှသာ ဘုန်းသွင်နှင့် လှိုင်းသည် လေထုကို စကားလုံးများဖြင့် ပြန်လည် စိုပြေလာစေရသည်။

~~~~~~~~~~~~~~~~~~~~~~~

ခင်က ကားကို ကိုယ်တိုင် မောင်းကာ မာန့်ကို ဈေးဝယ်စင်တာတစ်ခုသို့ ခေါ်သွားပြီး သူမအကြိုက် ပစ္စည်းများနှင့် အဝတ်အစားများ ဝယ်ခြမ်းသည်။ ပိုက်ဆံကိုတော့ တစ်ခါတလေ သူမ ရှင်းပြီး မာန်ကလည်း တစ်ချို့ပစ္စည်းများကိုတော့ ငွေရှင်းပေးလိုက်သည်။ မာန်နှင့် ခင်သည် သမီးရည်းစား ဆိုပေသိ လူကြားထဲ လက်ကိုင်ထားရုံမှ အပ ခင့်ကို မာန် ရင်ခုန်မိသည် ဆိုသော အဆင့်ထက်တော့ မပို။

ခင်သည် စကားလုံးများဖြင့် ညွှန်းဆို၍ မရနိုင်အောင် လှသည်။ ယောင်္ကျားလေးတိုင်း လည်ပြန် ငေးကြည့်ယူရသည်အထိ လှသွေးကြွယ်သူ ဖြစ်၏။ သို့ပေမဲ့ မာန်သည် ခင့်ကို နှစ်နှစ်ကာကာ ရင်နှင့်အမျှ ချစ်သည့် အဆင့်ထိတော့ မရောက်လာသေး။ ဒီတိုင်း ရင်ခုန်သည်ဆိုသော ကန့်သတ်နယ်မြေအောက်၌သာ ရှိနေသေး၏။ တစ်ခု ရှိသည်ကား ခင်နှင့် တွဲလျှောက်သွားသဖြင့် အမျိုးသားထုကြီး၏ အားကျသလိုအကြည့်မျိုးဖြင့် အာရုံစိုက်ခံရခြင်းပင်။ မာန်သည် ထိုသို့သော မိန်းကလေးတစ်ယောက်၏ ချစ်သူ ဖြစ်ရသည်ကို ဂုဏ်ယူသည်။

"ခင် ..ငါ့ကို ခြံရှေ့မှာပဲ ချပေးတော့။"

"ဘာလို့လဲ ကို။ ခင် ခြံထဲထိ လိုက်ပို့မယ်လေ။"

"မပို့နဲ့တော့ ခင်။ ကိုယ့်ဘာသာ ကိုယ်ပဲ လမ်းလျှောက်သွားတော့မယ်။ ငါ သွားပြီနော် ..နောက်မှ တွေ့မယ်။"

မာန်သည် ပြောပြောဆိုဆိုနှင့် သူ ဈေးဝယ်စင်တာမှ ဝယ်ခဲ့သည့် အိတ်အချို့ကို ကိုင်ကာ ခင်၏ ကားပေါ်မှ ဆင်းပြီး ခြံထဲသို့ ဝင်လာလိုက်သည်။ ခြံထဲ၌ ခြေချသည်နှင့် အမြင်မတော်စွာ မြင်ကွင်းထဲ ဝင်ရောက်လာသည်ကား လက်ထဲ ကင်မရာ တကားကားဖြင့် ဇွဲမာန်ဟိန်းဆိုသော မှန်ကြောင်ပင်။ ခြံထဲ ဝင်လာသည့် မာန်နှင့် တစ်ချက် အကြည့်ချင်းဆုံပြီးနောက် မာန်သည် ဟိန်းအား မသိချင်အောင် ဆောင်ကာ လမ်းဆက်လျှောက်လာလိုက်သည်။ သို့သော်လည်း မာန့်အနားသို့ အပြေး ရောက်လာသည့် ဟိန်းကြောင့် မာန်၏ ခြေလှမ်းများ တန့်သွားရသည်။ တစ်ခုခုကို ပြောလိုဟန်ဖြင့် အနားသို့ ရောက်လာသည့် ဟိန်းအား "ဘာလဲ" ဆိုသည့် သဘောဖြင့် မာန် စိုက်ကြည့်လိုက်ရာ -

"ငါ့ညီက ချစ်သူတွေ ဘာတွေတောင် ရနေပြီပဲ။ ဒါက ဘယ်က ပြန်လာတာလဲ မာန်။"

"မင်းနဲ့ ငါနဲ့က ဒီလိုတွေ မေးနေရတဲ့အထိ ရင်းနှီးနေလို့လား။ ငါ့ကိစ္စတွေ လာမပတ်သက်နဲ့ ..ငါ မကြိုက်ဘူး။"

"မာန် ..ငါက မင်းထက် ၁ နှစ်တယ်နော်။ အခေါ်အဝေါ်လေး ပြင်ရင် ကောင်းမယ်။"

"မာန်ရိပ်မော် ဆိုတဲ့ ကောင်က ဘယ်သူ့စကားမှ နားထောင်ခဲ့ဖူးတာ မဟုတ်ဘူး။ အဲ့အတွက် မင်းသဘောအတိုင်း မလုပ်ပေးနိုင်ဘူး။"

မာန်သည် စကားကုန် ပြောပြီးသည်နှင့် သူ့ရှေ့ ပိတ်ရပ်ထားသည့် ဟိန်းကို ကျော်၍ အိမ်ထဲသို့ ဝင်လာလိုက်သည်။ အိမ်ထဲ ရောက်သောအခါ ထမင်းစားခန်းထဲမှ ထွက်လာသည့် ဒေါ်အေးမြတ်မွန်နှင့် ထိပ်တိုက်ဆုံသည်။

"မာန်လေး ပြန်ရောက်လာပြီလား။ သား ထမင်းရော စားပြီးပြီလား။ မစားရသေးရင် တစ်ခါတည်း ဝင်စားလိုက်ပါလား။ တီမြတ် သားအကြိုက် ပုစွန်ထုပ်ဟင်း ချက်ခိုင်းထားတယ်။"

"ဘယ်သူ့ကို ချက်ခိုင်းထားတာလဲ။"

"လှိုင်းကိုလေ မာန်လေးရဲ့။ လှိုင်းက သားကြိုက်တဲ့ ပုံစံ ချက်တတ်တယ်ဆိုလို့။"

"အခု သူ ဘယ်မှာလဲ။"

"လှိုင်းက သားတို့ သူငယ်ချင်း ဘုန်းသွင်နဲ့ အပြင်လိုက်သွားတယ်။ သူ ဂိုက်ပြပေးမဲ့ ကလေးမိဘနဲ့ သွားတွေ့တာ။"

"ဂိုက်ပြပေးမဲ့ ကလေးမိဘ ?"

မာန် စိတ်ထဲ ဘဝင်မကျစွာဖြင့် တန်ပြန်မေးခွန်းတစ်ခုကို မိမိကိုယ်ကိုရော ဒေါ်အေးမြတ်မွန်ကိုပါ မေးလိုက်မိသည်။

"ဟုတ်တယ်လေ မာန်လေး။ သား မသိသေးဘူး ထင်တယ်။ လှိုင်းက အပိုဝင်ငွေ ရအောင် ဂိုက်လုပ်မလို့တဲ့။ ဘုန်းသွင်ကို အကူအညီ တောင်းထားတဲ့ ပုံပဲ။"

"တောက်"

မာန် စိတ်ထဲ အလိုမကျစွာဖြင့် တောက်တစ်ချက် ခေါက်လိုက်ပြီး ဒေါ်အေးမြတ်မွန်ကို လျစ်လျူရှုကာ အိမ်ပေါ်ထပ်သို့ တက်လာလိုက်သည်။ လက်ထဲ ပါလာသည့် ဈေးဝယ်အိတ်များကိုတော့ ဒေါသ၏ အကျိုးဆက်အနေဖြင့် တင်းတင်း ဆုပ်ကိုင်ထားမိသည်။ ဂိုက်လုပ်မည့် အရေးကိစ္စကို မာန့်ကို မပြောဘဲ ပိုင်ဘုန်းသွင်ကိုကျ သကောင့်သားလေးက အကူအညီ သွားတောင်းထားသည်တဲ့လား ... စိတ်တိုချင်စရာ ကောင်းလိုက်တာ။

"ကိုရိပ်"

အပေါ်ထပ်ရှိ အခန်းထဲ ဝင်မည်အပြု ၊ နားထဲ ကြားလိုက်ရသည့် ခေါ်သံကြောင့် မာန်သည် စက္ကန့်မလပ်ပါဘဲ အသံလာရာသို့ လှည့်ကြည့်လိုက်မိသည်။ ကြားလိုက်ရသည့် ခေါ်သံသည် မိန်းကလေး၏ အသံ ဖြစ်နေသည်ကား မဆန်းကြယ်သော်လည်း အခေါ်အဝေါ်က "ကိုရိပ်" ဖြစ်နေသည်ကတော့ ဆန်းကြယ်၏။ မာန် နားကြားမှားသည် မဟုတ် ... ပါပါး၏ သမီး နှုတ်မှ ခေါ်လိုက်သည့် နာမသည် "ကိုရိပ်" ဟူ၍ ပီပီသသ ခေါ်လိုက်ခြင်း ဖြစ်၏။

"မင်းကို ဘယ်သူက အဲ့လို ခေါ်ခိုင်းလို့လဲ မေရတီ။"

"ကိုလှိုင်းက အစ်ကို ခွင့်ပြုရင် ခေါ်တဲ့။"

"ဘာ ..လှိုင်းသံစဉ်က။"

"ဟုတ်တယ် ..မနက်က သူက အစ်ကိုကို့ ကိုရိပ်လို့ ခေါ်လို့ မေလည်း လိုက်ခေါ်ချင်လို့ ခွင့်တောင်းတော့ အစ်ကို သဘောတူရင် ခေါ်လို့ ပြောတယ်။ မေ အစ်ကို့ကို ကိုရိပ်လို့ ခေါ်လို့ရတယ်မလားဟင်။"

"မရဘူး။ အဲ့လို မင်းမှာ ခေါ်ခွင့် မရှိဘူး။ ငါ့ကို ခေါ်ချင်ရင် ကိုမာန်လို့ပဲ ခေါ်။"

မာန် ပြောပြီးသည်နှင့် အိပ်ခန်းထဲ ဝင်လာကာ တံခါးကို လော့ခ်ချထားလိုက်သည်။ သူ၏ စိတ်အစဉ်သည် ဒေါသထွက်သည့်အဆင့်ထက် အဆမတန် ကျော်လွန်နေလေပြီ။ ရာရာစစ မာန့်ကိုများ "ကိုရိပ်" တဲ့လေ ... ရဲတင်းလိုက်ပုံများ။ သူက ဘာမို့လို့ မာန့်ကို "ကိုရိပ်" လို့ ခေါ်ရတာလဲ။ ထိုနာမက လှိုင်းသံစဉ်တစ်ယောက်တည်းအတွက်ဆိုတာ သူမ မသိဘူးလား။ ဒါထက် လှိုင်းသံစဉ်ကရော ဘာလို့ "ကိုရိပ်" လို့ ခေါ်မှာကို မတားရတာလဲ။ နောက်ပြီး ဂိုက်လုပ်မဲ့ ကိစ္စကိုလည်း သူ့ဘက်က မာန့်ကို အရင်ဦးဆုံး ပြောသင့်တာ မဟုတ်ဘူးလား။ ဘာလို့ မဆီမဆိုင် ပိုင်ဘုန်းသွင်ကိုကျ အကူအညီတောင်းပြီး မာန့်ရှေ့မှာကျ တစ်ခွန်းမှ မဟရတာလဲ။ မေးခွန်းပေါင်းများစွာကြား မာန်ရိပ်မော် တစ်ယောက် လမ်းပျောက်နေရသည်။ ထိုမေးခွန်းများကို ပေါက်ဖွားစေသူကတော့ သေချာပေါက် လှိုင်းသံစဉ်ပဲပေါ့။

မာန်သည် စိတ်တွေ အစိုးမရနိုင်အောင် လွင့်နေသဖြင့် လက်ထဲ ကိုင်ထားသည့် ဈေးဝယ်အိတ်များကို ခုတင်ပေါ်သို့ ပစ်တင်ကာ ဗီရိုအံဆွဲကို ဖွင့်လိုက်သည်။ ထို့နောက် မာန့်မာမား၏ ပစ္စည်းများ ထည့်ထားသော ဘူးအောက်ရှိ စာအိတ်တစ်ချို့ကို ယူကာ ဗီရိုရှေ့မှာတင် တင်ပျဉ်ခွေ ထိုင်ချကာ စာအိတ်များကို တစ်ခုချင်း ဖွင့်ဖတ်လိုက်သည်။ ဤစာများသည် လွန်ခဲ့သည့် ရက်များက လှိုင်း သူ့အိမ်ကို ပြန်သွားစဉ်အခါက မာန့်ကို နေ့စဉ် ရေးပြီး တံခါးကြား ညှပ်ထားခဲ့သည့်စာများ ဖြစ်၏။ မာန့်ကို အမျက် ထွက်စေသူက လှိုင်းသံစဉ် ဆိုသော်လည်း မာန်၏ ဒေါသများကို ချုပ်ငြိမ်းအောင် လုပ်နိုင်သူဟာလည်း လှိုင်းသာလျှင် ရှိ၏။

မာန့်ကို "ပန်ဒါ" ဟု ပြောသည့်သူ ဟူ၍လည်း ပုတက်လေးသာ ရှိသည်။ အရူးကောင်လေး ... လူကိုများ ပန်ဒါတဲ့။ ထိုသို့ အခေါ်ခံရသည်ကို မာန် မကျေနပ်သော်လည်း နှုတ်ခမ်းများကတော့ ဆန်းကြယ်စွာ တွန့်ကွေးနေလေသည်။ တစ်ချိန်တည်းမှာပင် လှိုင်းသည် ဘုန်းသွင်နှင့်အတူ အပြင်ထွက်သွားသည် ဆိုသော အသိသည် မာန့်အပြုံးတို့ကို ပြန်လည် မှေးမှိန်သွားစေသည်။ ဘာကြောင့် ရင်ထဲ တစ်မျိုး ဖြစ်နေမှန်း မသိပေမဲ့ မာန်သည် လှိုင်းကို မာန် မဟုတ်သည့် မည်သူနှင့်မှ ယှဉ်တွဲမတွေ့စေလို။ မာန်မဟုတ်သည့် တခြားသော သူများနှင့် လက်ပွန်းတတီး နေနေမည်ကို စိုးရိမ်သည်။ ကျန်သည့်သူ မဆိုထားနှင့် ၊ မိုးထက်နှင့် ဘုန်းသွင်ကိုပင် လှိုင်းနား မကပ်စေလို။

လှိုင်းသည် မာန့်ထက်စာလျှင် ရိုးသားသည်။ ကျောင်းတုန်းကဆိုလျှင်လည်း သူ့ကို ရှိတ်နေသည့် မိန်းကလေးများ ရှေ့တည့်တည့် ရောက်နေလျှင်တောင် အင်းမလုပ် အဲမလုပ်နှင့် အူကြောင်ကြောင် နိုင်တတ်သူမို့ မာန်ကသာ ရှိသမျှ ကောင်မလေးတိုင်းကို လှိုင်းအနားမှ ကန်ထုတ်နေရသည်။ လှိုင်းသည် မာန့်လောက် ပေါ်ပြူလာ မဖြစ်သော်ငြား အသင့်အတင့်သာ ရှိသော မိန်းကလေးများ ရန်မှ မာန် ကာကွယ်ခဲ့ရသည်မှာ လွယ်ကူသည့် အရေးမှ မဟုတ်ဘဲ။ သည်လောက်ထိ သူ့ကို မိန်းကလေးများရန်မှ ကင်းရှင်းအောင် မာန် ကြိုးစားနေရသည်မှာလည်း လှိုင်းကို မာန် မည်သူ့ကိုမှ မပေးလို ၊ မည်သူ့လက်ထဲကိုမှ မထည့်ပေးနိုင်သောကြောင့်ပင်။

"ဒေါက် ဒေါက် ... ကိုရိပ်"

တံခါးခေါက်သံနှစ်ချက်နှင့် ဆင့်ကဲ ထွက်ပေါ်လာသည့် ခေါ်သံတိုးတိုး။ မာန်သည် ဖတ်လက်စ စာများကို အမြန် စုကာ သေတ္တာအောက် ပြန်ဖိထားပြီး ဗီရိုအံဆွဲတံခါးကို ခပ်သွက်သွက် ပိတ်လိုက်ရသည်။ ပြီးနောက်မှ မျက်နှာထားကို တည်တင်းထားလျက် အခန်းတံခါးကို ဖွင့်ပေးလိုက်သည်။ ပွင့်ဟလာသော တံခါး၏ တစ်ဖက်၌ လှိုင်းသံစဉ်နှင့်အတူ ပိုင်ဘုန်းသွင်ကိုပါ မြင်တွေ့လိုက်ရသည်။ မာန် တံခါး ဖွင့်ပေးပြီးသည်နှင့် အခန်းထဲသို့ ပြန်လှည့်ဝင်လာလိုက်သည်။ ဒီလောက်ဆို ကျေးဇူးရှင်နှစ်ယောက်က မာန် စိတ်ဆိုးနေမှန်း သိနေလောက်ပါပြီ။

"ကိုရိပ် ဘယ်တုန်းက ပြန်ရောက်နေတာလဲဗျ။"

"....."

စကားပြန်မလာသောကြောင့် လှိုင်းသည် ဘုန်းသွင်ကို မျက်နှာတစ်ချက် ရှုံ့ပြလိုက်မိရာ ဘုန်းသွင်သည် နားလည်သဘောပေါက်စွာဖြင့် "ချော့လိုက်လေ" ဆိုသော သဘောဖြင့် မေးဆတ်ပြလာ၏။

"ကိုရိပ် ..ကျွန်တော် တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့နော်။"

"မင်း ဘာမှားလဲ သိလား။"

မာန်က ခပ်ဆတ်ဆတ်မေးကာ မျက်နှာငယ်လေးနှင့် ခေါင်းခါပြလာလေသည်။ စိတ်တိုနေရသည့်အထဲ အူကြောင်ကြောင်လေး ပြန်ကြည့်နေသည့် လှိုင်းသံစဉ်ကြောင့် ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ သူ့အကျင့်အတိုင်း မာန် စိတ်ဆိုးပြီဆိုလျှင် မဆိုင်းမတွ တောင်းသာ တောင်းပန်နေတာ ... သူ ဘာအမှားလုပ်မိလို့ မာန်က ဒေါသထွက်နေမှန်း လှိုင်းသံစဉ်က သိသည်မှ မဟုတ်ဘဲ။ သူ သိသည်ကား သူ့ဘက်က မှားသည် ဖြစ်စေ ၊ မှန်သည် ဖြစ်စေ မာန် စိတ်ဆိုးပြေစေရန် တောင်းပန်ဖို့သာ ... တကယ့်ကောင်စုတ်လေး။

"နံပါတ်တစ် ... မင်း ငါ့ကို မစောင့်ဘဲ ဘုန်းသွင်နဲ့ အပြင်ထွက်တယ်။ နံပါတ်နှစ် ... မင်း ငါ့ကို ဂိုက်လုပ်မဲ့ ကိစ္စ မပြောဘဲ ဒီကောင့်ကိုကျ အကူအညီ သွားတောင်းတယ်။ နံပါတ်သုံး ... ဟိုကောင်မလေးက ငါ့ကို ကိုရိပ်လို့ ခေါ်မှာကို မင်းက ခွင့်ပြုထားတယ်ဆို။ ငါလက်ခံအောင် ရှင်းစမ်းပါဦး။"

"ဟုတ် ..ကိုရိပ်ကို အသိမပေးဘဲ အပြင်ထွက်မိလို့ တောင်းပန်ပါတယ်ဗျ။ ဘုန်းသွင်ကလည်း ကလေးမိဘနဲ့ ချိန်းထားတယ်ဆိုလို့ ကျွန်တော် သွားလိုက်မိတာပါ။ ဂိုက်လုပ်မဲ့ ကိစ္စကလည်းလေ ..ကျွန်တော့်ဘက်က မသေချာသေးတာနဲ့ ကိုရိပ်ကို ဖွင့်မပြောမိတာပါ။ ဘုန်းသွင်က သူ့မေမေဆီမှာ အသိတွေ ရှိတယ်ပြောလို့ သူ့ကို အကူအညီတောင်းလိုက်တာပါ ကိုရိပ်ရယ်။ နောက်ပြီးလေ ..မေကလည်း ..."

"ဘာ ..မေ ဟုတ်လား။"

"ဟုတ် တီမြတ်ရဲ့ သမီး မေရတီလေ ကိုရိပ်။ သူက ကျွန်တော်က ကိုရိပ်လို့ ခေါ်တာကို ခေါ်လို့ ကောင်းတယ်ဆိုပြီး ပြောလို့ဗျ။ အဲ့တာကြောင့် ..."

"အဲ့တာနဲ့ပဲ မင်းက ခွင့်ပြုလိုက်တယ်ပေါ့ ဟုတ်လား။"

"ခွင့်မပြုပါဘူး။ ကျွန်တော်က သူ ခေါ်ချင်ရင် ..ကိုရိပ် ခွင့်ပြုမှ ရမှာလို့ ပြောလိုက်တယ်ဗျ။"

"မင်းကရော ဘာကိစ္စ ဂိုက်လုပ်မှာလဲ။ ပိုက်ဆံ အဲ့လောက် လိုချင်နေလား။"

"ကျွန်တော် ..မလုပ်လို့ မဖြစ်လို့ပါ ကိုရိပ်ရယ်။"

"ဘာလို့ မဖြစ်တာလဲ။ မင်းတစ်ခုခု လိုချင်လည်း ပါပါးက ဝယ်ပေးနေတာပဲကို။ ဘာလဲ ..မင်းက ပါပါးသင်ပေးထားတဲ့ ပညာနဲ့ ပိုက်ဆံရှာပြီး ဒီအိမ်က ထွက်သွားဖို့ လုပ်နေတာလား။"

"မာန်ရိပ်မော်"

လှိုင်းက မာန့်၏စကားကြောင့် မျက်လုံးလေးများ ဝိုင်းသွားသည်။ လှိုင်းက ဘာမှ ပြန်မပြောလိုက်နိုင်ခင် ဘုန်းသွင်၏ ဒေါသတကြီး အော်သံသည် အခန်းကျယ်ထဲ ပျံ့လွင့်လာသည်။

"ဘာလဲ ..ငါ ပြောတာ မှားလို့လား။"

"မှားတယ်။ လှိုင်းသံစဉ် ဘာလို့ အလုပ်ရှာနေလဲ မင်းသိလား။ သူ ..."

"ဘုန်းသွင်"

လှိုင်းက ဘုန်းသွင်၏ စကား ဆက်မရအောင် အလန့်တကြား ခေါ်ကာ ခေါင်းကို အသာခါပြလိုက်မှ ဘုန်းသွင်သည် စိတ်ကို လျှော့ချကာ ပါးစပ်ပိတ်နေလိုက်ရသည်။

"မင်းတို့ ..ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်မလား။ ပြော ဘုန်းသွင် ..သူ ဘာလို့ အလုပ်ရှာတာလဲ။"

"....."

"ပိုင်ဘုန်းသွင် ..ငါ မေးနေတယ်လေ။ သူ ဘာလို့ အလုပ်ရှာတာလဲလို့။"

"....."

ဘုန်းသွင်က မာန့်အမေးကို မဖြေဘဲ ထုံပေပေမျက်နှာဘေးနှင့် နှုတ်ဆိတ်နေလေရာ မာန်သည် မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။

"မင်းတို့က ..မင်းတို့က ငါ့မာမားက မယားငယ်ဆိုတာ သိလို့ ..ငါ့ကို အရေးတယူ မလုပ်ကြတော့တာပေါ့ ဟုတ်လား။"

"အဖေ့အကြွေးတွေ ရှိနေလို့ ကိုရိပ်။"

"ဘာ"

"ကိုရိပ် ထင်နေသလို မဟုတ်ပါဘူးဗျာ။ ကျွန်တော် ..ကျွန်တော် အဖေ့အကြွေးတွေ ဆပ်ဖို့ ရှိလို့ပါဗျာ။"

"ဘာအကြွေးလဲ။ ဘယ်လောက်လဲ။"

"တင်နေတာတော့ နည်းနည်း များတယ် ကိုရိပ်။ ဒါမဲ့ ..ကိုရိပ် ခေါင်းထဲ မထည့်ပါနဲ့။ အရေးမကြီးပါဘူး။ ကျွန်တော် ကိုယ့်ဘာသာ ဂိုက်လုပ်ပြီး ပိုက်ဆံရှာရင် အကြွေးက ကျေမှာပါဗျ။ ခုတောင်လေ ..ဘုန်းသွင်မေမေရဲ့ အသိနဲ့ စကားပြောပြီးပြီ။ နောက်ပြီး ... နောက်ပြီးလေ ..."

"နောက်ပြီး ဘာဖြစ်လဲ။ ပြောလေ။"

လှိုင်းသံစဉ်၏ အဲ့သည်လို တွန့်ဆုတ် တွန့်ဆုတ် လုပ်နေပုံကို မာန် စိတ်မရှည်တာ။

"တီမြတ်ကလည်းလေ ..တီမြတ်ကလည်း မေရတီအတွက် ကျွန်တော့်ကို ဂိုက်ငှါးမယ် ပြောလို့ပါဗျ။ ကျွန်တော့်ကိုလည်း ပိုက်ဆံ ပေးမယ်ဆိုလို့ ..."

"တောက်"

"ကိုရိပ် ..စိတ်မဆိုးပါနဲ့နော်။ ကျွန်တော် ..ကျွန်တော် တကယ် ပိုက်ဆံလိုနေလို့ပါ ကိုရိပ်ရယ်။ ခွင့်ပြုပေးပါနော်။"

"မသိဘူးကွာ သွား သွား ..မင်းတို့နှစ်ကောင်လုံး ထွက်သွား။"

"မာန် ..ငါ ကြည့်နေတာ အကောင်းမဟုတ်ဘူး။ မင်း မရစ်စမ်းနဲ့။ လှိုင်းက ရိုးရိုးသားသား လုပ်မှာပဲဟာ။ မင်းက ဘာတွေ ဖြစ်နေတာလဲ။"

"မသိဘူးကွာ မသိဘူး။ ငါ တစ်ယောက်တည်း နေချင်တယ်။ မင်းတို့ ထွက် ..ထွက်သွားပါဆိုနေ။"

မာန်က လှိုင်းနှင့် ဘုန်းသွင်၏ လက်ကို အတင်းဆွဲကာ အခန်းပြင်သို့ အတင်း ထုတ်ပြီး တံခါးကို ဂျိန်းခနဲ မြည်အောင် ပိတ်၍ လော့ခ်ချလိုက်သည်။ ဘုန်းသွင် စိတ်ရှုပ်စွာဖြင့် လှိုင်းကို ကြည့်မိသောအခါ လှိုင်းက ငိုမဲ့မဲ့လေး ဖြစ်ချင်နေလေပြီ။ လှိုင်းသံစဉ်နှယ့်တော့ ခက်နေချေပြီ။

"လှိုင်း လာ ..ဒီကောင့်ကို ခဏ လွှတ်ထားလိုက်။ သူ စဉ်းစားဖို့ အချိန်လိုတယ်။"

လှိုင်းသည် မာန့်စိတ်ကို သိနေသူ ပီပီ ဘုန်းသွင်၏ စကားကို လက်ခံကာ ဘုန်းသွင်နှင့်အတူ အောက်ထပ်သို့ ဆင်းလာလိုက်သည်။ မာန်သည် ထိုသို့နှယ် ပြဿနာတစ်ခုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်ဖို့ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်မှာ အမြဲတစေပင်။ စိတ်ဆက်သူ ဖြစ်သည့်အလျောက် ကိစ္စတစ်ခုခု ဖြစ်လျှင် ဒေါသဖုံးသွားတတ်ကာ သေချာ မစဉ်းစားနိုင် ဖြစ်တတ်သည်မို့ လှိုင်းလည်း မာန့်ကို ဘုန်းသွင် ပြောသလို အချိန်တစ်ခု ပေးထားရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။

"ချို့ယွင်းချက်တွေနဲ့ လူ ဖြစ်နေလို့ ကျွန်တော် တောင်းပန်ပါတယ် ကိုရိပ်ရယ်။"

~ 23/8/2023 (7:49 p.m.) ~

{ Author's Note :
ငယ်လေးတို့ရေ ... လင်း မနက်ဖြန်တစ်ရက် အပိုင်းသစ် မတင်ပေးဖြစ်ဘူးနော်။ လင်း နက်ဖြန် စာမေးပွဲ ရှိနေလို့ပါ 🙇🏻‍♀️ တစ်နေ့ တစ်ပိုင်း up ပေးဖို့က လင်းဘက်က စာတစ်ဖက်နဲ့ အတော်ကလေး ကြိုးစားနေရတာမို့ တစ်ခါတလေ တစ်ရက်ခြား တစ်ပိုင်း ဖြစ်သွားရင်လည်း လင်းကို နားလည်ပေးကြပါနော် သဲငယ်လေးတို့ရေ 🥺
လင်းကို ခုချိန်ထိ ဝန်းရံပေးကြလို့ ကျေးဇူးများကြီးတင်ပါတယ်ရှင့် 🙆🏻‍♀️💟💗 }

Continue Reading

You'll Also Like

534K 21.2K 31
- "Y/n will you marry me, when we grow up?" -"Only, If you'll treat me to my favourite ice-cream every day then I will marry you." ••••••••••••••••••...
191M 4.5M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
14.2K 1K 16
စိတ်ကူးယဥ်ဝတ္ထုထဲကဇာတ်ကောင်ကိုသဘောကျတဲ့ကောင်လေးနဲ့ ထိုဝတ္ထုထဲကနေထွက်လာတဲ့စိတ်ကူးယဥ်ဇာတ်ကောင်လေးရဲ့အချစ်ရက်၂၀။ Start- 22.12.23 end - 14.2.24
3K 107 33
စိတ်တူကိုယ်တူနဲ့ အကြိုက်မတူတာ မရှိသလောက်ရှားတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက် ဘယ်လိုအကြောင်းကြောင့်ခွဲခွာသွားရတာလဲ ပြန်တွေ့ကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မှာ...