တပင်တိုင်

By Mhaw_Eaint_Met

36.3K 2.3K 239

"ကိုကိုပြန်လာရင် ပင်တိုင့်ကိုနှိုးနော်" More

တပင်တိုင်
တပင်တိုင် Part 2
တပင်တိုင် part 3
တပင်တိုင်(Part 4)
တပင္တိုင္(Part 5)
တပင္တိုင္(part 6)
တပင္တိုင္(part 7)
တပင္တိုင္(part 8)
တပင္တိုင္(Part 9)
တပင္တိုင္(Part 10)
တပင္တိုင္(Part 11)
တပင္တိုင္(Part 12)
တပင္တိုင္(Part 13)
တပင္တိုင္(Part 15)
Part 16
Part 17
Part 18
Part (19)
Part 20
Part (21)
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33(Final part)
bl

တပင္တိုင္(Part 14)

815 70 9
By Mhaw_Eaint_Met

(Unicode)

ပင်တိုင်မနက်အစောကြီးနိုးနေတာကြောင့် မျက်နှာသစ်ဖို့ထွက်လာခဲ့ပေမဲ့ အိမ်အောက်မဆင်းခင်လင်းခေးအခန်းကိုသာအကြည့်ရောက်သွား၏။အခန်းတံခါးကြီးပွင့်နေတဲ့လင်းခေးအခန်းဆီသို့ ပင်တိုင်သွားကြည့်လိုက်ရာ အခန်းထဲတွင်လင်းခေးရှိမနေ၊အိပ်ရာကိုသေသပ်စွာခေါက်ထားခဲ့ပုံထောက်လျှင် လင်းခေးအစောကြီးအိပ်ရာကထသွားပုံရသည်။

လင်းခေးမရှိတာကြောင့် ပင်တိုင်အောက်ထပ်သို့ဆင်းလာခဲ့ရာ အောက်ထပ်တွင်လည်းလင်းခေးမရှိပြန်။မိုးလင်းပါပြီဆိုကထဲက လင်းခေးကိုမတွေ့ရသေးသည့်အပြင် အိမ်ထဲကိုလှည့်ပတ်ကြည့်တော့လည်း နွားတွေနဲ့လှည်းပါမရှိချေ။

အကြောင်းသိရအောင် မီးဖိုထဲမှာအလုပ်ရှုပ်နေတဲ့မေမိုးကိုမေးဖို့သာ ပင်တိုင်မီးဖိုချောင်ထဲသို့ဝင်လာခဲ့၏။ချက်ရင်းပြုတ်ရင်းနဲ့ လူဝင်လာတာကိုသတိထားမိတဲ့မေမိုးကတော့ အနောက်သို့ချက်ချင်းလှည့်ကြည့်လာလေသည်။

"မမမိုး ကိုကိုကော"

"လင်းခေးကလယ်ထဲသွားပြီလေပင်တိုင်ရဲ့"

"ဟင် ပင်တိုင့်ကိုလည်းမစောင့်ဘူး"

ပင်တိုင်ပြောမှမေမိုးလည်းတွေးမိတယ်၊ပုံမှန်ဆိုပင်တိုင်အိပ်ရာကမထမချင်းထိုင်စောင့်ပြီး ပင်တိုင်နဲ့မှလင်းခေးအတူတူလယ်ထဲသွားတက်ပေမဲ့ သည်ကနေ့လင်းခေးဘာစိတ်ကူးပေါက်ပြီးတစ်ယောက်ထဲသွားလဲမသိ။

နှစ်ယောက်သားတစ်ခုခုဖြစ်ထားသည်လားမပြောတက် ညကလည်းပင်တိုင်လာမှထမင်းစားမည်ပြောပြီးလင်းခေးစောင့်နေခဲ့ရာ ပင်တိုင်ပြန်လာတော့ထမင်းမစားဘဲ လင်းခေးသွားသာအိပ်၏။အခုလည်း ပင်တိုင့်ကိုတစ်ယောက်ထဲထားခဲ့ပြန်သည်။

"မင်းတို့စိတ်များဆိုးနေကြတာလားပင်တိုင်ရယ်"

"မဆိုးပါဘူးမမမိုးရဲ့"

ပင်တိုင်တို့နှစ်ယောက်ကြားမှာ စိတ်ဆိုးစရာရှိအောင်လည်း ထွေထွေထူးထူးဖြစ်ထားတာမရှိချေ။မနေ့ကနေ့လည်ကထိတောင် လင်းခေးနဲ့အဆင်ပြေနေခဲ့ရာ ညနေစောင်းနောက်ပိုင်းကထဲက လင်းခေးနဲ့စကားတောင်မပြောရသေးတာမို့ စိတ်ဆိုးရမည့်ကိစ္စဆိုပင်တိုင်ယောင်လို့တောင်တွေးမရပါ။

"မမမိုးလည်းမပြောတက်တော့ဘူး လင်းခေးကိစ္စရှိလို့လယ်ထဲအစောကြီးသွားတာနေမှာပါ"

မေမိုးပြောတာကို ပင်တိုင်လည်းသဘောတူစွာဘဲခေါင်းငြိမ့်လိုက်သည်။မနေ့ကမတ်ပဲတင်တာဘဲ မပြတ်သေးလို့လင်းခေးအစောကြီးထွက်သွားသည်ဟုသာပင်တိုင်တွေးရင်း မျက်နှာသစ်ဖို့သာထွက်လာလိုက်သည်။

ပင်တိုင်မျက်နှာသစ် မနက်စာစားပြီးနောက် လယ်ထဲသို့သာလမ်းလျှောက်ပြီးလိုက်လာခဲ့ရသည်။ရွာထဲနဲ့လယ်ထဲက အနည်းငယ်လှမ်းပေမဲ့ လှည်းလမ်းကသွားတာထက်စာလျှင် ဖြတ်လမ်းဖြစ်တဲ့ခြေလမ်းကသွားလျှင်တော့မြန်ပါသည်။

တစ်ယောက်ထဲအချိန်အတော်ကြာအောင်လျှောက်ပြီးတဲ့နောက် ပင်တိုင်လယ်နဲ့အတော်လေးနီးကပ်လာခဲ့သည်။လယ်ထဲတွင်ပုဆိုးတိို်ုတိုဝတ်ပြီး မတ်ပဲတွေတင်နေတဲ့လယ်ခေးကိုမြင်တာနဲ့ ပင်တိုင်လက်ကလေးရမ်းပြီးသာအသံပြုလိုက်၏။

"ကိုကိုရေ့"

လယ်ထဲမှာတစ်ယောက်ထဲမတ်ပဲတွေတင်နေရင်း ခပ်စွာစွာဖြင့်ထွက်ပေါ်လာတဲ့အသံလေးကြောင့် လင်းခေးမတ်ပဲတွေပွေ့လျက်သားဖြင့်ရပ်ကြည့်နေခဲ့ရာ ပင်တိုင်လယ်ကန်တင်းမှာရပ်ပြီးလက်ကလေးရမ်းလို့သာ။

သူ့ဆီခပ်သွက်သွက်လာနေတဲ့ကောင်လေးကို လင်းခေးမျက်နှာလွှဲပြီး မတ်ပဲတင်ရန်သာလှည်းဆီသို့လာလိုက်၏။အနောက်ကအမှီလိုက်လာတဲ့ကောင်လေးကလည်း သူ့အနောက်သို့မပြေးယုံတမယ်လိုက်လာလေသည်။

လက်ထဲကမတ်ပဲတွေကိုလင်းခေးပစ်တင်လိုက်ရာ ပင်တိုင်သူ့အနောက်လိုက်လာပြီးဘယ်အချိန်ကမတ်ပဲတွေပွေ့လာလိုက်လဲမသိ၊မတ်ပဲတွေတစ်ပွေ့တစ်ပိုက်ဖြင့် လှည်းပေါ်ပစ်တင်ဖို့လုပ်ကာမှလင်းခေးမြင်မိသည်။

"ဘာလို့ဒါတွေပွေ့လာတာလဲ"

လင်းခေး ပင်တိုင့်ပွေ့လာတဲ့မတ်ပဲတွေကို လှမ်းယူပြီးသာလှည်းပေါ်သို့ပစ်တင်၍အော်လိုက်မိ၏။

"ပင်တိုင် ကိုကို့ကိုကူနေတာလေ"

"မလိုဘူး သြား...အရိပ်မှာဘဲသွားထိုင်နေသွား"

လင်းခေးအော်လိုက်တော့လည်း ပင်တိုင်မျက်နှာလေးငယ်ကာအရိပ်မှာသွားထိုင်လေသည်။

လှည်းပေါ်တင်ဖို့ကျန်နေသေးတဲ့မတ်ပဲတွေကို လင်းခေးဆက်တင်ဖို့လုပ်လိုက်ပေမဲ့ အပင်အောက်ကထွက်ပေါ်လာတဲ့ငိုရှိုက်သံလေးကြောင့်အပင်အောက်ကိုသာကြည့်မိ၏။အပင်အောက်တွင် ခေါင်းလေးငုံ့ကာငိုနေတဲ့ပင်တိုင့်ကိုမြင်တော့ လင်းခေးရင်ထဲနင့်ခနဲ။

သူအော်လိုက်လို့ပင်တိုင်ငိုနေတာကြောင့် လင်းခေးအပင်အောက်သို့သာလာခဲ့၏။

"ပင်တိုင်"

လင်းခေးအနားမှာဝင်ထိုင်သည်နှင့် ငုံ့နေတဲ့ပင်တိုင့်ခေါင်းလေး ချက်ချင်းထောင်လာလိုက်တာ မျက်ရည်တွေလဲရွှဲလို့ပင်။

"ကိုကိုဘာဖြစ်နေတာလဲ ပင်တိုင့်ကိုလည်းမစောင့်ဘူး။ပင်တိုင်ကူညီတော့လည်း ပင်တိုင့်ကိုဘာလို့အော်တာလဲ အဟင့်...ဟင့်"

ငိုပြီးပြောနေတဲ့မျက်နှာလေးပေါ်ကမျက်ရည်တွေကို လင်းခေးသုတ်ပေးဖို့ရွယ်လိုက်ပေမဲ့ မတ်ပဲကိုင်ထားတဲ့သူ့လက်တွေဖြင့်ထိလိုက်လျှင် ပင်တိုင့်မျက်နှာလေးယားယံလာမှာကိုမလိုလား။ထို့ကြောင့် ပင်တိုင့်မျက်နှာနားကရွယ်လိုက်မိတဲ့သူ့လက်တွေကိုသာ ပြန်ရုတ်သိမ်းလိုက်၏။

"နေကပူမတ်ပဲတွေကယားနဲ့ ပင်တိုင်ပင်ပန်းမှာဆိုးလို့အော်လိုက်တာပါကွာ"

ဒါတော့ဟုတ်သည်။နဂိုအသားဖြူတဲ့ပင်တိုင်က မတ်ပဲကိုင်နေသည့်အချိန်ဆိုလျှင် နေမြင့်လာသည်နှင့်အသားလေးတွေနဲ့မျက်နှာလေးပါရဲတက်လာတက်ပြီး လက်ကလေးတွေဆိုလျှင်ဘုရဲရဲလေးတွေကပေါက်တက်သေးတာကြောင့် လင်းခေးစိတ်ပူပြီးအော်လိုက်ခြင်းသာ။

"ပင်တိုင်မကူညီရင် ကိုကိုပိုပင်ပန်းမှာပေါ့။ပြီးတော့ ကိုကိုပင်တိုင့်ကိုညကထဲကရှောင်နေတာ ပင်တိုင်သိတယ်"

"ကိုကိုဘာလို့ရှောင်နေလဲ ပင်တိုင်မမေးတောဘူးလား"

ပင်တိုင့်မျက်လုံးတွေကိုစိုက်ကြည့်ကာပြောလာတဲ့လင်းခေးကို ပင်တိုင်ငိုမဲ့မဲ့လေးဖြင့်သာကြည့်၍.....

"ပင်တိုင့်ကိုဘာလို့ရှောင်နေတာလဲ"

"ချစ်လို့"

လင်းခေးပြန်ဖြေလာတဲ့အဖြေကို ပင်တိုင်ဘဝင်မကျစွာဘဲနှုတ်ခမ်းလေးဆူသွားလေသည်။ပြီးနောက်....

"ပင်တိုင်လည်းကိုကို့ကိုချစ်တာဘဲ ဒါပေမဲ့ကိုကို့လို့ရှောင်မနေပါဘူး"

ပြောရင်းဆိုရင်း မျက်ရည်လေးတွေကျနေတဲ့ကောင်လေးကို လင်းခေးဘယ်လိုရှင်းပြရမည်မှန်းတောင်မသိတော့ပါ။

ဖြည်းညင်းစွာတိုက်ခက်လာတဲ့လေညင်းကြား ပင်တိုင့်လက်ကလေးကိုသာလင်းခေးအရဲစွန့်၍ဆုပ်ကိုင်လိုက်မိသည်။ခါတိုင်းလည်းပင်တိုင့်လက်ကလေးတွေကိုကိုင်ဖူးပေမဲ့ သည်တစ်ခါတော့ လင်းခေးလက်ဖျားတွေပါအလိုလိုအေးနေမိ၏။

"ပင်တိုင်"

"ဗ်ာ"

"ကိုကို ပင်တိုင်နဲ့ညီအစ်ကိုထက်ပိုချင်တယ်"

"ကိုကိုဘာတွေပြောနေတာလဲ"

ဆုပ်ကိုင်ထားတဲ့လက်တွေကြားက ပင်တိုင်သူ့လက်ကလေးနောက်ဆုတ်ကာ ပြုံးပြူံးလေးဖြင့်နားမလည်ဟန်ဖြင့်သာပြောလာလေသည်။

လစ်ဟာသွားတဲ့ပင်တိုင့်လက်တွေကို လင်းခေးနောက်တစ်ကြိမ်ထပ်မံဆုပ်ကိုင်လိုက်ရာ မျက်ခမ်းတစ်ဝိုက်မခြောက်သေးတဲ့မျက်ရည်စလေးတွေတွဲခိုလျက် ပင်တိုင်မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်လို့သာ။

"ပင်တိုင့်ကိုကိုကိုတစ်ယောက်ထဲပိုင်ချင်တယ်။အစ်ကိုလိုကော ချစ်သူလိုပါစောင့်ရှောက်ချင်တယ်"

"ခ်စ္သူ"

"အင်း"

"ကိုကိုပင်တိုင့်ကို ချစ်ရေးဆိုနေတာလား"

"ဘာလဲ နားထောင်မကောင်းလို့လား"

လေးနက်စွာပြောလာတဲ့လင်းခေးစကားလုံးတိုင်းက ပင်တိုင့်အတွက်နားထောင်ကောင်းလှသလို ပင်တိုင်ကိုယ့်နားကိုယ်လည်းမယုံကြည်နိုင်။ချစ်ရေးဆိုတာကိုသိသည်နှင့် ပင်တိုင့်ရင်တွေလဲခုန်နေပြီး လင်းခေးမျက်နှာကိုပင် ပင်တိုင်မကြည့်ရဲတော့ဘဲမျက်လွှာလေးသာချနေမိ၏။

"ကိုကို့အတွက်အဖြေမရှိဘူးလားပင်တိုင်"

"ပင်တိုင်မသိဘူး"

အရှက်ပိုနေတဲ့ကောင်လေးကို လင်းခေးဆက်ပြီးဖိအားမပေးချင်။ပင်တိုင့်ပါးစပ်ကလိုလိုလားလားပေးတဲ့အဖြေကိုသာ လင်းခေးလိုချင်သည်။ရှက်နေတဲ့ကောင်လေးရဲ့ လက်ကလေးတွေကိုသာ လင်းခေးလွှတ်လိုက်ပြီး....

"ကိုကိုစောင့်နေမယ် ပင်တိုင်"

"ပင်တိုင် လင်းခေးကိုဟင်းထည့်ပေးလိုက်အုံး"

"ဟုတ်မေမေ"

ပင်တိုင်ဟင်းတစ်ဇွန်းကော်ပြီး လင်းခေးပန်းကန်ထဲထည့်ဖို့လုပ်လိုက်တော့ လင်းခေးသူ့အားပြုံးကြည်လာသည်။ပုံမှန်လဲထိုအပြုံးတွေကိုမြင်နေကျဖြစ်ပေမဲ့ လင်းခေးချစ်ရေးဆိုပြီးတဲ့နောက်ပင်တိုင် လင်းခေးကိုမြင်တာနဲ့ရှက်နေမိတော့သည်။အခုလည်းရှက်ရှက်ဖြင့် ဟင်းဇွန်းကြီးကိုကိုင်ကာထည့်မပေးဘဲရပ်နေပြန်သည်။

"ဟဲ့ပင်တိုင် ဟင်းထည့်ပေးပါဆိုမှဘာလုပ်နေတာလဲ"

ဒေါ်အေးသွယ်ထအော်လိုက်သဖြင့် ပင်တိုင်လက်ထဲကကိုင်ထားတဲ့ဟင်းဇွန်းကိုသာ လင်းခေးထမင်းပန်းကန်ထဲချပေးလိုက်သည်။ရှက်နေတဲ့ပင်တိုင်အငေါက်ခံရတာကို လင်းခေးကတော့ဘာတွေသဘောကျနေလဲမသိပေ။

ထမင်းစစားပါပြီဆိုကထဲက ဒေါ်အေးသွယ်ကြည့်နေတာ ပင်တိုင်ထမင်းတွေကိုင်လိုက် ထမင်းတွေကြီးဘဲအသားလွတ်စားနေလိုက်နဲ့ ဘဲလုပ်နေလေသည်။လင်းခေးကိုဟင်းထည့်ပေးပြန်တော့လည်း သူကဟင်းမယူ၊ဒီအတိုင်းကြီးဘဲဆက်စားနေတာကြောင့်....

"တပင်တိုင် မင်းထမင်းကြီးဘဲစားနေတော့မှာလား"

ပင်တိုင်ထမင်းစားနေပါသော်လည်း ထမင်းဆီသို့အာရုံမရောက်ပါ။လင်းခေးပြောခဲ့တဲ့စကားတွေကိုဘဲပြန်တွေးမိနေရာ ဒေါ်အေးသွယ်ထပ်မံသတိပေးလာမှစားနေတဲ့ထမင်းပန်းကန်ကိုငုံ့ကြည့်လေသည်။

"မစားပါဘူးမေမေရဲ့"

ဒေါ်အေးသွယ်ပြောစရာမဖြစ်ရလေအောင် ပင်တိုင်တွေ့ရာဟင်းခွက်ထဲက ဟင်းတစ်ဇွန်းကိုသာကော်ပြီးထည့်လိုက်ပြီး ထမင်းကိုသာငုံ့စားနေလိုက်သည်။

ထမင်းတွေကြီးငုံ့စားနေတဲ့ပင်တိုင့်လက်ကလေးကို စားပွဲအောက်ကနေလင်းခေး လှမ်းကိုင်လိုက်တာကြောင့် ပင်တိုင်စားနေရင်းပခုံးလေးတွန့်သွားပြီး သူ့ဘက်သို့သာလှည့်ကြည့်လေသည်။

သူမဟုတ်သလိုဘဲထမင်းစားမပျက်တဲ့ လင်းခေးကဆက်စားနိုင်ပေမဲ့ ပင်တိုင်ကတော့သူ့လက်ကလေးကိုကိုင်ထားတဲ့လင်းခေးလက်ကိုသာ စားပွဲအောက်သို့မသိမသာငုံ့ကြည့်ပြီး နားဖျားလေးတွေရဲနေမိသည်။လင်းခေးကိုင်ထားတဲ့ပင်တိုင့်လက်ကလေးကို ပင်တိုင်အသာရုန်းကြည့်ပေမဲ့ ပိုပြီးတင်းကြပ်စွာဆုပ်ကိုင်လာတဲ့လင်းခေးကအလွတ်မပေးသည့်အပြင် ထမင်းစားနေရင်းပြုံးယောင်သမ်းကာသဘောကျနေသေးသည်။

လက်ကရုန်းနေတာကြောင့် တည်ငြိမ်မနေတဲ့ပင်တိုင့်ကိုယ်ကလှုပ်လှုပ်ယှက်ယှက်နဲ့ပင်။၅ယောက်အတူတူထမင်းစားနေရင်း လင်းခေးသာပင်တိုင်ထိုင်နေရင်းနဲ့လှုပ်လှုပ်ယှက်ယှက်ဖြစ်နေရသည့်အကြောင်းကိုသိပေမဲ့ ကျန်နေတဲ့ဦးမိုးမြင့်အပြင် ဒေါ်အေးသွယ်နဲ့မေမိုးကတော့ လှုပ်လှုပ်ယှက်ယှက်ဖြစ်နေတဲ့ပင်တိုင့်ကိုကြည့်ပြီးသာထူးဆန်းနေခဲ့သည်။နောက်ပြီးမေမိုး ပင်တိုင်ဘာဖြစ်နေလဲသိရအောင်...

"ပင်တိုင် ဘာဖြစ်နေတာလဲ"

မေမိုးထမေးလိုက်သဖြင့် ပင်တိုင်လည်းရုန်းရင်းနဲချက်ချင်းရပ်တန်သွားပြီး ခေါင်းခါမိ၏။သို့သော် သူ့အားစိုက်ကြည့်နေကြတဲ့လူကြီးတွေရဲ့အကြည့်တွေကတော့ သူ့ကိုယုံဟန်မရှိတာနဲ့ ပင်တိုင်စကားလွှဲမှဖြစ်တော့မည်။

"အကောင်ကိုက်လို့ပါမမမိုး"

"ဟင် ဟုတ္လား"

အကောင်တကယ်ကိုက်သည်ထင်သွားတဲ့မေမိုး စားပွဲအောက်သို့ငုံ့ကြည့်လာတာကြောင့် လင်းခေးဆုပ်ကိုင်ထားတဲ့ပင်တိုင့်လက်တွေကိုသာဆတ်ခနဲလွှတ်လိုက်၏။သူ့လက်ကလွတ်သွားလို့ တစ်ဖန်ပြန်ပြီးကျေနပ်နေတဲ့တပင်တိုင်ကတော့ခပ်ပြုံးပြုံးသာ။

မေမိုးငုံ့ကြည့်တော့ စားပွဲအောက်မှာဘာကောင်မှမမြင်ပါ။အကောင်မဆိုထားနှင့် ပုရွက်ဆိတ်တစ်ကောင်တောင်မမြင်တာကြောင့် စားပွဲအောင်ငုံ့ကြည့်ရာမှမော့လာခဲ့သည်။

"ဘာကောင်မှမရှိပါဘူးပင်တိုင်"

"ဟို အကောင်ကထွက်သွားပြီထင်တယ်"

"အခုကောဘယ်လိုနေသေးလဲ"

"ဘယ္လိုမွမေနေတာ့ပါဘူးမမမိုး"

မေမိုးခေါင်းတငြိမ့်ငြိမ့်နဲ့ ထမင်းသာပြန်ပြီးဆက်စားနေခဲ့လေသည်။ပင်တိုင်လည်း လက်တွေစားပွဲအောက်မှာချထားလျှင် လင်းခေးထပ်မံဆုပ်ကိုင်လာမှာစိုးရိမ်သဖြင့် စားပွဲပေါ်သို့သာလူမြင်သာမည့်နေရာမှာလက်တင်ပြီးထမင်းဆက်စားနေခဲ့ရသည်။

ဤကနေ့မနက်မိုးလင်းကထဲက ပင်တိုင်တို့အိမ်ရှေ့မှာလူတွေစည်ကားနေခဲ့သည်။အိမ်တစ်အိမ်မှာအလှူပွဲမင်္ဂလာပွဲရှိသည်ဆိုလျှင် ရပ်ရွာထဲကလူတွေလာကူလေ့ရှိကြရာ အခုလည်းအိမ်အတွင်းကောအိမ်အပြင်မှာပါ မနက်ဖြန်ကျရောက်မဲ့ကိုသိန်းတန်နဲ့မေမိုးတို့ရဲ့ မင်္ဂလာပွဲအတွက်လာရောက်ကူညီပေးနေကြသူများနဲ့ပြည့်နေသည်။

အိမ်ရှေ့မှာလုပ်နေကိုင်နေကြတဲ့သူတွေအတွက် ဒေါ်အေးသွယ်ရေနွေးကြမ်းနဲ့အမြည်းသွားပို့ခိုင်းတာကြောင့် ပင်တိုင်ထိုအရာတွေယူပြီးသာ အိမ်ရှေ့ထွက်လာခဲ့ရသည်။အိမ်ရှေ့မှာလုပ်နေကိုင်နေကြတဲ့လူတွေကြား လင်းခေးလည်းအပါအဝင်၊ပင်တိုင်အိမ်ထဲကထွက်လာသည်ကိုမြင်တာနဲ့ လင်းခေးသူ့ဆီပြေးလာပြီး ရေနွေးကြမ်းနဲ့အမြည်းတွေထည့်ထားတဲ့လင်ဗန်းကိုသာ လင်းခေးလက်လွှဲယူသွားသည်။

လင်းခေးယူသွားပြီမို့ ပင်တိုင်ကိုယ်တိုင်လိုက်ပေးစရာမလိုတော့ပေ။ထို့ကြောင့် ပင်တိုင်အိမ်ထဲသို့ပြန်ဝင်ဖို့သာပြင်လိုက်၏။

"ပင်တိုင် လာလေ"

"ကိုကိုယူသြားမွာမဟုတ္လား"

"ပင်တိုင်ပါလိုက်ခဲ့"

ပင်တိုင်လိုက်ခဲ့ဖို့ပြောပြီး အရှေ့ကအရင်ဦးစွာသွားလေတဲ့လင်းခေးနောက်ကို ပင်တိုင်လည်းထပ်ကြပ်မခွာလိုက်လာခဲ့သည်။လူကြီးတွေရဲ့အနား လင်းခေးယူလာတဲ့လင်ဗန်းကိုချပေးပြီးနောက် သူ့အနောက်မှာရပ်နေတဲ့ပင်တိုင့်လက်ကလေးကိုဆွဲပြီးသာ လူရှင်းနေတဲ့မနက်ဖြန်အတွက်ပြင်ဆင်ထားသည့် ခန်းမအတွင်းသာခေါ်လာခဲ့၏။

အထဲရောက်သည်အထိ ပင်တိုင့်လက်ကလေးကိုလင်းခေးဆုပ်ကိုင်ထားဆဲ....

"လှလားပင်တိုင်"

"လွတယ္ကိုကို"

အရောင်အသွေးစုံလင်လှတဲ့ ကော်ပန်းခတ်တွေနဲ့ပြင်ဆင်ထားပြီး မောင်သိန်းတန်နှင့်မမေမိုးတို့၏ မင်္ဂလာဧည့်ခံပွဲလို့ရေးထိုးထားတဲ့စာလုံးလှလှလေးတွေကို ပင်တိုင်သဘောကျစွာဘဲချီးကျူးမိလိုက်သည်။

သိပ်မကြာလိုက်သူ့လက်တွေကိုကိုင်ထားတဲ့လင်းခေး အနားသို့တိုးလာတာကြောင့် ပင်တိုင်စိတ်မလုံဘဲတစ်ယောက်ယောက်မြင်သွားမှာဘဲကြောက်နေမိ၏။

"ကိုကို တစ်ယောက်ယောက်မြင်သွားလိမ့်မယ်"

"တကယ်လို့ဒီလိုမင်္ဂလာပွဲမှာ ကိုကိုသာတစ်ခြားတစ်ယောက်နဲ့ဖြစ်နေမှာကို ပင်တိုင်မြင်ချင်လား"

"ကိုကိုရယ်တော်ပါတော့"

"ဖြေလေပင်တိုင်"

ပင်တိုင်ပြောတာကို လင်းခေးဂရုမစိုက်ဘဲသူပြောချင်တာတွေဘဲပြောနေပြန်သည်။တစ်ယောက်ယောက်မြင်သွားလျှင်ဆိုသည့်အတွေးနဲ့ပင်တိုင်သာကြောက်ပြီး အဝင်ကိုကဲကဲကြည့်နေပေမဲ့ လင်းခေးကတော့ပင်တိုင့်မျက်နှာကကိုအကြည့်မခွာ။

ပင်တိုင်ကြောက်လှပါသည် တစ်ယောက်ယောက်သာသူတို့ကိုဤပုံစံအတိုင်းမြင်သွားပြီး လင်းခေးပြောနေတဲ့စကားတွေကြားသွားမှာကိုပင်။

"ကိုကို ပင်တိုင်ကြောက်တယ်"

"ကိုကိုရှိတယ်"

အနားသို့ကပ်ပြောလာတဲ့"ကိုကိုရှိတယ်"ဆိုတဲ့စကားလေးကြောင့် ပင်တိုင်စိတ်လုံခြုံမှုရှိသွားတာတော့အသေအချာပင်။သို့ပေမဲ့ မျက်စိရှေ့မှာသူ့အဖြေကိုစောင့်ဆိုင်းနေတဲ့လင်းခေးကိုကြည့်လိုက် ပြင်ဆင်ထားတဲ့မင်္ဂလာခန်းမကိုကြည့်လိုက်နဲ့ ပင်တိုင်သက်ပြင်းချလျက်သားဖြင့်ခေါင်းလေးသာငိုင်ကျသွား၏။

"ပင်တိုင်လောဘတွေကြီးတက်နေပြီကိုကို"

"....."

"ဒီလိုပွဲမျိုးမှာကိုကို့ကိုတစ်ခြားတစ်ယောက်နဲ့မြင်ရမယ်ဆိုရင် ပင်တိုင်ရူးသွားလိမ့်မယ်။ကိုကို့အပေါ်ပင်တိုင့်စိတ်တွေဘယ်အချိန်ကထဲက မရိုးသားနေခဲ့လဲပင်တိုင်မသိတော့ဘူး"

"ပင်တိုင့်လိုပြောကြေးဆိုပိုလောဘကြီးမိတဲ့သူက ကိုကိုပါ"

ပင်တိုင့်လက်ကလေးတွေကိုဆုပ်ကိုင်ထားတဲ့လက်တစ်စုံကို ပင်တိုင်လည်းပြန်ပြီးတော့သာဆုပ်ကိုင်ထားလျက်......

"ခ်စ္တယ္ကိုကို"

"ပိုချစ်ရတဲ့သူကကိုကိုပါ"

မင်္ဂလာခန်းမအတွင်း အပြုံးတွေလဲထပ်တူကျနေသလို တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ထားတဲ့ကောင်လေးနှစ်ယောက်ရဲ့အချစ်တွေကလည်း ထပ်တူကျစွာလှပနေခဲ့ပြန်တော့သည်။

ကျမလဲချစ်တယ်ရှင်။😘😘ကျမဒါဒါလေးတွေကို။

ကဲ ဇာတ်သိမ်းပြီရှင်😜😜။

(Zawgyi )

ပင္တိုင္မနက္အေစာႀကီးနိုးေနတာေၾကာင့္ မ်က္နွာသစ္ဖို႔ထြက္လာခဲ့ေပမဲ့ အိမ္ေအာက္မဆင္းခင္လင္းေခးအခန္းကိုသာအၾကည့္ေရာက္သြား၏။အခန္းတံခါးႀကီးပြင့္ေနတဲ့လင္းေခးအခန္းဆီသို႔ ပင္တိုင္သြားၾကည့္လိုက္ရာ အခန္းထဲတြင္လင္းေခးရွိမေန၊အိပ္ရာကိုေသသပ္စြာေခါက္ထားခဲ့ပံုေထာက္လ်ွင္ လင္းေခးအေစာႀကီးအိပ္ရာကထသြားပံုရသည္။

လင္းေခးမရွိတာေၾကာင့္ ပင္တိုင္ေအာက္ထပ္သို႔ဆင္းလာခဲ့ရာ ေအာက္ထပ္တြင္လည္းလင္းေခးမရွိျပန္။မိုးလင္းပါၿပီဆိုကထဲက လင္းေခးကိုမေတြ႕ရေသးသည့္အျပင္ အိမ္ထဲကိုလွည့္ပတ္ၾကည့္ေတာ့လည္း ႏြားေတြနဲ႔လွည္းပါမရွိေခ်။

အေၾကာင္းသိရေအာင္ မီးဖိုထဲမွာအလုပ္ရႈပ္ေနတဲ့ေမမိုးကိုေမးဖို႔သာ ပင္တိုင္မီးဖိုေခ်ာင္ထဲသို႔ဝင္လာခဲ့၏။ခ်က္ရင္းျပဳတ္ရင္းနဲ႔ လူဝင္လာတာကိုသတိထားမိတဲ့ေမမိုးကေတာ့ အေနာက္သို႔ခ်က္ခ်င္းလွည့္ၾကည့္လာေလသည္။

"မမမိုး ကိုကိုေကာ"

"လင္းေခးကလယ္ထဲသြားၿပီေလပင္တိုင္ရဲ႕"

"ဟင္ ပင္တိုင့္ကိုလည္းမေစာင့္ဘူး"

ပင္တိုင္ေျပာမွေမမိုးလည္းေတြးမိတယ္၊ပံုမွန္ဆိုပင္တိုင္အိပ္ရာကမထမခ်င္းထိုင္ေစာင့္ၿပီး ပင္တိုင္နဲ႔မွလင္းေခးအတူတူလယ္ထဲသြားတက္ေပမဲ့ သည္ကေန႔လင္းေခးဘာစိတ္ကူးေပါက္ၿပီးတစ္ေယာက္ထဲသြားလဲမသိ။

နွစ္ေယာက္သားတစ္ခုခုျဖစ္ထားသည္လားမေျပာတက္ ညကလည္းပင္တိုင္လာမွထမင္းစားမည္ေျပာၿပီးလင္းေခးေစာင့္ေနခဲ့ရာ ပင္တိုင္ျပန္လာေတာ့ထမင္းမစားဘဲ လင္းေခးသြားသာအိပ္၏။အခုလည္း ပင္တိုင့္ကိုတစ္ေယာက္ထဲထားခဲ့ျပန္သည္။

"မင္းတို႔စိတ္မ်ားဆိုးေနၾကတာလားပင္တိုင္ရယ္"

"မဆိုးပါဘူးမမမိုးရဲ႕"

ပင္တိုင္တို႔နွစ္ေယာက္ၾကားမွာ စိတ္ဆိုးစရာရွိေအာင္လည္း ေထြေထြထူးထူးျဖစ္ထားတာမရွိေခ်။မေန႔ကေန႔လည္ကထိေတာင္ လင္းေခးနဲ႔အဆင္ေျပေနခဲ့ရာ ညေနေစာင္းေနာက္ပိုင္းကထဲက လင္းေခးနဲ႔စကားေတာင္မေျပာရေသးတာမို႔ စိတ္ဆိုးရမည့္ကိစၥဆိုပင္တိုင္ေယာင္လို႔ေတာင္ေတြးမရပါ။

"မမမိုးလည္းမေျပာတက္ေတာ့ဘူး လင္းေခးကိစၥရွိလို႔လယ္ထဲအေစာႀကီးသြားတာေနမွာပါ"

ေမမိုးေျပာတာကို ပင္တိုင္လည္းသေဘာတူစြာဘဲေခါင္းၿငိမ့္လိုက္သည္။မေန႔ကမတ္ပဲတင္တာဘဲ မျပတ္ေသးလို႔လင္းေခးအေစာႀကီးထြက္သြားသည္ဟုသာပင္တိုင္ေတြးရင္း မ်က္နွာသစ္ဖို႔သာထြက္လာလိုက္သည္။

ပင္တိုင္မ်က္နွာသစ္ မနက္စာစားၿပီးေနာက္ လယ္ထဲသို႔သာလမ္းေလ်ွာက္ၿပီးလိုက္လာခဲ့ရသည္။႐ြာထဲနဲ႔လယ္ထဲက အနည္းငယ္လွမ္းေပမဲ့ လွည္းလမ္းကသြားတာထက္စာလ်ွင္ ျဖတ္လမ္းျဖစ္တဲ့ေျခလမ္းကသြားလ်ွင္ေတာ့ျမန္ပါသည္။

တစ္ေယာက္ထဲအခ်ိန္အေတာ္ၾကာေအာင္ေလ်ွာက္ၿပီးတဲ့ေနာက္ ပင္တိုင္လယ္နဲ႔အေတာ္ေလးနီးကပ္လာခဲ့သည္။လယ္ထဲတြင္ပုဆိုးတိုိ္ုတိုဝတ္ၿပီး မတ္ပဲေတြတင္ေနတဲ့လယ္ေခးကိုျမင္တာနဲ႔ ပင္တိုင္လက္ကေလးရမ္းၿပီးသာအသံျပဳလိုက္၏။

"ကိုကိုေရ႕"

လယ္ထဲမွာတစ္ေယာက္ထဲမတ္ပဲေတြတင္ေနရင္း ခပ္စြာစြာျဖင့္ထြက္ေပၚလာတဲ့အသံေလးေၾကာင့္ လင္းေခးမတ္ပဲေတြေပြ႕လ်က္သားျဖင့္ရပ္ၾကည့္ေနခဲ့ရာ ပင္တိုင္လယ္ကန္တင္းမွာရပ္ၿပီးလက္ကေလးရမ္းလို႔သာ။

သူ႔ဆီခပ္သြက္သြက္လာေနတဲ့ေကာင္ေလးကို လင္းေခးမ်က္နွာလႊဲၿပီး မတ္ပဲတင္ရန္သာလွည္းဆီသို႔လာလိုက္၏။အေနာက္ကအမွီလိုက္လာတဲ့ေကာင္ေလးကလည္း သူ႔အေနာက္သို႔မေျပးယံုတမယ္လိုက္လာေလသည္။

လက္ထဲကမတ္ပဲေတြကိုလင္းေခးပစ္တင္လိုက္ရာ ပင္တိုင္သူ႔အေနာက္လိုက္လာၿပီးဘယ္အခ်ိန္ကမတ္ပဲေတြေပြ႕လာလိုက္လဲမသိ၊မတ္ပဲေတြတစ္ေပြ႕တစ္ပိုက္ျဖင့္ လွည္းေပၚပစ္တင္ဖို႔လုပ္ကာမွလင္းေခးျမင္မိသည္။

"ဘာလို႔ဒါေတြေပြ႕လာတာလဲ"

လင္းေခး ပင္တိုင့္ေပြ႕လာတဲ့မတ္ပဲေတြကို လွမ္းယူၿပီးသာလွည္းေပၚသို႔ပစ္တင္၍ေအာ္လိုက္မိ၏။

"ပင္တိုင္ ကိုကို႔ကိုကူေနတာေလ"

"မလိုဘူး ၾသား...အရိပ္မွာဘဲသြားထိုင္ေနသြား"

လင္းေခးေအာ္လိုက္ေတာ့လည္း ပင္တိုင္မ်က္နွာေလးငယ္ကာအရိပ္မွာသြားထိုင္ေလသည္။

လွည္းေပၚတင္ဖို႔က်န္ေနေသးတဲ့မတ္ပဲေတြကို လင္းေခးဆက္တင္ဖို႔လုပ္လိုက္ေပမဲ့ အပင္ေအာက္ကထြက္ေပၚလာတဲ့ငိုရႈိက္သံေလးေၾကာင့္အပင္ေအာက္ကိုသာၾကည့္မိ၏။အပင္ေအာက္တြင္ ေခါင္းေလးငံု႔ကာငိုေနတဲ့ပင္တိုင့္ကိုျမင္ေတာ့ လင္းေခးရင္ထဲနင့္ခနဲ။

သူေအာ္လိုက္လို႔ပင္တိုင္ငိုေနတာေၾကာင့္ လင္းေခးအပင္ေအာက္သို႔သာလာခဲ့၏။

"ပင္တိုင္"

လင္းေခးအနားမွာဝင္ထိုင္သည္နွင့္ ငံု႔ေနတဲ့ပင္တိုင့္ေခါင္းေလး ခ်က္ခ်င္းေထာင္လာလိုက္တာ မ်က္ရည္ေတြလဲရႊဲလို႔ပင္။

"ကိုကိုဘာျဖစ္ေနတာလဲ ပင္တိုင့္ကိုလည္းမေစာင့္ဘူး။ပင္တိုင္ကူညီေတာ့လည္း ပင္တိုင့္ကိုဘာလို႔ေအာ္တာလဲ အဟင့္...ဟင့္"

ငိုၿပီးေျပာေနတဲ့မ်က္နွာေလးေပၚကမ်က္ရည္ေတြကို လင္းေခးသုတ္ေပးဖို႔႐ြယ္လိုက္ေပမဲ့ မတ္ပဲကိုင္ထားတဲ့သူ႔လက္ေတြျဖင့္ထိလိုက္လ်ွင္ ပင္တိုင့္မ်က္နွာေလးယားယံလာမွာကိုမလိုလား။ထို႔ေၾကာင့္ ပင္တိုင့္မ်က္နွာနားက႐ြယ္လိုက္မိတဲ့သူ႔လက္ေတြကိုသာ ျပန္ရုတ္သိမ္းလိုက္၏။

"ေနကပူမတ္ပဲေတြကယားနဲ႔ ပင္တိုင္ပင္ပန္းမွာဆိုးလို႔ေအာ္လိုက္တာပါကြာ"

ဒါေတာ့ဟုတ္သည္။နဂိုအသားျဖဴတဲ့ပင္တိုင္က မတ္ပဲကိုင္ေနသည့္အခ်ိန္ဆိုလ်ွင္ ေနျမင့္လာသည္နွင့္အသားေလးေတြနဲ႔မ်က္နွာေလးပါရဲတက္လာတက္ၿပီး လက္ကေလးေတြဆိုလ်ွင္ဘုရဲရဲေလးေတြကေပါက္တက္ေသးတာေၾကာင့္ လင္းေခးစိတ္ပူၿပီးေအာ္လိုက္ျခင္းသာ။

"ပင္တိုင္မကူညီရင္ ကိုကိုပိုပင္ပန္းမွာေပါ့။ၿပီးေတာ့ ကိုကိုပင္တိုင့္ကိုညကထဲကေရွာင္ေနတာ ပင္တိုင္သိတယ္"

"ကိုကိုဘာလို႔ေရွာင္ေနလဲ ပင္တိုင္မေမးေတာဘူးလား"

ပင္တိုင့္မ်က္လံုးေတြကိုစိုက္ၾကည့္ကာေျပာလာတဲ့လင္းေခးကို ပင္တိုင္ငိုမဲ့မဲ့ေလးျဖင့္သာၾကည့္၍.....

"ပင္တိုင့္ကိုဘာလို႔ေရွာင္ေနတာလဲ"

"ခ်စ္လို႔"

လင္းေခးျပန္ေျဖလာတဲ့အေျဖကို ပင္တိုင္ဘဝင္မက်စြာဘဲနႈတ္ခမ္းေလးဆူသြားေလသည္။ၿပီးေနာက္....

"ပင္တိုင္လည္းကိုကို႔ကိုခ်စ္တာဘဲ ဒါေပမဲ့ကိုကို႔လို႔ေရွာင္မေနပါဘူး"

ေျပာရင္းဆိုရင္း မ်က္ရည္ေလးေတြက်ေနတဲ့ေကာင္ေလးကို လင္းေခးဘယ္လိုရွင္းျပရမည္မွန္းေတာင္မသိေတာ့ပါ။

ျဖည္းညင္းစြာတိုက္ခက္လာတဲ့ေလညင္းၾကား ပင္တိုင့္လက္ကေလးကိုသာလင္းေခးအရဲစြန္႔၍ဆုပ္ကိုင္လိုက္မိသည္။ခါတိုင္းလည္းပင္တိုင့္လက္ကေလးေတြကိုကိုင္ဖူးေပမဲ့ သည္တစ္ခါေတာ့ လင္းေခးလက္ဖ်ားေတြပါအလိုလိုေအးေနမိ၏။

"ပင္တိုင္"

"ဗ္ာ"

"ကိုကို ပင္တိုင္နဲ႔ညီအစ္ကိုထက္ပိုခ်င္တယ္"

"ကိုကိုဘာေတြေျပာေနတာလဲ"

ဆုပ္ကိုင္ထားတဲ့လက္ေတြၾကားက ပင္တိုင္သူ႔လက္ကေလးေနာက္ဆုတ္ကာ ၿပံဳးၿပံဴးေလးျဖင့္နားမလည္ဟန္ျဖင့္သာေျပာလာေလသည္။

လစ္ဟာသြားတဲ့ပင္တိုင့္လက္ေတြကို လင္းေခးေနာက္တစ္ႀကိမ္ထပ္မံဆုပ္ကိုင္လိုက္ရာ မ်က္ခမ္းတစ္ဝိုက္မေျခာက္ေသးတဲ့မ်က္ရည္စေလးေတြတြဲခိုလ်က္ ပင္တိုင္မ်က္လံုးအဝိုင္းသားေလးျဖင့္ၾကည့္လို႔သာ။

"ပင္တိုင့္ကိုကိုကိုတစ္ေယာက္ထဲပိုင္ခ်င္တယ္။အစ္ကိုလိုေကာ ခ်စ္သူလိုပါေစာင့္ေရွာက္ခ်င္တယ္"

"ခ္စ္သဴ"

"အင္း"

"ကိုကိုပင္တိုင့္ကို ခ်စ္ေရးဆိုေနတာလား"

"ဘာလဲ နားေထာင္မေကာင္းလို႔လား"

ေလးနက္စြာေျပာလာတဲ့လင္းေခးစကားလံုးတိုင္းက ပင္တိုင့္အတြက္နားေထာင္ေကာင္းလွသလို ပင္တိုင္ကိုယ့္နားကိုယ္လည္းမယံုၾကည္နိုင္။ခ်စ္ေရးဆိုတာကိုသိသည္နွင့္ ပင္တိုင့္ရင္ေတြလဲခုန္ေနၿပီး လင္းေခးမ်က္နွာကိုပင္ ပင္တိုင္မၾကည့္ရဲေတာ့ဘဲမ်က္လႊာေလးသာခ်ေနမိ၏။

"ကိုကို႔အတြက္အေျဖမရွိဘူးလားပင္တိုင္"

"ပင္တိုင္မသိဘူး"

အရွက္ပိုေနတဲ့ေကာင္ေလးကို လင္းေခးဆက္ၿပီးဖိအားမေပးခ်င္။ပင္တိုင့္ပါးစပ္ကလိုလိုလားလားေပးတဲ့အေျဖကိုသာ လင္းေခးလိုခ်င္သည္။ရွက္ေနတဲ့ေကာင္ေလးရဲ႕ လက္ကေလးေတြကိုသာ လင္းေခးလႊတ္လိုက္ၿပီး....

"ကိုကိုေစာင့္ေနမယ္ ပင္တိုင္"

"ပင္တိုင္ လင္းေခးကိုဟင္းထည့္ေပးလိုက္အံုး"

"ဟုတ္ေမေမ"

ပင္တိုင္ဟင္းတစ္ဇြန္းေကာ္ၿပီး လင္းေခးပန္းကန္ထဲထည့္ဖို႔လုပ္လိုက္ေတာ့ လင္းေခးသူ႔အားၿပံဳးၾကည္လာသည္။ပံုမွန္လဲထိုအၿပံဳးေတြကိုျမင္ေနက်ျဖစ္ေပမဲ့ လင္းေခးခ်စ္ေရးဆိုၿပီးတဲ့ေနာက္ပင္တိုင္ လင္းေခးကိုျမင္တာနဲ႔ရွက္ေနမိေတာ့သည္။အခုလည္းရွက္ရွက္ျဖင့္ ဟင္းဇြန္းႀကီးကိုကိုင္ကာထည့္မေပးဘဲရပ္ေနျပန္သည္။

"ဟဲ့ပင္တိုင္ ဟင္းထည့္ေပးပါဆိုမွဘာလုပ္ေနတာလဲ"

ေဒၚေအးသြယ္ထေအာ္လိုက္သျဖင့္ ပင္တိုင္လက္ထဲကကိုင္ထားတဲ့ဟင္းဇြန္းကိုသာ လင္းေခးထမင္းပန္းကန္ထဲခ်ေပးလိုက္သည္။ရွက္ေနတဲ့ပင္တိုင္အေငါက္ခံရတာကို လင္းေခးကေတာ့ဘာေတြသေဘာက်ေနလဲမသိေပ။

ထမင္းစစားပါၿပီဆိုကထဲက ေဒၚေအးသြယ္ၾကည့္ေနတာ ပင္တိုင္ထမင္းေတြကိုင္လိုက္ ထမင္းေတြႀကီးဘဲအသားလြတ္စားေနလိုက္နဲ႔ ဘဲလုပ္ေနေလသည္။လင္းေခးကိုဟင္းထည့္ေပးျပန္ေတာ့လည္း သူကဟင္းမယူ၊ဒီအတိုင္းႀကီးဘဲဆက္စားေနတာေၾကာင့္....

"တပင္တိုင္ မင္းထမင္းႀကီးဘဲစားေနေတာ့မွာလား"

ပင္တိုင္ထမင္းစားေနပါေသာ္လည္း ထမင္းဆီသို႔အာရံုမေရာက္ပါ။လင္းေခးေျပာခဲ့တဲ့စကားေတြကိုဘဲျပန္ေတြးမိေနရာ ေဒၚေအးသြယ္ထပ္မံသတိေပးလာမွစားေနတဲ့ထမင္းပန္းကန္ကိုငံု႔ၾကည့္ေလသည္။

"မစားပါဘူးေမေမရဲ႕"

ေဒၚေအးသြယ္ေျပာစရာမျဖစ္ရေလေအာင္ ပင္တိုင္ေတြ႕ရာဟင္းခြက္ထဲက ဟင္းတစ္ဇြန္းကိုသာေကာ္ၿပီးထည့္လိုက္ၿပီး ထမင္းကိုသာငံု႔စားေနလိုက္သည္။

ထမင္းေတြႀကီးငံု႔စားေနတဲ့ပင္တိုင့္လက္ကေလးကို စားပြဲေအာက္ကေနလင္းေခး လွမ္းကိုင္လိုက္တာေၾကာင့္ ပင္တိုင္စားေနရင္းပခံုးေလးတြန္႔သြားၿပီး သူ႔ဘက္သို႔သာလွည့္ၾကည့္ေလသည္။

သူမဟုတ္သလိုဘဲထမင္းစားမပ်က္တဲ့ လင္းေခးကဆက္စားနိုင္ေပမဲ့ ပင္တိုင္ကေတာ့သူ႔လက္ကေလးကိုကိုင္ထားတဲ့လင္းေခးလက္ကိုသာ စားပြဲေအာက္သို႔မသိမသာငံု႔ၾကည့္ၿပီး နားဖ်ားေလးေတြရဲေနမိသည္။လင္းေခးကိုင္ထားတဲ့ပင္တိုင့္လက္ကေလးကို ပင္တိုင္အသာရုန္းၾကည့္ေပမဲ့ ပိုၿပီးတင္းၾကပ္စြာဆုပ္ကိုင္လာတဲ့လင္းေခးကအလြတ္မေပးသည့္အျပင္ ထမင္းစားေနရင္းၿပံဳးေယာင္သမ္းကာသေဘာက်ေနေသးသည္။

လက္ကရုန္းေနတာေၾကာင့္ တည္ၿငိမ္မေနတဲ့ပင္တိုင့္ကိုယ္ကလႈပ္လႈပ္ယွက္ယွက္နဲ႔ပင္။၅ေယာက္အတူတူထမင္းစားေနရင္း လင္းေခးသာပင္တိုင္ထိုင္ေနရင္းနဲ႔လႈပ္လႈပ္ယွက္ယွက္ျဖစ္ေနရသည့္အေၾကာင္းကိုသိေပမဲ့ က်န္ေနတဲ့ဦးမိုးျမင့္အျပင္ ေဒၚေအးသြယ္နဲ႔ေမမိုးကေတာ့ လႈပ္လႈပ္ယွက္ယွက္ျဖစ္ေနတဲ့ပင္တိုင့္ကိုၾကည့္ၿပီးသာထူးဆန္းေနခဲ့သည္။ေနာက္ၿပီးေမမိုး ပင္တိုင္ဘာျဖစ္ေနလဲသိရေအာင္...

"ပင္တိုင္ ဘာျဖစ္ေနတာလဲ"

ေမမိုးထေမးလိုက္သျဖင့္ ပင္တိုင္လည္းရုန္းရင္းနဲခ်က္ခ်င္းရပ္တန္သြားၿပီး ေခါင္းခါမိ၏။သို႔ေသာ္ သူ႔အားစိုက္ၾကည့္ေနၾကတဲ့လူႀကီးေတြရဲ႕အၾကည့္ေတြကေတာ့ သူ႔ကိုယံုဟန္မရွိတာနဲ႔ ပင္တိုင္စကားလႊဲမွျဖစ္ေတာ့မည္။

"အေကာင္ကိုက္လို႔ပါမမမိုး"

"ဟင္ ဟုတႅား"

အေကာင္တကယ္ကိုက္သည္ထင္သြားတဲ့ေမမိုး စားပြဲေအာက္သို႔ငံု႔ၾကည့္လာတာေၾကာင့္ လင္းေခးဆုပ္ကိုင္ထားတဲ့ပင္တိုင့္လက္ေတြကိုသာဆတ္ခနဲလႊတ္လိုက္၏။သူ႔လက္ကလြတ္သြားလို႔ တစ္ဖန္ျပန္ၿပီးေက်နပ္ေနတဲ့တပင္တိုင္ကေတာ့ခပ္ၿပံဳးၿပံဳးသာ။

ေမမိုးငံု႔ၾကည့္ေတာ့ စားပြဲေအာက္မွာဘာေကာင္မွမျမင္ပါ။အေကာင္မဆိုထားနွင့္ ပု႐ြက္ဆိတ္တစ္ေကာင္ေတာင္မျမင္တာေၾကာင့္ စားပြဲေအာင္ငံု႔ၾကည့္ရာမွေမာ့လာခဲ့သည္။

"ဘာေကာင္မွမရွိပါဘူးပင္တိုင္"

"ဟို အေကာင္ကထြက္သြားၿပီထင္တယ္"

"အခုေကာဘယ္လိုေနေသးလဲ"

"ဘယႅိုမြေမေနတာ့ပါဘူးမမမိုး"

ေမမိုးေခါင္းတၿငိမ့္ၿငိမ့္နဲ႔ ထမင္းသာျပန္ၿပီးဆက္စားေနခဲ့ေလသည္။ပင္တိုင္လည္း လက္ေတြစားပြဲေအာက္မွာခ်ထားလ်ွင္ လင္းေခးထပ္မံဆုပ္ကိုင္လာမွာစိုးရိမ္သျဖင့္ စားပြဲေပၚသို႔သာလူျမင္သာမည့္ေနရာမွာလက္တင္ၿပီးထမင္းဆက္စားေနခဲ့ရသည္။

ဤကေန႔မနက္မိုးလင္းကထဲက ပင္တိုင္တို႔အိမ္ေရွ႕မွာလူေတြစည္ကားေနခဲ့သည္။အိမ္တစ္အိမ္မွာအလွဴပြဲမဂၤလာပြဲရွိသည္ဆိုလ်ွင္ ရပ္႐ြာထဲကလူေတြလာကူေလ့ရွိၾကရာ အခုလည္းအိမ္အတြင္းေကာအိမ္အျပင္မွာပါ မနက္ျဖန္က်ေရာက္မဲ့ကိုသိန္းတန္နဲ႔ေမမိုးတို႔ရဲ႕ မဂၤလာပြဲအတြက္လာေရာက္ကူညီေပးေနၾကသူမ်ားနဲ႔ျပည့္ေနသည္။

အိမ္ေရွ႕မွာလုပ္ေနကိုင္ေနၾကတဲ့သူေတြအတြက္ ေဒၚေအးသြယ္ေရေႏြးၾကမ္းနဲ႔အျမည္းသြားပို႔ခိုင္းတာေၾကာင့္ ပင္တိုင္ထိုအရာေတြယူၿပီးသာ အိမ္ေရွ႕ထြက္လာခဲ့ရသည္။အိမ္ေရွ႕မွာလုပ္ေနကိုင္ေနၾကတဲ့လူေတြၾကား လင္းေခးလည္းအပါအဝင္၊ပင္တိုင္အိမ္ထဲကထြက္လာသည္ကိုျမင္တာနဲ႔ လင္းေခးသူ႔ဆီေျပးလာၿပီး ေရေႏြးၾကမ္းနဲ႔အျမည္းေတြထည့္ထားတဲ့လင္ဗန္းကိုသာ လင္းေခးလက္လႊဲယူသြားသည္။

လင္းေခးယူသြားၿပီမို႔ ပင္တိုင္ကိုယ္တိုင္လိုက္ေပးစရာမလိုေတာ့ေပ။ထို႔ေၾကာင့္ ပင္တိုင္အိမ္ထဲသို႔ျပန္ဝင္ဖို႔သာျပင္လိုက္၏။

"ပင္တိုင္ လာေလ"

"ကိုကိုယူၾသားမြာမဟုတႅား"

"ပင္တိုင္ပါလိုက္ခဲ့"

ပင္တိုင္လိုက္ခဲ့ဖို႔ေျပာၿပီး အေရွ႕ကအရင္ဦးစြာသြားေလတဲ့လင္းေခးေနာက္ကို ပင္တိုင္လည္းထပ္ၾကပ္မခြာလိုက္လာခဲ့သည္။လူႀကီးေတြရဲ႕အနား လင္းေခးယူလာတဲ့လင္ဗန္းကိုခ်ေပးၿပီးေနာက္ သူ႔အေနာက္မွာရပ္ေနတဲ့ပင္တိုင့္လက္ကေလးကိုဆြဲၿပီးသာ လူရွင္းေနတဲ့မနက္ျဖန္အတြက္ျပင္ဆင္ထားသည့္ ခန္းမအတြင္းသာေခၚလာခဲ့၏။

အထဲေရာက္သည္အထိ ပင္တိုင့္လက္ကေလးကိုလင္းေခးဆုပ္ကိုင္ထားဆဲ....

"လွလားပင္တိုင္"

"လြတယၠိုကို"

အေရာင္အေသြးစံုလင္လွတဲ့ ေကာ္ပန္းခတ္ေတြနဲ႔ျပင္ဆင္ထားၿပီး ေမာင္သိန္းတန္နွင့္မေမမိုးတို႔၏ မဂၤလာဧည့္ခံပြဲလို႔ေရးထိုးထားတဲ့စာလံုးလွလွေလးေတြကို ပင္တိုင္သေဘာက်စြာဘဲခ်ီးက်ဴးမိလိုက္သည္။

သိပ္မၾကာလိုက္သူ႔လက္ေတြကိုကိုင္ထားတဲ့လင္းေခး အနားသို႔တိုးလာတာေၾကာင့္ ပင္တိုင္စိတ္မလံုဘဲတစ္ေယာက္ေယာက္ျမင္သြားမွာဘဲေၾကာက္ေနမိ၏။

"ကိုကို တစ္ေယာက္ေယာက္ျမင္သြားလိမ့္မယ္"

"တကယ္လို႔ဒီလိုမဂၤလာပြဲမွာ ကိုကိုသာတစ္ျခားတစ္ေယာက္နဲ႔ျဖစ္ေနမွာကို ပင္တိုင္ျမင္ခ်င္လား"

"ကိုကိုရယ္ေတာ္ပါေတာ့"

"ေျဖေလပင္တိုင္"

ပင္တိုင္ေျပာတာကို လင္းေခးဂရုမစိုက္ဘဲသူေျပာခ်င္တာေတြဘဲေျပာေနျပန္သည္။တစ္ေယာက္ေယာက္ျမင္သြားလ်ွင္ဆိုသည့္အေတြးနဲ႔ပင္တိုင္သာေၾကာက္ၿပီး အဝင္ကိုကဲကဲၾကည့္ေနေပမဲ့ လင္းေခးကေတာ့ပင္တိုင့္မ်က္နွာကကိုအၾကည့္မခြာ။

ပင္တိုင္ေၾကာက္လွပါသည္ တစ္ေယာက္ေယာက္သာသူတို႔ကိုဤပံုစံအတိုင္းျမင္သြားၿပီး လင္းေခးေျပာေနတဲ့စကားေတြၾကားသြားမွာကိုပင္။

"ကိုကို ပင္တိုင္ေၾကာက္တယ္"

"ကိုကိုရွိတယ္"

အနားသို႔ကပ္ေျပာလာတဲ့"ကိုကိုရွိတယ္"ဆိုတဲ့စကားေလးေၾကာင့္ ပင္တိုင္စိတ္လံုၿခံဳမႈရွိသြားတာေတာ့အေသအခ်ာပင္။သို႔ေပမဲ့ မ်က္စိေရွ႕မွာသူ႔အေျဖကိုေစာင့္ဆိုင္းေနတဲ့လင္းေခးကိုၾကည့္လိုက္ ျပင္ဆင္ထားတဲ့မဂၤလာခန္းမကိုၾကည့္လိုက္နဲ႔ ပင္တိုင္သက္ျပင္းခ်လ်က္သားျဖင့္ေခါင္းေလးသာငိုင္က်သြား၏။

"ပင္တိုင္ေလာဘေတြႀကီးတက္ေနၿပီကိုကို"

"....."

"ဒီလိုပြဲမ်ိဳးမွာကိုကို႔ကိုတစ္ျခားတစ္ေယာက္နဲ႔ျမင္ရမယ္ဆိုရင္ ပင္တိုင္ရူးသြားလိမ့္မယ္။ကိုကို႔အေပၚပင္တိုင့္စိတ္ေတြဘယ္အခ်ိန္ကထဲက မရိုးသားေနခဲ့လဲပင္တိုင္မသိေတာ့ဘူး"

"ပင္တိုင့္လိုေျပာေၾကးဆိုပိုေလာဘႀကီးမိတဲ့သူက ကိုကိုပါ"

ပင္တိုင့္လက္ကေလးေတြကိုဆုပ္ကိုင္ထားတဲ့လက္တစ္စံုကို ပင္တိုင္လည္းျပန္ၿပီးေတာ့သာဆုပ္ကိုင္ထားလ်က္......

"ခ္စၱယၠိုကို"

"ပိုခ်စ္ရတဲ့သူကကိုကိုပါ"

မဂၤလာခန္းမအတြင္း အၿပံဳးေတြလဲထပ္တူက်ေနသလို တစ္ေယာက္လက္တစ္ေယာက္ဆုပ္ကိုင္ထားတဲ့ေကာင္ေလးနွစ္ေယာက္ရဲ႕အခ်စ္ေတြကလည္း ထပ္တူက်စြာလွပေနခဲ့ျပန္ေတာ့သည္။

က်မလဲခ်စ္တယ္ရွင္။😘😘က်မဒါဒါေလးေတြကို။

ကဲ ဇာတ္သိမ္းၿပီရွင္😜😜။

Continue Reading

You'll Also Like

325K 18.6K 19
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
511K 14.9K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
611K 50.3K 23
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
582K 20.2K 96
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...