Secret Love On Air

By ErikaPaul9

4.3K 481 32

မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစ... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 11
Part - 12
Part - 13
Part - 14
Part - 15

Part - 10

237 35 2
By ErikaPaul9

" မိုးဝေရီဆိုတာဘယ်လိုလူမျိုးလဲ အန်တီစိမ့်စမ်းညို "

တိတ်ဆိတ်နေတဲ့စကားဝိုင်းထဲမှာနွေဦးမောင်ကစကားပြန်စလေသည်။

" လူရောစိတ်ထားရောလှပတဲ့မိန်းကလေး လူတိုင်းအပေါ်မှာစိတ်သဘောထားသိပ်ပြည့်ဝတဲ့သူအန်တီ့ကိုလွှဲလို့ပေါ့ ဆရာဝန်တစ်ယောက်ဆိုတဲ့အတိုင်းပါပဲအမြဲပြုံးနေတတ်တယ်သူ့မြင်ရင်ကိုရောဂါတစ်ဝက်ကသက်သာပြီးသားပါပဲ "

ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ကသူချစ်တဲ့တစ်စုံတစ်ယောက်အကြောင်းပြောပြတာခံရဖူးလား။အဲ့ဒီခံစားချက်ကြီးကဘယ်လောက်တောင်မှရင်နင့်ဖွယ်ကောင်းပြီးခံပြင်းစရာကောင်းသလဲ။ခုလည်းမိုးဝေရီအကြောင်းပြောနေတဲ့စိမ့်စမ်းညိုတစ်ယောက်မှာမျက်လုံးတွေမှာကြည်နူးခြင်းအရောင်တွေတောက်ပနေခဲ့တယ်။နှလုံးသားမှာအချစ်ပန်းတွေပွင့်နေတယ်။

" အန်တီစိမ့်စမ်းညိုရဲ့နှလုံးသားအစုံကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ဒေါက်တာမိုးဝေရီဆိုတဲ့မိန်းမလှလေးနဲ့တွေ့ဖူးချင်လိုက်တာ "

" စိတ်မကောင်းဖြစ်သွားလား "

" မေးရက်လိုက်တာ "

ရင်ထဲကတိုးတိုးတိတ်တိတ်လေးဖြေခဲ့ပါတယ်။သူမရဲ့မျက်ဝန်းညိုလေးကိုစိုက်ကြည့်ရင်းနဲ့ပေါ့။

" sry ပါ အန်တီမရည်ရွယ်ပါဘူး "

" ရပါတယ် "

အချိန်တွေပုံမှန်လည်ပတ်ရင်းနဲ့ရှမ်းပြည်ခရီးကိုအတူတူချီကြလေပြီ။

" စိမ့် "

" မမ "

" လွမ်းလိုက်တာကွယ် ရှင်လေးကို "

ဒေါက်တာမြကြာဖြူ-ရှမ်းပြည်မြောက်ပိုင်းနမ့်လန်မြို့သေးသေးလေးရဲ့မေတ္တာစံအိမ်ဆေးတိုက်ရဲ့ပဲ့ကိုင်ရှင်မောက်ဝိုင်ဝမ်းရဲ့ချစ်ရသောဇနီးအမျိုးသမီးလေး...( အချစ်ရှိရာဤမောရှမ်းမြေထဲက ဒေါက်တာမြကြာဖြူနဲ့မောက်ဝိုင်ဝမ်းတို့ပါ )

စိမ့်စမ်းညိုနဲ့ဒေါက်တာမြကြာဖြူတို့ကအသိမိတ်ဆွေတွေထက်ပိုတဲ့ friship တစ်ခု

" ying ရေ "

" ဟုတ် ဒေါက်တာ "

" တီစိမ့်တို့ရောက်ပြီ "

" အာ တီစိမ့် "

စိမ့်စမ်းညိုကိုသူမနှုတ်ဆက်ပွေ့ဖက်လိုက်သည်။

" အော် ဒီကလေးကရွှေရဲ့သမီးလေး နွေဦးမောင်တဲ့ "

" နွေဦးမောင် "

ဒေါက်တာမြကြာဖြူကသူ့ကိုသေချာလေးကြည့်နေမိတယ်ထင်ရဲ့။အင်းပေါ့ မိုးဝေရီဆိုတဲ့ဒေါက်တာကိုလည်းသူမတို့သိမှာပေါ့။သူနဲ့တူလို့ပဲဒီလိုတွေအကဲခတ်ကြည့်နေကြတယ်ပဲထင်ပါတယ်။

" အေးဆေးနားလိုက်ဦး မမညစာပြင်လိုက်ဦးမယ် "

" စိမ့်တို့လည်းကူမယ်လေ "

" နေပါ ခရီးပန်းလာတာကို သွား သွား သွားနားချေ "

သူတို့အတွက်ကြိုပြင်ဆင်ထားတဲ့အခန်းထဲကိုအိမ်အကူမိန်းကလေးတစ်ယောက်ကအထုပ်တွေကူသယ်ပေးပြီးသူနဲ့အတူခေါ်သွားလေသည်။

" မမမိုးနဲ့သိပ်တူတာပဲနော် ဒေါက်တာ "

" အွန်း ဆန်းကြယ်လိုက်တာ လောကကြီးဆိုသည်မှာလည်း "

" မမမိုးဒီမှာရှိတာ တီစိမ့်သိလားဟင် "

" မသိသေးဘူး ying ရဲ့ "

" ညကျရင်တော့ တွေ့ကြရတော့မှာ ဘယ်လိုလုပ်မလဲ "

" တချို့သောအရာတွေကရှောင်လွှဲလေပိုဆိုးလာလေပဲ အဲ့တော့ရင်ဆိုင်ရမှာပေါ့ "

ပြောသလိုပဲမိုးဝေရီရောက်လာပါပြီ။

Dinner စားရာဝိုင်းနဲ့မလှမ်းမကမ်းမှာပင်ရပ်တန့်သွားသောခြေအစုံ မျက်လုံးတွေထဲကပြာယာခတ်သွားတဲ့ပုံရိပ်တချို့ ရင်တွေကတဒိန်းဒိန်းခုန်လာတာ အချစ်ကြောင့်လား ဒါမှမဟုတ်တခြားတုန်လှုပ်မှုတစ်ခုကြောင့်လား။

5 yrs ago...

" မိုး မတို့ကျော်ဖြတ်နိုင်ပါ ဒီတစ်ခါထပ်ပြီး ဒီတစ်ခါနောက်ဆုံးပဲဖြစ်မှာပါ မိုးရှေ့မှာမရှိပါတယ် "

" တော်ပြီ မ ဒီမှာပဲရပ်လိုက်ကြရအောင် "

" မိုးကိုမဘယ်လောက်ထိချစ်လဲ မိုးအသိဆုံးလေဟာ ဒီတိုင်းလွယ်လွယ်ကူကူနဲ့မမိုးကိုဘယ်လိုလက်လွတ်နိုင်မှာလဲ မိုးရာ "

" အဲ့ဒါမကိစ္စပါ "

" ပြောရက်လိုက်တာ မိုး ဒီအခြေအနေထိရောက်အောင် မကမိုးဘေးနားမှာရှိနေပေးခဲ့တာ မ မရှိရင်မိုးတကယ်အဆင်ပြေမလား "

" ပြေတယ်ဆိုတာထက်ကိုပိုပါတယ် မ မရှိရင်မိုးပိုအဆင်ပြေမှာပါ အိမ်ကမိဘတွေလည်းအကုန်သိသွားပြီ အဲ့တော့မနဲ့ဘယ်လိုမှရှေ့မဆက်နိုင်တော့ဘူး "

" မရင်ဆိုင်မယ် မိုးမိဘတွေကိုမရင်ဆိုင်မယ် "

" တော်ပါတော့လို့ မကိုမချစ်တော့တာ မချစ်ချင်တော့တာ ဟုတ်ပြီလား "

စိမ့်စမ်းညိုရဲ့ရင်ဘတ်ကိုချွန်ထက်လှတဲ့ဓားတစ်လက်နဲ့ထိုးစိုက်ထားသလိုနှင့်နေအောင်နာကျင်ရတယ်ဆိုတာသူမကလွှဲရင်ဘယ်သူသိတတ်နားလည်မလဲ။

ထွက်ခွာသွားခဲ့သူရဲ့ကျောပြင်လေးကိုငေးရင်းရပ်ကျန်နေခဲ့ရုံကလွှဲရင်သူမဘာမှမတတ်နိုင်ခဲ့ပါဘူး။

သတ္တိကြောင်သူတစ်ယောက်ကတော့သူ့ကိုချစ်တဲ့လူကိုဆုံးရှုံးသွားလိုက်ရမှန်းထိုအချိန်ကသိခဲ့ဟန်မတူဘူး။

" မိုး ရောက်ပြီလား လာလေ "

စိမ့်စမ်းညိုကနားမလည်တဲ့မျက်လုံးတွေနဲ့မြကြာဖြူကိုတစ်ချက်ကြည့်မိသည်။သူမတစ်ယောက်တည်းမဟုတ်ပါဘူး နွေဦးမောင်ကပါ ကြည့်နေခဲ့ပါတယ်။

" မိုးက မမရဲ့ဆေးတိုက်မှာ duty ဝင်ပေးနေတာ တစ်နှစ်ကျော်လောက်ရှိပြီ "

စိမ့်စမ်းညိုရဲ့ရင်ထဲမှာဘယ်လိုစကားလုံးတွေဆိုနေမလဲ သူမကိုမပြောရကောင်းလားဆိုပြီးမြကြာဖြူကိုစိတ်ခုနေမလား ဒါမှမဟုတ် တွေ့ခ္င့်ပေးလို့ဝမ်းသာနေမလား ။တိတ်တိတ်လေးအကဲခတ်နေသူမှာတော့ နွေဦးမောင်ပါ။သူမရဲ့မျက်ဝန်းညိုလေးရဲ့ရင်တွင်းစကားတွေကိုသူအတော်ပင်သိချင်ခဲ့ပုံပင်။

" ပိန်သွားတယ်နော် "

တိတ်ဆိတ်လှတဲ့ရပ်ဝန်းထဲကထွက်လာတဲ့စကားသံ စိမ့်စမ်းညိုကစနှုတ်ဆက်လိုက်တာပါ။

" အော် ဟုတ် "

အသံတွေတိမ်ဝင်သွားတယ်ထင်ရဲ့။စိမ့်စမ်းညိုကိုသူမရဲရဲပင်မော့မကြည့်ခဲ့။

ဒီလူနှစ်ယောက်မှာပြောစရာတွေတစ်ပုံတစ်ပင်ပါ။ဒါပေမယ့်ပြောမထွက်ခဲ့ကြဘူးထင်ရဲ့။

မြကြာဖြူနဲ့မောက်ဝိုင်ဝမ်းတို့မှာလည်းနေရခက်ရှာတယ်ထင်ရဲ့။စကားဝိုင်းတွေကငြိမ်သက်ဆဲ။အသက်မဝင်လှတဲ့ညစာကိုအမြန်သာပြီးဆုံးအောင်ကိုယ်စီကြိတ်နေကြသည်။

" အန်တီစိမ့်စမ်းညို "

လေးလံနေတဲ့အတွေးတစ်ခုကိုဆောင်သယ်ထားတဲ့မျက်နှာကလေးက လေညင်းခံနေတယ်။

" သမီး မအိပ်သေးဘူးလား "

" ဟုတ် အိပ်မပျော်လို့ "

" အွန်း "

" မမိုးဝေရီကတော်တော်လှတယ်နော် "

" ဟုတ်လား "

အသံကတိုးသထက်တိုးပါတယ် ပြီးတော့မချိတင်ကဲနဲ့တစ်ချက်ရယ်ပါသေးတယ်။

" အပြင်မှာတွေ့ရတော့လည်းနွေဦးနဲ့အရမ်းကြီးလည်းတူမနေပါဘူး နှာတံမှာမှဲ့နေရာချင်းတူလို့သာလူချင်းဆင်တယ်ထင်ရတာပါ တကယ်လည်းအဲ့လောက်ကြီးမဆင်ပါဘူး "

" သမီးကသမီးပါ တခြားသူနဲ့မယှဥ်ပါနဲ့ "

နဖူးပေါ်ကဆံစတွေကိုသပ်ရင်းသူမဆိုသည်။
နွေဦးမောင်မှာသူမကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့မိသည်။

" အန်တီ့ကိုအဲ့လိုနားလည်ရခက်တဲ့မျက်လုံးတွေနဲ့မကြည့်စမ်းပါနဲ့ "

" အန်တီစိမ့်စမ်းညိုက နွေဦးကိုနားလည်ရခက်အောင်လုပ်နေတာကို "

" မြင်အောင်ကြည့်ရင်နားလည်ရမခက်ပါဘူး နွေဦးမောင်ရဲ့ "

" မမိုးဝေရီမြင်အောင်တမင်ဒီလိုတွေလုပ်နေတာလား "

" ထင်ချင်သလိုထင်ကွာ နွေဦးမောင် "

ကောင်းကင်ပေါ်ကိုသူမော့ကြည့်လိုက်သည်။မျက်နှာမှာတစ်စုံတစ်ရာကိုပြတ်သားဖို့ဆုံးဖြတ်နေသလိုလို အရာနှစ်ခုတည်းကတစ်ခုကိုရွေးရမယ့်အချိန်အခါမျိုးကမျက်နှာဘေးမျက်နှာထားလေး ။

" အန်တီစိမ့်စမ်းညိုတွေဝေနေလား "

" တွေဝေနေရအောင်အန်တီကဆယ်ကျော်သက်အရွယ်မှမဟုတ်တော့တာအန်တီလည်းအန်တီပြတ်သားဖို့အချိန်ရောက်ခဲ့ပြီထင်တယ် "

" နွေဦးကူညီပေးရမလား မမိုးကိုအန်တီ့ဆီပြန်ခေါ်ပေးမယ် "

မျက်အိမ်ထဲမျက်ရည်တွေဝိုင်းနေခဲ့တယ်ထင်ရဲ့။

" အန်တီ့ကိုသီချင်းဆိုပြပါလား ဟိုမှာ ဂစ်တာ "

ချစ်ရသူရဲ့အဖြေမရခဲ့ပေမယ့်ချစ်ရသူရဲ့တောင်းဆိုချက်အတိုင်းပဲဘာမှပြန်မမေးတော့ပဲဂစ်တာလေးကိုခြေလှမ်းဖွဖွလေးနဲ့ပြေးယူလေကာချစ်ရသူနားစင်ဖို့သီချင်းသံစဥ်တွေစတင်တီးခတ်တော့သည်။

" ဒီညကြယ်တွေစုံတယ် ကောင်းကင်ကြီးလည်းလှတယ် အချစ်ညရင်ခုန်သံတီးပေးပါ "

"""နေမင်းကွယ်ညိုးရင် မိုးညမှောင်အရိပ်ဝယ်...အိုမေရယ် အနမ်းလေးဝေဖြာမယ်...ကြယ်လေးတွေကိုရှက်ရင် ထွေးပိုက်လို့ထားမယ်...ကြောက်စိတ်တွေဖယ်ထားကွယ်...ရင်ခွင်မှာနွှဲ့ကာ အားကိုးတဲ့သူရယ် ရူးရူးမူးမူးရင်ခုန်တယ်...မှေးစက်ကွယ်အသည်းဝယ်မောပန်းလို့နွမ်းရင် မောင်လေချော့ကာသိပ်ပါ့မယ်...အေ့ အေ့ အို အို မေရယ်အိပ်တော့ကွယ်""""

" မောင် "

ဆက်ရန်...

NLY🤎

Continue Reading

You'll Also Like

152K 2.5K 44
Sweet Romantic (Loose Trilogy #2) Failure and disappointment are the hardest things that she's afraid to achieve. Amaryllis Raine Lozano, a girl ful...
88.4K 3.8K 24
Book #1 of DESTINY'S ALIGNMENT SERIES *・゚゚・*:.。..。.:*゚:*:✼✿  🪄 "Shut up" "Your lips please ma'am" "What do you want? " "You, your love " "What...
Alina By ihidethisapp

General Fiction

1.5M 38.6K 78
The Lombardi family is the most notorious group in the crime world. They rule both the American and Italian mafias and have many others bowing at the...
476K 30K 40
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...