(Unicode)
ပိတ်လို့ထားတဲ့ကျောင်းတံခါးရှေ့တွင် သပြေခတ်ကိုင်သူကကိုင်၊မုန့်ပဲသရေစာထုပ်လေးတွေကိုင်သူကကိုင်နဲ့ ကျောင်းဆင်းမည့်အချိန်ကိုစောင့်ဆိုင်းနေကြသည့်မိဘများမှာ ကျောင်းဆင်းချိန်တွင်ခြေချင်းလိမ်နေကြသည်။
သူတို့အထဲတွင် လင်းခေးလည်းအပါအဝင်။ပင်တိုင်စာမေးပွဲခန်းထဲကထွက်လာလျှင်စားရအောင် ပင်တိုင်ကြိုက်တက်တဲ့နှမ်းဗြစ်လေးတွေနဲ့ရေဘူးတစ်ဘူးကိုကိုင်ကာစောင့်နေခဲ့၏။
ပင်တိုင်တို့ဆယ်တန်းစာမေးပွဲစဖြေသည့်နေ့ကထဲက ဒေါ်အေးသွယ်လည်းလယ်ထဲမသွားတော့ဘဲ ဗေဒင်ဆရာဆီကိုသာအဆောင်သွားယူလိုက်ယတြာချေလိုက်နဲ့ရှုပ်နေခဲ့ရာ အခုလည်းဘုရားခန်းထဲကမထွက်သေး။စာမေးပွဲရက်မို့ပင်တိုင့်အကြိုက်တွေချက်ပြုတ်နေရတဲ့မေမိုးလည်း မအားလပ်တာကြောင့်လင်းခေးတစ်ယောက်ဘဲလာကြိုရခြင်းဖြစ်၏။
ု
"ဟော ထွက်လာကြပြီ"
အနီးအနားကမိန်းမတစ်ယောက်ရဲ့အသံကြောင့် ကျောင်းဝန်းထဲကကျောင်းသားတွေတစ်ယောက်စနှစ်ယောက်စအရင်ထွက်လာကြပြီး နောက်ပိုင်းပိုမိုများပြားစွာထွက်လာကြတဲ့ကျောင်းသားတွေကြား လင်းခေးပင်တိုင့်ကိုသာရှာနေမိသည်။
တွေ့ပါပြီ သပြေခတ်လေးခေါင်းမှာညှပ်ထားသေးတဲ့ကောင်လေးက ကျောင်းဝန်းထဲကတောင်မထွက်ရသေး၊မေးခွန်းစာရွက်ကိုင်ထားတဲ့လက်ကလေးဖြင့် လင်းခေးကိုယမ်းပြနေလေသည်။ပင်တိုင်သူ့ကိုမြင်တာကြောင့် လင်းခေးလည်းလူအုပ်ကြားထဲသွားမနေတော့ပါ၊ပင်တိုင်မြင်သာတဲ့နေရာမှာဘဲ ရပ်မြဲရပ်စောင့်နေခဲ့၏။
"ကိုကို"
အနားရောက်လာတဲ့ပင်တိုင့်ကို လင်းခေးရေဘူးလေးသာအရင်ပေးလိုက်၏။ရေဘူးကမ်းပေးလာတာကြောင့် ပြောမဲ့စကားတွေရပ်တန့်ကာရေအရင်သောက်လေတဲ့ကောင်လေးက လက်တစ်ဖက်ကလည်းမေးခွန်းစာရွက်လေးပေးလို့။
ပင်တိုင်ရေသောက်ပြီးမှ လင်းခေးတို့ကျောင်းနားကထွက်လာခဲ့၏။
"ကိုကို ပင်တိုင့်ကိုမေးခွန်းပြန်မတိုက်ပေးတော့ဘူးလား"
"တိုက်ပေးစရာမလိုပါဘူး ပင်တိုင်ဖြေနိုင်မှာကိုကိုယုံကြည်တယ်"
ဒေါ်အေးသွယ်ထည့်ပေးလိုက်တဲ့နှမ်းဗြစ်လေးကို ပလုတ်ပလောင်းစားရင်း ပင်တိုင်သဘောကျစွာဖြင့်ပြုံးလို့သာ။chemistryဖြေသည့်နေ့ကသာ လင်းခေးနည်းနည်းစိုးရိမ်ပေမဲ့ နာက်ဆုံးဘာသာဖြစ်တဲ့Ecoကေတာ့ ပင်တိုင်ယုံကြည်ချက်အရှိဆုံးဘာသာမို့ လင်းခေးလည်းအပြည့်အဝယုံကြည်ပါသည်။
"ကိုကို"
"ဗ်ာ"
"ပင်တိုင်ဆယ်တန်းအောင်ရင် ကိုကိုပင်တိုင့်ကိုဘာပေးမှာလဲ"
"ပင်တိုင်ကဘာလိုချင်လို့လဲ"
"ကိုကိုနဲ့ခရီးသွားချင်တယ်"
"ပင်တိုင်ကဘယ်သွားချင်လို့လဲ"
ရုတ်တရက်ပင်တိုင့်ခြေလှမ်းတွေရပ်တန့်သွား၏။နောက်မှ စာအုပ်အလွတ်လေးကြားညှပ်ထားတဲ့ဓာတ်ပုံတစ်ပုံထုတ်ပေးလာလေသည်။
ဓာတ်ပုံထဲကလူက ပင်တိုင်လည်းမဟုတ်သလိုလင်းခေးလည်းမဟုတ်။သူရဓာတ်ပုံတစ်ပုံသာဖြစ်ပြီး ပင်တိုင်ဘာအဓိပ္ပါယ်နဲ့ဒီဓာတ်ပုံကိုပေးလာသည်မသိတာကြောင့် လင်းခေးမျက်နှာကအနည်းငယ်တော့တင်းမာသွား၏။
"ဒီဓာတ်ပုံက..."
"ကိုကိုကလဲသေချာကြည့်လေ ဆရာလေးနောက်မှာမမြင်ဘူးလား"
သူရကိုဘဲပထဆုံးပြေးမြင်မိတာကြောင့် နောက်ကျောပေးရိုက်ထားတဲ့ပုပ္ပါးတောင်ကြီးကိုတော့လင်းခေးသတိမပြုမိ။ပင်တိုင်လက်ညိုးလေးထိုးပြမှ သတိထားမိလေသည်။
"ပင်တိုင် ပုပ္ပါးကိုသွားချင်တယ်။ဆရာလေးကရောက်ဖူးတယ်ကိုကိုရဲ့ စကားဝါပန်းတွေပွင့်ရင် တောင်ပေါ်ကနေတောင်မွှေးနေတာဘဲတဲ့"
"ပင်တိုင်သွားချင်ရင် ကိုကိုကလိုက်ပို့ရမှာပေါ့။ကိုကိုလိုက်ပို့မယ်လို့ကတိပေးတယ်"
"တကယ်နော် ကိုကိုတကယ်ကတိပေးတာနော်"
"အင်း"
လင်းခေးကတိပေးတာကို ပင်တိုင်စကားနဲ့တက်လက်မခံနိုင်။သူ့လက်သန်းလေးနဲ့လင်းခေးလက်သန်းကို လာချိတ်ပြီး.....
"ကိုကို့ကတိ"ဆိုကာ သဘောတွေကျနေလေသည်။
"အင်း ကိုကို့ကတိ"
"ဟင်း ပင်တိုင့်လက်"
သူ့လက်သို့လာချိတ်တဲ့ပင်တိုင့်လက်သန်းလေးကို လင်းခေးလွှတ်မပေး။ဤပုံစံဖြင့်ရှေ့သို့ဆက်သွားနေတာကြောင့် ပင်တိုင်သူ့လက်သန်းလေးကိုချိတ်လျက်သားဖြင့် လင်းခေးနောက်ပါသွားခဲ့၏။
တစ်လမ်းလုံးလက်သန်းလေးတွေချိတ်ထားလျက်ပြန်လာခဲ့ရာ ချိတ်လို့ထားတဲ့လက်ကလေးတွေကိုပင်တိုင်ခဏခဏငေးကြည့်နေမိသလို ပျော်လဲပျော်နေမိသည်။၇နှစ်လုံးလုံးဝေးနေခဲ့တဲ့ လင်းခေးအနားမှာပင်တိုင်အရင်အတိုင်းပြန်ရှိနေနိုင်ပြီလေ။
စာမေးပွဲတွေပြီး ကျောင်းတွေလည်းပိတ်သွားခဲ့ပေမဲ့ ပင်တိုင်မနားရ။စာမေးပွဲဖြေသည့်ရက်တွေက အားလုံးဂရုတစိုက်နဲ့လိုလေသေးမရှိအလိုလိုက်ခံထားရသမျှ ကျောင်းပိတ်ပြီဆိုတာနဲ့ထိုအခွင့်အရေးတွေကလည်း လေထဲအငွေ့ပျံသွားသလိုပျောက်ကွယ်သွားခဲ့သည်။
"တပင်တိုင် အခုထိမပြီးသေးဘူး"
"လာပြီမေမေရဲ့"
လက်ရှည်အကျႌလေးကိုကောက်ဝတ်ပြီး ပင်တိုင်အနားမှာချထားတဲ့ဝါးခမောက်လေးကို အမြန်ဆောင်း၍သာ အိမ်ရှေ့ထွက်လာခဲ့၏။
အိမ်ရှေ့တွင်နွားလှည်းပေါ်မှာထိုင်နေတဲ့လင်းခေးက မိန့်မိန့်ကြီးနဲ့ပြုံးပြလာသဖြင့် ပင်တိုင်ပြန်ပြီးပြုံးပြတော့.....
"အမယ် ငါ့ရှေ့လာပြီးတောင်ပြုံးပြနေသေးတယ်။သွား လှည်းပေါ်တက်"
ဒေါ်အေးသွယ်ငေါက်ဆတ်ဆတ်ဖြင့် ပြောလာတာကြောင့် ပင်တိုင်လှည်းပေါ်သာတက်လိုက်ရ၏။ကျောင်းတွေပိတ်ပြီဆိုတာနဲ့ လင်းခေးနဲ့အတူပင်တိုင်လည်း လယ်ထဲလိုက်ကူနေခဲ့ရာ ဒီနေ့လည်းလယ်ထဲတွင်မတ်ပဲနှုတ်မည့်လူတွေရှိတာကြောင့် ပင်တိုင်နဲ့လင်းခေးရေနွေးအိုးနဲ့ထမင်းတောင်းယူကာ လယ်ထဲသို့စောစောထွက်ခဲ့ရသည်။
မတ်ပဲတွေနှုတ်သည့်အချိန်တွေဆိုလျှင် လယ်ထဲတွင်လူလတ်ပိုင်းအရွယ်တွေလည်းပါတက်သလို ကျောင်းပိတ်ရက်မုန့်ဖိုးရှာသည့်ကလေးတွေလည်းပါတက်ရာ ပျော်စရာလည်းကောင်းသည်။နောက်ပြီး ရွာကျော်အဒေါ်ကြီးတွေပါသည့်အချိန်ဆိုလျှင် ရွာထဲကသတင်းမှန်သမျှ ကအကုန်ကြားရသလို တစ်ခြားရွာရဲ့သတင်းကအစပါလာတက်သေးသည်။
ပင်တိုင်တို့လှည်းလေး လယ်ထဲရောက်တာနဲ့ဦးမိုးမြင့်အပါအဝင် လယ်ထဲမှာအလုပ်လုပ်နေကြတဲ့သူတွေပါလှည်းဆီလာကြ၏။
"ဘာဟင်းတွေချက်လဲပင်တိုင်"
ခမောက်ကိုယပ်ခတ်ရင်း မေးလာတဲ့ဖိုးဖြူပုံစံမှာအတော်မောနေသည့်ပုံ။ဖိုးဖြူတင်မဟုတ် သာလှပါလယ်ထဲပါလာတော့ ပင်တိုင်မပျင်းရတာပေါ့။
"မေမေချက်တာငါလည်းမသိဘူး"
"ဟာ ထမင်းတောင်းဖွင့်ရင်သိရမှာဘဲကို၊မင်းကလျှာကိုရှည်တယ်"
မောပန်းနေရသည့်ကြားထဲ အမေးအမြန်းထူနေသေးတဲ့ဖိုးဖြူကို သာလှစိတ်မရှည်စွာဖြင့်ပြောပြီးသာ ထမင်းဝိုင်းဘေးဝင်ထိုင်လိုက်၏။
"ငါတို့နဲ့ထိုင်ပါကွ"
ထုံးစံအတိုင်းလင်းခေးအနားသွားထိုင်တော့မည့်ပင်တိုင့်ကို သာလှဆွဲတားလာတာကြောင့် ပင်တိုင်အားနာစွာဘဲသူတို့မှာထိုင်ပြီးထမင်းစားနေလိုက်သည်။
ပင်တိုင့်ကိုအလယ်မှာထားပြီး ထမင်းအငြိမ်မစားဘဲ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်နေတဲ့ဖိုးဖြူနဲ့သာလှပုံစံမှာ တစ်စုံတစ်ရာပြောချင်နေသည့်ပုံ။
ခဏေနမွ ပင်တိုင့်အနားနှစ်ယောက်သားကပ်လာပြီး....
"ညနေကျမင်းအားလား"
သာလှမှအစချီပြီးမေးလာသည်။
"သာလွက ရွယ်လယ်ပိုင်းကချောငယ်ကိုစကားလိုက်ပြောမလို့တဲ့"
ဖိုးဖြူတစ်လှည့်ပြောလာတဲ့စကားကြောင့် သာလှကိုပင်တိုင်ဟုတ်လားဆိုသည့်မျက်နှာထားဖြင့်သာကြည့်မိ၏။
အရိပ်အကဲသိစွာခေါင်းငြိမ့်ပြတဲ့သာလှကလည်းမငြင်း။
"မင်းတို့လူကြီးတွေသိမှာမကြောက်ကြဘူးလား"
"ဟ ဘယ်သူကသိမှာလဲကွ။သိလဲဘာဖြစ်လဲ ဆယ်ကျော်သက်အရွယ်ရည်းစားထားတာ ဘာဆန်းလို့"
သူတို့မကြောက်မရွံ့ပြောနေပေမဲ့ ပင်တိုင်တော့ဘာမှမပြောနိုင်။သူတို့ကိုကြည့်ပြီးသာ နှုတ်ဆိတ်နေမိ၏။
"ပင်တိုင် မင်းရည်းစားထားဖို့စိတ်ကူးလေးဘာလေးမရှိဘူးလား"
"ဟင့်အင်း ငါတစ်ခါမှာမတွေးဖူးဘူး။ငါ့ခေါင်းထဲမှာ ဖေကြီးရယ်၊မေမေလေးရယ်၊မမမိုးရယ် ငါရယ်ကိုကိုရယ် အမြဲအတူတူနေသွားချင်တာဘဲသိတယ်"
"မင်းကအရူးဘဲ အခုဆိုမမမိုးကမင်္ဂလာတောင်ဆောင်တော့မယ်။နောက်ဆုံးကျ မင်းကိုကိုလဲသူ့ချစ်သူနဲ့သူမင်္ဂလာဆောင်သွားရင် အားလုံးကထားခဲ့ကြမှာဘဲ"
ဖိုးဖြူပြောလာတဲ့စကားကြောင့် ပင်တိုင်ထမင်းစားနေတဲ့လင်းခေးဆီသို့သာအကြည့်ရောက်သွား၏။လင်းခေးထွက်သွားမည့်အဖြစ်ကိုတွေးမိယုံနဲ့တင် ပင်တိုင်မျက်နှာညိုးကာရင်တွေလေးလံလာသလိုလိုပင်။
"ငါပြောတာမယုံရင် မင်းကိုကိုကိုမေးကြည့်"
ထမင်းစားပြီး လယ်ထဲပြန်ဆင်းကထဲကပင်တိုင့်မျက်နှာက အိမ်ကလာတုန်းကလိုတက်ကြွမနေတော့ပါ။လင်းခေးနဲ့ဘေးချင်းကပ်ထိုင်ပြီး မတ်ပဲတွေနှုတ်နေပါသော်လည်း လင်းခေးကိုပင်တိုင်စကားမဟပြန်။လင်းခေး သူ့ဘက်သို့ကြည့်ပြန်တော့လည်း ပင်တိုင်ပြန်တောင်လှည့်မကြည့်ချေ။မျက်နှာကြည့်တော့လည်းမကြည်မလင်နဲ့ ပင်တိုင်တစ်ခုခုများဖြစ်နေသည်လားမသိ။
"ပင်တိုင် နေမကောင်းဘူးလား"
"ကောင်းပါတယ်"
မေးလို့သာဖြေနေပေမဲ့ ပင်တိုင့်ပုံကစိတ်နဲ့ကိုယ်နဲ့လည်းကပ်သည့်ပုံမပေါ်ပါ။အလုပ်ကိုဘဲငုံ့လုပ်ပြီး ပြန်ငြိမ်သွားတာကြောင့် လင်းခေးလည်းဘေးမှာတိတ်တဆိတ်သာနေလိုက်၏။
"ကိုကို"
ငြိမ်နေရာမှ ပင်တိုင်သူ့အားခေါ်တော့ လင်းခေးချက်ချင်းဘဲပြန်ကြည့်လေသည်။
"ပြောလေပင်တိုင်"
"ကိုကို့မှာကောချစ်တဲ့သူရှိလားဟင်"
လင်းခေးအေးအေးဆေးဆေးဘဲပြန်ဖြေလာလေသည်။
"အင်း ရှိတာပေါ့"
"ဒါဆို ကိုကို့ချစ်သူနဲ့မင်္ဂလာဆောင်ပြီးရင် ပင်တိုင့်ကိုထားသွားမှာလား"
"ချစ်တဲ့သူနဲ့မင်္ဂလာဆောင်ပြီး ပင်တိုင့်ကိုထားသွားရအောင် ကိုကိုကအရူးလား"
"ဒါဆို ကိုကိုကပင်တိုင်နဲ့ဘဲနေမှာပေါ့"
လင်းခေးခေါင်းငြိမ့်သည်နှင့် ပင်တိုင့်မျက်နှာလေးချက်ချင်းဝင်းပသွားလေသည်။ပြီးနောက် ဖိုးဖြူနဲ့သာလှတို့ဘက်လှည့်၍တောင် မေးလေးငေါ့၍သူ့ကိုယ်သူဂုဏ်ယူနေသေးသည်။
ဖြူဖြူစင်စင်နဲ့ဘာကိုမှမသိရှာတဲ့ကောင်လေးပြုံးနေလိုက်တာ အရောင်ဆိုးနေမိတဲ့တစ်ယောက်သောသူရဲ့စကားတွေကိုတောင်သိပုံမပေါ်။
"ဒေါ်လေး ပင်တိုင်ရှိလား"
ဒေါ်အေးသွယ်တံမြတ်စည်းလှည်းနေရင်း ခြံရှေ့မှာရပ်ပြီးပြောလာတဲ့သူဆီသို့လှည့်ကြည့်ရာ သူရဖြစ်နေသည်။
"ရှိတယ်ဆရာလေးရဲ့"
ပင်တိုင်ရှိတယ်ဆိုမှ သူရခြံတံခါးကိုဖွင့်ကာ အထဲသို့ဝင်လာခဲ့၏။
ပင်တိုင်လည်းသူ့နာမည်ကြားလို့ အိမ်အပြင်ထွက်လာခဲ့ရာ သူရကိုမြင်တာနဲ့....
"ဆရာလေး ဒီလာတာလား"
"ပင်တိုင့်ကိုအကူအညီတောင်းမလို့လာတာ"
"ဘာအကူအညီလဲ ပြောလေဆရာလေးရဲ့"
"ကျောင်းအုပ်ကြီးခေါ်ထားလို့ အဲ့ဒါဆရာလေးတစ်ယောက်ထဲဖြစ်နေလို့ ပင်တိုင်လိုက်ခဲ့ပေးပါလား"
သူရနဲ့ပင်တိုင်တို့စကားပြောနေတုန်း လင်းခေးလည်းအိမ်ထဲကထွက်လာလေသည်။
"ဖိုးဖြူနဲ့သာလှကိုခေါ်သွားလို့ရတာဘဲ"
ပင်တိုင်တောင်ဘာမှမပြောရသေး၊အိမ်ထဲကထွက်လာပြီးစကားဖြတ်ပြောလိုက်တဲ့လင်းခေးကြောင့် သူရကောပင်တိုင်ပါလင်းခေးဆီအကြည့်တွေဦးတည်လာကြ၏။
"ကျွန်တော်သွားခေါ်ပါသေးတယ် ဖိုးဖြူနဲ့သာလှကမတ်ပဲတင်သွားတယ်ဆိုလို့"
"ပင်တိုင်ကလဲ ကျွန်တော်နဲ့မတ်ပဲတင်သွားရမှာ"
ပင်တိုင်အားသည်မအားသည်ကို သူရမမေးမိတာကြောင့် ပင်တိုင်အလုပ်ရှိသည်ဆိုတော့သူရအားနာမိတာအမှန်။
"ဆရာလေးကိုအားနာစရာ မတ်ပဲကသားတစ်ယောက်ထဲသွားတင်ရင်လည်းရတာဘဲကွယ်။ပင်တိုင်က ဆရာလေးနဲ့လိုက်သွားပါစေ"
ဒေါ်အေးသွယ်ဝင်ပြောလာပေမဲ့ သူရအားနာတာကြောင့်....
"ရပါတယ်ဒေါ်လေး ပင်တိုင်အလုပ်ရှိရင်လုပ်ပါစေ။ကျွန်တော်တစ်ယောက်ထဲဘဲသွားလိုက်ပါမယ်"
"ရပါတယ်ဆရာလေးရဲ့ ပင်တိုင်လိုက်ခဲ့ပါမယ်။လယ်ထဲကကိုကိုတစ်ယောက်ထဲလဲ ဖြစ်ပါတယ်"
"ပင်တိုင်ကကိုကို့ကိုတစ်ယောက်ထဲလယ်ထဲသွားခိုင်းနေတာလား"
ပင်တိုင်ခေါင်းလေးသာငြိမ့်ပြလာတာကြောင့် လင်းခေးမျက်နှာကဟန်မဆောင်နိုင်အောင်ပျက်သွား၏။
အားနာနေတဲ့သူရကို လက်ဆွဲခေါ်ပြီးထွက်သွားတဲ့ပင်တိုင်ကတော့အနောက်ကိုတောင်တစ်ချက်ကလေးမှလှည့်ကြည့်မလာပေ။
သူရကိုဆွဲခေါ်လာခဲ့ပြီး အိမ်နဲ့ခပ်လှမ်းလှမ်းရောက်မှပင်တိုင်လွှတ်ပေးလိုက်၏။အိမ်နဲ့နီးနေလျှင် သူရအားနာနေတာနဲ့ ဟိုဘက်ရွာကိုရောက်တော့မည်မဟုတ်။အခုအိမ်နဲ့လည်းဝေးလာတော့ သွားလက်စကြီးဖြစ်ကာသူရလည်းအားနာပြီးပြန်မှာမဟုတ်တော့ပေ။
"ဆရာလေးနဲ့လိုက်လာလို့ ပင်တိုင့်ကိုကိုစိတ်ဆိုးနေအုံးမယ်"
"မဆိုးပါဘူးဆရာလေးရဲ့ ကိုကိုကပင်တိုင်ပြောရင်ရပါတယ်"
ပင်တိုင်ကယုံကြည်ချက်အပြည့်နဲ့ပြောလာတော့ သူရလည်းစိတ်အေးရပါသည်။သူကတော့ကိစ္စမရှိပေမဲ့ပင်တိုင်အဆင်မပြေမှာလဲဆိုးရသေးသည်။
ဟိုဘက်ရွာမှာ ကျောင်းအုပ်ဆရာကြီးနဲ့ပင်တိုင်တို့စကားကောင်းနေတာကြောင့် အိမ်အပြန်နည်းနည်းတော့နောက်ကျသွားသည်။အနည်းငယ်မှောင်ရီစပျိုးနေတဲ့အချိန်မှပြန်လာခဲ့ကြတာမို့ ရွာပြန်ရောက်တော့မှောင်နေရာ သူရကဘဲအိမ်အထိလိုက်ပို့ပေးသွား၏။
ပင်တိုင်အိမ်ပြန်မရောက်သေးလို့ထင်ပါရဲ့။ခါတိုင်းခြံတံခါးကိုစောစောပိတ်နေကျဖြစ်ပေမဲ့ ဒီနေ့တော့ခြံတံခါးကြီးဖွင့်ထားသေးသည်။
ထို့ကြောင့်ပင်တိုင်လည်းခြံထဲသို့ဝင်လာပြီး ခြံတံခါးကိုဝါးတွေဖြင့်ကန့်လန့်ပိတ်ကာ အိမ်ထဲသို့ပြေးဝင်လာခဲ့သည်။
"မေမေ"
ပင်တိုင်အိမ်ထဲရောက်သည်နှင့်
"ကျွန်တော်အိပ်တော့မယ်"ပြောပြီးလင်းခေးအိမ်ပေါ်သို့ချက်ချင်းတက်သွားလေသည်။
"လာ မမမိုးထမင်းခူးပေးမယ်။ကျန်တဲ့လူတွေကစားပြီးပြီ ပင်တိုင်ဘဲကျန်တော့တယ်"
လင်းခေးနောက်ကိုပင်တိုင်လိုက်သွားချင်ပေမဲ့ ဘာမှမစားရသေးသဖြင့်ဗိုက်ဆာနေတာကြောင့် မေမိုးနောက်သာအရင်လိုက်သွားခဲ့၏။
အသင့်ပြင်ထားတဲ့ထမင်းဝိုင်းလေးမှာ ပင်တိုင့်ကိုမေမိုးစောင့်ပေးနေခဲ့ပြီး ပင်တိုင်ထမင်းစားပြီးမှဘဲအားလုံးသိမ်းဆည်းလေသည်။မီးဖိုချောင်နဲ့ပတ်သက်လျှင် သူ့ခြေသူ့လက်ရာတွေကြီးဖြစ်ရာ အစစအရာရာမေမိုးကကိုယ်တိုင်လုပ်ရမှကျေနပ်သည်။အခုလည်းပင်တိုင် သိမ်းပါမည်ဆိုတာတောင်လက်မခံ။
ပင်တိုင်ထမင်းစားပြီးနောက် အိမ်အပေါ်ထပ်သာတက်လာခဲ့၏။သူ့အခန်းမသွားခင် တံခါးပိတ်ထားတဲ့လင်းခေးအခန်းဆီကိုသာပင်တိုင်အရင်လာခဲ့ပြီး.....
ဒေါက်.....ဒေါက်......
"ကိုကို အိပ်ပြီလား"
ဘာကိုမှပြန်ဖြေမလာပုံထောက်လျှင် လင်းခေးအိပ်သွားပြီလားပင်မသိချေ။တစ်နေ့လုံးလည်းပင်ပန်းထားသဖြင့် လင်းခေးအိပ်ပျော်နေမည်ထင်တာကြောင့်ပင်တိုင် လင်းခေးအခန်းရှေ့ကသာထွက်ခွာပြီးသာသူ့အခန်းထဲဝင်ခဲ့၏။
(Zawgyi)
ပိတ္လို႔ထားတဲ့ေက်ာင္းတံခါးေရွ႕တြင္ သေျပခတ္ကိုင္သူကကိုင္၊မုန္႔ပဲသေရစာထုပ္ေလးေတြကိုင္သူကကိုင္နဲ႔ ေက်ာင္းဆင္းမည့္အခ်ိန္ကိုေစာင့္ဆိုင္းေနၾကသည့္မိဘမ်ားမွာ ေက်ာင္းဆင္းခ်ိန္တြင္ေျခခ်င္းလိမ္ေနၾကသည္။
သူတို႔အထဲတြင္ လင္းေခးလည္းအပါအဝင္။ပင္တိုင္စာေမးပြဲခန္းထဲကထြက္လာလ်ွင္စားရေအာင္ ပင္တိုင္ႀကိဳက္တက္တဲ့နွမ္းျဗစ္ေလးေတြနဲ႔ေရဘူးတစ္ဘူးကိုကိုင္ကာေစာင့္ေနခဲ့၏။
ပင္တိုင္တို႔ဆယ္တန္းစာေမးပြဲစေျဖသည့္ေန႔ကထဲက ေဒၚေအးသြယ္လည္းလယ္ထဲမသြားေတာ့ဘဲ ေဗဒင္ဆရာဆီကိုသာအေဆာင္သြားယူလိုက္ယၾတာေခ်လိုက္နဲ႔ရႈပ္ေနခဲ့ရာ အခုလည္းဘုရားခန္းထဲကမထြက္ေသး။စာေမးပြဲရက္မို႔ပင္တိုင့္အႀကိဳက္ေတြခ်က္ျပဳတ္ေနရတဲ့ေမမိုးလည္း မအားလပ္တာေၾကာင့္လင္းေခးတစ္ေယာက္ဘဲလာႀကိဳရျခင္းျဖစ္၏။
ု
"ေဟာ ထြက္လာၾကၿပီ"
အနီးအနားကမိန္းမတစ္ေယာက္ရဲ႕အသံေၾကာင့္ ေက်ာင္းဝန္းထဲကေက်ာင္းသားေတြတစ္ေယာက္စနွစ္ေယာက္စအရင္ထြက္လာၾကၿပီး ေနာက္ပိုင္းပိုမိုမ်ားျပားစြာထြက္လာၾကတဲ့ေက်ာင္းသားေတြၾကား လင္းေခးပင္တိုင့္ကိုသာရွာေနမိသည္။
ေတြ႕ပါၿပီ သေျပခတ္ေလးေခါင္းမွာညႇပ္ထားေသးတဲ့ေကာင္ေလးက ေက်ာင္းဝန္းထဲကေတာင္မထြက္ရေသး၊ေမးခြန္းစာ႐ြက္ကိုင္ထားတဲ့လက္ကေလးျဖင့္ လင္းေခးကိုယမ္းျပေနေလသည္။ပင္တိုင္သူ႔ကိုျမင္တာေၾကာင့္ လင္းေခးလည္းလူအုပ္ၾကားထဲသြားမေနေတာ့ပါ၊ပင္တိုင္ျမင္သာတဲ့ေနရာမွာဘဲ ရပ္ၿမဲရပ္ေစာင့္ေနခဲ့၏။
"ကိုကို"
အနားေရာက္လာတဲ့ပင္တိုင့္ကို လင္းေခးေရဘူးေလးသာအရင္ေပးလိုက္၏။ေရဘူးကမ္းေပးလာတာေၾကာင့္ ေျပာမဲ့စကားေတြရပ္တန္႔ကာေရအရင္ေသာက္ေလတဲ့ေကာင္ေလးက လက္တစ္ဖက္ကလည္းေမးခြန္းစာ႐ြက္ေလးေပးလို႔။
ပင္တိုင္ေရေသာက္ၿပီးမွ လင္းေခးတို႔ေက်ာင္းနားကထြက္လာခဲ့၏။
"ကိုကို ပင္တိုင့္ကိုေမးခြန္းျပန္မတိုက္ေပးေတာ့ဘူးလား"
"တိုက္ေပးစရာမလိုပါဘူး ပင္တိုင္ေျဖနိုင္မွာကိုကိုယံုၾကည္တယ္"
ေဒၚေအးသြယ္ထည့္ေပးလိုက္တဲ့နွမ္းျဗစ္ေလးကို ပလုတ္ပေလာင္းစားရင္း ပင္တိုင္သေဘာက်စြာျဖင့္ၿပံဳးလို႔သာ။chemistryေျဖသည့္ေန႔ကသာ လင္းေခးနည္းနည္းစိုးရိမ္ေပမဲ့ နာက္ဆံုးဘာသာျဖစ္တဲ့Ecoေကတာ့ ပင္တိုင္ယံုၾကည္ခ်က္အရွိဆံုးဘာသာမို႔ လင္းေခးလည္းအျပည့္အဝယံုၾကည္ပါသည္။
"ကိုကို"
"ဗ္ာ"
"ပင္တိုင္ဆယ္တန္းေအာင္ရင္ ကိုကိုပင္တိုင့္ကိုဘာေပးမွာလဲ"
"ပင္တိုင္ကဘာလိုခ်င္လို႔လဲ"
"ကိုကိုနဲ႔ခရီးသြားခ်င္တယ္"
"ပင္တိုင္ကဘယ္သြားခ်င္လို႔လဲ"
ရုတ္တရက္ပင္တိုင့္ေျခလွမ္းေတြရပ္တန္႔သြား၏။ေနာက္မွ စာအုပ္အလြတ္ေလးၾကားညႇပ္ထားတဲ့ဓာတ္ပံုတစ္ပံုထုတ္ေပးလာေလသည္။
ဓာတ္ပံုထဲကလူက ပင္တိုင္လည္းမဟုတ္သလိုလင္းေခးလည္းမဟုတ္။သူရဓာတ္ပံုတစ္ပံုသာျဖစ္ၿပီး ပင္တိုင္ဘာအဓိပၸါယ္နဲ႔ဒီဓာတ္ပံုကိုေပးလာသည္မသိတာေၾကာင့္ လင္းေခးမ်က္နွာကအနည္းငယ္ေတာ့တင္းမာသြား၏။
"ဒီဓာတ္ပံုက..."
"ကိုကိုကလဲေသခ်ာၾကည့္ေလ ဆရာေလးေနာက္မွာမျမင္ဘူးလား"
သူရကိုဘဲပထဆံုးေျပးျမင္မိတာေၾကာင့္ ေနာက္ေက်ာေပးရိုက္ထားတဲ့ပုပၸါးေတာင္ႀကီးကိုေတာ့လင္းေခးသတိမျပဳမိ။ပင္တိုင္လက္ညိဳးေလးထိုးျပမွ သတိထားမိေလသည္။
"ပင္တိုင္ ပုပၸါးကိုသြားခ်င္တယ္။ဆရာေလးကေရာက္ဖူးတယ္ကိုကိုရဲ႕ စကားဝါပန္းေတြပြင့္ရင္ ေတာင္ေပၚကေနေတာင္ေမႊးေနတာဘဲတဲ့"
"ပင္တိုင္သြားခ်င္ရင္ ကိုကိုကလိုက္ပို႔ရမွာေပါ့။ကိုကိုလိုက္ပို႔မယ္လို႔ကတိေပးတယ္"
"တကယ္ေနာ္ ကိုကိုတကယ္ကတိေပးတာေနာ္"
"အင္း"
လင္းေခးကတိေပးတာကို ပင္တိုင္စကားနဲ႔တက္လက္မခံနိုင္။သူ႔လက္သန္းေလးနဲ႔လင္းေခးလက္သန္းကို လာခ်ိတ္ၿပီး.....
"ကိုကို႔ကတိ"ဆိုကာ သေဘာေတြက်ေနေလသည္။
"အင္း ကိုကို႔ကတိ"
"ဟင္း ပင္တိုင့္လက္"
သူ႔လက္သို႔လာခ်ိတ္တဲ့ပင္တိုင့္လက္သန္းေလးကို လင္းေခးလႊတ္မေပး။ဤပံုစံျဖင့္ေရွ႕သို႔ဆက္သြားေနတာေၾကာင့္ ပင္တိုင္သူ႔လက္သန္းေလးကိုခ်ိတ္လ်က္သားျဖင့္ လင္းေခးေနာက္ပါသြားခဲ့၏။
တစ္လမ္းလံုးလက္သန္းေလးေတြခ်ိတ္ထားလ်က္ျပန္လာခဲ့ရာ ခ်ိတ္လို႔ထားတဲ့လက္ကေလးေတြကိုပင္တိုင္ခဏခဏေငးၾကည့္ေနမိသလို ေပ်ာ္လဲေပ်ာ္ေနမိသည္။၇နွစ္လံုးလံုးေဝးေနခဲ့တဲ့ လင္းေခးအနားမွာပင္တိုင္အရင္အတိုင္းျပန္ရွိေနနိုင္ၿပီေလ။
စာေမးပြဲေတြၿပီး ေက်ာင္းေတြလည္းပိတ္သြားခဲ့ေပမဲ့ ပင္တိုင္မနားရ။စာေမးပြဲေျဖသည့္ရက္ေတြက အားလံုးဂရုတစိုက္နဲ႔လိုေလေသးမရွိအလိုလိုက္ခံထားရသမ်ွ ေက်ာင္းပိတ္ၿပီဆိုတာနဲ႔ထိုအခြင့္အေရးေတြကလည္း ေလထဲအေငြ႕ပ်ံသြားသလိုေပ်ာက္ကြယ္သြားခဲ့သည္။
"တပင္တိုင္ အခုထိမၿပီးေသးဘူး"
"လာၿပီေမေမရဲ႕"
လက္ရွည္အက်ႌေလးကိုေကာက္ဝတ္ၿပီး ပင္တိုင္အနားမွာခ်ထားတဲ့ဝါးခေမာက္ေလးကို အျမန္ေဆာင္း၍သာ အိမ္ေရွ႕ထြက္လာခဲ့၏။
အိမ္ေရွ႕တြင္ႏြားလွည္းေပၚမွာထိုင္ေနတဲ့လင္းေခးက မိန္႔မိန္႔ႀကီးနဲ႔ၿပံဳးျပလာသျဖင့္ ပင္တိုင္ျပန္ၿပီးၿပံဳးျပေတာ့.....
"အမယ္ ငါ့ေရွ႕လာၿပီးေတာင္ၿပံဳးျပေနေသးတယ္။သြား လွည္းေပၚတက္"
ေဒၚေအးသြယ္ေငါက္ဆတ္ဆတ္ျဖင့္ ေျပာလာတာေၾကာင့္ ပင္တိုင္လွည္းေပၚသာတက္လိုက္ရ၏။ေက်ာင္းေတြပိတ္ၿပီဆိုတာနဲ႔ လင္းေခးနဲ႔အတူပင္တိုင္လည္း လယ္ထဲလိုက္ကူေနခဲ့ရာ ဒီေန႔လည္းလယ္ထဲတြင္မတ္ပဲနႈတ္မည့္လူေတြရွိတာေၾကာင့္ ပင္တိုင္နဲ႔လင္းေခးေရေႏြးအိုးနဲ႔ထမင္းေတာင္းယူကာ လယ္ထဲသို႔ေစာေစာထြက္ခဲ့ရသည္။
မတ္ပဲေတြနႈတ္သည့္အခ်ိန္ေတြဆိုလ်ွင္ လယ္ထဲတြင္လူလတ္ပိုင္းအ႐ြယ္ေတြလည္းပါတက္သလို ေက်ာင္းပိတ္ရက္မုန္႔ဖိုးရွာသည့္ကေလးေတြလည္းပါတက္ရာ ေပ်ာ္စရာလည္းေကာင္းသည္။ေနာက္ၿပီး ႐ြာေက်ာ္အေဒၚႀကီးေတြပါသည့္အခ်ိန္ဆိုလ်ွင္ ႐ြာထဲကသတင္းမွန္သမ်ွ ကအကုန္ၾကားရသလို တစ္ျခား႐ြာရဲ႕သတင္းကအစပါလာတက္ေသးသည္။
ပင္တိုင္တို႔လွည္းေလး လယ္ထဲေရာက္တာနဲ႔ဦးမိုးျမင့္အပါအဝင္ လယ္ထဲမွာအလုပ္လုပ္ေနၾကတဲ့သူေတြပါလွည္းဆီလာၾက၏။
"ဘာဟင္းေတြခ်က္လဲပင္တိုင္"
ခေမာက္ကိုယပ္ခတ္ရင္း ေမးလာတဲ့ဖိုးျဖဴပံုစံမွာအေတာ္ေမာေနသည့္ပံု။ဖိုးျဖဴတင္မဟုတ္ သာလွပါလယ္ထဲပါလာေတာ့ ပင္တိုင္မပ်င္းရတာေပါ့။
"ေမေမခ်က္တာငါလည္းမသိဘူး"
"ဟာ ထမင္းေတာင္းဖြင့္ရင္သိရမွာဘဲကို၊မင္းကလ်ွာကိုရွည္တယ္"
ေမာပန္းေနရသည့္ၾကားထဲ အေမးအျမန္းထူေနေသးတဲ့ဖိုးျဖဴကို သာလွစိတ္မရွည္စြာျဖင့္ေျပာၿပီးသာ ထမင္းဝိုင္းေဘးဝင္ထိုင္လိုက္၏။
"ငါတို႔နဲ႔ထိုင္ပါကြ"
ထံုးစံအတိုင္းလင္းေခးအနားသြားထိုင္ေတာ့မည့္ပင္တိုင့္ကို သာလွဆြဲတားလာတာေၾကာင့္ ပင္တိုင္အားနာစြာဘဲသူတို႔မွာထိုင္ၿပီးထမင္းစားေနလိုက္သည္။
ပင္တိုင့္ကိုအလယ္မွာထားၿပီး ထမင္းအၿငိမ္မစားဘဲ တစ္ေယာက္နဲ႔တစ္ေယာက္မ်က္စပစ္ေနတဲ့ဖိုးျဖဴနဲ႔သာလွပံုစံမွာ တစ္စံုတစ္ရာေျပာခ်င္ေနသည့္ပံု။
ခေဏနမြ ပင္တိုင့္အနားနွစ္ေယာက္သားကပ္လာၿပီး....
"ညေနက်မင္းအားလား"
သာလွမွအစခ်ီၿပီးေမးလာသည္။
"သာလြက ႐ြယ္လယ္ပိုင္းကေခ်ာငယ္ကိုစကားလိုက္ေျပာမလို႔တဲ့"
ဖိုးျဖဴတစ္လွည့္ေျပာလာတဲ့စကားေၾကာင့္ သာလွကိုပင္တိုင္ဟုတ္လားဆိုသည့္မ်က္နွာထားျဖင့္သာၾကည့္မိ၏။
အရိပ္အကဲသိစြာေခါင္းၿငိမ့္ျပတဲ့သာလွကလည္းမျငင္း။
"မင္းတို႔လူႀကီးေတြသိမွာမေၾကာက္ၾကဘူးလား"
"ဟ ဘယ္သူကသိမွာလဲကြ။သိလဲဘာျဖစ္လဲ ဆယ္ေက်ာ္သက္အ႐ြယ္ရည္းစားထားတာ ဘာဆန္းလို႔"
သူတို႔မေၾကာက္မ႐ြံ႕ေျပာေနေပမဲ့ ပင္တိုင္ေတာ့ဘာမွမေျပာနိုင္။သူတို႔ကိုၾကည့္ၿပီးသာ နႈတ္ဆိတ္ေနမိ၏။
"ပင္တိုင္ မင္းရည္းစားထားဖို႔စိတ္ကူးေလးဘာေလးမရွိဘူးလား"
"ဟင့္အင္း ငါတစ္ခါမွာမေတြးဖူးဘူး။ငါ့ေခါင္းထဲမွာ ေဖႀကီးရယ္၊ေမေမေလးရယ္၊မမမိုးရယ္ ငါရယ္ကိုကိုရယ္ အၿမဲအတူတူေနသြားခ်င္တာဘဲသိတယ္"
"မင္းကအရူးဘဲ အခုဆိုမမမိုးကမဂၤလာေတာင္ေဆာင္ေတာ့မယ္။ေနာက္ဆံုးက် မင္းကိုကိုလဲသူ႔ခ်စ္သူနဲ႔သူမဂၤလာေဆာင္သြားရင္ အားလံုးကထားခဲ့ၾကမွာဘဲ"
ဖိုးျဖဴေျပာလာတဲ့စကားေၾကာင့္ ပင္တိုင္ထမင္းစားေနတဲ့လင္းေခးဆီသို႔သာအၾကည့္ေရာက္သြား၏။လင္းေခးထြက္သြားမည့္အျဖစ္ကိုေတြးမိယံုနဲ႔တင္ ပင္တိုင္မ်က္နွာညိဳးကာရင္ေတြေလးလံလာသလိုလိုပင္။
"ငါေျပာတာမယံုရင္ မင္းကိုကိုကိုေမးၾကည့္"
ထမင္းစားၿပီး လယ္ထဲျပန္ဆင္းကထဲကပင္တိုင့္မ်က္နွာက အိမ္ကလာတုန္းကလိုတက္ႂကြမေနေတာ့ပါ။လင္းေခးနဲ႔ေဘးခ်င္းကပ္ထိုင္ၿပီး မတ္ပဲေတြနႈတ္ေနပါေသာ္လည္း လင္းေခးကိုပင္တိုင္စကားမဟျပန္။လင္းေခး သူ႔ဘက္သို႔ၾကည့္ျပန္ေတာ့လည္း ပင္တိုင္ျပန္ေတာင္လွည့္မၾကည့္ေခ်။မ်က္နွာၾကည့္ေတာ့လည္းမၾကည္မလင္နဲ႔ ပင္တိုင္တစ္ခုခုမ်ားျဖစ္ေနသည္လားမသိ။
"ပင္တိုင္ ေနမေကာင္းဘူးလား"
"ေကာင္းပါတယ္"
ေမးလို႔သာေျဖေနေပမဲ့ ပင္တိုင့္ပံုကစိတ္နဲ႔ကိုယ္နဲ႔လည္းကပ္သည့္ပံုမေပၚပါ။အလုပ္ကိုဘဲငံု႔လုပ္ၿပီး ျပန္ၿငိမ္သြားတာေၾကာင့္ လင္းေခးလည္းေဘးမွာတိတ္တဆိတ္သာေနလိုက္၏။
"ကိုကို"
ၿငိမ္ေနရာမွ ပင္တိုင္သူ႔အားေခၚေတာ့ လင္းေခးခ်က္ခ်င္းဘဲျပန္ၾကည့္ေလသည္။
"ေျပာေလပင္တိုင္"
"ကိုကို႔မွာေကာခ်စ္တဲ့သူရွိလားဟင္"
လင္းေခးေအးေအးေဆးေဆးဘဲျပန္ေျဖလာေလသည္။
"အင္း ရွိတာေပါ့"
"ဒါဆို ကိုကို႔ခ်စ္သူနဲ႔မဂၤလာေဆာင္ၿပီးရင္ ပင္တိုင့္ကိုထားသြားမွာလား"
"ခ်စ္တဲ့သူနဲ႔မဂၤလာေဆာင္ၿပီး ပင္တိုင့္ကိုထားသြားရေအာင္ ကိုကိုကအ႐ူးလား"
"ဒါဆို ကိုကိုကပင္တိုင္နဲ႔ဘဲေနမွာေပါ့"
လင္းေခးေခါင္းၿငိမ့္သည္ႏွင့္ ပင္တိုင့္မ်က္နွာေလးခ်က္ခ်င္းဝင္းပသြားေလသည္။ၿပီးေနာက္ ဖိုးျဖဴနဲ႔သာလွတို႔ဘက္လွည့္၍ေတာင္ ေမးေလးေငါ့၍သူ႔ကိုယ္သူဂုဏ္ယူေနေသးသည္။
ျဖဴျဖဴစင္စင္နဲ႔ဘာကိုမွမသိရွာတဲ့ေကာင္ေလးၿပံဳးေနလိုက္တာ အေရာင္ဆိုးေနမိတဲ့တစ္ေယာက္ေသာသူရဲ႕စကားေတြကိုေတာင္သိပံုမေပၚ။
"ေဒၚေလး ပင္တိုင္ရွိလား"
ေဒၚေအးသြယ္တံျမတ္စည္းလွည္းေနရင္း ၿခံေရွ႕မွာရပ္ၿပီးေျပာလာတဲ့သူဆီသို႔လွည့္ၾကည့္ရာ သူရျဖစ္ေနသည္။
"ရွိတယ္ဆရာေလးရဲ႕"
ပင္တိုင္ရွိတယ္ဆိုမွ သူရၿခံတံခါးကိုဖြင့္ကာ အထဲသို႔ဝင္လာခဲ့၏။
ပင္တိုင္လည္းသူ႔နာမည္ၾကားလို႔ အိမ္အျပင္ထြက္လာခဲ့ရာ သူရကိုျမင္တာနဲ႔....
"ဆရာေလး ဒီလာတာလား"
"ပင္တိုင့္ကိုအကူအညီေတာင္းမလို႔လာတာ"
"ဘာအကူအညီလဲ ေျပာေလဆရာေလးရဲ႕"
"ေက်ာင္းအုပ္ႀကီးေခၚထားလို႔ အဲ့ဒါဆရာေလးတစ္ေယာက္ထဲျဖစ္ေနလို႔ ပင္တိုင္လိုက္ခဲ့ေပးပါလား"
သူရနဲ႔ပင္တိုင္တို႔စကားေျပာေနတုန္း လင္းေခးလည္းအိမ္ထဲကထြက္လာေလသည္။
"ဖိုးျဖဴနဲ႔သာလွကိုေခၚသြားလို႔ရတာဘဲ"
ပင္တိုင္ေတာင္ဘာမွမေျပာရေသး၊အိမ္ထဲကထြက္လာၿပီးစကားျဖတ္ေျပာလိုက္တဲ့လင္းေခးေၾကာင့္ သူရေကာပင္တိုင္ပါလင္းေခးဆီအၾကည့္ေတြဦးတည္လာၾက၏။
"ကြၽန္ေတာ္သြားေခၚပါေသးတယ္ ဖိုးျဖဴနဲ႔သာလွကမတ္ပဲတင္သြားတယ္ဆိုလို႔"
"ပင္တိုင္ကလဲ ကြၽန္ေတာ္နဲ႔မတ္ပဲတင္သြားရမွာ"
ပင္တိုင္အားသည္မအားသည္ကို သူရမေမးမိတာေၾကာင့္ ပင္တိုင္အလုပ္ရွိသည္ဆိုေတာ့သူရအားနာမိတာအမွန္။
"ဆရာေလးကိုအားနာစရာ မတ္ပဲကသားတစ္ေယာက္ထဲသြားတင္ရင္လည္းရတာဘဲကြယ္။ပင္တိုင္က ဆရာေလးနဲ႔လိုက္သြားပါေစ"
ေဒၚေအးသြယ္ဝင္ေျပာလာေပမဲ့ သူရအားနာတာေၾကာင့္....
"ရပါတယ္ေဒၚေလး ပင္တိုင္အလုပ္ရွိရင္လုပ္ပါေစ။ကြၽန္ေတာ္တစ္ေယာက္ထဲဘဲသြားလိုက္ပါမယ္"
"ရပါတယ္ဆရာေလးရဲ႕ ပင္တိုင္လိုက္ခဲ့ပါမယ္။လယ္ထဲကကိုကိုတစ္ေယာက္ထဲလဲ ျဖစ္ပါတယ္"
"ပင္တိုင္ကကိုကို႔ကိုတစ္ေယာက္ထဲလယ္ထဲသြားခိုင္းေနတာလား"
ပင္တိုင္ေခါင္းေလးသာၿငိမ့္ျပလာတာေၾကာင့္ လင္းေခးမ်က္နွာကဟန္မေဆာင္ႏိုင္ေအာင္ပ်က္သြား၏။
အားနာေနတဲ့သူရကို လက္ဆြဲေခၚၿပီးထြက္သြားတဲ့ပင္တိုင္ကေတာ့အေနာက္ကိုေတာင္တစ္ခ်က္ကေလးမွလွည့္ၾကည့္မလာေပ။
သူရကိုဆြဲေခၚလာခဲ့ၿပီး အိမ္နဲ႔ခပ္လွမ္းလွမ္းေရာက္မွပင္တိုင္လႊတ္ေပးလိုက္၏။အိမ္နဲ႔နီးေနလ်ွင္ သူရအားနာေနတာနဲ႔ ဟိုဘက္႐ြာကိုေရာက္ေတာ့မည္မဟုတ္။အခုအိမ္နဲ႔လည္းေဝးလာေတာ့ သြားလက္စႀကီးျဖစ္ကာသူရလည္းအားနာၿပီးျပန္မွာမဟုတ္ေတာ့ေပ။
"ဆရာေလးနဲ႔လိုက္လာလို႔ ပင္တိုင့္ကိုကိုစိတ္ဆိုးေနအံုးမယ္"
"မဆိုးပါဘူးဆရာေလးရဲ႕ ကိုကိုကပင္တိုင္ေျပာရင္ရပါတယ္"
ပင္တိုင္ကယံုၾကည္ခ်က္အျပည့္နဲ႔ေျပာလာေတာ့ သူရလည္းစိတ္ေအးရပါသည္။သူကေတာ့ကိစၥမရွိေပမဲ့ပင္တိုင္အဆင္မေျပမွာလဲဆိုးရေသးသည္။
ဟိုဘက္႐ြာမွာ ေက်ာင္းအုပ္ဆရာႀကီးနဲ႔ပင္တိုင္တို႔စကားေကာင္းေနတာေၾကာင့္ အိမ္အျပန္နည္းနည္းေတာ့ေနာက္က်သြားသည္။အနည္းငယ္ေမွာင္ရီစပ်ိဳးေနတဲ့အခ်ိန္မွျပန္လာခဲ့ၾကတာမို႔ ႐ြာျပန္ေရာက္ေတာ့ေမွာင္ေနရာ သူရကဘဲအိမ္အထိလိုက္ပို႔ေပးသြား၏။
ပင္တိုင္အိမ္ျပန္မေရာက္ေသးလို႔ထင္ပါရဲ႕။ခါတိုင္းၿခံတံခါးကိုေစာေစာပိတ္ေနက်ျဖစ္ေပမဲ့ ဒီေန႔ေတာ့ၿခံတံခါးႀကီးဖြင့္ထားေသးသည္။
ထို႔ေၾကာင့္ပင္တိုင္လည္းၿခံထဲသို႔ဝင္လာၿပီး ၿခံတံခါးကိုဝါးေတြျဖင့္ကန္႔လန္႔ပိတ္ကာ အိမ္ထဲသို႔ေျပးဝင္လာခဲ့သည္။
"ေမေမ"
ပင္တိုင္အိမ္ထဲေရာက္သည္နွင့္
"ကြၽန္ေတာ္အိပ္ေတာ့မယ္"ေျပာၿပီးလင္းေခးအိမ္ေပၚသို႔ခ်က္ခ်င္းတက္သြားေလသည္။
"လာ မမမိုးထမင္းခူးေပးမယ္။က်န္တဲ့လူေတြကစားၿပီးၿပီ ပင္တိုင္ဘဲက်န္ေတာ့တယ္"
လင္းေခးေနာက္ကိုပင္တိုင္လိုက္သြားခ်င္ေပမဲ့ ဘာမွမစားရေသးသျဖင့္ဗိုက္ဆာေနတာေၾကာင့္ ေမမိုးေနာက္သာအရင္လိုက္သြားခဲ့၏။
အသင့္ျပင္ထားတဲ့ထမင္းဝိုင္းေလးမွာ ပင္တိုင့္ကိုေမမိုးေစာင့္ေပးေနခဲ့ၿပီး ပင္တိုင္ထမင္းစားၿပီးမွဘဲအားလံုးသိမ္းဆည္းေလသည္။မီးဖိုေခ်ာင္နဲ႔ပတ္သက္လ်ွင္ သူ႔ေျခသူ႔လက္ရာေတြႀကီးျဖစ္ရာ အစစအရာရာေမမိုးကကိုယ္တိုင္လုပ္ရမွေက်နပ္သည္။အခုလည္းပင္တိုင္ သိမ္းပါမည္ဆိုတာေတာင္လက္မခံ။
ပင္တိုင္ထမင္းစားၿပီးေနာက္ အိမ္အေပၚထပ္သာတက္လာခဲ့၏။သူ႔အခန္းမသြားခင္ တံခါးပိတ္ထားတဲ့လင္းေခးအခန္းဆီကိုသာပင္တိုင္အရင္လာခဲ့ၿပီး.....
ေဒါက္.....ေဒါက္......
"ကိုကို အိပ္ၿပီလား"
ဘာကိုမွျပန္ေျဖမလာပံုေထာက္လ်ွင္ လင္းေခးအိပ္သြားၿပီလားပင္မသိေခ်။တစ္ေန႔လံုးလည္းပင္ပန္းထားသျဖင့္ လင္းေခးအိပ္ေပ်ာ္ေနမည္ထင္တာေၾကာင့္ပင္တိုင္ လင္းေခးအခန္းေရွ႕ကသာထြက္ခြာၿပီးသာသူ႔အခန္းထဲဝင္ခဲ့၏။