{Unicode}
အခန်း (၇၄) - လက်ဦးမှုရယူခြင်း
"စိတ်မဆိုးတော့ဘူးမလား?" ရှန်မုအန်း ချူယီကို ပြုံးကြည့်နေခဲ့တယ်။ စောနတုန်းက သူစိတ်ဆိုးနေသေးမှန်း အသိသာကြီးကို၊ ဒီလောက်မြန်မြန်လေးနဲ့ စိတ်ဆိုးပြေသွားလိမ့်မယ်လို့ ရှန်မုအန်း ထင်မထားမိလိုက်ဘူး။
ဒီစကားတခွန်းက ချူယီအား တစုံတရာကို သဘောပေါက်သွားစေပုံရတယ်။ ရှန်မုအန်း ဘာဖြစ်လို့ ဒီမေးခွန်းကို ရုတ်တရက် ထမေးရသလဲဆိုတာကို နားလည်သွားပြီး သည်အခွင့်အရေးကို လက်လွတ်ခံမဲ့ အစီအစဉ်မရှိတာကြောင့် တမင်သက်သက်ဘဲ သူပြန်ဖြေလိုက်တယ်၊ "ကိုယ်စိတ်ဆိုးနေတုန်းပဲနော်"
တဖက်လူက ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်နေမှန်း ရှန်မုအန်းသိနေခဲ့ပေမဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်တာကြောင့် သူထပ်မေးလိုက်တယ်၊ "အဲ့ဒီလိုဆိုရင်လည်း၊ မစ္စတာချူခင်ဗျ၊ ကျေးဇူးပြုပြီးတော့ လူကြီးမင်းကို ကျွန်တော်ဘယ်လိုချော့ရပါ့မလဲခင်ဗျာ?"
စိတ်ဆိုးနေတဲ့သူကို ဘယ်လိုချော့ရမလဲလို့ မင်းဘယ်လိုတောင်မေးလိုက်တာတုန်း?
ချူယီခမျာ ဘယ်လိုဖြေရမှန်း မသိတော့ဘူး။ နောက်တော့ ရုတ်တရက်ကြီး၊ ဒီနေ့ ကားထဲမှာ ရှန်မုအန်းတယောက် ယွေ့ယွေ့ကို နမ်းလိုက်တာကို သူအမှတ်ရသွားပြီး သူ့နားရွက်တွေ အနည်းငယ် နီမြန်းလာခဲ့တယ်၊ "ယွေ့ယွေ့ကို မင်းချော့သလိုမျိုး ကိုယ့်ကိုလည်း အဲ့ဒီအတိုင်း ချော့ရမှာပေါ့"
"အဲ့ဒီလိုလား?" ရှန်မုအန်းက သူ့မေးစေ့ကိုကိုင်ရင်း ခဏလောက် စဉ်းစားလိုက်ပြီးမှ သူ့လက်ကိုဆန့်ကာ ချူယီရဲ့ခေါင်းကို ထိလိုက်ပြီး အလေးအနက် မေးလာခဲ့တယ်၊ "ဒီလိုလုပ်ပေးရင်ရော အဆင်ပြေရဲ့လား?"
ချူယီမျက်နှာပေါ်က အပြုံးကြီးက တောင့်ခဲသွားတော့တယ်။ ဒါကြီးက သူမျှော်လင့်ထားတာနဲ့ လုံးဝကို တူမနေဘူးလေ။ ယွေ့ယွေ့ကို ချော့တုန်းက ဒီလိုချော့တာမှ မဟုတ်ဘဲ၊ သူ့အလှည့်ကျမှ ဘာလို့ပြောင်းသွားရတာတုန်း?
"ဟင့်အင်း" သေချာတာပေါ့၊ ချူယီဆိုတဲ့သူက ရှန်မုအန်း ဒီလိုလုပ်လိုက်လို့ လွယ်လွယ်ကူကူလေးနဲ့ ပျော့သွားမဲ့သူမျိုး မဟုတ်ဘူး။ ဒီနေ့တော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အဆင့်တက်ဖို့လိုနေပြီလို့ သူခံစားမိတယ်။ အဲ့ဒါကြောင့် ချူယီက ဒီအခွင့်အရေးကောင်းကို လက်လွတ်အဆုံးရှုံးခံမှာ မဟုတ်ဘူး။ လက်ဦးမှုရယူပြီး အရင်တိုက်ခိုက်ရမယ်လို့ သူဆုံးဖြတ်ချက်ချလိုက်တယ်။
သို့သော် ချူယီဘာမှမလုပ်ရသေးခင်မှာဘဲ ရှန်မုအန်းက ရုတ်တရက် အနားကိုပိုမိုတိုးကပ်လာပြီး ချူယီမျက်နှာကို နမ်းလိုက်ကာ အပြုံးလေးနဲ့ မေးလာခဲ့တယ်၊ "အခုရော အဆင်ပြေသွားပြီလား?"
ချူယီရဲ့သူငယ်အိမ်တွေ ပိုပြီးပြူးကျယ်လာခဲ့တယ်၊ အဆမတန် ခုန်လှုပ်နေတဲ့ သူ့နှလုံးခုန်သံတွေကိုတောင် ကြားနေရတယ်။ ပုံမှန်ထက် ဘယ်လောက်မြန်မြန်ခုန်နေမှန်းတောင် သူ မသိတော့ဘူး။
"ဘာလို့ ဒီလောက်တုံ့နှေးသွားရတာတုန်း?" ရှန်မုအန်းတယောက် ဒီလူက အရမ်းရယ်ရတယ်လို့ တွေးနေခဲ့တယ်။ သူလိုချင်နေတာကို သိသိသာသာကြီး လုပ်ပေးလိုက်ပေမဲ့ သူ့ခမျာ ဒီလိုမျိုးပဲ တုံ့ပြန်နိုင်သေးတယ်။ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။
တကယ်တော့ ရှန်မုအန်းက သူနဲ့ ချူယီရဲ့ဆက်ဆံရေးကို ဟိုးအရင်ကတည်းက စဉ်းစားထားခဲ့တာဖြစ်တယ်။ ဒီလူလှုပ်ရှားလာမဲ့အချိန်ကို သူတွေးနေခဲ့တဲ့အပြင် သူ့ရှေ့မှာ ရှိနေတဲ့သူကို စိတ်ထဲက တကယ်သဘောကျတာမျိုး ဟုတ် မဟုတ် ဆိုတာကိုလည်း သူအလေးအနက် တွေးတောဖြစ်ခဲ့တယ်။
ချူယီက တကယ့်ကို လူကောင်းတယောက်ပါပဲ၊ သူ့ကိုလည်း ကောင်းကောင်းဆက်ဆံတဲ့အပြင် သူတို့က တယောက်ကိုတယောက်လည်း သဘောကျကြတယ်။ ဒါပေမဲ့ ရှန်မုအန်းအနေနဲ့ ချူယီအပေါ် သူ့ခံစားချက်တွေက အချစ် ဟုတ် မဟုတ် ဆိုတာကိုတော့ သူသေချာမသိဘူး။ ခွေးသွေးအချစ်ဝတ္ထုတွေ အများကြီး သူဖတ်ဖူးပေမဲ့ "အချစ်" ဆိုတဲ့ စကားလုံးက သူ့ဆီ တကယ်ကြီး ရောက်လာတဲ့အချိန်မှာတော့ သူတွေးရခက်သွားခဲ့တယ်။
နောက်ဆုံးတော့ ကလေးတွေနဲ့ တိရစ္ဆာန်လေးတွေကြားမှာ အထူးတလည် ရေပန်းစားသူဖြစ်တဲ့ ဆရာအန်းအန်းက မွေးကတည်းက အထီးကျန်ခွေးလေးတကောင်သာ ဖြစ်ခဲ့ရတယ်။ သူ ဒီလိုခံစားရတာက ဒါပထမဆုံးအကြိမ်ပါပဲ။
ဒါပေမဲ့ သူတယောက်ယောက်ကို ရွေးချယ်တော့မဲ့အချိန်၊ သူနဲ့အတူ အနာဂတ်တခုကို ဖြတ်သန်းဖို့ စိတ်ကူးယဉ်ကြည့်လိုက်တဲ့အခါ၊ ရှန်မုအန်းစိတ်ထဲမှာ ပထမဆုံးပေါ်လာခဲ့တဲ့သူက ချူယီပါပဲ။
ဒီလူ့ကို သူတကယ်သဘောကျနေတာပဲလို့ တွေးမိလိုက်တယ်။
ယောကျ်ား၊ မိန်းမ၊ အသက်အရွယ် ဒါမှမဟုတ် ဘယ်သူဘယ်ဝါ ဆိုတာမျိုးတွေနဲ့ သက်ဆိုင်မှုမရှိဘဲနဲ့ပေါ့။
ဒီအတိုင်း တဖက်လူက ချူယီဖြစ်နေတာကြောင့်ပါပဲ။
အဲ့ဒီလူက သူဖတ်ဖူးတဲ့ ဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ ဆင်တူနေတော့ရော ဘာဖြစ်သွားမှာမို့လို့လဲ?
ရှန်မုအန်းသိတာတခုက သူတို့အားလုံးက စိတ်ကူးယဉ်ဇာတ်ကောင်တွေ မဟုတ်ဘဲ သူ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ သက်ရှိလူသားတွေဖြစ်တယ်ဆိုတာပါပဲ။
ရှန်မုအန်းတယောက် ဟိုးအရင်ကတည်းက ချူယီဖက်က သူ့ဆီ အကြိမ်ပေါင်းများစွာ လှမ်းလာခဲ့ပြီးပြီဆိုတာကို တွေးမိလိုက်တာကြောင့် အခုအချိန်မှာ လက်ဦးမှုရယူမဲ့သူက သူ့အလှည့်ပဲဖြစ်တယ်။
ဒါ့ကြောင့်မို့လို့ ဒီမြင်ကွင်းက လောလောလတ်လတ် ပေါ်ထွက်လာခဲ့တာဖြစ်တယ်။
ရှန်မုအန်းက လက်ဦးမှုရယူထားပြီးဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို အဆုံးရှုံးခံလိုက်ရင် ချူယီအနေနဲ့ မိုက်မဲရာကျသွားလိမ့်မယ်။
လက်ရှိမြင်ကွင်းက ချူယီစိတ်ကူးထားတဲ့ ဖွင့်ပြောမှုမျိုးနဲ့ ကွဲပြားနေပေမဲ့ အခုအချိန်ကျမှတော့ ဘယ်သူ့ကို ဂရုစိုက်နေရမှာတုန်း! သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကိုပဲ အရင်ရှင်းအောင်လုပ်သင့်တာပေါ့!
"အန်းအန်း၊ ကိုယ် မင်းကို သဘောကျတယ်" ချူယီက ရှန်မုအန်းရဲ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့နှလုံးက ရူးမတတ် ခုန်ပေါက်နေလေတယ်။ သူ့မျက်လုံးတွေက ရှန်မုအန်းကိုသာ စိုက်ကြည့်နေပြီး သူ့မျက်နှာအမူအရာ တခုလေးကိုတောင်မှ လွတ်မသွားချင်ခဲ့ဘူး။
ရှန်မုအန်း ဒီအကြောင်းကို သိနေခဲ့တာ အချိန်အတော်ကြာခဲ့ပြီဖြစ်တယ်၊ တဖက်လူက ဒါကို ချက်ချင်းကြီး ဖွင့်ပြောလာခဲ့တယ်ဆိုရင်တောင် သူအရမ်းကြီး စိတ်လှုပ်ရှားမိမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ်တမ်း ဒီစကားတွေ ချူယီပါးစပ်ကနေ ထွက်ကျလာချိန်မှာတော့ ရှန်မုအန်းရဲ့စိတ်အခြေအနေက ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲကို ကျောက်ခဲတလုံး ပစ်ချလိုက်တဲ့အခါ လှိုင်းအကြီးကြီးတွေ ထသွားသလိုမျိုး ဖြစ်နေတော့တယ်။
ရှန်မုအန်းရဲ့အမူအရာကို မြင်ပြီးတဲ့နောက် ချူယီတယောက် တဖက်လူကလည်း သူနဲ့ထပ်တူ ခံစားနေရတယ်ဆိုတာကို သိရှိသွားခဲ့တယ်။
"ကျွန်တော်လည်း ခင်ဗျားကို သဘောကျပါတယ်" ဆိုတဲ့စကားကို ချူယီကြားလိုက်ရချိန်မှာ သူအတော်လေး ရှက်သွေးဖြာနေခဲ့ပြီး သူ့လက်တွေ၊ ခြေထောက်တွေကို ဘယ်မှာထားလို့ထားရမှန်းတောင် မသိတော့ဘူး။ သူ့ခမျာ သူ့ရှေ့က လူငယ်လေးကိုသာ အလိုအလျောက် ပွေ့ဖက်လိုက်မိတော့တယ်။
ချူယီတယောက် ရှန်မုအန်းအား နမ်းတော့မဲ့အချိန်မှာပဲ အနောက်က ချောင်းဟန့်သံကို ကြားလိုက်ရတယ်။
"အဟမ်း"
"အကိုကြီး၊ အခုထိ မအိပ်ရသေးတာလားဟင်" သူနည်းနည်းတော့ ရှက်နေမိပေမဲ့ သူ့အကိုကြီးနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာမှရှက်နေစရာမလိုဘူးလို့ ရှန်မုအန်းခံစားမိတယ်။ တဖက်မှာတော့ ချူယီခမျာ တောင့်တောင့်ကြီးနဲ့ အတော်လေး မသက်မသာဖြစ်နေတော့တယ်။
ရှန်ဖန်းချီက ဒီအတိုင်း ရေတခွက်လောက် သောက်ချင်ခဲ့တာဖြစ်တယ်။ ဒီဖွင့်ပြောနေတဲ့ မြင်ကွင်းကြီးကို မြင်လိုက်ရလိမ့်မယ်လို့ သူထင်မထားခဲ့မိဘူး၊ နောက်ပြီး ဒီကိစ္စနဲ့ပတ်သတ်လို့ သူ့စိတ်အခြေအနေကလည်း အတော်ကြီးကို ရှုပ်ထွေးသွားခဲ့ပြီဖြစ်တယ်။ သို့ပေသည့် အခုအချိန်မှာ သူ့ညီလေးက ဒီလူ့ကို သဘောကျနေပြီဖြစ်တဲ့အတွက် ဒါနဲ့ပတ်သတ်ပြီး သူလုပ်နိုင်တာ ဘာမှမရှိတော့ဘူး။
ချူယီက ရှန်မုအန်းကို လွှတ်မပေးချင်ပေမဲ့လည်း ရှန်ဖန်းချီက ဒီမှာရှိနေတာကြောင့် အရင်ဆုံး သူလွှတ်ပေးလိုက်ရုံသာ တတ်နိုင်တော့တယ်။ ဒီတခေါက် သူနှောင့်ယှက်ခံလိုက်ရရင်တောင်မှ နောက်ထပ်အခေါက်တွေ ရှိပါသေးတယ်! လောလောဆယ် ရှန်ဖန်းချီကို သွားမဆွတာ ပိုကောင်းလိမ့်မယ်၊ ကုန်ကုန်ပြောရရင်၊ သူက သူ့ညီလေးကို လုယူလိုက်မိတာလေ။
"ငါ ရေနည်းနည်းလောက် သောက်မလို့" ရှန်မုအန်းထံ ထိုစကားတွေ ပြောနေသော်ငြား ရှန်ဖန်းချီရဲ့အကြည့်တွေက ချူယီအပေါ်မှာသာ ရှိနေခဲ့တယ်။ ထိုကောင်စုတ်ကို အပြင်လွှင့်ပစ်ဖို့ သူစိတ်အားထက်သန်နေခဲ့တယ်။ သို့သော် ဒီလိုလုပ်လိုက်ရင် သူ့ညီလေး မပျော်မရွှင်ဖြစ်သွားမှာကို စိုးရိမ်တာကြောင့် သူ့အတွေးတွေကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့တယ်။
ရှန်မုအန်းက သူတို့နှစ်ယောက်ကြားမှာ မတ်တပ်ရပ်ပြီး ရှန်ဖန်းချီအတွက် ရေတခွက်ငှဲ့ပေးရင်း တိုက်တွန်းလာခဲ့တယ်၊ "အကိုကြီးလည်း အနားသွားယူပါအုံး။ သူများတွေ ကျွန်တော့်ကိုပြောတာတော့ အရင်ရက်တွေတုန်းက အကိုကြီး ကောင်းကောင်းမအိပ်ရသေးဘူးဆို"
"အဲ့ဒီကောင်စုတ်လေးတွေကတော့ကွာ" ရှန်ဖန်းချီက ခွက်ကို လှမ်းယူပြီး ဗျူရိုက လူငယ်လေးတွေအကြောင်း တွေးမိလိုက်တာနဲ့ ခေါင်းတွေကိုက်လာခဲ့တယ်။ အဲ့ဒီမှာရှိနေတဲ့ လူငယ်လေးတွေက တယောက်ပြီးတယောက် ဖြစ်ရပ်တွေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်ပစ်နေကြတယ်။ ရှန်ဖန်းချီခမျာ သူ့ကိုယ်သူ အဖေအိုကြီးနေရာကို ရောက်မှန်းမသိရောက်နေပြီဆိုတာကို သဘောပေါက်လိုက်တယ်။ သူ့အသက် ၃၀ တောင် မပြည့်သေးဘဲနဲ့ ဒီလိုမျိုးတောင် ခံစားနေရပြီပေါ့။
တကယ်လို့ ရှန်မုအန်းသာ သိသွားလို့ကတော့ သူ့ကို တနေ့လုံး စနောက်နေလောက်တယ်။
အသစ်စက်စက် ရည်းစားလေးအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ချူယီကတော့ အလွန်အမင်း တက်ကြွနေခဲ့တယ်။ သူ့ခမျာ အနားယူဖို့တောင် မေ့နေတာကြာပြီဖြစ်တယ်၊ သူ့နှလုံးသားနဲ့ မျက်လုံးတွေထဲမှာ ရှန်မုအန်းတယောက်တည်းနဲ့ပဲ ပြည့်နှက်လို့နေတယ်။ ရှန်မုအန်းဘာပြောပြော သူသွားအိပ်မှာမဟုတ်ဘူး။
ရှန်မုအန်းခမျာ ရွေးစရာမရှိတော့ဘဲ ချူယီအား သူ့အခန်းထဲမှာပဲ အနားယူခိုင်းလိုက်ရတော့တယ်။
ထိုလူကို အိပ်ရာထဲ သူဖိချလိုက်ပြီး အလွန်လေးနက်တဲ့ လေသံနဲ့ ပြောလိုက်တယ်၊ "ကောင်းကောင်းအနားယူ၊ လျှောက်ပြေးမနေတော့နဲ့"
ဒီတခါမှာတော့ ချူယီက အတော်လေး နာခံမှုရှိခဲ့တယ်။ သူက ရှန်မုအန်းရဲ့ညဝတ်အင်္ကျီကို လဲဝတ်ပြီး ရှန်မုအန်းခုတင်ပေါ်မှာ အိပ်စက်ရင်း သူ့ရဲ့စိတ်လှုပ်ရှားမှုအခြေအနေက အရင်က မဖြစ်ဖူးခဲ့တဲ့ အဆင့်အထိကို ရောက်ရှိနေခဲ့တယ်။ သူက နာခံစွာ ခေါင်းညိတ်ပြနေသော်ငြား သူ့မျက်လုံးတွေကတော့ ရှန်မုအန်းကိုသာ စိုက်ကြည့်နေဆဲပဲဖြစ်တယ်။
"အိပ်တော့လေ။ ကျွန်တော် ဘေးမှာ စောင့်နေပေးမယ်။ မျက်လုံးတွေ မှိတ်ထားပြီး ပြန်မဖွင့်နဲ့တော့" ရှန်မုအန်း သူ့လက်ကိုဆန့်ပြီး ချူယီမျက်လုံးတွေကို မှိတ်ပေးလိုက်တယ်။ သူ့လေသံက နည်းနည်းလေး တောင့်တောင့်ကြီး ဖြစ်နေခဲ့တယ်။ ဒီလိုပြောလိုက်မှ ချူယီက သူ့မျက်လုံးတွေကို မှိတ်ထားမယ်ဆိုတာကို သူတွေးမိလိုက်တယ်၊ တကယ့်ကို ကလေးလေးကျနေတာပဲ။
ရှန်မုအန်းလက်ဖဝါးရဲ့အပူချိန်ကို ခံစားရင်း ချူယီက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း မှိတ်လိုက်တယ်၊ သို့ပေမဲ့ ရှန်မုအန်းရဲ့နောက်လက်တဖက်ကိုလည်း စိုးရိမ်ပူပန်စိတ်တွေနဲ့ သူလှမ်းဆွဲထားခဲ့တယ်။ တဖက်လူက ထပ်ပြီး ရုတ်တရက် ပျောက်ကွယ်သွားမှာကို သူကြောက်နေခဲ့တယ်။
ရှန်မုအန်းက သူ့လှုပ်ရှားမှုတွေကို ခွင့်ပြုပေးထားပြီး ပါးစပ်ကနေ တိုးတိုးလေး သီချင်းညည်းနေရင်း ချူယီအား ကလေးတယောက် အိပ်ပျော်အောင် ချော့သိပ်ပေးသလိုမျိုး ချော့နေခဲ့တယ်။
ခဏကြာပြီးနောက် ချူယီအိပ်ပျော်သွားတာ သေချာပြီဆိုတော့မှ ရှန်မုအန်းက ချူယီမျက်လုံးကို ကာပေးထားတဲ့ သူ့လက်ကို ဖယ်လိုက်တယ်။ သို့သော် သူ့ရဲ့နောက်လက်တဖက်က ချူယီအား လွှတ်မပေးခဲ့ချေ။
နှစ်ယောက်သား အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာ နေ,နေခဲ့ကြတယ်။ တခြားအခန်းမှာ လဲလျောင်းနေတဲ့ ရှန်ဖန်းချီက စောနက သူမြင်လိုက်ရတာကို ပြန်တွေးကြည့်နေခဲ့တယ်။
"မင်းနဲ့ ငါကတော့ အပစ်ခံလိုက်ရပြီပေါ့" ရှန်ဖန်းချီက သူ့ဘေးမှာ အိပ်ပျော်နေတဲ့ ကောင်ငယ်လေးကို ပုတ်ပေးပြီး စိတ်မသက်မသာခံစားရကာ သက်ပြင်းချလိုက်မိတယ်။
ရှန်ဖန်းချီက သူတယောက်တည်း မသက်မသာဖြစ်နေတာ မဟုတ်ဘူးလို့ ခံစားနေရတယ်။ သူတောင် ဒီလိုဖြစ်နေမှတော့ ချူယီလည်း အဆင်ပြေမှာမဟုတ်ဘူးဆိုတာကို သူသေချာသိနေတယ်။
သူ့ညီလေးကို လုယူသွားတဲ့အတွက် တန်ရာတန်ကြေးတော့ ပြန်ပေးဆပ်ရမှာပေါ့။
[ TL Note : Finally got together ( ̄▽ ̄) ]
******
{Zawgyi}
အခန္း (၇၄) - လက္ဦးမႈရယူျခင္း
"စိတ္မဆိုးေတာ့ဘူးမလား?" ရွန္မုအန္း ခ်ဴယီကို ၿပဳံးၾကည့္ေနခဲ့တယ္။ ေစာနတုန္းက သူစိတ္ဆိုးေနေသးမွန္း အသိသာႀကီးကို၊ ဒီေလာက္ျမန္ျမန္ေလးနဲ႔ စိတ္ဆိုးေျပသြားလိမ့္မယ္လို႔ ရွန္မုအန္း ထင္မထားမိလိုက္ဘူး။
ဒီစကားတခြန္းက ခ်ဴယီအား တစုံတရာကို သေဘာေပါက္သြားေစပုံရတယ္။ ရွန္မုအန္း ဘာျဖစ္လို႔ ဒီေမးခြန္းကို ႐ုတ္တရက္ ထေမးရသလဲဆိုတာကို နားလည္သြားၿပီး သည္အခြင့္အေရးကို လက္လြတ္ခံမဲ့ အစီအစဥ္မရွိတာေၾကာင့္ တမင္သက္သက္ဘဲ သူျပန္ေျဖလိုက္တယ္၊ "ကိုယ္စိတ္ဆိုးေနတုန္းပဲေနာ္"
တဖက္လူက ဒါကို ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေနမွန္း ရွန္မုအန္းသိေနခဲ့ေပမဲ့ ဘာဆက္ျဖစ္မလဲဆိုတာကို သိခ်င္တာေၾကာင့္ သူထပ္ေမးလိုက္တယ္၊ "အဲ့ဒီလိုဆိုရင္လည္း၊ မစၥတာခ်ဴခင္ဗ်၊ ေက်းဇူးျပဳၿပီးေတာ့ လူႀကီးမင္းကို ကြၽန္ေတာ္ဘယ္လိုေခ်ာ့ရပါ့မလဲခင္ဗ်ာ?"
စိတ္ဆိုးေနတဲ့သူကို ဘယ္လိုေခ်ာ့ရမလဲလို႔ မင္းဘယ္လိုေတာင္ေမးလိုက္တာတုန္း?
ခ်ဴယီခမ်ာ ဘယ္လိုေျဖရမွန္း မသိေတာ့ဘူး။ ေနာက္ေတာ့ ႐ုတ္တရက္ႀကီး၊ ဒီေန႔ ကားထဲမွာ ရွန္မုအန္းတေယာက္ ေယြ႕ေယြ႕ကို နမ္းလိုက္တာကို သူအမွတ္ရသြားၿပီး သူ႔နား႐ြက္ေတြ အနည္းငယ္ နီျမန္းလာခဲ့တယ္၊ "ေယြ႕ေယြ႕ကို မင္းေခ်ာ့သလိုမ်ိဳး ကိုယ့္ကိုလည္း အဲ့ဒီအတိုင္း ေခ်ာ့ရမွာေပါ့"
"အဲ့ဒီလိုလား?" ရွန္မုအန္းက သူ႔ေမးေစ့ကိုကိုင္ရင္း ခဏေလာက္ စဥ္းစားလိုက္ၿပီးမွ သူ႔လက္ကိုဆန႔္ကာ ခ်ဴယီရဲ႕ေခါင္းကို ထိလိုက္ၿပီး အေလးအနက္ ေမးလာခဲ့တယ္၊ "ဒီလိုလုပ္ေပးရင္ေရာ အဆင္ေျပရဲ႕လား?"
ခ်ဴယီမ်က္ႏွာေပၚက အၿပဳံးႀကီးက ေတာင့္ခဲသြားေတာ့တယ္။ ဒါႀကီးက သူေမွ်ာ္လင့္ထားတာနဲ႔ လုံးဝကို တူမေနဘူးေလ။ ေယြ႕ေယြ႕ကို ေခ်ာ့တုန္းက ဒီလိုေခ်ာ့တာမွ မဟုတ္ဘဲ၊ သူ႔အလွည့္က်မွ ဘာလို႔ေျပာင္းသြားရတာတုန္း?
"ဟင့္အင္း" ေသခ်ာတာေပါ့၊ ခ်ဴယီဆိုတဲ့သူက ရွန္မုအန္း ဒီလိုလုပ္လိုက္လို႔ လြယ္လြယ္ကူကူေလးနဲ႔ ေပ်ာ့သြားမဲ့သူမ်ိဳး မဟုတ္ဘူး။ ဒီေန႔ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကို အဆင့္တက္ဖို႔လိုေနၿပီလို႔ သူခံစားမိတယ္။ အဲ့ဒါေၾကာင့္ ခ်ဴယီက ဒီအခြင့္အေရးေကာင္းကို လက္လြတ္အဆုံးရႈံးခံမွာ မဟုတ္ဘူး။ လက္ဦးမႈရယူၿပီး အရင္တိုက္ခိုက္ရမယ္လို႔ သူဆုံးျဖတ္ခ်က္ခ်လိုက္တယ္။
သို႔ေသာ္ ခ်ဴယီဘာမွမလုပ္ရေသးခင္မွာဘဲ ရွန္မုအန္းက ႐ုတ္တရက္ အနားကိုပိုမိုတိုးကပ္လာၿပီး ခ်ဴယီမ်က္ႏွာကို နမ္းလိုက္ကာ အၿပဳံးေလးနဲ႔ ေမးလာခဲ့တယ္၊ "အခုေရာ အဆင္ေျပသြားၿပီလား?"
ခ်ဴယီရဲ႕သူငယ္အိမ္ေတြ ပိုၿပီးျပဴးက်ယ္လာခဲ့တယ္၊ အဆမတန္ ခုန္လႈပ္ေနတဲ့ သူ႔ႏွလုံးခုန္သံေတြကိုေတာင္ ၾကားေနရတယ္။ ပုံမွန္ထက္ ဘယ္ေလာက္ျမန္ျမန္ခုန္ေနမွန္းေတာင္ သူ မသိေတာ့ဘူး။
"ဘာလို႔ ဒီေလာက္တုံ႔ေႏွးသြားရတာတုန္း?" ရွန္မုအန္းတေယာက္ ဒီလူက အရမ္းရယ္ရတယ္လို႔ ေတြးေနခဲ့တယ္။ သူလိုခ်င္ေနတာကို သိသိသာသာႀကီး လုပ္ေပးလိုက္ေပမဲ့ သူ႔ခမ်ာ ဒီလိုမ်ိဳးပဲ တုံ႔ျပန္ႏိုင္ေသးတယ္။ တကယ့္ကို စိတ္ဝင္စားစရာပါပဲ။
တကယ္ေတာ့ ရွန္မုအန္းက သူနဲ႔ ခ်ဴယီရဲ႕ဆက္ဆံေရးကို ဟိုးအရင္ကတည္းက စဥ္းစားထားခဲ့တာျဖစ္တယ္။ ဒီလူလႈပ္ရွားလာမဲ့အခ်ိန္ကို သူေတြးေနခဲ့တဲ့အျပင္ သူ႔ေရွ႕မွာ ရွိေနတဲ့သူကို စိတ္ထဲက တကယ္သေဘာက်တာမ်ိဳး ဟုတ္ မဟုတ္ ဆိုတာကိုလည္း သူအေလးအနက္ ေတြးေတာျဖစ္ခဲ့တယ္။
ခ်ဴယီက တကယ့္ကို လူေကာင္းတေယာက္ပါပဲ၊ သူ႔ကိုလည္း ေကာင္းေကာင္းဆက္ဆံတဲ့အျပင္ သူတို႔က တေယာက္ကိုတေယာက္လည္း သေဘာက်ၾကတယ္။ ဒါေပမဲ့ ရွန္မုအန္းအေနနဲ႔ ခ်ဴယီအေပၚ သူ႔ခံစားခ်က္ေတြက အခ်စ္ ဟုတ္ မဟုတ္ ဆိုတာကိုေတာ့ သူေသခ်ာမသိဘူး။ ေခြးေသြးအခ်စ္ဝတၳဳေတြ အမ်ားႀကီး သူဖတ္ဖူးေပမဲ့ "အခ်စ္" ဆိုတဲ့ စကားလုံးက သူ႔ဆီ တကယ္ႀကီး ေရာက္လာတဲ့အခ်ိန္မွာေတာ့ သူေတြးရခက္သြားခဲ့တယ္။
ေနာက္ဆုံးေတာ့ ကေလးေတြနဲ႔ တိရစာၦန္ေလးေတြၾကားမွာ အထူးတလည္ ေရပန္းစားသူျဖစ္တဲ့ ဆရာအန္းအန္းက ေမြးကတည္းက အထီးက်န္ေခြးေလးတေကာင္သာ ျဖစ္ခဲ့ရတယ္။ သူ ဒီလိုခံစားရတာက ဒါပထမဆုံးအႀကိမ္ပါပဲ။
ဒါေပမဲ့ သူတေယာက္ေယာက္ကို ေ႐ြးခ်ယ္ေတာ့မဲ့အခ်ိန္၊ သူနဲ႔အတူ အနာဂတ္တခုကို ျဖတ္သန္းဖို႔ စိတ္ကူးယဥ္ၾကည့္လိုက္တဲ့အခါ၊ ရွန္မုအန္းစိတ္ထဲမွာ ပထမဆုံးေပၚလာခဲ့တဲ့သူက ခ်ဴယီပါပဲ။
ဒီလူ႔ကို သူတကယ္သေဘာက်ေနတာပဲလို႔ ေတြးမိလိုက္တယ္။
ေယာက်္ား၊ မိန္းမ၊ အသက္အ႐ြယ္ ဒါမွမဟုတ္ ဘယ္သူဘယ္ဝါ ဆိုတာမ်ိဳးေတြနဲ႔ သက္ဆိုင္မႈမရွိဘဲနဲ႔ေပါ့။
ဒီအတိုင္း တဖက္လူက ခ်ဴယီျဖစ္ေနတာေၾကာင့္ပါပဲ။
အဲ့ဒီလူက သူဖတ္ဖူးတဲ့ ဝတၳဳထဲက ဇာတ္ေကာင္ေတြနဲ႔ ဆင္တူေနေတာ့ေရာ ဘာျဖစ္သြားမွာမို႔လို႔လဲ?
ရွန္မုအန္းသိတာတခုက သူတို႔အားလုံးက စိတ္ကူးယဥ္ဇာတ္ေကာင္ေတြ မဟုတ္ဘဲ သူ႔ေရွ႕မွာ မားမားမတ္မတ္ ရပ္တည္ေပးေနတဲ့ သက္ရွိလူသားေတြျဖစ္တယ္ဆိုတာပါပဲ။
ရွန္မုအန္းတေယာက္ ဟိုးအရင္ကတည္းက ခ်ဴယီဖက္က သူ႔ဆီ အႀကိမ္ေပါင္းမ်ားစြာ လွမ္းလာခဲ့ၿပီးၿပီဆိုတာကို ေတြးမိလိုက္တာေၾကာင့္ အခုအခ်ိန္မွာ လက္ဦးမႈရယူမဲ့သူက သူ႔အလွည့္ပဲျဖစ္တယ္။
ဒါ့ေၾကာင့္မို႔လို႔ ဒီျမင္ကြင္းက ေလာေလာလတ္လတ္ ေပၚထြက္လာခဲ့တာျဖစ္တယ္။
ရွန္မုအန္းက လက္ဦးမႈရယူထားၿပီးျဖစ္တဲ့အတြက္ ဒီအခြင့္အေရးကို အဆုံးရႈံးခံလိုက္ရင္ ခ်ဴယီအေနနဲ႔ မိုက္မဲရာက်သြားလိမ့္မယ္။
လက္ရွိျမင္ကြင္းက ခ်ဴယီစိတ္ကူးထားတဲ့ ဖြင့္ေျပာမႈမ်ိဳးနဲ႔ ကြဲျပားေနေပမဲ့ အခုအခ်ိန္က်မွေတာ့ ဘယ္သူ႔ကို ဂ႐ုစိုက္ေနရမွာတုန္း! သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးကိုပဲ အရင္ရွင္းေအာင္လုပ္သင့္တာေပါ့!
"အန္းအန္း၊ ကိုယ္ မင္းကို သေဘာက်တယ္" ခ်ဴယီက ရွန္မုအန္းရဲ႕လက္ကို ဆုပ္ကိုင္ထားရင္း သူ႔ႏွလုံးက ႐ူးမတတ္ ခုန္ေပါက္ေနေလတယ္။ သူ႔မ်က္လုံးေတြက ရွန္မုအန္းကိုသာ စိုက္ၾကည့္ေနၿပီး သူ႔မ်က္ႏွာအမူအရာ တခုေလးကိုေတာင္မွ လြတ္မသြားခ်င္ခဲ့ဘူး။
ရွန္မုအန္း ဒီအေၾကာင္းကို သိေနခဲ့တာ အခ်ိန္အေတာ္ၾကာခဲ့ၿပီျဖစ္တယ္၊ တဖက္လူက ဒါကို ခ်က္ခ်င္းႀကီး ဖြင့္ေျပာလာခဲ့တယ္ဆိုရင္ေတာင္ သူအရမ္းႀကီး စိတ္လႈပ္ရွားမိမွာမဟုတ္ဘူး။ ဒါေပမဲ့ တကယ္တမ္း ဒီစကားေတြ ခ်ဴယီပါးစပ္ကေန ထြက္က်လာခ်ိန္မွာေတာ့ ရွန္မုအန္းရဲ႕စိတ္အေျခအေနက ၿငိမ္သက္ေနတဲ့ ကန္ေရျပင္ထဲကို ေက်ာက္ခဲတလုံး ပစ္ခ်လိုက္တဲ့အခါ လႈိင္းအႀကီးႀကီးေတြ ထသြားသလိုမ်ိဳး ျဖစ္ေနေတာ့တယ္။
ရွန္မုအန္းရဲ႕အမူအရာကို ျမင္ၿပီးတဲ့ေနာက္ ခ်ဴယီတေယာက္ တဖက္လူကလည္း သူနဲ႔ထပ္တူ ခံစားေနရတယ္ဆိုတာကို သိရွိသြားခဲ့တယ္။
"ကြၽန္ေတာ္လည္း ခင္ဗ်ားကို သေဘာက်ပါတယ္" ဆိုတဲ့စကားကို ခ်ဴယီၾကားလိုက္ရခ်ိန္မွာ သူအေတာ္ေလး ရွက္ေသြးျဖာေနခဲ့ၿပီး သူ႔လက္ေတြ၊ ေျခေထာက္ေတြကို ဘယ္မွာထားလို႔ထားရမွန္းေတာင္ မသိေတာ့ဘူး။ သူ႔ခမ်ာ သူ႔ေရွ႕က လူငယ္ေလးကိုသာ အလိုအေလ်ာက္ ေပြ႕ဖက္လိုက္မိေတာ့တယ္။
ခ်ဴယီတေယာက္ ရွန္မုအန္းအား နမ္းေတာ့မဲ့အခ်ိန္မွာပဲ အေနာက္က ေခ်ာင္းဟန႔္သံကို ၾကားလိုက္ရတယ္။
"အဟမ္း"
"အကိုႀကီး၊ အခုထိ မအိပ္ရေသးတာလားဟင္" သူနည္းနည္းေတာ့ ရွက္ေနမိေပမဲ့ သူ႔အကိုႀကီးနဲ႔ ရင္ဆိုင္ရခ်ိန္မွာေတာ့ ဘာမွရွက္ေနစရာမလိုဘူးလို႔ ရွန္မုအန္းခံစားမိတယ္။ တဖက္မွာေတာ့ ခ်ဴယီခမ်ာ ေတာင့္ေတာင့္ႀကီးနဲ႔ အေတာ္ေလး မသက္မသာျဖစ္ေနေတာ့တယ္။
ရွန္ဖန္းခ်ီက ဒီအတိုင္း ေရတခြက္ေလာက္ ေသာက္ခ်င္ခဲ့တာျဖစ္တယ္။ ဒီဖြင့္ေျပာေနတဲ့ ျမင္ကြင္းႀကီးကို ျမင္လိုက္ရလိမ့္မယ္လို႔ သူထင္မထားခဲ့မိဘူး၊ ေနာက္ၿပီး ဒီကိစၥနဲ႔ပတ္သတ္လို႔ သူ႔စိတ္အေျခအေနကလည္း အေတာ္ႀကီးကို ရႈပ္ေထြးသြားခဲ့ၿပီျဖစ္တယ္။ သို႔ေပသည့္ အခုအခ်ိန္မွာ သူ႔ညီေလးက ဒီလူ႔ကို သေဘာက်ေနၿပီျဖစ္တဲ့အတြက္ ဒါနဲ႔ပတ္သတ္ၿပီး သူလုပ္ႏိုင္တာ ဘာမွမရွိေတာ့ဘူး။
ခ်ဴယီက ရွန္မုအန္းကို လႊတ္မေပးခ်င္ေပမဲ့လည္း ရွန္ဖန္းခ်ီက ဒီမွာရွိေနတာေၾကာင့္ အရင္ဆုံး သူလႊတ္ေပးလိုက္႐ုံသာ တတ္ႏိုင္ေတာ့တယ္။ ဒီတေခါက္ သူေႏွာင့္ယွက္ခံလိုက္ရရင္ေတာင္မွ ေနာက္ထပ္အေခါက္ေတြ ရွိပါေသးတယ္! ေလာေလာဆယ္ ရွန္ဖန္းခ်ီကို သြားမဆြတာ ပိုေကာင္းလိမ့္မယ္၊ ကုန္ကုန္ေျပာရရင္၊ သူက သူ႔ညီေလးကို လုယူလိုက္မိတာေလ။
"ငါ ေရနည္းနည္းေလာက္ ေသာက္မလို႔" ရွန္မုအန္းထံ ထိုစကားေတြ ေျပာေနေသာ္ျငား ရွန္ဖန္းခ်ီရဲ႕အၾကည့္ေတြက ခ်ဴယီအေပၚမွာသာ ရွိေနခဲ့တယ္။ ထိုေကာင္စုတ္ကို အျပင္လႊင့္ပစ္ဖို႔ သူစိတ္အားထက္သန္ေနခဲ့တယ္။ သို႔ေသာ္ ဒီလိုလုပ္လိုက္ရင္ သူ႔ညီေလး မေပ်ာ္မ႐ႊင္ျဖစ္သြားမွာကို စိုးရိမ္တာေၾကာင့္ သူ႔အေတြးေတြကို ဖိႏွိပ္ထား႐ုံသာ တတ္ႏိုင္ခဲ့တယ္။
ရွန္မုအန္းက သူတို႔ႏွစ္ေယာက္ၾကားမွာ မတ္တပ္ရပ္ၿပီး ရွန္ဖန္းခ်ီအတြက္ ေရတခြက္ငွဲ႔ေပးရင္း တိုက္တြန္းလာခဲ့တယ္၊ "အကိုႀကီးလည္း အနားသြားယူပါအုံး။ သူမ်ားေတြ ကြၽန္ေတာ့္ကိုေျပာတာေတာ့ အရင္ရက္ေတြတုန္းက အကိုႀကီး ေကာင္းေကာင္းမအိပ္ရေသးဘူးဆို"
"အဲ့ဒီေကာင္စုတ္ေလးေတြကေတာ့ကြာ" ရွန္ဖန္းခ်ီက ခြက္ကို လွမ္းယူၿပီး ဗ်ဴ႐ိုက လူငယ္ေလးေတြအေၾကာင္း ေတြးမိလိုက္တာနဲ႔ ေခါင္းေတြကိုက္လာခဲ့တယ္။ အဲ့ဒီမွာရွိေနတဲ့ လူငယ္ေလးေတြက တေယာက္ၿပီးတေယာက္ ျဖစ္ရပ္ေတြကို ေဇာက္ထိုးမိုးေမွ်ာ္ျဖစ္ေအာင္ လုပ္ပစ္ေနၾကတယ္။ ရွန္ဖန္းခ်ီခမ်ာ သူ႔ကိုယ္သူ အေဖအိုႀကီးေနရာကို ေရာက္မွန္းမသိေရာက္ေနၿပီဆိုတာကို သေဘာေပါက္လိုက္တယ္။ သူ႔အသက္ ၃၀ ေတာင္ မျပည့္ေသးဘဲနဲ႔ ဒီလိုမ်ိဳးေတာင္ ခံစားေနရၿပီေပါ့။
တကယ္လို႔ ရွန္မုအန္းသာ သိသြားလို႔ကေတာ့ သူ႔ကို တေန႔လုံး စေနာက္ေနေလာက္တယ္။
အသစ္စက္စက္ ရည္းစားေလးအျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ ခ်ဴယီကေတာ့ အလြန္အမင္း တက္ႂကြေနခဲ့တယ္။ သူ႔ခမ်ာ အနားယူဖို႔ေတာင္ ေမ့ေနတာၾကာၿပီျဖစ္တယ္၊ သူ႔ႏွလုံးသားနဲ႔ မ်က္လုံးေတြထဲမွာ ရွန္မုအန္းတေယာက္တည္းနဲ႔ပဲ ျပည့္ႏွက္လို႔ေနတယ္။ ရွန္မုအန္းဘာေျပာေျပာ သူသြားအိပ္မွာမဟုတ္ဘူး။
ရွန္မုအန္းခမ်ာ ေ႐ြးစရာမရွိေတာ့ဘဲ ခ်ဴယီအား သူ႔အခန္းထဲမွာပဲ အနားယူခိုင္းလိုက္ရေတာ့တယ္။
ထိုလူကို အိပ္ရာထဲ သူဖိခ်လိုက္ၿပီး အလြန္ေလးနက္တဲ့ ေလသံနဲ႔ ေျပာလိုက္တယ္၊ "ေကာင္းေကာင္းအနားယူ၊ ေလွ်ာက္ေျပးမေနေတာ့နဲ႔"
ဒီတခါမွာေတာ့ ခ်ဴယီက အေတာ္ေလး နာခံမႈရွိခဲ့တယ္။ သူက ရွန္မုအန္းရဲ႕ညဝတ္အက်ႌကို လဲဝတ္ၿပီး ရွန္မုအန္းခုတင္ေပၚမွာ အိပ္စက္ရင္း သူ႔ရဲ႕စိတ္လႈပ္ရွားမႈအေျခအေနက အရင္က မျဖစ္ဖူးခဲ့တဲ့ အဆင့္အထိကို ေရာက္ရွိေနခဲ့တယ္။ သူက နာခံစြာ ေခါင္းညိတ္ျပေနေသာ္ျငား သူ႔မ်က္လုံးေတြကေတာ့ ရွန္မုအန္းကိုသာ စိုက္ၾကည့္ေနဆဲပဲျဖစ္တယ္။
"အိပ္ေတာ့ေလ။ ကြၽန္ေတာ္ ေဘးမွာ ေစာင့္ေနေပးမယ္။ မ်က္လုံးေတြ မွိတ္ထားၿပီး ျပန္မဖြင့္နဲ႔ေတာ့" ရွန္မုအန္း သူ႔လက္ကိုဆန႔္ၿပီး ခ်ဴယီမ်က္လုံးေတြကို မွိတ္ေပးလိုက္တယ္။ သူ႔ေလသံက နည္းနည္းေလး ေတာင့္ေတာင့္ႀကီး ျဖစ္ေနခဲ့တယ္။ ဒီလိုေျပာလိုက္မွ ခ်ဴယီက သူ႔မ်က္လုံးေတြကို မွိတ္ထားမယ္ဆိုတာကို သူေတြးမိလိုက္တယ္၊ တကယ့္ကို ကေလးေလးက်ေနတာပဲ။
ရွန္မုအန္းလက္ဖဝါးရဲ႕အပူခ်ိန္ကို ခံစားရင္း ခ်ဴယီက သူ႔မ်က္လုံးေတြကို ျဖည္းျဖည္းခ်င္း မွိတ္လိုက္တယ္၊ သို႔ေပမဲ့ ရွန္မုအန္းရဲ႕ေနာက္လက္တဖက္ကိုလည္း စိုးရိမ္ပူပန္စိတ္ေတြနဲ႔ သူလွမ္းဆြဲထားခဲ့တယ္။ တဖက္လူက ထပ္ၿပီး ႐ုတ္တရက္ ေပ်ာက္ကြယ္သြားမွာကို သူေၾကာက္ေနခဲ့တယ္။
ရွန္မုအန္းက သူ႔လႈပ္ရွားမႈေတြကို ခြင့္ျပဳေပးထားၿပီး ပါးစပ္ကေန တိုးတိုးေလး သီခ်င္းညည္းေနရင္း ခ်ဴယီအား ကေလးတေယာက္ အိပ္ေပ်ာ္ေအာင္ ေခ်ာ့သိပ္ေပးသလိုမ်ိဳး ေခ်ာ့ေနခဲ့တယ္။
ခဏၾကာၿပီးေနာက္ ခ်ဴယီအိပ္ေပ်ာ္သြားတာ ေသခ်ာၿပီဆိုေတာ့မွ ရွန္မုအန္းက ခ်ဴယီမ်က္လုံးကို ကာေပးထားတဲ့ သူ႔လက္ကို ဖယ္လိုက္တယ္။ သို႔ေသာ္ သူ႔ရဲ႕ေနာက္လက္တဖက္က ခ်ဴယီအား လႊတ္မေပးခဲ့ေခ်။
ႏွစ္ေယာက္သား အခန္းထဲမွာ တိတ္ဆိတ္ၿငိမ္သက္စြာ ေန,ေနခဲ့ၾကတယ္။ တျခားအခန္းမွာ လဲေလ်ာင္းေနတဲ့ ရွန္ဖန္းခ်ီက ေစာနက သူျမင္လိုက္ရတာကို ျပန္ေတြးၾကည့္ေနခဲ့တယ္။
"မင္းနဲ႔ ငါကေတာ့ အပစ္ခံလိုက္ရၿပီေပါ့" ရွန္ဖန္းခ်ီက သူ႔ေဘးမွာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ငယ္ေလးကို ပုတ္ေပးၿပီး စိတ္မသက္မသာခံစားရကာ သက္ျပင္းခ်လိုက္မိတယ္။
ရွန္ဖန္းခ်ီက သူတေယာက္တည္း မသက္မသာျဖစ္ေနတာ မဟုတ္ဘူးလို႔ ခံစားေနရတယ္။ သူေတာင္ ဒီလိုျဖစ္ေနမွေတာ့ ခ်ဴယီလည္း အဆင္ေျပမွာမဟုတ္ဘူးဆိုတာကို သူေသခ်ာသိေနတယ္။
သူ႔ညီေလးကို လုယူသြားတဲ့အတြက္ တန္ရာတန္ေၾကးေတာ့ ျပန္ေပးဆပ္ရမွာေပါ့။
[ TL Note : Finally got together ( ̄▽ ̄) ]