မေမေကိုတော့ဒီနေ့ဖြစ်တဲ့ကိစတွေဘာမှမပြောရသေးပါပြောလိုက်ရင်ကောင်းမလား
မကောင်းမလားစဉ်းစားရသည်မေမေစိတ်မကောင်းဖြစ်မှာလည်းဆိုးတာကြောင့်မပြောပဲနေလိုက်တော့သည်
ညစာစားပြီးအိပ်ချိန်ရောက်တော့မအိပ်နိုင်သေးပဲကျောင်းမှာဖြစ်လာတဲ့ကိစပဲခေါင်းထဲရောက်နေသည်
Jk mind - ကိုကိုကမိုက်လိုက်တာဆိုးလည်းဆိုးတာပဲသူ့ပုံစံကအဲ့လောက်လည်းကြောက်ဖို့မကောင်းသေးပါဘူးကိုကိုလည်းချစ်စရာလေးပဲ ဒီကိစကငါ့ကြောင့်ဖြစ်ရတာပဲ
ကိုကိုကငါ့ကိုထိရင်မခံဖူးပေါ့ ငါ့ကိုချစ်လို့လား ငါလည်းကိုကို့ ကိုချစ်တယ်လေ ငါ့မျက်နှာကရောချစ်ဖို့ကောင်းလို့လား
အိပ်ယာထဲလဲပြီးအတွေးပေါင်းစုံတွေးနေရင်း
ထထိုင်လိုင်ကာမှန်ဘက်တစ်ချက်ကြည့်လိုက်သည်
ခုံပေါ်မှာတင်ထားသောမျက်မှန်ယူလိုက်ကာကောက်တပ်လိုက်သည်
"အင်းးးးးကြည့်တော့ကောင်းပါတယ်"
ဆိုကာမျက်မှန်ပြန်ချွတ်ခုံပေါ်ပြန်တင်ကာ
အိပ်ယာထဲပြန်လှဲလိုက်သည်
"တော်ပြီ အိပ်တော့မယ် မနက်ကျောင်းသွားရအုံးမယ်"
အိပ်လိုက်သည်။
-------------------
"ဟွားးးးးခုနှစ်နာရီပဲရှိသေးတာလား"
ဂျီမင်းအိပ်ယာနိုးတော့ခုနှစ်နာရီပဲရှိသေးတာမို့ပြန်အိပ်ဖို့လုပ်သည်
"တော်ပါပြီမအိပ်တော့ပါဘူး"
ဆောင်ထဲကထွက်လာပြီးကျောင်းသွားဖို့အစောကြီးပြင်ဆင်ထားသည်
အောက်ဆင်းလာခဲ့သည်
"သား အစောကြီးရှိသေးတာမလား"
"အင်းဟုတယ် သားအစောကြီးနိုးနေလို့"
"ထူးထူးဆန်းဆန်းပြန်မအိပ်ဘူး"
"အိပ်ချင်တော့လို့"
"ဘာစားမလဲသားမနက်စာ"
"မာမီကျွေးတာပဲစားတော့မယ်"
"အာ့ဆိုပြီးရော ရော့"
မာမီချပေးတဲ့မုန့်ကိုစားလိုက်သည်
"သားသွားတော့မယ် မာမီ"
"တစ်ယောက်တည်းသွားမှာလား"
"မဟုတ်ဘူးထယ်ဟျောင်းနဲ့"
"ဘယ်မှာလဲသားထယ်က"
"ဒီမှာဖုနး်ထဲမှာပြောလိုက်ပြီ
သူထွက်လာခဲ့မယ်တဲ့ သွားတော့မယ်မာမီ"
"အေးပြီးရော အာ့ဆိုလဲတာ့တာ"
"ဟုတ်ကဲ့"
အိမ်ထဲကထွက်လာခဲ့သည်
ဖုန်းထဲကနေဟိုကောင်တွေကိုစောလာဖို့ပြောမလို့ထယ်ဟျောင်းတစ်ယောက်ပဲလိုင်းတတ်တာမိူ့သူ့ကိုပဲပြောလိုက်သည်
ထယ်ဟျောင်းနဲ့တွေ့တော့အတူကျောင်းလာခဲ့သည်ကျောင်းထဲဘယ်သူမှတောင်မရောက်သေး
ကိုးနာရီလောက်မှအကုန်လုံးရောက်လာခဲ့ကြသည်
ဆရာမ တော်ကြာလောက်မှရောက်လာမှစာသင်တော့သည်။
ကလင် ကလင် ကလင်
ခေါင်းလောင်းထိုး
ခေါင်းလောင်းထိုးသံကြားတာနဲ့ဂျီမင်းကစာအုပ်ကိုလွယ်အိတ်ထဲထည့်ကာ
အခန်းပြင်သို့ထွက်လာသည်ထယ်တို့လည်း
လိုက်လာ
ထုံးစံအတိုင်းဂျောင်ဂုကိုသွားခေါ်
"ဂျောင်ဂု"
"ကိုကို"
"မျက်မှန်ကိုဘာလို့နှာခေါင်းပေါ်လေူပဲတင်ထားတာလဲ အပြည့်ဝတ်လေ"
ဆိုကာဝတ်ပေးလိုက်သည်
"ကိုကို မမြင်ရလို့"
"ဟင် ဘယ်လိုမမြင်ရတာလဲ"
"ဝါးနေလို့ အဲ့လိုဆိုမမြင်တတ်ဘူး"
"ဟမ် ဘယ်လိုမမြင်တတ်ဝာာလဲ"
"မကြည့်တတ်တာ"
"ဘာလို့မကြည့်တတ်တာလဲ"
"ဟာ မင်းကတစ်မျိုး တော်တော်ရှည်တယ်
သွားမှာဖြင့်သွားကြမယ်"
"အင်းပါ ငါကစတာပါ"
မု့န်ဝယ်ပြီးအတူစားပြီးဆော့ကြပြီး
ကိုယ့်အခန်းထဲပြန်လာခဲ့ကြသည်
ဒီလိုနဲ့ဂျောင်ဂုနဲ့ခင်တာတစ်လရှိခဲ့သည်
သူ့အကြောင်းလည်းကိုယ်သိကိုယ့်အကြောင်းလည်းကိုယ်သိလာသည်ပုံမှန်ထက်လည်းပိုပြီးပိုပြီးရင်းနှီးလာခဲ့သည်
ထယ်တို့ဆိုဘတ်ထယ်မင်တို့နဲ့ပဲအတော်ခင်လာသည်။
တစ်နေ့ကျတော့
ပုံမှန်ပဲကျောင်းလာကြတယ်ကျောင်းရောက်ရင်စာသင်နေ့လည်ရောက်ရင်အတူတူဆော့ကြမုန့်တွေစားကြပြီးရင်ကျောင်းပြန်တက်
ပြန်ရင်လည်းအတူတူကျောင်းထံကထွက်လာကြသည်
"ဂျောင်ဂုတာ့တာ"
ထယ်တို့ဆိုဘတ်တို့ရောကနှုတ်ဆက်လိုက်ပြီးပြန်ခဲ့ကြသည်
"သား မင်းမေမေကိုပြောလိုက်အုံး ဖေဖေအလုပ်ရှိလို့လို့နည်းနည်းနောက်ကျမယ်လို့
ပြောလိုက်နော်"
"ဟုတ်ကဲ့"
အိမ်အရောက်ပို့ပေးပြီးအိမ်ရှေ့ရောက်တော့
ကားပေါ်ကတောင်မဆင်းပဲ ဖေဖေကပြောသည်
ဖေဖေထွက်သွားတော့အိမ်ထဲသို့ဝင်လာသည်
ထိုင်နေတဲ့မေမေအနားသွားပြီးး
"ပြန်လာပြီလား အမေ့သားလေး"
"ဟုတ် မေမေ့ ဖေဖေကဒီနေ့နောက်ကျမ်ယတဲ့"
"ဟုလား"
"ဟုတယ်စောနကပြောသွားတယ် အလုပ်ရှိလို့တဲ့"
"အော် အေးပါသားရယ် မင်းအဖေကားအငှားရှိလို့ထင်တယ် ကဲသွား အကျီသွားလဲတော့"
"ဟုတ်"
အကျီလဲရန်အခန်းထဲသို့ဝင်လာသည်
--------------------
တစ်ဖက်ကဂျီမင်းကတော့
"ထယ်ဟျောင်း မင်းငါ့စီကိုလာအုံး"
"မင်းကဘယ်မှာလဲ ငါလည်းဒီမှာပြစ်နေရတယ်ဟ"
"ငါညာeztဘက်မှာ ဟျောင့်ငါသေတော့မယ်
မြန်လာ"
"အေးပါ လာပြီ အားတင်းထား'
ထယ်ဟျောင်းတစ်ယောက်ဂျီမင်းတို့အိမ်မှစာသွားလုပ်မယ်ဆိုကာအိမ်ကထွက်လာသည်
အိမ်ထဲရောက်တော့လည်းစာလုပ်မယ်ပြောပြီးဂျီမင်းစီလာခဲ့ခြင်းဖြစ်သည်
တကယ်တမ်းနှစ်ယောက်သားဂိမ်းထိုင်တော့နေကြသည်
"သားတို့ မာမီဝင်လာမယ်နော်"
ဆိုကာမာမီကတံခါးဖွင့်ဝင်လာသည်
ထယ်ဟျောင်းနဲ့ဂျီမင်းကဖုနး်ကိုအမြန်ပိတ်လိုက်ပြီးစာအုပ်အမြန်ပြေးကိုင်ရတော့သ်ည
"ဒီမှာသားတို့စာလုပ်ရင်ပျင်းနေမှာစိုးလို့မုန့်ယူလာပေးတယ် အအေးရောပဲ
သောက်လိုက်ကြ"
"သောက်မယ်လေမာမီရဲ့ အခုစာလုပ်နေတော့ နောက်သောက်မယ် မာမီသွားတော့လေ*
"အာ့ဆိုလည်း လုပ်ကြ မာမီသွားမယ်"
"ဟုတ်ကဲ့"
မာမီပြန်ထွက်သွားတော့ဂျီမင်းကအခန်းတံခါးလော့ခ်ချကာဂိမ်းပြန်ဆော့နေတော့သည်
-------------
ညစာစားဖို့စောင့်နေတာရှစ်နာရီရှိနေပြီဖေဖေကပြန်မလာသေးဘူး
"မေမေ ဖေဖေကတော်တော်နောက်ကျနေပြီ"
"ဟုပါရဲ့ မင်းအဖေကလည်းဒီချိန်ကြီးထိ
ဘယ်ကားအငှားကရှိသေးပါလိမ့်"
"..........."
ဂျောင်ဂုကသက်ပြင်းချလိုက်သ်ည
"သားဗိုက်ဆာရင်စားနှင့်လိုက်တော့ဖေဖေကိုစောင့်နေနဲ့တော့"
"ဟင့်အင်း မေမေတို့နဲ့ပဲအတူတူစားမယ်"
"သားဗိုက်ဆာနေပါအုံးမယ်"
"ရပါတယ်မေမေရဲ့ သားမဆာပါဘူး"
"အင်းပါကွယ်"
ဒါနဲ့ဖေဖေ့ကိုဆက်စောင့်သည်
စောင့်နေတုနး်
တီ တီ တီ(ဖုန်းသံ)
မေမေကထကိုင်လိုက်သည်
ဖုန်းကိုကြည့်လိုက်တော့ဖေဖေဖုန်းပင်
မေမေကသက်ပြင်းချလိုက်ပြီး
"ရှင်ပြန်မလာသေးဘူးလား ဘယ်ချိန်ရှိပြီတုန်းသားနဲ့ကျမကရှင့်ကိုစောင့်နေတာဒီမှာ"
ဟိုဘကါကတောင်ဘာမှမတုံ့ပြန်ရသေး
မေမေကထပြောသည်
"ဟယ်လို ဒါ....အိမ်ကလားမသိဘူး"
တစ်ခြားတစ်ယောက်ရဲ့အသံထွက်လာတော့ကြော်င့မေမေကဖုနး်က်ုပြန်ကြည့်လိုက်သည်ဟုပါတယါသူ့ယောက်ကျားဖုနး်နံပါတ်ပါပဲ
"ဟုတယ်ပါတယ်"
"ကျနော်ကရဲအရာရှိဝန်ထမ်းတစ်ယောက်ပါ
အခုဖုန်းပိုင်ရှင်က ကားမတော်တဆဖြစ်ပြီး
ဆေးရုံရောက်နေပါတယ် အရေးပေါ်မို့ အမြန်ဆုံးလာစေချင်ပါတယ်"
"ရှင်!!????"
မေမေမှရုတ်တရပ်ထွက်လာသောအသံကြောင့်ဂျောင်ဂုမှလန့်ကာမေမေအနားသွားပြီး
"မေမေ မေမေဘာဖြစ်တာလဲ!"
ပါးစပ်အဟောင်းသားဖြစ်နေသောမေမေကဘာမှလည်းမပြောပါ
"ဟယ်လို...ဆေးရုံကိုအမြန်ဆုံးလာခဲ့ပေးပါနော်စိတါအေးအေးထားပြီးလာခဲ့ပေးပါ"
"ဟုကဲ့ပါရှင့်"
မေမေကဖုန်းကိုချလိုက်သည်
မျက်ရည်များပင်ဝဲတက်လာပြီးသားဖြစ်သူအားသေချာကြည့်ကာ
"သား မင်းအဖေ...မင်းအဖေကားမှောက်လို့ခုဆေးရုံတင်ထားရတယ်ဝာဲ့"
"ဗျာ!!!"
ထိုအခါမှာဂျောင်ဂုကလည်းငိုပါလေရော
"ဟင့် မေမေဟုတ်လို့လား
ဖေဖေဟုလို့လား ဘာတွေလျှောက်ပြောနေတာလဲမေမေရဲ့...."
"သားးးမေမေတို့အမြန်လိုက်သွားရအောင်လာသား..ဟင့်"
သားကိုလက်တွဲလိုက်ပြီး
အိမ်ထဲကနေပြေးထွက်လာသည်
ကားငှားလာပြီးထိုဆေးရုံကိုရောက်ခဲ့သည်
သားဖြစ်သူရဲ့လက်လေးကိုသေချာဖမ်းဆုပ်ထားကာဆေးရုံထဲသို့ပြေးဝင်ခဲ့သည်
"အဟင့်...ဟင့်"
သားအမိနှစ်ယောက်လုံးကမျက်ရည်လေးများပင်ကျလျက် ထိုအရေးပေါ်အခန်းသိုါရောက်ရှိခဲ့သည်
"ဒေါက်တာ ဒေါက်တာကျမယောက်ကျားး...😭ဟင့်ကျမယျောက်ကျားအခြေအနေဘယ်လိုရှိလဲမသိဘူး😭...ဒေါက်တာ.."
"စိတ်အေးအေးထားပါ အရေးပေါ်ခန်းထဲထည့်ထားတယ် ပြန်ထွက်လာတော့မှအဖြေကိုသိရမှာပါ"
"ဟင့်..ကျမယောက်ကျားဘာမှတော့မဖြစ်ဘူးမလားဟင် ဒေါက်တာ.....မဖြစ်ဘူးမလားးးးး😭"
ဒေါက်တာလက်အားကိုင်ကာပြောသည်
"အာမမခံနိုင်ပါဘူး ထွက်လာမီအဖြေသိရမှာပါကျနော်ကဒီအခန်းကဒေါက်တာမဟုတ်ပါဘူးသွားခွင့်ပြုပါအုံး"
ဆိုကာဒေါက်တောက်ထွက်သွားသည်
"ဒေါက်တာ😭......ဟင့် ဒေါက်တာနေပါအုံးး....😭"
ဂျောင်ဂုကိုတစ်ချက်ကြည့်လိုက်တော့ငိုယိုနေသည်
"သား မငိုနဲ့ ဘာမှမဖြစ်ဘူး ဟင့် မေမေရှိတယ်နော်...ဟင့် မင်းအဖေဘာမှမဖြစ်ဘူး...သား....မေမေ့သားလေးဘာမှမဖြစ်ဘူးးးမငိုနဲ့....ဟင့်"
သားဖြစ်သူလေးအားရင်ခွင်ထဲထည့်ဖက်ထားကာဆိုသည်
"အဟင့်.....မေမေ😭..ဖေဖေတကယ်ဘာမှမဖြစ်ပါဘူးနော်....😭"
"😭...မဖြစ်ဘူးသား မဖြစ်ဘူး....မင်းအဖေကသန်မာတယ်...ဘာမှမဖြစ်ဘူးးး"
ထိုအချိန်
အရေးပေါ်ခန်းကဆရာဝန်တစ်ယောက်ထွက်လာသည်။
မေမေကအသည်းအသန်ပဲ
"ဆရာ ကျမလူနာ...လူနာအခြေအနေဘယ်လိုရှိလဲဟင် ဆရာ..."
မေမေ့ပုံစံကပြာယာခတ်နေသည်
ထိုဆရာဝန်က
ထို့သို့ဆိုသည်
"အတတ်နိုင်ဆုံးကုသပေးခဲ့တယ် အတတ်နိုင်ဆုံးကယ်ပေးခဲ့ပေမဲ့ စိတ်မကောင်းပါဘူး
လူနာအသက်မရှိတော့ဘူး"
"ရှင်!!!!!"
"စိတ်အေးအေးထားပါ"
"ဆရာ ဆရာဟုတ်လို့လား ဆရာရယ် ဟင့်သေချာကြည့်ပေးပါအူံး ဆရာရယ်..ဟင့် ...သူမသေန်ုငလောက်ပါဘူးဆရာရယ်...ဟင့်...ဆရာ"
"မသေချာပဲမပြောပါဘူး သွားခွင့်ပြုပါအုံး"
"ဆရာ.....နေပါအူံး...ဟင့်😭.....ဆရာ.......
ဆရာ...တောင်းပန်ပါတယ်....ဟင့်😭"
ခဏနေတော့လူနာလှည်းနဲ့
တစ်ကိုယ်လုံးကိုအဝတ်စအုပ်ထားပြီး
သူနာပြုဆရာမလေးတစ်ယောက်ထိုလှည်းကိုတွန်းပြီးထွက်လာခဲ့သည်
မေမေကတွေ့တော့
"ဟင့်😭.....မဟုတ်ဘူး....ဟင့်.....မဟုတ်ဘူး၊....ဒါကိုလုံးဝမဟုတ်ရဘူး...ဟင့်😭"
ဆိုကာအနားသို့သွားပြီး
အဝတ်စကိုဖယ်မယ်လုပ်စဉ်
"ဟူးးး...ကိုလုံးဝမဟုတ်ရဘူးးးဟင့်"
ဆိုကာအဝတ်စကိုလှန်လိုက်တဲ့အချိန်မှာတော့
"အဟင့်.....😭😭မဖြစ်နိုင်ဘူး.....ဘာလို့ကိုလည်း......ကျမတို့သားမိနှစ်ယောက်ကိုထားခဲ့ပြီပေါ့....😭ဟုလား.....ဟင့်....ရှင်လုံးဝမကောင်းဘူးး....ကိုပြန်လာခဲ့ပါ...ဟင့်...ကိုရေ....အီးးးဟီးး😭😭"
"ဖေဖေ....😭😭အီးးးဟီးးး.....ဖေဖေ😭"
မေမေကယောက်ကျားဖြစ်သူလက်ကလေးအားကိုင်ကာငိုယိုနေသလို သားဖြစ်သူကတော့ဖေအေအားလှုပ်နှိုးလို့နေသည်
"....ဟင့်....ရှင်မထွက်သွားပါနဲ့အုံး...ကျမတောင်းပန်ပါတယ်😭....ပြန်လာပေးပါ..😭
သားလေးကလည်းအရမ်းငိုနေပြီ....ဟင့်😭
ရှင်ရက်စက်တယ်....😭...ပြန်လာခဲ့ပါကိုရယ် .."
"ကျမတို့ကိုစွားခွင့်ပြုပါအုံး"
ထိုလှည်းကိုကိုင်ထားသောသူနာပြုမလေးက
ပြောသည်
"နေပါအူရှင်...နေပါအုံး...ကျမယျောက်ကျားကိုဘယ်ခေါ်သွားမလို့လဲ😭 အဟင့်....မသွားပါနဲ့အုံးးးး....တောင်းပန်ပါတယ်😭🙏....ဟင့် မသွားကြပါနဲ့အုံးးး....အဟင့်ကို...ကျမတို့ထားခဲ့တော့မှာလား...ဟင့်ကိုရေ...😭"
မေမေတားပေမဲ့လှည့်ထွက်သွားတဲ့တွ့န်းလှဲနောက်ကိုမေမေကလိုက်ရင်းးးးလဲကျသွားသည်
"မေမေ! မေမေဘာဖြစ်တာလဲ!!
မေမေ! မေမေလို့!!! မေမေဟင့်!!မေမေဘာဖြစ်တာလဲလို့...မေမေသားခေါ်နေတာလေ....မေမေ..မေမေကိုကြည့်ပါအုံးးး...လုပ်ပါအုံးမေမေ့ကို ဟင့်"
ရုတ်တရပ်လဲကျသွားတဲ့မေမေကိုယ်လေးမကာဆိုလိုက်သည်
ဆရာဝန်တွေကချက်ချင်းရောက်လာပြီးစစ်ဆေးလိုက်တော့
"စိတ်မကောင်းပါဘူးကလေးရယ် မင်းအမေဆုံးပြီ"🥺
"ဗျာ!!!မဖြစ်နိုင်တာ မေမေကဘာဖြစ်လို့ဆုံးရမှာလဲ မဖြစ်နိုင်ဘူးသေချာကြည့်ပါအုံးး......မေမေမသေပါဘူးး...သေချာကြည့်ပါအူံးးမေမေဘာကိစသေရမှာလဲ"
"ကောင်လေး မင်းအမေမှာနှလုံးရောဂါရှိနေတယ်မင်းအဖေသေတဲ့စိတ်ကြောင့်ပဲ"
ဆရာဝန်စစ်ဆေးလိုက်တဲ့အခန်းမှာနှလုံးရောဂါရှိတယ်ဆိုတာတန်းသိလိုက်ရသည်
"မေမေ...ဟင့်...သားကိုဘာလို့မပြောခဲ့တာလဲ....ဟင့်...အီးးဟီးးးမေမေကပါထားခဲ့ပြီပေါ့....ဟင့်....ဖေဖေရောမေမေရောသားကိုထားခဲ့ကြတယ်ပေါ့....ဟင့်....မေမေ..အဟင့်....သားတစ်ယောက်တည်းဘယ်လိုနေရမှာလဲ...မေမေရယ်..အဟင့်...သားတစ်ယောက်တည်းဘယ်လိုရှေ့ဆက်ရမှာလဲ...သားကိုစိတ်ချသွားပြီလားဖေဖေနဲ့မေမေရယ်...သားးးးဟင့်...သဘယ်သူနဲ့နေရတော့မှာလည်း...အီးးဟီးးး😭...သားကိုပါအတူခေါ်သွားပေူပါ...မေမေပြန်လာပြီး....ဟင့်...သားကိုပါခေါ်သွားပေးပါ...မေမေအဟင့်...သားပြောတာကြားရဲ့လားး..မေမေ😭😭"
"မေမေတို့မရှိပဲ...သားဘဝကြီးမပြည့်စုံဘူးး...ဟင့် မထားခဲ့ပါနဲ့မေမေရယ်...သားကြောက်ဝာယ်...အီးးဟီးးး😭အဟင့်...မေမေ"
တစ်ပြိုင်နက်တည်းသနားစရာထိုကောင်လေးသည်အဖေဖြစ်သူရောအမေဖြစ်သူပါဆုံးရှုံးခဲ့ရပါတော့သည်
ထိုညတစ်ညလုံးမအိပ်ပဲထိုင်ငိုနေသည်
အဖေရောအမေရောကကိုယ့်မျက်စိရှေ့မှာ
ဆုံးသွားရတဲ့ခံစားချက်ကြီးကဆယ့်ငါးနှစ်အရွယ်သာရှိသေးသည်ကောင်လေးကိုအလွန်ပင်ခံစားရစေပါသည်
ပြေးကြည့်ဒီမိသားစုလေးသုံးယောက်ပဲရှိတာ
အရာရာအပြစ်ကင်းတဲ့မိသားစုလေး
သူများတွေလိုမပြည့်စုံပေမဲ့ရိုးရိုးသားသားလုပ်ကိုင်စားတဲ့မိသားစုလေး
ကျမှဘာလို့ခုလိုအဖြစ်ဆိုးကြီးနဲ့ကြုံ့တွေ့ခဲ့ရတာလဲဘာလို့လဲခုတော့ပျက်စီသွားပြီး
သားလေးကိုစိတ်ချပြီပေါ့ တကယ်ပဲဒီသားလေးကိုတစ်ယောက်တည်းထားခဲ့တော့မှာလား
"အဟင့်...အီးးဟီးးးသားကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့..ဖေဖေနဲ့မေမေရယ်"
ဂျောင်ဂုတို့အိမ်တွင်လူတွေလည်းစုဝရောက်နေကြသည်လူကြီးတွေကသဂြိုလ်ဖို့အတွက်စီစဉ်နေကြပေမဲ့
လောကကြီးကိုတစါယောက်ထဲရင်ဆိုင်ရတော့မဲ့ကောင်လေးကတော့
ငိုယိုလိူ့သာနေတော့သည်
မနက်ကျတော့ကျောင်းလည်းမသွားခဲ့ပါ
နာရေးအတွက်အလုပ်တွေရှုပ်နေခဲ့ကြသည်
နှစ်ရက်လောက်ကျောင်းပျက်ခဲ့သည်
ဖေဖေနဲ့မေမေဆုံးတာအမျိုးဆိုတာတစ်ယောက်မှမလာအဖတ်တောင်မလုပ်ခဲ့ပါ
အိမ်နီးနားချင်းေလးတွေနဲ့နာရေးကူညီမှုအသင်းကကူညီပေးသည်
ဂျောင်ဂုအာ့တွေလည်းဂရုမစိုက်နိုင်တော့ပါ
ဖေဖေနဲ့မေမေရဲ့ရုပ်အလောင်းကိုကြည့်ကာ
ငိုယိုနေခဲ့သည်။
ဘယ်သူဘာပြောပြောမရထမင်းလဲကျွေးမရခဲ့ဘာမှမလုပ်ပဲဖေဖေနဲ့မေမေရှိတဲ့ထိုအနားလေးမှာသာတစ်နေကုန်ထိုင်နေသည်
ထိုအချိန်သူ့အနားတွင်ဘယ်သူမှရှိမနေပါ
အိမ်နီးနားချင်းတွေကတော့နှစ်သိမ့်ပေးရှာပါတယ်သို့ပေမဲ့လည်းတမှိုင်မှိုင်တထွေထွေနဲ့သာဖြစ်နေသည်။
------------------
ဒီနေ့ကျောင်းလာတော့ဂျောင်ဂုကိုမတွေ့ဘူး
နေ့လည်မုန့်စားကျောင်းဆင်းတော့သွားခေါ်တယ်မလာဘူး
တော်ရုံမပျက်ဘူးတဲ့ကောင်လေးကဘာလို့ခုကျမှမလာရတာလဲဂျီမင်းတွေးမိသည်
မနက်ဖြန်တော့လာမှာပါဆိုကာစိတ်ဖြေလိုက်သည်။
တွေးတော့တွေးမိသည်
ဘာလို့မလာတာလဲဟု
နောက်တစ်နေ့ကျတော့လည်း
မလာပြန်ဘူးဝာဲ့သူ့ဘေးနားမှာထိုင်တဲ့ကောင်လေးကပြောတယ်
"ဂျောင်ဂုကဘာလို့မလာတာလဲ"
"မင်းကလည်းအကြောင်းရှိလို့နေမှာပေါ့"ဆိုဘတ်
"နေမကောင်းလို့များလား"ထယ်ဟျောင်း
"အေးလေ"ထယ်မင်
"နှစ်ရက်တောင်ရှိပြီမလာတာ"
"ဟုတယ်"ဆိုဘတ်
"ဂျောင်ဂုအိမ်လိုက်သွားကြမလား"
"မင်းအားရှိလိုက်သွားဖို့ပဲမနက်ဖြန်လာရင်လာမှာပေါ့"ထယ်မင်
"အေးလေ မနက်ဖြန်လာမှာပါ"
"ပြီးရောအာ့ဆိုလည်းမလိုက်တော့ဘူး"
"မလိုက်တော့ရင်လည်းထား ကျောက်းတက်တော့မယ်ခန်းထဲမှာပဲနေရအောင်"
"အင်း"
အခန်းထဲပြန်ဝင်လာကြသည်။
------------------------
ကိုကိုတို့သတိထားလောက်မှာပါတော့တွေးမိပါသည်ဘာပဲဖြစ်ဖြစ်ကျောင်းသွားလို့မရတဲ့အခါကျတော့လည်းပျက်ရမှာပဲလေ
ဖေဖေနဲ့မေမေမရှိတော့ရှေ့လျှောက်ဘယ်လိုနေရမလဲင်ဘာလုပ်ရမှာလဲအမျိုးတွေကလည်းအဖတ်တောင်မလုပ်ကြဘူးရက်စက်ကြတယ်အကုန်ဘာလို့အစောကြီးထွက်သွားရတာလဲသားကိုပါတစ်ခါတည်းခေါ်သွားပါလားဖေဖေနဲ့မေမေရယ်သားအခုတစ်ရက်ကလေးပဲရှိသေးတယ်ဘယ်လိုမှနေလို့မရဘူး
သားကိုစိတ်ချသွားပြီလားဖေဖေနဲ့မေမေကိုတောင်သားမလုပ်ကျွေးရသေးဘူးလားသားကိုတစ်ယောက်တည်းထားခဲ့တယ်
သားအခုဘာဆက်လုပ်ရမှာလဲကျောင်းကလည်းအရှည်ကြီးပျက်လို့မရဘူးမနက်ဖြန်တော့ကျောင်းပြန်တက်မှရတော့မယ်မဟုတ်လားဟူးးးစိတ်ညစ်ယ်ဗျာလွမ်းတယ်ဖေဖေနဲ့မေမေကို.........
တစ်ယောက်တည်းအတွေးပေါင်းစုံတွေးနေချိန်အိမ်ရှေ့မှခေါ်သံတစ်ခုကြားလိုက်သည်
"အိမ်ရှင်တို့ အိမ်ရှင်တို့ဘယ်ရောက်သွားလဲ"
အသံကြားလို့အရှေ့ကိုထွက်လာတော့
"ဟို ဘာကိစရှိလို့လဲမသိဘူး"
"မင်းက....တို့ရဲ့သားလား"
"ဟုတ်ပါတယ်"
"မင်းမိဘတွေမရှိတော့ဘူးဆိုတော့မင်းစီကပဲတောင်းရတော့မှာပေါ့"
"ဘာ ဘာကိုလဲဗျ"
"အိမ်လခ ဒိအိမ်လခမနက်ဖြန်ဆိုလကုန်ပြီး
နောက်လကအိမ်လခလည်းငါ့ကိုမပေးရသေးဘူးဒီလနဲ့မှပေါင်းပေးမယ်ဆိုလိုါကါစောင့်ပေးခဲ့တာဒီလတော့ငါလိုချင်တယ်ကောင်လေး"
"ဒီအိမ်ကငှားထားတာလား"
"ဟုတယ်လေ မင်းမသိဘူးလား"
"မေမေပြောတော့ဝယ်ထားတာတဲ့"
"အောင်မယ် ဘယ်ကဝယ်ထားကမှာလဲ
ငှားထားဝာာငှားထားတာ မနက်ဖြန်ပိုက်ဆံလိုချင်တယ်"
ဂျောင်ဂုစိတ်အောတ်ပင်ညစ်သွားခဲ့သည်
"အခုကျနော့်မိဘတွေမှမရှိတော့တာ"
"မရှိတော့ဘူးလေသိတယ် သူတို့သားမင်းတစ်ယောက်လူံးရှိတယ်လေ မင်းပေး"
"ကျနော်ပေးရမယ်?
ကျနော်ကဘယ်ကပိုက်ဆံနဲ့ပေးရမှာလဲ
ကျနော်မှာမှပိုက်ဆံမရှိတာ"
"ဘာ!!
မရှိလို့မရဘူးလေ!
ဒါဆိုငါပိုက်ဆံတွေဘယ်သူပေးမှာလဲ
ဒီမှာမနက်ဖြန်မှမပေးနိုင်ဘူးဆိုရင်ဒီဟာပေါ်ကဆင်းပေး!
မဆင်းရင်တရားဉပဒေနဲ့ဖြေရှင်းရလိမ့်မယ်!"
"အဒေါ်ကျနော်ကဒီအိမ်ပေါ်ကဆင်းတော့ဘယ်မှာသွားနေရမှာလဲအဒေါ်ရဲ့"
"အဲ့ဒါမင်းကိစမနက်ဖြန်မပေးနိုင်ရင်ဆင်း
ဒါပဲ"
ဆိုကာဒေါ်အာကျယ်တစ်ယောက်ထွက်သွားသည်။
ဂျောင်ဂုကိုငိုချက်စိတ်တွေပင်ပေါက်ကာ
မျက်ရည်လေးများပင်အနည်းငယ်ဝဲတက်လာသည်
ထိုနေရာမှာပဲထိုင်ချလိုက်သည်
"သားအဖြစ်ကိုကြည့်ပါအုံး
ဖေဖေနဲ့မေမေရယ်....ဟင့်.......သားဘယ်မှာသွားနေရတော့မှာလဲ........သားးးစီပြန်လာခဲ့ပေးပါမေမေ....သားအနားမှာရှိလားဟင်........ဖေဖေရောရှိနေလား....သားပြောတာကြားရလားး....ဟင့်....မေမေ.."
ထပ်ကာငိုမိနေပြန်သည်
ဒီလိုနဲ့မနက်ဖြန်ကျရင်တော့ထပ်မံကာ
ဖြတ်ကျော်ရအုံးမည်
ထိုညတွင်အိပ်တောင်မပျော်နိုင်ခဲ့ပါ
မနက်ဖြန်အတွက်ဘယ်လိုလုပ်ရင်ကောင်းမလဲသာစဉ်းစားနေရတော့သည်
ဆယ့်ငါးနှစ်ပဲရှိသေးတယ်ဒီကောင်လေးဘယ်လောက်တောင်ခံစားရလိုက်မလဲ
-----------------------
မနက်ကျတော့ကျောင်းကိုစိတ်လည်းမပါ
မပါလည်းမဖြစ်မနေသွားရသည်
မျက်နှာကငြိုးနေပြီတစ်ချက်တောင်မပြုံးနိုင်ပါ လမ်းသွားနေရင်းလွယ်အိတ်လေးက်ုထုတ်ကာဂျီမင်းဝယ်ပေးထားတဲ့မျက်မှန်လေးကိုကောက်တပ်လိုက်သည်
ဘယ်သူမှမမြင်လေကောင်းလေဆိုပြီးထုတ်ကာဝတ်လိုက်သည်
ဂျောင်ဂုဒီနေ့တော့ကျောင်းလာမှာပါဆိုပြီး
ဂျီမင်းတွေးထားသည်
နေ့လည်ကျတော့ထယ်ဟျောင်းတို့တော့မပါ
မလိုက်အားတော့ဘူးဆိုလို့တစ်ယောက်တည်းသွားခေါ်ခဲ့သည်ဒီနေ့လည်းမတွေ့ပြန်ဘူးဒါဆိုရင်တော့ငါအိမ်လိုက်သွားတော့မယ်ဆိုကာစိတ်ထဲ၌ဆိုပြီးဂျောင်ဂုတို့အဆောင်ကနေထွက်လာခဲ့သည်
လမ်းလျှောက်နေရင်းထိုင်နေကျနေရာလေးမှာခေါင်းလေးငုံ့ပြီးထိုင်နေသောသူကြောင့်
"ဂျောင်ဂု!
ဂျောင်ဂုမလား"
အနားသို့သွားကာပခုံးအားပုတ်လိုက်သည်
"ဂျောင်ဂု ကျောင်းလာတာပဲ
ဘာလို့အခန်းထဲမှာစောင့်မနေတာလဲ
နောက်ပြီးဘာလို့ကျောင်းမတက်တာလဲ"
ဘာမှပြန်မဖြေပါဂျီမင်းကိုတောင်မော့မကြည့်ပဲခေါင်းကြီးပဲငုံ့နေသည်
ဂျီမင်းကမျက်နှာလေးပျက်သွားပြီး
ဂျောင်ဂုကိုစိတ်ပူမိသွားသည်
"ဂျောင်ဂု?"
ရုတ်တရပ်ကခုံးလေးကိုင်လိုက်သည်
"ငိုနေတယ်??"
ခေါင်းလေးငုံ့ပြီးငိုနေတာမပြောပေမဲ့
ပခုံးလေးတွေကအနည်းငယ်လှုပ်နေသည်
"ငိုနေတယ်??"ဆိုပြီးဂျီမင်းပြောလိုက်တော့ရှိုက်သံလေးတွေပါထွက်လာခဲ့သည်
"ဟင့်....ဟင့်."
ဂျီမင်းကအတော်စိုးရိမ်သွားပြီ
"ဂျောင်ဂု ဘာဖြစ်တာလဲ?
မင်းကိုဘယ်သူဘာလုပ်တာလဲ
ငါ့ကိုပြောဂျောင်ဂု!!
ဘယ်သူငိုအောင်လုပ်တာလဲ"
"ဟင့်..."
"ဂျောင်ဂု ငါမေးနေတယ်လေ
ဘယ်သူဘာလုပ်လိုက်ဝာာလဲလို့!?"
ဂျီမင်းမှာအနည်းငယ်အော်သံလေးပါသွားသည်
ဂျောင်ဂုကခေါင်းလေးထောင်လာပြီး
ဂျီမင်းအားကြည့်သည်။
"ပြော ကိုကို့ ကိုပြော
ဘယ်သူလုပ်တာလဲ!!"
"ကိုကို🥺....ဟင့်.....ဖေဖေနဲ့မေမေ.....ဟင့်....ဆုံးပြီကိုကိုရဲ့...."
"ဘယ်လို???
ဂျောင်ဂု....တကယ်ကြီးလား"
"ဟင့်..(ခေါင်းညိတ့်)"
ဂျီမင်းဒါကြောင့်ကျောင်းမတက်တာလား
ဒါကြောင့်ငိုနေတာလား
ဘယ်လိုဖြစ်တာလဲနဂိုကတည်းကမပြည့်စုံတဲ့ကလေးလေမိဘပါမရှိတော့ဘူးတဲ့လားး
ဂျီမင်းစိတ်မကောင်းဖြစ်မိသည်
ဂျောင်ဂုငိုနေတာမြင်တော့
ဂျောင်ဂုကိုပွေ့ဖက်လိုက်ပြီး
"ဂျောင်ဂုရယ်....ထပ်တူဝမ်းနည်းပါတယ်
တကယ်မထင်ထားဘူး"
"ဟင့်"
"ဘယ်လိုဖြစ်ရတာလဲ?"
ဂျောင်ဂုကပြောပြသည်
"ဖြစ်မှာဖြစ်ရလေကွာ"
"ဟင့်...ကျနော်ဘာဆက်လုပ်ရတော့မယ်လည်းကိုကိုရယ်မေမေနဲ့ဖေဖေကိုမှီခိုပြီးနေနေရတာလေ မရှိတော့ဘူး ကျနော်ဘယ်လိုရှေ့ဆက်ရမှာလဲ ကိုကို..ဟင့်"
ဂျီမင်းဂျောင်ဂုကိုရင်ခွင်ထဲထည့်နှစ်သိမ့်ပေးပြီးဂျောင်ဂုရင်ဖွင့်သမျှနားထောင်ပေးနေသည်ကြားရတာတွေလည်းတစ်ခုမှစိတ်မကောင်းပါ
"ဂျောင်ဂု တိတ်တော့ ဘာမှမဖြစ်ဘူး
ကိုကိုရှိတယ်"
"ဟင့်....ခုဆိုကျနော်နေစရာအိမ်တောင်မရှိတော့ဘူးကိုကို"
"ဘာလို့လဲ!!
မင်းအခုနေနေတဲ့အိမ်ကရော?"
"အဲ့ဒါကငှားထားတာတဲ့ဒီနေ့ဆိုလကုန်ပြီ
လခမပေးရသေးဘူးနောက်လကဟာရောဒီလပေါင်းပေးမယ်ဆိုပြီးပြောထားတာတဲ့မနေ့လာတောင်းတယ်မပေးနိုင်ရင်အိမ်ပေါ်ကဆင်းတဲ့"
"ဘာ!!အဲ့လိုပဲပြောတာလား
မင်းကို!!"
"ဟုတယ်"
"တောက်စ်!!ကြီးကြီးကျယ်ကျယ်နဲ့ကွာ"
ဂျီမင်းအလွန်ပင်ဒေါသထွက်ကာအဲ့လိုမျိုးပုံစံတွေဆြိသူကြည့်မရပါ
"ဂျောင်ဂု အဲ့ပိုက်ဆံတွေအကုန်ကိုကိုရှင်းပေးမယ် နောက်ပြီးအဲ့အိမ်မှာလည်းမနေနဲ့တော့
ကိုကိုနဲ့လိုက်ခဲ့ ကိုကိုတို့နဲ့နေမယ်
ကိုကိုမင်းကိုခေါ်ထားမယ်"
ဂျောင်ဂုကဂျီမင်းရဲ့ထိုစကားသံကိုကြားတော့
"ကိုကို...မဖြစ်ပါဘူး...."
"ဘာမှမဖြစ်တာလဲ...အဲ့လိုမျိုးအဖြစ်မခံနဲ့ဂျောင်ဂုအဲ့လိုလူတွေကအဲ့လိုလုပ်မှနမို့ဆိုဘဝင်သိပ်မြင့်ကြတာ အခုကျောင်းပြန်တာနဲ့အိမ်မှာပိုက်ဆံပြန်ယူမယ် ပြီးရင်အဲ့ဖွကြီးကိုပိုက်ဆံနဲ့ပေါက်ပြီးသူ့အိမ်ကနေထွက်သွားမယ်မင်းငါနဲ့လိုက်နေငါခေါ်ထားမယ်"
"ကိုကို"
"မကိုနဲ့ ပြောနားထောင်လိုက်နေရမယ်ဆိုနေရမယ်ဒါပဲ"
"..........."
သူစိုက်ကြည့်နေတဲ့ဂျောင်ဂုကြောင့်
ဂျီမင်းကလည်းပြန်ကြည့်ကာပြုံးလိုက်ပြီး
"တိတ် မငိုနဲ့တော့...ကိုကိုနဲ့အတူတူနေမယ်
ပြီးရင် ကျောင်းလာရင်လည်းအတူလာလို့ရတယ်ပြန်ရင်လည်းအတူပြန်လို့ရတယ်မင်းမျက်နှာမငယ်အောင်ငါထားပြမယ်ကြည့်လိုက်"
ဂျောင်ဂုကမျက်ရည်လေးတွေဝဲလာပြန်ပြီ
"မငိုပါနဲ့တော့ဆို"
ထိုအချိန်ခေါင်းလောင်းထိုးပါတော့သည်
"ဟော ခေါင်းလောငါးတောင်ထိုးနေပြီ
သွားတော့သွားတော့အတန်းထဲရောက်ရင်လည်းငိုမနေနဲ့ပြန်ရင်စောင့်နေကြားလား"
"ဟုတ်"
"တာ့တာ့"
ဂျောင်ဂုထွက်သွားတော့
ဂျီမင်းလည်းအခန်းထဲပြန်ဝင်လာသည်
ထယ်ဟျောင်းတို့အကုန်လုံးကိုထိုအကြောင်း
ပြောပြလိုက်သ်ည
အံ့ဩနေကြပြီးဂျောင်ဂုကိုလည်းသနားမိသည်ဂျီမင်းရဲ့ဂျောင်ဂုကိုခေါ်ထားမယ်ဆိုတာကိုလည်းလက်ခံကြသည်။
ကျောင်းပြန်လွှတ်တော့ဂျောင်ဂုကိုထယ်တို့နဲ့ထားခဲ့သည်
အိမ်ကိုပြန်လာပြီး
မာမီ့က်ုအကျိုးသင့်အကြောင်းသင့်ရှင်းပြသည်
"ဟုလား သနားပါတယ်ကွယ်"
"ဟုတယ်မာမီအာ့ကြောင့် သားဂျောင်ဂုကိုခေါ်ထားချင်တယ်"
"လူတစ်ယောက်ကိုဒီလူမျိုးခေါ်ထားဖို့ဆိုတာလွယ်တာမဟုတ်ဘူးသားရဲ့"
"သားသိပါတယါသားတို့မှဒီလိုမလုပ်ဘူးဆိုရင်ဂျောင်ဂုရဲ့ဘဝကိုငယ်ငယ်ရွယ်ရွယ်နဲ့ပျက်စီးသွားလိမ့်မယ်မာမီ မာမီမှာလည်းသားရှိတာပဲကိုယ်ချင်းစာကြည့်ပါ နောက်ပြီးသားလည်းအဖော်ရတယ်လေ"
"မာမီကက်ုယချင်းမစာလို့ပြောနေတာမဟုတ်ပ်ဘူးငါ့သားသဘောပါကောင်းတဲ့အလုပ်ပဲ သားသဘောပဲ"
"မာမီတကယ်ပြောတာနော်"
"အင်းတကယ်"
"ရေးးးဒါမှမာမီဒါဆိုသားပြန်သွားလိုက်အုံးမယ်"
"အေးအေး"
ကျောင်းကိုပြန်လာသည်
ထယ်တို့နဲ့အတူစကားပြောနေသောဂျောင်ဂုခေါ်ကာသူတို့အိမ်ကိုလာခဲ့သည်
ထယ်ဟျောင်းတို့ကတော့ကိစရှိောတ့ပြန်သွားကြသည်
ဟိုကိုရောကါတော့အိမ်ရှေ့မှာထိုင်စောင့်နေတဲ့ဒေါ်အာကျယ်
"အော် လာသေးတယ်နော်
ထွက်မြန်းပြေးသွားသလားလို့"
ဂျောင်ဂုကိုတွေ့တော့ထိုသို့ပင်ပြောလိုက်သည်
"ပေးနိုင်လားငါ့ပိုက်ဆံတွေကို"
ထိုအချိန်ဂျီမင်းကဂျောင်ဂုရှေ့ရောက်လာပြီး
"ဒီမှာ ခင်ဗျားပိုက်ဆံတွေကဘယ်လောပက်လဲ"
"မင်းကဘယ်သူလဲ"
"ပြန်မေးစရာမလိုဘူး"
"ကောင်းပြီလေ....."
"အဲ့လောက်ပဲလား"
"ဟုတယါ"
"ဟက် ရော့ "
ဒေါ်အာကျယ်ရဲ့အရှေ့သို့ချပေးလိုက်သည်
"ခင်ဗျားပိုက်ဆံထက်ပိုတယ်
ဒါမဲ့ပြန်မပေးနဲ့တော့
ယူထားလိုက် ပိုကါဆံမျက်နှာတစ်ကမ်ဘာမလား မွဲသွားမှာဆိုးလို့မုန့်ဖို့အနေနဲ့ပိုပေးလိုက်တာ"
ဂျောင်ဂုလက်ထဲကအိမ်သော့ကိုလိုက်ပြီး
"ဒီမှာခင်ဗျားရဲ့ အိမ်သော့လား ရော့"
"အော်ဒါနဲ့သော့ကနည်းနည်းကြာပြီထင်တယ်အသစ်လေူဘာလေးပြန်လဲလိုက်အုံးနော်ဟိုထဲကပိုတဲ့ပိုက်ဆံနဲ့ပဲလဲလိုက်ပေါ့
လာဂျောင်ဂုသွားမယ်"
ပြောဆိုကာဂျီမင်းဂျောင်ဂုလက်ကိုဆွဲကာထိုအိမ်ကြီးမှအပြီးတိုင်ထွက်လာခဲ့တော့သည်
ဂျောင်ဂုရဲ့အဝတ်အစားတွေဘာတွေအကုန်ပြင်ဆင်ပြီးသားမို့အိတ်ဆွဲကာထွက်လာခဲ့သည်
ပြောခံရတဲ့ဒေါ်အာကျယ်ကတော့
"အမလေး အမလေူ ငါ့ကိုများပြောသွားလိုက်တော့ ဘယ်ကကလေးလဲ
မှတ်ရိုင်းလိုက်ဝာာလွန်ရောအေ"
ဆိုကာဒေါသထွက်နေတော့သည်။
"ကိုကို"
"ပြော"
"ကျနော်အားနာတယ်"
"ဘာကိုလဲ"
"ကိုကိုတို့အိမ်မှာလိုက်နေရမှာနောက်ပြီး
ကြောက်လဲကြောက်တယ်"
"မကြောက်ပါနဲ့မာမီရောဒယ်ဒီရောကသဘောကောင်းတယ်မင်းအကြောင်းလညသိတယ်အကုန်ပြောပြထားတာ
မာမီဆိုမင်းကိုချစ်တောင်ချစ်သေးတယ်"
"မဖြစ်နိုင်ဝာာ ကိုကို့အမေနဲ့ကျနော်နဲ့မြင်လည်းမမြင်ဖူးပဲနဲ့"
"ဟိုနေ့ကတွေ့တယ်လေ မင်းကိုချစ်းရာလေးတောင်ပြောတယ်နဟုတ်ဘူးလား"
"အဲ့ဒါကတော့"
"မအဲ့ဒါနဲ့အိမ်ရောက်တော့မယ် လာ"
လျှောက်ရင်းလျှောက်ရင်းနဲ့အိမ်ရောက်ခဲ့တော့သည်
ကိုကိုတို့အိမ်ရောက်တော့နန်းတော်ကြီးသလားတောင်မှတ်ရတယ်ကျနော်တို့နေတဲ့အိမ်နဲ့များကွာပါ့ကိုကိုကအဲ့လောက်တောင်ချမ်းသာတာကိုဆိုပြီးတွေးနေမိသည်
"ဂျောင်ဂုဘာရပ်ကြည့်နေတာလဲ
အထဲဝင်မယ်"
"ကြောက်တယ်"
"မကြောက်နဲ့လာ"
ဂျောင်ဂုလက်ကိုဆွဲကာအိမ်ထဲသို့ဝင်လာသည်
"မာမီရေ မာမီ သားပျောက်ရောက်ပြီ"
ဟောအိမ်ထဲရောက်ပြန်တော့လည်းပုံပြင်တွေထဲကနန်းေတာ်လိုအကျယ်ကြီးပဲ
"ထိုင်ဂျောင်ဂု"
"ဟုတ်"
ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်
မာမီထွက်လာတော့ဂျီမင်းအနားကိုကပ်သွားကာ
"သားလေးတို့ရောက်လာပြီကို"
"ဟုတ်တယ်မာမီ ဒီမှာဂျောင်ဂုပါလာပြီ"
မာမီကဆိုဖာပေါ်ထိုင်လိုက်ပြီး
"သားအကြောင်းကိုသိပြီးပါပြီ
ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်သားရယ်
အန်တီတို့တကယ်စိတ်မကောင်းဘူး"
"ဟုတ်အန်တီ..."
"အခုအန်တီတို့အိမ်ကိုသားကရောက်လာပြီဆိုတော့ဘာမှအားမနာနဲ့ အန်တီတို့ကိုလည်းအမေတစ်ယောက်လိုဆက်ဆံလို့ရတယ်
သိလားသား ဂျီမင်းကိုလည်းမင်းရဲ့အကိုလိုသဘောထား မင်းဉီးလေးရှိသေးတယ်
သူကအလုပ်သွားတော့ပြန်လာမှပဲသားကိုမိတ်ဆက်ပေးမယ်နော်သား"
ဂျောင်ဂုကဂျီမင်းကိုက်ြာ့လိုက်သည်
ဂျီမင်းကခေါင်းညိတ်ပြတော့ဂျောင်ဂုလည်းမာမီဘက်ပြန်လှည့်ကာ
"ဟုကဲ့အန်တီကျေးဇူးတင်ပါတယ်ဗျ"
အရိုအသေခေါင်းလေးငုံကာဆိုလိုက်သည်
"အမလေး ရပါတယ်သားရယ်
ခုတော့ပင်ပန်းလာကြတယ်နားလိုက်ကြအုံး
သားဂျောင်ဂုလေးကိုခေါ်သွားလေ"
"ဟုကဲ့မာမီလာဂျောင်ဂု"
ဂျောင်ဂုကိုခေါ်ကာအပေါ်ထပ်ကသူ့အခန်းထဲသို့ခေါ်လာသည်
"ဒါကငါ့အခန်းလေ မင်းကိုအခန်းတစ်ခန်းသပ်သပ်ပေးမယ်နေမယ်မလား"
"ဟင် ကိုကိုနဲ့ပဲနေမယ်လေ"
"ငါနဲ့ပဲနေမှာလား"
"အင်း"
"ပြီးရောလေအာ့ဆိုနေပါ"
"ဟုတ်"
"ခုတော့ရေချိုးလိုက်အုံး ရော့
ဟိုမှာရေချိုးခန်း ရေချိုးပြီးခဏနေရင်ညစာသွားစားမယ် ဟုတ်ပြီလား"
"ဟုတ်"
"သွားချိုးတော့ ငါဂိမ်းဆော့လိုက်အုံးမယ်"
ဂျောင်ဂုကရေချိုးခန်းထံသို့ဝင်သွားသညါ
ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးတစ်ယောက်ကံကောင်းတယ်လို့ပဲပြောရမလားပတ်ဂျီမင်းဆိုတဲ့ကောင်လေးကဂျောင်ဂာအတွက်တောါတကယ့်ကိုသူတော်ကောင်းလေးလို့ဆိုရမည်
ဘဝပေးကုသိုလ်ကံကြောင်းမိဘနှစ်ပါးလုံးတစ်ပြိုင်နက်ဆုံးရှုံးလိုက်ရပြီးလမ်းဘေးရောက်တော့မည်အချိန်တွင်ကိုယ်ပြုခဲ့တဲ့ကုသိုလ်ကံကြောင့်
ပတ်ဂျီမင်းဆိုတဲ့ကောင်လေးရောက်လာပြီး ထိုအမျိုးသားလေးရဲ့ဘဝကိုကယ်တင်ပေးလိုက်တော့သည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမလေးစာလုံးငါးထောင်ကျော်
ရေးရင်းနဲ့စိတ်ပါဒီအခန်းတွေကဘာလို့ဘာလို့ပါရတာလဲဆိုတော့ကွာဒီအခန်းတွေပါမှ
သူတို့နှစ်ယောက်ကရှေ့ဆက်ရမှာမို့ပါ
ဒါတွေကိုကျော်သွားရင်ရှေ့ဆက်လို့မရလို့ပါနော် အာ့ကြောင့်ထည့်ရေးလိုက်တာပါ
ဆစ်တို့ကလည်းဂဂကိုမြန်မြန်ကြီးပေးပါတော့ဆိုတော့ကြီးပေးပါမယ်နော်မကြာခင်ကြီးတော့မှာပဲကြားထဲမှာဇာတ်လမ်းလေးတွေပါအုံးမှလား ဒါကအဓိပါယ်ရှိမှာလေမဟုတ်ဘူးလား စိတ်ချပါအမြန်ဆုံးဂဂကိုကြီးပေးပါ့မယ်🥲
ဒီလိုရေးမှကောင်းမှာမို့ဒီလိုလေးရေးလိုက်တာပါရှင့်
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်စင့်🫶🏻💜
💜💛💜💛💜💛💜💛💜💛💜💛💜💛