မုန့်စားချိန်အတန်းဆင်းတော့ထုံးစံအတိုင်း
ဂျောင်ဂုကိုစောင့်ခေါ်သည်
အခန်းထဲထွက်လာတော့ဂျောင်ဂု
"ဂျောင်ဂု မျက်မှန်ရော"
"ဗျာ မတပ်ထူးဘူးလေ"
"ဘာလို့လဲ တပ်ထားလေ တပ်စေချင်လို့ဝယ်ပေးထားတာကို"
"ကိုကိုကျနာ်ကမျက်လုံးကန်းနေတာမှမဟုတ်တာကိုကိုရဲ့"
"အလှတပ်ဖို့ဝယ်ပေးတာလေမဝတ်ပဲနဲ့"
"နောက်နေ့ဝတ်ခဲ့မယ်အာ့ဆို"
"အင်း ပြီးရော"
ပုံမှန်ပဲမုန့်စား ဆော့တယ်ပြီးရင်
အတန်းပြန်တက်တယ်ဒါပါပဲ
"အားလုံးပဲ ဒါကတော့ဂျီမင်းပုံပါ"ဆိုဘတ်
ကျောက်သင်ပုန်းမှာကြက်ပေါက်စပုံလေးကိုဆွဲပြီးဂျီမင်းပုံဆိုပြီးတစ်တန်းလုံးကိုအော်ပြောနေသောဆိုဘတ်
"ဟားးးး"
ကျောင်းသားတွေကအကုန်ရယ်ကြတော့
သည်
ဂျီမင်းကဒါကိုတွေ့တော့
"ဟျောင့် ဆိုဘတ်လာလုပ်တာလဲ
ပြန်ဖျက်အခု"
ဆိုကာဘောဖျက်ယူကာဖြတ်မယ်လုပ်နေတဲ့ဂျီမင်းကိုထယ်နဲ့ထယ်မင်တို့ကဆွဲထားသဘ်
"ရားးမဖျက်ပါနဲ့ဂျီမင်းရယ်
ချစ်စရာလေးကိုဟား"ထယ်
"အေးလေ စိတ်ထိန်းပါသားကြီးရာ
လှတယ်ဟားးး"ထယ်မင်
"ဟျောင့်တွေ ငါ့ကိုလွှတ်စမ်းရားး"
မုန့်စားကျောင်းဆင်းပြီးပြန်တတ်တော့
ဆရာမမလာသေးတာကြောင့်
ကမြင်းကျောထနေကြသည်
စကားများနေတဲ့သူကများ
အတင်းတုပ်တဲ့လူကတုပ်ဂျီမင်းတို့
အဖွဲ့ကိုကြည့်ပြီးရယ်တဲ့လူကရယ်နေကြသည်
ထယ်နဲ့ထယ်မင်လည်းလွှတ်လိုက်ရော
ပတ်ဂျီမင်းတို့အနောက်ကလိုက်လုပ်ပါတော့သည်
တစ်တန်းလူံးကလည်းသူတို့စီအကြည့်တွေရောက်ပြီး ရယ်ပါတော့သည်
ညနေကျောင်းဆင်းတော့ဂျောင်ဂုနဲ့အတူဆင်းကာကိုယ့်အိမ်ကိုယ်စီပြန်ခဲ့ကြသည်
သုံးနာရီကကျောင်းလွှတ်ချိန်မို့
လေးနာရီလောက်ကျတော့သူငယ်ချင်းလေးယောက်အပြင်မှာထွက်မုန့်ထွက်စားကြသည်
"ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားကြနော်
ငါမကျွေးနိုင်ဘူး"ဂျီမင်း
"စေတနာတွေကြီးမားနေလိုက်တာ"ဆိုဘတ်
"အေးလေ အရမ်းကြီးစေတနာမထားနဲ့"ထယ်
"အေးပါ ငါလညါးထိန်းနေတာပဲ"ဂျီမင်း
ဂျီမင်းရွဲ့ကာပြောလိုက်တော့သည်
"သူငယ်ချင်းကောင်းဆိုတာဒါမျိုး"ထယ်မင်
"ဟုတယ်"ဂျီမင်း
စကားများကြရင်းတော့ပိုကီဆိုင်သို့ရောက်ခဲ့ကြသည်
ကြက်ကြော် ပီဇာ တော့ပိုကီ ကွန်းဒေါ့
တစ်ခြားဘာညာအကုန်ရှိသည်
ထိုဆိုင်မှာထိုင်လိုက်ကြပြီး
စားချင်တာမှာစားနေကြချိန်
"ခဏလေး ပြန်လာခဲ့မယ်"ဂျီမင်း
"ဘယ်သွားမို့လဲ"ထယ်
"မှာစရာရှိလို့"ဂျီမင်း
ဆိုကာစားလက်စတန်းလန်းထွက်သွားသည်
ဟိုရောက်တော့
"အကိုရေ ကျနော့်ကိုပီဇာရယ်
ကွန်းဒေါ့ ဒီသုံးမျိုးရယ်ပါဆယ်ထည့်ပေးပါနော်"
"ရမယ်နော်ညီလေး"
"ဟုကဲ့ပါအကို"
ပိုက်ဆံတစ်ခါတည်းရှင်းပြီး
ပြန်ရောက်လာသည်
စားစရာရှိတာဆက်စားပြီးဆိုင်ထဲကပြန်ထွက်လာသည်
"နေအူံး ဒါဂျောင်ဂုကိုသွားပို့မယ် လိုက်ခဲ့ကြ"
"ဂျောင်ဂုကိုသွားပို့မို့"
"ဟုတယ် လာမြန်သွားရအောင်"
ဂျောင်ဂုအိမ်သို့ရောက်လာခဲ့သည်။
ဂျောင်ဂုတို့အိမ်သည်အကြီးကြီးမဟုတ်
သေးပေမဲ့လှလှပပနဲ့သပ်သပ်ရပ်ရပ်တော့ရှိသည်အိမ်ရှေ့မှာလည်းပန်းပင်လေးတွေစိုက်ထားတာတွေ့ရသည်
အိမ်ရှေ့ရောက်တော့ဂျောင်ဂုကိုလှမ်းခေါ်လိုက်သည်
"ဂျောင်ဂုရေ...ဂျောင်ဂု"
"ဂျီမင်းအဲ့လိုကြီးသွားမခေါ်နဲ့လေ အိမ်ရှင်တို့
လို့ခေါ်ရတယ်"ဆိုဘတ်
"အော် အိမ်ရှင်တို့ အိမ်ရှင်တို့"ဂျီမင်း
"ဟာ ဆိုဘတ်ကလည်းဂျောင်ဂုလို့ခေါ်မှထွက်လာမှာပေါ့အိမ်ရှင်တို့ကဂျောင်ဂုနာမည်မှမဟုတ်တာ"ထယ်ဟျောင်း
"အေးလေ"
"ဂျောင်ဂုလို့ပြန်ခေါ်လိုက်ဂျီမင်း"
"အော် အေး ဂျောင်ဂုရေ ဂျောင်ဂု"
အိမ်ထဲက
"သားရေ အရှေ့မှာဧည့်သည်လားမသိဘူး
တစ်ချကါသွားကြည့်အုံး"
မီးဖိုချောင်ထဲကမေမေကလှမ်းပြောသည်
မေမေအသံကြားတော့စာလုပ်ေနတဲ့ဂျောငိဂုကအိမ်ရှေ့ကိုတစ်ချက်ကြည့်လိုက်သည်ပြီးနောက်အိမ်ရှေ့ကိုထွက်လာသည်
မျက်မှန်လေးကနှာခေါင်းလေးပေါ်တင်ထားသည်
"ကိုကို"
အိမ်ရှေ့ရောက်တော့ဂျီမင်းကိုတွေ့တာ
ကြောင့်
"ချစ်စရာလေးဂျောင်ဂု ရော့မင်းစားဖို့"
ခေါင်းပုပ်ကာပေးလိုက်သည်
"ဘာလို့ဝယ်လာပြန်တာလဲကိုကိုရဲ့"
"အော်စားစေချင်လို့ပေါ့"
"ဒါတွေကဈေးကြီးတယ်လေ"
"ဘာဖြစ်လဲ မင်းစာလုပ်နေတာမလား
စာလုပ်ရင်းစားရအောင်လို့ သွားပြီနော်တာ့တာ"
"ကိုကို! အထဲဝင်ပါအုံး"
"တော်ပြီ မဝင်တော့ဘူးတာ့တာ"
"ဟုတ် တာ့တာ"
လက်ပြနှုတ်ဆက်ကာဂျောင်ဂုလည်း
ဂျီမင်းဝယ်ပေးလာတဲ့မုန့်တွေကိုကြည့်ကာသက်ပြင်းချပြီးအိမ်ထဲသို့ဝင်လာသည်
မီးဖိုချောင်ထဲမှာထားဖို့အနောက်သို့
ဝင်လာောန့
"ဘယ်သူလဲသား"
"ကိုကိုပါ မုန့်တွေလာပေးတာ"
"ပေးပြန်ပြီလား"
"ဟုတ်တယ်"
"ဒီကောင်လေးကတော်တော်ချမ်းသာမဲ့ပုံပဲနော်"
"အဲ့ဒါတော့သားမသိဘူး သားသိတာကသူဝယ်ပေးလိုက်ရင်လည်းအကောင်းစားတွေချည်းပဲ နောက်ပြီးကိုကို့အဖေလာကြိုရင်လည်းတစ်ပတ်ကိုကားကတစ်စီးပြီးတစ်စီးနဲ့သားတွေ့တာတော့"
'ဟုလား"
"ဟုတယါမေမေ"
"အာ့ဆိုချမ်းသာတာပေါ့သားရဲ့"
ဂျီမင်းရဲ့အဖေကကုမ်ပဏီတစ်ခုကိုပိုင်ဆိုင်ထားရုံတင်မကCar showroomအနည်းစုပါပိုင်ဆိုင်ထားသည်
"ဟုတယ် ကိုကိုကချမ်းသာတယ် သားတို့နဲ့အကွာကြီး"
"ငါ့သားလည်းတစ်ချိနိကြရင်အဲ့လိုဖြစ်အောင်ကြိုးစားရမှာ"
"ဟုတယ် သားလည်းကြိုးစားမှာ"
"အဲ့ကောင်လေးကသားထက်ကြီးတယ်မလား"
"ကြီးဝာာပေါ့ ကိုကိုကဆယ့်ရှစ်နှစ်ရှိပြီ"
"ဟုလား"
"ငယ်သေးတာပဲ"
"ဟုတယ် ဆယ်တန်း"
"သားနဲ့သုံးနှစ်ကွဲတာပေါ့"
"ဟုတယ်မေမေ"
"ကဲပါ ဟုပါပြီ စာသွားလုပ်တော့"
"ဟုတ်"
စားစရာလေူတွေမီးဖိုချောင်ထဲမှာခဏထားထားခဲ့ပြီးစာလုပ်ရန်အခန်းထဲကိုပြန်ဝင်လာကာစာပြန်လုပ်နေသည်
-------------
ဒီနေ့ကျတော့ဂျီမင်းကမျက်မှန်တပ်ခဲ့ဆိုလို့တပ်ခဲ့ရသေးသည်
နဂိုကတည်းကကို့ကိုဆိုနှိမ်ချင်ကြတာရယ်
ကို့ပုံစံကအူကြောင်ကြောင်ပုံစံလေးနဲ့မျက်မှန်တပ်လိုက်တော့ပိုဆိုးသွားသည်
အခန်းထဲဝင်တော့
ကြည့်ရတဲ့သူတွကတော့သူ့ဟာသူနေသည်
မနာလိုပြီးကြည့်မရတဲ့သူနှိမ်တဲ့သူတွေက
စတင်ကာစနောက်ပါတော့သည်
သို့ပေမဲ့ဂျောင်ဂု ဂရုမစိုက်ပါ
ကိုယ့်ဟာကိုမသိချင်ယောင်ဆောင်နေသည်
ကိုကိုကချစ်ဖို့ကောင်းရင်ကောင်းတယ်ပဲ
ဘယ်သူဘာပြောပြောဂရုမစိုက်ပါ
နေ့လည်ကျတော့မုန့်စားကျောင်းဆင်းချိန်
Toilet သွားချင်တာကြောင့်သွားပြီးပြန်မလာမှာဆရာမတစ်ယောက်ကလှမ်းခေါ်သည်
"ဟိုသားလေး"
ဂျောင်ဂုကအနားကရောက်လာပြီး
"ဟုကဲ့ဆရာမ"
"သားက Aခန်းကမလား"
"ဟုကဲ့ သားကAခန်းကပါ"
"ဒါဆိုရော့ ဒါလေးသားဆရာမကိုပေးလိုက်"
"ဟုတ်ကဲ့"
စာရင်းစာရွက်တစ်ချို့ကိုပေးလိုက်သည်
"ရပြီသား"
"ဟုကဲ့"
ဂျောင်ဂုကထိုစာရွက်တွေကိုင်ကာထွက်လာသည်
ထိုအချိန်အုပ်စုတစ်ဖွဲ့ကဂျောင်ဂုကိုတမင်ဝင်တိုက်သွားသည်
လဲကျသွားတာကြောင့်လက်ထဲကစာရွက်တွေကပျံ့ကြဲပြီးတစ်နေရာတစ်ရွက်စီဖြစ်ကုန်သည်
"အာ သွားပါပြီ"
ဂျောင်ဂုပြန်ကောက်နေတဲ့အချိန်
ထိုအုပ်စုက
"ဟျောင့် ထစမ်း ဒါဆရာမပစ်စည်းတွေမလား ကြည့်ရမ်း အကုန်ပျံ့ကြဲကုန်ပြီး
မင်းဘယ်လိုလုပ်လိုက်တာလဲဟျောင့်"
"မတော်တဆဖြစ်သွားတာလေ"
"ဘာမတော်တဆလည်း ဆရာမပစ်စည်းတွေကိုအသေအချာမကိုင်ဘူး ဗရမ်းဗတာနဲ့
မင်းတော့ ငါလုပ်မိတော့မယ်"
ဆိုကာလက်သီးနဲ့ရွယ်လိုက်ချိန်
"ဟျောင့်"
ဆိုကာထိုလူ့အား အားနဲ့အသည်းကုန်
တွန်းပစ်လိုက်သည်။
"မင်းဘာလုပ်တာလဲဟျောင့် ဘာလုပ်တာလဲ"
ထိုလူ့ကိုတစ်ချက်ပြီးတစ်ချက်တွန်းပြီးဆိုသည်
ပြီးနောက် ထိုလူ့အားအကျီကိုဆွဲလိုက်ကာ
"မင်းသေချင်နေတာလား"
"လွှတ်စမ်း ဟျောင့် ဘာကောင်မို့လို့
ငါ့က်ုဒီလိုလာလုပါနေတာလဲ"
"မင်းငါ့အကြောင်းကိုမသိဘူးလား!!"
"မင်းကဘာကောင်မို့လို့သိရမှာလဲ"
"ငါ့အကြောင်းကိုမသိဖူးပေါ့ အဲ့တော့သိအောင်လုပ်ပေးရတာပေါ့"
*ခွက်*
ဆိုကာထိုးကြိတ်ပါတော့သည်
ဂျောင်ဂုကဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
ရပ်သာကြည့်နေမိတော့သည်
ထယ်ဟျောင်းတို့ကတော့ဂျီမင်းအားဝိုင်းဆွဲရပါတော့သည်
သို့သော်ဘယ်လိုဆွဲဆွဲမရပါ
ဟိုဘက်ကအကောင်ကလည်းလျှော့မပေး
ဂျီမင်းကလည်းအလျှော့မပေး
ဘေးနားကဝိုင်းကြည့်တဲ့လူတွေကဝိုင်းကြည့်
ဆရာမနဲ့လည်းမတိုင်ရဲကြပါ
နောက်တော့ကျောင်းစောင့်ဉီးလေးကတွေ့တော့ဒုကျောင်းအုပ်ကိုသွားတိုင်ပါတော့သည်
ဒုကျောင်းအုပ်ကကိုယ်တိုင်ရောက်လာပြီး
"ဟိတ် တော်ကြစမ်းးး!!!!!
ဘယ်လိုတွေဖြစ်နေတာလဲ အကုန်လုံးရုံးခန်းလိုက်ခဲ့ကြ မဆိုင်တဲ့လူတွေအကုန်အထဲဝင်ကြ!!!!!!?"
ကျောင်းအုပ်ကအော်လိုက်တော့အကုန်လုံး
တိတ်ဆိတ်သွားကြသည်
မဆိုင်တဲ့လူတွေကအထဲကိုဝင်သွားကြပြီး
ဂျီမင်းနဲ့ရန်ဖြစ်တဲ့အကောင်ရယ်နောက်
ဂျောင်ဂုရယ် ရုံးခန်းသို့ရောက်သွားပါတော့သည်
ဂျောင်ဂုကတစ်ခါမှမရောက်ဖူးတာမို့
ကြောက်လည်းကြောက်နေသည်
ရုံးခန်းကိုရောက်တော့
ဘယ်ဘက်မှာဟိုဘက်ကကောင်ရယ်
ဂျီမင်းကတော့ညာဘက်ဂျောင်ဂုကအလယ်မှာဖြစ်သည်ဂျီမင်းကလည်းဟိုဘက်ကိုမျက်နှာလွှဲထားကာဒေါသထွက်နေသည်
ဟိုဘက်ကအကောင်ကလည်းထိုနည်းအတူ
အလယ်ကဂျောင်ဂုလေးကတော့
ကျောင်းအုပ်နဲ့တည့်မို့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နှုတ်ခမ်းလေးကိုက်ကာကြောက်နေသည်
(သိတယ်မလားသူတို့ကိုပြန်ပေးဆွဲတုန်းကလေဂျောင်ဂုကြောက်နေတာအဲ့ပုံလေး🤣🤣)
"ဒီမှာ မင်းတို့မျက်နှာတွေဒီဘက်လှည့်ကြစမ်း!!"
နှစ်ယောက်လုံးလှည့်လိုက်ပြီး
"မင်းဆရာမဘယ်သူလဲ"
ဂျီမင်းကိုမေးသည်
ဂျီမင်းကပြန်ဖြေလိုက်သည်
ဟိုဘက်ကအကောင်ကိုမေးသည်
"မင်းဆရာမကရော"
"........."
ဒုအုပ်ကဆရာမနှစ်ယောက်လုံးကိုခေါ်လိုက်သည်
ဆရာမတွေရောက်လာတော့
"ဆရာမတို့အတန်းကကလေးတွေလား"
"ဟုတ်ကဲ့ဒါကျမအခန်းကပါဆရာမ"
ဂျီမင်းရဲ့ဆရာမပါ
"အာ့ဆိုသူ့မိဘတွေကိုဖုန်းတစ်ချက်ဆက်ပေးပါ"
"ဟုကဲ့ပါဆရာမ"
"ဒီဘက်ကဆရာမလည်း
တစ်ချက်ဆက်ပေးပါ"
"ဟုတ်ကဲ့"
ဂျီမင်းရဲ့ဆရာမကအရင်ဂျီမင်းအိမ်ဖုန်းကိုဆက်လိုက်သည်အိမ်မှာအမေပဲရှိတာမို့
အမေလာကိုင်သည်
"ဟယ်လို"
"ဟုတ်ကဲ့ ပတ်ဂျီမင်းတို့အိမ်ကလားမသိဘူး"
"အာ ဟုပါတယ်ရှင့်
ဘာဖြစ်လို့လဲမသိဘူး"
"ရန်ဖြစ်ပြီးရုံးခန်းရောက်နေလိုဒုကျောင်းအုပ်ကမိဘခေါ်ခိုင်းလို့ပါ
အနှောင့်အယှက်ဖြစ်မိပါပြီတစ်ချက်လောက်လာပေးလို့ရမလားရှင့်"
"ကျွန်မသာရန်ဖြစ်တာလား
ကောင်းပါပြီရှင့် အခုချက်ချက်လာခဲ့ပါမယ်"
"ဟုကဲပါရှင့် ကျေးဇူးတင်ပါတယ"
ဖုနး်ဆက်ပြီးခဏအကြာ
ဂျီမင်းအမေရော ဟိုဘက်ကအကောင်ရဲ့
အမေပါရောက်လာခဲ့သည်
"အမလေး အမလေး ကြည့်ပါအုံး
ငါ့သားမျက်နှာကိုထိုးကြိတ်ထားလိုက်တာ"
ဟိုဘက်ကအကောင်ရဲ့အမေကပြောပါသည်
"မင်းတော်တော်ရက်စက်ပါလား
ဘယ်လိုကလေးလည်းမင်းမိဘတွေမဆုံးမထားဘူးလား"
"ဒီမှာအန်တီ."
"သားမပြောနဲ့"
ဂျီမင်းပြန်ပြောမဲ့အချိန်မာမီကတားလိုက်ကာ
"ကျွန်မကကျွန်မသားကိုကျွန်မဆုံးမတယ်
ကျွန်မသားကလိမ်မာပြီးသား
ဒါမဲ့မတရားတဲ့နေရာဆိုရင်တော့ကျွန်မသားကငြိမ်ခံနေမှာမဟုတ်ဘူး အဲ့တော့ရှင့်သားကိုဆုံးမနိုင်အောင်လုပ်ပြီးမှ ကျွန်မတို့ကိုအဲ့စကားလာပြော!"
"ဘာ ငါ့သားကလိမ်မာပြီးသား!
ဆုံးမစရာမလိုဘူး နင်တို့သားကိုသာ
နင်တို့နိုင်အောင်ထိနး်စမ်းပါ ငါ့သားမျက်နှာကိုကြည့်စမ်း ရစရာက်ုရှိတော့ဘူး"
"အဲ့လိုပြောရအောင် ကျွန်မသားလည်းလက်နှစ်ဖက်ရှင့်သားလည်းလက်နှစ်ဖက်နဲ့လေ
လက်နှစ်ဖက်ပါတာချင်းတူတာရှင့်သားကအသုံးမကျတော့ခံပေါ့"
"တော်စမး် ငါ့သားကိုများနင်က
ပြောတယ်ပေါ့"
"အမေတော်တော့!"
ဟိုဘက်ကအကောင်ကတားတော့သည်
"နင်နေစမ်းပါ ငါတို့ကိုပြောနေတာမမြင်ဘူးလား"
"သားတို့ကိစသားတို့ဟာသားတို့ရှင်းမယ်အမေ"
"ကဲတော်ကြပါတေယ့ ရန်ဖြစ်ဖို့ခေါ်လိုက်တာမဟုတ်ပါဘူး"ဒုကျောင်းအုပ်
"ဘယ်ကနေဘယ်လိုရန်စတာလဲဆိုတာပြောပြပါ"ဒုကျောင်းအုပ်
"သားအရင်ပြောမယ်"ဂျီမင်း
"ဒီကောင်က ဒီကလေးကို အနိုင်ကျင့်နေလို့သားကမယအမြင်မတော်တဲ့နဲ့ဝင်ဖြေရှင်းပေးတာ"
"နေစမ်းပါအုံးမင်းကအဲ့လိုပြေယရအောင်
ဘယ်မှာအနိုင်ကျင့်နေလို့လဲ
ဆရာမပစ်စည်းတွေကိုသေချာမကိုင်လို့
စေတနာနဲ့ပြောတာလေ မင်းကဘာတွေဝင်နာနေတာလဲ"
"လူဆိုတာအမှားကတော့လုပ်မိမှာပဲ
အဲ့အမှားတစ်ခုခြင်းစီကိုလိုက်ပြောနေစရာမလိုဘူးမင်းအမေရဲ့နောက်လင်သားလည်းမဟုတ်ဘူးကုန်ပြောမယ်ကွာမင်းစောက်လုပ်တစ်ပြားမှမပါဘူး ဝင်ပြောစရာစောက်ကြောင်းကိုမရှိတာ ရှင်းလားဟျောင်း"
မတ်တပ်တွေပါရပ်ကာအားရပါးရ
ပြောနေသောဂျီမင်းကိုဂျောင်ဂုကြည့်ပြီး
ကြောက်မိတာောတ့အမှန်ပင်
"ဟျောင့် မင်းမစော်ကားနဲ့မမှတ်ရိုင်းနဲ့
ငါ့အမေကိုထည့်ပြောစရာမလိုဘူး
ငါငစေတနာနဲ့ပြောပြတာ"
"မလိုဘူး ဘာစောက်သုံးမှမကျတာကောင်ရဲ့စေတနာတွေမလိုဘူး!!"
"အမလေး ငါ့သားကိုများ ဟဲ့ နင့်သားပြောတာကိုကြည့်ရမ်းအတော်မှတ်ရိုင်းနေပါလား
နင့်သားကိုနင်မဆုံးမတော့ဘူးလားဟမ်နင်လိုအမေလဲ"
ဂျီမင်းရဲ့အမေကလက်ပိုက်ကာ
ခြေချိတ်ပြီးထိုင်နေရင်းပြန်ပြောသည်
"ဒီမှာရှင့် ကျွန်မသားလုပ်တာမှန်နေသရွေ့ကျွန်မဒီလိုပဲနေ နေမှာ"
"မှတ်ရိုင်းလိုက်တာ
အမေရောသားရော ဘယ်လိုဟာတွေလည်း"
"အမေတော်တော့ပြောမနေနဲ့တော့
လူတွေဆိုနားလည်တယ်"
ဟိုဘက်ကအကောင်ကပြောသည်
"သားတို့ဘေးမှာခွေးတွေရှိတယ်မာမီ"
ဆိုကာဂျီမင်းကပြန်ပြောသည်
"တောက်စ် မှတ်ရိုင်းလိုက်တာ!!"
ဟိုဘက်ကအကောင်ကတိုးပြန်ပြောသဘ်
"ကဲ ကျွန်မတို့မိဘတွေခေါ်လိုက်တာရန်ဖြစ်ဖို့မဟုတ်ပါဘူးနော် တော်ပြီ
ဘာမှမဖြေရှင်းနဲ့တော့ ဒိမှာလက်မှတ်ထိုးပါ
နောက်ဖြစ်ရင်ကျောင်းထုတ်ပါမယ်"
မိဘနှစ်ယောက်လုံးလက်မှတ်ထိုးလိုက်သည်
ဂျီမင်းတို့သားအမကတော့အေးဆေးဖြစ်နေပေမဲ့ဟိုဘက်ကသားအမကတော့ကမ်ဘာပျက်နေသည့်အလားပင်
လက်မှတ်ထိုးပြီးတော့
"ပြန်လို့ရပါပြီ သားတွေကိုတစ်ခါတည်းပြန်ခေါ်သွားလိုက်ပါတော့ဘထပ်ဖြစ်မှာစိုးလို့"
".........."
ဟိုဘက်သားအမိကဘာမှပြန်မပြောပဲလှည့ထွက်သွားသည်
ဂျီမင်းတို့ကတော့
"ဟုကဲ့ပါရှင့်"ဂျီမင်းအမေ
ဒုကျောင်းအုပ်ကဂျောင်ဂုစီအကြညိ့ရောက်သွားပြီး
"သား မင်းလည်းပြန်လိုက်အဓိကပြသာနာကမင်းပဲ ဒါပေမဲ့ရန်ဖြစ်တာမဟုတ်တော့
ဘာမှမလုပ်တော့ဘူး ကျောင်းတော့ပြန်လွှတ်လိုက်မယ်"
ဂျောင်ဂုကခေါင်းငြိမ့်လိုက်သည်
ထိုအခါမှဂျီမင်းလည်းဂျောင်ဂုကိုသတိရပြီး
ဂျောင်ဂုကိုသူ့အနားခေါ်ကာ
မာမီနဲ့ရုံးခန်းထဲကထွက်လာသည်
"ကဲ တွေ့တယ်နော်
ဘယ်လိုဖြေရှင်းခဲ့ရလဲ"
"တွေပါတယ်မာမီရဲ့"
"တွေ့တယ်ဆိုလား နောက်ခါမဖြစ်စေနဲ့တော့မာမီဘယ်လိုအပြောခံရလဲကြည့်"
"သားသိပါတယ် ခုကိစကသူတို့လွန်တာလေ"
"မာမီသိတယ် အာ့ကြောင့်လဲ
မာမီသားပြောတော့ငြိမ်နေတာပေါ့"
"ဟူးးးးခုမှပဲစိတ်အေးရတော့တယ်
ဒါနဲ့မာမီ ဒီမှာလေဂျောင်ဂု သားပြောတဲ့ကောင်လေး"
မာမီကဂျောင်ဂုကိုတွေ့တော့မျက်မှန်လေးလည်းတပ်ထားတာတွေ့တော့
"ချစ်စရာလေးပဲ
စာဂျပိုးလေးနဲ့တူတယ်"
"ဟုတယ် အဲ့လိုပဲပြောရမလား"
"အန်တီသားကနည်းနည်းဆိုးတယ် တွေ့တယ်မလား "
"ဟုတ်ကဲ့ ခုဖြစ်တာကသားကြောင့်ဖြစ်ရတာပါကိုကို့မှာအပြစ်မရှိပါဘူး"
"အဲ့ကောင်တွေမှာအပြစ်ရှိတာ"
"ကဲပါ သားလည်းနောက်ခါကြည့်နေအုံးနော်"
"ဟုတ်ကဲ့"
"မင်းအကြောင်းကိုတော့ပြောတယ်
ခဏခဏပဲသားကဘယ်လိုတော်ကြောက်းတက်ကြောင်းတွေအန်တီအကုန်သိ"
"ဗျာ"
"ဟုတယ်ဂျောင်ဂုရဲ့ ငါအကုန်ပြောပြထားတာ"
ဂျောငိဂုကအနည်းငယ်လေးရှက်သွားသည်
"ဂျောင်ဂုမင်းလည်းပြန်ရမှာမလား သွားလွယ်အိတ်သွားယူ"
"ဟု"
ဂျောင်ဂုလည်းသူ့အခန်းသို့သူပြန်လာကာ
လွယ်အိမ်ယူလာလိုက်သည်
ဂျီမင်းကလည်းအခနး်သို့လွယ်အိတ်ပြန်ယူသည်
စိတ်ပူနေတဲ့သူငယ်ချင်းသူံးယောက်က
ဂျီမင်းဝင်လာတာတွေ့တော့
"ဂျီမင်း မင်းကျောင်းထုတ်ခံလိုက်ရတာလား"ထယ်
လွယ်အိမ်ယူနေတာမြင်တော့ထင်မိခြင်းပါ
"မဟုတ်ဘူး ပြန်လွှတ်လိုက်တော့
မနက်ဖြနါမှတွေ့ကျမယ်သားရီးတို့ရေ"
ပခုံးပုတ်ငာအခန်းထဲကပြန်ထွက်လာသည်
ပြန်ရေုက်လာတော့ဂျောင်ဂုကရောက်နေပြီ
"ကဲပြန်ရအောင်"
ကျောင်းအပြင်ထွက်လာောတ့
"ဂျောင်ဂု မင်းဘယ်လိုပြန်မှာလဲ"
"ဖေဖေကညနေမှလာကြိုမှာ"
"ခုတစ်ယေယက်တည်းပြန်ရမှာပေါ့"
"ပြန်ရမယ်ထင်တယ်"
"ငါတြိုလိုက်ပို့မယ်"
"ရပါတယ်ကိုကိုရဲ့ကျနော့်ဟာကျနော်ပဲပြန်လိုက်ပါမယ်"
"မဟုတ်တာလာကားပေါ်တက်"
မာမီကကားပါတာမို့
မာမီကားနဲ့ဂျောင်ဂုကိုလိုက်ပို့ပေးသည်
ဂျောင်ဂုအိမ်ရှေ့ရောက်တော့ရပ်ပေးလိုက်ပြီးလင်ပြနှုတ်တက်ကာအိမ်သို့ပြန်လာခဲ့ကြသည်မာမီကလည်းလမ်းတစ်လျှောက်
ရန်ဖြစ်တဲ့အကြောင်းတွေကိုပြောနေသည်
ဂျောင်ဂုကိုလည်းချစ်ဖို့ကောင်းကြောင်းပြောသေးသည်ခုကိစကိုဒယ်ဒီမသိပါကြီးတာမို့သိရင်တော့မလွယ်ဘူးဆိုတာလဲပြောပြနေသည်။
'~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တစ်ပိုင်းမျှော်
မှာချင်တာလေးရှိပါသည်ဂျောင်ဂုကငယ်သေးလို့ဒီလိုပုံဖြစ်နေတာပါကြီးလာရင်တော့သူ့ဟာနဲ့သူပေါ့နော်
အကြိမ်အခါခါပြောလည်းဂဂbလားပဲ
ပြောနေကြတယ်ရှင်တို့ရယ်Tပါနော်
သိတဲ့သူတွေကသိပါတယ်မသိတဲ့သူလေးတွေကလည်းမှတ်ထားပေးပါနော်ဂဂကTopပါပတ်ဂျီမင်းကBပါနော်
ဒါပါပဲရှင့်
ဖတ်ပေးတဲ့တစ်ယောက်ချင်းကျေးဇူးတင်ပါတယ်💜🫶🏻
💜💛💜💛💜💛💜💛💜💛💜💛💜💛