Heart Sharker (Completed)
由 htarhtar412
37.3K 3.8K 145
Gyujin❣ Kim Gyuvin♡Han Yujin Myanmar Fan Fiction 更多
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31(Final)
Extra-1
Extra-2
Part-10
1.2K 123 5
由 htarhtar412
ကားမောင်းနေတဲ့စီနီယာ့ကို
Yujinဘေးကနေမဝင့်တရဲလေး
ကြည့်နေမိသည်။
ဆေးရုံကနေပြန်ထွက်လာထဲကYujinကိုစီနီယာကစကားမပြောလာတော့။ရုပ်တည်ကြီးနဲ့သာကားမောင်းနေသည်။
Yujinကိုအခုလိုလျစ်လျူမရှူဖို့အကြိမ်ကြိမ်ပြောဖူးတာကို စီနီယာကနားမထောင်ဘူး။
စီနီယာ့ရဲ့ဒီလိုအေးတိအေးစက်
ပုံ​ကြီးကိုလဲမကြိုက်ပါဘူးဆို။
စီနီယာနဲ့တွဲမှပဲ ရည်းစားကိုချော့ဖို့ညဏ်နီညဏ်နက်တွေကို စဥ်းစားရတော့သည်။
စီနီယာကကျန်တဲ့အချိန်ဆိုYujinကိုအရမ်းအလိုလိုက်ဂရုစိုက်ပေးတာမှန်ပေမဲ့ Yujinအမှားလုပ်မိပြီဆို နည်းနည်းလေးမှအလျော့မ​ပေးဘူး။
စီနီယာ့ကိုYujinပြောမိတာ အများကြီးလွန်သွားတယ်ဆိုတာသိပေမဲ့
ဒီလိုကြီးလျစ်လျူရှူခံထားရတာတော့နည်းနည်းလေးမှမကြိုက်ပါဘူး။
"ဆင်းတော့...."
မျက်နှာလေးကိုမဲ့လိုက္မိသည်။
ဒီအေးစက်စက်အသံကြီးကိုသဘောမကျလိုက်တာ။
"ကိုကို...တကယ်ပဲကျွန်တော့်ကိုမခေါ်တော့ဘူးလား "
ရှေ့ကိုသာကြည့်နေပြီး Yujinဘက်ကိုတစ်ချက်ပင်မကြည့်လာ။
အမြဲတမ်းအငယ်ဆုံးပီပီ အလိုလိုက်ခံနေရတဲ့ Yujinလေးက
ဒီလိုဆက်ဆံခံနေရတာကို လုံးဝကိုသည်းမခံနိုင်တော့တာကြောင့်
ဆောင့်အောင့်ပြီးသာ ကားပေါ်ကဆင်းခဲ့လိုက်တော့သည်။
"ပြန်ရောက်ပြီလား..."
"ရောက်ပြီ...... "
စိတ်လေးဟာမကြည်နေတော့
လာမေးတဲ့Taeraeကိုလဲဆောင့်အောင့်နေတဲ့အသံနဲ့ပြန်ဖြေမိသည်။
"အသံကဘယ်လိုဖြစ်...မင်းစီနီယာလိုက်ပို့တာမဟုတ်ဘူးလား "
"ဘာငါ့စီနီယာမှမဟုတ်ဘူး..."
"စိတ်ဆိုးလာတာလား "
မျက်နှာလေးဟာဆူပုတ်ပြီး
ဆိုဖာပေါ်မှာကိုယ်ကိုလျောပြီး
ထိုင်လိုက်သည်။ငိုချင်လာတဲ့စိတ်ကလေးကိုလဲ ေဒါသကထွက်လာသည်။
မီးဖိုချောင်ထဲကထွက်လာတဲ့
Gunwookကပါဆိုဖာမှာဝင်ထိုင်ပြီးမေးလာသည်။
"ဗိုက်အောင့်တာရောသက်သာလား"
ခေါင်းသာညိတ်ပြလိုက်ရင်းတုန့်ပြန်လိုက်သည်။စကားလဲပြောချင်စိတ်မရှိနေတော့။
"ဘာဖြစ်နေတာလဲ...ငိုတော့မယ့်ရုပ်နဲ့"
"မငိုပါဘူး...ဘယ်မှာငိုလို့်လဲ "
"Yujinnie..မင်းfresher welcomeမှာဝင်ဖျော်ဖြေလို့ဖြစ်ရဲ့လား...အကကိုနားထားတာကောင်းမယ်ထင်တယ် အကယ်၍ ဗိုက်ထပ်အောင့်လာရင်...."
Yujinရဲ့စိတ်လေးဟာပို၍နောက်ကြည်လာပါတော့သည်။
"ကျစ်...စီနီယာနဲ့လဲအဲ့ကိစ္စ
ပြသာနာဖြစ်လာပါတယ်ဆို..
မင်းတို့ကပါထပ်လာမပြောနဲ့"
"ဘယ်လိုပဲဖြစ်ဖြစ်ငါတော့ဝင်ဖျော်ဖြေမှာ...ငါ့ရောဂါကချက်ချင်းသေမှာလဲမဟုတ်ဘူး...အပိုတွေလုပ်နေကြတာ "
"မင်းကိုစိတ်ပူလို့ပြောနေကြတာပေါ့..."
"သိတယ်..သိတယ်လို့...ဒါပေမဲ့ငါကမှ ဝင်ဖျော်ဖြေချင်တာကြီးကို
မင်းတို့စိတ်ပူတာနဲ့ပဲ ငါ့အိပ်မက္ ကို လက်လွှတ်ပစ်လိုက်ရတော့မှာလား...."
ပြောပြီးတော့အခန်းထဲသာဝင်ခဲ့တော့သည်။နဂိုကမှ စီနီယာ့အပေါ်ပြောမိတာတွေကိုနောင်တရပါတယ်ဆို ဒင်းတို့ကပါစီနီယာနဲ့တစ်လေသံထဲလာပြောနေတယ်။
အရင်ကဆို အိမ်ပြန်ရောက်တာနဲ့
လိုင်းတက်ပြီး စီနီယာနဲ့တီတီတာတာလေးတွေပြောနေကြဖြစ်ပေမဲ့ ဒီညတော့စီနီယာကလဲ
မဆက်သွယ်လာသလို Yujinကလဲမဆက်သွယ်မိပါ။
fresher welcomeနေ့ထိစီနီယာဟာ Yujinကိုမဆက်သွယ်လာပါ။
dance clubမှာလဲ၂ရက်လုံးအရိပ်ပင်မမြင်ရ။
Yujinကလဲအရင်သွားမဆက်သွယ်မိပါ။ဒီတိုင်း fresher welcomeပြီးမှ စီနီယာကျေနပ်တဲ့အထိတောင်းပန်ပြီးချော့မည်ဟုတေးထားသည်။
Yujinတို့စင်ပေါ်တွင်ဖျော်​ဖြေရတော့ တစ်ကျောင်းလုံးကလူတွေရဲ့အားပေးတဲ့အသံတွေကြားရတော့ နောင်တမရ။
စင်ပေါ်ကဆင်းလာတာနဲ့ Gunwookတို့ဘေးက
ထိုင်ခုံတစ်ခုပေါ်တွေဝင်ထိုင်လိုက်ပြီးအမောဖြေလိုက်သည်။
စီနီယာ့ကိုများတွေ့မလားဆိုပြီးဝေ့ဝဲပြီးရှာကြည့်ပေမဲ့လဲ အရိပ်ပင်
မမြင်ရတာကြောင့် စိတ်မကောင်းဖြစ်မိသွားရသည်။Yujinဖျော်ဖြေတာကိုတောင်စီနီယာကလာ
မကြည့်ဘူးပေါ့။
ဖြစ်ချင်တော့ပြသာနာကတစ်ခုပင်မပြီးသေး နောက်တစ်ခုကထပ်ပေါ်လာသည်။
Yujinလက်သီးကိုတင်းတင်းဆုတ်ထားလိုက္မိပြီး အံကိုပင်ကြိတ်
လိုက္မိသည်။
ပဲွဲပြီးမှ supriseဖျော်ဖြေရေးတစ်ခုဆိုပြီး ကြေ ငြာသည်။ဝိုင်းပြီးတော့အားပေးကြတဲ့အသံတွေကလဲ တစ်ဝန်းလုံးကိုဆူညံနေသည်။
Yujinအရင်ကကြားခဲ့ဖူးတဲ့
Kim Gyuvinရဲ့Couple Dance
ဆိုတာကြီးကတကယ်ကြီးဖြစ်လာတာ။
မိန်းကလေးတစ်ယောက်နဲ့အတူတူ
ဲsexyဆန်ဆန်တွဲကနေတဲ့စီနီယာ့ကိုမြင်ရတာ Yujinရင်တွေပူလောင်လာသည်။
အနားမှာ၂ယောက်ကိုလိုက်ဖက်တယ်ဟုပြောနေကြတဲ့အသံတွေဟာလဲ တစ်စတစ်စကြားနေရသည်။
သူ့ရည်းစားဖြစ်တဲ့Yujinကိုတစ်ခွန်းမှပင် မတိုင်ပင်ပဲ တစ်ခြားမိန်းကလေးနဲ့ဒီလိုတွဲကနေတာ
ဘယ်လိုနားလည်ပေးရမှာလဲ။
တော်သေးတာက Gunwookတို့ကအစောကြီးထဲကပြန်သွားလို့။
မဟုတ်ရင်စီနီယာ့ကိုပိုပြီးတစ်မျိူးထင်သွားတော့မှာ။
"အဲ့တာစီနီယာGyuvinရဲ့ Exလေ"
"အေး...စီနီယာကအဲ့တစ်ယောက်ကိုတော့တကယ်သဘောကျခဲ့တာဆို..."
"မသိပါဘူးဟာ..ဒါပေမဲ့အရမ်းတစ်ပူးပူးတတွဲတဲွဲဖြစ်ခဲ့ကြတာ"
"သူတို့ကပြန်တွဲနေတာတော့မဟုတ်ဘူးမလား...ဒါဆိုစီနီယာအခုတွဲနေတဲ့ကောင်လေးကရော"
"မသိဘူးလေ...ပလစ်လိုက်ပြီနေမှာပေါ့ "
Yujinတို့အနားကကောင်မလေးတွေပြောနေတာကို ဆက်ပြီးနားမထောင်နိုင်တော့တာကြောင့်
အဲ့နားကထွက်လာခဲ့လိုက်သည်။
စီနီယာ့ရဲ့Exတဲ့လား....ဟက်...
Gyuvinစင်ပေါ်ကဆင်းလာတာနဲ့ဝင်လာတဲ့messageလေးတစ်ကြောင်း။မျှော်နေရတဲ့သူဆီကမို့
ချက်ချင်းဖွင့်ဖတ်ကြည့်လိုက်တော့
"လမ်းခွဲမယ် "တဲ့....
ဒါလေးတစ်ကြောင်းပါပဲ။ဒါပေမဲ့Gyuvinရဲ့ရင်ထဲကိုဗြောင်းဆန်သွားစေသည်။
အဲ့ကလေးကိုစိတ်ဆိုးနေတာမှန်ပေမဲ့လဲ ဒီလောက်ကြီးထိဖြစ်သွားမယ်မထင်ထား။သူ့ဘက်ကလာချော့မှာကိုစောင့်နေခဲ့တာ။ဒါပေမဲ့ခေါင်းမာတဲ့ကောင်လေးက
တစ်ချက္မှမဆက်သွယ်လာ။
အခုGyuvinရဲ့couple performanceကိုကြည့်ပြီး
အများကြီးစိတ်ဆိုးသွားမယ်ဆိုတာသိပေမဲ့လဲ ကျောင်းရန်ပုံငွေအတွက် မလွှဲသာလို့လက်ခံလိုက်ရတာ။
ဖုန်းကိုခေါ်လိုက်ပေမဲ့လဲ ဆက်သွယ်လို့မရတာကြောင့် ကျောင်းဝန်းထဲမှာပတ်ပြီး ကောင်လေးကိုရှာရတော့သည်။
လမ်းခွဲမယ်တဲ့လား...
Gyuvinသေရင်တောင် ဖြစ်လာမှာမဟုတ်ဘူး....
Gyuvinအတက်နိုင်ဆုံးစိတ်ကိုလျော့ချပြီး ကောင်လေးထံစာကိုပို့လိုက်သည်။
"ကလေးလေးဘယ်မှာလဲ...ကိုယ်နဲ့စကားပြောရအောင် "
"ကိုယ်မှားပါတယ်....ရှင်းပြပါရစေနော် ......"
Gyuvinဘက်ကစာတွေဆက်တိုက်ပို့နေပေမဲ့လဲseenပင်မပြတာကြောင့် စာပို့တာကိုလဲလက်လျော့လိုက်ရသည်။
ကိုယ့်ရဲ့စေတနာကိုစော်ကားသလိုပြောလာတဲ့ကောင်လေးကိုစိတ်ဆိုးနေတာမှန်ပေမဲ့လဲ အခုတော့စိတ်ဆိုးတာတွေ ဘာတွေလဲခေါင်းထဲဘာမှမရှိတော့ဘူး။
Yujinရဲ့အတန်းဆောင်ဘက်ကိုလာကြည့်ပေမဲ့လဲမတွေ့။
အိမ်ပြန်သွားတာများလား...
ကားပါကင်ဘက်ကိုခြေဦးလှည့်
လိုက္မိစဥ် လှုပ်စိလှုပ်စိနဲ့လျောက်သွားနေတဲ့အရိပ်လေးကိုတွေ့လိုက်ရသည်။
အနောက်ကနေလိုက်သွားလိုက်တော့ အနီးနားရှိသန့်စင်ခန်းဘက်ကိုဝင်သွားတာကြောင့်
နေမကောင်းလို့များလားဟု စိတ်ပူမိသွားတာမို့ အနောက်ကအမြန်လိုက်သွားလိုက်သည်။
ဘေစင်မှာလက်ကိုသာငုံ့ပြီးဆေးနေတဲ့ကောင်လေးက အနောက်ကGyuvinဝင်လာတာကိုမြင်တော့
မျက္မှောင်လေးကချက်ချင်းကြုတ်သွားသည်။
ချက်ချင်းတစ်ရှူးကိုဆွဲယူလိုက်ပြီး Gyuvinကိုမသိချင်ယောင်ဆောင်ပြီးထွက်သွားဟန်ပြင်သည်။
တံခါးပေါက်နားရောက်နေတဲ့ကောင်လေးကို ဆွဲထားလိုက်ရင်း
သန့်စင်ခန်းတံခါးကိုပါ လော့ခ်ချလိုက်သည်။
"Kim Gyuvin "
သူ့လုပ်ရပ်ကို Yujinကစိတ်ရှုပ်သွားဟန်နဲ့တူသည်။မျက်နှာလေးဟာပိုပိုပြီးတင်းလာပြီ နာမည်အရင်းကိုပင်တပ်ခေါ်လာသည်။
"ခုနကစာကဘာသဘောလဲ "
"စီနီယာမြင်တဲ့အတိုင်းပဲလေ "
"Yujinnie...ကိုယ်မင်းနဲ့လမ်းမခွဲဘူးနော် "
"အဲ့တာကျွန်တော်နဲ့မဆိုင်ဘူး...
ကျွန်တော့်ဘက်ကပြတ်ပြီ...ဖယ်ပေးပါ "
"ဘယ်သူ့သဘောနဲ့လဲ "
"ဘယ်သူ့သဘောဖြစ်ရမှာလဲ....
စီနီယာလဲကျွန်တော့်ကိုအတည်
မချစ်ဘူးမလား...ဒီတိုင်းရပ်လိုက်တာပဲကောင်းတယ် ကျွန်တော်တို့"
Gyuvinဒီကလေးနဲ့စတွဲထဲက
တခြားဘယ်သူနဲ့မှ အရှုပ်အရှင်း
မရှိတော့အောင် အကုန်ဖြတ်ခဲ့တာ။
တကယ်ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်မိသွားတာမို့ ကိုယ့်အပေါ်နည်းနည်းလေးအထင်လွဲမှာကိုမလိုလားခဲ့တာ
"ဘယ်အရာကများ ကိုယ်မင်းကိုတကယ်မချစ်ဘူးလို့ထင်စေတာလဲ"
"ဟက်...စီနီယာနဲ့စတွဲထဲက
ကျွန်တော့်အပေါ်တစ်ခုခုစိတ်ဆိုးပြီဆို ကျွန်တော့်ကိုအမြဲပစ်ထားတယ်...အခုလဲစီနီယာ့Exနဲ့အတူတွဲကရတာကိုလဲ ကျွန်တော့်ကိုနည်းနည်းလေးမှမတိုင်ပင်ဘူးမလား
စီနီယာသာ ကျွန်တော့်ကိုတကယ်ချစ်ရင်အဲ့လိုလုပ်မှာမဟုတ်ဘူး "
Yujin​ပြောနေတာလဲအကုန်မှန်နေပေမဲ့ တကယ်တမ်းအပြောခံလိုက်ရတော့ Gyuvinရင်ထဲပြောမပြနိုင်အောင်ပင် ခံစားလိုက်ရသည််။
"အင်း ကိုယ်မှားပါတယ်...မင်းကိုပစ်ထားခဲ့မိတာလဲမှားပါတယ်...
မင်းကိုမတိုင်ပင်ပဲ အဲ့တစ်ယောက်နဲ့တွဲကမိတာလဲ မှားပါတယ်...ကျောင်းရန်ပုံငွေအတွက်လိုအပ်လို့ကိုယ်လက်ခံလိုက်တာပါ
မင်းကိုမပြောမိဘူးဆိုတာကလဲ
ဘယ်သူ့ကိုမှမပြောဖို့သူတို့ကတောင်းဆိုထားလို့ပါ "
"အခုမှလာပြောနေလဲအပိုပဲ...
ကျွန်တော့်စကားကိုပြန်ပြင်မှာမဟုတ်ဘူး..."
"ကိုယ်တောင်းပန်ပါတယ်...
နောက်တစ်ခါအဲ့လိုမဖြစ်စေရပါဘူး..."
"ကျွန်တော်ကပြောပြီးသားစကားကိုပြန်မပြင်တက်ဘူး...စီနီယာ့မှာ
ကျွန်တော်မဟုတ်လဲ ရည်းစားတွေပေါပါတယ်"
"ကိုယ်မင်းနဲ့စတွဲထဲက တခြားဘယ်သူမှမရှိဘူး...ကိုယ့်မှာမင်းတစ်ယောက်ပဲရှိတယ် "
"အခုပဲExနဲ့ဖက်ယက်ပြီးကနေတာကို...ကျွန်တော်ကယုံပေးရမှာလား"
"ကိုယ်..."
"ကျွန်တော်စီနီယာနဲ့တွဲရတာတကယ်ပင်ပန်းတယ်...ကျွန်တော်နဲ့လာမပက်သက်နဲ့တော့ "
Yujinနောက်ကိုလှည့်မကြည့်ပဲနဲ့ထွက်လာခဲ့သည်။ကျလာတဲ့မျက်ရည်တွေကိုလဲ စီနီယာကွယ်ရာရောက္မှ မထိန်းထားတော့ပဲ
လွတ်လွတ်လပ်လပ်ကျခွင့်ပေးလိုက်တော့သည်။
စီနီယာ့ကိုဒီစကားတွေပြောဖို့
Yujinအတွက်လဲလွယ်ကူနေတာမဟုတ်ဘူး။ဒါပေမဲ့လဲ စီနီယာ့ကိုအရမ်းစိတ်ဆိုးတာမို့ ပြောချင်တာပြောခဲ့လိုက်သည်။
တကယ်လဲစီနီယာကိုမေ့နိုင်အောင်ကြိုးစားတော့မှာ။စီနီယာ့ကြောင့်ခဏခဏခံစားနေရတာ Yujinမနေနိုင်တော့ဘူး....
ဒီတိုင်းအဆုံးသတ်လိုက်တာပိုကောင်းသည်။
ဟင့်အင်း သေချာတွေးကြည့်လိုက်တော့လဲ စီနီယာနဲ့လမ်းခွဲလိုက်ရရင်
Yujinအတွက်ပိုဆိုးမည်။မနေနိုင်ပါဘူး စီနီယာမရှိပဲလဲ။.....
စီနီယာနဲ့သူ့Exရဲ့performance
ကြီးက ကျောင်းpageကတင်ထားကို viewကသိန်းချီနေသည်။
တခြားwebsiteတွေမှာလဲပြန်နှံ့နေတာပင်။ထို့ပြင်အရင်က ၂ယောက်
couple photoတွေကိုလဲ ဘယ်ကနေပြန်ရှာကြသည်မသိ။Pageတွေထောင်ပြီးအထိပါ၂ယောက်ကိုship
နေကြသည်။
Yujinကထိုအခြေနေတွေကိုဘယ်လိုများကျော်လွှားပြီး
စီနီယာနဲ့ဆက်တွဲနိုင်မှာလဲ။
အခုမြင်နေရတာတွေကိုတောင်မုန်းလွန်းလို့သေတော့မည်။
အင်...စီနီယာကတော့Yujinဆီကိုတစ်ညလုံး ဖုန်းတွေခေါ်လိုက်
messageတွေပို့လိုက်လုပ်ပေမဲ့
Yujinကတော့သူ့postတွေမြင်ပြီး
စိတ်ကုန်သွားတာကြောင့် blockထားလိုက်သည်။
နောက်နေ့ကျောင်းသွားဖို့ပြင်သော်လဲ အိမ်အောက်ကိုရောက်နေတဲ့
စီနီယာနဲ့တိုးသည်။
"Yujinnie...ကိုယ်လိုက်ပို့မယ်လေ"
"မလိုပါဘူး..."
"အင်း...ကိုယ်တို့စကားပြောရအောင်နော် "
"ပြောစရာမရှိဘူး...ကျွန်တော်အကုန်ပြောပြီးသား "
"ကိုယ်မင်းနဲ့လမ်းမခွဲနိုင်ဘူး "
"ကျွန်တော်ကတော့လမ်းခွဲမှာ
သိလား...."
ထိုစကားကိုစီန​ီယာနဲ့အကြည့်ချင်းလွှဲလိုက်ပြီးပြောလိုက်သည်။အမှန်တကယ်လဲ စီနီယာနဲ့မပြတ်နိုင်ပါဘူး။ဒါပေမဲ့ချက်ချင်းကြီးစိတ်ဆိုးပြေလို့လဲမဖြစ်ဘူးမလား။Yujinရဲ့မာနကလဲရှိသေးတယ်။
"ကိုယ့်မျက်နှာကိုကြည့်ဖြေ...
တကယ်အတည်လမ်းခွဲချင်တာလား"
္ဘယ်သူကအတည်လမ်းခွဲချင်မှာလဲ စိတ်ဆိုးတုန်းမို့ပြောတာပေါ့။
Yujinကသာအတည်လို့ပြောလိုက်ရင် စီနီယာကတကယ်လမ်းခွဲပေးမှာလား....
စီနီယာပြောသလိုသူ့မျက်နှာကိုလဲမကြည့်မိ။နှုတ်ခမ်းလေးဆူ၍သာ
အောက်က စီနီယာ့ရဲ့ဖိနပ်တစ်စုံကိုသာကြည့်နေမိသည်။
ထိုစဥ် ရုတ်တရက်ကြီး Yujinက
စီနီယာ့ရင်ခွင်ထဲရောက်သွားသည်။
"မင်းဘက်ကအတည်ပြောတာဆိုရင်တောင်ကိုယ်ကတော့လမ်းမခွဲပေးနိုင်ဘူး...မင်းကိုယ့်ကိုမချစ်တော့ဘူးဆိုရင်တောင် ကိုယ်မင်းကိုအစကပြန်လိုက္မယ် "
"မင်းကိုယ်နဲ့ပြန်တွဲချင်လာအောင်အမျိုးမျိုးကြိုးစားမယ် ကိုယ်မင်းကို တကယ်အရမ်းချစ်တယ်...
ကိုယ့်မှာမင်းမရှိလို့မဖြစ်ဘူး..."
"ကိုယ့်ရဲ့လက်ရှိမှာရော အနာဂတ်မှာရော မင်းတစ်ယောက်တည်းပဲချစ်သွားပါမယ်...ကိုယ့်ကိုစိတ်ဆိုးပြေပေးပါတော့..."
Yujinမျက်ရည်လေးတွေဝဲ၍
စီနီယာ့ရဲ့ရင်ခွင်ထဲပိုတိုးဝင်၍
တင်းကျပ်စွာဖက်ထားလိုက်တော့သည်။
အမှန်ဆို Yujinရူးမလောက်ကြောက်နေခဲ့တာ။သူကစိတ်ဆိုးပြီးလမ်းခွဲမယ်ပြောလိုက်ပေမဲ့
စီနီယာ့ဘက်ကတကယ်ကြီးသူ့ကိုပစ်သွားမှာကြောက်နေခဲ့တာ။
သူလဲစီနီယာမရှိလို့မဖြစ်ဘူး။
"အဲ့ဒီ့စီနီယာ့Exနဲ့မတွေ့နဲ့တော့...
မကြိုက်ဘူး..အခေါ်ပြောတောင်
မလုပ်နဲ့ "
"အင်း...မင်းသဘော "
"မျက်နှာချင်းဆိုင်တွေ့ရင်တောင်မသိချင်ယောင်ဆောင်နေ "
"ပြီးတော့ရော..."
"ကျွန်တော့်ကိုလဲစိတ်ဆိုးရင်တောင်ပစ်မထားနဲ့တာ့"
"မင်းလဲကိုယ့်ကိုနောက်တစ်ခါဘယ်လောက်ပဲစိတ်ဆိုးဆိုး လမ်းခွဲမယ်မပြောဘူးလို့ကတိပေး"
"ပေးတယ်..."
စီနီယာကYujinရဲ့နှဖူးကိုငုံ့နမ်းသည်။Yujinကလဲ ပြန်၍
စီနီယာ့ပါးကိုမော့ပြီးနမ်းလိုက်တော့စီနီယာကရီသည်။
"ကိုကိုစိတ်ရှုပ်လောက်အောင်ကို
ကျွန်တော်ကိုကို့ကိုကပ်တွယ်နေတော့မှာသိလား..."
"အခုကစပြီးလဲ ကိုကိုလို့်ပဲခေါ်တော့မှာ "
"လူတွေရှိလဲအဲ့လိုပဲခေါ်တော့မှာ"
"ကိုယ်ကပိုကြိုက်တာပေါ့...မင်းလေးစိတ်ချမ်းသာသလိုသာနေ"
"ကျွန်တော့်ကိုချစ်တယ်ပြောအုံး"
"ချစ်တယ် ကိုယ်မင်းကိုအရမ်းချစ်တယ်"
စီနီယာ့ရဲ့ရင်ခွင်ကျယ်ကြီးကို
တစ်ဖန်ပြန်တိုးဝင်၍ဖက်ထားမိတော့သည်။Yujinတော့စီနီယာ့ကိုအရမ်းချစ်နေမိပြီ။
စီနီယာကYujinအတွက်အချစ်ဦး
အချစ်ဆုံးဖြစ်သလို နောက်ထပ်လဲစီနီယာ့ထက်ပိုချစ်ရမယ့်သူထပ်ရှိလာမှာမဟုတ်တော့ဘူး။
Aug-15,Tue
.........................
继续阅读
You'll Also Like
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
With Love 由 Snow
同人小说
2.4K 453 5
241K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
566K 12.6K 39
In wich a one night stand turns out to be a lot more than that.