Sweet Love [Complete]

By KrystalJeon_23

4.5K 306 19

A Jaywon Fanfiction(Myanmar) More

1
2
3
sorry
4
5
6
8
9
๐‘ฌ๐’๐’…๐’Š๐’๐’ˆ
Extra

7

254 23 4
By KrystalJeon_23

Unicode

"မင်းညတည်းကဘာလုပ်ခဲ့တယ်ဆိုတာကိုလေ"
"ဘာ ဘာလုပ်လို့လဲ"
"ဘာမှမဟုတ်တော့ဘူး စတာပါ ဘာလို့အဲ့လောက်ထိလန့်သွားရတာလဲ"
"ဘယ် ဘယ်တည်းကလန့်လို့လဲ"
"အကျီတွေထုတ်ထားပေးခဲ့မယ် ထမင်းစားဖို့လုပ်လိုက်ဦးမယ် ပြီးရင်ထွက်လာခဲ့နော် ဝန်းလေး"
"အင်း"

စလိုက်တော့လည်းရဲကနဲဖြစ်သွားတဲ့မျက်နှာလေးကအရမ်းချစ်ဖို့ကောင်းတာပဲ အား ယန်းဂျောင်ဝန်းမင်းကတော့ကိုယ့်ကိုရူးအောင်လုပ်နေတာပဲ

မသိချင်ယောင်သာဆောင်နေရတာ ကိုယ့်အပြစ်နဲ့ကိုယ်မလို့လားတာ့မသိ ရင်တွေတောင်တုန်နေတယ် တကယ်ပါဆို အဲ့လူကြီးကလေလူကိုရင်ခုန်အောင်အရမ်းလုပ်တယ် အခုလည်းအကျီထုတ်ပေးပြီးတော့အခန်းအပြင်ကိုထွက်သွားလို့သာ မဟုတ်ရင်တော့ဘယ်လိုတောင်ဆက်လုပ်ရမလဲမသိတော့
"ယန်းဂျောင်ဝန်းတော်ပြီ မစဥ်းစားနဲ့တော့"
ကိုယ့်ဘာသာကိုယ်သာသတိဝင်အောင်လုပ်ပြီး ရေချိုးခန်းဘက်ကိုသာဦးတည်ခဲ့လိုက်တော့တယ် ဆက်ပြီးစဥ်းစားနေရင်လည်း မျက်နှာပူရုံကလွဲပြီးဘာမှမရှိဘူးလေ
ရေချိုးပြီးထွက်လာတော့ကုတင်ပေါ်မှာတင်ပေးထားတဲ့အဝတ်တွေကိုယူဝတ်လိုက်ပေမယ့်လည်းကိုယ်ကပဲအကောင်သေးနေလို့လားတော့မသိဘူး အကျီလက်ကလည်းရှည် ဘောင်းဘီကလည်းရှည် ဟုတ်တော့ဟုတ်နေပြီ

တံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်တော့ ထွက်လာပါပြီ ကျွန်တော့်ရဲ့ချစ်ရသူ ကျွန်တော်ထုတ်ပေးထားတဲ့ဟူဒီအဝါရောင်ကလည်း ကျွန်တော်နဲ့တော့အတော်ပဲဆိုပေမယ့် သူဝတ်ထားတော့လက်တော်တော်ရှည်နေပြီးဘောင်းဘီကိုလည်းရှည်နေလို့ခေါက်တင်ထား၏ ကိုယ့်အကျီကသူနဲ့တော်တော်ကိုကြီးနေတာမလို့ ဝန်းလေးကအကျီထဲမြုပ်နေပြီးကလေးလေးကိုအနှီးနဲ့ထုပ်ထားသလိုဖြစ်နေသည် စိတ်ထဲမှာပြောရတာပါ အပြင်မှာထုတ်ပြောလို့ကတော့ အော်သံစူးစူးလေးကြောင့်နားကွဲလောက်တယ်

"ချစ်စရာလေး"
"ဘာကြီး"

သေလိုက်တော့ပတ်ဂျေး စိတ်ထဲကပဲပြောလိုက်တယ်ထင်နေတာ အပြင်မှာပါ ထုတ်ပြောမိလိုက်ရတယ်လို့ မင်းသူများတွေကိုအော်ငေါက်ထားသမျှတွေတော့ဝဋ်လည်တော့မှာပဲ

"ဟင် ဘာကိုလဲ"
"စောနကဘာပြောလိုက်တာလဲ"
"ဘာမှမဟုတ်ဘူး စားကြရအောင် ကင်မ်ချီထမင်းကြော်နဲ့ အရွက်ဟင်းချို လုပ်ထားတယ်"
"အင်း"

အရင်တစ်ခေါက်ကလည်းစားဖူးလို့သိတယ်ဆိုပေမယ့် CEO ကလေဟင်းချက်တာတော်တော်ကောင်းတယ် စာဖိုမှုးတောင်လုပ်လို့ရလောက်တယ် အင်း ဒီလိုချက်ကျွေးတာမျိုးသာနေ့တိုင်းစားရမယ်ဆိုတော့ ဟိဟိ ရား ယန်းဂျောင်ဝန်း မင်းဘာတွေစဥ်းစားနေတာလည်း မဟုတ်တော့ဘူးနော်မင်းတော့ အသိစိတ်ကပ်စမ်း ကိုယ့်ဘာသာကိုယ်တွေးနေရင်းတန်းလန်းနဲ့ ခေါင်းတွေပါရမ်းပြီးတော့ပါးကိုပါအသိစိတ်ဝင်အောင်တစ်ချက်ရိုက်လိုက်ပေမယ့် ဟိုတစ်ယောက်ကဆီကမေးခွန်းသံတွေကစီပြီးထွက်လာတယ်

"ဘာဖြစ်လို့လဲ ဝန်းလေး စားမကောင်းလို့လား ငန်သွားလို့လား စပ်သွားလို့လား"
"ဘာမှမဖြစ်ပါဘူး စားကောင်းပါတယ်"
"တော်သေးတာပေါ့ မသိဘူးလေ ဝန်းလေးက ခေါင်းတွေပါရမ်းပြီးတော့..."
"CEO စားစရာရှိတာစားပါတော့"
"အင်း CEO ဖြစ်သွားပြန်ပြီပေါ့ ညတည်းကတော့ဂျေးဟျောင်းဆိုပြီးတော့"
"ဗျာ"
"ဘာမှမဟုတ်ဘူး စားလေ"

CEO ကတိုးတိုးလေးပြောလိုက်တာဆိုပေမယ့်လည်း ကြားဖြစ်အောင်တော့ကြားလိုက်ပါတယ် ညတည်းကတော့မူးပြီးခေါ်လိုက်တာလေ ပြီးတော့မူးပြီးအသိစိတ်မရှိလို့လေ ဒီလိုအသိစိတ်ရှိရင်တော့ခေါ်ပါ့မလား

................................

ဒီနေ့ကအလုပ်ပိတ်ရက်မလို့ပြီးသွားတော့ CEO ကအိမ်ပြန်လိုက်ပို့ပါတယ် ပြန်လာတဲ့တစ်လမ်းလုံးလည်းဘာမှမဖြစ်ပေမယ့် ပြဿနာကတော့အိမ်ပြန်ရောက်တာနဲ့စတာပေါ့

"အမေ ဂျောင်ဝန်းပြန်ရောက်ပြီ ရား ယန်းဂျောင်ဝန်း နင်ညကပြန်မလာဘူးနော်"
အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့ချစ်လှစွာသောအစ်မဆီကအသံ

"ဟင် ပြန်ရောက်ပြီလား"
"အင်း ဟိုမှာ"
"အမလေး သားရယ်အမေတို့မှာစိတ်ပူလိုက်ရတာ ဂျယ်ယွန်းတို့ကိုဖုန်းလှမ်းဆက်တော့လည်း သားကသက်သက်ပြန်သွားတာတဲ့ ပြပါဦးထိခိုက်မိတာမရှိဘူးမလား"
"မရှိပါဘူး အမေရဲ့ စိတ်ပူမနေပါနဲ့"
"အင်းပါ ပြီးတာပါပဲ အမေကစိတ်ပူနေတာ"
"စိတ်မပူပါနဲ့ ဟင်းချက်နေတာမလား သွားချက်တော့လေ"
"အင်းပါ"
ဆိုကာအမေကတော့မီးဖိုချောင်ထဲပြန်ဝင်သွားလေရဲ့
အခုရှင်းရမှာက မမတစ်ယောက်ပဲကျန်လိမ့်မယ်

"နင်ညကဘယ်မှာအိပ်တာလဲ"

ထင်တဲ့အတိုင်းပင် မေးခွန်းပေါင်းသောင်းခြောက်ထောင်လာတော့မယ်လေ

"ဟင် အွန်း CEO အိမ်မှာ"
"CEO ဆိုတော့ ပတ်ဂျေးလား"
"အင်းလေ ဘာဖြစ်လို့"
"နင် နင်တော့မဟုတ်တော့ဘူးနော်"
"ဘာ ဘာကိုလဲ"
"အဲ့လူခွစာကလေ နင့်ကိုသူ့အိမ်မှာညအိပ်ဖို့လက်ခံတယ်ပေါ့"
"အင်း ညကမူးနေတော့"
"အာ အဲ့လိုလား"
"အင်း အဲ့လို"
"ဒါနဲ့"
"ဘာလဲ"
"နင်ကတော့တစ်ခုခုတော့တစ်ခုခုပဲနော်"
"ဘာကိုလဲ"
"ပတ်ဂျေးကနင့်ကို သူ့အိမ်ခေါ်သွားတယ်ဆိုတာကလည်း ထူးဆန်းတယ် ပြီးတော့..."
"မမရယ် နောက်မှမေးလို့မရဘူးလား အိပ်ချင်နေလို့ သွားအိပ်တော့မယ်"
"နင်ညကမအိပ်ရဘူးလား"
"ဘယ်ကသာ အိပ်ရပါတယ် ခေါင်းမူးနေလို့"
"အင်း သွားအိပ်တော့ ဆေးသောက်မလား"
"ရတယ် မသောက်တော့ဘူး"
"ပြီးတာပဲ"
"အင်း အိပ်တော့မယ်"

ခေါင်းမူးနေတာတော့အမှန်ဆိုပေမယ့်လည်း အဲ့အစ်မတစ်ယောက်ကဘာတွေသိထားပြီးလာမေးနေတာလည်းတော့မသိ သူဆက်မေးတဲ့မေးခွန်းကိုနားထောင်ရင်လည်း အဖြေမရှိဖြစ်နေမှာစိုးလို့ မသိချင်ယောင်ဆောင်ပြီးသာလှည့်ထွက်ခဲ့ရတာ အဲ့အစ်မတစ်ခုခုသိနေပြီပဲ သေချာတယ် ဘာမှန်းတော့မသိပေမယ့်လည်းပေါ့

.....................

နောက်နေ့မနက်ကျတော့ထုံးစံအတိုင်းရုံးသွားရတာပေါ့ ရုံးရောက်တာနဲ့လွယ်အိတ်လေးချရုံပဲရှိသေးတယ် CEO တစ်ယောက်ကတော့သူ့အရှေ့ရောက်လာပြန်ပြီလေ

"ဝန်းလေး"
"အာ ဟုတ် CEO"
"ညနေကျရင်အားလား"
"ညနေကျရင်လား အားပါတယ် ဘာဖြစ်လို့လဲ"
"ခေါ်သွားစရာနေရာရှိလို့"
"ဟင် ကျွန်တော့်ကိုလား"
"အင်း ညနေရုံးဆင်းရင်ကိုယ့်ကိုစောင့်ဦး"
"ဟုတ်"
"ဂျောင်ဝန်း"
"ဂျယ်ယွန်းဟျောင်း"
"ဟိုနေ့ညက အန်တီငါ့ကိုဖုန်းလှမ်းဆက်တယ် မင်းပြန်မလာသေးလို့တဲ့"
"အာ အွန်း အဲ့နေ့ကမူးနေတာနဲ့ CEO ကသူ့အိမ်ခေါ်သွားတာ"
"ဂျေးကလား"
"အင်း"
"အော် ထားပါတော့လေ ချစ်တော့လည်း သူငယ်ချင်းတွေကိုတောင်တစ်ခါမှအိမ်မခေါ်ဖူးတဲ့ကောင်က သူ့ရည်းစားကိုကျတော့အိမ်ခေါ်သွားတယ်တဲ့လား တရားလိုက်တာ"
"အာ ဂျယ်ယွန်းဟျောင်း ဘယ်ကရည်းစားရမှာလဲ ပေါက်ကရတွေလာပြောမနေနဲ့"
"ရား ယန်းဂျောင်ဝန်း မင်းငါ့ကိုလိမ်ဖို့မစဥ်းစားနဲ့နော် အမှန်အတိုင်းဖြေ"
"ဘာကိုလဲ"
"မင်း ဂျေးကိုသဘောကျတယ်မလား"
"မဟုတ် မဟုတ်ပါဘူး"
"အာ ဟုတ်လား သေချာလား"
"အွန်း"
"ပြီးမှတစ်မျိုးပြောင်းရင်တော့နော် ဟင်းဟင်း"
"ဟျောင်းကလည်း"
"လုပ်စရာရှိတာလုပ်တော့ ဟျောင်းသွားပြီနော်"
"အွန်း"

ဂျယ်ယွန်းဟျောင်းမေးလာတဲ့မေးခွန်းအတွက်တော့အဖြေလည်းမရှိပါ အဖြေကိုတော့ကျွန်တော်ကိုယ်တိုင်လည်းသေချာမသိပါ အမှန်အတိုင်းပြောရရင်ဘာဆိုဘာမှကိုမသိတာ

......................

"ဝန်းလေး ပြီးပြီမလား"
"အာ CEO ခဏလေး ဒါလေးလက်စသတ်လိုက်ဦးမယ်"
"အင်း အေးဆေးလုပ်"
"ပြီးပြီ"
"ပြီးပြီလား အဲ့တာဆိုသွားကြမယ်"
"ဘယ်ကိုလဲ"
"ရောက်ရင်သိရမှာပေါ့"
"သွားမယ်လာ"

ဘယ်သွားမလဲဆိုတာလည်းဘာမှမပြောဘဲဆွဲခေါ်တဲ့ဆီကိုသာပါလာတာ
အခုရောက်နေတာက နာမည်ကြီးပြင်သစ်စားသောက်ဆိုင်တစ်ဆိုင် စျေးအကြီးဆုံးစားသောက်ဆိုင်တွေထဲကတစ်ခုလည်းဖြစ်တယ် ဟင်းပွဲတွေကလည်းအစုံအလင်ဆိုပေမယ့် CEO ချက်တာလောက်တောင်စားမကောင်းဘူး ဒါပေမယ့်လည်းတစ်ဆိုင်လုံးမှာကျွန်တော်တို့နှစ်ယောက်တည်းရှိတာကြောင့် သိချင်လို့မေးကြည့်လိုက်တော့ ဖြေလာတဲ့အဖြေက အံ့အားသင့်စရာ

"CEO ဘာလို့လူတစ်ယောက်မှမရှိရတာလဲ"
"ကိုယ်တစ်ဆိုင်လုံးကိုငှားထားတာလေ"
"ဗျာ! တစ်ဆိုင်လုံးကိုလား"
"အင်းလေ ဘာဖြစ်လို့လဲ"
"ဒီဆိုင်ကတော်တော်စျေးကြီးတာကို"
"အဲ့လောက်လည်းမဟုတ်ပါဘူး"
"အော် CEO တို့လို သူဌေးတွေအတွက်ကတော့ဘယ်လောက်မှမရှိပေမယ့် ကျွန်တော်တို့လိုလခစားလေးတွေအတွက်တော့စျေးကြီးတာပေါ့"
"အင်းလေ အဲ့တာကြောင့် ကိုယ့်ကိုယူလိုက်ရင်ပြီးပြီကို"
"ဖူးး အဟွတ် အဟွတ်"
"ဝန်းလေး ရရဲ့လား"
"ရ ရတယ်"
"အင်း တော်သေးတာပေါ့ ဂရုစိုက်လေ"

သူပြောလိုက်တဲ့စကားကြောင့်သောက်လက်စရေတောင်သီးသွားရတာကို ဂရုစိုက်လေတဲ့ ဘယ်သူပြောလိုက်လို့ဖြစ်တာလဲလို့ တကယ်ပါပဲ

"ဝန်းလေး"
"အင်း"
"ကိုယ့်ကိုအဖြေပေးဖို့စိတ်ကူးမရှိဘူးလား"
"အဟွတ် ဗျာ!"

ဒီလူကြီးတော့ဒီနေ့မဟုတ်တော့ဘူး သူကြောင့်သီးတာနှစ်ခါရှိနေပြီ ဘာဖြစ်နေတာလဲမသိဘူး

"ဆောရီး ဝန်းလေး ရရဲ့လား"
"အင်း"
"ကိုယ်.."
"CEO ဒီနေ့ဘာဖြစ်နေတာလဲ မနက်ကတည်းကနေ တစ်ခုပြီးတစ်ခု ဘာတွေလုပ်နေမှန်းလဲမသိဘူး"
"ဒီတိုင်း ကိုယ်မေးတာကိုပဲဖြေပေး"
"ဘာကိုလဲ"
"ကိုယ့်ကိုသဘောကျလား"
"အင်း အဲ့ အဲ့တာက"
"သဘောမကျဘူးမလား ကိုယ်ကအတင်းတွယ်ကပ်မိနေသလိုဖြစ်သွားပြီပဲ တောင်းပန်ပါတယ်"
"မ မဟုတ် အဲ့လိုမဟုတ်"
"ပြီးပြီးဆိုရင်ပြန်လိုက်ပို့ပေးမယ်"

...........................

ဒရာမာချိုးရင်ကောင်းမလားလို့စဥ်းစားနေတယ် ဒီတိုင်းရိုးရိုးရှင်းရှင်းပဲဆက်ဖတ်ချင်လား ဒရာမာချိုးတာဖတ်ချင်လားလေးလည်း ပြောခဲ့ကြဦးနော်
Fb လေးတွေလည်းပေးကြပါလို့ကြယ်လေးတွေနှိပ်သွားရင်စိတ်မဆိုးဘူးနော်

Thanks for reading

Zawgyi

"ဘာ ဘာလုပ်လို့လဲ"
"အင်း"




"ချစ်စရာလေး"
"ဘာကြီး"


"ဟင် ဘာကိုလဲ"
"အင်း"


"ဗျာ"
"ဘာမှမဟုတ်ဘူး စားလေ"


................................



"ဟင် ပြန်ရောက်ပြီလား"
"အင်း ဟိုမှာ"
"အင်းပါ"

"နင်ညကဘယ်မှာအိပ်တာလဲ"


"ဟင် အွန်း CEO အိမ်မှာ"
"အင်းလေ ဘာဖြစ်လို့"
"ဘာ ဘာကိုလဲ"
"အင်း ညကမူးနေတော့"
"အာ အဲ့လိုလား"
"အင်း အဲ့လို"
"ဒါနဲ့"
"ဘာလဲ"
"ဘာကိုလဲ"
"နင်ညကမအိပ်ရဘူးလား"
"ရတယ် မသောက်တော့ဘူး"
"ပြီးတာပဲ"
"အင်း အိပ်တော့မယ်"


.....................


"ဝန်းလေး"
"အာ ဟုတ် CEO"
"ညနေကျရင်အားလား"
"ဟင် ကျွန်တော့်ကိုလား"
"ဟုတ်"
"ဂျောင်ဝန်း"
"ဂျယ်ယွန်းဟျောင်း"
"ဂျေးကလား"
"အင်း"
"ဘာကိုလဲ"
"မဟုတ် မဟုတ်ပါဘူး"
"အာ ဟုတ်လား သေချာလား"
"အွန်း"
"ဟျောင်းကလည်း"
"အွန်း"


......................

"ဝန်းလေး ပြီးပြီမလား"
"အင်း အေးဆေးလုပ်"
"ပြီးပြီ"
"ဘယ်ကိုလဲ"
"ရောက်ရင်သိရမှာပေါ့"
"သွားမယ်လာ"

အခုရောက်နေတာက နာမည်ကြီးပြင်သစ်စားသောက်ဆိုင်တစ်ဆိုင် ဈေးအကြီးဆုံးစားသောက်ဆိုင်တွေထဲကတစ်ခုလည်းဖြစ်တယ် ဟင်းပွဲတွေကလည်းအစုံအလင်ဆိုပေမယ့် CEO ချက်တာလောက်တောင်စားမကောင်းဘူး ဒါပေမယ့်လည်းတစ်ဆိုင်လုံးမှာကျွန်တော်တို့နှစ်ယောက်တည်းရှိတာကြောင့် သိချင်လို့မေးကြည့်လိုက်တော့ ဖြေလာတဲ့အဖြေက အံ့အားသင့်စရာ

"အင်းလေ ဘာဖြစ်လို့လဲ"
"ဒီဆိုင်ကတော်တော်ဈေးကြီးတာကို"
"အော် CEO တို့လို သူဌေးတွေအတွက်ကတော့ဘယ်လောက်မှမရှိပေမယ့် ကျွန်တော်တို့လိုလခစားလေးတွေအတွက်တော့ဈေးကြီးတာပေါ့"
"ဖူးး အဟွတ် အဟွတ်"
"ဝန်းလေး ရရဲ့လား"
"ရ ရတယ်"


"ဝန်းလေး"
"အင်း"
"အဟွတ် ဗျာ!"


"အင်း"
"ကိုယ်.."
"ဘာကိုလဲ"
"ကိုယ့်ကိုသဘောကျလား"
"အင်း အဲ့ အဲ့တာက"
"မ မဟုတ် အဲ့လိုမဟုတ်"

...........................


Thanks for reading

Continue Reading

You'll Also Like

2.3K 208 10
โ€‹โ€‹แ€›แ€ฑแ€แ€ฒแ€œแ€ญแ€ฏแ€กแ€ฑแ€ธแ€…แ€€แ€บแ€•แ€ผแ€ฎแ€ธ แ€กแ€•แ€ผแ€ฏแ€ถแ€ธแ€กแ€›แ€šแ€บแ€™แ€›แ€พแ€ญแ€แ€ฒแ€ท แ€‚แ€ปแ€ฑแ€ธแ€Ÿแ€ฌ แ€žแ€ฐแ€ทแ€›แ€ฒแ€ท แ€กแ€แ€ปแ€…แ€บแ€‰แ€ฎแ€ธแ€…แ€แ€ฑแ€ฌแ€บแ€˜แ€šแ€บแ€›แ€ฎแ€›แ€ฑแ€ฌแ€„แ€บแ€†แ€ถแ€•แ€„แ€บแ€”แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€•แ€ผแ€”แ€บแ€แ€ฝแ€ฑแ€ทแ€แ€ฒแ€ท แ€กแ€แ€ซแ€™แ€พแ€ฌ แ€˜แ€šแ€บแ€œแ€ญแ€ฏแ€†แ€€แ€บแ€–แ€ผแ€…แ€บแ€žแ€ฝแ€ฌแ€ธแ€™แ€พแ€ฌแ€œแ€ฒ~~~
1.3K 88 8
"แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ทแ€€แ€ญแ€ฏแ€™แ€แ€ปแ€…แ€บแ€แ€ฒแ€ทแ€œแ€ฐแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€€แ€ญแ€ฏแ€™แ€ฑแ€ทแ€œแ€ญแ€ฏแ€ทแ€›แ€™แ€šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บแ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€›แ€ฝแ€ฑแ€ธแ€แ€ปแ€šแ€บแ€™แ€ญแ€™แ€พแ€ฌแ€€แ€™แ€™แ€ฑแ€ทแ€•แ€ผแ€…แ€บแ€–แ€ญแ€ฏแ€ทแ€•แ€ฒแ€แ€…แ€บแ€…แ€€แ€นแ€€แ€”แ€ทแ€บแ€œแ€ฑแ€ธแ€แ€ฑแ€ฌแ€„แ€บแ€™แ€™แ€ฑแ€ทแ€แ€ปแ€„แ€บแ€˜แ€ฐแ€ธแ€žแ€ฐแ€€แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€ทแ€บแ€€แ€ญแ€ฏแ€žแ€แ€ญแ€™แ€›แ€›แ€„แ€บแ€แ€ฑ...
9.4K 520 30
he was just like a protective flower
2.6K 332 7
Jeongwoo ร— Junghwan I think I found one of my missing ribs in my bodyguard