(Unicode )
"ကိုကိုကမပြန်သေးဘူးလား"
လူစုံလင်နေတဲ့ထမင်းဝိုင်းလေးမှာ ညစာစားနေကြရင်းပင်တိုင်ထပြောလိုက်တဲ့စကားကြောင့် လင်းခေးထမင်းစားရင်း ပင်တိုင့်ကိုပြုံးကြည့်လိုက်၏။
ထမင်းကိုငုံ့စားနေတဲ့ကလေးလေးကတော့ သူ့ကိုတောင်တစ်ချက်ပြန်မကြည့်။
"မပြန်ပါဘူး ကိုကိုကပင်တိုင်နဲ့နေအုံးမှာ"
"ကိုကိုနဲ့မနေချင်ပါဘူး ပင်တိုင်ကျောင်းတက်ရအုံးမှာ၊မေမေကကျောင်းတက်ရင် ပင်တိုင့်ကိုမုန့်ဖိုးတွေအများကြီးပေးမှာ ကိုကိုနဲ့ဆော့နေရင်ပင်တိုင်မုန့်ဖိုးတွေဘယ်ရမလဲ"
သူမရှိရင်မနေတက်တဲ့ကလေးလေးက ပေါ့ပေါ့ပါးပါးဘဲထမင်းကိုပလုတ်ပလောင်းစားကာပြောနေသည်မှာ ထူးဆန်းလှ၏။လူကြီးတွေတစ်ခုခုပြောထားလို့များ ပင်တိုင်ထိုသို့ပြောသည်လားပြောရအောင်လည်း လူကြီးတွေတောင်ပင်တိုင့်ကိုကြည့်ပြီးအံ့သြနေသည့်ပုံ။
ပင်တိုင်သူ့ကိုနောက်များနောက်နေသည်လားသိရအောင်...
"ကိုကိုပြန်ရင် ပင်တိုင်ကနေနိုင်လို့လား"
"အွန်း"
"ပင်တိုင်ထပ်ဖျားရင် ကိုကိုဒီတစ်ခါပြန်မလာတော့ဘူးနော်"
"ပင်တိုင်ထပ်မဖျားတော့ပါဘူး ကိုကိုလည်းပြန်မလာရတော့ဘူး"
ထမင်းစားနေရာမှ ပင်တိုင်ရုတ်တရက်ရပ်သွားကာ ထမင်းဝိုင်းမှအရင်ထလိုက်၏။
"ပင်တိုင်ဝပြီမေမေ"
လက်ဆေးဇလုံထဲ လက်ကလေးနှိုက်ဆေးပြီးအိမ်အပေါ်ခုန်ပေါက်တက်သွားသည့်ကလေးလေးပုံစံမှာ ပင်တိုင်မှဟုတ်ရဲ့လားတောင်ထင်မှတ်ရသည်။
လင်းခေးထမင်းလည်းစားမဝင်တော့ပါ။တစ်ခြားလူတစ်ယောက်လိုဖြစ်နေတဲ့ပင်တိုင့်ကိုမြင်တာနဲ့ စားလက်စထမင်းကိုဆက်စားချင်စိတ်မရှိတော့ပေ။
မျက်နှာမကြည်မသာဖြစ်နေတဲ့လင်းခေးအရိပ်အခြေအနေကို ဒေါ်အေးသွယ်တို့အကဲခတ်နေရင်း....
"ဟုတ္သားဘဲ ကျောင်းတွေတောင်ပြန်ဖွင့်တော့မှာဘဲ၊ဒီကလေး အမေဆီကမုန့်ဖိုးကျအမှတ်ရတယ်ကြည့်စမ်း"
တိုင်ပင်မထားဘဲ ပင်တိုင့်စကားကိုဒေါ်အေးသွယ်ထောက်ခံလိုက်မိသည်။
ထို့နောက်ဦးမိုးမြင့်မှအစချီကာ လင်းခေးပြန်မည့်အကြောင်းခပ်တည်တည်ဖြင့်သာမေးလိုက်၏။
"သားကောဘယ်တော့ပြန်မှာလဲလင်းခေး"
"ဒီတစ်ပတ်ထဲဘဲပြန်တော့မယ် ပင်တိုင်မှကျွန်တော့်ကိုမလိုတာ"
လေသံမာမာဖြင့်မပြောပေမဲ့ လင်းခေးစကားကခပ်ပြတ်ပြတ်သာ။ထို့နောက် မေးတာဖြေပြီးလင်းခေးစားလက်စထမင်းပန်းကန်ကိုထားခဲ့ကာ အိမ်အပေါ်သို့တက်သွားလေသည်။
"မနက်ဖြန်လူရိုးတို့အိမ်ကို လင်းခေးပြန်မဲ့အကြောင်းသွားပြောလိုက်ညီမ"
ပင်တိုင်ကိုယ်တိုင်ကလင်းခေးပြန်ဖို့အလိုရှိတော့ ဦးမိုးမြင့်လည်းထွေထွေထူးထူးပြောစရာမရှိတော့ပေ။
အခန်းထဲမှာပက်လက်လေးဖြင့်အိပ်မောကျနေသည့်ကလေးလေးက သူ့ကိုတောင်မစောင့်တော့ချေ။အိပ်မောကျနေလိုက်တာ လင်းခေးကလေးလေးနဖူးလေးကိုခပ်ဖွဖွနမ်းရှိုက်တာတောင် တစ်ရေးမှနိုးမလာခဲ့ပါ။
နှစ်ရက်ဆိုတဲ့အချိန်က မျက်စိတမှိတ်အတွင်းမှာဘဲရောက်လာခဲ့သလို လင်းခေအတွက်တော့အစစအရာရာ မြန်ဆန်နေခဲ့သည်။
အသင့်စောင့်ကြိုနေတဲ့ကားလေးခြံရှေ့မှာရပ်ထားပေမဲ့ သူ့ကိုဆွဲတားမဲ့လက်တစ်စုံတော့ လင်းခေးအတွက်ရှိမနေခဲ့ပါ။
သူကားပေါ်တက်တဲ့အချိန်အထိ လူကြီးတွေအစစအရာရာအသေးစိတ်မှာနေခဲ့ပေမဲ့ ပင်တိုင်ကတော့သူ့ကိုကြည့်ကာပြုံးလို့ပင်။
"ကိုကိုသွားတော့မှာ နှုတ်ဆက်လိုက်အုံးလေပင်တိုင်"
တစ်ချိန်ကသူထွက်မသွားဖို့ သူ့လက်ကိုဆွဲထားတဲ့လက်သေးသေးလေးက လင်းခေးကိုလက်ကလေးရမ်းပြနှုတ်ဆက်လို့သာ။
"မေမေ ပင်တိုင်သွားဆော့လို့ရပြီလား"
ဘယ်ချိန်စိတ်ပြောင်းမလဲမသိတဲ့ပင်တိုင့်စိတ်ကို ခန့်မှန်းလို့မရတာကြောင့် လင်းခေးပြန်သွားရင်ငိုမနေရအောင် ဒေါ်အေးသွယ်သွားတာဆော့ခိုင်းလိုက်၏။
"ဆော့ချင်ရင်သွားဆော့လေ"
ဒေါ်အေးသွယ်သဘောတူသည်နှင့် ပင်တိုင်နှစ်ခါတောင်မပြောရ။ဝမ်းသာအားရဖြင့် ပြေးသွားလိုက်တာ အနောက်ကိုတောင်တစ်ချက်မှပြန်မကြည့်ပေ။
ပြေးထွက်သွားတဲ့ပင်တိုင့်ကိုငေးကြည့်နေခဲ့တဲ့လင်းခေးလိုဘဲ ဦးမိုးမြင့်နဲ့ဒေါ်အေးသွယ်လည်း ဒီရက်ပိုင်းပင်တိုင်ထူးဆန်းနေတာကိုသတိတော့ပြုမိပါသည်။သို့သော် လင်းခေးအတွက်ကောပင်တိုင့်အတွက်ပါ ပင်တိုင်အရင်လိုတွယ်တာမနေတက်ခြင်းကကောင်းတာမို့ ဘာမှဝင်မပြောခဲ့ပေမဲ့ ကလေးတွေအနေစိမ်းသွားတာမြင်ရတော့လည်း စိတ်မကောင်းရပါ။
"ကဲကဲ သားတို့လည်းသွားစရာရှိတာသွားရမှာပေါ့၊ကျန်းမာရေးဂရုစိုက်နော်လင်းခေး"
"ဟုတ်ကဲ့မေမေလေး....၊ေမေမေလး ပင်တိုင့်ကိုတစ်ခုလောက်ပြောပေးပါလား"
"ပြောလေသား"
"ကျွန်တော် လူရိုးကိုသူ့အတွက်အမြဲစာထည့်ပေးလိုက်မယ်လို့ ပြောပေးပါ"
"သြော် အေးအေး"
လင်းခေးနှုတ်ဆက်ပြီးသည်နှင့် လူရိုးတို့ကားကိုမောင်းထွက်သွားလိုက်တာ တဖြည်းဖြည်းနဲ့ကားရဲ့အရိပ်အယောင်တောင်မမြင်ရတော့ပေ။ဒေါ်အေးသွယ်တို့လည်း မြင်ကွင်းထဲကကားပျောက်သွားကွယ်သွားမှ အိမ်ထဲသို့ဝင်သွားကြလေသည်။
"ဦးညို ဦးညို"
"ဟေ"
ဦးညိုဆေးရောင်းနေရင်းခေါ်သံကြားလို့ထူးလိုက်သော်လည်း ဆိုင်ထဲဝင်လာတဲ့ကလေးကိုတော့သေချာမကြည့်မိ၊ဆေးကိုသာရောင်းလက်စနဲ့ဆက်ရောင်းနေခဲ့၏။
"ဘယ်လောက်လဲဦးညို"
"ဆေးသုံးခွက်စာဆိုတော့၈၀၀ဘဲပေးပါ"
ဆေးလာဝယ်တဲ့သူပေးတဲ့ပိုက်ဆံလေးကို ဦးညိုအံ့ဆွဲထဲထည့်ပြီးမှ ဆိုင်အနောက်ခန်းသို့ဝင်လာခဲ့ရာ....
"ဦးညို့ ဟင့်...ဟင့်"
မျက်ရည်လေးတွေစိုရွှဲနေတဲ့ကလေးလေးက သူ့အားပြေးဖက်ကာ ရှိုက်ကြီးတငင်ငိုနေတော့သည်။
"ပင်တိုင် ဘာဖြစ်လာတာလဲသား၊အေးသွယ်ရိုက်လိုက်တာလား"
"ကိုကို ကိုကို...ဟင့် ဟင့်"
"ဟေ လင်းခေးရိုက်လိုက်တာလား"
"ကိုကိုပြန်ပြီဦးညိုရဲ့"
ရှိုက်ကြီးတငင်ငိုနေတဲ့ကလေးလေးကို ဦးညိုလည်းချော့ဖို့ခက်သည်။တစ်ခြားကလေးတွေဆိုမုန့်ကျွေးလျှင် အငိုတိတ်ပေမဲ့ သည်ကလေးလေးကမုန့်ကျွေးလျှင်လည်းအငိုတိတ်မည့်ကလေးမျိုးမဟုတ်။
ဦးညို ငိုနေတဲ့ကလေးလေးရဲ့ကျောပြင်လေးကိုသာအသာပုတ်၍.....
"လင်းခေးကိုသားကမတားဘူးလား"
"ဟင့်အင်း ပင်တိုင်တားရင်ကိုကိုကျောင်းမသွားရဘဲနေမှာပေါ့၊ပင်တိုင်မတားချင်ဘူး အဟင့် ဟင့်"
ကလေးကိုချော့ဖို့လုပ်လိုက်ပေမဲ့ ဦးညိုလည်းပြောစရာစကားကိုရှာမရတော့ပါ။သည်ကလေးလေးက လူကသာငယ်တယ်၊သိတက်ပြန်တော့လည်း ကလေးတစ်ယောက်ရဲ့အသိထက်ပိုသည်။
ငိုနေတဲ့ကလေးလေးအနားမှာ ငြိမ်ပေးနေယုံကလွဲလို့ဦးညိုတက်နိုင်တာလည်းမရှိတော့ချေ။
အချိန်ကာလတွေကြာလာတာနဲ့အမျှ လူတွေလဲပြောင်းလဲသာလာသလို စိတ်တွေလဲပြောင်းလဲနိုင်လာပြီ။အရင်ကလို ပင်တိုင်လည်းတစ်ခုခုဆိုဦးညိုဆီပြေးမငိုဖြစ်တော့ပါ။
ရံဖန်ရံခါလင်းခေးကိုသတိရပေမဲ့ လင်းခေးကိုတော့ပင်တိုင်မမျှော်ရဲ။မလာနိုင်တဲ့လူကိုမျှော်နေတာထက်စာလျှင် လုံးဝမမျှော်လင့်တာကတော်သေး၏။
"ဟဲ့ပင်တိုင်"
မနက်စောစောမျက်နှာသစ်ပြီးသည်နှင့် အိမ်အပြင်ထွက်ဖို့လုပ်နေတဲ့ပင်တိုင့်ကို မေမိုးမီးဖိုထဲကလှမ်းအော်လိုက်တာကြောင့် အိမ်အပြင်ထွက်မဲ့ပင်တိုင့်ခြေလှမ်းတွေရပ်တန့်သွား၏။
ကျောင်းပိတ်ရက်မို့ အားကိုးရမလားမှတ်တယ်၊အခုလည်း ပင်တိုင်ဘယ်သွားမလဲမသိပြန်။
"ဒါဘယ်လဲ"
"ကိုကြီးလူရိုးဆီသွားမလို့မမမိုးရဲ့ ဒီနေ့ကိုကို့ဆီကစာရောက်မှာလေ"
ဘာလိုလိုနဲ့လင်းခေးအိမ်ကထွက်သွားတာ ၇နှစ်နှစ်တောင်ရှိနေပြီဖြစ်သည်။ဒီနှစ်တွေအတွင်း ဦးမိုးမြင့်သာမြို့ကိုသွားသွားတွေ့ပေမဲ့ လင်းခေးနဲ့လူချင်းမတွေ့ရတာတောင်ကြာလှပြီ၊အခုဆိုပင်တိုင်သာ ၁၀တန်းကိုမျက်စိရှေ့တင်ရောက်လာတယ်၊လင်းခေးကတော့နွေရာသီပိတ်ရက်တွေလဲပြန်မလာခဲ့သလို ၁၀တန်းပြီးလို့တစ်နှစ်နားပြန်တော့လည်းပြန်မလာ။၁၀တန်းကိုဂုဏ်ထူး၄ဘာသာနဲ့ထူးထူးချွန်ချွန်အောင်သည့်အကြောင်း စာထဲမှာတွေ့ရသည်ကလွဲရင် အိမ်တောင်တစ်ချက်ကလေးပြန်မလာကြည့်တဲ့မောင်အကြောင်းတွေးမိရင် မေမိုးအလိုလိုဝမ်းနည်းမိသည်။
"မမမိုး ပင်တိုင်သွားမယ်နော်"
ယောင်းမကြီးကိုကိုင်ကာ မေမိုးဘာမှပြန်မပြောတော့ပင်တိုင်လည်းမစောင့်ချင်ဟန်တူပါသည်။
"အေးအေး စာယူပြီးချက်ချင်းပြန်ခဲ့နော်"
"ဟုတ်ကဲ့ပါဗျို့"
ဖိနပ်ကလေးကိုပျာသည့်ပျာတာဖြင့်စီးကာ အမြန်ပြေးထွက်သွားတဲ့ပင်တိုင့်ကိုလည်းမေမိုးသနားပါသည်။သူ့ခမျာ လူရိုးတို့ရွာပြန်ရောက်လို့လင်းခေးဆီကစာလေးတွေများ သွားယူရရင်အလိုလိုပျော်နေတက်တာ။ဒါနဲ့မပြီးသေး လူရိုးတို့မြို့ပြန်တက်မည်ဆိုလျှင်လည်း သူရေးထားတဲ့စာလေးတွေ လင်းခေးအတွက်လူရိုးကိုလူကြုံသွားပေးရတာအမော။
ပင်တိုင်ကကံဆိုးသည်။လင်းခေးတုန်းက၉တန်းကထဲက မြို့ကျောင်းသွားတက်ရပေမဲ့ ပင်တိုင်တို့အလှည့်ကျရွာကျောင်းကတိုးတက်ပြီး၁၀တန်းအထိဖွင့်လိုက်တယ်လေ။သူ့ခမျာ မြို့ကျောင်းသွားတက်ရင်လင်းခေးနဲ့ တွေ့ရမည့်မျှော်လင့်ချက်လေးလည်း ရွာကျောင်းကြီး၁၀တန်းအထိဖွင့်လိုက်တော့ ပျောက်ဆုံးပါလေကော။
ပါးစပ်ကထုတ်မပြောပေမဲ့ လင်းခေးဆီကစာလေးတွေလာရင် သူ့ဘာသာဖတ်ပြီးရယ်နေတက်သလို တစ်ခါတစ်ခါမျက်ရည်လေးတွေလည်နေလိုက်တာ သူဘယ်လောက်လွမ်းကြောင်းမြင်ယုံနဲ့သိနိုင်သည်။
နှစ်တွေကြာလာတာနဲ့အမျှ သူမတောင်လင်းခေးကိုဒီလောက်မျှော်နေတာ ပင်တိုင်သာဆိုလျှင်...
"ဘယ်လောက်လွမ်းနေလိုက်မလဲနော်"
"မေမိုးရေ ညှော်နံ့ရသလားလို့သမီး"
ညှော်နံ့ဆိုမှသတိရသည် စောစောကမေမိုး င်းအိုးကြီးတန်းလန်းထားပြီးထွက်လာခဲ့တာ ဒေါ်အေးသွယ်အော်ပြောမှဘဲ ခါးတူးနေတဲ့ညော်နံ့ကိုအနံ့ရတော့၏။
အနံ့ရရခြင်း မီးဖိုထဲပြေးဝင်ကာကြည့်လိုက်ပေမဲ့ ကြော်လက်စအရွက်တွေက ကောက်ရိုးမီးမြိုက်ထားသလိုဖြစ်နေပြီ။
"ကုန်ပါပြီမေမေလေးရယ်"
ပင်တိုင်မနက်စောစောသာထလာပေမဲ့ လူရိုးတို့ကနိုးမှနိုးပါ့မလားမသိ၊ခပ်သွက်သွက်လျှောက်နေတဲ့ခြေလှမ်းတွေက လူရိုးတို့အိမ်နားရောက်လေ ပိုသွက်လေဖြစ်နေခဲ့သည်။
"ဘယ်လဲပင်တိုင်"
ပင်တိုင်စာကိုအာရုံရောက်နေတာကြောင့် ဦးညိုကိုလည်းမတိမထားမိချေ။ဦးညိုလှမ်းအော်လိုက်မှ လူရိုးတို့အိမ်နားရောက်ခါနီးတွင် ပြန်လှည့်ကြည့်မိ၏။
"ကိုကို့ဆီကစာလာတယ်လေဦးညိုရဲ့"
"အေး ဟုတ္သားဘဲ"
"ပင်တိုင်သွားယူလိုက်အုံးမယ်နော်"
"အေးအေး"
နှစ်တွေပြောင်းလဲလာပေမဲ့ ဦးညိုဆေးဆိုင်လေးကတော့အရင်အတိုင်းဘဲဖြစ်သည်။ပြောင်းလဲသွားတာဆိုလို့ ဦးညိုကအသက်အရွယ်ရလာတော့အရင်လိုဆေးမရောင်းတော့ဘဲ မြို့ကဦးညိုတူတစ်ယောက် ရွာမှာဆေးခန်းလာဖွင့်ရင်းဆေးကူရောင်းနေတာဘဲရှိသည်။
"အရီးရေ ကိုကြီးလူရိုးရှိလား"
လူရိုးရဲ့မိခင်ကနားသိပ်မကောင်း၊အနီးကပ်ပြောရင်တောင်မကြားတာ ခုလည်းပင်တိုင်ခပ်လှမ်းလှမ်းကပြောတာကိုကြားပုံမရ။နွားစာစဉ်းရင်း "တေဟ ဟေ"နဲ့သာလုပ်နေလေသည်။
"ကိုကြီးလူရိုးရှိလားလို့ အရီးရဲ့"
"ငါအိမ်ပေါ်မှာပင်တိုင် တက်ခဲ့ဟ"
လူရိုးမိခင်အနားသွားပြီးကပ်ပြောပေမဲ့ သူမမဖြေခင်မှာဘဲ လူရိုးထအော်လိုက်တာကြောင့် ပင်တိုင်အိမ်ပေါ်သာတက်လာခဲ့သည်။
အိပ်ရာထဲကမထသေးတဲ့လူရိုးကတော့ ပင်တိုင့်အသံကြောင့်နိုးလာသည်လားမသိချေ။အိပ်ရာထဲကမထသေးဘဲ တုံးလုံးပက်လက်တွေလှည့်လို့သာ။
"မနက်စောစောကွာ မင်းကလဲ၊ငါလာပို့မှာပေါ့ဟ"
"မစောင့်နိုင်ဘူးဗျ ပင်တိုင်က၉နာရီဆို ဆရာလေးဆီသွားရတော့မှာ"
ဆရာလေးဆိုသူမှာ ဆရာလေးကိုသူရဘဲဖြစ်သည်။ပင်တိုင်က၁၀တန်းဆိုတော့ အရင်လိုပေါ့လို့မဖြစ်၊စာပြဖို့အတွက် ဆရာသီးသန့်တစ်ယောက်ငှားထားရသည်။ရွာမှာဆိုတော့ ကျူရှင်ရယ်ဘော်ဒါရယ်လဲမရှိတော့ ဆရာလေးကိုသူရကဘဲ ပင်တိုင့်အတွက်ဂိုက်ပြန်ပြပေးနေရခြင်းဖြစ်၏။
"စာကော စာ"
"ငါ့လွယ်အိတ်ထဲမှာယူလိုက်ကွာ ငါပြန်အိပ်လိုက်အုံးမယ် ငါ့အမေကိုဘာမှအော်ပြောမနေနဲ့အုံး"
"ဟုတ်ကဲ့"
လူရိုးတို့ကားကညဘက်နောက်ကျမှ ရွာကိုပြန်ရောက်သဖြင့်လူရိုးအိပ်ရေးမဝသည်ကခပ်များများ။ပင်တိုင် လူရိုးကိုအားနာပေမဲ့ အမြဲလည်းအိပ်ရေးမဝအောင်လုပ်မိနေသူကပင်တိုင်ဘဲဖြစ်သည်။
လူရိုးလွယ်အိတ်ထဲကစာကိုယူလာပြီး လူရိုးမွာသလို သူ့မိခင်ကိုပင်တိုင်နှုတ်ဆက်စကားတောင်တစ်ခွန်းမပြောဘဲ အိမ်ထဲကထွက်လာလိုက်၏။
ဦးညိုဆိုင်ထဲကိုပင်တိုင်ဝင််ဖို့လုပ်သေးပေမဲ့ ဆိုင်အပြင်ကကြည့်ရာ သူ့တူကိုဘဲမြင်ပြီးဦးညိုအရိပ်အယောင်တောင်မတွေ့တာမို့ ပင်တိုင်အိမ်ကိုဘဲပြန်လာတော့သည်။
လက်ထဲကစာကိုကြည့်ပြီး ပင်တိုင်ဘဲစိတ်လှုပ်ရှားနေလားမသိပါ။စာကိုဖွင့်ဖတ်ချင်ပါသည်ဆိုမှ ခပ်မြန်မြန်လျှောက်နေပေမဲ့ အိမ်ကိုရောက်ကိုမရောက်နိုင်တော့ချေ။
"ဟာ စိတ်မရှည်တော့ဘူး"
ပြောပြောဆိုဆိုဘဲ ပင်တိုင်လက်ထဲကစာအိတ်ထိပ်ကလေးကို'ဗြိ'ခနဲမြည်အောင်ဆွဲဖြဲလိုက်၏။
စာအိတ်ထဲမှာ ခေါက်ထားတဲ့ပန်းဆီရောင်စာရွက်ကလေးကို ပင်တိုင်တစ်ခေါက်ချင်းသေချာလှန်နေသလို မျက်လုံးကလဲရှေ့ကိုမကြည့်ဘဲ လမ်းလည်းလျှောက်နေသည်။
စာရွက်ပေါ်တွင် ဝိုင်းစက်နေတဲ့လက်ရေးလှလှလေးဖြင့်ရေးထားတဲ့စာတွေကိုမြင်လိုက်ချိန်.....
"ကိန် ဝုတ်...ဝုတ်...ဂါး"
"အား......"
လမ်းအလယ်မှာအိပ်ပျော်နေတဲ့ခွေးအမြှီးကို ပင်တိုင်မမြင်မစမ်းနဲ့တက်နင်းမိတဲ့အပြင် ခွေးကိုပါခလုတ်တိုက်ကာခွလိုက်မိ၏။
ခွေအမြှီးကိုတက်နင်းမိလို့ ခွေးလည်းအသားကုန်ဟောင်နေကာ ပင်တိုင်လည်းခွေးအားခွထားလျက်သားဖြင့် ဘယ်ဘက်ခြေသလုံးတဘက်ကခွေးကိုက်ထားတာကြောင့် နာကျင်၍ငယ်သံပါအောင်အော်နေတော့သည်။
"ဂါး ......"
"အား....."
ခွေးကလည်းပင်တိုင့်ခြေသလုံးကိုမလွှတ်ပေးသလို ပင်တိုင်လည်းအကူအညီတောင်းဖို့မေ့ကာ ခွေးကိုခွလျက်သားဖြင့်သာအော်နေခဲ့၏။
"ဟဲ့ခွေး ဟဲ့ခွေး"
ရွာလယ်လမ်းဘေးမှာရှိတဲ့အိမ်ထဲကလူတွေ ပင်တိုင့်အသံကြောင့်အိမ်ထဲကထွက်လာကြပြီးခွေးမောင်းပေးမှ ခွေးလည်းကိုက်ထားတဲ့ခြေသလုံးကိုလွှတ်ပြီး ခြေထောက်အောက်ကထွက်လေသည်။
ခွေးသူ့ခြေထောက်အောက်ကထွက်သည်နှင့် ပင်တိုင်လည်းမြေကြီးပေါ်ထိုင်လျက်သားကျကာ နာကျင်နေတဲ့ခြေထောက်ကိုအာရုံရောက်နေရာ လက်ထဲကစာကိုပင်မေ့လျော့စွာချလိုက်မိ၏။လက်ထဲကစာကလည်း သူဖွင့်ဖတ်တုန်းကဘဲသေသေသပ်သပ်ရှိနေခဲ့ရာ အခုတော့ခွေးကိုက်ခံရတဲ့နာကျင်မှုကြောင့်ယောင်ပြီးလုံးချေမိလိုက်တာ စက္ကူစုတ်ကလေးအတိုင်းပင်။
"ဝုတ်...ဝုတ်...ဝုတ်"
သည်ခွေးဘယ်လောက်တောင်အညိုးကြီးသည််မသိ ရွာသားတွေအနားသို့လာနေကျသည်အထိတောင် ပင်တိုင်နဲ့ခပ်လှမ်းလှမ်းမှာရပ်ကာဟောင်နေသေးသည်။
"ဟဲ့ခွေး ဟဲ့ခွေး"
ထပ်မံကပ်လာတဲ့ခွေးကြောင့် ပင်တိုင်ထပ်အကိုက်ခံရတော့မည်ထင်လိုက်ပေမဲ့ ရွာသားတွေမောင်းပေးလို့ခွေးကထွက်သွားလေသည်။
"ဟဲ့ပင်တိုင် ဘာဖြစ်သွားသေးလဲ"
ခြေသလုံးအထက်ခွေးသွားရာကြီးထင်းနေပြီး သွားရာမှသွေးများစီးကျနေတဲ့ခြေထောက်ကိုကြည့်ပြီးပင်တိုင်ပြောမည်ကြံရာ...
"ခြေထောက်ပေါက်....နေအုံး ကျွန်တော့်စာကော"
အခုမှလက်ထဲကချလိုက်တဲ့စာကို ဘေးဘီပတ်ကြည့်တော့စာကမရှိတော့ချေ။
"စောစောကစက္ကူစုတ်လုံးလုံးလေးကိုပြောတာလား"
"ဟုတ်တယ် ဟုတ်တယ် အဲ့စာကောအမ"
"ခွေးချီသွားတယ်လေ ငါတို့လည်းမင်းကိုထပ်ကိုက်မယ်ထင်လို့မောင်းလိုက်တာ"
"ဟာ ဒီခွေးငါနဲ့တွေ့မယ် မိလို့ကတော့တွေ့ကြပြီပေါ့ကွာ၊မင်းဘဲကိုက်နိုင်မလား ငါဘဲကိုက်နိုင်မလားတွေ့ကြသေးတာပေါ့"
ခြေထောက်ကခွေးကိုက်အရာကိုတောင် ပင်တိုင်ဂရုမစိုက်နိုင်တော့ပါ။လူအုပ်ကြားထဲက ကမန်းကတန်းဖြင့်ထပြေးကာ ရွာလယ်လမ်းအတိုင်းပြေးသွားတဲ့ခွေးနောက်သို့ အသားကုန်လိုက်တော့၏။
ပင်တိုင့်စိတ်ကဘဲအလောကြီးနေလို့လားမသိ ခွေးကအပြေးသန်ပေမဲ့ အနောက်ကပြေးလိုက်လာတဲ့ပင်တိုင်ကလည်းမခေ။ခွေးကိုမိဖို့သိပ်တောင်မလိုတော့ပေ။
"ဟဲ့ခွေး ရပ်စမ်း"
့ဆူညံတွေကြောင့်ဦးညိုဆိုင်ထဲက ထွက်ကြည့်တော့မြင်ကွင်းကလှတော့လှပမနေ။ပါးစပ်ကလဲဘာမှန်းမသိကိုက်ထားတဲ့ခွေးနောက်ကို ပင်တိုင်ဓားပြလိုက်တိုက်နေသည့်အတိုင်း ပုဆိုးဆလွယ်တိုင်းကာလိုက်နေပါလေရော။
"အို့ အို့ အို့ အို့"
အနားမှာရှိတဲ့ထန်းလျက်တစ်လုံးကိုယူကာ ခွေးကိုခေါ်လိုက်တော့ခွေးကဦးညိုဆီအမြှီးလေးရမ်းကာပြေးလာသလို ပင်တိုင်လည်းခွေးနောက်အမောတကောပြေးလိုက်လာသည်။
အနားရောက်တော့ လက်ထဲကထန်းလျက်ကိုတံတွေးဆွတ်ပြီးချပေးရာ ခွေးကကိုက်ထားတဲ့စာရွက်ကိုချကာ ထန်းလျက်အားပြောင်းကိုက်နေလေသည်။
"ဟင်း ဟင်း ဟင်း အဲ့ခွေးအဲ့ခွေး"
ခွေးကိုလက်ညိုးထိုးပြနေတဲ့ပင်တိုင့်ကို ခွေးပါးစပ်ထဲကချလိုက်တဲ့စက္ကူလုံးလေးကိုထည့်ပေးတော့ ပင်တိုင်မျက်လုံးအပြူးသားနဲ့ခွေးအားစိုက်ကြည့်ကာ တရူးရူးနဲ့ဒေါသထွက်နေလေသည်။
လက်ထဲကစက္ကူလုံးကြည့်ပြီး ပင်တိုင်ဒေါသထွက်လည်းထွက်ချင်စရာ။စက္ကူလုံးကခွေးသရေတွေနဲ့ပေကျံပြီးရစရာမရှိအောင် ညစ်ပတ်နေရဲ့လေ။
သိပ်မကြာလိုက်ပါ စက္ကူလုံးကိုကြည့်နေတဲ့ပင်တိုင့်အကြည့်တွေက ခွေးဆီသို့တစ်ဖန်အကြည့်ရောက်သွားပြီး....
"ဒီခွေး ဒီခွေးကိုကျွန်တော်ကိုက်မှာ"
"ဟေ့ ဟေ့ပင်တိုင် ဟော်ဒုက္ခဘဲဟေ"
ပင်တိုင်ခွေးဆီသို့အပြေး ခွေးလည်းအလန့်တကြားဖြင့်သူ့အားလန့်ကာပြေးလေသည်။ဦးညိုသာဆွဲမထားရင် ပင်တိုင်အခုဆိုခွေးနောက်လိုက်နေလောက်ပြီ။
"ပင်တိုင့်စာလေး သွားပါပြီ သွားပါပြီဦးညိုရယ်၊စာလေး ဟင့် ဟင့် ခြေထောက်ကလဲနာလိုက်တာဗျာ"
တရှုံ့ရှုံ့နဲ့ငိုနေတဲ့ပင်တိုင် လက်ထဲကစက္ကူလုံးကြောင့်ငိုနေသည်လား ခြေထောက်ကအနာကြောင့်ငိုနေသည်လားမသဲကွဲပါ။သေချာတာတော့ နှစ်ခုလုံးကြောင့်အထိနာနေတဲ့ပုံ။
"လာလာ ဆေးထည့်ပြီးဆေးထိုးရအောင်၊ခွေးကိုက်ခံရတာကလဲ ပေါ့လို့မရဘူး၊ငါ့တူရေ ပင်တိုင့်ဒဏ်ရာကိုကြည့်ပေးလိုက်ပါအုံးကွာ"
ဦးညိုကဆေးသာရောင်းတက်တာ ဒဏ်ရာတော့မကြည့်တက်။ပင်တိုင့်ဒဏ်ရာကို သူ့တူနဲ့ဘဲလွှဲထားတာ အသင့်တော်ဆုံးဖြစ်သည်။
ခွေးကိုက်ခံရတာတော့ကျွန်မပါ။
(Zawgyi )
"ကိုကိုကမျပန္ေသးဘူးလား"
လူစံုလင္ေနတဲ့ထမင္းဝိုင္းေလးမွာ ညစာစားေနၾကရင္းပင္တိုင္ထေျပာလိုက္တဲ့စကားေၾကာင့္ လင္းေခးထမင္းစားရင္း ပင္တိုင့္ကိုၿပံဳးၾကည့္လိုက္၏။
ထမင္းကိုငံု႔စားေနတဲ့ကေလးေလးကေတာ့ သူ႔ကိုေတာင္တစ္ခ်က္ျပန္မၾကည့္။
"မျပန္ပါဘူး ကိုကိုကပင္တိုင္နဲ႔ေနအံုးမွာ"
"ကိုကိုနဲ႔မေနခ်င္ပါဘူး ပင္တိုင္ေက်ာင္းတက္ရအံုးမွာ၊ေမေမကေက်ာင္းတက္ရင္ ပင္တိုင့္ကိုမုန္႔ဖိုးေတြအမ်ားႀကီးေပးမွာ ကိုကိုနဲ႔ေဆာ့ေနရင္ပင္တိုင္မုန္႔ဖိုးေတြဘယ္ရမလဲ"
သူမရွိရင္မေနတက္တဲ့ကေလးေလးက ေပါ့ေပါ့ပါးပါးဘဲထမင္းကိုပလုတ္ပေလာင္းစားကာေျပာေနသည္မွာ ထူးဆန္းလွ၏။လူႀကီးေတြတစ္ခုခုေျပာထားလို႔မ်ား ပင္တိုင္ထိုသို႔ေျပာသည္လားေျပာရေအာင္လည္း လူႀကီးေတြေတာင္ပင္တိုင့္ကိုၾကည့္ၿပီးအံ့ၾသေနသည့္ပံု။
ပင္တိုင္သူ႔ကိုေနာက္မ်ားေနာက္ေနသည္လားသိရေအာင္...
"ကိုကိုျပန္ရင္ ပင္တိုင္ကေနနိုင္လို႔လား"
"အြန္း"
"ပင္တိုင္ထပ္ဖ်ားရင္ ကိုကိုဒီတစ္ခါျပန္မလာေတာ့ဘူးေနာ္"
"ပင္တိုင္ထပ္မဖ်ားေတာ့ပါဘူး ကိုကိုလည္းျပန္မလာရေတာ့ဘူး"
ထမင္းစားေနရာမွ ပင္တိုင္ရုတ္တရက္ရပ္သြားကာ ထမင္းဝိုင္းမွအရင္ထလိုက္၏။
"ပင္တိုင္ဝၿပီေမေမ"
လက္ေဆးဇလံုထဲ လက္ကေလးနႈိက္ေဆးၿပီးအိမ္အေပၚခုန္ေပါက္တက္သြားသည့္ကေလးေလးပံုစံမွာ ပင္တိုင္မွဟုတ္ရဲ႕လားေတာင္ထင္မွတ္ရသည္။
လင္းေခးထမင္းလည္းစားမဝင္ေတာ့ပါ။တစ္ျခားလူတစ္ေယာက္လိုျဖစ္ေနတဲ့ပင္တိုင့္ကိုျမင္တာနဲ႔ စားလက္စထမင္းကိုဆက္စားခ်င္စိတ္မရွိေတာ့ေပ။
မ်က္နွာမၾကည္မသာျဖစ္ေနတဲ့လင္းေခးအရိပ္အေျခအေနကို ေဒၚေအးသြယ္တို႔အကဲခတ္ေနရင္း....
"ဟုတ္သားဘဲ ေက်ာင္းေတြေတာင္ျပန္ဖြင့္ေတာ့မွာဘဲ၊ဒီကေလး အေမဆီကမုန္႔ဖိုးက်အမွတ္ရတယ္ၾကည့္စမ္း"
တိုင္ပင္မထားဘဲ ပင္တိုင့္စကားကိုေဒၚေအးသြယ္ေထာက္ခံလိုက္မိသည္။
ထို႔ေနာက္ဦးမိုးျမင့္မွအစခ်ီကာ လင္းေခးျပန္မည့္အေၾကာင္းခပ္တည္တည္ျဖင့္သာေမးလိုက္၏။
"သားေကာဘယ္ေတာ့ျပန္မွာလဲလင္းေခး"
"ဒီတစ္ပတ္ထဲဘဲျပန္ေတာ့မယ္ ပင္တိုင္မွကြၽန္ေတာ့္ကိုမလိုတာ"
ေလသံမာမာျဖင့္မေျပာေပမဲ့ လင္းေခးစကားကခပ္ျပတ္ျပတ္သာ။ထို႔ေနာက္ ေမးတာေျဖၿပီးလင္းေခးစားလက္စထမင္းပန္းကန္ကိုထားခဲ့ကာ အိမ္အေပၚသို႔တက္သြားေလသည္။
"မနက္ျဖန္လူရိုးတို႔အိမ္ကို လင္းေခးျပန္မဲ့အေၾကာင္းသြားေျပာလိုက္ညီမ"
ပင္တိုင္ကိုယ္တိုင္ကလင္းေခးျပန္ဖို႔အလိုရွိေတာ့ ဦးမိုးျမင့္လည္းေထြေထြထူးထူးေျပာစရာမရွိေတာ့ေပ။
အခန္းထဲမွာပက္လက္ေလးျဖင့္အိပ္ေမာက်ေနသည့္ကေလးေလးက သူ႔ကိုေတာင္မေစာင့္ေတာ့ေခ်။အိပ္ေမာက်ေနလိုက္တာ လင္းေခးကေလးေလးနဖူးေလးကိုခပ္ဖြဖြနမ္းရႈိက္တာေတာင္ တစ္ေရးမွနိုးမလာခဲ့ပါ။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
နွစ္ရက္ဆိုတဲ့အခ်ိန္က မ်က္စိတမွိတ္အတြင္းမွာဘဲေရာက္လာခဲ့သလို လင္းေခအတြက္ေတာ့အစစအရာရာ ျမန္ဆန္ေနခဲ့သည္။
အသင့္ေစာင့္ႀကိဳေနတဲ့ကားေလးၿခံေရွ႕မွာရပ္ထားေပမဲ့ သူ႔ကိုဆြဲတားမဲ့လက္တစ္စံုေတာ့ လင္းေခးအတြက္ရွိမေနခဲ့ပါ။
သူကားေပၚတက္တဲ့အခ်ိန္အထိ လူႀကီးေတြအစစအရာရာအေသးစိတ္မွာေနခဲ့ေပမဲ့ ပင္တိုင္ကေတာ့သူ႔ကိုၾကည့္ကာၿပံဳးလို႔ပင္။
"ကိုကိုသြားေတာ့မွာ နႈတ္ဆက္လိုက္အံုးေလပင္တိုင္"
တစ္ခ်ိန္ကသူထြက္မသြားဖို႔ သူ႔လက္ကိုဆြဲထားတဲ့လက္ေသးေသးေလးက လင္းေခးကိုလက္ကေလးရမ္းျပနႈတ္ဆက္လို႔သာ။
"ေမေမ ပင္တိုင္သြားေဆာ့လို႔ရၿပီလား"
ဘယ္ခ်ိန္စိတ္ေျပာင္းမလဲမသိတဲ့ပင္တိုင့္စိတ္ကို ခန္႔မွန္းလို႔မရတာေၾကာင့္ လင္းေခးျပန္သြားရင္ငိုမေနရေအာင္ ေဒၚေအးသြယ္သြားတာေဆာ့ခိုင္းလိုက္၏။
"ေဆာ့ခ်င္ရင္သြားေဆာ့ေလ"
ေဒၚေအးသြယ္သေဘာတူသည္နွင့္ ပင္တိုင္နွစ္ခါေတာင္မေျပာရ။ဝမ္းသာအားရျဖင့္ ေျပးသြားလိုက္တာ အေနာက္ကိုေတာင္တစ္ခ်က္မွျပန္မၾကည့္ေပ။
ေျပးထြက္သြားတဲ့ပင္တိုင့္ကိုေငးၾကည့္ေနခဲ့တဲ့လင္းေခးလိုဘဲ ဦးမိုးျမင့္နဲ႔ေဒၚေအးသြယ္လည္း ဒီရက္ပိုင္းပင္တိုင္ထူးဆန္းေနတာကိုသတိေတာ့ျပဳမိပါသည္။သို႔ေသာ္ လင္းေခးအတြက္ေကာပင္တိုင့္အတြက္ပါ ပင္တိုင္အရင္လိုတြယ္တာမေနတက္ျခင္းကေကာင္းတာမို႔ ဘာမွဝင္မေျပာခဲ့ေပမဲ့ ကေလးေတြအေနစိမ္းသြားတာျမင္ရေတာ့လည္း စိတ္မေကာင္းရပါ။
"ကဲကဲ သားတို႔လည္းသြားစရာရွိတာသြားရမွာေပါ့၊က်န္းမာေရးဂရုစိုက္ေနာ္လင္းေခး"
"ဟုတ္ကဲ့ေမေမေလး....၊ေမေမေလး ပင္တိုင့္ကိုတစ္ခုေလာက္ေျပာေပးပါလား"
"ေျပာေလသား"
"ကြၽန္ေတာ္ လူရိုးကိုသူ႔အတြက္အၿမဲစာထည့္ေပးလိုက္မယ္လို႔ ေျပာေပးပါ"
"ေၾသာ္ ေအးေအး"
လင္းေခးနႈတ္ဆက္ၿပီးသည္နွင့္ လူရိုးတို႔ကားကိုေမာင္းထြက္သြားလိုက္တာ တျဖည္းျဖည္းနဲ႔ကားရဲ႕အရိပ္အေယာင္ေတာင္မျမင္ရေတာ့ေပ။ေဒၚေအးသြယ္တို႔လည္း ျမင္ကြင္းထဲကကားေပ်ာက္သြားကြယ္သြားမွ အိမ္ထဲသို႔ဝင္သြားၾကေလသည္။
"ဦးညိဳ ဦးညိဳ"
"ေဟ"
ဦးညိဳေဆးေရာင္းေနရင္းေခၚသံၾကားလို႔ထူးလိုက္ေသာ္လည္း ဆိုင္ထဲဝင္လာတဲ့ကေလးကိုေတာ့ေသခ်ာမၾကည့္မိ၊ေဆးကိုသာေရာင္းလက္စနဲ႔ဆက္ေရာင္းေနခဲ့၏။
"ဘယ္ေလာက္လဲဦးညိဳ"
"ေဆးသံုးခြက္စာဆိုေတာ့၈၀၀ဘဲေပးပါ"
ေဆးလာဝယ္တဲ့သူေပးတဲ့ပိုက္ဆံေလးကို ဦးညိဳအံ့ဆြဲထဲထည့္ၿပီးမွ ဆိုင္အေနာက္ခန္းသို႔ဝင္လာခဲ့ရာ....
"ဦးညိဳ႕ ဟင့္...ဟင့္"
မ်က္ရည္ေလးေတြစိုရႊဲေနတဲ့ကေလးေလးက သူ႔အားေျပးဖက္ကာ ရႈိက္ႀကီးတငင္ငိုေနေတာ့သည္။
"ပင္တိုင္ ဘာျဖစ္လာတာလဲသား၊ေအးသြယ္ရိုက္လိုက္တာလား"
"ကိုကို ကိုကို...ဟင့္ ဟင့္"
"ေဟ လင္းေခးရိုက္လိုက္တာလား"
"ကိုကိုျပန္ၿပီဦးညိဳရဲ႕"
ရႈိက္ႀကီးတငင္ငိုေနတဲ့ကေလးေလးကို ဦးညိဳလည္းေခ်ာ့ဖို႔ခက္သည္။တစ္ျခားကေလးေတြဆိုမုန္႔ေကြၽးလ်ွင္ အငိုတိတ္ေပမဲ့ သည္ကေလးေလးကမုန္႔ေကြၽးလ်ွင္လည္းအငိုတိတ္မည့္ကေလးမ်ိဳးမဟုတ္။
ဦးညိဳ ငိုေနတဲ့ကေလးေလးရဲ႕ေက်ာျပင္ေလးကိုသာအသာပုတ္၍.....
"လင္းေခးကိုသားကမတားဘူးလား"
"ဟင့္အင္း ပင္တိုင္တားရင္ကိုကိုေက်ာင္းမသြားရဘဲေနမွာေပါ့၊ပင္တိုင္မတားခ်င္ဘူး အဟင့္ ဟင့္"
ကေလးကိုေခ်ာ့ဖို႔လုပ္လိုက္ေပမဲ့ ဦးညိဳလည္းေျပာစရာစကားကိုရွာမရေတာ့ပါ။သည္ကေလးေလးက လူကသာငယ္တယ္၊သိတက္ျပန္ေတာ့လည္း ကေလးတစ္ေယာက္ရဲ႕အသိထက္ပိုသည္။
ငိုေနတဲ့ကေလးေလးအနားမွာ ၿငိမ္ေပးေနယံုကလြဲလို႔ဦးညိဳတက္နိုင္တာလည္းမရွိေတာ့ေခ်။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
အခ်ိန္ကာလေတြၾကာလာတာနဲ႔အမ်ွ လူေတြလဲေျပာင္းလဲသာလာသလို စိတ္ေတြလဲေျပာင္းလဲနိုင္လာၿပီ။အရင္ကလို ပင္တိုင္လည္းတစ္ခုခုဆိုဦးညိဳဆီေျပးမငိုျဖစ္ေတာ့ပါ။
ရံဖန္ရံခါလင္းေခးကိုသတိရေပမဲ့ လင္းေခးကိုေတာ့ပင္တိုင္မေမ်ွာ္ရဲ။မလာနိုင္တဲ့လူကိုေမ်ွာ္ေနတာထက္စာလ်ွင္ လံုးဝမေမ်ွာ္လင့္တာကေတာ္ေသး၏။
"ဟဲ့ပင္တိုင္"
မနက္ေစာေစာမ်က္နွာသစ္ၿပီးသည္နွင့္ အိမ္အျပင္ထြက္ဖို႔လုပ္ေနတဲ့ပင္တိုင့္ကို ေမမိုးမီးဖိုထဲကလွမ္းေအာ္လိုက္တာေၾကာင့္ အိမ္အျပင္ထြက္မဲ့ပင္တိုင့္ေျခလွမ္းေတြရပ္တန္႔သြား၏။
ေက်ာင္းပိတ္ရက္မို႔ အားကိုးရမလားမွတ္တယ္၊အခုလည္း ပင္တိုင္ဘယ္သြားမလဲမသိျပန္။
"ဒါဘယ္လဲ"
"ကိုႀကီးလူရိုးဆီသြားမလို႔မမမိုးရဲ႕ ဒီေန႔ကိုကို႔ဆီကစာေရာက္မွာေလ"
ဘာလိုလိုနဲ႔လင္းေခးအိမ္ကထြက္သြားတာ ၇နွစ္နွစ္ေတာင္ရွိေနၿပီျဖစ္သည္။ဒီနွစ္ေတြအတြင္း ဦးမိုးျမင့္သာၿမိဳ႕ကိုသြားသြားေတြ႕ေပမဲ့ လင္းေခးနဲ႔လူခ်င္းမေတြ႕ရတာေတာင္ၾကာလွၿပီ၊အခုဆိုပင္တိုင္သာ ၁၀တန္းကိုမ်က္စိေရွ႕တင္ေရာက္လာတယ္၊လင္းေခးကေတာ့ေႏြရာသီပိတ္ရက္ေတြလဲျပန္မလာခဲ့သလို ၁၀တန္းၿပီးလို႔တစ္နွစ္နားျပန္ေတာ့လည္းျပန္မလာ။၁၀တန္းကိုဂုဏ္ထူး၄ဘာသာနဲ႔ထူးထူးခြၽန္ခြၽန္ေအာင္သည့္အေၾကာင္း စာထဲမွာေတြ႕ရသည္ကလြဲရင္ အိမ္ေတာင္တစ္ခ်က္ကေလးျပန္မလာၾကည့္တဲ့ေမာင္အေၾကာင္းေတြးမိရင္ ေမမိုးအလိုလိုဝမ္းနည္းမိသည္။
"မမမိုး ပင္တိုင္သြားမယ္ေနာ္"
ေယာင္းမႀကီးကိုကိုင္ကာ ေမမိုးဘာမွျပန္မေျပာေတာ့ပင္တိုင္လည္းမေစာင့္ခ်င္ဟန္တူပါသည္။
"ေအးေအး စာယူၿပီးခ်က္ခ်င္းျပန္ခဲ့ေနာ္"
"ဟုတ္ကဲ့ပါဗ်ိဳ႕"
ဖိနပ္ကေလးကိုပ်ာသည့္ပ်ာတာျဖင့္စီးကာ အျမန္ေျပးထြက္သြားတဲ့ပင္တိုင့္ကိုလည္းေမမိုးသနားပါသည္။သူ႔ခမ်ာ လူရိုးတို႔႐ြာျပန္ေရာက္လို႔လင္းေခးဆီကစာေလးေတြမ်ား သြားယူရရင္အလိုလိုေပ်ာ္ေနတက္တာ။ဒါနဲ႔မၿပီးေသး လူရိုးတို႔ၿမိဳ႕ျပန္တက္မည္ဆိုလ်ွင္လည္း သူေရးထားတဲ့စာေလးေတြ လင္းေခးအတြက္လူရိုးကိုလူႀကံဳသြားေပးရတာအေမာ။
ပင္တိုင္ကကံဆိုးသည္။လင္းေခးတုန္းက၉တန္းကထဲက ၿမိဳ႕ေက်ာင္းသြားတက္ရေပမဲ့ ပင္တိုင္တို႔အလွည့္က်႐ြာေက်ာင္းကတိုးတက္ၿပီး၁၀တန္းအထိဖြင့္လိုက္တယ္ေလ။သူ႔ခမ်ာ ၿမိဳ႕ေက်ာင္းသြားတက္ရင္လင္းေခးနဲ႔ ေတြ႕ရမည့္ေမ်ွာ္လင့္ခ်က္ေလးလည္း ႐ြာေက်ာင္းႀကီး၁၀တန္းအထိဖြင့္လိုက္ေတာ့ ေပ်ာက္ဆံုးပါေလေကာ။
ပါးစပ္ကထုတ္မေျပာေပမဲ့ လင္းေခးဆီကစာေလးေတြလာရင္ သူ႔ဘာသာဖတ္ၿပီးရယ္ေနတက္သလို တစ္ခါတစ္ခါမ်က္ရည္ေလးေတြလည္ေနလိုက္တာ သူဘယ္ေလာက္လြမ္းေၾကာင္းျမင္ယံုနဲ႔သိနိုင္သည္။
နွစ္ေတြၾကာလာတာနဲ႔အမ်ွ သူမေတာင္လင္းေခးကိုဒီေလာက္ေမ်ွာ္ေနတာ ပင္တိုင္သာဆိုလ်ွင္...
"ဘယ္ေလာက္လြမ္းေနလိုက္မလဲေနာ္"
"ေမမိုးေရ ေညႇာ္နံ႔ရသလားလို႔သမီး"
ေညႇာ္နံ႔ဆိုမွသတိရသည္ ေစာေစာကေမမိုး င္းအိုးႀကီးတန္းလန္းထားၿပီးထြက္လာခဲ့တာ ေဒၚေအးသြယ္ေအာ္ေျပာမွဘဲ ခါးတူးေနတဲ့ေညာ္နံ႔ကိုအနံ႔ရေတာ့၏။
အနံ႔ရရျခင္း မီးဖိုထဲေျပးဝင္ကာၾကည့္လိုက္ေပမဲ့ ေၾကာ္လက္စအ႐ြက္ေတြက ေကာက္ရိုးမီးၿမိဳက္ထားသလိုျဖစ္ေနၿပီ။
"ကုန္ပါၿပီေမေမေလးရယ္"
ပင္တိုင္မနက္ေစာေစာသာထလာေပမဲ့ လူရိုးတို႔ကနိုးမွနိုးပါ့မလားမသိ၊ခပ္သြက္သြက္ေလ်ွာက္ေနတဲ့ေျခလွမ္းေတြက လူရိုးတို႔အိမ္နားေရာက္ေလ ပိုသြက္ေလျဖစ္ေနခဲ့သည္။
"ဘယ္လဲပင္တိုင္"
ပင္တိုင္စာကိုအာရံုေရာက္ေနတာေၾကာင့္ ဦးညိဳကိုလည္းမတိမထားမိေခ်။ဦးညိဳလွမ္းေအာ္လိုက္မွ လူရိုးတို႔အိမ္နားေရာက္ခါနီးတြင္ ျပန္လွည့္ၾကည့္မိ၏။
"ကိုကို႔ဆီကစာလာတယ္ေလဦးညိဳရဲ႕"
"ေအး ဟုတ္သားဘဲ"
"ပင္တိုင္သြားယူလိုက္အံုးမယ္ေနာ္"
"ေအးေအး"
နွစ္ေတြေျပာင္းလဲလာေပမဲ့ ဦးညိဳေဆးဆိုင္ေလးကေတာ့အရင္အတိုင္းဘဲျဖစ္သည္။ေျပာင္းလဲသြားတာဆိုလို႔ ဦးညိဳကအသက္အ႐ြယ္ရလာေတာ့အရင္လိုေဆးမေရာင္းေတာ့ဘဲ ၿမိဳ႕ကဦးညိဳတူတစ္ေယာက္ ႐ြာမွာေဆးခန္းလာဖြင့္ရင္းေဆးကူေရာင္းေနတာဘဲရွိသည္။
"အရီးေရ ကိုႀကီးလူရိုးရွိလား"
လူရိုးရဲ႕မိခင္ကနားသိပ္မေကာင္း၊အနီးကပ္ေျပာရင္ေတာင္မၾကားတာ ခုလည္းပင္တိုင္ခပ္လွမ္းလွမ္းကေျပာတာကိုၾကားပံုမရ။ႏြားစာစဥ္းရင္း "တေဟ ေဟ"နဲ႔သာလုပ္ေနေလသည္။
"ကိုႀကီးလူရိုးရွိလားလို႔ အရီးရဲ႕"
"ငါအိမ္ေပၚမွာပင္တိုင္ တက္ခဲ့ဟ"
လူရိုးမိခင္အနားသြားၿပီးကပ္ေျပာေပမဲ့ သူမမေျဖခင္မွာဘဲ လူရိုးထေအာ္လိုက္တာေၾကာင့္ ပင္တိုင္အိမ္ေပၚသာတက္လာခဲ့သည္။
အိပ္ရာထဲကမထေသးတဲ့လူရိုးကေတာ့ ပင္တိုင့္အသံေၾကာင့္နိုးလာသည္လားမသိေခ်။အိပ္ရာထဲကမထေသးဘဲ တံုးလံုးပက္လက္ေတြလွည့္လို႔သာ။
"မနက္ေစာေစာကြာ မင္းကလဲ၊ငါလာပို႔မွာေပါ့ဟ"
"မေစာင့္နိုင္ဘူးဗ် ပင္တိုင္က၉နာရီဆို ဆရာေလးဆီသြားရေတာ့မွာ"
ဆရာေလးဆိုသူမွာ ဆရာေလးကိုသူရဘဲျဖစ္သည္။ပင္တိုင္က၁၀တန္းဆိုေတာ့ အရင္လိုေပါ့လို႔မျဖစ္၊စာျပဖို႔အတြက္ ဆရာသီးသန္႔တစ္ေယာက္ငွားထားရသည္။႐ြာမွာဆိုေတာ့ က်ဴရွင္ရယ္ေဘာ္ဒါရယ္လဲမရွိေတာ့ ဆရာေလးကိုသူရကဘဲ ပင္တိုင့္အတြက္ဂိုက္ျပန္ျပေပးေနရျခင္းျဖစ္၏။
"စာေကာ စာ"
"ငါ့လြယ္အိတ္ထဲမွာယူလိုက္ကြာ ငါျပန္အိပ္လိုက္အံုးမယ္ ငါ့အေမကိုဘာမွေအာ္ေျပာမေနနဲ႔အံုး"
"ဟုတ္ကဲ့"
လူရိုးတို႔ကားကညဘက္ေနာက္က်မွ ႐ြာကိုျပန္ေရာက္သျဖင့္လူရိုးအိပ္ေရးမဝသည္ကခပ္မ်ားမ်ား။ပင္တိုင္ လူရိုးကိုအားနာေပမဲ့ အၿမဲလည္းအိပ္ေရးမဝေအာင္လုပ္မိေနသူကပင္တိုင္ဘဲျဖစ္သည္။
လူရိုးလြယ္အိတ္ထဲကစာကိုယူလာၿပီး လူရိုးမွာသလို သူ႔မိခင္ကိုပင္တိုင္နႈတ္ဆက္စကားေတာင္တစ္ခြန္းမေျပာဘဲ အိမ္ထဲကထြက္လာလိုက္၏။
ဦးညိဳဆိုင္ထဲကိုပင္တိုင္ဝင္္ဖို႔လုပ္ေသးေပမဲ့ ဆိုင္အျပင္ကၾကည့္ရာ သူ႔တူကိုဘဲျမင္ၿပီးဦးညိဳအရိပ္အေယာင္ေတာင္မေတြ႕တာမို႔ ပင္တိုင္အိမ္ကိုဘဲျပန္လာေတာ့သည္။
လက္ထဲကစာကိုၾကည့္ၿပီး ပင္တိုင္ဘဲစိတ္လႈပ္ရွားေနလားမသိပါ။စာကိုဖြင့္ဖတ္ခ်င္ပါသည္ဆိုမွ ခပ္ျမန္ျမန္ေလ်ွာက္ေနေပမဲ့ အိမ္ကိုေရာက္ကိုမေရာက္နိုင္ေတာ့ေခ်။
"ဟာ စိတ္မရွည္ေတာ့ဘူး"
ေျပာေျပာဆိုဆိုဘဲ ပင္တိုင္လက္ထဲကစာအိတ္ထိပ္ကေလးကို'ၿဗိ'ခနဲျမည္ေအာင္ဆြဲၿဖဲလိုက္၏။
စာအိတ္ထဲမွာ ေခါက္ထားတဲ့ပန္းဆီေရာင္စာ႐ြက္ကေလးကို ပင္တိုင္တစ္ေခါက္ခ်င္းေသခ်ာလွန္ေနသလို မ်က္လံုးကလဲေရွ႕ကိုမၾကည့္ဘဲ လမ္းလည္းေလ်ွာက္ေနသည္။
စာ႐ြက္ေပၚတြင္ ဝိုင္းစက္ေနတဲ့လက္ေရးလွလွေလးျဖင့္ေရးထားတဲ့စာေတြကိုျမင္လိုက္ခ်ိန္.....
"ကိန္ ဝုတ္...ဝုတ္...ဂါး"
"အား......"
လမ္းအလယ္မွာအိပ္ေပ်ာ္ေနတဲ့ေခြးအျမႇီးကို ပင္တိုင္မျမင္မစမ္းနဲ႔တက္နင္းမိတဲ့အျပင္ ေခြးကိုပါခလုတ္တိုက္ကာခြလိုက္မိ၏။
ေခြအျမႇီးကိုတက္နင္းမိလို႔ ေခြးလည္းအသားကုန္ေဟာင္ေနကာ ပင္တိုင္လည္းေခြးအားခြထားလ်က္သားျဖင့္ ဘယ္ဘက္ေျခသလံုးတဘက္ကေခြးကိုက္ထားတာေၾကာင့္ နာက်င္၍ငယ္သံပါေအာင္ေအာ္ေနေတာ့သည္။
"ဂါး ......"
"အား....."
ေခြးကလည္းပင္တိုင့္ေျခသလံုးကိုမလႊတ္ေပးသလို ပင္တိုင္လည္းအကူအညီေတာင္းဖို႔ေမ့ကာ ေခြးကိုခြလ်က္သားျဖင့္သာေအာ္ေနခဲ့၏။
"ဟဲ့ေခြး ဟဲ့ေခြး"
႐ြာလယ္လမ္းေဘးမွာရွိတဲ့အိမ္ထဲကလူေတြ ပင္တိုင့္အသံေၾကာင့္အိမ္ထဲကထြက္လာၾကၿပီးေခြးေမာင္းေပးမွ ေခြးလည္းကိုက္ထားတဲ့ေျခသလံုးကိုလႊတ္ၿပီး ေျခေထာက္ေအာက္ကထြက္ေလသည္။
ေခြးသူ႔ေျခေထာက္ေအာက္ကထြက္သည္နွင့္ ပင္တိုင္လည္းေျမႀကီးေပၚထိုင္လ်က္သားက်ကာ နာက်င္ေနတဲ့ေျခေထာက္ကိုအာရံုေရာက္ေနရာ လက္ထဲကစာကိုပင္ေမ့ေလ်ာ့စြာခ်လိုက္မိ၏။လက္ထဲကစာကလည္း သူဖြင့္ဖတ္တုန္းကဘဲေသေသသပ္သပ္ရွိေနခဲ့ရာ အခုေတာ့ေခြးကိုက္ခံရတဲ့နာက်င္မႈေၾကာင့္ေယာင္ၿပီးလံုးေခ်မိလိုက္တာ စကၠဴစုတ္ကေလးအတိုင္းပင္။
"ဝုတ္...ဝုတ္...ဝုတ္"
သည္ေခြးဘယ္ေလာက္ေတာင္အညိဳးႀကီးသည္္မသိ ႐ြာသားေတြအနားသို႔လာေနက်သည္အထိေတာင္ ပင္တိုင္နဲ႔ခပ္လွမ္းလွမ္းမွာရပ္ကာေဟာင္ေနေသးသည္။
"ဟဲ့ေခြး ဟဲ့ေခြး"
ထပ္မံကပ္လာတဲ့ေခြးေၾကာင့္ ပင္တိုင္ထပ္အကိုက္ခံရေတာ့မည္ထင္လိုက္ေပမဲ့ ႐ြာသားေတြေမာင္းေပးလို႔ေခြးကထြက္သြားေလသည္။
"ဟဲ့ပင္တိုင္ ဘာျဖစ္သြားေသးလဲ"
ေျခသလံုးအထက္ေခြးသြားရာႀကီးထင္းေနၿပီး သြားရာမွေသြးမ်ားစီးက်ေနတဲ့ေျခေထာက္ကိုၾကည့္ၿပီးပင္တိုင္ေျပာမည္ႀကံရာ...
"ေျခေထာက္ေပါက္....ေနအံုး ကြၽန္ေတာ့္စာေကာ"
အခုမွလက္ထဲကခ်လိုက္တဲ့စာကို ေဘးဘီပတ္ၾကည့္ေတာ့စာကမရွိေတာ့ေခ်။
"ေစာေစာကစကၠဴစုတ္လံုးလံုးေလးကိုေျပာတာလား"
"ဟုတ္တယ္ ဟုတ္တယ္ အဲ့စာေကာအမ"
"ေခြးခ်ီသြားတယ္ေလ ငါတို႔လည္းမင္းကိုထပ္ကိုက္မယ္ထင္လို႔ေမာင္းလိုက္တာ"
"ဟာ ဒီေခြးငါနဲ႔ေတြ႕မယ္ မိလို႔ကေတာ့ေတြ႕ၾကၿပီေပါ့ကြာ၊မင္းဘဲကိုက္နိုင္မလား ငါဘဲကိုက္နိုင္မလားေတြ႕ၾကေသးတာေပါ့"
ေျခေထာက္ကေခြးကိုက္အရာကိုေတာင္ ပင္တိုင္ဂရုမစိုက္နိုင္ေတာ့ပါ။လူအုပ္ၾကားထဲက ကမန္းကတန္းျဖင့္ထေျပးကာ ႐ြာလယ္လမ္းအတိုင္းေျပးသြားတဲ့ေခြးေနာက္သို႔ အသားကုန္လိုက္ေတာ့၏။
ပင္တိုင့္စိတ္ကဘဲအေလာႀကီးေနလို႔လားမသိ ေခြးကအေျပးသန္ေပမဲ့ အေနာက္ကေျပးလိုက္လာတဲ့ပင္တိုင္ကလည္းမေခ။ေခြးကိုမိဖို႔သိပ္ေတာင္မလိုေတာ့ေပ။
"ဟဲ့ေခြး ရပ္စမ္း"
့ဆူညံေတြေၾကာင့္ဦးညိဳဆိုင္ထဲက ထြက္ၾကည့္ေတာ့ျမင္ကြင္းကလွေတာ့လွပမေန။ပါးစပ္ကလဲဘာမွန္းမသိကိုက္ထားတဲ့ေခြးေနာက္ကို ပင္တိုင္ဓားျပလိုက္တိုက္ေနသည့္အတိုင္း ပုဆိုးဆလြယ္တိုင္းကာလိုက္ေနပါေလေရာ။
"အို႔ အို႔ အို႔ အို႔"
အနားမွာရွိတဲ့ထန္းလ်က္တစ္လံုးကိုယူကာ ေခြးကိုေခၚလိုက္ေတာ့ေခြးကဦးညိဳဆီအျမႇီးေလးရမ္းကာေျပးလာသလို ပင္တိုင္လည္းေခြးေနာက္အေမာတေကာေျပးလိုက္လာသည္။
အနားေရာက္ေတာ့ လက္ထဲကထန္းလ်က္ကိုတံေတြးဆြတ္ၿပီးခ်ေပးရာ ေခြးကကိုက္ထားတဲ့စာ႐ြက္ကိုခ်ကာ ထန္းလ်က္အားေျပာင္းကိုက္ေနေလသည္။
"ဟင္း ဟင္း ဟင္း အဲ့ေခြးအဲ့ေခြး"
ေခြးကိုလက္ညိဳးထိုးျပေနတဲ့ပင္တိုင့္ကို ေခြးပါးစပ္ထဲကခ်လိုက္တဲ့စကၠဴလံုးေလးကိုထည့္ေပးေတာ့ ပင္တိုင္မ်က္လံုးအျပဴးသားနဲ႔ေခြးအားစိုက္ၾကည့္ကာ တရူးရူးနဲ႔ေဒါသထြက္ေနေလသည္။
လက္ထဲကစကၠဴလံုးၾကည့္ၿပီး ပင္တိုင္ေဒါသထြက္လည္းထြက္ခ်င္စရာ။စကၠဴလံုးကေခြးသေရေတြနဲ႔ေပက်ံၿပီးရစရာမရွိေအာင္ ညစ္ပတ္ေနရဲ႕ေလ။
သိပ္မၾကာလိုက္ပါ စကၠဴလံုးကိုၾကည့္ေနတဲ့ပင္တိုင့္အၾကည့္ေတြက ေခြးဆီသို႔တစ္ဖန္အၾကည့္ေရာက္သြားၿပီး....
"ဒီေခြး ဒီေခြးကိုကြၽန္ေတာ္ကိုက္မွာ"
"ေဟ့ ေဟ့ပင္တိုင္ ေဟာ္ဒုကၡဘဲေဟ"
ပင္တိုင္ေခြးဆီသို႔အေျပး ေခြးလည္းအလန္႔တၾကားျဖင့္သူ႔အားလန္႔ကာေျပးေလသည္။ဦးညိဳသာဆြဲမထားရင္ ပင္တိုင္အခုဆိုေခြးေနာက္လိုက္ေနေလာက္ၿပီ။
"ပင္တိုင့္စာေလး သြားပါၿပီ သြားပါၿပီဦးညိဳရယ္၊စာေလး ဟင့္ ဟင့္ ေျခေထာက္ကလဲနာလိုက္တာဗ်ာ"
တရႈံ႕ရႈံ႕နဲ႔ငိုေနတဲ့ပင္တိုင္ လက္ထဲကစကၠဴလံုးေၾကာင့္ငိုေနသည္လား ေျခေထာက္ကအနာေၾကာင့္ငိုေနသည္လားမသဲကြဲပါ။ေသခ်ာတာေတာ့ နွစ္ခုလံုးေၾကာင့္အထိနာေနတဲ့ပံု။
"လာလာ ေဆးထည့္ၿပီးေဆးထိုးရေအာင္၊ေခြးကိုက္ခံရတာကလဲ ေပါ့လို႔မရဘူး၊ငါ့တူေရ ပင္တိုင့္ဒဏ္ရာကိုၾကည့္ေပးလိုက္ပါအံုးကြာ"
ဦးညိဳကေဆးသာေရာင္းတက္တာ ဒဏ္ရာေတာ့မၾကည့္တက္။ပင္တိုင့္ဒဏ္ရာကို သူ႔တူနဲ႔ဘဲလႊဲထားတာ အသင့္ေတာ္ဆံုးျဖစ္သည္။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
🥴🥴🥴ေခြးကိုက္ခံရတာေတာ့ကြၽန္မပါ။