စစ်ဧကရာဇ် လီကွမ်ရီ ( Book 2...

By Azure5549

13.2K 490 0

Review မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immo... More

991 - 995
996 - 1000
1001 - 1005
1006 - 1010
1011 - 1015
1016 - 1020
1021 - 1025
1026 - 1030
1031 - 1035
1036 - 1040
1041 - 1045
1046 - 1050
1051 - 1055
1056 - 1060
1061 - 1065
1066 - 1070
1071 - 1075
1076 - 1080
1081 - 1085
1086 - 1090
1091 - 1095
1096 - 1100
1101 - 1105
1106 - 1110
1111 - 1115
1116 - 1120
1121 - 1125
1126 - 1130
1131 - 1135
1136 - 1140
1141 - 1145
1146 - 1150
1151 - 1155
1156 - 1160
1161 - 1165
1166 - 1170
1171 - 1175
1176 - 1180
1181 - 1185
1186 - 1190
1191 - 1195
1196 - 1200
1201 - 1205
1206 - 1210
1211 - 1215
1216 - 1220
1221 - 1225
1226 - 1230
1231 - 1235
1236 - 1240
1241 - 1245
1246 - 1250
1251 - 1255
1256 - 1260
1261 - 1265
1266 - 1270
1271 - 1275
1276 - 1280
1281 - 1285
1286 - 1290
1291 - 1295
1296 - 1300
1301 - 1305
1306 - 1310
1311 - 1315
1316 - 1320
1321 - 1325
1326 - 1330
1331 - 1335
1336 - 1340
1341 - 1345
1346 - 1350
1351 - 1355
1356 - 1360
1361 - 1365
1366 - 1370
1371 - 1375
1376 - 1380
1381 - 1385
1386 - 1390
1391 - 1395
1396 - 1400
1401 - 1405
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
1406 - 1410
1411 - 1415
1416 - 1420
1421 - 1425
1431 - 1435
1436 - 1440
1441 - 1445
1446 - 1450
1451 - 1455
1456 - 1460
1461 - 1465
1466 - 1470
1471 - 1475
1476 - 1480
1481 - 1485
1486 - 1490
1491 - 1495
1496 - 1500
1501 - 1505
1506 - 1510
1511 - 1515
1516 - 1520
1521 - 1525
1526 - 1530
1531 - 1535
1536 - 1540
1541 - 1545
1546 - 1550
1551 - 1555
အထက်ဘုံ အောက်ဘုံရဲ့ကွာခြားချက်
1556 - 1560
1561 - 1565
1566 - 1570
1571 - 1575
1576 - 1580
1581 - 1585
1586 - 1590
1591 - 1595
1596 - 1600
1601 - 1605
1606 - 1610
1611 - 1615
1616 - 1620
1621 - 1625
1626 - 1630
1631 - 1635
1636 - 1640
1641 - 1645
1646 - 1650
1651 - 1655
1656 - 1660
1661 - 1665
1666 - 1670
1671 - 1675
1676 - 1680
1681 - 1685
1686 - 1690
Ch 1691 - 1695
Ch 1696 - 1700

1426 - 1430

73 2 0
By Azure5549

စစ်ဧကရာဇ်(Chapter:1426)
(နတ်ဘုရားသုတ်သင်ခြင်းတာအို)
.............................................
     မှတ်ဉာဏ်ပင်လယ်အတွင်း ဝင်ကြည့်ခံလိုက်ရ၍ စစ်မာယွီကျန့်၏တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရ၏။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထူးခြားသည့် ခံစားချက်တစ်ခု ရရှိနေခြင်းပင်။ မှတ်ဉာဏ်ပင်လယ်ကို ကာကွယ်ထားသည့် ချိပ်စည်းပျက်သွား၍ သူမ၏စိတ်ထဲ အဝတ်မပါသလို ခံစားနေရသည်။ သူမ၏ မမြင်သင့်၊ မမြင်အပ်သည့် အရာရာတိုင်းကို လီကွမ်ရီက အထင်းသားမြင်နေရသည့်ဟု ခံစားနေခ​ဲ့ရသည်။

     လုပ်ကြံသတ်ဖြတ်သူတွေ မဆိုထားနှင့် သာမန်ကျင့်ကြံသူတွေပင် အခြားတစ်ယောက်ကို မိမိ၏ မှတ်ဉာဏ်ပင်လယ်အတွင်း ဝင်ကြည့်ခွင့်မပြုကြပေ။ ဤသည်မှာ ကျင့်ကြံသူတိုင်းအတွက် အတင်းကျပ်ဆုံး စည်းမျဥ်းတစ်ခုဖြစ်သည်။ လက်ရှိအချိန်၌ သူမသည် ရုန်းကန်ချင်သော်လည်း အရာမထင်ပေ။ မီးပုံအတွင်း အတင်းတိုးဝင်သည့် ပိုးဖလံတစ်ကောင်အလား လီကွမ်ရီ၏ စေစားရာအတိုင်း ပြုမူနေခဲ့ရသည်။

     ယခုအချိန်၌ လီကွမ်ရီသည် သူမနှင့်ပတ်သက်သည့် အရာအားလုံးကို မြင်နေရသည်။ ထို့ကြောင့် စိတ်ထဲ အနည်းငယ် ရှက်ရွံ့နေမိသည်။

     အချိန်အနည်းငယ် ကြာသည်အထိ ကြည့်ရှုပြီးနောက် လီကွမ်ရီက စစ်မာယွီကျန့်ကို ပြန်လွတ်ပေးလိုက်သည်။ ထိုအခါမှသာ စစ်မာယွီကျန့်သည် မူလစိတ်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်ခြင်းများစွာဖြင့် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်သည်။ မျက်လုံးတွေကလည်း တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

     "နင် ... နင် ... နတ်ဆိုးနည်းစနစ်တွေကို လေ့ကျင့်ထားတာလား ..."စစ်မာယွီကျန့်၏အသံက တုန်တုန်ရင်ရင်ဖြင့် ထွက်လာခဲ့သည်။ လုပ်ကြံသူတစ်ယောက် ဖြစ်သည်နှင့်အညီ သူမ၏ တာအိုနှလုံးသည် လွန်စွာ ခိုင်မာသည်။ အရာရာတိုင်းကို သွေးအေးစွာဖြင့် ရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့သော် ယခုအချိန်ကိုမူ ခြွင်းချက်ထဲ ထည့်ရပေလိမ့်မည်။ လီကွမ်ရီသည် သူမ၏ မှတ်ဉာဏ်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်သာမက လျှို့ဝှက်ချက်တွေကိုပါ ကြည့်ရှုနိုင်ခဲ့သည်။

     ပုံမှန်အားဖြင့် ချိတ်စည်းတံဆိပ်က ပေါက်ကွဲပြီး လီကွမ်ရီ၏ ကြိုးစားမှုကို ဖျက်ဆီးပစ်သင့်သည်။ သို့သော် ဖြစ်မလာပေ။ ကံမကောင်းစွာပဲ လီကွမ်ရီကို ဟန့်တားခြင်းပင် မလုပ်ခဲ့ချေ။ ယင်းမှာ အတော်လေး ထိတ်လန့်ဖွယ်ကောင်းလှ၏။ သူမ၏ မှတ်ဉာဏ်ပင်လယ်စည်း ကျိုးပျက်ခြင်းသည် နတ်ဘုရားသုတ်သင်ခြင်းတာအို၏ နည်းစနစ်တွေရှိနေသော အဆောက်အဦတစ်ခု၏ တံခါးကျိုးပျက်သွားခြင်းနှင့် မခြားပေ။

      "အခုဟာကမှ နတ်ဘုရားသုတ်သင်ခြင်းတာအိုအစစ်ပါ ..."လီကွမ်ရီက ထိတ်လန့်တုန်လှုပ်နေသည့် စစ်မာယွီကျန့်ကို ပြုံး၍ကြည့်လိုက်သည်။
     "တာအိုအပေါ် မင်းရဲ့ခံယူချက်တွေက လွဲမှားနေတယ် ... လုပ်ကြံသတ်ဖြတ်တဲ့ နည်းစနစ်တစ်ခုဆိုပေမယ့် စိတ်ခံစားချက်မပါတ​ဲ့ စက်ယန္တယားရုပ်တွေလို မလုပ်ရဘူးလေ ... မင်းရဲ့ဆရာက ဒီအချက်ကို နားမလည်ဘူးထင်တယ် ... ဒါကြောင့်လည်း နတ်ဘုရားသုတ်သင်ခြင်းတာအိုနဲ့ ပတ်သက်တ​ဲ့ မင်းရဲ့အသိအမြင်တွေက နိမ့်ကျနေတာ ..."

     စစ်မာယွီကျန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လီကွမ်ရီကို အလန့်တကြားကြည့်သည်။ တစ်ချိန်ထဲမှာ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့၏။ မျက်လုံးအတွင်းမှ အလင်းရောင်တွေ တဖျပ်ဖျပ် လင်းလက်လာခဲ့ပြီး နှလုံးသားတစ်ခုလုံးလည်း ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။

     စစ်မာယွီကျန့်သည် ပိုင်ကျန့်ကျန်းနှင့် မတူပေ။ ပိုင်ကျန့်ကျန်းက အကြင်နာမဲ့ဓားတာအိုကို ငယ်စဥ်ကတည်းက လေ့လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ ရေခဲတမျှ အေးစက်သော အမူအရာနှင့် အမူအကျင့်တွေက သဘာကျပြီး ကိုယ်တိုင်လည်း လူသတ်ဖို့ဖြစ်တည်နေသည့် ဓားတစ်ချောင်းနှင့် သဏ္ဍာန်တူသည်။

     စစ်မာယွီကျန့်မှာမူ ခံစားချက်မရှိသူ မဟုတ်ပေ။ ပိုင်ကျန့်ကျန်းလို အကြင်နာမရှိသူတစ်ဦးအဖြစ် မွေးလာခဲ့ခြင်းမဟုတ်ပေ။ ဆက်ခံသူနေရာအတွက် ယှဥ်ပြိုင်ချိန်၌ ဂိုဏ်းတူမောင်လေးကို ရှုံးနိမ့်ပြီးနောက်မှသာ နတ်ဘုရားသုတ်သင်ခြင်းတာအိုကို စတင်ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှသာ ခံစားချက်ကင်းမ​ဲ့သည့် ရေခဲလူသားတစ်ယောက်အသွင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

     ယခုတော့ သူမ၏စိတ်ခံစားချက်တွေက ငယ်စဥ်အချိန်ကလို ပြန်ဖြစ်သွားခဲ့သည်။ စိတ်နှလုံးထဲ၌ ကိုယ့်ကိုယ်ကိုယ် လူသတ်သမားတစ်ယောက် မဟုတ်တော့သည့်အလား ခံစားနေခဲ့ရသည်။

     လီကွမ်ရီက စိတ်ရှုပ်ထွေးနေသည့် စစ်မာယွီကျန့်ကို ပြုံး၍ကြည့်လိုက်သည်။
     "နတ်ဘုရားသုတ်သင်ခြင်းတာအိုကို ရက်စက်တဲ့နည်းစနစ်တစ်ခုလို့ လူတိုင်းက တွေးကြလိမ့်မယ် ... ဒါပေမယ့် အဲ့ဒီလို မဟုတ်ပါဘူး ... ဒီတာအိုကို ကျင့်ကြံဖို့အတွက်န​ဲ့ စိတ်ခံစားချက်တွေကို ပြောင်းပစ်ဖို့မလိုဘူး ... ဒီနည်းစနစ်တွေကို လက်နက်တစ်ခုအဖြစ်သဘောထားကြည့်ပါ ... လက်နက်တစ်ခုကို ကိုင်တွယ်အသုံးပြုဖို့ဆိုရင် လူသားတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေ ရှိနေမှပဲ အကောင်းဆုံး ထိန်းချုပ်နိုင်မှာလေ ..."

     စစ်မာယွီကျန့်က တစ်ခုခုပြောဖို့ပြင်သည်။ သို့သော် အဆုံး၌ တိတ်တဆိတ်နေဖို့ရန်သာ ရွေးချယ်လိုက်သည်။

     "မင်း ဘာပြောချင်နေသလဲဆိုတာကို ငါသိတယ် ..."လီကွမ်ရီက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ...
     "​ကြေးစားတစ်ယောက်က စိတ်ခံစားချက်တွေ မရှိသင့်ဘူးလို့ တွေးနေတာမဟုတ်လား ... ဒါက လူတိုင်းယုံကြည်ထားတဲ့ အယူအဆအမှားတစ်ခုပါ ..."

     "လုပ်ကြံသတ်ဖြတ်တဲ့အချိန်မှာ စိတ်ခံစားချက်တွေ ရှိနေတာက မကောင်းဘူးဆိုပေမယ့် ခံစားချက်မရှိအောင် လေ့ကျင့်တဲ့အထိတော့ မလုပ်ရဘူးလေ ... အလုပ်လုပ်နေတဲ့ အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ ခံစားချက်နဲ့ နေထိုင်သင့်တယ် ... ဒါမှ ကျင့်ကြံတဲ့နေရာမှာ အဆင်ပြေမှာပေါ့ ..."

     စစ်မာယွီကျန့်က တစ်ခွန်းမှဝင်မပြောဘဲ တိတ်တဆိတ်သာ နားထောင်နေခဲ့သည်။

     လီကွမ်ရီကလည်း သူ၏စကားကို စစ်မာယွီကျန့်တစ်ယောက် စိတ်ဝင်စားခြင်းရှိမရှိ အကဲခတ်ကြည့်သည်။ အမှန်တကယ် စိတ်ဝင်စားနေသည်ကို တွေ့ရှိပြီးနောက် ကျေနပ်သွားခဲ့ပြီး ပြုံး၍ဆက်ပြောသည်။
     "နတ်ဘုရားသုတ်သင်သူများအဖွဲ့ထဲကို ဝင်ပြီးတာနဲ့ မင်းက အမှောင်ထုထဲမှာပဲနေပြီး လှုပ်ရှားရမှာ မှန်ပါတယ် ... ဒါပေမယ့် မင်းရဲ့ဘဝတစ်ခုလုံးကို အမှောင်ချပစ်ဖို့ မလိုဘူးလေ ... အဲ့ဒီအမှောင်ထုထဲကနေ မင်းဘဝရဲ့ ကိုယ်ပိုင်အလင်းကို ရှာဖွေသင့်တာပေါ့ ..."

     စစ်မာယွီကျန့်က အချိန်အနည်းငယ် တိတ်ဆိတ်နေခဲ့သည်။ ပြီးမှ သူမ၏ နှုတ်ခမ်းများကို ငြင်သာစွာ လှုပ်ရှားလိုက်ပြီး ...
     "အလင်းဆိုတာက ဘာလဲ ..."

     "မင်းကို မေးမယ် ... နတ်ဘုရားသုတ်သင်သူများအဖွဲ့ရဲ့ ဆက်ခံသူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခံစားချက်မရှိသူအဖြစ် စတေးဖြစ်ဖို့လိုသလား ... မင်းရဲ့အလုပ်က သတ်ဖြတ်ဖို့တစ်ခုပဲလား ... ပျော်စရာတွေရှာပြီး မင်းဘဝရဲ့ ကိုယ်ပိုင်အလင်းကို ရှာသင့်တယ်မဟုတ်လား ..."

     စစ်မာယွီကျန့်မှာ နှုတ်ဆိတ်နေမိသည်။ တစ်ခုခု ပြန်​ပြောချင်သော်လည်း စကားလုံးရှာမတွေ့ခဲ့ချေ။

     "မင်းရဲ့ ဂိုဏ်းတူမောင်လေးကို အနိုင်ယူချင်စိတ်၊ သူ့ထက်သာကြောင်း ပြချင်စိတ်ကြောင့် ဂိုဏ်းကနေ ထွက်လာခဲ့တာမဟုတ်လား ... ဒါက မင်းရဲ့ကိုယ်ပိုင်ဘဝအလင်းကို ရှာချင်တာနဲ့ အတူတူပဲလေ ..."

     ထိုစကားက စစ်မာယွီကျန့်၏ စိတ်နှလုံးကို ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေခဲ့သည်။ အမှန်ပင် သူမသည် ဂိုဏ်းတူမောင်လေးထက် သာလွန်ကြောင်း ပြသလိုခဲ့သည်။ သို့သော် နတ်ဘုရားသုတ်သင်ခြင်းတာအိုကို စတင်ကျင့်ကြံပြီးနောက် သူမ၏စိတ်က များစွာပြောင်းလဲသွားခဲ့သည်။ သတ်ဖြတ်ခြင်းဟူသည့် စိတ်ခံစားချက်မှလွဲ၍ အခြားဘာမှ မရှိတော့ပေ။ ထိုအချိန်မှစပြီး သူမသည် ရေခဲရုပ်တုတစ်ခုအလား ဖြစ်လာခဲ့ရသည်။

     "မင်းရဲ့လုပ်ရပ်တွေက အဓိပ္ပာယ်မရှိဘူး ..."လီကွမ်ရီက ခေါင်းကို လေးလေးပင်ပင် ခါယမ်းလိုက်သည်။
     "မင်းရဲ့ဂိုဏ်းတူမောင်လေးကို သတ်ဖို့ပဲဖြစ်ဖြစ်၊ သူ့ထက်သာလွန်ချင်လို့ပဲဖြစ်ဖြစ် ... အဲ့ဒီရည်ရွယ်ချက်နှစ်ခုနဲ့ နတ်ဘုရားသုတ်သင်ခြင်းတာအိုကို ကျင့်ကြံတာဆိုရင်တော့ အများကြီးမှားသွားပြီ၊ ဒီရည်ရွယ်ချက်နဲ့ဆိုရင် မင်းရဲ့အတွင်းနတ်ဆိုးကို ​ခြေဖျက်နိုင်မှာမဟုတ်ဘူး ... ပြီးတော့ နဂါးဓားကိုလည်း ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး ..."

     "ငါ ..."စစ်မာယွီကျန့်က ပြန်ပြောဖို့ပြင်သည်။ သို့သော် စကားလုံးတွေ ထွက်မလာခဲ့ချေ။ သူမ၏စိတ်ထဲ၌ မရေမတွက်နိုင်သော စကားလုံးများစွာ ရှိနေသော်လည်း မည်သည့်နေရာမှ အစချီရမှန်းမသိ ဖြစ်နေခဲ့ရသည်။

     "မင်းရဲ့ ဆရာက အစွမ်းကုန်ကြိုးစားပြီး မင်းကို သင်ပေးခဲ့ပုံရတယ်၊ ဒါပေမယ့် မင်းကို လမ်းမှန်ရောက်အောင်တော့ မလုပ်ပေးနိုင်ခဲ့ဘူး ..."လီကွမ်ရီက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
     "သူက နည်းစနစ်တွေကိုပဲ သင်ပေးခဲ့တယ်၊ တာအိုရဲ့ အနှစ်သာရကို မသင်ပေးနိုင်ခဲ့ဘူး ... သူက ဆရာကောင်းတစ်ယောက်လို့ ပြောလို့ရပေမယ့် ထူးချွန်သူတော့ မဖြစ်နိုင်ဘူး ..."

     "ငါ့ဆရာကို မစော်ကားနဲ့ ..."ချက်ချင်းပင် စစ်မာယွီကျန့်၏ အေးတိအေးစက်အသံ ထွက်လာခဲ့သည်။

     "အမှန်အတိုင်းပြောနေတာလေ ..."လီကွမ်ရီက ပြုံး၍ဆက်ပြောသည်။
     "နတ်ဘုရားသုတ်သင်ခြင်းတာအိုက လူသတ်နည်းစနစ်တစ်ခု မဟုတ်ဘူး၊ ဒါက မြင့်မြတ်တဲ့ တာအိုတစ်ခုပါ ..."

     လီကွမ်ရီက စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက်ရှင်းပြနေခဲ့သည်။
     "မြင့်မြတ်တဲ့တာအိုတစ်ခုကို ကျင့်ကြံမယ်ဆိုရင် ကိုယ့်ရဲ့တာအိုနှလုံးသားနဲ့ လိုက်လျောညီထွေဖြစ်အောင် ပေါင်းစပ်နိုင်ဖို့လိုတယ် ... လူသတ်တဲ့နစ်စနစ်တစ်ခုလို့ပဲ သဘောထားနေရင်တော့ ဘာမှတိုးတက်လာမှာ မဟုတ်ဘူး ... အချိန်ကြာလာရင် မင်းကိုယ်တိုင်တောင် တာအိုနှလုံးသားမရှိသူတစ်ယောက် ဖြစ်သွားနိုင်တယ်လေ ..."

     "လူတွေကပြောကြတယ် ... ကျင့်ကြံခြင်းလမ်းကြောင်းက ရက်စက်ပြီး အကြင်နာတရားမရှိဘူးတဲ့ ... မှန်ပါတယ်၊ ဒီလမ်းကြောင်းက ရက်စက်ကြမ်းတမ်းတယ် ... ဒါပေမယ့် ကျင့်ကြံသူတွေကတော့ အကြင်နာတရားမရှိ၊ ခံစားချက်မရှိတဲ့သူအဖြစ် နေထိုင်လို့မရဘူးလေ ... လမ်းကြောင်းကလမ်းကြောင်း၊ လူကလူပဲ ... သီးခြားစီခွဲမြင်စမ်းပါ ..."

     "ပြီးတော့ လုပ်ကြံသတ်ဖြတ်တဲ့ တာအိုတစ်ခုက အခြားတာအိုတွေနဲ့ မတူဘူး ... အထွတ်အထိပ်ကိုရောက်လေလေ မင်းထက်အားကောင်းသူတွေကိုတောင် သတ်ပစ်နိုင်လေပဲ ... ဒါကြောင့် စနစ်တကျလေ့ကျင့်ဖို့လိုတယ် ... လူသတ်တဲ့နည်းစနစ်တစ်ခုလောက်ပ​ဲ သဘောထားနေလို့မရဘူး ..."

     လီကွမ်ရီက စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေခဲ့သည်။ သူသည် တပည့်လက်ခံဖို့ စိတ်ကူးမရှိပေ။ သို့သော် စစ်မာယွီကျန့်သည် နတ်ဘုရားသုတ်သင်သူများအဖွဲ့၏ မျိုးဆက်သစ်တစ်ဦးဖြစ်နေ၍ လစ်လျူမရှုထားနိုင်ပေ။ နတ်ဘုရားသုတ်သင်သူများအဖွဲ့သည် သူ့အပေါ် သစ္စာစောင့်သိခဲ့ဖူးသည်။ ထို့ကြောင့် တတ်နိုင်သမျှ ကူညီရပေမည်။

     လီကွမ်ရီက လေးနက်သောအမူအရာဖြင့် ဆက်ပြောသည်။
     "နတ်ဘုရားသုတ်သင်ခြင်းတာအိုရဲ့ အထွတ်အထိပ်ကိုရောက်ချင်ရင် ခံစားချက်မရှိသူတစ်ယောက်လို ဆက်မနေပါနဲ့ ... ပြီးတော့ မင်းရဲ့ဂိုဏ်းတူမောင်လေးထက် သာချင်စိတ်တစ်ခုထဲနဲ့ မကျင့်ကြံပါနဲ့ ... မြင့်မြတ်တဲ့တာအိုတစ်ခုကို ကျင့်ကြံနေတယ်ဆိုတာ သိထားပါ ... ဒီလိုဆို တစ်နေ့ အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ် ..."
                        ***

စစ်ဧကရာဇ်(Chapter:1427)
(ထာဝရတံခါးဂိုဏ်း)
...........................
     လီကွမ်ရီ၏ စကားတွေကို နားထောင်ပြီးနောက် စစ်မာယွီကျန့်သည် အတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည်။ တာအိုအပေါ် နားလည်ထားသော သူမ၏ အသိဉာဏ်တံခါးကို လီကွမ်ရီက ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။

     တကယ်တော့ ယ​ဲ့ရှောင်ရှောင်းလည်း လီကွမ်ရီ၏ ရှင်းပြချက်များကို စိတ်လိုလက်ရ နားထောင်နေခဲ့သည်။ လီကွမ်ရီ၏ စကားတွေထဲ၌ သူမအတွက် အသစ်အဆန်းများစွာ ပါသည်။ ချက်ချင်းလိုလိုပင် ယဲ့ရှောင်ရှောင်းက လီကွမ်ရီအနီးတိုးသွားပြီး ပခုံးပုတ်ကာပြောသည်။
     "ဘဝင်ရူးကောင်၊ အရင်တုန်းက နင်လည်း ကြေးစားလူသတ်သမားတစ်ယောက်လား ..."

     ယဲ့ရှောင်ရှောင်း၏ မေးခွန်းကြောင့် လီကွမ်ရီက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
     "ဘာလို့လဲ ... ကိုယ်တိုင်မလုပ်ဖူးရင် ဒီအကြောင်းတွေကို နားမလည်နိုင်ဘူးလို့ ပြောချင်တာလား ..."

     "ဟွန့် ... နင့်ရဲ့အလိမ်အညာစကားတွေကို ငါမယုံဘူး ..."ယဲ့ရှောင်ရှောင်းက လီကွမ်ရီကို စိုက်ကြည့်လိုက်ပြီး ...
     "နင်လိမ်နေတာ၊ အရင်က ကြေးစားလူသတ်သမား လုပ်ဖူးတယ်မဟုတ်လား ... အဲ့ဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်နိုင်တယ် ..."

     ထိုသို့ပြောပြီးနောက် ရယ်မောလိုက်သည်။ သူမ၏ အတွေးသည် ယုတ္တိမရှိပေ။ မည်သို့ပင်ဆိုစေကာမူ လီကွမ်ရီသည် နတ်ဘုရားသုတ်သင်သူများအဖွဲ့၏ ခေါင်းဆောင်မဟုတ်လျှင်တောင်မှ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်နိုင်သည်ဟု သူမ၏စိတ်ထဲ ထင်မြင်နေမိသည်။

     "ဟားဟား ... မင်းရဲ့အတွေးတွေ လွန်နေပြီ ..."လီကွမ်ရီက ယဲ့ရှောင်ရှောင်း၏ စိတ်ကူးကို ရိပ်မိသည်။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး ...
     "ငါက နတ်ဘုရားသုတ်သင်သူများအဖွဲ့က မဟုတ်သလို ကြေးစားလူသတ်သမားလည်း မဟုတ်ရပါဘူး ... ငါက လီကွမ်ရီပါ ..."

     ဆက်လက်ပြီး မိန်းကလေးနှစ်ယောက်လုံးကိုကြည့်ကာ ပြောသည်။
     "ကောင်းပြီ၊ အခု ထာဝရတံခါးဂိုဏ်းကို သွားကြရအောင် ..."

     "အင်း၊ သွားကြမယ် ..."ယဲ့ရှောင်ရှောင်း၏ စိတ်အစဥ်က လွန်စွာ လှုပ်ရှားသွားခဲ့သည်။ သူမသည် နတ်ရှုံးတောင်၏ မြေအောက်တွင်ရှိသော သီးခြားကမ္ဘာသို့ ဝင်ကြည့်ချင်သည်။ တစ်ဖက်တွင် စစ်မာယွီကျန့်မှာမူ ချီတုံချတုံ ဖြစ်နေခဲ့သည်။

     သူမသည် လီကွမ်ရီ၏အနောက်သို့ လိုက်ဖို့မသင့်ပေ။ လီကွမ်ရီနှင့် သူမသည် အချင်းချင်း ရင်းနှီးမှုမရှိသည့် သူစိမ်းတွေသာ မဟုတ်ပါလော။

     လီကွမ်ရီက စစ်မာယွီကျန့်၏ အပြုအမူကို သတိပြုမိပြီး ပြုံး၍ပြောသည်။
     "ဘာဖြစ်နေတာလဲ၊ မင်းကို မကောင်းကြံမှာလို့ ထင်နေသေးတာလား ..."

     စစ်မာယွီကျန့်သည် ထိုမေးခွန်းကို ပြန်မဖြေနိုင်ခဲ့ပေ။

     "လိုက်ခဲ့ပါ ..."လီကွမ်ရီက လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။

     စစ်မာယွီကျန့်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရ၏။ တစ်ဆက်ထဲမှာ သူမ၏ ခြေထောက်တွေက အမိန့်နာခံသည့်အလား လီကွမ်ရီ၏အနောက်သို့ အလိုလို လိုက်ပါသွားမိသည်။

     သုံးယောက်သား ထာဝရတံခါးဂိုဏ်းသို့ ခရီးဆက်လာခဲ့ကြသည်။ သို့သော် လီကွမ်ရီနှင့် ယဲ့ရှောင်ရှောင်းတို့ကိုသာ တွေ့မြင်နိုင်ပြီး စစ်မာယွီကျန့်ကို မတွေ့ရပေ။ သူမသည် နတ်ဘုရားသုတ်သင်သူများအဖွဲ့၏ ကိုယ်ယောင်ဖျောက်နည်းစနစ်တွေကို အသုံးပြုပြီး လျှို့ဝှက်စွာလိုက်လာခဲ့ခြင်းဖြစ်၍ မည်သူမှ မတွေ့မြင်နိုင်ပေ။

     အချိန်ကား သိပ်မကြာလိုက်ပေ။ ထာဝရတံခါးဂိုဏ်း၏ တံခါးပေါက်ကို လှမ်းမြင်တွေ့လိုက်ရသည်။ အားလုံးထဲ စိတ်လှုပ်ရှားနေသည်မှာ ယဲ့ရှောင်ရှောင်းဖြစ်သည်။

     "ဟေး ... ငါတို့ရောက်ပြီကွ ..."ယဲ့ရှောင်ရှောင်းက ဝမ်းသာအားရ ခုန်ပေါက်ပြီး အော်ဟစ်လိုက်သည်။

     လီကွမ်ရီမှာမူ ယဲ့ရှောင်ရှောင်း၏ အပြုအမူကြောင့် မပြုံးဘဲ မနေနိုင်တော့ပေ။

     ထာဝရတံခါးဂိုဏ်းကို အင်မော်တယ်ဧကရာဇ်ပုစစ်က ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ အတိတ်ကာလဤ ထာဝရတံခါးဂိုဏ်းသည် ဝိညာဥ်ချောက်နက်ဂိုဏ်းနှင့်အပြိုင် တန်ခိုးဩဇာကြီးခဲ့ဖူးသည်။ နတ်ရှုံးတောင်သို့ ရောက်လာသူတိုင်းသည် သူတို့ကို လေးစားမှုပြကြရသည်။ သို့သော် ယနေ့ကာလတွင်မူ ထာဝရတံခါးဂိုဏ်း၏ အရှိန်အဝါက များစွာ လျော့နည်းသွားပေပြီ။

     နတ်ရှုံးတောင်၏ သဘောသဘာဝအရ ကျင့်ကြံသူတိုင်း ဖိနှိပ်ခံကြရသည်။ ဝိညာဥ်ချောက်နက်ဂိုဏ်းနှင့် ထာဝရတံခါးမှတစ်ပါး နတ်ရှုံးတောင်ပေါ်၌ မည်သူမှ မနေချင်ကြပေ။ ထူးဆန်းသည်မှာ ထိုဂိုဏ်းနှစ်ခု၏ တပည့်များသည် တောင်၏ဖိအားတွေကို မခံကြရခြင်းပင်။ ပြင်ပမှ ကျင့်ကြံသူတွေလို သူတို့၏ ကျင့်ကြံခြင်းအဆင့်တွေလည်း ဖိနှိပ်မခံရပေ။

     ဝိညာဥ်ချောက်နက်ဂိုဏ်းတွင် တောင်၏ဖိအားတွေကို ခြေဖျက်နိုင်သည့် အရင်းအမြစ်များစွာ ရှိသည်။ သူတို့ထံ၌ မယုံနိုင်စရာ ရတနာတွေအပြင် ညှို့ဓာတ်ပြင်းဝိညာဥ်မျိုးနွယ်၏ ရှေးအကျဆုံး မျိုးဆက်သွေးရှိသည်ဟု ကောလဟာလတွေ ရှိထားသည်။ ထို့ကြောင့်ပင် တောင်၏ဖိအားများကို အံတုနေနိုင်ခြင်းဟု အားလုံးက ယုံကြည်ထားကြသည်။ သို့သော် ထာဝရတံခါးဂိုဏ်းမှာမူ များစွာကွဲပြားသည်။ သူတို့တွေ နတ်ရှုံးတောင်ပေါ် နေနိုင်ရခြင်း၏ အကြောင်းအရင်းကို မည်သူမှ မပြောနိုင်ကြပေ။

     နတ်ရှုံးတောင်ပေါ် တည်ဆောက်ထားသည့် ဂိုဏ်းနှစ်ခုဖြစ်သော်လည်း တစ်ခုနှင့်တစ်ခု မတူကြပေ။ ဝိညာဥ်ချောက်နက်ဂိုဏ်းကို လွန်စွာရှေးကျသည့် ခေတ်တစ်ခု၌ တည်ဆောက်ထားခြင်းဖြစ်သည်။ ထာဝရတံခါးဂိုဏ်းကိုမူ အင်မော်တယ်ဧကရာဇ်ပုစစ်လက်ထက်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တူညီသည့် အချက်တစ်ခုမှာ ထိုဂိုဏ်းနှစ်ခု၌ တည်းခိုသူတိုင်းသည် တောင်၏ဖိအားများကို မခံကြရခြင်းပင်။

     ထို့ကြောင့် ထာဝရတံခါးဂိုဏ်းတွင်လည်း အစွမ်းထက်ရတနာတစ်ခုခု ရှိနေနိုင်သည်ဟု အချို့က ယူဆထားကြသည်။ သို့သော် ပဟေဠိတစ်ခုတော့ ရှိနေသေးသည်။ ထာဝရတံခါးဂိုဏ်း၏ တပည့်များသည် ဂိုဏ်းပြင်ပသို့ ရောက်နေချိန်၌လည်း နတ်ရှုံးတောင်၏ ဖိအားများကို မခံကြရပေ။ ယင်းမှာ ယနေ့ထိတိုင် အဖြေမရှာနိုင်သေးသည့် ပဟေဠိတစ်ခု ဖြစ်ပေသည်။

     ထို့ပြင် နောက်ထပ်ယူဆချက်တစ်ခုအရ ဝိညာဥ်ချောက်နက်ဂိုဏ်းသည် ရှေးမျိုးဆက်သွေးကို ပိုင်ဆိုင်ထား၍ ဖိအားတွေကို ခြေဖျက်နိုင်သည်ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ထာဝရတံခါးဂိုဏ်းက အဘယ်နည်း။ သူတို့သည် မျိုးနွယ်တစ်ခုထဲဖြင့် ဖွ​ဲ့စည်းထားသည့် ဂိုဏ်းမဟုတ်ပေ။ လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နှင့် ညှို့ဓာတ်ပြင်းဝိညာဥ်အပါအဝင် အခြားကမ္ဘာအရပ်ရပ်မှ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ဂိုဏ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သွေးအကြောင်းကို ထည့်သွင်းစဥ်းစားနေစရာမလိုတော့ပေ။

     နောက်ထပ် ယူဆချက်တစ်ခုမှာမူ အင်မော်တယ်ဧကရာဇ်ပုစစ်ကိုယ်တိုင် ဖန်တီးထားသည့် နည်းစနစ်တွေကြောင့် နတ်ရှုံးတောင်၏ ဖိအားများကို ခံနိုင်ခြင်းဟု ဆိုကြသည်။ ထို့ပြင် အခြားသော ထင်မြင်ယူဆချက် အမျိုးမျိုးလည်း ရှိနေပေသေးသည်။

     ထို့ကြောင့်ပင် ထာဝရတံခါးဂိုဏ်း ဆုတ်ယုတ်သွားချိန်၌ ကျင့်ကြံသူအများအပြား လာရောက်ပြီး လျှို့ဝှက်ချက်ကို ရှာဖွေကြခြင်းဖြစ်သည်။ ထိုအချက်ကပင် ထာဝရတံခါးဂိုဏ်းကို ပို၍အားနည်းစေပြီး ပျက်စီးလုနီးပါးအထိ ဖြစ်ခဲ့ရသည်။ သို့သော် ထာဝရတံခါးဂိုဏ်းသည် မုန်တိုင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ကျန်ရှိသည့် တပည့်အနည်းငယ်ဖြင့်ပင် ဂိုဏ်းကို ယနေ့အချိန်အထိ ဆက်လက်ရပ်တည်နိုင်အောင် စွမ်းဆောင်ခဲ့ကြသည်။

     စစ်မာယွီကျန့်နှင့် ယဲ့ရှောင်ရှောင်းတို့သည် တံခါးပေါက်အရှေ့၌ ရပ်ပြီး ထာဝရတံခါးဂိုဏ်းကို ကြည့်လိုက်ကြသည်။ တွေ့လိုက်ရသည့် မြင်ကွင်းက သူတို့ကို အံ့အားသင့်စိတ်လှုပ်ရှားစေခဲ့သည်။ နေရာအနှံ့တွင် တိမ်စိုင်မြူခိုးများဖြင့် ပြည့်နှက်နေပြီး လွန်စွာလှပသည့် ရှုခင်းတစ်ခုကို ဖြစ်နေစေခဲ့သည်။

     ထို့ပြင် တောင်ကုန်းတောင်တန်းများကလည်း မှော်ဆန်ပြီး လှပလွန်းသည်။ တစ်ခုနှင့်တစ်ခု တူညီသည့်အကွာအဝေးဖြင့် စီစီရီရီ ရှိနေကြသည့်အပြင် လေထဲတွင် တွဲလောင်းကျနေသကဲ့သို့ တွေ့မြင်နေရသည်။ အချို့သော တောင်တန်းများမှာမူ တစ်ခုနှင့်တစ်ခု ရောယှက်ပြီး ပူးကပ်နေခဲ့ကြသည်။

     မည်သူမဆို ဤနေရာသို့ ရောက်လာပါက လှပသော ရှုခင်းတွေကြောင့် အံ့အားသင့်မိန်းမောကြရပေလိမ့်မည်။ ပေသုံးထောင်အမြင့်ပေါ်မှ ရေတံခွန်နှင့် မြစ်ချောင်းများကလည်း တစ်နည်းတစ်ဖုံ လှပနေကြသည်။

     "ဝိုး ... အရမ်းလှလိုက်တာ ..."ယဲ့ရှောင်ရှောင်းမှာ အရ​​​​ှေ့မှမြင်ကွင်းကို ကြည့်ပြီး မချီးကျူးဘဲ မနေနိုင်တော့ချေ။

     "ထာဝရတံခါးဂိုဏ်းက နတ်သစ်ပင်နဲ့ အနီးဆုံးနေရာမှာ ရှိနေတာလေ၊ မလှဘဲ ဘယ်နေပါ့မလဲ ..."လီကွမ်ရီက ပြုံး၍ပြန်ဖြေသည်။

     "ဒီနေရာက နတ်သစ်ပင်တောင်ကြောရဲ့ အစလား ..."ယဲ့ရှောင်ရှောင်းက မယုံနိုင်ဟန်ဖြင့် ပြန်မေးသည်။
     "ဒါဆို နတ်သစ်ပင်ခံတပ်မြို့ကို သွားချင်ရင် ဒီနေရာကနေ သွားသင့်တယ်လေ၊ ဘာလို့ ဒီနေရာကို မဖြတ်ကြတာလဲ ..."

     "ဘာလို့ဆို လူတိုင်းမသိထားလို့လေ ..."လီကွမ်ရီက ခေါင်းကို ခါယမ်းလိုက်သည်။
     "ဒီနေရာက နတ်သစ်ပင်ရဲ့ သဘာဝအရင်းအမြစ်တွေ ရှိနေတယ် ... ဒါကြောင့်လည်း အင်မော်တယ်ဧကရာဇ်ပုစစ်က ဂိုဏ်းကိုတည်ထောင်ခဲ့တာပေါ့ ... အင်မော်တယ်ဧကရာဇ်ပုစစ်တောင် ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို အလွယ်တကူ သိမြင်နိုင်ခဲ့တာမဟုတ်ဘူး ... နှစ်တွေအများကြီး အချိန်ယူလေ့လာခဲ့ပြီးမှ လျှို့ဝှက်ချက်ကို နားလည်နိုင်ခဲ့တာ ..."

     ထိုအချိန်မှာပင် အဘိုးအိုတစ်ယောက်ထွက်လာသည်။ သူက လီကွမ်ရီနှင့် ယဲ့ရှောင်ရှောင်းကို နှုတ်ဆက်လိုက်သည်။ ပြီးနောက် သူ့ကိုယ်သူ အရင်ဆုံး မိတ်ဆက်လိုက်သည်။
     "ဒီအဘိုးကြီးက ထာဝရတံခါးရဲ့ ဂိုဏ်းချုပ်ပါ၊ ငါ့မျိုးရိုးနာမည်က ဟွမ်၊ လူအများစုကတော့ နမ့်ချွမ်လို့ခေါ်ကြပါတယ် ..."
                        ***

စစ်ဧကရာဇ်(Chapter:1428)
(ထာဝရတံခါးဂိုဏ်းသို့ ဝင်ရောက်ခြင်း)
.....................................................
     လီကွမ်ရီက ထာဝရတံခါးဂိုဏ်းချုပ်ဟု မိတ်ဆက်လာသည့် အဘိုးအိုအား ပြုံး၍ကြည့်သည်။ ပြီးနောက် ရယ်မောကာ ပြန်ပြောသည်။
     "ငါ့နာမည်က လီကွမ်ရီ၊ ငါက လူပျင်းတစ်ယောက်ပါ ..."

     လီကွမ်ရီ ... ထိုအမည်ကို ကြားပြီးနောက် ဟွမ်နမ့်ချွမ်၏ အမူအရာပြောင်းလဲသွားခဲ့သည်။ သူ၏ မသိစိတ်ထဲ အန္တရာယ်အချက်ပေးခေါင်းလောင်းသံတွေ ထွက်ပေါ်လာခဲ့ပြီး ခြေလှမ်းတွေကလည်း အလိုလို နောက်ပြန်ဆုတ်မိသွားသည်။

     "ဟားဟား ... ကြည့်ရတာ ငါက နာမည်ဆိုးနဲ့ကျော်ကြားနေတာထင်တယ် ..."လီကွမ်ရီသည် ဟွမ်နမ့်ချွမ်၏ ကြောက်လန့်သွားသော အမူအရာကိုကြည့်ပြီး ပြုံးလိုက်မိသည်။

     "အာ ... မ ... မဟုတ်ပါဘူး ..."ချက်ချင်းပင် ဟွမ်နမ့်ချွမ်းက ကပြာကယာဖြင့် ပြန်ပြောသည်။
     "နားလည်မှုမလွဲပါနဲ့ သခင်လေးလီ၊ မင်းရဲ့ဂုဏ်သတင်းကိုကြားပြီး ငါလေးစားနေရတာပါ ... ဒီနေ့ သခင်လေးလီကိုယ်တိုင် ရောက်လာခဲ့တာက ငါတို့ကို ဂုဏ်ပြုပေးသလိုပါပ​ဲ ... ဒါကို အခုထိ ငါမယုံနိုင်သေးပါဘူး ..."

     သူ၏မျက်နှာထက် ပြုံးနေသော်လည်း ရင်ထဲတွင်မူ အသည်းအသန် ငိုကြွေးနေမိသည်။ ထာဝရတံခါးဂိုဏ်းသည် မိစ္ဆာနဂါးပင်လယ်နှင့် လွန်စွာဝေးကွာသော်လည်း လီကွမ်ရီ၏ သတင်းအချက်အလက်များကို ကြားသိထားသည်။ နတ်ရှုံးတောင်ပေါ် လာရောက်လည်ပတ်သူတွေထံမှ လီကွမ်ရီ၏ နာမည်ဆိုးကို သူကြားဖူးသည်။

     ယခုတော့ လီကွမ်ရီက ထာဝရတံခါးဂိုဏ်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပေပြီ။ အဘယ်ကြောင့် မကြောက်ဘဲ နေနိုင်တော့မည်နည်း။ ထာဝရတံခါးဂိုဏ်းကို ဒုက္ခပေးဖို့ ရောက်လာခဲ့ခြင်းမဟုတ်လျှင်တောင်မှ လီကွမ်ရီထံ၌ ရန်သူများစွာ ရှိနေသည်။ ကံမကောင်းပါက သူ၏ ထာဝရတံခါးဂိုဏ်းသည် စစ်မြေပြင်တစ်ခု ဖြစ်သွားနိုင်သည်မဟုတ်ပါလော။

     သူ၏ ထာဝရတံခါးဂိုဏ်းသည် တစ်ချိန်က အားကောင်းခဲ့ဖူးသော်လည်း လက်ရှိကာလ၌ အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်သည်။ အကယ်၍ လီကွမ်ရီနှင့်ရန်သူများ၏ စစ်မြေပြင်ဖြစ်သွားပါက ထာဝရတံခါးဂိုဏ်းသည် မီးခိုးငွေ့အဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားနိုင်ပေသည်။

     "ဟုတ်လား ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကို ပြုံး၍ကြည့်လိုက်သည်။

     "တကယ်ပါ ..."ဟွမ်နမ့်ချွမ်မှာ ထိုအပြုံးကိုမြင်ပြီး ထိတ်လန့်သွားရပြန်သည်။
     "သခင်လေးလီကိုယ်တိုင် အလည်လာတာက ငါ့ဂိုဏ်းရဲ့ ဂုဏ်သရေကို တိုးစေပါတယ် ... ပြီးတော့ ဝိညာဥ်ကမ္ဘာမှာရှိတဲ့ လူသားမျိုးနွယ်အားလုံးကလည်း သခင်လေးလီရဲ့အောင်မြင်မှုတွေကြောင့် ဂုဏ်ယူနေကြတာပါ ... သခင်လေးလီ အင်မော်တယ်ဧကရာဇ်ဖြစ်တဲ့နေ့ကျရင် လူသားမျိုးနွယ်အားလုံးက ဂုဏ်ပြုကြမှာသေချာပါတယ် ..."

     စကားလုံးအချို့သည် လီကွမ်ရီကို မြောက်ပင့်ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း အများစုမှာ သူ၏နှလုံးသားအတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူသည် လီကွမ်ရီ၏ ရန်သူများပြားခြင်းကြောင့် စိုးရွံ့မိသော်လည်း လူသားမျိုးနွယ်တစ်ယောက်ဖြစ်သည့် လီကွမ်ရီကို အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်စေချင်သည်။ အကယ်၍ ဤမျိုးဆက်တွင် လူသားမျိုးနွယ်မှ အင်မော်တယ်ဧကရာဇ်တစ်ပါး ထွက်ပေါ်လာပါက သူတို့သည် ဝိညာဥ်ကမ္ဘာ၌ ခေါင်းမော့ရင်ကော့နိုင်ကြပေလိမ့်မည်။ အခြားမျိုးနွယ်တွေ၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေစရာမလိုတော့ပေ။

     "ဟွမ်နမ့်ချွမ်၏ စကားကို နားထောင်ပြီး လီကွမ်ရီက ရယ်မောလိုက်သည်။
     "ဟားဟား ... ငါ့ကို အထဲဝင်ဖို့ ဖိတ်ခေါ်မယ်မလား ..."

     ဟွမ်နမ့်ချွမ်သည် ခေတ္တမျှ ငြိမ်ကျသွားခဲ့သည်။ ပြီးနောက် ချောင်းတစ်ချက်ဟန့်ကာ ...
     "ကောင်းပါပြီ၊ အထဲကိုကြွပါ သခင်လေးနဲ့ သခင်မလေး ..."

     သူက ဦးညွှတ်ပြီး ပြောလိုက်သည်။ ဤအချိန်၌ စစ်မာယွီကျန့်လည်း လီကွမ်ရီ၏ဘေးတွင် ရှိနေသည်။ သို့သော် ကိုယ်ယောင်ဖျောက်နည်းစနစ်တစ်ခုကို အသုံးပြုထား၍ သူမကို မမြင်ရပေ။

     ထာဝရတံခါးဂိုဏ်းသည် လွန်စွာလှပသော တောင်တန်းများ၊ မြစ်ချောင်းများ ပေါများသည့်အပြင် အတော်လေးကျယ်ဝန်းသည်။ အတွင်းသို့ဝင်လိုက်သည်နှင့် ထာဝရတံခါးဂိုဏ်းအား ဖန်တီးခဲ့သူ၏ အနုပညာလက်ရာကို တွေ့မြင်နိုင်သည်။

     မရေမတွက်နိုင်သော တောင်တန်းများသည် ကောင်းကင်ထက်မှ တွဲလောင်းကျနေသည်ဟု ထင်မှတ်ရသည်အထိ မြင့်မားလွန်းလှသည်။ လွန်စွာ မတ်စောက်သော ချောက်ကမ်းပါးတွေကလည်း နေရာအနှံ့တွင် ရှိနေကြသည်။ မည်သူမဆို ဤနေရာသို့ ရောက်လာပါက အင်မော်တယ်နယ်မြေတစ်ခုသို့ ရောက်လာသည်ဟုပင် အထင်မှားနိုင်ပေသည်။

     နတ်ရှုံးတောင်၏ နေရာအားလုံးကို မြင်နိုင်သည့်နေရာသည် နတ်သစ်ပင်တောင်တန်းဖြစ်သည်။ နတ်သစ်ပင်တောင်တန်း၏ အပြင်ဘက်တွင်မူ ထာဝရတံခါးဂိုဏ်းက အမြင့်ဆုံးနှင့် အကျယ်ပြန့်ဆုံး မြေပမာဏကို ပိုင်ဆိုင်ထားသည်။ ဤနေရာသည် နတ်ရှုံးတောင်၏ ဗဟိုချက်မဟုပင် ပြော၍ရသည်။ နတ်ရှုံးတောင်၏ သဘာဝအဆီအနှစ်များသည် ဤနေရာ၌ များစွာပေါများသည်။

     နတ်သစ်ပင်တောင်တန်းသည် သစ်ပင်ကြီးတစ်ပင်က ကောင်းကင်ထိ မြင့်တက်နေသည့်သဏ္ဍာန်ရှိသည်။ ထို့ကြောင့် နတ်သစ်ပင်တောင်တန်း၏ အောက်ခြေ၌ တည်ရှိနေသည့် ထာဝရတံခါးဂိုဏ်းကို နတ်သစ်ပင်၏အမြစ်ဟုလည်း ပြောလို့ရပေသည်။ ဤနေရာရှိ တောင်တန်းများသည် လွန်စွာထူးကဲပြီး အမြစ်များသဖွယ် ရောယှက်ရှုပ်ထွေးနေကြသည်။

     ဟွမ်နမ့်ချွမ်က အရှေ့မှဦးဆောင်ပြီး ထာဝရတံခါးဂိုဏ်းအတွင်း ဝင်သွားသည်။ နေရာအနှံ့တွင် ကြီးကျယ်ခမ်းနားသည့် ရှုခင်းများစွာ ရှိနေသော်လည်း အဆောက်အဦအများစု၏ တံခါးတွေမှာမူ ဟောင်းနွှမ်းပြီး ကျိုးပဲ့နေပြီဖြစ်သည်။ ထို့ပြင် အချို့သော တောင်ကုန်းတွေဆိုလျှင် လူတွေတူးဆွထားသည့်အလား ကျိုးပြတ်ပြီး အပိုင်းပိုင်းအစစဖြစ်နေသည်ကို တွေ့ရသည်။ ပြိုကျနေသည့် အဆောက်အဦးများစွာကိုလည်း တွေ့ရသည်။ ထို့ပြင် နှစ်ပေါင်းများစွာ မပြုပြင်ဘဲ ပစ်ထားကြ၍ ပေါင်းမြက်တွေဖြင့် ပြည့်နှက်နေခဲ့သည်။ မပျက်စီးဘဲ အကောင်းအတိုင်းကျန်နေသည့် အဆောက်အဦဆို၍ အနည်းငယ်သာ ရှိပေတော့သည်။

     လက်ရှိမြင်ကွင်းအရ ထာဝရတံခါးဂိုဏ်းသည် အားနည်းနေသော်လည်း သူတို့၏ အတိတ်မှ အင်အားကို မြင်ယောင်ကြည့်လို့ရသည်။ တစ်ချိန်က တပည့်ထောင်ပေါင်းများစွာနှင့် လူနေအဆောက်အဦများစွာ ရှိခဲ့ဖူးသည်။ သို့သော် ကံမကောင်းစွာနှင့် ပြင်ပရန်အချို့ကြောင့် ဂိုဏ်းအင်အား နိမ့်ပါးသွားခဲ့ရသည်။ ထိုအချိန်မှစပြီး သူတို့သည် ပြန်လည်နာလံမထူနိုင်ကြသေးပေ။

     ဤနေရာရှိ ချိုင့်ဝှမ်းများနှင့် တောင်တန်းများသည် တပည့်များ၏ တာအိုဉာဏ်အလင်းရှာဖွေရာ နေရာများဖြစ်သည်။ တောင်တန်းတစ်ခုနှင့်တစ်ခုကို ဆက်သွယ်ရန် တံတားများကို အသုံးပြုခဲ့ကြသည်။ မြင့်မားသော တောင်တန်းများကြောင့် တံတားများသည် ကောင်းကင်ထက် ပျံသန်းနေသည့်နှယ် ဖြစ်ခဲ့ကြသည်။ အချို့သော မိန်းကလေးတပည့်နှင့် ယောက်ျားလေးတပည့်များသည် ထိုတံခါးများပေါ် ဆုံဆည်းပြီး ချစ်ကျွမ်းဝင်ခဲ့ကြဖူးသည်။

     သို့သော် ယနေ့တွင်မူ တပည့်အရေအတွက် ရာဂဏန်းမျှသာ ရှိပေတော့သည်။ သူတို့ထဲမှ အများစုသည် ဝိညာဥ်ကမ္ဘာအနှံ့သို့ ခရီးဆက်နေခဲ့ကြ၍ ထာဝရတံခါးဂိုဏ်းသည် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်နေပေသည်။

     ဟွမ်နမ့်ချွမ်က လီကွမ်ရီတို့ကို ပင်မခန်းမဆောင်သို့ ခေါ်သွားပြီး လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။ ဤခန်းမသည် ထာဝရတံခါးဂိုဏ်း၏ အလယ်ဗဟိုတွင် တည်ရှိသည်။ အတိတ်ကာလတုန်းက ဘိုးဘေးများသာ ဝင်ရောက်နိုင်သည့်နေရာ ဖြစ်သည်။ သို့သော် လက်ရှိကာလမှာတော့ သာမန်အဆင့်တပည့်များပင် ဝင်ရောက်နေနိုင်ပြီဖြစ်သည်။

     ဓလေ့ထုံးတမ်းအတိုင်း ဧည့်ခံပြီးနောက် ဟွမ်နမ့်ချွမ်က လီကွမ်ရီကိုကြည့်ပြီးမေးသည်။
     "ငါတို့ဂိုဏ်းကို ဘယ်လိုအရေးကိစ္စကြောင့် လာခဲ့တာလဲ သခင်လေးလီ၊ တစ်ခုခုလိုအပ်တယ်ဆိုရင် ငါ့ကိုပြောလို့ရပါတယ် ..."

     လီကွမ်ရီကို တွေ့ပြီးနောက်၌ သူသည် အဆိုးဆုံးအခြေအနေအထိ ကြိုတွေးထားပြီးပြီဖြစ်သည်။ လီကွမ်ရီလို သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ရင်ဆိုင်ဆက်ဆံရာ၌ အမိန့်အတိုင်း လိုက်နာဖို့လိုသည်ဟု သူတွေးထားသည်။ သတ်ဖြတ်ခြင်းနတ်ဘုရားလိုလူကို ထိပ်တိုက်ရင်ဆိုင်ခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဖြစ်​ကြောင်း သူနားလည်သည်။ သူ၏ မိုက်မဲမှုကြောင့် ထာဝရတံခါးဂိုဏ်းကို ဒုက္ခမကြုံချင်စေပေ။

     "ဟားဟား ... မင်းက အရမ်းစိတ်​ပူ​နေတာပဲ ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကိုကြည့်ပြီး ပြုံးလိုက်သည်။
     "ငါက ရက်စက်ကြမ်းကြုတ်ပေမယ့် ထာဝရတံခါးဂိုဏ်းအရှေ့မှာတော့ ဘာမှမဟုတ်သေးပါဘူး၊ မစိုးရိမ်ပါနဲ့ ..."

     "အာ ..."ဟွမ်နမ့်ချွမ်မှာ အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။
     "သခင်လေးလီက ပြိုင်ဘက်ကင်းတစ်ယောက်ပါ ... ငါတို့ရဲ့ ထာဝရတံခါးဂိုဏ်းက သမုဒ္ဒရာထဲမှာရှိတဲ့ ကျွန်းငယ်လေးလိုပါပဲ ... သခင်လေးလီလို နဂါးတစ်ကောင်နဲ့ယှဥ်ရင် ဘာမှမဟုတ်တော့ပါဘူး ..."

     လီကွမ်ရီမှာ ဟွမ်နမ့်ချွမ်၏ စိတ်ထဲရှိနေတာတွေကို သိသည်။ ထို့ကြောင့် တဟားဟား အော်ရယ်နေမိ၏။ ပြီးမှ ညင်သာစွာ ပြုံးလိုက်ပြီး ...
     "စိတ်မပူပါနဲ့၊ ဒီမှာ ရက်နည်းနည်းပဲ နေမှာပါ ..."

     "အမ် ... ရက်အနည်းငယ်ပဲလား ..."ဟွမ်နမ့်ချွမ်မှာ အံ့အားသင့်သွားခဲ့ရတော့သည်။ တကယ်တော့ သူသည် အဆိုးဆုံးအခြေအနေအထိ တွေးထားပြီးဖြစ်သည်။ လီကွမ်ရီလိုချင်သမျှကို ပေးဖို့အထိ ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။

     "ဘာလဲ၊ အခက်အခဲရှိလို့လား ... ငါ့ကို မတည်းစေချင်လို့လား ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကိုကြည့်ပြီး ကျယ်လောင်စွာ ရယ်လိုက်မိသည်။

     "အာ ... မ ... မဟုတ်ပါဘူး ..."ဟွမ်နမ့်ချွမ်က အလျင်အမြန် ငြင်းဆန်လိုက်သည်။
     "သခင်လေးလီကို ကြိုဆိုပါတယ်၊ ဒါက ငါတို့ရဲ့ နိမ့်ကျတဲ့ဂုဏ်သရေကို တိုးပွားစေပါတယ် ..."

     "စိတ်မပူပါန​ဲ့၊ ထာဝရတံခါးဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ငါသိပါတယ် ..."လီကွမ်ရီက အနက်ရောင်အိတ်ကို ဟွမ်နမ့်ချွမ်ထံ ပစ်ပေးလိုက်သည်။
     "ဒါက တည်းခိုခပါ၊ ကြိုးကြာတောင်ပေါ်မှာ ငါတည်းချင်တယ် ..."

     ဟွမ်နမ့်ချွမ်က အနက်ရောင်အိတ်ကို ဖမ်းယူလိုက်သည်။ သို့သော် သတ်မှတ်တန်ဖိုး ပြည့်မပြည့်ကို စစ်ဆေးရန် တွန့်ဆုတ်နေခဲ့၏။ ချက်ချင်းလိုလိုပင် သူက အိတ်ကို လီကွမ်ရီထံ ပြန်ပေးလိုက်ပြီး ...
     "သခင်လေးလီနဲ့ မင်းသမီးတို့ အလည်လာတာက ငါတို့ကို ဂုဏ်တက်စေနေပါပြီ၊ တည်းခိုစရိတ်ကို မယူပါရစေနဲ့ ..."

     ထာဝရတံခါးဂိုဏ်း ဆုတ်ယုတ်သွားပြီးနောက် လူအများစုသည် မကောင်းသည့်စိတ်ကူးများ ရှိခဲ့ကြသည်။ အားကောင်းသော အဖွဲ့တွေဆိုလျှင် ရတနာတွေအတွက် ထာဝရတံခါးဂိုဏ်းကို တိုက်ခိုက်ခဲ့ကြသည်။ ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့သော်လည်း ဂိုဏ်းအင်အားမှာမူ သိသိသာသာ ယုတ်လျော့သွားခဲ့သည်။ သို့သော် ကျူးကျော်သူတွေက မရပ်တန့်သေးပေ။ သူတို့သည် ထာဝရတံခါးဂိုဏ်း၌ အကြီးဆုံးရတနာရှိနေသည်ဟူသည့် ယုံကြည်ချက်ကြောင့် အမြ​ဲလိုလို ကျားချောင်းချောင်းနေခဲ့ကြသည်။ ထာဝရတံခါးဂိုဏ်းအတွင်း ဝင်ရောက်ရန် အမြဲတမ်း ကြိုးစားနေခဲ့ကြသည်။

     ထို့ကြောင့် နောက်ပိုင်းတွင် ထာဝရတံခါးဂိုဏ်းသည် ရွေးချယ်စရာမရှိတော့ဘဲ ပိုင်နက်နယ်မြေအများစုကို ဖွင့်ကာ သတင်းတစ်ခုကို ဝိညာဥ်ကမ္ဘာသို့ ပေးပို့ခဲ့သည်။ အပြင်လူတွေကို ဂိုဏ်းအတွင်း အဖိုးအခဖြင့် ဝင်ရောက်တည်းခိုနိုင်ရန် စီစဥ်ပေးခဲ့ပြီး စိတ်ကြိုက်တူးဖော်ရှာဖွေခွင့်ပေးခဲ့သည်။

     လီကွမ်ရီက ဟွမ်နမ့်ချွမ်ကို ပြုံးပြလိုက်သည်။ သူသည် အနက်ရောင်အိတ်ကို ပြန်ယူဖို့ စိတ်ကူးမရှိပေ။

     ဟွမ်နမ့်ချွမ်ကလည်း လီကွမ်ရီ၏ အပြုအမူကိုမြင်ပြီး သဘောပေါက်သွားခဲ့သည်။ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး လေးစားမှုအပြည့်ဖြင့် ပြန်ပြောသည်။
     "ငွေကြေးက ယုံကြည်မှုနဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး ... ဒါကို လက်မခံပါရစေနဲ့ ..."စကားဆုံးသည်နှင့် အနက်ရောင်အိတ်ကို အဝေးတစ်နေရာသို့ လွင့်ပစ်လိုက်သည်။

     သူက လီကွမ်ရီကိုကြည့်ပြီး ဆက်ပြောသည်။
     "ကြိုးကြာတောင်ကို မပြုပြင်ဘဲ ပစ်ထားတာကြာတော့ ညစ်ပတ်နေလောက်ပြီ သခင်လေးလီ၊ ငါ့တပည့်တွေကိုလွတ်ပြီး သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ့မယ် ..."

     ကြိုးကြာတောင်သို့ သွားချင်သည့် အကြောင်းရင်းကို သိချင်သော်လည်း လီကွမ်ရီကို မမေးဝံ့ပေ။ တစ်ခုခုမှားယွင်းသွားပါက ထာဝရတံခါးဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်သည်ကို သူသိသည်။
                        ***

စစ်ဧကရာဇ်(Chapter:1429)
(အားနည်းသွားသည့် ထာဝရတံခါးဂိုဏ်း)
.......................................................
     "ကောင်းပြီလေ၊ မင်းရဲ့တပည့်တွေကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်ပါ၊ အခုတော့ ဒီကရှုခင်းတွေကို ကြည့်ချင်သေးတယ် ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကို ပြုံးပြလိုက်သည်။

     ဟွမ်နမ့်ချွမ်ကလည်း ပြန်လည်မေးခွန်းထုတ်ခြင်း မရှိပေ။ လီကွမ်ရီတို့၏အရှေ့မှ ဦးဆောင်ပြီး လမ်းပြအဖြစ် လိုက်ပါဆောင်ရွက်ပေးသည်။

     တကယ်တော့ လီကွမ်ရီသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းမဟုတ်ပေ။ လမ်းပြမပါဘဲ နေရာအားလုံးကို ကောင်းစွာသွားလာနိုင်သည်။ သို့သော် ယဲ့ရှောင်ရှောင်းအတွက်မူ အရာအားလုံးက အသစ်အဆန်းတွေချည်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် တွေ့မြင်သမျှ အရာအားလုံးကို စူးစမ်းလိုစိတ်ဖြင့် စပ်စုနေခဲ့သည်။

     ထာဝရတံခါးဂိုဏ်း၏ တောင်ကုန်းတောင်တန်းများသည် လွန်စွာ မြင့်မားလွန်းသည်။ တောင်ထိပ်မှ ကြည့်လိုက်ပါက လွန်စွာနက်ရှိုင်းသည့် ချောက်နက်ကြီးတွေနှင့် တိမ်စိုင်အများအပြားကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ပြင် တောင်ထိပ်တိုင်း၌ အဆောက်အဦတွေရှိသည်။ လက်ရှိအချိန်၌ အဆောက်အဦအများစုကို အသုံးမပြုတော့သော်လည်း ထိုအဆောက်အဦတွေကိုကြည့်ပြီး ထာဝရတံခါးဂိုဏ်း၏ တစ်ချိန်ကအင်အားကို တွေ့မြင်နိုင်ပေသည်။

     "ရှင်တို့ရဲ့ဂိုဏ်းက တကယ်ကြီးကျယ်ခမ်းနားခဲ့ဖူးတာပဲ ..."ယဲ့ရှောင်ရှောင်းက လမ်းတစ်လျှောက် တွေ့ခဲ့ရသည့် မြင်ကွင်းများကိုကြည့်ပြီး ဟွမ်နမ့်ချွမ်ကို ပြုံး၍ပြောလိုက်သည်။

     "မှန်ပါတယ်၊ မှတ်တမ်းတွေအရဆိုရင် ငါတို့ဂိုဏ်းမှာ တပည့်ပေါင်း တစ်သိန်းကျော်ရှိခဲ့ဖူးတယ် ... သူတို့က ကမ္ဘာကိုးခုကို လှည့်ပတ်သွားလာပြီး ဗဟုသုတတွေ ရှာဖွေကြတယ်လေ ... ပြီးတော့ လူနေအဆောက်အဦ ရှစ်သိန်းကျော်ရှိခဲ့တာတဲ့ ..."ဟွမ်နမ့်ချွမ်က ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

     စကားဆုံးသည်နှင့် သူ၏စိတ်ထဲ ထာဝရတံခါးဂိုဏ်း၏ အတိတ်ပုံရိပ်များကို မြင်ယောင်နေမိသည်။ တစ်ချိန်ထဲမှာ စိတ်လှုပ်ရှားလာခဲ့၏။ သူတို့သည် တစ်ချိန်က ဝိညာဥ်ကမ္ဘာ၏ အားအကောင်းဆုံးအဖွဲ့တွေထဲ အမှန်တကယ် ပါခ​ဲ့ဖူးသည်။

     အတိအကျဆိုရလျှင် အင်မော်တယ်ဧကရာဇ်ပုစစ်၏ လက်ထက်၌ ဖြစ်သည်။ ကမ္ဘာကိုးခုရှိ အဖွဲ့အစည်းတိုင်းက သူတို့ကို လေးစားကြရသည်။ ယခုတော့ အတိတ်ပုံရိပ်များက ပျက်စီးသွားခဲ့ပြီဖြစ်ပြီး ဂိုဏ်းအင်အားကလည်း များစွာ ဆုတ်ယုတ်သွားခဲ့ရသည်။ ဟွမ်နမ့်ချွမ်မှာ ထိုအကြောင်းတွေကို ပြန်စဥ်းစားမိပြီး သက်ပြင်းချလိုက်မိတော့သည်။

     လမ်းတစ်လျှောက်တွင် ပြိုကျပျက်စီးနေသော တောင်တန်းများနှင့် အဆောက်အဦများစွာကိုလည်း တွေ့ခဲ့ရသည်။ ယခုအပျက်အစီးတွေက ရတနာရှာရန် ရောက်လာသူတွေကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။ အများစုမှာ ဒဏ္ဍာရီလာရတနာကို ရှာဖွေရန်အတွက် နေရာအများစုကို ဖျက်ဆီးပစ်ခဲ့ကြသည်။

     "ကျင့်ကြံသူတွေက ဒီနေရာမှာရှိတဲ့ နေရာအများစုကို တူးဖော်ပြီးရှာခဲ့ကြတာဆို၊ ဒါတောင် ထာဝရတံခါးဂိုဏ်းက အခုထိ ရှင်သန်နေနိုင်သေးတယ်နော် ... အံ့ဩစရာကောင်းလိုက်တာ ..."ယဲ့ရှောင်ရှောင်းက အပျက်အစီးတွေကို တွေ့မြင်ပြီးနောက် ဟွမ်နမ့်ချွမ်ကိုကြည့်ကာ ​ပြောလိုက်သည်။ ကလေးတစ်ယောက်ပီပီ သူမ၏ စကားတွေကို စည်းမစောင့်ခဲ့ပေ။

     သို့သော် ဟွမ်နမ့်ချွမ်ကလည်း စိတ်မဆိုးပေ။ သူက ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ...
     "ဟုတ်ပါတယ်၊ ငါ့ဘိုးဘေးတွေရဲ့ အကာအကွယ်ကြောင့် ဒီလောက်ထိ ရှင်သန်နိုင်ခဲ့တာပါ ..."

     "ဟားဟား ... ထာဝရတံခါးဂိုဏ်းကို တော်ရုံရန်သူက မဖျက်ဆီးနိုင်ပါဘူးဟ ..."လီကွမ်ရီက ပြုံး၍ဆက်ပြောသည်။
     "အရမ်းကြောက်စရာကောင်းတဲ့ရန်သူနဲ့ ထိပ်တိုက်မတွေ့သေးသရွေ့ ထာဝရတံခါးဂိုဏ်းက မပျက်စီးနိုင်ပါဘူး ... အရင်လို အားမကောင်းတော့ဘူးဆိုပေမယ့် ကျန်ရှိနေသေးတဲ့ အကာအကွယ် အစီအရင်အချို့ကို ဖျက်ဆီးနိုင်ဖို့ မလွယ်ဘူးလေ ... စကားကုန်ပြောရရင် နတ်ဘုရားသခင်အဆင့်တွေတောင် ထာဝရတံခါးဂိုဏ်းကို ဖျက်ဆီးဖို့ နှစ်ခါပြန် စဥ်းစားရလိမ့်မယ် ..."

     ယဲ့ရှောင်ရှောင်းမှာ တိတ်ဆိတ်စွာ တွေးနေမိသည်။ အားနည်းသွားပြီဖြစ်သော်လည်း အင်မော်တယ်ဧကရာဇ်၏ စိတ်အသိက ကာကွယ်ပေးထား၍ တော်ရုံကျင့်ကြံသူတွေအနေနှင့် ဘာမှတတ်နိုင်မည် မဟုတ်ပေ။ အားကောင်းသည့် နတ်ဘုရားသခင်အဆင့်တွေလည်း သွေးကြွေးရန်ငြိုး မရှိပါက ဧကရာဇ်အဆင့်ဂိုဏ်းတစ်ခုဖြစ်ခဲ့ဖူးသည့် ထာဝရတံခါးဂိုဏ်းအား ဖျက်ဆီးမည့်လုပ်ရပ်မျိုးကို ရူးရူးမိုက်မိုက် လုပ်လိမ့်မည်မဟုတ်ပေ။

     ဧကရာဇ်အဆင့်ဂိုဏ်းတစ်ခုအား ဖျက်ဆီးခြင်းသည် အန္တရာယ်များသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ အကယ်၍ ဖျက်ဆီးခံရသည့်ဂိုဏ်းသာ အကြောင်းတစ်ခုခုကြောင့် ပြန်လည်ရှင်သန်နိုင်ခဲ့လျှင် ကြောက်စရာအကောင်းဆုံး ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခြေအနေသို့ ဆိုက်ရောက်သွားပေလိမ့်မည်။ သွေးကြွေးရန်ငြိုးမရှိဘဲ မည်သည့်အတွက် ဖျက်ဆီးနေတော့မည်နည်း။ ထို့ပြင် ထာဝရတံခါးဂိုဏ်း၏ တည်နေရာကိုလည်း မ​မေ့သင့်ပေ။ နတ်ရှုံးတောင်ပေါ်၌ လူတိုင်းသည် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံကြရသည်။ ရတနာတွေကို အသုံးပြုပြီး ဖိအားကို ချေဖျက်လျှင်တောင်မှ စစ်တပ်တစ်ခုစာ ရတနာအရေအတွက်ကို အဘယ်မှာ ရရှိနိုင်မည်နည်း။ ထိုအကြောင်းများကြောင့်ပင် ထာဝရတံခါးဂိုဏ်းက ယနေ့ထက်တိုင် တည်ရှိနေခြင်းဖြစ်သည်။

     "ဟုတ်တယ်၊ သာမန်နတ်ဘုရားသခင်အဆင့်လောက်နဲ့ ဧကရာဇ်အဆင့်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးနိုင်မှာမဟုတ်ဘူး ..."ယဲ့ရှောင်ရှောင်းက ခေါင်းညိတ်ပြလိုက်သည်။

     ဆက်လက်ပြီး ချစ်စဖွယ်အပြုံးကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် ဟွမ်နမ့်ချွမ်ကို မေးသည်။
     "ကျင့်ကြံသူတွေက ဘာကိုရချင်ကြတာလဲ ... အင်မော်တယ်ရတနာလား ... ထာဝရအသက်နဲ့ဆိုင်တဲ့ နည်းစနစ်တစ်ခုခုကိုလား ..."

     "ဟုတ်ပါတယ်၊ ဒါပေမယ့် ငါတို့ဆီမှာ လုံးဝမရှိပါဘူး ..."ဟွမ်နမ့်ချွမ်က ဆက်ပြောသည်။
     "ဒါတွေအားလုံးက အခြေအမြစ်မရှိတဲ့ ကောလဟာလတွေပါ၊ ငါတို့ရဲ့ နိမ့်ကျတ​ဲ့ဂိုဏ်းတစ်ခုမှာ ဒီလို အထွတ်အမြတ်ပစ္စည်းတွေ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ ..."

     ထိုစကားတွေကို သတိကြီးစွာထားပြီး ပြောနေခြင်းဖြစ်သည်။ ဤအကြောင်းအရာများသည် ကမ္ဘာ​ပြိုကျစေနိုင်သည့် ကိစ္စရပ်တွေဖြစ်သည်။ တစ်ခုခုမှားယွင်းပြီး ထပ်မံသတင်းပျံ့သွားပါက ထာဝရတံခါးဂိုဏ်းအတွက် ဘေးဒုက္ခကြီး ရောက်လာပေလိမ့်မည်။

     "တကယ်လား ..."ယဲ့ရှောင်ရှောင်းက ဟွမ်နမ့်ချွမ်ကို သံသယမကင်းဟန်ဖြင့် ကြည့်လိုက်သည်။

     "ငါမလိမ်ပါဘူး ..."ဟွမ်နမ့်ချွမ်က မြန်မြန်ဆန်ဆန် ဆက်ပြောသည်။
     "သစ်အုပ်ထိန်းသူတွေ၊ ပင်လယ်နတ်ဘုရားတွေနဲ့ အင်မော်တယ်ဧကရာဇ်တွေတောင် ငါတို့ဂိုဏ်းကို ရောက်ခဲ့ကြတယ်လေ ... အဲ့ဒီလိုရတနာသာ တကယ်ရှိနေရင် သူတို့တွေ ယူသွားကြပြီပေါ့ ..."

     ယဲ့ရှောင်ရှောင်းက အနည်းငယ်စဥ်းစားပြီး ခေါင်းညိတ်လိုက်သည်။ အင်မော်တယ်ဧကရာဇ်တွေကို ဖုံးကွယ်ထားဖို့ဆိုသည်မှာ မလွယ်ကူပေ။ ရတနာသာ တကယ်ရှိပါက ယခင်ကတည်းက ရယူသွားပြီးပြီဖြစ်သည်။

     "ဒါဆို ထာဝရအသက်နဲ့ပတ်သက်တဲ့ နည်းစနစ်ရော မရှိဘူးလား ..."ယဲ့ရှောင်ရှောင်းက ပြန်မေးသည်။

     ဟွမ်နမ့်ချွမ်မှာ ယဲ့ရှောင်ရှောင်း၏ မေးခွန်းကြောင့် မျက်နှာရှုံ့မဲ့သွားခဲ့ရသည်။ ပြီးနောက် အလျင်အမြန် ငြင်းဆန်လိုက်သည်။
     "ဒါလည်း ကောလာဟလတွေပါ၊ ငါတို့ဆီမှာ မရှိပါဘူး ... အင်မော်တယ်ဧကရာဇ်ဝူကုန်းကိုယ်တိုင်လာပြီး စစ်ဆေးခဲ့ဖူးတယ် ... သူကိုယ်တိုင်ပဲ ကောလဟာလဆိုတာကို အာမခံပေးခဲ့ဖူးပါတယ် ..."

     "အင်မော်တယ်ဧကရာဇ်ဝူကုန်းရဲ့ အာမခံချက်ကို ကြားဖူးတယ် ..."ယဲ့ရှောင်ရှောင်းက ဆက်မပြောတော့ဘဲ တစ်ခုခုကို စဥ်းစားနေခဲ့သည်။

     အတိတ်ကာလ၌ ထာဝရတံခါးဂိုဏ်းတွင် ထာဝရအသက်နှင့်ပတ်သက်သည့် ကျင့်စဥ်တစ်ခုရှိသည်ဟူသည့် ကောလဟာလတစ်ခု ပျံ့နှံ့ခဲ့သည်။ လူတိုင်းက ထိုသတင်းကို စိတ်ဝင်စားခဲ့ကြသည်။ ထာဝရအသက်ဟူသည့် ခေါင်းစည်းအောက်တွင် လောဘစိတ်တွေ ဝင်ရောက်လာခဲ့ကြသည်။

     သို့သော် ထိုအချိန်ကာလသည် အင်မော်တယ်ဧကရာဇ်ဝူကုန်းလက်ထက် ဖြစ်သည်။ ထို့ကြောင့် ထာဝရတံခါးဂိုဏ်းက အင်မော်တယ်ဧကရာဇ်ကို ဖိတ်ခေါ်ပြီး စစ်ဆေးစေခဲ့သည်။ အင်မော်တယ်ဧကရာဇ်ကလည်း ကောလဟာလတွေကို သူကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး အခြေအနေမရှုပ်ထွေးအောင် ထိန်းညှိပေးခဲ့သည်။

     ထာဝရတံခါးဂိုဏ်းသည် အဆင့်မြင့်ကျင့်စဥ်များ ရေးမှတ်ထားသည့် စာလိပ်အားလုံးကို အင်မော်တယ်ဧကရာဇ်ထံ ပေးပြီး စစ်ဆေးစေခဲ့သည်။ အားလုံးစစ်ဆေးပြီးနောက် သံသယရှိစရာ တစ်စုံတစ်ရာ မတွေ့ခဲ့ရ၍ အင်မော်တယ်ဧကရာဇ်က ကောလဟာလဖြစ်ကြောင်း ကြေညာပေးခဲ့သည်။ ထိုအခါမှသာ ထာဝရအသက်နှင့်ပတ်သက်သည့် ကောလဟာလတွေ ပျောက်ကွယ်သွားခဲ့သည်။

     သို့သော် အချို့မှာမူ ထာဝရတံခါးဂိုဏ်း၌ ထာဝရအသက်နှင့်ဆိုင်သည့် ကျင့်စဥ်တစ်ခုရှိနေနိုင်သည်ဟု ယုံကြည်နေကြသေးသည်။ သက်သေမပြနိုင်ကြ၍သာ ငြိမ်နေကြရခြင်းဖြစ်သည်။

     ဟွမ်နမ့်ချွမ်က တိတ်ဆိတ်နေသည့် ယ​ဲ့ရှောင်ရှောင်းကိုကြည့်ပြီး ဆက်ပြောသည်။
     "အင်မော်တယ်ဧကရာဇ်ဝူကုန်းအပြင် တခြားအင်မော်တယ်ဧကရာဇ်တွေလည်း လာစစ်ဆေးဖူးတယ်လေ ... ငါတို့ဆီမှာ တကယ်မရှိပါဘူး ..."

     ဂိုဏ်း၏အဆင့်မြင့်ကျင့်စဥ်များကို အပြင်လူအား စစ်ဆေးခိုင်းခြင်းသည် လွန်စွာ အန္တရာယ်များသည်။ မသမာသူအား စစ်ဆေးခိုင်းမိပါက နည်းစနစ်တွေကို ခိုးယူသွားနိုင်ပေသည်။ သို့သော် အင်မော်တယ်ဧကရာဇ်များသည် ထိုသို့သော ရှက်စရာလုပ်ရပ်မျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။

     "အင်မော်တယ်ဧကရာဇ်ပုစစ်က ထာဝရမသေနိုင်တဲ့သူလေ ... ဒါကြောင့် လူတချို့ကတော့ ယုံကြည်ကြမှာမဟုတ်ဘူး ... ပြီးတော့ အဲ့ဒီကျင့်စဥ်က တကယ်ရှိခဲ့ပြီး နောက်မှပျောက်သွားတာရော မဖြစ်နိုင်ဘူးလား ..."ယဲ့ရှောင်ရှောင်းက အနည်းငယ်စဥ်းစားပြီး ပြောသည်။

     သို့သော် ထိုအတွေးသည် ယုတ္တိမတန်ပေ။ ထာဝရတံခါးဂိုဏ်းတွင် ထာဝရအသက်နှင့်ဆိုင်သည့် ကျင့်စဥ်တစ်ခုရှိပါက နောက်မျိုးဆက်တွေလည်း အင်မော်တယ်ဧကရာဇ်ပုစစ်လို မည်သူမှ မသတ်နိုင်သူများ ဖြစ်သင့်ပေသည်။ သို့သော် အင်မော်တယ်ဧကရာဇ်ပုစစ်မှတစ်ပါး မည်သူမှ မလုပ်ပြခဲ့ကြပေ။ ထိုအချက်ကြောင့် အချို့က ထာဝရအသက်ကျင့်စဥ် ပျောက်သွားလောက်ပြီဟု ယူဆခဲ့ကြသည်။

     "အင်း၊ ငါလည်း မပြောတတ်တော့ပါဘူး ..."ဟွမ်နမ့်ချွမ်က ရယ်မောလိုက်ပြီး ဆက်ပြောသည်။
     "ငါအပါအဝင် သားစဉ်မြေးဆက်အားလုံးကတော့ အဲ့ဒီလိုကျင့်စဥ်မျိုး တကယ်ရှိခဲ့ဖူးသလားဆိုတာကို မသိကြပါဘူး ..."

     အမှန်အတိုင်းဝန်ခံရလျှင် သူသည် ထိုကျင့်စဥ်နှင့် ဂိုဏ်းကို မပတ်သက်စေချင်ပါ။ ဤကိစ္စသည် အခန့်မသင့်ပါက ဂိုဏ်းအတွက် ဘေးဒုက္ခကြီး ဖြစ်လာနိုင်ပေသည်။

     ယဲ့ရှောင်ရှောင်းမှာမူ စပ်စုချင်စိတ်တွေ မကုန်ခမ်းသေးပေ။ အကြီးအကဲကို ကြည့်လိုက်ပြီး ...
     "အင်မော်တယ်ရတနာမရှိဘဲနဲ့ ရှင်တို့က နတ်ရှုံးတောင်ရဲ့ ဖိအားတွေကို မခံရဘူးနော် ... ဒါက အရမ်းထူးဆန်းတယ် ..."

     တကယ်တော့ ဤလျှို့ဝှက်ချက်သည်လည်း လူတိုင်းလိုချင်နေသည့်အရာ ဖြစ်သည်။ ဝိညာဥ်ချောက်နက်ဂိုဏ်းနှင့် ထာဝရတံခါးဂိုဏ်းသည် နတ်ရှုံးတောင်၏ ဖိအားများကို မခံကြရပေ။ ဝိညာဥ်ချောက်နက်ဂိုဏ်းမှာမူ ရတနာတစ်ခုကြောင့် ဖိအားတွေကို ချေဖျက်နိုင်သည်ဟု အားလုံးက သိထားကြသည်။ သို့သော် ထာဝရတံခါးဂိုဏ်း၏ လျှို့ဝှက်ချက်ကိုမူ မည်သူမှ မသိကြသေးပေ။ ယခုအချိန်ထိတိုင် ပဟေဠိဖြစ်နေသေးသည်။

     ဟွမ်နမ့်ချွမ်မှာ အခက်တွေ့သွားရတော့၏။ ဤကိစ္စနှင့်ပတ်သက်ပြီး သူမ​ပြောချင်ပေ။ သို့သော် ရွေးချယ်စရာမရှိတော့၍ အကူအညီမဲ့စွာ ပြုံးလိုက်ပြီး ပြောသည်။
     "မဟုတ်ဘူး မင်းသမီးယဲ့၊ အရင်တုန်းကလို မဟုတ်တော့ဘူး ... ဂိုဏ်းထဲမှာတော့ ပြဿနာမရှိသေးပေမယ့် နတ်ရှုံးတောင်ရဲ့ အခြားနေရာတွေကိုသွားရင် ငါတို့ရဲ့တပည့်တွေလည်း ကန့်သတ်ချက်တွေရှိနေပြီ၊ ဖိအားအနည်းငယ်ကို ခံနေကြရတယ်လေ ..."

     "တကယ်ကြလား ..."ယဲ့ရှောင်ရှောင်းက သံသယမကင်းဟန်ဖြင့် ပြန်ကြည့်သည်။

     "အမှန်ပြောနေတာပါ၊ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းတွေကလည်း အရင်ထက် အများကြီး နိမ့်ကျသွားတယ်လေ ... ဒါကြောင့် ငါတို့ဆီမှာ ရတနာတွေမရှိဘူးဆိုတာကို ယုံပါ ..."သူ့အနေနှင့် ရတနာနှင့်ပတ်သက်သည့် ကောလဟာလတွေ မထွက်လာစေချင်တော့ပေ။ ယခုတစ်ကြိမ်သာ ထိုကောလဟာလတွေ ပြန်ထွက်လာပါက ထာဝရတံခါးဂိုဏ်းတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

     "ထူးဆန်းတာ၊ အရင်ကတော့ ဘာလို့ ဖိအားတွေကို မခံရတာလဲ ... အခုမှ ဘာလို့ဖိနှိပ်ခံရတာလဲ ..."ယဲ့ရှောင်ရှောင်းက မေးခွန်းတွေကို ထပ်တလဲလဲ မေးနေခဲ့သည်။
                        ***

စစ်ဧကရာဇ်(Chapter:1430)
(ထာဝရတံခါးဂိုဏ်း၏ လျှို့ဝှက်ချက်)
..................................................
     "ဒါနဲ့ပတ်သက်ပြီးတော့ ငါလည်း အသေအချာ မသိသေးပါဘူး ..."ဟွမ်နမ့်ချွမ်က ခေါင်းကို တသွင်သွင် ခါယမ်းလိုက်သည်။
     "အရင်တုန်းကဆိုရင် ထာဝရတံခါးဂိုဏ်းရဲ့ တပည့်အားလုံးက နတ်ရှုံးတောင်ရဲ့ဖိအားတွေကို လုံးဝ မခံကြရဘူး ... အခုနောက်ပိုင်းတော့ ဖိအားတွေက ငါတို့အပေါ် တဖြည်းဖြည်း သက်ရောက်လာခဲ့တယ်လေ ... ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းတွေလည်း တဖြည်းဖြည်းနှေးကွေးလာခဲ့ပြီ ... ဘာကြောင့်ဖြစ်သလဲဆိုတာတော့ ငါလည်း မသိသေးပါဘူး ..."

     "ဟားဟား ... မင်းက မုသားပြောနေတာပဲ ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်၏စကားကို နားထောင်ပြီးနောက် ရယ်မောလိုက်သည်။
     "ဖိအားတွေခံလာရတဲ့ အကြောင်းရင်းကို မင်းသိပါတယ် ... ခံရတာက မထူးဆန်းပါဘူး၊ ငါနားလည်တယ် ... မသိဘူးဆိုတာက လိမ်ညာနေတာပဲ ..."

     "တကယ်မသိလို့ပါ သခင်လေး ..."ဟွမ်နမ့်ချွမ်က အလျင်အမြန် ပြန်ပြောသည်။
     "ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ငါ့တပည့်တွေကို နတ်ရှုံးတောင်ရဲ့ ဖိအားတွေအောက်ကနေ လွတ်မြောက်စေချင်တယ်၊ ငါကူညီပေးချင်တယ် ... ဒါပေမယ့် ငါ့ဆီမှာ လုံလောက်တဲ့စွမ်းအား မရှိဘူးလေ ..."

     "မင်းဆီမှာ စွမ်းအားရှိတယ်လို့ ငါမပြောဘူးလေ ... အကြောင်းရင်းကို မင်းသိထားတယ်လို့ပဲ ပြောတာပါ ..."လီကွမ်ရီက ကျယ်လောင်စွာရယ်လိုက်ပြီး ဆက်ပြောသည်။
     "မင်းဆီမှာ အပြောင်းအလဲလုပ်ဖို့ အစွမ်းမရှိပေမယ့် ရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းကိုတော့ ခရေစေ့တွင်းကျ သိနေပါတယ် ..."

     "အာ ..."ဟွမ်နမ့်ချွမ်တစ်ယောက် အချိန်အတော်ကြာသည်အထိ ဆွံ့အနေမိသည်။ အချိန်များစွာ တိတ်ဆိတ်နေပြီးမှ လီကွမ်ရီကို ပြန်ကြည့်လိုက်ပြီး ...
     "အမှန်ပြောနေတာပါ၊ ပြဿနာရဲ့ အရင်းအမြစ်ကို သိချင်ပေမယ့် ငါမသိသေးပါဘူး ..."

     "ဟားဟား ... ဒီမှာ အပြင်လူမရှိလို့ နည်းနည်းလောက် ပြောပြမယ် ..."လီကွမ်ရီက မိုးထိမတတ် မြင့်မားသည့် တောင်တန်းများကို မော့ကြည့်ပြီး ပြုံးလိုက်သည်။

     "သင်ယူဖို့အသင့်ပါ သခင်လေးလီ ..."ချက်ချင်းပင် ဟွမ်နမ့်ချွမ်က နှိမ့်ချစွာပြုမူသည့်သဘောဖြင့် ဦးညွှတ်ပြီးပြောလိုက်သည်။

     "နတ်ရှုံးတောင်ရဲ့ဖိအားတွေက ထာဝရတံခါးဂိုဏ်းကို မသက်ရောက်နိုင်တဲ့ အ​ကြောင်းရင်းတစ်ခုရှိတယ် ... အဓိကက မြေနေရာအနေအထားကြောင့်ပဲ ... ဒီနေရာက နတ်သစ်ပင်ရဲ့ အစလို့ ပြောလို့ရတယ်လေ ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကိုကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
     "အင်မော်တယ်ဧကရာဇ်ပုစစ်က ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့တယ် ... ပြီးတော့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို သဘာဝအရင်းအမြစ်တွေနဲ့ ပေါင်းစပ်ပြီးတည်ဆောက်ခဲ့တယ်လေ ... ဒါကြောင့်လည်း ထာဝရတံခါးဂိုဏ်းက အခုထိရှိနေနိုင်သေးတာပေါ့ ... တကယ်လို့ အခြားမျိုးနွယ်တွေက ဒီနေရာကို သိမ်းပိုက်ခဲ့ရင်တောင် ပြဿနာမရှိဘူး ... ထာဝရတံခါးဂိုဏ်းရဲ့မျိုးဆက်မဟုတ်လို့ ဒီနေရာမှာနေရင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တက်နှုန်း နှေးကွေးသွားလိမ့်မယ် ..."

     လီကွမ်ရီက ဟွမ်နမ့်ချွမ်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
     "အရင်က ဖိအားတွေကို ဘာကြောင့်ခံနိုင်ခဲ့တာလဲ ... ဒီအကြောင်းကို မင်းသိထားပါတယ် ... အင်မော်တယ်ဧကရာဇ်ပုစစ်က နတ်ရှုံးတောင်ရဲ့ မြေအောက်အနက်ရှိုင်းဆုံးနေရာအထိ ဝင်သွားပြီး ​မြေကြော၊ ရေကြောတွေကို ပြောင်းလဲပစ်ခဲ့တယ် ... သူ့မျိုးဆက်တွေနဲ့ကိုက်ညီမယ့် မြေအနေအထားဖြစ်အောင် ပြုပြင်ခဲ့တယ် ... ဒါ​ကြောင့်မို့လည်း ထာဝရတံခါးဂိုဏ်းရဲ့တပည့်တွေက ရတနာအကူအညီ မပါဘဲ ဖိအားတွေကို ရှောင်လွဲနိုင်ခဲ့ကြတာလေ ..."

     ဟွမ်နမ့်ချွမ်မှာ လီကွမ်ရီ၏ စကားကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတော့သည်။

     "ဒါပေမယ့် အခုလက်ရှိမှာတော့ မင်းတို့အားလုံးက အကြီးမားဆုံးပြဿနာနဲ့ ရင်ဆိုင်နေကြရတယ် ... အင်မော်တယ်ဧကရာဇ်ပုစစ်ကိုယ်တိုင် ပြုပြင်ထားတဲ့ မြေဆီလွှာအဆီအနှစ်တွေက တဖြည်းဖြည်း ပါးလွှာလာခဲ့ပြီလေ ... ဒါကြောင့်လည်း ဖိအားတွေကို တစ်နှစ်ထက်တစ်နှစ် ပိုတိုးပြီးခံလာရတာပေါ့ ... ကံမကောင်းစွာပဲ ပါးလွှာသွားတဲ့ မြေဆီလွှာကိုပြုပြင်ဖို့ မင်းတို့ဆီမှာ စွမ်းအားမရှိဘူးလေ ..."

     ဤတစ်ကြိမ်၌ ဟွမ်နမ့်ချွမ်မှာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည့်အပြင် အနောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာလိုက်မိသည်။

     "ငါပြောတာ မှန်တယ်မလား ..."လီကွမ်ရီက ဟွမ်န့်ချွမ်ကို ပြုံး၍ကြည့်လိုက်သည်။

     ဟွမ်နမ့်ချွမ်သည် ချက်ချင်းပြန်မဖြေနိုင်ပေ။ အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ဘဲ တုန်လှုပ်နေမိသည်။ ကျောပေါ်တွင်လည်း ချွေးစေများဖြင့် စိုရွှဲနေခဲ့သည်။

     "အခု ငါပြောတာတွေက မင်းတို့ဂိုဏ်းရဲ့ လျှို့ဝှက်မှတ်တမ်းတွေထဲမှာတောင် မရှိဘူးလေ ... ဒီလျှို့ဝှက်ချက်က ခေါင်းဆောင်တစ်ဆက်ပြီးတစ်ဆက် နှုတ်နဲ့ပဲ လက်ဆင့်ကမ်းလာခဲ့ကြတာ မဟုတ်လား ..."လီကွမ်ရီက ဟွမ်နမ့်ချွမ်ကိုကြည့်ပြီး ပြုံးပြလိုက်သည်။
     "မျိုးဆက်တစ်ခုစီမှာ ဒီအကြောင်းသိတဲ့သူ အနည်းဆုံးတစ်ယောက်တော့ ရှိတယ်လေ ..."

     ဟွမ်နမ့်ချွမ်မှာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ လီကွမ်ရီ၏စကားက မမှားပေ။ ထာဝရတံခါးဂိုဏ်းသည် ဤလျှို့ဝှက်ချက်ကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည်။ မျိုးဆက်တစ်ခုစီတိုင်းမှ ဂိုဏ်းချုပ်အားလုံးသည် ဤလျှို့ဝှက်ချက်ကို သိကြသည်။ လက်ရှိမျိုးဆက်တွင်လည်း သူကလွဲပြီး မည်သူမှ မသိထားကြပေ။

     သို့သော် လီကွမ်ရီက လျှို့ဝှက်ချက်ကို သိနေခဲ့သည်။ အဘယ်မှာ မတုန်လှုပ်ဘဲ နေနိုင်တော့မည်နည်း။ ဂိုဏ်းချုပ်တိုင်းသည် လျှို့ဝှက်ချက်မပေါက်ကြားစေရဟု ကျိန်ဆိုခဲ့ရခြင်းဖြစ်၍ အပြင်လူတွေသိရှိရန် မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် လီကွမ်ရီက မည်သည့်နည်းဖြင့် သိရှိနေရသနည်း။

     ထိုစဥ် လီကွမ်ရီက ဟွမ်နမ့်ချွမ်ကိုကြည့်ပြီး ဆက်ပြောသည်။
     "တစ်ချိန်က အောင်မြင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုက အခုလိုကျရှုံးမယ်လို့ ဘယ်သူကထင်ထားမှာလဲ ... အင်မော်တယ်ဧကရာဇ်ပုစစ်က ဂိုဏ်းကို ဒီနေရာမှာ ဖန်တီးတည်ဆောက်ခဲ့တယ် ... ဒါပေမယ့် နောက်မျိုးဆက်တွေက ဂိုဏ်းဌာနချုပ်ကို တိုးတက်အောင်မလုပ်ဘ​ဲ ကမ္ဘာအနှံ့သွားပြီး ဂိုဏ်းခွဲတွေတည်ဆောက်ဖို့ဘဲ ကြိုးစားခဲ့ကြတာလေ ... ဒါကြောင့်လည်း ဒီနေ့လိုအခြေအနေမျိုးကို ရောက်လာခဲ့ရတာပေါ့ ..."

     ဤအချိန်၌ ယဲ့ရှောင်ရှောင်းကလည်း စိတ်ဝင်တစား နားထောင်နေခဲ့သည်။ တကယ်တော့ ယဲ့ရှောင်ရှောင်းတစ်ယောက်သာ မဟုတ်ပေ။ စစ်မာယွီကျန့်လည်း စိတ်ဝင်စားစွာဖြင့် နားထောင်နေသည်။

     "ဒီနေရာက မြေဆီလွှာနဲ့ သဘာဝအဆီအနှစ်တွေကို ပြုပြင်ပြောင်းလဲပြီး နေထိုင်လိုရတယ်ဆိုရင် တခြားအင်မော်တယ်ဧကရာဇ်တွေ၊ သစ်အုပ်ထိန်းသူတွေနဲ့ ပင်လယ်နတ်ဘုရားတွေက ဘာလို့မလုပ်ခဲ့ကြတာလဲ ... သူတို့က ဘာလို့ ဒီနေရာမှာ ဂိုဏ်းတစ်ခုခုကို မတည်ဆောက်ခဲ့ကြတာလဲ ..."ယဲ့ရှောင်ရှောင်းက စိတ်ထဲဘဝင်မကျဟန်ဖြင့် ဝင်မေးလိုက်သည်။

     "ကံကြမ္မာဆိုတာက အလကားမဟုတ်ဘူးလေ ... လူတိုင်းမှာ မတူညီတဲ့ ကံကြမ္မာတစ်ခုစီရှိကြတယ် ... အင်မော်တယ်ဧကရာဇ်ပုစစ်ရဲ့ ကံကြမ္မာလိုမျိုး အခြားဘယ်သူ့ဆီမှာ ရှိနိုင်ပါ့မလဲ ... အခြားအင်မော်တယ်ဧကရာဇ်တွေ၊ သစ်အုပ်ထိန်းသူတွေနဲ့ ပင်လယ်နတ်ဘုရားတွေက ပုစစ်လိုလုပ်နိုင်ဖို့ဆိုတာ မလွယ်ဘူးလေ ... ပင်လယ်နတ်ဘုရားနဲ့ သစ်အုပ်ထိန်းသူတွေကိုတော့ ထည့်မပြောလည်း ရပါတယ် ... သုံးခွမှိန်းနဲ့ သစ်အုပ်ထိန်းသူလက်နက်မရှိဘူးဆိုရင် သူတို့က အင်မော်တယ်ဧကရာဇ်နဲ့ ခြေရာတိုင်းဖို့မဖြစ်နိုင်ဘူး ... အဲ့ဒီလက်နက်တွေရှိမှ အင်မော်တယ်ဧကရာဇ်အဆင့်နဲ့ညီတဲ့ အင်အားမျိုးကို ထုတ်ဖော်နိုင်ကြတာလေ ... သူတို့အတွက်တော့ နတ်ရှုံးတောင်ရဲ့ သဘာဝကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ ..."လီကွမ်ရီက ခေါင်းခါယမ်းလိုက်သည်။

     "ဟမ်၊ မဖြစ်နိုင်ပါဘူး ..."ချက်ချင်းပင် ယဲ့ရှောင်ရှောင်းက ခါးခါးသီးသီး ငြင်းဆန်လိုက်သည်။
     "ခေတ်အဆက်ဆက်မှာ သစ်အုပ်ထိန်းသူန​ဲ့ ပင်လယ်နတ်ဘုရားတွေက အင်မော်တယ်ဧကရာဇ်တွေနဲ့ တန်းတူရပ်တည်ခဲ့ကြတာပါ ... သစ်အုပ်ထိန်းသူတွေသေရင် မူလဇာတိဖြစ်တဲ့ သစ်ပင်အဖြစ် ပြောင်းသွားကြတယ် ... အင်မော်တယ်ဧကရာဇ်တွေက အဲ့ဒီသစ်ပင်တွေကို ဘာမှမလုပ်နိုင်ဘူးလေ ... ဘယ်လို့ကြောင့် သူတို့က အင်မော်တယ်ဧကရာဇ်တွေထက် အားနည်းရမှာလဲ ..."သူမသည် သစ်အုပ်ထိန်းသူနှစ်ဦးရှိသည့် ရွှေကျွန်းမှဖြစ်သည်။ ထို့ကြောင့် လီကွမ်ရီ၏စကားများကို လက်မခံချင်ပေ။

     "ဟားဟား ... အမှန်ကို ပြောနေတာပါ၊ စိတ်ဆိုးနေလည်း ဒါက အမှန်တရားတစ်ခုလေ ..."လီကွမ်ရီက ယဲ့ရှောင်ရှောင်းကိုကြည့်ပြီး ရယ်လိုက်သည်။
     "သစ်အုပ်ထိန်းသူလက်နက်နဲ့ သုံးခွမှိန်းရှိမှ သူတို့က အင်မော်တယ်ဧကရာဇ်နဲ့ တူညီတဲ့အဆင့်ကိုရောက်တာပါ ... အဲ့ဒီလက်နက်တွေရှိရင်တောင် အင်မော်တယ်ဧကရာဇ်ကို အနိုင်မယူနိုင်သေးပါဘူး ..."

     "ဟမ် ... ငါတို့ရဲ့ သစ်အုပ်ထိန်းသူတွေက ဘိုးဘေးလက်နက်မရှိရင်တောင် အားမနည်းဘူး ..."ယဲ့ရှောင်ရှောင်းက ခါးခါးသီးသီး ပြန်ပြောသည်။

     သစ်အုပ်ထိန်းသူတိုင်းသည် သစ်အုပ်ထိန်းသူလက်နက်ကို ပိုင်ဆိုင်ကြသည်။ ၎င်းကို ဘိုးဘေးလက်နက်ဟုလည်း ခေါ်ဆိုကြသည်။ ထူးခြားချက်မှာ သစ်အုပ်ထိန်းသူတွေ သေဆုံးသွားပြီးနောက် ထိုလက်နက်တွေက ပျောက်ကွယ်သွားကြသည်။ ဧကရာဇ်လက်နက်တွေလို နောက်မျိုးဆက်များထံ လက်ဆင့်ကမ်းခဲ့လို့မရပေ။

     "ဟေ့ ... အမှန်တရားဆိုတာ လက်မခံလို့မရဘူး ..."လီကွမ်ရီက ခေါင်းကို ခါယမ်းလိုက်သည်။
     "သုံးခွမှိန်းမပါရင် အင်မော်တယ်ဧကရာဇ်အဆင့်ရှိတဲ့ ပင်လယ်နတ်ဘုရားတွေက အရေအတွက်နည်းနည်းပဲ ရှိတာ ... မူလပင်လယ်နတ်ဘုရားလိုမျိုးပေါ့ ... သူ့ခေတ်သူ့အခါကဆိုရင် အရမ်းကျော်ကြားခဲ့တာလေ ... အင်မော်တယ်ဧကရာဇ်မူကျောထက်တောင် သူ့အရှိန်အဝါက ကျော်ကြားခဲ့တာ ..."

     မူလပင်လယ်နတ်ဘုရားသည် သိုင်းခုနှစ်ပါးစံအိမ်မှ ဖြစ်သည်။ ပင်လယ်နတ်ဘုရားဖြစ်ပြီးနောက် သူသည် ကမ္ဘာကိုးခုကို အုပ်စိုးခဲ့သည်။ သူနှင့်ခေတ်ပြိုင် အင်မော်တယ်ဧကရာဇ်မူကျောထက်ပင် အရှိန်အဝါကြီးမားခဲ့သည်။ ထို့ပြင် သူသည် ပင်လယ်နတ်ဘုရား သမိုင်းတစ်လျှောက် အကြီးအကျယ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

     အင်မော်တယ်ဧကရာဇ်မူကျောမှာမူ လက်ရှိခေတ်ကာလ၌ လူသိနည်းသည်။ သူ၏ဘဝတစ်လျှောက် ကြီးကျယ်ခမ်းနားသော လုပ်ဆောင်ချက်တွေ မရှိခဲ့ပေ။ ထို့ပြင် သူသည် လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်သူဖြစ်သည်။ ထို့ကြောင့်လည်း မူလပင်လယ်နတ်ဘုရားက သူ့ထက် ပိုမိုကျော်ကြားခဲ့ခြင်း ဖြစ်သည်။

     လီကွမ်ရီ၏ တိကျခိုင်မာသော ဖြေရှင်းချက်ကြောင့် ယဲ့ရှောင်ရှောင်းမှာ ပြောစရာစကား မရှိတော့ပေ။

     "ကောင်းပြီ၊ အခု ကြိုးကြာတောင်ကုန်းကို သွားကြရအောင် ..."လီကွမ်ရီက ယဲ့ရှောင်ရှောင်းကို လစ်လျူရှုလိုက်ပြီး ဟွမ်နမ့်ချွမ်ကိုကြည့်ကာ ပြောသည်။

     "ကောင်းပါပြီ၊ သခင်လေးလီနဲ့ မင်းသမီးယဲ့ကို လမ်းပြပေးပါ့မယ် ..."ဟွမ်နမ့်ချွမ်က နိမ့်ချစွာပြောလိုက်သည်။

     ကြိုးကြာတောင် ... ထိုတောင်ကုန်းသည် ထူးခြားသော နေရာတစ်ခုဖြစ်သည်။ သို့သော် ထာဝရတံခါးဂိုဏ်း၌ တောင်ကုန်းတောင်တန်းများစွာရှိ၍ ကြိုးကြာတောင်သည် သိပ်ပြီးထင်ပေါ်ခြင်း မရှိပေ။

     ကြိုးကြာငှက်တစ်ကောင်၏ နှုတ်သီးသဏ္ဍာန်မျိုး ပိုင်ဆိုင်ထား၍ ကြိုးကြာတောင်ဟု အမည်ပေးထားခြင်း ဖြစ်သည်။ တောင်ထိပ်မှကြည့်လိုက်ပါက အောက်ခြေကို မမြင်ရသည့် ချောက်နက်ကြီးရှိသည်။ တောင်ကုန်းထိပ်တွင်မူ အဆောက်အဦတစ်ခုရှိသည်။ ထိုအဆောက်အဦအတွင်း အနားယူပြီး အပြင်သို့ကြည့်လိုက်ပါက လွန်စွာလှပသော ရှုခင်းများကို တွေ့မြင်နိုင်ပေသည်။

     ထာဝရတံခါးဂိုဏ်းသည် ကြိုးကြာတောင်ကို မပြုပြင်ဘဲ ပစ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ အဆောက်အဦက ကောင်းမွန်နေသေးသော်လည်း နေရာတိုင်းတွင် ပေါင်းပင်များနှင့် မြက်ပင်ခြုံနွယ်များ ပေါက်နေကြသည်။ သို့သော် ယနေ့မှာတော့ ဟွမ်နမ့်ချွမ်က တပည့်တွေကို သန့်ရှင်းရေးလုပ်ခိုင်းခဲ့သည်။ ထို့ကြောင့် မြက်ပင်ခြုံနွယ်အားလုံး မရှိတော့ဘဲ အတော်လေး သပ်ရပ်သန့်ရှင်းနေပြီဖြစ်သည်။

     နောက်ဆုံးတွင် ကြိုးကြာတောင်သို့ ရောက်လာခဲ့ကြသည်။ ထိုအခါ ဟွမ်နမ့်ချွမ်က နေရာထိုင်ခင်း စီစဥ်ပေးသည်။ ပြီးနောက် ဦးညွှတ်ကာပြောသည်။
     "ငါ့တပည့်တွေကို တောင်ပေါ်မှာ ချန်ထားခဲ့ပါ့မယ်၊ တစ်ခုခုလိုအပ်ရင် သူတို့ကို ခေါ်ပြောလိုက်ပါ သခင်လေးလီ ..."

     "မလိုဘူး၊ သူတို့ကို ပြန်ခိုင်းလိုက်ပါ ..."လီကွမ်ရီက လက်ကို ညင်သာစွာ လှုပ်ယမ်းပြလိုက်သည်။

     ဟွမ်နမ့်ချွမ်ကလည်း အမိန့်အတိုင်း နာခံလိုက်သည်။ စိတ်ထဲတွင်မူ ကြိုးကြာတောင်အား ရွေးချယ်ရခြင်း၏ အကြောင်းရင်းကို သိချင်နေမိသည်။ လီကွမ်ရီလိုလူတစ်ယောက်က ရှုခင်းကြည့်ရုံသက်သက် ရောက်လာသည်ဆိုတာကို မယုံကြည်ပေ။
                        ***

Continue Reading

You'll Also Like

92.1K 10.4K 117
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမ...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
77.4K 7K 200
လူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး
412K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...