Secret Love On Air

By ErikaPaul9

4.2K 481 32

မြတ်နိုးရတဲ့တစ်စုံတစ်ယောက်ဘဝထဲမယ်အပြီးစွန့်လွတ်လိုက်တဲ့အချိန်ကျရင်သူ့ကြောင့်ဆိုပြီးဖြစ်တည်လာတဲ့အရာတွေကိုလည်းစ... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15

Part - 7

197 29 2
By ErikaPaul9

" အန်တီစိမ့်စမ်းညိုလည်း ဆရာမဂျူးကိုကြိုက်တာပဲလား "

" အွန်း အကြိုက်ဆုံးပေါ့ အဲ့ထဲကမှအမှတ်တရကိုအကြိုက်ဆုံး "

" ရင်နာလိုက်ရတယ်ဆိုတာမပြောချင်တော့ပါဘူး စုစုထွေးကိုမောင်ကဘာလို့ထားသွားခဲ့ရက်လဲ စုစုထွေးကရောဘာလို့မောင့်ကိုမှချစ်နေမြဲလဲ "

" အခါခါဖတ်ပြီး အခါခါရင်နာရတာမျိုးတွေကိုလည်းသဘောကျတယ် "

" ဆရာမဂျူးရဲ့အချစ်ခံယူချက်ကို နွေဦးကတော့သိပ်သဘောမတွေ့သလိုပါပဲ ချစ်မှတော့အနဲနဲ့အများပိုင်ဆိုင်လိုစိတ်ရှိကြတာပဲမဟုတ်လား အပြင်လက်တွေ့မှာအဲ့လိုအချစ်မျိုးနဲ့ချစ်နိုင်တဲ့သူတကယ်ရောရှိလို့လား "

" လူတိုင်းမှာစိတ်အမျိုးမျိုးရှိနိုင်ကြတာပဲလေ
ဂျူးရဲ့စာတွေမှာ သူ့ရဲ့အချစ်ခံယူချက်ဆိုတာထက်ပိုတဲ့အရာမျိုးတွေသဘောကျမိတယ် "

နှစ်ယောက်ကြားခနတိတ်ဆိတ်သွားခဲ့ပြီး...

" စကားတစ်ခုရှိတယ် အသက် ၅ နှစ်ကွာရင် ခေတ်တခေတ်ကွာတယ်တဲ့ အန်တီနဲ့နွေဦးဆို 4 ခေတ်နီးပါးလောက်တော့ကွာမယ် "

" 4 ခေတ်ထဲကို မများပါဘူး "

စိမ့်စမ်းညိုအသာကလေးရီမိသွားသည်။

" အတွေးအခေါ်ခံယူချက်ချင်းတွေကတော့သေချာပေါက်ကွာပါတယ် သမီးရဲ့ "

" အန်တီစိမ့်စမ်းညိုရဲ့ အချစ်ခံယူချက်ကဘယ်လိုလဲဟင် "

" ဂျူးနဲ့အတူတူပါပဲ "

" ဘာလို့လဲ အန်တီစိမ့်စမ်းညိုတို့လိုလူကြီးတွေကအကုန်နီးပါးဒီလိုတွေပဲနော် နားမလည်နိုင်တော့ပါဘူး ကိုယ်ချစ်တဲ့သူကိုတိတ်တိတ်လေးပဲပြုစုပျိုးထောင်ပေးရုံပဲဆိုတာမျိုး "

" သမီးငယ်သေးပါတယ် ဒါတွေတနေ့ကျလူကြီးဖြစ်လာရင်နားလည်လာလိမ့်မယ် မဟုတ်သေးပါဘူး သမီးချစ်တတ်သွားတဲ့တနေ့ဒါမှမဟုတ်သမီးတကယ်ချစ်မိသွားတဲ့သူနဲ့တွေ့သွားရင်သမီးရဲ့အချစ်တွေဟာလည်းအလိုလိုပုံစံပြောင်းသွားလိမ့်မယ် "

" ဟင့်အင်း နွေဦးကတော့နွေဦးချစ်တဲ့သူကိုပိုင်ဆိုင်ရမှဖြစ်မှာပါ ဆရာမဂျူးနဲ့အပြင်မှာဆုံရတဲ့တနေ့ကျပြောဦးမယ် ဆရာမဂျူးရဲ့အချစ်ခံယူကိုပြောင်းရင်ပြောင်းမပြောင်းရင်လည်းကိုယ့်ဘာကိုတစ်ယောက်တည်းခံယူလို့ မဟုတ်ရင်တလောကလုံးမှာရှိတဲ့အန်တီစိမ့်စမ်းညိုတို့လိုအပျိုကြီးတွေကလိုက်လိုက်ခံယူကြလွန်းလို့ဆိုပြီးဂျီကျဦးမှာ "

" ဟော...ကြည့်စမ်း တကယ့်ကလေးကွယ် "

စိမ့်စမ်းညိုမှာနွေဦးမောင်စကားတွေကိုသဘောကျလျက်အသံအနဲငယ်ကျယ်ကျယ်နဲ့ရီမိသွားလေသည်။

" နွေဦးပြောတာမဟုတ်လို့လား လာရီနေသေးတယ် "

" ဟုတ်ပါတယ် ရှင်မှန်ပါတယ်တော် "

" နွေဦးကတော့နွေဦးချစ်တဲ့သူကိုပိုင်ဆိုင်ချင်တယ် နွေဦးလည်းအများကြီးချစ်ပေးမယ် နွေဦးကိုလည်းအများကြီးချစ်စေချင်တယ် နွေဦးရဲ့အချစ်ကအဲ့ဒီတစ်စုံတစ်ယောက်အတွက်သီးသန့်ဖြစ်ပေးမယ် သူ့ရဲ့အချစ်ကလည်းနွေဦးအတွက်သီးသန့်ပဲဖြစ်စေချင်တယ် "

" သမီးနဲ့အန်တီနဲ့ကွာတာအဲ့အရာတွေပါပဲ "

" လောဘကြီးတယ်ပဲပြောပြော သမီးကတော့သမီးချစ်တဲ့သူကိုတစ်ယောက်တည်းပိုင်ဆိုင်ချင်တယ် "

" တကယ်တော့ စစ်မှန်တဲ့ချစ်ခြင်းတွေမှာပိုင်ဆိုင်ရမှမဟုတ်ပါဘူး သမီးရဲ့ နီးမနေလည်းရတယ် ပိုမဝေးသွားဖို့ပဲအားစိုက်ရင်းသူလိုအပ်တာမှန်သမျှတိတ်တိတ်ကလေးဖြည့်ဆည်းရင်းနဲ့ပဲသူပျော်နေရင်ကိုယ်လည်းပျော်ရတယ် သူဝမ်းနည်းတာမြင်ရင်ကိုယ့်မှာပိုလို့တောင်ရင်နာရတယ် ဒါကချစ်ခြင်းအစစ်တွေပဲ သူသိသည်ဖြစ်စေ မသိသည်ဖြစ်စေသူ့ကိုဒီတိုင်းလေးပဲငေးကြည့်နေရရင်ကိုပျော်နေတာမျိုး "

နွေဦးမောင်မှာဆိတ်ငြိမ်စွာပဲစိမ့်စမ်းညိုကိုသာငေးနေခဲ့သည်။

" ဒီနေ့ရာသီဥတုသိပ်သာယာတယ်နော် "

စိမ့်စမ်းညိုကအပြင်ကိုတစ်ချက်ကြည့်ပြီးပြုံးရင်းနဲ့ပြောလေသည်။

" နေသာသာ မိုးရွာရွာ ကိုယ်ချစ်တဲ့သူကိုဆိုအမြဲသတိရလွမ်းဆွတ်တမ်းတနေတတ်တာလား အန်တီစိမ့်စမ်းညို "

" အွန်း အဲ့လိုဆိုပါတော့ "

ထိုအချိန်အခိုက်အတန့်စာအုပ်တွေလည်းမဖတ်ဖြစ်ဘူးထင်ပါရဲ့။နွေဦးမောင်မှာစာအုပ်တွေအစားစိမ့်စမ်းညိုမျက်နှာရိပ်မျက်နှာကဲကိုပဲလိုက်ဖတ်နေမိတယ်ထင်ပါရဲ့။

" ဒီပြီးရင်ဘယ်သွားချင်သေးလဲဟင် အန်တီစိမ့်စမ်းညို "

" သမီးဆိုင်ကိုပဲပြန်သွားရအောင်လား ကော်ဖီခါးခါးလေးသောက်ချင်လို့ "

နွေဦးမောင်ခေါင်းငြိမ့်လိုက်သည်။စာကြည့်တိုက်မှာထပ်တအောင့်ထိုင်ပြီးဆိုင်သို့ပြန်သွားခဲ့သည်။

" အန်တီစိမ့်စမ်းညိုအတွက် ကော်ဖီခါးခါး "

" Thank you!"

" မုန့်တစ်ခုခုရောစားဦးမလား နွေဦးဘာလုပ်ပေးရဦးမလဲ "

" ရပါပြီ ဒါနဲ့ သမီးဂစ်တာတီးတတ်လား "

" ဂစ်တာ???"

" အွန်း "

" နဲနဲပါးပါးတီးတတ်ပါတယ် အန်တီစိမ့်စမ်းညို "

" အန်တီ့ကို ဂစ်တာတီးပြီးသီချင်းဆိုပြလို့ရမလား "

မဆိုင်းမတွပဲကောင်တာအနောက်ဘက်ထဲဝင်သွားကာဂစ်တာအသေးလေးတစ်လက်ယူပြီးပြန်ထွက်လာခဲ့သည်။

" ဘာသီချင်းဆိုပေးရမလဲ အန်တီစိမ့်စမ်းညို "

" ယူ မီမီဝင်းဖေရဲ့ ယူ သီချင်းလေး "

ဂစ်တာကြိုးတွေတစ်ချက်နှစ်ချက်ညှိကာစတင်တီးခတ်ပြီးအသံချိုချိုလေးထွက်လာခဲ့သည်။

""""မခြွေခင်မှာပင်ကြွေခဲ့မိတဲ့ချစ်ပန်းလေးများကိုကွယ်...ထာဝစဥ်ချစ်မလား...မကြာခင်ပစ်သွားမလား...အတူတူနေမယ်တစ်သက်လုံးမခွဲဘူး...ရည်မှန်းထားခဲ့သော်လည်း...မနေချင်ရင်လည်းနင့်ရဲ့သဘောပဲကွယ်...ယူသွားဦးပေါ့တို့ရဲ့အချစ်...တို့ဘဝအားလုံးလိုရင်...ကြည်ဖြူစွာပေးလှူမယ်တို့အသည်းဦး...
အချစ်ဦးလေးမို့ အရူးအမူးပဲ...မင်းအလိုပြည့်ဖို့ဆိုရင်...လိုချင်ယူသွား မျက်ရည်များလည်းယူ...ယူ...ငိုစေချင်သလား မျက်ရည်လေးများယူ...""""

တိတ်ဆိတ်ငြိမ်သက်လွန်းလှတဲ့ကော်ဖီဆိုင်လေးတစ်ခုထဲမှာ ဂစ်တာတစ်လက်ရယ် သီချင်းဆိုတဲ့သူရယ် နားထောင်တဲ့သူရယ် ကော်ဖီခါးခါးတစ်ခွက်ရယ် စာအုပ်တွေရယ် ဘေးပတ်ဝန်းကျင်မှာအလှဆင်ထားတဲ့ပန်းကလေးတွေရယ် ဒါကချစ်ခြင်းရဲ့အစတွေလား ဒါမှမဟုတ်ချစ်ခြင်းရဲ့အပိုင်းအစတွေလား နွေးထွေးမှုတွေလား ရင်ခုန်ခြင်းတွေလား အရာအားလုံးဟာမသဲကွဲခဲ့ပါဘူး။

" သိပ်ကောင်းတယ် နားထောင်လို့သိပ်ကောင်းတာပဲ အရမ်းလှပတဲ့သီချင်းလေးတစ်ပုဒ်ဟုတ်တယ်မလား "

သီချင်းပြီးသွားတော့စိမ့်စမ်းညိုကပြောလိုက်သည်။

" အချစ်ကပေးဆပ်ခြင်းမဟုတ်ဘူး ဒီတိုင်းချစ်လို့အရာအားလုံးကိုပုံအပ်ထားပေးပြီးသား "

" ကောင်းခြင်းတွေရော ဆိုးခြင်းတွေရော အကုန်လုံးပေးထားတာမလို့ အဆုံးထိငိုစေခဲ့ရင်တောင် မျက်ရည်တွေကိုပါအပိုင်ယူသွားဖို့ပေးပြီးကြောင်း အဲ့လိုမျိုးလား အန်တီစိမ့်စမ်းညို "

" အွန်း "

တိတ်ဆိတ်ခြင်းတွေကတစ်ဖန်နေရာယူလာပြန်ပါသည်။ကောင်းကင်ကြီးကလည်းစတင်အုံ့မှိုင်းလာပြန်ပါပြီ ဝါဆိုဝါခေါင်မိုးတွင်းကာလမို့ညနေပိုင်းရောက်လာရင်အလိုလိုနေရွာသွန်းဖြိုးတတ်တဲ့မိုးတွေကိုနွေဦးမောင်မကြိုက်နှစ်သက်နိုင်တာကိုတော့ပြင်လို့မရပေ။

" မိုးကိုမုန်းတယ် "

" အန်တီကတော့မိုးကိုချစ်တယ် "

အရမ်းကွဲပြားကြတဲ့ဒီလူသားနှစ်ဦးကိုကံကြမ္မာကဆုံခွင့်ပေးခဲ့တာတဲ့လေ။

" မိုးသံတွေရယ် ကော်ဖီခါးခါးတစ်ခွက်ရယ် စာအုပ်တွေရယ် ပြီးတော့..."

သက်ပြင်းမထိတထိလေးချပြီးရင်း...

" ဒီလိုဆိုရင် ဘယ်လောက်တောင်ပြည့်စုံပြီးပျော်စရာကောင်းနေမလဲ "

" အန်တီစိမ့်စမ်းညို "

အနူးညံ့ဆုံးနဲ့အားဖျော့ဖျော့နဲ့ခေါ်လိုက်တဲ့အသံကလေး...

" ပြောလေ သမီး "

" အန်တီစိမ့်စမ်းညိုကိုသဘောကျတဲ့သူနဲ့ အန်တီစိမ့်စမ်းညိုက သဘောကျတဲ့သူ ဘယ်သူ့ကိုရွေးချယ်မှာလဲဟင် "

" အဖြေကချက်ချင်းပြန်ပေးမှရမှာလား "

" သေချာစဥ်းစားချင်သေးလည်းရပါတယ် "

" အွန်း "

ဆက်ရန်...

NLY🤎

Continue Reading

You'll Also Like

19.6K 1.8K 7
Wanna visit rajasthan than read this special book about my love Rajasthan 💗
209K 18.8K 72
Sequeal of 'Home To You' can be read stand alone. ©️All Right Sereved by me @deliciouspeach__ (writer_maira)©️ 25 years have passed and everything i...
81.1K 1.4K 37
This is an unofficial fan-made English translation of We are...คือเรารักกัน (We are... we are in love). Please do not re-translate to any other langu...
255K 18.5K 22
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...