ဇာတ်သိမ်းပိုင်း
ငွေဆောင်ကမ်းခြေရှိ Sunny Paradice Resort တွင်ပြင်ဆင်ထားသည့် မင်္ဂလာပွဲလေး။ ထိုမင်္ဂလာပွဲလေးကိုတော့ နှစ်ဖက်မိဘ ဆွေမျိုးများနှင့် ရင်းနီးသူအနည်းငယ်သာ ဖိတ်ကြားထားလေသည်။ ရင်းနီးသူအနည်းငယ်ဟုဆိုသော်လည်း ဖတ်စာ (၅၀၀) ကို အသုံးပြုထားခဲ့ခြင်းပင်။
ချစ်ခြင်းကိုဖော်ကျူးပေးသည့် နှင်းဆီနီများဖြင့် ပြင်ဆင်ထားသည့် မင်္ဂလာစင်မြင့်နှင့် လျှောက်လမ်းက ညနေခင်းအချိန်တွင်လှပလွန်းသည့် နတ်တို့ဖန်ဆင်းသည့်နန်းတော်ကြီးနှယ်။ ရေမွှေးရနံ့သင်းသင်းလေးကလည်း ပင်လယ်လေအဝှေ့တိုင်းပါလာအောင် စီမံထားသည်မှာ နှစ်သက်ဖွယ်ရာအတိ။
ဟိုတယ်ခန်းထဲတွင်ပြင်ဆင်ထားသည့် အဖြူရောင်သတို့သားဝတ်စုံနှစ်စုံ။ ကော်လံအနားလေးများကို စီခြယ်ထားသည့်စိန်ပွင့်လေးများ။
နာမည်ကျော် Gucci ၏ အထူးသီးသန့်ချုပ်လုပ်ပေးထားသည့် Lather ဖိနပ်နှစ်စုံ။ အရည်အသွေးကောင်းလှသည့် ပန်းရောင်ရှားပါးစိန်ဖြင့် ခတ်ထားသည့် မင်္ဂလာလက်စွပ်နှစ်ကွင်း။ ရင်ကပ်ပန်းအစားပြင်ဆင်ထားသည့်ရင်ထိုးလေးများကလည်း စိန်ပွင့်လေးများဖြင့်တလက်လက်တောက်ပလျှက်။
ထိုအရာများ၏ အရှင်သခင်များက မည်သူများပါလိမ့်။
ဟုတ်ပါသည်။ ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်ပါပင်။
ထက်ကိုရှိန်းက အဝတ်အစားလဲပြီး ပြင်ဆင်နေသည့် ပြည်သာရဲထက်ကို ကြည့်ကာ ပြုံးနေမိသည်။ အလွဲများဖြင့်တွေ့ခဲ့ရသည့် ထိုကောင်လေးက တကယ့်ကိုအဖိုးတန်လေးဖြစ်လေသည်။ ထက်ကိုရှိန်း၏ နှလုံးသားကို အပြီးတိုင်နေရာယူ သိမ်းပိုက်သွားသည့်ကောင်လေး။
ထက်ကိုရှိန်းအတွက် မည်သည့်အရာနှင့်မျှ အလဲအထပ်မလုပ်နိုင်လေသော ဖြစ်တည်မှုလေးကတော့ ပြည်သာရဲထက်ပါပင်။
"ဘာတွေကြည့်နေတာလဲ ကိုကို"
"ကလေးက ချစ်စရာကောင်းလိုက်တာကွာ.. ကိုကိုကတော့ ကလေးကို မျက်လုံးအောက်ကကို အပျောက်မခံနိုင်တော့ဘူး သိရဲ့လား.. ခုလိုပွဲလုပ်ရတော့ ကလေးစိတ်ထဲ ဘယ်လိုနေလဲ"
"မပြောတတ်ဘူး.. ဒါပေမယ့် ကိုကိုနဲ့ဆိုရင် ကျွန်တော်က ဘယ်လိုနေရနေရပျော်တယ်"
ထက်ကိုရှိန်းက မှန်ထဲမှမြင်နေရသည့် ပြည်သာရဲထက်ကို ပြုံးပြလိုက်ရင်း မျက်လုံးတစ်ဖက်မှိတ်ပြလိုက်လေသည်။
"အားယို ကိုကိုက ဘယ်လိုလုပ် ဒီလိုအပြုမူတွေတတ်လာတာလဲ... ဒီကောင်ကို တော်ရုံလောက်ပဲ ပြုစားပါဗျာ"
"အဟား... အသည်းယားအောင်မလုပ်နဲ့နော်... ကလေးနဲ့ အတူနေရတော့ ကလေးဆီကနေ ကူးလာတာနေမှာ"
"ကိုကိုကတော့ လုပ်ပြီ"
"တကယ်ပြောတာလေ.. ကိုယ့်ရဲ့ တည်ငြိမ်နေတဲ့ စိတ်တွေကို ဘယ်သူက လာဆွသွားတာလဲ"
"ကိုကို သိလား"
"ဟင်"
"အဲ့တာလေ ကိုကိုနဲ့ ကျွန်တော်က ဖူးစာကြိုးလေး ချည်ခံထားရတာ... အဲ့တာကြောင့်လေ ကိုကို့ကို တွေ့လိုက်လိုက်ချင်း ဖူးစာပဲလို့ သိလိုက်ရတာ"
"ကလေးက အတတ်လေးပဲကွာ.. ကိုယ့်ကို ချွေနေလိုက်တာများ"
"ဟီး.. ကိုကိုကတော့ အဲ့ချိန်က ဖူးစာဆိုတာ မသိသေးဘူးပေါ့"
"ဟုတ်လား"
"ဟုတ်တယ်လေ.. ကျွန်တော်ကပဲ ကြိုးစားပြီး ကိုကိုသိအောင် လုပ်ခဲ့ရတာ"
"အခုတော့ သင်္ချာချင်းထပ်မြတ်သွားပြီလား... ဘယ်သူမြတ်သွားတာလဲ ကိုကိုလား ကလေးလား"
"ဟင်.. ကိုကိုကလည်း"
ထက်ကိုရှိန်းက ပြည်သာရဲထက်ရှက်သွားအောင် စလိုက်သော်လည်း ပြည်သာရဲထက်ကတော့ ရှက်သွားပုံမရှိပေ။ ထို့အပြင် ပြည်သာရဲထက်ပြန်ပြောလိုက်သည့်စကားကြောင့် ရှက်သွားရသူကတော့ ထက်ကိုရှိန်းပါပင်။ ပြည်သာရဲထက်ကတော့ တကယ့်ကို တမိုးအောက်တစ်ယောက်ပါပေ။
"မြတ်သွားတာကတော့ ကိုကိုလို့ ထင်ရတာပေါ့... ဒါပေမယ့် ကျွန်တော်က ပိုမြတ်တာလေ"
"ဟမ်"
"ဟုတ်တယ်လေ... ကိုကိုက ကျွန်တော့်ကို တစ်သက်လုံးလုပ်ကျွေးရတော့မယ်... ကျွန်တော်ကတော့ ထိုင်စားလို့ရသွားပြီလေ.. ပြီးတော့ ကိုကို နဲ့ ကျွန်တော်ထပ်နေကြချိန် ကိုကိုက တကယ့် နတ်ဘုရားပဲသိလား.. ဆွဲဆောင်မှု တအား တအားကိုရှိတာ... အဲ့လို နတ်ဘုရားက ထပ်တာဆိုတော့ ပြည်သာရဲထက်တို့ အထပ်ခံရကျိုးနပ်ပါတယ်လေ"
"ဟား.. ဟား... ကလေးက မပြောရဲတဲ့ စကားကိုမရှိပါလား"
"ကလေးရှက်ရှင်ငိုတယ်.. လူကြီးရှက်ရင် ရယ်တယ်တဲ့ .. ကိုကိုရှက်သွားတာလား"
"ဟမ်"
………………………………………………………………………………………
ပြင်ဆင်ပြီးသွားသည့်အခါ ပြင်ဆင်ပေးနေသူများက အခန်းထဲမှ ထွက်သွားကြလေသည်။ ပြည်သာရဲထက်က မှန်တင်ခုံဆီမှထလာပြီး ထက်ကိုရှိန်းရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် ခြေထောက်ကို အနည်းငယ်ထောက်လိုက်ပြီး ထက်ကိုရှိန်း၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ ထက်ကိုရှိန်းက အနမ်းတို့ကို တုံ့ပြန်လိုက်သည့်အခါ ပြည်သာရဲထက်က ထက်ကိုရှိန်း၏ ခါးမှ ခါးပတ်ကို ဖြုတ်ပေးလိုက်လေသည်။ ထို့ကြောင့် ထက်ကိုရှိန်းမှာ မျက်လုံးပြူးသွားရတော့သည်။
"ကလေး.. ဘာလုပ်တာလဲ"
"ကိုကို မလိုချင်ဘူးလား.. ထပ်ကြည့်ရမယ်လေ"
ထက်ကိုရှိန်း၏ မျက်ဝန်းတို့ကို စိုက်ကြည့်ကာ မေးလိုက်သည့် ပြည်သာရဲထက်။ ထိုအခါ ထက်ကိုရှိန်းမှာ စိတ်ကို မနည်းပြန်ထိန်းလိုက်ရလေသည်။
"ခဏနေရင် ပွဲကစ... တော့မှာ.. ဒီချိန်က"
"ပွဲက ၆ နာရီမှလေကိုကိုရဲ့... အခုက ၅ နာရီပဲရှိသေးတာလေ"
"ဒါ... ဒါပေမယ့် ပြင်ထားတာတွေက"
"ကိုကိုသိပ်မကြမ်းရင် မပျက်ပါဘူး"
"ဟင်"
ပြည်သာရဲထက်၏စကားကြောင့် ထက်ကိုရှိန်းမှာ ကျောပင်တွန့်သွားရလေသည်။
"ဘယ်လိုလဲ ရင်ခုန်ကြည့်ကြမလား.. ကိုကို့ကြည့်ရတာလည်း ထပ်ချင်နေပုံရပါတယ်.. ကိုကိုရင်ခုန်နေတာ အတိုင်းသား ကြားနေရတာကို"
ထက်ကိုရှိန်းက အပေါ်ကုတ်ကို ချွတ်ပြီး အနမ်းတို့ကို ရှေ့ဆက်လိုက်လေသည်။
ပြည်သာရဲထက်က ကုတင်ဘေးရှိ အလှဆီဘူးကို ထက်ကိုရှိန်း၏ လက်ထဲထည့်ပေးလိုက်လေသည်။ ထက်ကိုရှိန်းက အခန်းလော့ခ်ကို ပိတ်လိုက်ပြီး အချိန် (၁) နာရီလောက်သာရမည့် အချစ်ခရီးကို စတင်လိုက်သည်။
ချစ်ခြင်းတို့က နွေးထွေးလျှက်။ လှုပ်ရှားမှုအောက် ချစ်စရာကောင်းလွန်းလှသည့် ပြည်သာရဲထက်၏ အလှတို့က ထက်ကိုရှိန်း အကြိမ်ကြိမ်ရူးသွပ်ဖွယ်ရာ။ မမောနိုင်သည့် ချစ်ခရီးတို့က သာယာမှုတို့ ရောစွက်လျှက်။ ချွေးအနည်းငယ်စို့လာသည့် အထိတွေ့။ ထိုအထိတွေ့တို့က ချိုမြိန်စွာအဖိုးတန်လျှက်။ အချိန်တစ်ခုကို ဖြတ်သန်းပြီးနောက် စိတ်ထိန်းကာ ခန္ဓာကိုယ်ချင်းခွာလိုက်ရသည်။
"ဘယ်လိုလဲ ကိုကို.. ရင်ခုန်စရာကောင်းလား"
"အင်း"
"ကိုကိုက ဆိုးလိုက်တာ"
"ဟင်"
"ဘာတွေရှက်နေတာလဲ ကိုကို.. ဒါက ကိုကို့အတွက် ပထမဆုံးအကြိမ်လဲမဟုတ်ဘူး"
"ဒါပေမယ့်..."
ပြည်သာရဲထက်က ထက်ကိုရှိန်းခါးကို ဖက်လိုက်သည်။ ထို့နောက် ထက်ကိုရှိန်း၏ မျက်လုံးကို စိုက်ကြည့်ရင်းမေးသည်။
"ကိုကို ဘယ်ချိန်ကတည်းက သတိရနေတာလဲ..."
"ဟင်"
"ကိုကို့ကို သိပ်ချစ်တဲ့ ဒီကောင်ကို ကိုကို ဘယ်ချိန်ထိ လိမ်ထားချင်တာလဲ"
"ဟင်"
"ကိုကိုကသာ လိမ်နေတာ.. ကိုကို့ရဲ့ ရင်ခုန်သံတွေက လိမ်လို့မရဘူး"
"ကလေး... ဘယ်ချိန်ကတည်းက ရိပ်မိနေတာလဲ"
ပြည်သာရဲထက်က ချစ်ရည်လူးပြီး အနည်းငယ်ပုံပျက်သွားသည့် ဆံပင်နှင့် အဝတ်အစားတို့ကို ပြန်ပြင်ဝတ်လိုက်သည်။ ထို့နောက်ပြင်ဆင်ထားသည့် လက်ကိုင်ပန်းစည်းကို ကိုင်လိုက်သည်။
"ကိုကိုရဲ့ အပြုမူလေးတွေ ပြောင်းလဲသွားတယ်လေ.. ကိုကို ကျွန်တော့်ကို မမှတ်မိခင်က ရင်ခုန်သံတွေက နည်းနည်းလောက်စိမ်းသက်တယ်.. ဒါပေမယ့် နောက်ပိုင်း ကိုကို့ရဲ့ အပြုမူလေးကို ရင်းနီးလာတယ်.. ကိုကိုလုပ်နေကျ အပြုမူလေးတွေ ပြန်ပေါ်လာလို့"
"ဘယ်လိုမျိုးတွေလဲ"
"ဥပမာ.. အခုလိုအချိန်မျိုးတွေ ကိုကို မငြင်းဆန်နိုင်တာမျိုးလေ"
"ဟင်"
"ဘယ်လိုလဲ ဝန်ခံတော့မှာလား ကိုကို... ကိုကိုက ဟန်ဆောင်တဲ့နေရာ ညံ့သေးတယ်"
ထက်ကိုရှိန်းက ပြင်ဆင်ထားသည့် ရင်ထိုးကို ပြည်သာရဲထက်၏ ရင်ဘတ်ပေါ်တွင်ထိုးပေးလိုက်ပြီး နဖူးကို ခပ်ဖွဖွနမ်းသည်။
"ကိုယ် ပြန်မှတ်မိနေတာကြာပါပြီ.. ကလေးကို မပြောပြသေးတာက ကလေးဘယ်လိုတုံ့ပြန်မလဲသိချင်လို့လေ.. ကလေးက တအားချစ်စရာကောင်းတယ်မလား.. ကိုယ်ဘယ်တုန်းကမှ မငြင်းဆန်နိုင်ခဲ့ဘူးလေ ကလေးရဲ့"
"ဟီးဟီး.. ကိုကိုက ချစ်စရာကောင်းတယ်"
"ကလေးက ပိုပြီးချစ်ဖို့ကောင်းတယ်"
ထက်ကိုရှိန်းက ကြိမ်ခြင်းလေးထဲတွင်ထည့်ထားသည့် ပုလင်းလေးကို မျက်စောင်းပစ်ပြလိုက်သည်။
"ဘာလဲ ကိုကို"
"မနက်က ကိုယ်တို့ လမ်းလျှောက်ရင်း ကမ်းခြေကနေဆယ်လာတာလေ.. ကလေးနဲ့ ကိုယ်ပစ်လိုက်တဲ့ ပုလင်းလေးတွေများဖြစ်နေမလား"
ပြည်သာရဲထက်က ထိုပုလင်းလေးများဆီလျှောက်သွားပြီး ပုလင်းအဖုံးကို တစ်ရှူးဖြင့်ကိုင်ကာ ဖွင့်လိုက်သည်။
ထိုအခါ အထဲမှ ထွက်လာသည့်စာလေး (၂) စောင်။
'အချစ်မှာအကြောင်းပြချက်ရှိတယ်.. ကိုယ့်အတွက်တော့ အဲ့အကြောင်းပြချက်က ပြည်သာရဲထက်တဲ့'
'အချစ်မှာအကြောင်းပြချက်ရှိတယ်.. ကျွန်တော့်အတွက် အဲ့အကြောင်းပြချက်က ထက်ကိုရှိန်းတဲ့'
သေသေသပ်သပ်ရေးသားထားသည့် စာသားလေးများက ကြည်နူးဖွယ်ရာ။
"ကလေးပြောတာမှန်တယ်.. ပုလင်းလေးတွေက ကိုကိုတို့ဆီပြန်လာတယ်နော်"
ပြည်သာရဲထက်က စာလေးများကို ပုလင်းထဲပြန်ထည့်လိုက်သည်။
"အချစ်သာ စစ်ပါစေ.. အရာအားလုံးဟာ ဖြစ်နိုင်ပါတယ် ကိုကို"
……………………………………………………………………………………..
မင်္ဂလာပွဲလေးရှိ လျှောက်လမ်းမှလျှောက်လာနေသည့် ပြည်သာရဲထက်က နတ်သက်ကြွေလာသည့်နှယ်။ တောက်ပနေသည့် အပြုံးတို့က မြင်သူတိုင်းရင်အေးဖွယ်ရာ။
လက်စွပ်လဲပြီး ထက်ကိုရှိန်းက ပြည်သာရဲထက်၏ နဖူးကို ခပ်ဖွဖွလေး နမ်းသည်။
ထို့နောက် ပြည်သာရဲထက်က ပြုံးရင် ထက်ကိုရှိန်းနားကို ကပ်ကာပြောလိုက်သည့်စကားကြောင့် ထက်ကိုရှိန်းမှာ ကြက်သီးများပင်ထသွားရတော့သည်။
"ကိုကို အပင်ပန်းခံနိုင်သေးရင် ဧည့်သည်တွေကိုထားခဲ့ပြီး အခန်းထဲပြန်သွားကြမလား"
"ကလေး.. မင်း"
"ဘာလဲ အရှက်မရှိဘူး ပြောမလို့လား... ကိုကိုနဲ့ ကျွန်တော်က ရှက်ရမယ့်အနေအထားလည်းမဟုတ်တော့ဘူးနော်သိလား.. မရှက်ရမယ့်နယ်ကို ကျော်တာမှ လွန်နေပြီ"
"ကလေးက တော်တော်ဆိုးတယ်ကွာ"
"ကိုကိုပဲ အဆိုးလေးကို ချစ်နေတာမဟုတ်ဘူးလား"
"ဟုတ်ပါတယ်ဗျာ.. ဒီအဆိုးလေးကိုပဲ ချစ်နေရတာပါဗျာ"
"သိပ်ချစ်တယ် ကိုကို"
"ကိုကိုကလည်း ကလေးကို သိပ်ချစ်တယ်... ကိုကို့အတွက် အလေးက အရာရာထက် ၁ ပိုပါတယ်"
……………………………………………………………………………………….
သဲပြင်ပေါ်တွင်ခြေစင်းထိုင်နေသည့် ပြည်သာရဲထက်ဆီ ထက်ကိုရှိန်းက ဝိုင်ခွက်ကို ကမ်းပေးလိုက်သည်။ ထိန်ထိန်သာနေသည့် လမင်းကြီးက ထက်ကိုရှိန်းနှင့် ပြည်သာရဲထက်ကို အားကျနေသယောင်။ ဆားနံ့သင်းသည့် ပင်လယ်လေးညင်းလေးက သွဲ့သွဲ့တိုက်ခတ်နေသည်။ ပြည်သာရဲထက်၏ ခပ်အုပ်အုပ်ဆံနွယ်ပျော့ပျော့လေးများက လေနှင့်အတူ လူးလွန့်လျှက်။
ထက်ကိုရှိန်းကပါ ပြည်သာရဲထက်၏ ဘေးလေးတွင် ထိုင်လိုက်သည်။
"ကလေး"
"ပြောလေ ကိုကို"
"ကိုကိုနဲ့သာ အဲ့နေ့က မတွေ့ခဲ့ရင် ကလေးနဲ့ကိုကို အခုလို ရှိနေနိုင်ပါ့မလား"
ထက်ကိုရှိန်း၏ အမေးကို ပြည်သာရဲထက်က မဖြေသေးဘဲ ဝိုင်ခွက်ကို လှုပ်ပြီးတစ်ငုံသောက်လိုက်သည်။ လှုပ်ခါလိုက်သည့်အခါ ထွက်ပေါ်လာသည့် ဝိုင်ရနံ့က စူးရှမွေးပျံ့လျှက်။
"ကိုကို.. တွေ့ဆုံရမယ့် ကံတရားတွေရှိရင် ကျိန်းသေပေါက် တွေ့ဆုံရတယ်.. ပြီးတော့ ခွဲခွာရမယ်ဆိုရင်လည်း ကျိန်းသေ ခွဲခွာရတယ်"
"အင်း"
"ဒါပေမယ့် တွေ့ဆုံရတဲ့အချိန်တွေမှာ တန်ဖိုးထားတတ်ခဲ့ရင်တော့ ခွဲခွာရခြင်းတွေက နောက်ဆုတ်သွားလိမ့်မယ်"
"ဒါပေမယ့် ကံတရားက ခွဲကြရမှာပဲမဟုတ်လား"
"ဟုတ်တယ် ကိုကို.. ခွဲခွာကြရရင်တောင် တန်ဖိုးထားပေးခဲ့လို့ နောင်တရစရာမရှိတော့ဘူးပေါ့... ပြန်လှည့်ကြည့်လိုက်တိုင်း တန်ဖိုးထားပေးခဲ့မှုတွေကိုမြင်တွေ့ရမယ်လေ"
"အင်း"
"ဒါပေမယ့် ကိုကို.. ကျွန်တော်နဲ့ ကိုကိုက ခွဲခွာရစရာမရှိပါဘူး.. စတွေ့ကတည်းက တန်ဖိုးထားမှုတွေကို အုတ်မြစ်တည်ခဲ့တာဖြစ်လို့ပါ"
"ချစ်လိုက်ရတာ ကလေးရယ်"
ပြည်သာရဲထက်က ထက်ကိုရှိန်း၏ ပခုံးပေါ်မှီလိုက်သည်။ ထက်ကိုရှိန်းက ခပ်ဖွဖွပြန်လည် ပွေ့ဖက်လိုက်သည်။
'ချစ်ခြင်းတွေထပ်တူကျဖို့
တန်ဖိုးထားမှုတွေနဲ့ပဲ အုတ်မြစ်ချပါ..
ယုံကြည်မှုတွေထပ်တူကျဖို့
ပွင့်လင်းမှုတွေနဲ့ပဲ အုတ်မြစ်ချပါ..
ချစ်ခြင်းနဲ့ ယုံကြည်မှုတွေအခြေခိုင်မယ်ဆိုရင်
ထိုတွေ့ဆုံမှုမှတ်တမ်းမှာ
ခွဲခွာရခြင်းတွေကို ဖယ်ထုတ်ထားလိုက်ပါတော့…'
Collab with author Nion
A/N
ဒီ Fic လေးကို ချစ်ခင်လေးစားရတဲ့ အကိုတစ်ယောက်နဲ့အတူတူ ဖန်တီးခဲ့ပါတယ်။ ဖတ်ပေးကြတဲ့ တစ်ယောက်စီကိုလည်း ကျေးဇူးတင်ပါတယ်။
ထက်ကိုရှိန်း အတိတ်ကို ပြန်သတိရတာနဲ့ ပုလင်းထဲက စာလေးတွေအကြောင်းကိုတော့ ဒီအပိုင်းမှာပဲ တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။
ဇာတ်လမ်းက စိတ်ကူးယဉ်ထားတာဖြစ်လို့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။
လိုအပ်ချက်နဲ့ အမှားယွင်းတွေက စာရေးသူရဲ့ ပညာမပြည့်ဝမှုကြောင့်သာဖြစ်လို့ မေတ္တာဖြင့် ဖြည့်စွက်နားလည်ပေးကြပါ။
(Zawgyi)
ဇာတ္သိမ္းပိုင္း
ေငြေဆာင္ကမ္းေျခရွိ Sunny Paradice Resort တြင္ျပင္ဆင္ထားသည့္ မဂၤလာပြဲေလး။ ထိုမဂၤလာပြဲေလးကိုေတာ့ ႏွစ္ဖက္မိဘ ေဆြမ်ိဳးမ်ားႏွင့္ ရင္းနီးသူအနည္းငယ္သာ ဖိတ္ၾကားထားေလသည္။ ရင္းနီးသူအနည္းငယ္ဟုဆိုေသာ္လည္း ဖတ္စာ (၅၀၀) ကို အသုံးျပဳထားခဲ့ျခင္းပင္။
ခ်စ္ျခင္းကိုေဖာ္က်ဴးေပးသည့္ ႏွင္းဆီနီမ်ားျဖင့္ ျပင္ဆင္ထားသည့္ မဂၤလာစင္ျမင့္ႏွင့္ ေလွ်ာက္လမ္းက ညေနခင္းအခ်ိန္တြင္လွပလြန္းသည့္ နတ္တို႔ဖန္ဆင္းသည့္နန္းေတာ္ႀကီးႏွယ္။ ေရေမႊးရနံ႔သင္းသင္းေလးကလည္း ပင္လယ္ေလအေဝွ႔တိုင္းပါလာေအာင္ စီမံထားသည္မွာ ႏွစ္သက္ဖြယ္ရာအတိ။
ဟိုတယ္ခန္းထဲတြင္ျပင္ဆင္ထားသည့္ အျဖဴေရာင္သတို႔သားဝတ္စုံႏွစ္စုံ။ ေကာ္လံအနားေလးမ်ားကို စီျခယ္ထားသည့္စိန္ပြင့္ေလးမ်ား။
နာမည္ေက်ာ္ Gucci ၏ အထူးသီးသန႔္ခ်ဳပ္လုပ္ေပးထားသည့္ Lather ဖိနပ္ႏွစ္စုံ။ အရည္အေသြးေကာင္းလွသည့္ ပန္းေရာင္ရွားပါးစိန္ျဖင့္ ခတ္ထားသည့္ မဂၤလာလက္စြပ္ႏွစ္ကြင္း။ ရင္ကပ္ပန္းအစားျပင္ဆင္ထားသည့္ရင္ထိုးေလးမ်ားကလည္း စိန္ပြင့္ေလးမ်ားျဖင့္တလက္လက္ေတာက္ပလွ်က္။
ထိုအရာမ်ား၏ အရွင္သခင္မ်ားက မည္သူမ်ားပါလိမ့္။
ဟုတ္ပါသည္။ ထက္ကိုရွိန္းႏွင့္ ျပည္သာရဲထက္ပါပင္။
ထက္ကိုရွိန္းက အဝတ္အစားလဲၿပီး ျပင္ဆင္ေနသည့္ ျပည္သာရဲထက္ကို ၾကည့္ကာ ၿပဳံးေနမိသည္။ အလြဲမ်ားျဖင့္ေတြ႕ခဲ့ရသည့္ ထိုေကာင္ေလးက တကယ့္ကိုအဖိုးတန္ေလးျဖစ္ေလသည္။ ထက္ကိုရွိန္း၏ ႏွလုံးသားကို အၿပီးတိုင္ေနရာယူ သိမ္းပိုက္သြားသည့္ေကာင္ေလး။
ထက္ကိုရွိန္းအတြက္ မည္သည့္အရာႏွင့္မွ် အလဲအထပ္မလုပ္ႏိုင္ေလေသာ ျဖစ္တည္မႈေလးကေတာ့ ျပည္သာရဲထက္ပါပင္။
"ဘာေတြၾကည့္ေနတာလဲ ကိုကို"
"ကေလးက ခ်စ္စရာေကာင္းလိုက္တာကြာ.. ကိုကိုကေတာ့ ကေလးကို မ်က္လုံးေအာက္ကကို အေပ်ာက္မခံႏိုင္ေတာ့ဘူး သိရဲ႕လား.. ခုလိုပြဲလုပ္ရေတာ့ ကေလးစိတ္ထဲ ဘယ္လိုေနလဲ"
"မေျပာတတ္ဘူး.. ဒါေပမယ့္ ကိုကိုနဲ႔ဆိုရင္ ကြၽန္ေတာ္က ဘယ္လိုေနရေနရေပ်ာ္တယ္"
ထက္ကိုရွိန္းက မွန္ထဲမွျမင္ေနရသည့္ ျပည္သာရဲထက္ကို ၿပဳံးျပလိုက္ရင္း မ်က္လုံးတစ္ဖက္မွိတ္ျပလိုက္ေလသည္။
"အားယို ကိုကိုက ဘယ္လိုလုပ္ ဒီလိုအျပဳမူေတြတတ္လာတာလဲ... ဒီေကာင္ကို ေတာ္႐ုံေလာက္ပဲ ျပဳစားပါဗ်ာ"
"အဟား... အသည္းယားေအာင္မလုပ္နဲ႔ေနာ္... ကေလးနဲ႔ အတူေနရေတာ့ ကေလးဆီကေန ကူးလာတာေနမွာ"
"ကိုကိုကေတာ့ လုပ္ၿပီ"
"တကယ္ေျပာတာေလ.. ကိုယ့္ရဲ႕ တည္ၿငိမ္ေနတဲ့ စိတ္ေတြကို ဘယ္သူက လာဆြသြားတာလဲ"
"ကိုကို သိလား"
"ဟင္"
"အဲ့တာေလ ကိုကိုနဲ႔ ကြၽန္ေတာ္က ဖူးစာႀကိဳးေလး ခ်ည္ခံထားရတာ... အဲ့တာေၾကာင့္ေလ ကိုကို႔ကို ေတြ႕လိုက္လိုက္ခ်င္း ဖူးစာပဲလို႔ သိလိုက္ရတာ"
"ကေလးက အတတ္ေလးပဲကြာ.. ကိုယ့္ကို ေခြၽေနလိုက္တာမ်ား"
"ဟီး.. ကိုကိုကေတာ့ အဲ့ခ်ိန္က ဖူးစာဆိုတာ မသိေသးဘူးေပါ့"
"ဟုတ္လား"
"ဟုတ္တယ္ေလ.. ကြၽန္ေတာ္ကပဲ ႀကိဳးစားၿပီး ကိုကိုသိေအာင္ လုပ္ခဲ့ရတာ"
"အခုေတာ့ သခ်ၤာခ်င္းထပ္ျမတ္သြားၿပီလား... ဘယ္သူျမတ္သြားတာလဲ ကိုကိုလား ကေလးလား"
"ဟင္.. ကိုကိုကလည္း"
ထက္ကိုရွိန္းက ျပည္သာရဲထက္ရွက္သြားေအာင္ စလိုက္ေသာ္လည္း ျပည္သာရဲထက္ကေတာ့ ရွက္သြားပုံမရွိေပ။ ထို႔အျပင္ ျပည္သာရဲထက္ျပန္ေျပာလိုက္သည့္စကားေၾကာင့္ ရွက္သြားရသူကေတာ့ ထက္ကိုရွိန္းပါပင္။ ျပည္သာရဲထက္ကေတာ့ တကယ့္ကို တမိုးေအာက္တစ္ေယာက္ပါေပ။
"ျမတ္သြားတာကေတာ့ ကိုကိုလို႔ ထင္ရတာေပါ့... ဒါေပမယ့္ ကြၽန္ေတာ္က ပိုျမတ္တာေလ"
"ဟမ္"
"ဟုတ္တယ္ေလ... ကိုကိုက ကြၽန္ေတာ့္ကို တစ္သက္လုံးလုပ္ေကြၽးရေတာ့မယ္... ကြၽန္ေတာ္ကေတာ့ ထိုင္စားလို႔ရသြားၿပီေလ.. ၿပီးေတာ့ ကိုကို နဲ႔ ကြၽန္ေတာ္ထပ္ေနၾကခ်ိန္ ကိုကိုက တကယ့္ နတ္ဘုရားပဲသိလား.. ဆြဲေဆာင္မႈ တအား တအားကိုရွိတာ... အဲ့လို နတ္ဘုရားက ထပ္တာဆိုေတာ့ ျပည္သာရဲထက္တို႔ အထပ္ခံရက်ိဳးနပ္ပါတယ္ေလ"
"ဟား.. ဟား... ကေလးက မေျပာရဲတဲ့ စကားကိုမရွိပါလား"
"ကေလးရွက္ရွင္ငိုတယ္.. လူႀကီးရွက္ရင္ ရယ္တယ္တဲ့ .. ကိုကိုရွက္သြားတာလား"
"ဟမ္"
………………………………………………………………………………………
ျပင္ဆင္ၿပီးသြားသည့္အခါ ျပင္ဆင္ေပးေနသူမ်ားက အခန္းထဲမွ ထြက္သြားၾကေလသည္။ ျပည္သာရဲထက္က မွန္တင္ခုံဆီမွထလာၿပီး ထက္ကိုရွိန္းေရွ႕တြင္ရပ္လိုက္သည္။ ထို႔ေနာက္ ေျခေထာက္ကို အနည္းငယ္ေထာက္လိုက္ၿပီး ထက္ကိုရွိန္း၏ ႏႈတ္ခမ္းကို နမ္းလိုက္သည္။ ထက္ကိုရွိန္းက အနမ္းတို႔ကို တုံ႔ျပန္လိုက္သည့္အခါ ျပည္သာရဲထက္က ထက္ကိုရွိန္း၏ ခါးမွ ခါးပတ္ကို ျဖဳတ္ေပးလိုက္ေလသည္။ ထို႔ေၾကာင့္ ထက္ကိုရွိန္းမွာ မ်က္လုံးျပဴးသြားရေတာ့သည္။
"ကေလး.. ဘာလုပ္တာလဲ"
"ကိုကို မလိုခ်င္ဘူးလား.. ထပ္ၾကည့္ရမယ္ေလ"
ထက္ကိုရွိန္း၏ မ်က္ဝန္းတို႔ကို စိုက္ၾကည့္ကာ ေမးလိုက္သည့္ ျပည္သာရဲထက္။ ထိုအခါ ထက္ကိုရွိန္းမွာ စိတ္ကို မနည္းျပန္ထိန္းလိုက္ရေလသည္။
"ခဏေနရင္ ပြဲကစ... ေတာ့မွာ.. ဒီခ်ိန္က"
"ပြဲက ၆ နာရီမွေလကိုကိုရဲ႕... အခုက ၅ နာရီပဲရွိေသးတာေလ"
"ဒါ... ဒါေပမယ့္ ျပင္ထားတာေတြက"
"ကိုကိုသိပ္မၾကမ္းရင္ မပ်က္ပါဘူး"
"ဟင္"
ျပည္သာရဲထက္၏စကားေၾကာင့္ ထက္ကိုရွိန္းမွာ ေက်ာပင္တြန႔္သြားရေလသည္။
"ဘယ္လိုလဲ ရင္ခုန္ၾကည့္ၾကမလား.. ကိုကို႔ၾကည့္ရတာလည္း ထပ္ခ်င္ေနပုံရပါတယ္.. ကိုကိုရင္ခုန္ေနတာ အတိုင္းသား ၾကားေနရတာကို"
ထက္ကိုရွိန္းက အေပၚကုတ္ကို ခြၽတ္ၿပီး အနမ္းတို႔ကို ေရွ႕ဆက္လိုက္ေလသည္။
ျပည္သာရဲထက္က ကုတင္ေဘးရွိ အလွဆီဘူးကို ထက္ကိုရွိန္း၏ လက္ထဲထည့္ေပးလိုက္ေလသည္။ ထက္ကိုရွိန္းက အခန္းေလာ့ခ္ကို ပိတ္လိုက္ၿပီး အခ်ိန္ (၁) နာရီေလာက္သာရမည့္ အခ်စ္ခရီးကို စတင္လိုက္သည္။
ခ်စ္ျခင္းတို႔က ေႏြးေထြးလွ်က္။ လႈပ္ရွားမႈေအာက္ ခ်စ္စရာေကာင္းလြန္းလွသည့္ ျပည္သာရဲထက္၏ အလွတို႔က ထက္ကိုရွိန္း အႀကိမ္ႀကိမ္႐ူးသြပ္ဖြယ္ရာ။ မေမာႏိုင္သည့္ ခ်စ္ခရီးတို႔က သာယာမႈတို႔ ေရာစြက္လွ်က္။ ေခြၽးအနည္းငယ္စို႔လာသည့္ အထိေတြ႕။ ထိုအထိေတြ႕တို႔က ခ်ိဳၿမိန္စြာအဖိုးတန္လွ်က္။ အခ်ိန္တစ္ခုကို ျဖတ္သန္းၿပီးေနာက္ စိတ္ထိန္းကာ ခႏၶာကိုယ္ခ်င္းခြာလိုက္ရသည္။
"ဘယ္လိုလဲ ကိုကို.. ရင္ခုန္စရာေကာင္းလား"
"အင္း"
"ကိုကိုက ဆိုးလိုက္တာ"
"ဟင္"
"ဘာေတြရွက္ေနတာလဲ ကိုကို.. ဒါက ကိုကို႔အတြက္ ပထမဆုံးအႀကိမ္လဲမဟုတ္ဘူး"
"ဒါေပမယ့္..."
ျပည္သာရဲထက္က ထက္ကိုရွိန္းခါးကို ဖက္လိုက္သည္။ ထို႔ေနာက္ ထက္ကိုရွိန္း၏ မ်က္လုံးကို စိုက္ၾကည့္ရင္းေမးသည္။
"ကိုကို ဘယ္ခ်ိန္ကတည္းက သတိရေနတာလဲ..."
"ဟင္"
"ကိုကို႔ကို သိပ္ခ်စ္တဲ့ ဒီေကာင္ကို ကိုကို ဘယ္ခ်ိန္ထိ လိမ္ထားခ်င္တာလဲ"
"ဟင္"
"ကိုကိုကသာ လိမ္ေနတာ.. ကိုကို႔ရဲ႕ ရင္ခုန္သံေတြက လိမ္လို႔မရဘူး"
"ကေလး... ဘယ္ခ်ိန္ကတည္းက ရိပ္မိေနတာလဲ"
ျပည္သာရဲထက္က ခ်စ္ရည္လူးၿပီး အနည္းငယ္ပုံပ်က္သြားသည့္ ဆံပင္ႏွင့္ အဝတ္အစားတို႔ကို ျပန္ျပင္ဝတ္လိုက္သည္။ ထို႔ေနာက္ျပင္ဆင္ထားသည့္ လက္ကိုင္ပန္းစည္းကို ကိုင္လိုက္သည္။
"ကိုကိုရဲ႕ အျပဳမူေလးေတြ ေျပာင္းလဲသြားတယ္ေလ.. ကိုကို ကြၽန္ေတာ့္ကို မမွတ္မိခင္က ရင္ခုန္သံေတြက နည္းနည္းေလာက္စိမ္းသက္တယ္.. ဒါေပမယ့္ ေနာက္ပိုင္း ကိုကို႔ရဲ႕ အျပဳမူေလးကို ရင္းနီးလာတယ္.. ကိုကိုလုပ္ေနက် အျပဳမူေလးေတြ ျပန္ေပၚလာလို႔"
"ဘယ္လိုမ်ိဳးေတြလဲ"
"ဥပမာ.. အခုလိုအခ်ိန္မ်ိဳးေတြ ကိုကို မျငင္းဆန္ႏိုင္တာမ်ိဳးေလ"
"ဟင္"
"ဘယ္လိုလဲ ဝန္ခံေတာ့မွာလား ကိုကို... ကိုကိုက ဟန္ေဆာင္တဲ့ေနရာ ညံ့ေသးတယ္"
ထက္ကိုရွိန္းက ျပင္ဆင္ထားသည့္ ရင္ထိုးကို ျပည္သာရဲထက္၏ ရင္ဘတ္ေပၚတြင္ထိုးေပးလိုက္ၿပီး နဖူးကို ခပ္ဖြဖြနမ္းသည္။
"ကိုယ္ ျပန္မွတ္မိေနတာၾကာပါၿပီ.. ကေလးကို မေျပာျပေသးတာက ကေလးဘယ္လိုတုံ႔ျပန္မလဲသိခ်င္လို႔ေလ.. ကေလးက တအားခ်စ္စရာေကာင္းတယ္မလား.. ကိုယ္ဘယ္တုန္းကမွ မျငင္းဆန္ႏိုင္ခဲ့ဘူးေလ ကေလးရဲ႕"
"ဟီးဟီး.. ကိုကိုက ခ်စ္စရာေကာင္းတယ္"
"ကေလးက ပိုၿပီးခ်စ္ဖို႔ေကာင္းတယ္"
ထက္ကိုရွိန္းက ႀကိမ္ျခင္းေလးထဲတြင္ထည့္ထားသည့္ ပုလင္းေလးကို မ်က္ေစာင္းပစ္ျပလိုက္သည္။
"ဘာလဲ ကိုကို"
"မနက္က ကိုယ္တို႔ လမ္းေလွ်ာက္ရင္း ကမ္းေျခကေနဆယ္လာတာေလ.. ကေလးနဲ႔ ကိုယ္ပစ္လိုက္တဲ့ ပုလင္းေလးေတြမ်ားျဖစ္ေနမလား"
ျပည္သာရဲထက္က ထိုပုလင္းေလးမ်ားဆီေလွ်ာက္သြားၿပီး ပုလင္းအဖုံးကို တစ္ရွဴးျဖင့္ကိုင္ကာ ဖြင့္လိုက္သည္။
ထိုအခါ အထဲမွ ထြက္လာသည့္စာေလး (၂) ေစာင္။
'အခ်စ္မွာအေၾကာင္းျပခ်က္ရွိတယ္.. ကိုယ့္အတြက္ေတာ့ အဲ့အေၾကာင္းျပခ်က္က ျပည္သာရဲထက္တဲ့'
'အခ်စ္မွာအေၾကာင္းျပခ်က္ရွိတယ္.. ကြၽန္ေတာ့္အတြက္ အဲ့အေၾကာင္းျပခ်က္က ထက္ကိုရွိန္းတဲ့'
ေသေသသပ္သပ္ေရးသားထားသည့္ စာသားေလးမ်ားက ၾကည္ႏူးဖြယ္ရာ။
"ကေလးေျပာတာမွန္တယ္.. ပုလင္းေလးေတြက ကိုကိုတို႔ဆီျပန္လာတယ္ေနာ္"
ျပည္သာရဲထက္က စာေလးမ်ားကို ပုလင္းထဲျပန္ထည့္လိုက္သည္။
"အခ်စ္သာ စစ္ပါေစ.. အရာအားလုံးဟာ ျဖစ္ႏိုင္ပါတယ္ ကိုကို"
……………………………………………………………………………………..
မဂၤလာပြဲေလးရွိ ေလွ်ာက္လမ္းမွေလွ်ာက္လာေနသည့္ ျပည္သာရဲထက္က နတ္သက္ေႂကြလာသည့္ႏွယ္။ ေတာက္ပေနသည့္ အၿပဳံးတို႔က ျမင္သူတိုင္းရင္ေအးဖြယ္ရာ။
လက္စြပ္လဲၿပီး ထက္ကိုရွိန္းက ျပည္သာရဲထက္၏ နဖူးကို ခပ္ဖြဖြေလး နမ္းသည္။
ထို႔ေနာက္ ျပည္သာရဲထက္က ၿပဳံးရင္ ထက္ကိုရွိန္းနားကို ကပ္ကာေျပာလိုက္သည့္စကားေၾကာင့္ ထက္ကိုရွိန္းမွာ ၾကက္သီးမ်ားပင္ထသြားရေတာ့သည္။
"ကိုကို အပင္ပန္းခံႏိုင္ေသးရင္ ဧည့္သည္ေတြကိုထားခဲ့ၿပီး အခန္းထဲျပန္သြားၾကမလား"
"ကေလး.. မင္း"
"ဘာလဲ အရွက္မရွိဘူး ေျပာမလို႔လား... ကိုကိုနဲ႔ ကြၽန္ေတာ္က ရွက္ရမယ့္အေနအထားလည္းမဟုတ္ေတာ့ဘူးေနာ္သိလား.. မရွက္ရမယ့္နယ္ကို ေက်ာ္တာမွ လြန္ေနၿပီ"
"ကေလးက ေတာ္ေတာ္ဆိုးတယ္ကြာ"
"ကိုကိုပဲ အဆိုးေလးကို ခ်စ္ေနတာမဟုတ္ဘူးလား"
"ဟုတ္ပါတယ္ဗ်ာ.. ဒီအဆိုးေလးကိုပဲ ခ်စ္ေနရတာပါဗ်ာ"
"သိပ္ခ်စ္တယ္ ကိုကို"
"ကိုကိုကလည္း ကေလးကို သိပ္ခ်စ္တယ္... ကိုကို႔အတြက္ အေလးက အရာရာထက္ ၁ ပိုပါတယ္"
……………………………………………………………………………………….
သဲျပင္ေပၚတြင္ေျခစင္းထိုင္ေနသည့္ ျပည္သာရဲထက္ဆီ ထက္ကိုရွိန္းက ဝိုင္ခြက္ကို ကမ္းေပးလိုက္သည္။ ထိန္ထိန္သာေနသည့္ လမင္းႀကီးက ထက္ကိုရွိန္းႏွင့္ ျပည္သာရဲထက္ကို အားက်ေနသေယာင္။ ဆားနံ႔သင္းသည့္ ပင္လယ္ေလးညင္းေလးက သြဲ႕သြဲ႕တိုက္ခတ္ေနသည္။ ျပည္သာရဲထက္၏ ခပ္အုပ္အုပ္ဆံႏြယ္ေပ်ာ့ေပ်ာ့ေလးမ်ားက ေလႏွင့္အတူ လူးလြန႔္လွ်က္။
ထက္ကိုရွိန္းကပါ ျပည္သာရဲထက္၏ ေဘးေလးတြင္ ထိုင္လိုက္သည္။
"ကေလး"
"ေျပာေလ ကိုကို"
"ကိုကိုနဲ႔သာ အဲ့ေန႔က မေတြ႕ခဲ့ရင္ ကေလးနဲ႔ကိုကို အခုလို ရွိေနႏိုင္ပါ့မလား"
ထက္ကိုရွိန္း၏ အေမးကို ျပည္သာရဲထက္က မေျဖေသးဘဲ ဝိုင္ခြက္ကို လႈပ္ၿပီးတစ္ငုံေသာက္လိုက္သည္။ လႈပ္ခါလိုက္သည့္အခါ ထြက္ေပၚလာသည့္ ဝိုင္ရနံ႔က စူးရွေမြးပ်ံ႕လွ်က္။
"ကိုကို.. ေတြ႕ဆုံရမယ့္ ကံတရားေတြရွိရင္ က်ိန္းေသေပါက္ ေတြ႕ဆုံရတယ္.. ၿပီးေတာ့ ခြဲခြာရမယ္ဆိုရင္လည္း က်ိန္းေသ ခြဲခြာရတယ္"
"အင္း"
"ဒါေပမယ့္ ေတြ႕ဆုံရတဲ့အခ်ိန္ေတြမွာ တန္ဖိုးထားတတ္ခဲ့ရင္ေတာ့ ခြဲခြာရျခင္းေတြက ေနာက္ဆုတ္သြားလိမ့္မယ္"
"ဒါေပမယ့္ ကံတရားက ခြဲၾကရမွာပဲမဟုတ္လား"
"ဟုတ္တယ္ ကိုကို.. ခြဲခြာၾကရရင္ေတာင္ တန္ဖိုးထားေပးခဲ့လို႔ ေနာင္တရစရာမရွိေတာ့ဘူးေပါ့... ျပန္လွည့္ၾကည့္လိုက္တိုင္း တန္ဖိုးထားေပးခဲ့မႈေတြကိုျမင္ေတြ႕ရမယ္ေလ"
"အင္း"
"ဒါေပမယ့္ ကိုကို.. ကြၽန္ေတာ္နဲ႔ ကိုကိုက ခြဲခြာရစရာမရွိပါဘူး.. စေတြ႕ကတည္းက တန္ဖိုးထားမႈေတြကို အုတ္ျမစ္တည္ခဲ့တာျဖစ္လို႔ပါ"
"ခ်စ္လိုက္ရတာ ကေလးရယ္"
ျပည္သာရဲထက္က ထက္ကိုရွိန္း၏ ပခုံးေပၚမွီလိုက္သည္။ ထက္ကိုရွိန္းက ခပ္ဖြဖြျပန္လည္ ေပြ႕ဖက္လိုက္သည္။
'ခ်စ္ျခင္းေတြထပ္တူက်ဖို႔
တန္ဖိုးထားမႈေတြနဲ႔ပဲ အုတ္ျမစ္ခ်ပါ..
ယုံၾကည္မႈေတြထပ္တူက်ဖို႔
ပြင့္လင္းမႈေတြနဲ႔ပဲ အုတ္ျမစ္ခ်ပါ..
ခ်စ္ျခင္းနဲ႔ ယုံၾကည္မႈေတြအေျခခိုင္မယ္ဆိုရင္
ထိုေတြ႕ဆုံမႈမွတ္တမ္းမွာ
ခြဲခြာရျခင္းေတြကို ဖယ္ထုတ္ထားလိုက္ပါေတာ့…'
Collab with author Nion
A/N
ဒီ Fic ေလးကို ခ်စ္ခင္ေလးစားရတဲ့ အကိုတစ္ေယာက္နဲ႔အတူတူ ဖန္တီးခဲ့ပါတယ္။ ဖတ္ေပးၾကတဲ့ တစ္ေယာက္စီကိုလည္း ေက်းဇူးတင္ပါတယ္။
ထက္ကိုရွိန္း အတိတ္ကို ျပန္သတိရတာနဲ႔ ပုလင္းထဲက စာေလးေတြအေၾကာင္းကိုေတာ့ ဒီအပိုင္းမွာပဲ တစ္ခါတည္း ထည့္ေပးလိုက္ပါတယ္။
ဇာတ္လမ္းက စိတ္ကူးယဥ္ထားတာျဖစ္လို႔ လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေနပါတယ္။
လိုအပ္ခ်က္နဲ႔ အမွားယြင္းေတြက စာေရးသူရဲ႕ ပညာမျပည့္ဝမႈေၾကာင့္သာျဖစ္လို႔ ေမတၱာျဖင့္ ျဖည့္စြက္နားလည္ေပးၾကပါ။