Warm Love (Completed)

By Butterfly_614

27.6K 3.3K 348

"ကို..ကို" "အင်း ကိုကိုလေ၊ Hyunလေးရဲ့ ကိုကို" "ကို..ကို" "အင္း ကိုကိုေလ၊ Hyunေလးရဲ႕ ကိုကို" More

Warm Love-1
Warm Love-2
Warm Love-3
Warm Love-4
Warm Love-5
Warm Love-6
Warm Love-7
Warm Love-8
Warm Love-9
Warm Love-10
Warm Love-11
Warm Love-12
Warm Love-13
Warm Love-14
Warm Love-15
Warm Love-16
Warm Love-17
Warm Love-18
Warm Love-19
Warm Love-20
Warm Love-21
Warm Love-22
Warm Love-23
Warm Love-24
Warm Love-25
Warm Love-26
Warm Love-27
Warm Love-28
Warm Love-29
Warm Love-30
Warm Love-31
Warm Love-32
Warm Love-extra
Warm Love-extra
Warm Love-extra(final)
Thank You🫶🏻

Warm Love-final

861 93 14
By Butterfly_614

(Unicode)

ကမ်းခြေကနေပြန်လာပြီးကြတဲ့နောက်မှာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်းပဲပြန်လည် လည်ပတ်သည်။

Chanyeol ဟာအောင်မြင်မှုအနောက်မှာလိုက်လာသည့် အသစ်သစ်သောပရောဂျက်တွေကိုလုပ်ဆောင်ရင်း မိသားစုအပေါ်မှာလည်းတာဝန်ကျေပွန်ရင်းဖြင့် အချိန်တွေကိုကုန်ဆုံးသည်။အိမ်ရာပရောဂျက်အပြီးမှာ PB group ၏ level ဟာတစ်ဆင့်မြင့်သွားခဲ့ပြီး အခုဆိုရင် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး စီးပွါးရေး group ဖြစ်နေပြီဖြစ်သည်။အောင်မြင်လာတာနှင့်အမျှ အသစ်အသစ်သောလုပ်ငန်းတွေလည်းအနောက်မှလိုက်လာပြီး ပို၍အောင်မြင်လာဖို့သာရှိပါသည်။

Chanyeol ကထိုသို့စီးပွါးရေးလုပ်ငန်းမှာဆရာတစ်ဆူဖြစ်နေတဲ့အချိန် သူ၏တစ်ဦးတည်းသောအမျိုးသားလေး Baekhyun ဟာလည်း လူငယ်ဘဝကိုသင်တန်းတွေတက်ရင်း လွတ်လပ်ပျော်ရွှင်စွာဖြတ်သန်းနေပါသည်။အင်္ဂလိပ်စာသင်တန်းပြီးသွားတော့ Baekhyun ဝါသနာပါတယ်ပြောတဲ့ ဂျူဒိုသင်တန်းကို Chanyeol ကသေချာစုံစမ်းပြီးအပ်ပေးခဲ့သည်။တခြား ဘာကိုပဲဝါသနာပါပါ Baekhyun လုပ်ချင်တာဖြစ်ချင်တာမှန်သမျှကို Chanyeol ကဖြစ်အောင်လုပ်ပေးဖို့ဆုံးဖြတ်ထားပါသည်။

အချိန်တွေကြာလာတာနှင့်အမျှ Baekhyun ရဲ့အနားမှာရှိတဲ့လူတွေဟာ Baekhyun ကို Chanyeol နည်းတူကဲသဲလာကြသည်။သို့သော် တစ်ယောက်မှတော့ Chanyeol ကိုမမှီကြပါ။Baekhyun ဟာကောင်းမွန်တဲ့ဆုတောင်းတွေဖြင့်မွေးဖွားလာသည့်လူတစ်ယောက်သဖွယ် အကုန်လုံး၏ အလေးပေးဆက်ဆံမှုနှင့်ချစ်ခင်မှုကိုခံရပါသည်။ထိုထဲတွင် Chanyeol ရဲ့အဖေ Baekhyun ရဲ့ယောက္ခမကြီးတောင်အပါအဝင်ဖြစ်သည်။

Baekhyun ရဲ့အဖေနှစ်နှစ်ပြည့်မှာပဲ Chanyeol ဟာ Baekhyun ကို Byun မျိုရိုးမှ Park မျိုးရိုးသို့ပြောင်းလဲစေခဲ့သည်။ဒါဟာ Chanyeol ရဲ့ဆန္ဒနဲ့ထပ်တူကျတဲ့ ဥက္ကဌ Byun ရဲ့ဆန္ဒပဲဖြစ်ပါသည်။ဥက္ကဌ Byun မဆုံးပါးခင်ကထိုသို့ဆန္ဒရှိခဲ့တာဖြစ်သည်။အခုဆိုရင် Baekhyun မှာ ဥက္ကဌ Byun ဆီမှရရှိထားသည့်မိဘအမွေလည်းရှိသလို PB group ၏ဥက္ကဌ Park Chanyeol ရဲ့အမျိုးသား Park Baekhyun အနေဖြင့်ရရှိမည့် ပိုင်ဆိုင်မှုတစ်ဝက်လည်းရှိနေပါသေးသည်။ပိုင်ဆိုင်မှုတွေကိုသာခွဲခြမ်းလိုက်မယ်ဆိုလျှင် Baekhyun ကမှတကယ့်ကို high boss လေးဖြစ်သည်။ကြည်ကြည်ဖြူဖြူပေးထားသည့်ပိုင်ဆိုင်မှုတွေနှင့်ပတ်သတ်ပြီး Chanyeol သူ့အမျိုးသားလေးကို ခဏခဏစနောက်တတ်တာတစ်ခုက

"အသက်တွေကြီးလာလို့ မတော်တဆ ကိုကိုအလုပ်တွေမလုပ်နိုင်တော့ရင် Hyunလေးရဲ့အမွေတွေနဲ့တင်ကျွေးထားပေးပါနော်"

Chanyeol ထိုသို့ပြောတိုင်း Baekhyun ကသူ့ပိုက်ဆံအိတ်လေးဖွင့်ပြီ သူ့ကိုကိုလက်ထဲ card တစ်ခုထည့်ပေးတတ်စမြဲပင်။

:

အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာတာနှင့်အမျှ Baekhyun ဟာလည်းတဖြည်းဖြည်းချင်းရင့်ကျက်တည်ငြိမ်တဲ့အရွယ်ကိုရောက်လာခဲ့သည်။သို့သော် ရင့်ကျက်သင့်သလောက်သာရင့်ကျက်ပြီး တစ်ချို့နေရာတွေမှာတော့ ကလေးဆန်နေတတ်တုန်းပင်။အထူးသဖြင့် သူ့ကိုကိုနှင့်ပတ်သတ်လျှင်...

"ယောက်ျားက ဘာလို့ လဲမကျသွားတာလဲ"

"အာ Hyunလေးရဲ့အားကပျော့တာကိုး၊ နည်းနည်း အားထည့်ပြီးလုပ်ကြည့်"

"Hyunအားထည့်ရင် ယောက်ျားနာသွားမှာစိုးလို့ပါနော်၊ Hyunက ခါးပတ်နက်ရထားတာ"

"အေးပါကွာ၊ လုပ် ကိုကိုတို့ရေချိုးရဦးမယ်လေ၊ နောက်ကျသွားရင်မကောင်းဘူး"

"အင်းပါ ခဏလေး၊ အားစုလိုက်ဦးမယ်၊ အီးးယားး"

ညနေရုံးကပြန်လာတိုင်း Hyunလေး နှင့်အတူ ဂျူဒိုကစားပေးရတာက Chanyeol ရဲ့အလုပ်ဖြစ်သည်။ကစားတိုင်းလည်း သူလေးအားလောက်ကို ကိုယ့်ခန္ဓာကိုယ်ကြီးကမဖြုံပေမယ့် စိတ်ကျေနပ်အောင် ပစ်လှဲချပြရတာခဏခဏပင်။

:

ရက်သတ္တပတ်ရဲ့အားလပ်ရက်တိုင်းမှာ Chanyeol တို့နှစ်ယောက်ဟာ Baekhyun ရဲ့အပိုင်ဖြစ်တဲ့ Baekhyun သူ့အဖေနှင့်အတူနေခဲ့သည့် အိမ်ကြီးမှာသွားနေတတ်ကြသည်။ဒါဟာလည်း Baekhyun ရဲ့တောင်းဆိုချက်ကြောင့်ဖြစ်သည်။ဒီအိမ်ကြီးကိုရောက်တိုင်း သူလေးနဲ့သူလေးအဖေရဲ့ပုံရိပ်တွေရော သူလေးနဲ့ Chanyeol ရဲ့ပုံရိပ်တွေကိုပါ ဝိုးတိုးဝါးတားမြင်ယောင်မိလို့ စိတ်ပျော်ရတယ်တဲ့လေ။

"ဒီလှေကားပေါ်တက်လိုက်တိုင်း ယောက်ျား Hyunကိုချီထားတာမြင်ယောင်မိတယ်၊ ဟုတ်တယ်မလား Hyunကိုချီပြီး ဒီလှေကားကနေဆင်းဖူးတယ်မလား၊ Hyunကအရမ်းငယ်တဲ့အရွယ်မျိုးတော့မဟုတ်ဘူး၊ ဒါပေမယ့် သိပ်မမှတ်မိတော့ဘူး"

"ဒါပေါ့၊ ကိုကို ဒီအိမ်ကိုလာလည်တိုင်း ဟောဒီက အိပ်ပုတ်လေးကိုတက်နှိုးပြီးမှ မနက်စာစားဖို့ချီချီပြီးဆင်းလာရတာလေ"

"ဟီးးး ယောက်ျားက Hyun ငယ်ငယ်လေးကတည်းက Hyunကိုအလိုလိုက်တာပေါ့နော်"

"အင်း၊ အရမ်းချစ်ပြီး အလိုလိုက်တယ်"

"ခစ်ခစ်!"

အားလပ်ရက်တိုင်း နှစ်ယောက်တည်း အိမ်ကြီးထဲမှာ ချက်ပြုတ်စားကြပြီး အိမ်တွင်းအောင်းကာအနားယူဖြစ်ကြတာက ထုံးစံပင်။အကြောင်းကတော့ Chanyeol ရဲ့ကလေးလေးက အိမ်ကိုတွယ်တာပြီး အပြင်တွေလျှောက်လည်ရတာမကြိုက်တတ်သူလေးလေ။

:

ဂျူဒိုသင်တန်းပြီးတော့ Baekhyun ဝါသနာပါတယ်ဆိုလာပြန်တဲ့ ဒီဇိုင်နာသင်တန်းကို Chanyeol တက်စေခဲ့သည်။Baekhyun ကအင်္ကျီဒီဇိုင်းတွေအပါအဝင် တခြား accessories ပစ္စည်းတွေကိုလည်းဒီဇိုင်းဆွဲပြီး ကိုယ်ပိုင် brand တစ်ခုလုပ်ချင်တယ်ဆိုလာတုန်းက Chanyeol မှာအံ့ဩဝမ်းသာဖြစ်ခဲ့ရသေးသည်။သူ့ကလေးလေးက လုပ်ငန်းတစ်ခုကိုထူထောင်ချင်သည်အထိ ရင့်ကျက်ထက်မြတ်တဲ့လူသားလေးတစ်ယောက်ဖြစ်လာခဲ့လေပြီ။

"Hyunအသက်က ၂၁နှစ်ပြည့်ပြီးပြီလို့ပြောပေမယ့် ဘာလို့မှန်းမသိ ကိုယ့်ကိုယ်ကို ငယ်သေးတယ်လို့ခံစားနေရတယ်၊ နောက် သုံးနှစ်လောက်နေမှ ကုမ္ပဏီထောင်လည်း ရလောက်လားဟင် ယောက်ျား"

"ရတာပေါ့၊ Hyunလေး ဖြစ်ချင်တာကို လုပ်ချင်တဲ့အချိန်တိုင်း ကိုကိုက အနောက်ကနေ ပံ့ပိုးပေးမယ်"

"Hyunက ကိုယ်ပိုင် brand ထောင်ပြီး ယောက်ျားကို အကုန်ဝတ်ခိုင်းမှာ၊ Hyunဆင်တဲ့ ဒီဇိုင်းတွေကိုပဲ ယောက်ျားဝတ်ရမယ်နော်၊ Hyunရဲ့ဒီဇိုင်းတွေက ယောက်ျားနဲ့အရမ်းလိုက်မှာ"

"ဒါပေါ့ Hyunလေး ရဲ့ဒီဇိုင်းတွေပဲ ကိုကိုကဝတ်မှာ၊ ကိုကို့ကိုအမြဲတမ်း ချောသန့်နေအောင်လုပ်ပေးပါဦး၊ အကူအညီတောင်းပါတယ်"

"ဟွန်! အချိန်တိုင်းချောသန့်နေလို့တော့မဖြစ်ပါဘူး"

"ဟင် ဘာဖြစ်လို့လဲ ကလေးရဲ့"

"အဟမ်း! ဒီတိုင်းပဲ မဖြစ်ဘူး"

နောက်ပိုင်းမှာတည်ထောင်မည့် Baekhyun ရဲ့ brand ကုမ္ပဏီဟာ သူ့ကိုကိုနဲ့သူ့ရဲ့အမှတ်တရပစ္စည်းထုတ်လုပ်ရေးတစ်ခုဖြစ်လာဖို့တော့ အလားအလာရှိနေပါသည်။

မနှစ်က သူ့ကိုကိုရဲ့မွေးနေ့မှာ Baekhyun ပေးခဲ့တဲ့လက်ဆောင်လေးဟာ သူကိုယ်တိုင်ခြံထဲကပန်းတွေကိုလိုက်ခူးပြီး ပုံဖော်ကာလျှောက်လုပ်ထားတဲ့ ပန်းစည်းလေးတစ်ခုဖြစ်သည်။ထိုပန်းစည်းလေးညှိုးခြောက်သွားပေမယ့်လည်း Chanyeol ကတော့အမြဲတမ်း စက္ကူပုံးလေးတစ်ခုထဲမှာ တယုတယဖြင့်သိမ်းဆည်းထားစဲဖြစ်သည်။

ဒီနှစ်တော့ သူ့ကိုကိုအား အမှတ်တရလက်ဆောင်ကောင်းကောင်းလေးပေးရန် Baekhyun တွေးထားပါသည်။

:

M group နှင့် J group ဟာအချင်းချင်း ရှယ်ယာတွေဝင်ထားလိုက်ကြပြီး Dojin နှင့် Minjun ဟာလည်း တကယ့်ကို သူငယ်ချင်းအရင်းကြီးတွေလို တပူးပူးတတွဲတွဲဖြစ်နေကြသည်။သို့သော် မတည့်အတူနေ မမြင်ချောင်းကြည့်ဆိုသလိုပါပဲ၊ စကားအပြောအဆိုအပေါက်အလမ်းက အခုအချိန်ထိမတည့်နေကြတုန်းပင်။အထူးသဖြင့် Chanyeol တို့နဲ့တွေ့ကြရင်ပိုဆိုးသည်။အသေးအဖွဲကိစ္စလေးကအစ နှစ်ယောက်က အချင်းချင်းရန်စောင်နေကြစမြဲ။

"ကျွန်တော်အစပ်မစားနိုင်ဘူးလေ၊ ဒါကို ခင်များကအစပ်မှာတယ်ဆိုတော့...."

"မင်းမစားနိုင်ပေမယ့် ကိုယ်စားနိုင်တယ်လေ၊ မင်းဘာသာမင်းအစပ်မစားနိုင်ရင်တခြားဟာမှာပေါ့"

"ကောင်းပြီလေ၊ မှိုစားချင်နေတာနဲ့အတော်ပဲ မှိုဟင်းမှာရမယ်"

"ဒါကတော့ မင်းသက်သက်လုပ်တာဖြစ်သွားပြီ၊ ကိုယ်မှိုနဲ့ဓာတ်မတည့်ဘူးလေ"

"ခင်များကိုကျွေးမလို့မှမဟုတ်တာ၊ ကိုယ့်ဘာသာစားမလို့"

"ဟ! အဲ့မှိုကဒီစားပွဲဝိုင်းမှာလာချမှာလေ၊ မတော်တဆ ကိုယ်စားမိသွားရင်ဘယ်လိုလုပ်မလဲ"

"ခင်များ အစပ်မှာတုန်းကရော မတော်တဆ ကျွန်တော်စားမိမှာကိုမတွေးမိဘူးလား"

"အဲ့အစပ်က မင်းနဲ့ဓာတ်မတည့်တာမို့လို့လား၊ ဒီတိုင်း မင်းမစားနိုင်ရုံပဲရှိတာလေ၊ မှိုကတော့ ကိုယ့်ခန္ဓာကိုယ်တွေကို ယားယံစေမှာ"

"ယားရုံပဲမလား ကျွန်တော်ဝိုင်းကုပ်ပေးမယ်"

"ဘာကွ! မင်း.."

"တော်ကြပါတော့! နှစ်ယောက်စလုံးရဲ့အကြိုက်တွေကိုသိတာမို့လို့ ထည့်မှာလိုက်တော့မယ်နော်"

ထိုသို့ဖြင့် ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ နှစ်ယောက်သားကပ်သီးကပ်ဖဲ့ရန်ထဖြစ်ကြတိုင်း Chanyeol ကကြားထဲကနေဝင်ဖြေရှင်းပေးရစမြဲ။ထိုအချိန် Baekhyun ကတော့ပွဲကြည့်ပရိတ်သတ်တစ်ယောက်ပင်။

:

တစ်နှစ်မှာနှစ်ခါလောက် Chanyeol တို့တွေခရီးထွက်ဖြစ်ကြသည်။ပြည်တွင်းတွေလည်းပါသလို ပြည်ပတွေလည်းပါပါသည်။တစ်ခါတစ်လေဆို ဥက္ကဌ Park နှင့် ဒေါ်ကြီးတို့လင်မယားပါ Chanyeol တို့နှင့်အတူ ခရီးလိုက်ဖြစ်ကြသည်။လူကြီးတွေပါတဲ့ခရီးကတော့ တိုတောင်းတာများပါသည်။

"ကိုကိုနဲ့အတူတူခရီးတွေထွက်ရတာကို အရမ်းသဘောကျတယ်"

"ကိုကိုလည်း အတူတူပါပဲဗျာ"

အိမ်တွင်းပုန်းလေး Baekhyun ကခရီးသွားရတာကိုတော့ အတော်လေးကြိုက်သည်။Chanyeol တို့သွားခဲ့သမျှခရီးတွေကလည်း သူလေးအလည်သွားချင်တဲ့နေရာတွေသာဖြစ်သည်။သွားခဲ့သမျှခရီးတိုင်းမှာ ပျော်ရွှင်နေတဲ့ သူ့က​လေးငယ်ရဲ့ပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး album တစ်ခုစီဖြင့်လည်း Chanyeol ကသေချာစနစ်တကျသိမ်းဆည်းထားပါသေးသည်။

:

Baekhyun ရဲ့ခန္ဓာကိုယ်ပေါ်မှာ Chanyeol ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး လက်ဆောင်ပေးထားတဲ့ပစ္စည်းတွေ လေးခုတိတိရှိနေပြီဖြစ်သည်။ထို့အတူ Chanyeol ဆီမှာလည်း Baekhyun ဒီဇိုင်းဆွဲထားတဲ့ လက်ဆောင်ပစ္စည်းလေးနှစ်ခုရှိပါသည်။

Baekhyun က ပျော်ပျော်နေတတ်ပေမယ့် ကလေးဆန်ရတာမကြိုက်တဲ့သူဖြစ်သည်။သို့သော် ထိုအချက်ဟာလည်း တခြားသူတွေနဲ့သာဖြစ်သည်။သူ့ကိုကိုနဲ့ဆိုရင်တော့ Baekhyun ကချွဲမြဲ ချွဲစဲ ကလေးဆန်စမြဲပင်။

သူ့ကိုယ့်သူသုံးနှုန်းနေကျ Hyunဆိုတဲ့နေရာမှာ ကျွန်တော်ဆိုပြီး ပြောင်းသုံးတတ်လာကာ Chanyeol ကိုလည်းနှစ်ယောက်တည်းရှိချိန်မှာတောင် ယောက်ျားဆိုတဲ့နာမ်စားကို အရှက်သည်းပြီးမခေါ်ဆိုတော့ပါ။သူလေးစိတ်လိုပြီး Chanyeol အတင်းတောင်းဆိုမှသာ အသံသေးသေးဖြင့်ခေါ်တတ်တော့သည်။သို့သော် နှစ်ယောက်တည်းရှိချိန်တွေသာမကဘဲ လူကြားထဲတွင်လည်း ကိုကိုဆိုတဲ့တစ်ဦးဆိုင်နာမ်စားလေးကိုတော့ တခုတ်တရဖြင့်ခေါ်နေစဲပင်။ထို့အပြင် Chanyeol ကိုလည်း သူလေးက ဘယ်လိုခေါ် ဘယ်လိုပြောဆိုတာကို နှုတ်ခမ်းတထော်ထော်ဖြင့် သင်ပေးပါသေးသည်။

"လူတွေကြားထဲမှာ ကိုကို ကျွန်တော့်ကို Baekhyun လို့ခေါ်"

"Baekhyun တော့မလုပ်ပါနဲ့ တုံးတိကြီး၊ Baekhyunee ဆိုရင်ရော"

"အင်းအင်း ကိုကို့သဘော၊ ဒါပေမယ့် နှစ်ယောက်တည်းရှိချိန်တော့ အရင်လိုပဲခေါ်ရမယ်နော်၊ ကိုကို ခေါ်တဲ့နာမည်လေးတွေကို ကျွန်တော်သဘောကျတယ်"

"လူကိုရော သဘောမကျဘူးလား"

"လူကိုသဘောကျလို့ ဘယ်လိုခေါ်ခေါ်သဘောကျတာပေါ့၊ တခြားလူက နုနုယွယွလာခေါ်ကြည့်ပါလား၊ Park Baekhyun အကြောင်းကောင်းကောင်းသိသွားမယ်"

"ဟားဟား အပြောကတော့ကွာ"

ဟိုးအရင်အတိုင်းပဲ သူ့ကိုကိုရဲ့အပြုအမူတိုင်းကို Baekhyun ကပြုံးပြုံးလေးဖြင့်ငေးကြည့်တတ်ပေမယ့် ဟိုးအရင်နဲ့မတူတာကတော့ Baekhyun ဘက်ကစတင်ပြီးလည်း အနမ်းကြမ်းတွေပေးတတ်နေလေပြီ။Chanyeol မွေးထားမိတာကျားပေါက်လေးများလား။

:

Chanyeol နှင့်ပတ်သတ်ရင် ဘာမှမသိနားမလည်သေးတဲ့အချိန်တုန်းကတောင် သူ့နည်းသူ့ဟန်ဖြင့်သဝန်တိုတတ်တဲ့ Baekhyun ရဲ့အကျင့်က အခုတော့ပိုဆိုးသည်။သို့သော် သူ့ကိုကိုကိုတော့ စိတ်အနှောင့်အယှက်အဖြစ်မခံဘဲ သူ့စိတ်သက်သာရာရဖို့ သူ့ဘာသာဖြေရှင်းပါသည်။

"နာမည်က Jiyoon နော်"

"ဟုတ်..ဟုတ်ပါတယ်"

"ကုမ္ပဏီမှာ အလုပ်ဝင်တာဘယ်လောက်ကြာပြီလဲ"

"တစ်နှစ်လောက်တော့ရှိပါပြီ"

"တစ်နှစ်ဆိုတော့တော်တော်များနေမှာပဲ"

"ရှင်.."

"ကျွန်တော့်အမျိုးသားရဲ့ပုံတွေ အစ်မဆီမှာအရမ်းများနေမှာပဲလို့ပြောတာပါ"

"ဟို အဲ့ဒါက..ကျွန်မ..ဟို..ဥက္ကဌက.."

"ရဲတိုင်လို့ရတယ်၊ ဒါက သူများ privacy ကိုချိုးဖောက်တဲ့အပြစ်လေ၊ ပိုင်ရှင်ရဲ့ခွင့်ပြုချက်အစ်မဆီမှာမရှိဘူး၊ အဲ့တော့ ရိုက်ထားသမျှပုံတွေ တစ်ပုံမကျန် ကျွန်တော့်ကိုပေးပါ၊ ပြီးရင် အစ်မ ကိုယ့်သဘောနဲ့ကိုယ်အလုပ်ထွက်ပါ၊ မဟုတ်ရင်တော့ ကျွန်တော်ဥပဒေအရဖြေရှင်းရလိမ့်မယ်"

"မ..မလုပ်ပါနဲ့၊ ကျွန်မ ဓာတ်ပုံတွေလည်းပေးပါ့မယ်၊ အလုပ်လည်းထွက်ပါ့မယ်၊ ကျွန်မ..ဒီတိုင်း..သဘောကျမိလို့.."

"အစ်မသဘောကျမိတဲ့လူဆီမှာ ပိုင်ရှင်ရှိတယ်၊ ကျွန်တော်က ကျွန်တော့်အမျိုးသားနဲ့ပတ်သတ်ရင် သဘောထားမကြီးနိုင်ဘူး၊ ဓာတ်ပုံကိုတစ်ပုံတောင်မချန်ထားဘဲ ကျွန်တော့်ကိုပေးပါ၊ ဟုတ်ပြီလား"

သူ့ကိုကိုက အဆင်းရောအချင်းပါပြည့်စုံလွန်းတော့ လိုချင်သူတွေများသည်။ဘယ်တတ်နိုင်မလဲ။ကိုယ်ကပိုင်ဆိုင်ထားပြီးပြီဆိုမှတော့ ကိုကို့အနားကပ်လာသမျှခြင်တွေကို လက်ထဲထည့်ပြီးမွေ့ယမ်းပစ်လိုက်ရုံပဲပေါ့။

.................................................................................

ထိန်ထိန်သာနေတဲ့လမင်းကြီးကိုငေးကြည့်ရင်း Baekhyun ဒန်းပေါ်မှာထိုင်နေသည်။အမြင်အာရုံက လမင်းကြီးဆီမှာဆိုပေမယ့် သူ့အတွေးတွေကတော့ သေချာပေါက် သူ့ရဲ့တစ်ဦးတည်းသောကိုကိုဆီမှာပင်။

ကိုကိုနဲ့ပတ်သတ်ရင် Baekhyun ဆီမှာရှိတဲ့အတွေးတွေကရိုးရှင်းသည်။ကိုကိုက သူ့ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်သလို သူကလည်းကိုကို့ကို မပြောပြတတ်လောက်အောင်ချစ်ပါသည်။ကိုကိုက သူ့ကိုငယ်ငယ်လေးကတည်းကနေအခုအချိန်ထိ နွေးထွေးမှုပေါင်းများစွာဖြင့် မြတ်မြတ်နိုးနိုးစောင့်ရှောက်ခဲ့တာဖြစ်သည်။မိဘညီအစ်ကိုမောင်နှမမရှိတော့တဲ့ Baekhyun ကိုလေ။Baekhyun ရဲ့ငယ်ဘဝမှတ်ဥာဏ်တွေထဲမှာ ကိုကိုကသာအများဆုံးဖြစ်ပြီး ကိုကို့ရဲ့ကြင်နာယုယမှုတွေကိုသာသေသေချာချာမှတ်မိနေသည်။အရမ်းငယ်သေးလွန်းတဲ့ကိစ္စတွေကို မမှတ်မိတော့ပေမယ့် သူသိတတ်တဲ့အချိန်ကစပြီး သူ့ဘေးနားမှာအချိန်ပြည့်ရှိနေတဲ့လူကကိုကိုပဲမို့ ကိုကို့ရဲ့သူ့အပေါ်မြတ်နိုးမှုတွေကိုသာမှတ်မိပါတော့သည်။

Baekhyun သူ့ကိုယ့်သူကံကောင်းတယ်လို့ထင်မိပါသည်။သူ့လိုမိဘဆွေမျိုးမရှိတော့တဲ့လူတစ်ယောက်ကို ကိုကိုကစလို့ အဖေ Park ရော ဒေါ်ဒေါ်တို့လင်မယားရော နောက်ပြီး သူစိမ်းတွေဖြစ်တဲ့ Dojin hyung နဲ့ Minjun ကပါဂရုတစိုက်ရှိကြတာမို့ အများကြီးကံကောင်းတယ်လို့ထင်ပါသည်။ထို့အပြင် သင်တန်းနဲ့ကိုကို့ကုမ္ပဏီမှာလည်း သူ့အနားမှာရှိသမျှလူတွေက သူ့ကိုစိတ်ရင်းဖြင့်ခင်ပေးကြပါသေးသည်။သူက တကယ်ပဲ ကိုကိုပြောသလို အချစ်ခံရဖို့အများကြီးထိုက်တန်တဲ့ လူတစ်ယောက်ဖြစ်လိမ့်မည်။စိတ်ကောင်းနှလုံးကောင်းရှိရင် အမျိုးမျိုးသောကံကောင်းမှုတွေကိုလက်ခံရရှိပြီး စိတ်ပျော်ရွှင်ရတယ်တဲ့လေ။

ကိုယ့်အတွေးနှင့်ကိုယ် Baekhyun ပြုံးနေတုန်းမှာပင် အိမ်ထဲကနေခပ်သုတ်သုတ်ထွက်လာသူကိုမြင်လိုက်ရတာမို့ အပြုံးတွေပိုတောက်ပသွားခဲ့သည်။သူအနားမှာမရှိတာနဲ့ ကိုကိုတစ်ယောက်အလုပ်တောင်ဖြောင့်ဖြောင့်မလုပ်နိုင်ရှာတော့။

...........အများကြီးချစ်ပေးလို့ ကျေးဇူးတင်တဲ့စိတ်နဲ့ အများကြီးပြန်ချစ်ပေးပါ့မယ် ကိုကို........

"ဖြည်းဖြည်းလာပါ ကိုကိုရယ်၊ အလုပ်ကပြီးပြီလား"

"ပြီးပြီ၊ Hyunလေးအနားမှာမရှိတာနဲ့ စိတ်မဖြောင့်လို့ အမြန်လုပ်ပြီးထွက်လာတာ"

ဘေးနားမှာ ကိုကိုဝင်ထိုင်လိုက်တာနဲ့ ကိုကို့ရဲ့လက်မောင်းတစ်ဖက်ကို Baekhyun ခေါင်းမှီလိုက်တော့ ကိုကိုက ဒန်းရဲ့နောက်မှီကိုမှီပြီး သက်တောင့်သက်သာဖြစ်အောင်ထိုင်ပေးသည်။

"အေးလား၊ ပိုးကောင်တွေရောကိုက်သေးလား"

"မကိုက်ပါဘူး ကိုကိုရဲ့၊ အေးလည်းမအေးဘူး၊ လပြည့်နေတာကြည့်ချင်လို့ထွက်လာတာ"

"အင်း"

"ကိုကို မေးလ်ပို့ရတာမလား၊ စာရိုက်ရတော့ လက်ချောင်းလေးတွေညောင်းနေမှာပဲ"

လက်ဖဝါးတစ်ဖက်ကိုယူပြီး လက်ချောင်းတွေကို နှိပ်နယ်ပေးနေလိုက်တော့ ကိုကို့ဆီက သဘောတကျရယ်သံတိုးတိုးထွက်လာသည်။Baekhyun သဘောကျရတဲ့ ဩရှရှရယ်သံလေး။

"ဟိုဘက်လက်လည်းပေး"

ကိုကို့လက်မောင်းတစ်ဖက်ကိုဇိမ်ဖြင့်မှီပြီး ကိုကို့လက်ဆယ်ချောင်းလုံးကိုတစ်လှည့်စီဖြင့် စိတ်ရှည်လက်ရှည်နှိပ်ပေးလိုက်သည်။ကိုကို့လက်ချောင်းရှည်ရှည်တွေကို ကိုယ်တွယ်ရတာ Baekhyun အရမ်းသဘောကျပါသည်။

"ဟိုတုန်းကဆို ကိုကို့လက်ချောင်းတွေကိုဆော့ရတာ Hyunလေးအရမ်းစိတ်ဝင်စားတာလေ၊ လက်ချောင်းတွေကိုဆော့နေရရင်ငြိမ်နေရောပဲ"

"ငယ်ငယ်တုန်းကလား ကိုကို"

"အွန်း အင်းပေါ့ ငယ်ငယ်တုန်းက"

"ကိုကိုနဲ့ပတ်သတ်ပြီး တခြားဘာတွေကိုသဘောကျခဲ့သေးလဲ၊ ပြောပြပါလားဟင်"

"အင်း ပြောပြမယ်"

ရွှတ်!

သူ့ရဲ့ခေါင်းလုံးလုံးလေးကို အသံမည်အောင်နမ်းပြီးတော့မှ ကိုကိုကစကားဆက်သည်။

"Hyunလေးက ညအိပ်ရာဝင်ချိန်တိုင်း ကိုကိုနမ်းပေးမှအိပ်တာ"

"ဟီးး အခုလည်းတူတူပဲ"

"အဟွန်း! နောက်ပြီး ကိုကိုချီထားရင်လည်း အရမ်းသဘောကျတာ၊ ကိုကိုနဲ့နီးကပ်နေရရင် Hyunလေးပျော်တယ်လေ"

"အွန်းအွန်း! အခုအချိန်ထိလည်း အဲ့လိုပဲ၊ ဒါပေမယ့် အခုတော့ ကျွန်တော့်ကို ကိုကိုစိတ်ရှိသလို ချီလို့ရတော့မှာမဟုတ်ဘူး၊ လေးလာပြီလေ"

"အဲ့ဒီ ကျွန်တော်ဆိုတာကိုအသားမကျနိုင်သေးဘူး"

"ဟင်"

Baekhyun ကိုကို့ကိုမျက်နှာငယ်ဖြင့်မော့ကြည့်မိသည်။သူ ကိုကို့အပေါ် အရမ်းကြီးများ ပြောင်းလဲမိသလို ဖြစ်သွားခဲ့တာလား။အသားကျနေတဲ့အရာတွေကိုလေ။သူက ဒီတိုင်း အရမ်းကလေးဆန်သလိုခံစားမိလို့ပါ။

သူ့အတွေးတွေကိုသိနေသည့်အလား ကိုကိုကခေါင်းခါပြီး ရယ်သည်။

"အဟင်း! အဲ့ဒါဘာရုပ်လေးတုန်း၊ အသားမကျသေးဘူးဆိုတာက Hyunလေး ကျွန်တော်လို့ပြောလိုက်တိုင်း ကိုကိုကြက်သီးတွေထပြီးအသည်းယားသွားမိလို့ပါ၊ ဪ ငါ့ကလေးလေးတောင် လူကြီးလေးဖြစ်လာပြီလို့တွေးမိပြီး စိတ်ချမ်းသာရလို့လေ"

အခုမှ Baekhyun သက်ပြင်းပြန်ချနိုင်ပြီး ကိုကို့လက်မောင်းပေါ်ပြန်မှီလိုက်သည်။

"မသိပါဘူး၊ စိမ်းသက်သွားသလိုများ ကိုကိုခံစားရလို့လားလို့၊ စိုးရိမ်သွားတာ"

"Hyunလေးနဲ့ပတ်သတ်ရင် အတိတ်ရော ပစ္စုပ္ပန်ရော အနာဂတ်မှာရော ဘာကိုမှမစိမ်းသက်ဘူး၊ ကိုကိုတို့နှစ်ယောက်က တစ်သားတည်းပဲလေ"

"ဟုတ်တယ်၊ ကိုကိုနဲ့ကျွန်တော်နဲ့က တစ်သားတည်းပဲ၊ အမြဲတမ်းအခုလိုပဲနေသွားမှာ နော်"

"မှန်တာပေါ့ဗျာ"

ကိုကို့လက်မောင်းကြီးကို နှာခေါင်းဖြင့်အသာနမ်းရှိုက်လိုက်ပြီးတော့မှ

"ကိုကို ခုနကစကားဆက်ပြောပါဦး၊ ကိုကိုနဲ့ပတ်သတ်ပြီး ကျွန်တော်သဘောကျတဲ့ဟာ"

"အွန်းး...Hyunလေးက ကိုကို့ဗိုက်ကကြွက်သားတွေကိုသဘောကျတယ်"

"ခစ်ခစ်!"

"ကိုကို ထမင်းခွန့်ကျွေးတာကိုစားရတာ သဘောကျတယ်"

"နောက်ဆိုလည်း တစ်ခါတစ်လေခွန့်ကျွေးပါဦး"

"သဘောပါဗျာ"

"ဟုတ်၊ ကိုကို ဆက်ပြော"

"ကိုကိုနဲ့ရေအတူတူချိုးရတာကို သဘောကျတယ်"

"အဟမ်း!"

"ကိုကိုနဲ့အတူတူ ဒန်းနားမှာဆော့ရတာကိုသဘောကျတယ်"

"ကိုကိုဝယ်ပေးတဲ့အရုပ်တွေကိုဆက်ရတာ သဘောကျတယ်"

"Hyunလေးမသိတာတွေကို ကိုကို့ကိုမေးရတာ သဘောကျတယ်"

"စာမသင်ဘဲ ကိုကို့အလုပ်ခန်းထဲလာထိုင်နေရတာကို သဘောကျတယ်"

"ကိုကို့ဖုန်းကို သတိရတိုင်း ခေါ်ရတာကိုသဘောကျတယ်"

"ကိုကိုနေမကောင်းတဲ့အချိန် ပြုစုရတာကိုသဘောကျတယ်"

"ကိုကို့အနမ်းတွေကိုသဘောကျတယ်"

"ကိုကိုနဲ့အတူဂျူဒိုကစားရတာကို သဘောကျတယ်"

"ကိုကိုသွားတဲ့နေရာတွေ လျှောက်လိုက်ရတာကိုသဘောကျတယ်"

"ကိုကိုနဲ့အတူ ကစားကွင်းသွားရတာကို သဘောကျတယ်"

"ကိုကိုနဲ့အတူခရီးထွက်ရတာကို သဘောကျတယ်"

"ကိုကို့အပေါ် စကားလေးတွေလှည့်ပတ်ပြောရတာကိုသဘောကျတယ်"

"Hyunလေးက ကိုကို့ကိုသဘောကျတယ်၊ ကိုကိုနဲ့အတူ လုပ်ရတဲ့အရာမှန်သမျှကို သဘောကျတယ်"

:

"Hyunလေး"

သူ့လက်တစ်လျှောက်ကို လက်ကလေးနှစ်ဖက်ဖြင့်ကျစ်နေအောင်ဖက်ထားပြီး လက်မောင်းပေါ်ခေါင်းလေးမှီကာ အိပ်ပျော်သွားတဲ့ကလေးလေး။

မအိပ်ခင် ပြောသွားပါသေးသည်။

"ကိုကိုဆက်ပြော၊ တကယ်လို့ ကျွန်တော်အိပ်ပျော်သွားရင်မနှိုးဘဲ အရင်လိုချီသွားပေးပါ၊ ပြီးတော့ နမ်းပေးဦးနော်"

ကလေးလေး။Chanyeol ရဲ့အသည်းအသက်လေးဟာ နောက်ဆုံးတော့လည်း အရွယ်ရောက်လာခဲ့ပါပြီ။တယုတယဖြင့်ချစ်လာခဲ့ရသူမို့ ဘယ်အချိန်မဆို သူလေးက Chanyeol ရဲ့ကလေးလေးဖြစ်သည်။ဟိုအရင် 'ကို..ကို' ဆိုပြီး လေးလေးပင်ပင်ခေါ်တတ်တဲ့အချိန်တွေတုန်းကအတိုင်းပဲပေါ့။ဘယ်အရာတွေဟာဘယ်လိုပဲပြောင်းလဲသွားပါစေ Hyunလေးက Chanyeol အမြဲတမ်း အရိပ်တကြည့်ကြည့်ဖြင့် မြတ်မြတ်နိုးနိုး စောင့်ရှောက်သွားချင်သည့် အဖိုးတန်လူသားလေးတစ်ယောက်ဖြစ်သည်။

"အင်းး..."

"အိပ် အိပ် ကလေး၊ ကိုကိုချီသွားမယ်နော်"

Chanyeol အတွက် အရင်အချိန်တွေတုန်းကအတိုင်း ပေါ့ပါးနေစဲဖြစ်တဲ့ကိုယ်လုံးနွေးနွေးလေးကို စွေ့ခနဲပွေ့ချီလိုက်ပြီး အိပ်ခန်းရှိရာဆီဦးတည်လိုက်သည်။

တစ်ချက်မှမနိုးဘဲ ပွေ့ချီထားတဲ့အတိုင်း အသက်ရှူသံမှန်မှန်ဖြင့်အိပ်ပျော်ပြီးပါလာတဲ့ ကလေးငယ်ကချစ်စဖွယ်။

အိပ်ခန်းထဲရောက်တာနဲ့ အသည်းအသက်လေးကို မွေ့ရာပေါ်မှာဖြည်းဖြည်းချလိုက်ပြီး သူလည်းပဲဘေးနားမှာဝင်လှဲလိုက်ကာ နှစ်ယောက်လုံးအပေါ်စောင်ထူထူကိုလွှမ်းခြုံလိုက်သည်။

"ပြွတ်စ်!"

ကာယကံရှင်လေးရဲ့အလိုကျ အိပ်ရာဝင်အနမ်းလေးကိုလည်း Chanyeol မမေ့လျော့။

"အင့်! ကိုကို"

"အင်း ကျွတ် ကျွတ် ကိုကိုရှိတယ် အိပ် အိပ်"

ရင်ခွင်ထဲတိုးဝင်လာတဲ့ကလေးငယ်ကို Chanyeol အမြတ်တနိုးဖြင့်ပြန်လည်ထွေးပွေ့ထားလိုက်ပါသည်။

"ဟင့်! ကို..ကို"

"အင်း ကိုကိုလေ၊ Hyunလေးရဲ့ ကိုကို"

..........အချိန်တွေဘယ်လိုပြောင်းပြောင်း၊ အတိတ်တွေဘယ်လိုဟောင်းဟောင်း၊ အနာဂတ်တွေဘယ်လိုရှိရှိ၊ ပစ္စုပ္ပန်တိုင်းမှာ ကိုကိုက Hyunလေးရဲ့ ထာဝရ ကိုကို...........

.................................................................................

(ပြီးပါပြီ)
(၉.၈.၂၀၂၃)

Hyunလေးကြီးလာတာကို extra ကျမှသေချာလေးဖော်ပြပါမယ်🤍extra ကျမှ လူကြီးဆန်ကြတာပေါ့👀

(Zawgyi)

ကမ္းေျခကေနျပန္လာၿပီးၾကတဲ့ေနာက္မွာေတာ့ အရာအားလုံးဟာ ပုံမွန္အတိုင္းပဲျပန္လည္ လည္ပတ္သည္။

Chanyeol ဟာေအာင္ျမင္မွုအေနာက္မွာလိုက္လာသည့္ အသစ္သစ္ေသာပေရာဂ်က္ေတြကိုလုပ္ေဆာင္ရင္း မိသားစုအေပၚမွာလည္းတာဝန္ေက်ပြန္ရင္းျဖင့္ အခ်ိန္ေတြကိုကုန္ဆုံးသည္။အိမ္ရာပေရာဂ်က္အၿပီးမွာ PB group ၏ level ဟာတစ္ဆင့္ျမင့္သြားခဲ့ၿပီး အခုဆိုရင္ နိုင္ငံရဲ့ ဒုတိယအႀကီးဆုံး စီးပြါးေရး group ျဖစ္ေနၿပီျဖစ္သည္။ေအာင္ျမင္လာတာႏွင့္အမၽွ အသစ္အသစ္ေသာလုပ္ငန္းေတြလည္းအေနာက္မွလိုက္လာၿပီး ပို၍ေအာင္ျမင္လာဖို႔သာရွိပါသည္။

Chanyeol ကထိုသို႔စီးပြါးေရးလုပ္ငန္းမွာဆရာတစ္ဆူျဖစ္ေနတဲ့အခ်ိန္ သူ၏တစ္ဦးတည္းေသာအမ်ိဳးသားေလး Baekhyun ဟာလည္း လူငယ္ဘဝကိုသင္တန္းေတြတက္ရင္း လြတ္လပ္ေပ်ာ္ရႊင္စြာျဖတ္သန္းေနပါသည္။အဂၤလိပ္စာသင္တန္းၿပီးသြားေတာ့ Baekhyun ဝါသနာပါတယ္ေျပာတဲ့ ဂ်ဴဒိုသင္တန္းကို Chanyeol ကေသခ်ာစုံစမ္းၿပီးအပ္ေပးခဲ့သည္။တျခား ဘာကိုပဲဝါသနာပါပါ Baekhyun လုပ္ခ်င္တာျဖစ္ခ်င္တာမွန္သမၽွကို Chanyeol ကျဖစ္ေအာင္လုပ္ေပးဖို႔ဆုံးျဖတ္ထားပါသည္။

အခ်ိန္ေတြၾကာလာတာႏွင့္အမၽွ Baekhyun ရဲ့အနားမွာရွိတဲ့လူေတြဟာ Baekhyun ကို Chanyeol နည္းတူကဲသဲလာၾကသည္။သို႔ေသာ္ တစ္ေယာက္မွေတာ့ Chanyeol ကိုမမွီၾကပါ။Baekhyun ဟာေကာင္းမြန္တဲ့ဆုေတာင္းေတြျဖင့္ေမြးဖြားလာသည့္လူတစ္ေယာက္သဖြယ္ အကုန္လုံး၏ အေလးေပးဆက္ဆံမွုႏွင့္ခ်စ္ခင္မွုကိုခံရပါသည္။ထိုထဲတြင္ Chanyeol ရဲ့အေဖ Baekhyun ရဲ့ေယာကၡမႀကီးေတာင္အပါအဝင္ျဖစ္သည္။

Baekhyun ရဲ့အေဖႏွစ္ႏွစ္ျပည့္မွာပဲ Chanyeol ဟာ Baekhyun ကို Byun မ်ိဳရိုးမွ Park မ်ိဳးရိုးသို႔ေျပာင္းလဲေစခဲ့သည္။ဒါဟာ Chanyeol ရဲ့ဆႏၵနဲ႔ထပ္တူက်တဲ့ ဥကၠဌ Byun ရဲ့ဆႏၵပဲျဖစ္ပါသည္။ဥကၠဌ Byun မဆုံးပါးခင္ကထိုသို႔ဆႏၵရွိခဲ့တာျဖစ္သည္။အခုဆိုရင္ Baekhyun မွာ ဥကၠဌ Byun ဆီမွရရွိထားသည့္မိဘအေမြလည္းရွိသလို PB group ၏ဥကၠဌ Park Chanyeol ရဲ့အမ်ိဳးသား Park Baekhyun အေနျဖင့္ရရွိမည့္ ပိုင္ဆိုင္မွုတစ္ဝက္လည္းရွိေနပါေသးသည္။ပိုင္ဆိုင္မွုေတြကိုသာခြဲျခမ္းလိုက္မယ္ဆိုလၽွင္ Baekhyun ကမွတကယ့္ကို high boss ေလးျဖစ္သည္။ၾကည္ၾကည္ျဖဴျဖဴေပးထားသည့္ပိုင္ဆိုင္မွုေတြႏွင့္ပတ္သတ္ၿပီး Chanyeol သူ႔အမ်ိဳးသားေလးကို ခဏခဏစေနာက္တတ္တာတစ္ခုက

"အသက္ေတြႀကီးလာလို႔ မေတာ္တဆ ကိုကိုအလုပ္ေတြမလုပ္နိုင္ေတာ့ရင္ Hyunေလးရဲ့အေမြေတြနဲ႔တင္ေကၽြးထားေပးပါေနာ္"

Chanyeol ထိုသို႔ေျပာတိုင္း Baekhyun ကသူ႔ပိုက္ဆံအိတ္ေလးဖြင့္ၿပီ သူ႔ကိုကိုလက္ထဲ card တစ္ခုထည့္ေပးတတ္စျမဲပင္။

:

အခ်ိန္ေတြတျဖည္းျဖည္းကုန္ဆုံးလာတာႏွင့္အမၽွ Baekhyun ဟာလည္းတျဖည္းျဖည္းခ်င္းရင့္က်က္တည္ၿငိမ္တဲ့အရြယ္ကိုေရာက္လာခဲ့သည္။သို႔ေသာ္ ရင့္က်က္သင့္သေလာက္သာရင့္က်က္ၿပီး တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ ကေလးဆန္ေနတတ္တုန္းပင္။အထူးသျဖင့္ သူ႔ကိုကိုႏွင့္ပတ္သတ္လၽွင္...

"ေယာက္်ားက ဘာလို႔ လဲမက်သြားတာလဲ"

"အာ Hyunေလးရဲ့အားကေပ်ာ့တာကိုး၊ နည္းနည္း အားထည့္ၿပီးလုပ္ၾကည့္"

"Hyunအားထည့္ရင္ ေယာက္်ားနာသြားမွာစိုးလို႔ပါေနာ္၊ Hyunက ခါးပတ္နက္ရထားတာ"

"ေအးပါကြာ၊ လုပ္ ကိုကိုတို႔ေရခ်ိဳးရဦးမယ္ေလ၊ ေနာက္က်သြားရင္မေကာင္းဘူး"

"အင္းပါ ခဏေလး၊ အားစုလိုက္ဦးမယ္၊ အီးးယားး"

ညေန႐ုံးကျပန္လာတိုင္း Hyunေလး ႏွင့္အတူ ဂ်ဴဒိုကစားေပးရတာက Chanyeol ရဲ့အလုပ္ျဖစ္သည္။ကစားတိုင္းလည္း သူေလးအားေလာက္ကို ကိုယ့္ခႏၶာကိုယ္ႀကီးကမျဖဳံေပမယ့္ စိတ္ေက်နပ္ေအာင္ ပစ္လွဲခ်ျပရတာခဏခဏပင္။

:

ရက္သတၱပတ္ရဲ့အားလပ္ရက္တိုင္းမွာ Chanyeol တို႔ႏွစ္ေယာက္ဟာ Baekhyun ရဲ့အပိုင္ျဖစ္တဲ့ Baekhyun သူ႔အေဖႏွင့္အတူေနခဲ့သည့္ အိမ္ႀကီးမွာသြားေနတတ္ၾကသည္။ဒါဟာလည္း Baekhyun ရဲ့ေတာင္းဆိုခ်က္ေၾကာင့္ျဖစ္သည္။ဒီအိမ္ႀကီးကိုေရာက္တိုင္း သူေလးနဲ႔သူေလးအေဖရဲ့ပုံရိပ္ေတြေရာ သူေလးနဲ႔ Chanyeol ရဲ့ပုံရိပ္ေတြကိုပါ ဝိုးတိုးဝါးတားျမင္ေယာင္မိလို႔ စိတ္ေပ်ာ္ရတယ္တဲ့ေလ။

"ဒီေလွကားေပၚတက္လိုက္တိုင္း ေယာက္်ား Hyunကိုခ်ီထားတာျမင္ေယာင္မိတယ္၊ ဟုတ္တယ္မလား Hyunကိုခ်ီၿပီး ဒီေလွကားကေနဆင္းဖူးတယ္မလား၊ Hyunကအရမ္းငယ္တဲ့အရြယ္မ်ိဳးေတာ့မဟုတ္ဘူး၊ ဒါေပမယ့္ သိပ္မမွတ္မိေတာ့ဘူး"

"ဒါေပါ့၊ ကိုကို ဒီအိမ္ကိုလာလည္တိုင္း ေဟာဒီက အိပ္ပုတ္ေလးကိုတက္ႏွိုးၿပီးမွ မနက္စာစားဖို႔ခ်ီခ်ီၿပီးဆင္းလာရတာေလ"

"ဟီးးး ေယာက္်ားက Hyun ငယ္ငယ္ေလးကတည္းက Hyunကိုအလိုလိုက္တာေပါ့ေနာ္"

"အင္း၊ အရမ္းခ်စ္ၿပီး အလိုလိုက္တယ္"

"ခစ္ခစ္!"

အားလပ္ရက္တိုင္း ႏွစ္ေယာက္တည္း အိမ္ႀကီးထဲမွာ ခ်က္ျပဳတ္စားၾကၿပီး အိမ္တြင္းေအာင္းကာအနားယူျဖစ္ၾကတာက ထုံးစံပင္။အေၾကာင္းကေတာ့ Chanyeol ရဲ့ကေလးေလးက အိမ္ကိုတြယ္တာၿပီး အျပင္ေတြေလၽွာက္လည္ရတာမႀကိဳက္တတ္သူေလးေလ။

:

ဂ်ဴဒိုသင္တန္းၿပီးေတာ့ Baekhyun ဝါသနာပါတယ္ဆိုလာျပန္တဲ့ ဒီဇိုင္နာသင္တန္းကို Chanyeol တက္ေစခဲ့သည္။Baekhyun ကအကၤ်ီဒီဇိုင္းေတြအပါအဝင္ တျခား accessories ပစၥည္းေတြကိုလည္းဒီဇိုင္းဆြဲၿပီး ကိုယ္ပိုင္ brand တစ္ခုလုပ္ခ်င္တယ္ဆိုလာတုန္းက Chanyeol မွာအံ့ဩဝမ္းသာျဖစ္ခဲ့ရေသးသည္။သူ႔ကေလးေလးက လုပ္ငန္းတစ္ခုကိုထူေထာင္ခ်င္သည္အထိ ရင့္က်က္ထက္ျမတ္တဲ့လူသားေလးတစ္ေယာက္ျဖစ္လာခဲ့ေလၿပီ။

"Hyunအသက္က ၂၁ႏွစ္ျပည့္ၿပီးၿပီလို႔ေျပာေပမယ့္ ဘာလို႔မွန္းမသိ ကိုယ့္ကိုယ္ကို ငယ္ေသးတယ္လို႔ခံစားေနရတယ္၊ ေနာက္ သုံးႏွစ္ေလာက္ေနမွ ကုမၸဏီေထာင္လည္း ရေလာက္လားဟင္ ေယာက္်ား"

"ရတာေပါ့၊ Hyunေလး ျဖစ္ခ်င္တာကို လုပ္ခ်င္တဲ့အခ်ိန္တိုင္း ကိုကိုက အေနာက္ကေန ပံ့ပိုးေပးမယ္"

"Hyunက ကိုယ္ပိုင္ brand ေထာင္ၿပီး ေယာက္်ားကို အကုန္ဝတ္ခိုင္းမွာ၊ Hyunဆင္တဲ့ ဒီဇိုင္းေတြကိုပဲ ေယာက္်ားဝတ္ရမယ္ေနာ္၊ Hyunရဲ့ဒီဇိုင္းေတြက ေယာက္်ားနဲ႔အရမ္းလိုက္မွာ"

"ဒါေပါ့ Hyunေလး ရဲ့ဒီဇိုင္းေတြပဲ ကိုကိုကဝတ္မွာ၊ ကိုကို႔ကိုအျမဲတမ္း ေခ်ာသန့္ေနေအာင္လုပ္ေပးပါဦး၊ အကူအညီေတာင္းပါတယ္"

"ဟြန္! အခ်ိန္တိုင္းေခ်ာသန့္ေနလို႔ေတာ့မျဖစ္ပါဘူး"

"ဟင္ ဘာျဖစ္လို႔လဲ ကေလးရဲ့"

"အဟမ္း! ဒီတိုင္းပဲ မျဖစ္ဘူး"

ေနာက္ပိုင္းမွာတည္ေထာင္မည့္ Baekhyun ရဲ့ brand ကုမၸဏီဟာ သူ႔ကိုကိုနဲ႔သူ႔ရဲ့အမွတ္တရပစၥည္းထုတ္လုပ္ေရးတစ္ခုျဖစ္လာဖို႔ေတာ့ အလားအလာရွိေနပါသည္။

မႏွစ္က သူ႔ကိုကိုရဲ့ေမြးေန႔မွာ Baekhyun ေပးခဲ့တဲ့လက္ေဆာင္ေလးဟာ သူကိုယ္တိုင္ၿခံထဲကပန္းေတြကိုလိုက္ခူးၿပီး ပုံေဖာ္ကာေလၽွာက္လုပ္ထားတဲ့ ပန္းစည္းေလးတစ္ခုျဖစ္သည္။ထိုပန္းစည္းေလးညႇိုးေျခာက္သြားေပမယ့္လည္း Chanyeol ကေတာ့အျမဲတမ္း စကၠဴပုံးေလးတစ္ခုထဲမွာ တယုတယျဖင့္သိမ္းဆည္းထားစဲျဖစ္သည္။

ဒီႏွစ္ေတာ့ သူ႔ကိုကိုအား အမွတ္တရလက္ေဆာင္ေကာင္းေကာင္းေလးေပးရန္ Baekhyun ေတြးထားပါသည္။

:

M group ႏွင့္ J group ဟာအခ်င္းခ်င္း ရွယ္ယာေတြဝင္ထားလိုက္ၾကၿပီး Dojin ႏွင့္ Minjun ဟာလည္း တကယ့္ကို သူငယ္ခ်င္းအရင္းႀကီးေတြလို တပူးပူးတတြဲတြဲျဖစ္ေနၾကသည္။သို႔ေသာ္ မတည့္အတူေန မျမင္ေခ်ာင္းၾကည့္ဆိုသလိုပါပဲ၊ စကားအေျပာအဆိုအေပါက္အလမ္းက အခုအခ်ိန္ထိမတည့္ေနၾကတုန္းပင္။အထူးသျဖင့္ Chanyeol တို႔နဲ႔ေတြ႕ၾကရင္ပိုဆိုးသည္။အေသးအဖြဲကိစၥေလးကအစ ႏွစ္ေယာက္က အခ်င္းခ်င္းရန္ေစာင္ေနၾကစျမဲ။

"ကၽြန္ေတာ္အစပ္မစားနိုင္ဘူးေလ၊ ဒါကို ခင္မ်ားကအစပ္မွာတယ္ဆိုေတာ့...."

"မင္းမစားနိုင္ေပမယ့္ ကိုယ္စားနိုင္တယ္ေလ၊ မင္းဘာသာမင္းအစပ္မစားနိုင္ရင္တျခားဟာမွာေပါ့"

"ေကာင္းၿပီေလ၊ မွိုစားခ်င္ေနတာနဲ႔အေတာ္ပဲ မွိုဟင္းမွာရမယ္"

"ဒါကေတာ့ မင္းသက္သက္လုပ္တာျဖစ္သြားၿပီ၊ ကိုယ္မွိုနဲ႔ဓာတ္မတည့္ဘူးေလ"

"ခင္မ်ားကိုေကၽြးမလို႔မွမဟုတ္တာ၊ ကိုယ့္ဘာသာစားမလို႔"

"ဟ! အဲ့မွိုကဒီစားပြဲဝိုင္းမွာလာခ်မွာေလ၊ မေတာ္တဆ ကိုယ္စားမိသြားရင္ဘယ္လိုလုပ္မလဲ"

"ခင္မ်ား အစပ္မွာတုန္းကေရာ မေတာ္တဆ ကၽြန္ေတာ္စားမိမွာကိုမေတြးမိဘူးလား"

"အဲ့အစပ္က မင္းနဲ႔ဓာတ္မတည့္တာမို႔လို႔လား၊ ဒီတိုင္း မင္းမစားနိုင္႐ုံပဲရွိတာေလ၊ မွိုကေတာ့ ကိုယ့္ခႏၶာကိုယ္ေတြကို ယားယံေစမွာ"

"ယား႐ုံပဲမလား ကၽြန္ေတာ္ဝိုင္းကုပ္ေပးမယ္"

"ဘာကြ! မင္း.."

"ေတာ္ၾကပါေတာ့! ႏွစ္ေယာက္စလုံးရဲ့အႀကိဳက္ေတြကိုသိတာမို႔လို႔ ထည့္မွာလိုက္ေတာ့မယ္ေနာ္"

ထိုသို႔ျဖင့္ ဘာမဟုတ္တဲ့ကိစၥေလးနဲ႔ ႏွစ္ေယာက္သားကပ္သီးကပ္ဖဲ့ရန္ထျဖစ္ၾကတိုင္း Chanyeol ကၾကားထဲကေနဝင္ေျဖရွင္းေပးရစျမဲ။ထိုအခ်ိန္ Baekhyun ကေတာ့ပြဲၾကည့္ပရိတ္သတ္တစ္ေယာက္ပင္။

:

တစ္ႏွစ္မွာႏွစ္ခါေလာက္ Chanyeol တို႔ေတြခရီးထြက္ျဖစ္ၾကသည္။ျပည္တြင္းေတြလည္းပါသလို ျပည္ပေတြလည္းပါပါသည္။တစ္ခါတစ္ေလဆို ဥကၠဌ Park ႏွင့္ ေဒၚႀကီးတို႔လင္မယားပါ Chanyeol တို႔ႏွင့္အတူ ခရီးလိုက္ျဖစ္ၾကသည္။လူႀကီးေတြပါတဲ့ခရီးကေတာ့ တိုေတာင္းတာမ်ားပါသည္။

"ကိုကိုနဲ႔အတူတူခရီးေတြထြက္ရတာကို အရမ္းသေဘာက်တယ္"

"ကိုကိုလည္း အတူတူပါပဲဗ်ာ"

အိမ္တြင္းပုန္းေလး Baekhyun ကခရီးသြားရတာကိုေတာ့ အေတာ္ေလးႀကိဳက္သည္။Chanyeol တို႔သြားခဲ့သမၽွခရီးေတြကလည္း သူေလးအလည္သြားခ်င္တဲ့ေနရာေတြသာျဖစ္သည္။သြားခဲ့သမၽွခရီးတိုင္းမွာ ေပ်ာ္ရႊင္ေနတဲ့ သူ႔က​ေလးငယ္ရဲ့ပုံရိပ္ေတြကို ဓာတ္ပုံရိုက္ၿပီး album တစ္ခုစီျဖင့္လည္း Chanyeol ကေသခ်ာစနစ္တက်သိမ္းဆည္းထားပါေသးသည္။

:

Baekhyun ရဲ့ခႏၶာကိုယ္ေပၚမွာ Chanyeol ကိုယ္တိုင္ဒီဇိုင္းဆြဲၿပီး လက္ေဆာင္ေပးထားတဲ့ပစၥည္းေတြ ေလးခုတိတိရွိေနၿပီျဖစ္သည္။ထို႔အတူ Chanyeol ဆီမွာလည္း Baekhyun ဒီဇိုင္းဆြဲထားတဲ့ လက္ေဆာင္ပစၥည္းေလးႏွစ္ခုရွိပါသည္။

Baekhyun က ေပ်ာ္ေပ်ာ္ေနတတ္ေပမယ့္ ကေလးဆန္ရတာမႀကိဳက္တဲ့သူျဖစ္သည္။သို႔ေသာ္ ထိုအခ်က္ဟာလည္း တျခားသူေတြနဲ႔သာျဖစ္သည္။သူ႔ကိုကိုနဲ႔ဆိုရင္ေတာ့ Baekhyun ကခၽြဲျမဲ ခၽြဲစဲ ကေလးဆန္စျမဲပင္။

သူ႔ကိုယ့္သူသုံးႏွုန္းေနက် Hyunဆိုတဲ့ေနရာမွာ ကၽြန္ေတာ္ဆိုၿပီး ေျပာင္းသုံးတတ္လာကာ Chanyeol ကိုလည္းႏွစ္ေယာက္တည္းရွိခ်ိန္မွာေတာင္ ေယာက္်ားဆိုတဲ့နာမ္စားကို အရွက္သည္းၿပီးမေခၚဆိုေတာ့ပါ။သူေလးစိတ္လိုၿပီး Chanyeol အတင္းေတာင္းဆိုမွသာ အသံေသးေသးျဖင့္ေခၚတတ္ေတာ့သည္။သို႔ေသာ္ ႏွစ္ေယာက္တည္းရွိခ်ိန္ေတြသာမကဘဲ လူၾကားထဲတြင္လည္း ကိုကိုဆိုတဲ့တစ္ဦးဆိုင္နာမ္စားေလးကိုေတာ့ တခုတ္တရျဖင့္ေခၚေနစဲပင္။ထို႔အျပင္ Chanyeol ကိုလည္း သူေလးက ဘယ္လိုေခၚ ဘယ္လိုေျပာဆိုတာကို ႏွုတ္ခမ္းတေထာ္ေထာ္ျဖင့္ သင္ေပးပါေသးသည္။

"လူေတြၾကားထဲမွာ ကိုကို ကၽြန္ေတာ့္ကို Baekhyun လို႔ေခၚ"

"Baekhyun ေတာ့မလုပ္ပါနဲ႔ တုံးတိႀကီး၊ Baekhyunee ဆိုရင္ေရာ"

"အင္းအင္း ကိုကို႔သေဘာ၊ ဒါေပမယ့္ ႏွစ္ေယာက္တည္းရွိခ်ိန္ေတာ့ အရင္လိုပဲေခၚရမယ္ေနာ္၊ ကိုကို ေခၚတဲ့နာမည္ေလးေတြကို ကၽြန္ေတာ္သေဘာက်တယ္"

"လူကိုေရာ သေဘာမက်ဘူးလား"

"လူကိုသေဘာက်လို႔ ဘယ္လိုေခၚေခၚသေဘာက်တာေပါ့၊ တျခားလူက ႏုႏုယြယြလာေခၚၾကည့္ပါလား၊ Park Baekhyun အေၾကာင္းေကာင္းေကာင္းသိသြားမယ္"

"ဟားဟား အေျပာကေတာ့ကြာ"

ဟိုးအရင္အတိုင္းပဲ သူ႔ကိုကိုရဲ့အျပဳအမူတိုင္းကို Baekhyun ကျပဳံးျပဳံးေလးျဖင့္ေငးၾကည့္တတ္ေပမယ့္ ဟိုးအရင္နဲ႔မတူတာကေတာ့ Baekhyun ဘက္ကစတင္ၿပီးလည္း အနမ္းၾကမ္းေတြေပးတတ္ေနေလၿပီ။Chanyeol ေမြးထားမိတာက်ားေပါက္ေလးမ်ားလား။

:

Chanyeol ႏွင့္ပတ္သတ္ရင္ ဘာမွမသိနားမလည္ေသးတဲ့အခ်ိန္တုန္းကေတာင္ သူ႔နည္းသူ႔ဟန္ျဖင့္သဝန္တိုတတ္တဲ့ Baekhyun ရဲ့အက်င့္က အခုေတာ့ပိုဆိုးသည္။သို႔ေသာ္ သူ႔ကိုကိုကိုေတာ့ စိတ္အေႏွာင့္အယွက္အျဖစ္မခံဘဲ သူ႔စိတ္သက္သာရာရဖို႔ သူ႔ဘာသာေျဖရွင္းပါသည္။

"နာမည္က Jiyoon ေနာ္"

"ဟုတ္..ဟုတ္ပါတယ္"

"ကုမၸဏီမွာ အလုပ္ဝင္တာဘယ္ေလာက္ၾကာၿပီလဲ"

"တစ္ႏွစ္ေလာက္ေတာ့ရွိပါၿပီ"

"တစ္ႏွစ္ဆိုေတာ့ေတာ္ေတာ္မ်ားေနမွာပဲ"

"ရွင္.."

"ကၽြန္ေတာ့္အမ်ိဳးသားရဲ့ပုံေတြ အစ္မဆီမွာအရမ္းမ်ားေနမွာပဲလို႔ေျပာတာပါ"

"ဟို အဲ့ဒါက..ကၽြန္မ..ဟို..ဥကၠဌက.."

"ရဲတိုင္လို႔ရတယ္၊ ဒါက သူမ်ား privacy ကိုခ်ိဳးေဖာက္တဲ့အျပစ္ေလ၊ ပိုင္ရွင္ရဲ့ခြင့္ျပဳခ်က္အစ္မဆီမွာမရွိဘူး၊ အဲ့ေတာ့ ရိုက္ထားသမၽွပုံေတြ တစ္ပုံမက်န္ ကၽြန္ေတာ့္ကိုေပးပါ၊ ၿပီးရင္ အစ္မ ကိုယ့္သေဘာနဲ႔ကိုယ္အလုပ္ထြက္ပါ၊ မဟုတ္ရင္ေတာ့ ကၽြန္ေတာ္ဥပေဒအရေျဖရွင္းရလိမ့္မယ္"

"မ..မလုပ္ပါနဲ႔၊ ကၽြန္မ ဓာတ္ပုံေတြလည္းေပးပါ့မယ္၊ အလုပ္လည္းထြက္ပါ့မယ္၊ ကၽြန္မ..ဒီတိုင္း..သေဘာက်မိလို႔.."

"အစ္မသေဘာက်မိတဲ့လူဆီမွာ ပိုင္ရွင္ရွိတယ္၊ ကၽြန္ေတာ္က ကၽြန္ေတာ့္အမ်ိဳးသားနဲ႔ပတ္သတ္ရင္ သေဘာထားမႀကီးနိုင္ဘူး၊ ဓာတ္ပုံကိုတစ္ပုံေတာင္မခ်န္ထားဘဲ ကၽြန္ေတာ့္ကိုေပးပါ၊ ဟုတ္ၿပီလား"

သူ႔ကိုကိုက အဆင္းေရာအခ်င္းပါျပည့္စုံလြန္းေတာ့ လိုခ်င္သူေတြမ်ားသည္။ဘယ္တတ္နိုင္မလဲ။ကိုယ္ကပိုင္ဆိုင္ထားၿပီးၿပီဆိုမွေတာ့ ကိုကို႔အနားကပ္လာသမၽွျခင္ေတြကို လက္ထဲထည့္ၿပီးေမြ႕ယမ္းပစ္လိုက္႐ုံပဲေပါ့။

.................................................................................

ထိန္ထိန္သာေနတဲ့လမင္းႀကီးကိုေငးၾကည့္ရင္း Baekhyun ဒန္းေပၚမွာထိုင္ေနသည္။အျမင္အာ႐ုံက လမင္းႀကီးဆီမွာဆိုေပမယ့္ သူ႔အေတြးေတြကေတာ့ ေသခ်ာေပါက္ သူ႔ရဲ့တစ္ဦးတည္းေသာကိုကိုဆီမွာပင္။

ကိုကိုနဲ႔ပတ္သတ္ရင္ Baekhyun ဆီမွာရွိတဲ့အေတြးေတြကရိုးရွင္းသည္။ကိုကိုက သူ႔ကိုျမတ္ျမတ္နိုးနိုးနဲ႔ခ်စ္သလို သူကလည္းကိုကို႔ကို မေျပာျပတတ္ေလာက္ေအာင္ခ်စ္ပါသည္။ကိုကိုက သူ႔ကိုငယ္ငယ္ေလးကတည္းကေနအခုအခ်ိန္ထိ ေႏြးေထြးမွုေပါင္းမ်ားစြာျဖင့္ ျမတ္ျမတ္နိုးနိုးေစာင့္ေရွာက္ခဲ့တာျဖစ္သည္။မိဘညီအစ္ကိုေမာင္ႏွမမရွိေတာ့တဲ့ Baekhyun ကိုေလ။Baekhyun ရဲ့ငယ္ဘဝမွတ္ဥာဏ္ေတြထဲမွာ ကိုကိုကသာအမ်ားဆုံးျဖစ္ၿပီး ကိုကို႔ရဲ့ၾကင္နာယုယမွုေတြကိုသာေသေသခ်ာခ်ာမွတ္မိေနသည္။အရမ္းငယ္ေသးလြန္းတဲ့ကိစၥေတြကို မမွတ္မိေတာ့ေပမယ့္ သူသိတတ္တဲ့အခ်ိန္ကစၿပီး သူ႔ေဘးနားမွာအခ်ိန္ျပည့္ရွိေနတဲ့လူကကိုကိုပဲမို႔ ကိုကို႔ရဲ့သူ႔အေပၚျမတ္နိုးမွုေတြကိုသာမွတ္မိပါေတာ့သည္။

Baekhyun သူ႔ကိုယ့္သူကံေကာင္းတယ္လို႔ထင္မိပါသည္။သူ႔လိုမိဘေဆြမ်ိဳးမရွိေတာ့တဲ့လူတစ္ေယာက္ကို ကိုကိုကစလို႔ အေဖ Park ေရာ ေဒၚေဒၚတို႔လင္မယားေရာ ေနာက္ၿပီး သူစိမ္းေတြျဖစ္တဲ့ Dojin hyung နဲ႔ Minjun ကပါဂ႐ုတစိုက္ရွိၾကတာမို႔ အမ်ားႀကီးကံေကာင္းတယ္လို႔ထင္ပါသည္။ထို႔အျပင္ သင္တန္းနဲ႔ကိုကို႔ကုမၸဏီမွာလည္း သူ႔အနားမွာရွိသမၽွလူေတြက သူ႔ကိုစိတ္ရင္းျဖင့္ခင္ေပးၾကပါေသးသည္။သူက တကယ္ပဲ ကိုကိုေျပာသလို အခ်စ္ခံရဖို႔အမ်ားႀကီးထိုက္တန္တဲ့ လူတစ္ေယာက္ျဖစ္လိမ့္မည္။စိတ္ေကာင္းႏွလုံးေကာင္းရွိရင္ အမ်ိဳးမ်ိဳးေသာကံေကာင္းမွုေတြကိုလက္ခံရရွိၿပီး စိတ္ေပ်ာ္ရႊင္ရတယ္တဲ့ေလ။

ကိုယ့္အေတြးႏွင့္ကိုယ္ Baekhyun ျပဳံးေနတုန္းမွာပင္ အိမ္ထဲကေနခပ္သုတ္သုတ္ထြက္လာသူကိုျမင္လိုက္ရတာမို႔ အျပဳံးေတြပိုေတာက္ပသြားခဲ့သည္။သူအနားမွာမရွိတာနဲ႔ ကိုကိုတစ္ေယာက္အလုပ္ေတာင္ေျဖာင့္ေျဖာင့္မလုပ္နိုင္ရွာေတာ့။

...........အမ်ားႀကီးခ်စ္ေပးလို႔ ေက်းဇူးတင္တဲ့စိတ္နဲ႔ အမ်ားႀကီးျပန္ခ်စ္ေပးပါ့မယ္ ကိုကို........

"ျဖည္းျဖည္းလာပါ ကိုကိုရယ္၊ အလုပ္ကၿပီးၿပီလား"

"ၿပီးၿပီ၊ Hyunေလးအနားမွာမရွိတာနဲ႔ စိတ္မေျဖာင့္လို႔ အျမန္လုပ္ၿပီးထြက္လာတာ"

ေဘးနားမွာ ကိုကိုဝင္ထိုင္လိုက္တာနဲ႔ ကိုကို႔ရဲ့လက္ေမာင္းတစ္ဖက္ကို Baekhyun ေခါင္းမွီလိုက္ေတာ့ ကိုကိုက ဒန္းရဲ့ေနာက္မွီကိုမွီၿပီး သက္ေတာင့္သက္သာျဖစ္ေအာင္ထိုင္ေပးသည္။

"ေအးလား၊ ပိုးေကာင္ေတြေရာကိုက္ေသးလား"

"မကိုက္ပါဘူး ကိုကိုရဲ့၊ ေအးလည္းမေအးဘူး၊ လျပည့္ေနတာၾကည့္ခ်င္လို႔ထြက္လာတာ"

"အင္း"

"ကိုကို ေမးလ္ပို႔ရတာမလား၊ စာရိုက္ရေတာ့ လက္ေခ်ာင္းေလးေတြေညာင္းေနမွာပဲ"

လက္ဖဝါးတစ္ဖက္ကိုယူၿပီး လက္ေခ်ာင္းေတြကို ႏွိပ္နယ္ေပးေနလိုက္ေတာ့ ကိုကို႔ဆီက သေဘာတက်ရယ္သံတိုးတိုးထြက္လာသည္။Baekhyun သေဘာက်ရတဲ့ ဩရွရွရယ္သံေလး။

"ဟိုဘက္လက္လည္းေပး"

ကိုကို႔လက္ေမာင္းတစ္ဖက္ကိုဇိမ္ျဖင့္မွီၿပီး ကိုကို႔လက္ဆယ္ေခ်ာင္းလုံးကိုတစ္လွည့္စီျဖင့္ စိတ္ရွည္လက္ရွည္ႏွိပ္ေပးလိုက္သည္။ကိုကို႔လက္ေခ်ာင္းရွည္ရွည္ေတြကို ကိုယ္တြယ္ရတာ Baekhyun အရမ္းသေဘာက်ပါသည္။

"ဟိုတုန္းကဆို ကိုကို႔လက္ေခ်ာင္းေတြကိုေဆာ့ရတာ Hyunေလးအရမ္းစိတ္ဝင္စားတာေလ၊ လက္ေခ်ာင္းေတြကိုေဆာ့ေနရရင္ၿငိမ္ေနေရာပဲ"

"ငယ္ငယ္တုန္းကလား ကိုကို"

"အြန္း အင္းေပါ့ ငယ္ငယ္တုန္းက"

"ကိုကိုနဲ႔ပတ္သတ္ၿပီး တျခားဘာေတြကိုသေဘာက်ခဲ့ေသးလဲ၊ ေျပာျပပါလားဟင္"

"အင္း ေျပာျပမယ္"

ရႊတ္!

သူ႔ရဲ့ေခါင္းလုံးလုံးေလးကို အသံမည္ေအာင္နမ္းၿပီးေတာ့မွ ကိုကိုကစကားဆက္သည္။

"Hyunေလးက ညအိပ္ရာဝင္ခ်ိန္တိုင္း ကိုကိုနမ္းေပးမွအိပ္တာ"

"ဟီးး အခုလည္းတူတူပဲ"

"အဟြန္း! ေနာက္ၿပီး ကိုကိုခ်ီထားရင္လည္း အရမ္းသေဘာက်တာ၊ ကိုကိုနဲ႔နီးကပ္ေနရရင္ Hyunေလးေပ်ာ္တယ္ေလ"

"အြန္းအြန္း! အခုအခ်ိန္ထိလည္း အဲ့လိုပဲ၊ ဒါေပမယ့္ အခုေတာ့ ကၽြန္ေတာ့္ကို ကိုကိုစိတ္ရွိသလို ခ်ီလို႔ရေတာ့မွာမဟုတ္ဘူး၊ ေလးလာၿပီေလ"

"အဲ့ဒီ ကၽြန္ေတာ္ဆိုတာကိုအသားမက်နိုင္ေသးဘူး"

"ဟင္"

Baekhyun ကိုကို႔ကိုမ်က္ႏွာငယ္ျဖင့္ေမာ့ၾကည့္မိသည္။သူ ကိုကို႔အေပၚ အရမ္းႀကီးမ်ား ေျပာင္းလဲမိသလို ျဖစ္သြားခဲ့တာလား။အသားက်ေနတဲ့အရာေတြကိုေလ။သူက ဒီတိုင္း အရမ္းကေလးဆန္သလိုခံစားမိလို႔ပါ။

သူ႔အေတြးေတြကိုသိေနသည့္အလား ကိုကိုကေခါင္းခါၿပီး ရယ္သည္။

"အဟင္း! အဲ့ဒါဘာ႐ုပ္ေလးတုန္း၊ အသားမက်ေသးဘူးဆိုတာက Hyunေလး ကၽြန္ေတာ္လို႔ေျပာလိုက္တိုင္း ကိုကိုၾကက္သီးေတြထၿပီးအသည္းယားသြားမိလို႔ပါ၊ ဪ ငါ့ကေလးေလးေတာင္ လူႀကီးေလးျဖစ္လာၿပီလို႔ေတြးမိၿပီး စိတ္ခ်မ္းသာရလို႔ေလ"

အခုမွ Baekhyun သက္ျပင္းျပန္ခ်နိုင္ၿပီး ကိုကို႔လက္ေမာင္းေပၚျပန္မွီလိုက္သည္။

"မသိပါဘူး၊ စိမ္းသက္သြားသလိုမ်ား ကိုကိုခံစားရလို႔လားလို႔၊ စိုးရိမ္သြားတာ"

"Hyunေလးနဲ႔ပတ္သတ္ရင္ အတိတ္ေရာ ပစၥဳပၸန္ေရာ အနာဂတ္မွာေရာ ဘာကိုမွမစိမ္းသက္ဘူး၊ ကိုကိုတို႔ႏွစ္ေယာက္က တစ္သားတည္းပဲေလ"

"ဟုတ္တယ္၊ ကိုကိုနဲ႔ကၽြန္ေတာ္နဲ႔က တစ္သားတည္းပဲ၊ အျမဲတမ္းအခုလိုပဲေနသြားမွာ ေနာ္"

"မွန္တာေပါ့ဗ်ာ"

ကိုကို႔လက္ေမာင္းႀကီးကို ႏွာေခါင္းျဖင့္အသာနမ္းရွိုက္လိုက္ၿပီးေတာ့မွ

"ကိုကို ခုနကစကားဆက္ေျပာပါဦး၊ ကိုကိုနဲ႔ပတ္သတ္ၿပီး ကၽြန္ေတာ္သေဘာက်တဲ့ဟာ"

"အြန္းး...Hyunေလးက ကိုကို႔ဗိုက္ကႂကြက္သားေတြကိုသေဘာက်တယ္"

"ခစ္ခစ္!"

"ကိုကို ထမင္းခြန့္ေကၽြးတာကိုစားရတာ သေဘာက်တယ္"

"ေနာက္ဆိုလည္း တစ္ခါတစ္ေလခြန့္ေကၽြးပါဦး"

"သေဘာပါဗ်ာ"

"ဟုတ္၊ ကိုကို ဆက္ေျပာ"

"ကိုကိုနဲ႔ေရအတူတူခ်ိဳးရတာကို သေဘာက်တယ္"

"အဟမ္း!"

"ကိုကိုနဲ႔အတူတူ ဒန္းနားမွာေဆာ့ရတာကိုသေဘာက်တယ္"

"ကိုကိုဝယ္ေပးတဲ့အ႐ုပ္ေတြကိုဆက္ရတာ သေဘာက်တယ္"

"Hyunေလးမသိတာေတြကို ကိုကို႔ကိုေမးရတာ သေဘာက်တယ္"

"စာမသင္ဘဲ ကိုကို႔အလုပ္ခန္းထဲလာထိုင္ေနရတာကို သေဘာက်တယ္"

"ကိုကို႔ဖုန္းကို သတိရတိုင္း ေခၚရတာကိုသေဘာက်တယ္"

"ကိုကိုေနမေကာင္းတဲ့အခ်ိန္ ျပဳစုရတာကိုသေဘာက်တယ္"

"ကိုကို႔အနမ္းေတြကိုသေဘာက်တယ္"

"ကိုကိုနဲ႔အတူဂ်ဴဒိုကစားရတာကို သေဘာက်တယ္"

"ကိုကိုသြားတဲ့ေနရာေတြ ေလၽွာက္လိုက္ရတာကိုသေဘာက်တယ္"

"ကိုကိုနဲ႔အတူ ကစားကြင္းသြားရတာကို သေဘာက်တယ္"

"ကိုကိုနဲ႔အတူခရီးထြက္ရတာကို သေဘာက်တယ္"

"ကိုကို႔အေပၚ စကားေလးေတြလွည့္ပတ္ေျပာရတာကိုသေဘာက်တယ္"

"Hyunေလးက ကိုကို႔ကိုသေဘာက်တယ္၊ ကိုကိုနဲ႔အတူ လုပ္ရတဲ့အရာမွန္သမၽွကို သေဘာက်တယ္"

:

"Hyunေလး"

သူ႔လက္တစ္ေလၽွာက္ကို လက္ကေလးႏွစ္ဖက္ျဖင့္က်စ္ေနေအာင္ဖက္ထားၿပီး လက္ေမာင္းေပၚေခါင္းေလးမွီကာ အိပ္ေပ်ာ္သြားတဲ့ကေလးေလး။

မအိပ္ခင္ ေျပာသြားပါေသးသည္။

"ကိုကိုဆက္ေျပာ၊ တကယ္လို႔ ကၽြန္ေတာ္အိပ္ေပ်ာ္သြားရင္မႏွိုးဘဲ အရင္လိုခ်ီသြားေပးပါ၊ ၿပီးေတာ့ နမ္းေပးဦးေနာ္"

ကေလးေလး။Chanyeol ရဲ့အသည္းအသက္ေလးဟာ ေနာက္ဆုံးေတာ့လည္း အရြယ္ေရာက္လာခဲ့ပါၿပီ။တယုတယျဖင့္ခ်စ္လာခဲ့ရသူမို႔ ဘယ္အခ်ိန္မဆို သူေလးက Chanyeol ရဲ့ကေလးေလးျဖစ္သည္။ဟိုအရင္ 'ကို..ကို' ဆိုၿပီး ေလးေလးပင္ပင္ေခၚတတ္တဲ့အခ်ိန္ေတြတုန္းကအတိုင္းပဲေပါ့။ဘယ္အရာေတြဟာဘယ္လိုပဲေျပာင္းလဲသြားပါေစ Hyunေလးက Chanyeol အျမဲတမ္း အရိပ္တၾကည့္ၾကည့္ျဖင့္ ျမတ္ျမတ္နိုးနိုး ေစာင့္ေရွာက္သြားခ်င္သည့္ အဖိုးတန္လူသားေလးတစ္ေယာက္ျဖစ္သည္။

"အင္းး..."

"အိပ္ အိပ္ ကေလး၊ ကိုကိုခ်ီသြားမယ္ေနာ္"

Chanyeol အတြက္ အရင္အခ်ိန္ေတြတုန္းကအတိုင္း ေပါ့ပါးေနစဲျဖစ္တဲ့ကိုယ္လုံးေႏြးေႏြးေလးကို ေစြ႕ခနဲေပြ႕ခ်ီလိုက္ၿပီး အိပ္ခန္းရွိရာဆီဦးတည္လိုက္သည္။

တစ္ခ်က္မွမနိုးဘဲ ေပြ႕ခ်ီထားတဲ့အတိုင္း အသက္ရွူသံမွန္မွန္ျဖင့္အိပ္ေပ်ာ္ၿပီးပါလာတဲ့ ကေလးငယ္ကခ်စ္စဖြယ္။

အိပ္ခန္းထဲေရာက္တာနဲ႔ အသည္းအသက္ေလးကို ေမြ႕ရာေပၚမွာျဖည္းျဖည္းခ်လိုက္ၿပီး သူလည္းပဲေဘးနားမွာဝင္လွဲလိုက္ကာ ႏွစ္ေယာက္လုံးအေပၚေစာင္ထူထူကိုလႊမ္းျခဳံလိုက္သည္။

"ႁပြတ္စ္!"

ကာယကံရွင္ေလးရဲ့အလိုက် အိပ္ရာဝင္အနမ္းေလးကိုလည္း Chanyeol မေမ့ေလ်ာ့။

"အင့္! ကိုကို"

"အင္း ကၽြတ္ ကၽြတ္ ကိုကိုရွိတယ္ အိပ္ အိပ္"

ရင္ခြင္ထဲတိုးဝင္လာတဲ့ကေလးငယ္ကို Chanyeol အျမတ္တနိုးျဖင့္ျပန္လည္ေထြးေပြ႕ထားလိုက္ပါသည္။

"ဟင့္! ကို..ကို"

"အင္း ကိုကိုေလ၊ Hyunေလးရဲ့ ကိုကို"

..........အခ်ိန္ေတြဘယ္လိုေျပာင္းေျပာင္း၊ အတိတ္ေတြဘယ္လိုေဟာင္းေဟာင္း၊ အနာဂတ္ေတြဘယ္လိုရွိရွိ၊ ပစၥဳပၸန္တိုင္းမွာ ကိုကိုက Hyunေလးရဲ့ ထာဝရ ကိုကို...........

.................................................................................

(ၿပီးပါၿပီ)
(၉.၈.၂၀၂၃)

Hyunေလးႀကီးလာတာကို extra က်မွေသခ်ာေလးေဖာ္ျပပါမယ္🤍extra က်မွ လူႀကီးဆန္ၾကတာေပါ့👀

Continue Reading

You'll Also Like

106K 4.7K 45
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
446 54 7
စာအုပ်တစ်အုပ်ထုတ်ဖို့ပြင်နေတဲ့ online စာရေးဆရာလေး ဝေလွန်းအိမ် တစ်ယောက်၊ စာအုပ်ထုတ်ဖို့ လုပ်နေတုန်းမှာ စာအုပ်ပါ exတွေရဲ့ နာမည်ကို ခွင့်ပြုချက်မရဘဲ သုံ...
70.8K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
95K 9.6K 18
SEQUEL OF BE IN LOVE CHANBAEK FAN FICTION [ UNICODE + ZAWGYI ]