(Unicode)
တစ်ညလုံးပင်တိုင် လင်းခေးရင်ခွင်ထဲမှာဘဲအိပ်ပျော်နေခဲ့ရာ သူညောင်းမှာဆိုး၍ဒေါ်အေးသွယ် ပင်တိုင့်ကိုအိပ်ရာပေါ်ပြောင်းသိပ်မည်ဆိုတာတောင်လင်းခေးလက်မခံ၊ပင်တိုင်နိုးမှာ သူဆိုးတယ်တဲ့လေ။
ညလုံးပေါက်ထိုအတိုင်းပွေ့ချီထားပေမဲ့ လင်းခေးတစ်ချက်မညီးခဲ့။အိပ်မျောကျနေတဲ့ကလေးလေးကိုအရိပ်တကြည့်ကြည့်ကြည့်နေခဲ့ပြီး မနက်မိုးလင်းခါနီးမှသူလဲအိပ်ပျော်သွားလေသည်။
"အော် အီး အီး အွတ်"
ရောင်နီပျိုးစအချိန်ဝယ် နေလုံးကြီးတပူတပြင်းနဲ့ထွက်ပေါ်လုဆဲဆဲတွင် ရွာရဲ့နှိုးစက်လို့တင်စားမဲ့ကြက်တွန်သံတွေက တစ်အိမ်နဲ့တစ်အိမ်စီးချက်ဝါးချက်ညီစွာထွက်ပေါ်နေခဲ့သည်။
မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားလို့လားမသိ လင်းခေးသိပ်တောင်အိပ်လိုက်ရသည်မထင်၊နားထဲတိုးဝင်လာတဲ့ကြက်တွန်သံတွေကိုကြားပေမဲ့ မျက်လုံးတွေကတော့မဖွင့်ချင်လောက်အောင်လေးလံနေခဲ့သလို ခေါင်းငိုက်စိုက်ကျလျက်သားဖြင့်ဖြစ်နေခဲ့၏။
အိပ်ချင်နေပါသည်ဆိုကာမှ ပါးပေါ်ဘဲအကောင်တက်လာသလိုလို နှုတ်ခေါင်းပေါ်ဘဲအကောင်တက်လာသလိုလိုဖြစ်နေခဲ့တာကြောင့် တစ်ချက်တစ်ချက်ပါးကိုပွတ်သပ်သော်လည်း အရာမထင်။မျက်လုံးကိုဖွင့်ကြည့်လိုက်မှ သူ့မျက်နှာပေါ်လက်ညိုးလေးနဲ့တို့ကာတို့ကာလုပ်နေတဲ့ကလေးလေးက ပြုံးကာကြည့်နေလေသည်။
"ကိုကို့ကိုစနေတယ်ပေါ့လေ ဟမ်"
"အွန်း"
ကလိထိုးမယ်ကြံကာ ပင်တိုင့်ခါးလေးတွေဆီနေရာယူသွားပေမဲ့ ခါးလေးတွေကိုကိုင်ကာလင်းခေးငြိမ်ကျသွားသည်။
ပင်တိုင်ပိန်ကျသွားလိုက်တာ အရင်ကကလိထိုးနေကျခါးလေးတွေတောင် ပြည့်ပြည့်တင်းတင်းလေးရှိမနေတော့။လင်းခေး သူကလိထိုးမှာကြောက်နေတဲ့ကလေးလေးကိုသာ တစ်ချက်ပြန်ကြည့့်ပြီး.....
"ကိုကိုမျက်နှာသစ်ပေးမယ် ပြီးရင်ထမင်းစားရအောင်နော်"
ခေါင်းလေးငြိမ့်ကာ မချိပြုံးလေးပြုံးနေတဲ့ပင်တိုင့်ကိုချီကာ မျက်နှာသစ်ရန်အတွက် ရေတွင်းရှိရာသို့သာခေါ်လာခဲ့၏။
လင်းခေးမျက်နှာသစ်ပေးတာကို သဘောအကျကြီးကျကာပြုံးနေတဲ့ပင်တိုင့်ကိုမြင်မှ ဒေါ်အေးသွယ်လည်းစိတ်အေးနိုင်သည်။ရောဂါတစ်ဝက်သက်သာလာသလို ပင်တိုင်ထနိုင်ထိုင်နိုင်လာတော့ အရင်ရက်တွေကနဲ့စညလျှင်တိုးတက်လာသည့်သဘောပင်။
ကလေးတွေမျက်နှာသစ်ပြီးပြီးခြင်း အသင့်ယူလာတဲ့ထမင်းပန်းကန်လေးကိုကိုင်ကာ ဒေါ်အေးသွယ်ရပ်စောင့်နေခဲ့၏။
"သား ထမင်းစားရအောင်နော်"
ဒေါ်အေးသွယ်ထမင်းစားဖို့ပြောကာမှ သတိရတယ်။ညကပင်တိုင်ပြောသည့်အထဲ လင်းခေးနားမလည်တာရှိတာကြောင့်....
"ပင်တိုင်ကပြောတယ် သူထမင်းစားလည်းသူ့ဗိုက်ထဲမနေကြဘူးဆိုတာ ဘာပြောတာလဲ"
"ထမင်းပြန်စားတော့လည်း စားသမျှပြန်အန်နေတယ်သားရယ်၊အခုလည်းကျွေးသာကျွေူးရမှာ ပြန်အန်ဖို့များတယ်"
လင်းခေးလည်း ဒေါ်အေးသွယ်လက်ထဲကထမင်းပန်းကန်ကိုကြည့်ကာ အတော်လေးအကြပ်ရိုက်နေခဲ့သည်။မစားတာကိုသူချော့ကျွေးလို့ရနိုင်ပေမဲ့ ပြန်အန်မှာကိုတားဖို့အရေး လင်းခေးအတော်တွေးနေခဲ့ပြီးမှ.....
"ဝါးကျွေးရင်ကောမေမေလေး"
လင်းခေးပြောမှဒေါ်အေးသွယ်လည်း စဉ်းစားမိတယ်၊ထမင်းစားလို့ပြန်အန်နေရင်တောင် ဝါးကျွေးရင်တော့ပြန်မအန်ကောင်းမအန်နိုင်ပါရဲ့။
ဘာဘဲဖြစ်ဖြစ် ကြိုးစားကြည့်လို့မမှားတာမို့...
"ဟုတ္သားဘဲ မေမေဝါးပြီးခွံ့မယ်နော်သား"
ပင်တိုင် လင်းခေးလည်ပင်းလေးကိုသိုင်းဖက်ပြီး ခါးခါးသီးသီးငြင်းဆန်လေသည်။အစာစားဖို့ ပင်တိုင်ဘဲစိတ်ပြောင်းသွားသည်လားမသိချေ။
"မေမေခွံ့နဲ့ ကိုကိုဝါးခွံ့"
ကြားလိုက်ရတဲ့စကားကြောင့် ဒေါ်အေးသွယ်ကိုယ့်နားကိုယ်တောင်မယုံနိုင်ပါ။သူမစိတ်ထဲ ပင်တိုင်များအစာစားဖို့ငြင်းမလားစိတ်ပူသွားပေမဲ့ တကယ်တမ်းပြောလာသည်ကဒါတဲ့လား။သူမဘဲအစိုးအရိမ်လွန်သွားသည့်ပုံ။
"ကိုကိုဝါးခွံ့တာဘဲစားမယ်နော် မေမေခွံ့နဲ့"
ဒေါ်အေးသွယ် မျက်နှာထားချက်ချင်းတင်းမာသွားပြီး.....
"အမယ်လေး ဘုရားဖြစ်မဲ့အုတ်နီခဲလေး၊မွေးထားတဲ့အမေဝါးခွံ့တာကျမစားဘူး သူ့ကိုကိုဝါးခွံ့တာဘဲစားမယ်တဲ့အရပ်ကတို့ရေ။ရော့ စားစား"
ထမင်းပန်းကန်ကြီး လင်းခေးလက်ထဲထိုးပေးပြီး ဒေါ်အေးသွယ်ပွစိပွစိပြောကာအိမ်ထဲပြန်ဝင်သွားလေသည်။
ထမင်းပန်းကန်ကြီးလည်းကိုင်ကာ ပင်တိုင့်ကိုလည်းချီထားတဲ့လင်းခေးမှာတော့ ပင်တိုင်နဲ့နှစ်ယောက်သားသဘောကျပြီးစပ်ဖြီးဖြီးကြီးသာဖြစ်လို့။
မကြားရတာကြာတဲ့ဒေါ်အေးသွယ်ရဲ့ ပွစိပွစိပြောသံတွေကိုပြန်ကြားရတာ ဦးမိုးမြင့်တော့စိတ်ချမ်းသာသလို မေမိုးလည်းချက်ရင်းပြုတ်ရင်းအလိုလိုပြုံးမ်၏။အရင်ကဆို တားမိမှာဖြစ်ပေမဲ့ အခုတော့သားအမိနှစ်ယောက်ရဲ့ စကားများသံလေးတွေကိုဘဲပိုပြီးတောင်းတနေမိတော့သည်။
"မိုးမြင့်ရေ...မိုးမြင့်"
ဦးမိုးမြင့်ကတော့အိမ်မှာမရှိချေ။ဒေါ်အေးသွယ်အိမ်နောက်ဖေးမှာ နွားချေးကြုံးနေရင်းမှ အိမ်ရှေ့ကခေါ်သံကြောင့် ထွက်လာခဲ့ရသည်။
"ရှင်...သြော် ဦးညိုပါလား၊အကိုက လယ်ထဲသွားတယ်ဦးညိုရဲ့"
"အေး ဘာရယ်တော့မဟုတ်ပါဘူးဟာ၊ပင်တိုင်သက်သာလားလို့ လာကြည့်တာ"
"သက္သာလား မသက်သာလားတော့ အိမ်ထဲဘဲသွားကြည့်တော့ဦးညိုရေ"
ဒေါ်အေးသွယ် တက်တက်ကြွကြွပြောလာပုံကြည့်ရတာ ပင်တိုင်သက်သာလာသည့်ပုံပေါ်သည်။
"အိမ်ထဲသွားလေဦးညို ကျွန်မကနွားချေးကြုံးလက်စကြီးဖြစ်နေလို့၊အိမ်ထဲမှာသားလင်းခေးနဲ့ မေမိုးတို့လည်းရှိတယ်"
"ဟေ လင်းခေးပြန်ရောက်နေတာလား"
"ဟုတ်ပါ့ရှင် ဗြုန်းစားကြီးရောက်ချလာတာ"
"သြော် အေးအေးအေး"
ဦးညိုအိမ်ထဲဝင်သွားသည်နှင့် ဒေါ်အေးသွယ်လည်းသူမလုပ်လက်စအလုပ်ကိုဘဲသွားလုပ်နေခဲ့သည်။
"ဟေ့ ပင်တိုင်၊သက်သာနေပြီလားကွ"
အိမ်ထဲရောက်ရောက်ခြင်း လင်းခေးရင်ခွင်ထဲမှာထိုင်နေတဲ့ကလေးလေးကို ဦးညိုအော်ပြီးမေးလိုက်ရာ ကလေးလေးကခေါင်းလေးငြိမ့်လို့ပင်။
အရင်ရက်ရက်တွေကနဲ့စာရင် ပင်တိုင့်အခြေအနေကတိုးတက်လာသည်ဘဲပြောရမည်။အိပ်ရာထဲလှဲနေရသည်မဟုတ်တော့ဘဲ မျက်နှာလေး အနည်းငယ်ရွှင်လာပြီး လင်းခေးရင်ခွင်ထဲဝင်ထိုင်နေတာလေးမြင်ရတော့ တော်သေးသည်။
ဦးညိုလည်းလင်းခေးတို့နဲ့မျက်နှာခြင်းဆိုင်မှာ ထိုင်လိုက်၏။အလိုက်တသိဖြင့် ရေနွေးအိုးနဲ့လက်ဖက်သုပ်လေးလာချပေးတဲ့ မေမိုးကလည်းသူ့အားနှုတ်ဆက်ပြုံးပြပြီးမီးဖိုထဲပြန်ဝင်သွားလေသည်။
"အစာကောဝင်ပြီလားလင်းခေး"
"အရင်ကထက်စာရင် ဝင်ပါတယ်ဦးညို၊ထမင်းကြီးမကျွေးဘဲ ဝါးခွံ့တော့ပျော့လို့လားမသိဘူး သိပ်မအန်တော့ဘူး"
"တော်သေးတာပေါ့ကွာ မြန်မြန်နေကောင်းအောင်လုပ်နော်ပင်တိုင်"
"ပင်တိုင်ကမြန်မြန်နေကောင်းအောင်လုပ်မှာပါဦးညိုရဲ့ အဲ့ဒါမှကျွန်တော်နဲ့အတူတူကစားရမှာ"
လင်းခေးပြုံးစိစိနဲ့ရင်ခွင်ထဲကကလေးလေးကို ငုံ့ကြည့်တော့ သူ့ရင်ခွင်ထဲကကလေးလေးကလည်းမော့ကြည့်ကာပြုံးလို့ပင်။
"အခုမှကြည့်မိတယ် ပင်တိုင်ကလွမ်းဖျားဖျားနေတာကိုးကွ"
"ဟုတ်တယ်ဦးညိုရေ ကျွန်မလဲပြောကိုမပြောချင်တော့ဘူး"
ဦးညိုစကားကိုထောက်ခံကာ ဒေါ်အေးသွယ်အိမ်ထဲဝင်လာပြီး ဦးညိုနဲ့မလှမ်းမကမ်းမှာဝင်ထိုင်လိုက်ပြီး.....
"ရေနွေးတွေသောက်အုံးလေ ဦးညိုရဲ့"
"အေး သောက်ပါတယ်ဟ"
"ပင်တိုင့်အကြောင်းတော့ပြောကိုမပြောချင်တော့ပါဘူးရှင်၊မွေးရကျိုးနပ်တဲ့သားလေး ဦးညိုရဲ့"
"ဟေ ဟုတ္လား"
ပင်တိုင့်ကိုကြည့်ကာမေးလာတော့ ပင်တိုင်ပြုံးစိစိဖြင့်ခေါင်းလေးငြိမ့်ပြလေသည်။ဒေါ်အေးသွယ်ရွဲ့ပြောတာကိုလည်း သူသိပုံမရပါ။
"ဘယ်ကသာဟုတ်ရမှာလဲဦးညိုရယ် ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့အမေဝါးခွံ့မဲ့ထမင်းကိုတော့ မစားချင်ဘူး၊သူ့ကိုကိုဝါးခွံ့တာမှစားချင်သတဲ့လေ လိမ်မာလိုက်တဲ့သားလေး ရွားမွရွားဘဲ"
"ဟေ ဟုတ်လားပင်တိုင်"
ထိုသို့ဆိုပြန်တော့လည်း ပင်တိုင်မငြင်းပေ။ထပ်မံပြီးခေါင်းလေးငြိမ့်ကာ စပ်ဖြီးဖြီးလေးပြုံးပြလာပြန်သည်။
"အေးပါကွယ် ဘာဘဲပြောပြောပင်တိုင်သက်သာလာတာဘဲ ညဉ်းလဲဝမ်းသာနေတယ်မဟုတ်လား"
"ဝမ်းသာတာပေါ့ရှင် ကျွန်မဆိုလက်လွှတ်လိုက်ရရင်ဆိုတဲ့အတွေးတွေတွေးမိရင် ရူးမတက်ဘဲ"
"မိဘေလ မိဘကို"
ဦးညိုပြောသည့်စကားကိုနားမလည်သည့်ပင်တိုင်ကတော့နားမလည်ပေမဲ့ နားလည်သည့်သူတွေကတော့ပြုံးမိသည်။
ရက်အနည်းငယ်ကြာပြီးနောက် အရင်ကထက်စာလျှင်ပင်တိုင်လည်းထူထူထောင်ထောင်ပြန်ဖြစ်လာပြီ။လင်းခေးပြောသလို ထမင်းကြီးမကျွေးတော့ဘဲ ဝါးခွံ့တာကအတော်လေးထိရောက်၏။အစပိုင်းအန်ပေမဲ့ စားသမျှပြန်အန်သည်တော့မဟုတ်ပေ၊အနည်းငယ်လောက်သာပြန်အန်တာမို့ ဖြည်းဖြည်းခြင်းဆေးတိုက်လာခဲ့ရာ အခုဆိုထမင်းတောင်အနည်းငယ်လောက်တော့ပြန်စားနိုင်တဲ့အနေအထားကိုရောက်လာပြီဖြစ်သည်။
ပင်တိုင်နေပြန်ကောင်းစပြုလာပေမဲ့ ရွာထဲကိုတော့ပေးမထွက်သေးပါ။နေပြန်မကောင်းမှာဆိုးတာကြောင် အိမ်ထဲနဲ့ခြံထဲမှာဆော့စေသည်။
အိမ်ထဲမှာနဲ့အိမ်အပြင်မှာဆိုပေမဲ့ ပင်တိုင်ပျင်းတော့မပျင်းရချေ။လင်းခေးအတူဆော့ပေးနေတာနဲ့တင် အတော်လေးပျော်နေရှာလေသည်။
"လင်းခေး ဟိတ်ကောင်"
လင်းခေး ပင်တိုင်နဲ့ဆော့ပေးနေရင်း ခြံရှေ့မှာရောက်နေတဲ့လူရိုးခေါ်သံကြောင့် တံခါးဖွင့်ပေးရန်သာလာခဲ့၏။ပင်တိုင်ခပ်လှမ်းလှမ်းမှာရှိနေတုန်း လင်းခေးလက်ကိုလူရိုးဆွဲထားလိုက်ပြီး......
"မင်းဘယ်တော့ပြန်မှာလဲ"
အဝေးမှာသူတို့ကိုရပ်ကြည့်ကာ သူ့အလာစောင့်နေတဲ့ကလေးလေးကို လင်းခေးတစ်ချက်ကြည့်မိသည်။ပြီးမှ သူ့လက်အားဆွဲထားတဲ့လူရိုးလက်ကိုဖြုတ်လိုက်ကာ တစ်စုံတစ်ရာအားတီးတိုးပြောပြီးသာ ပင်တိုင့်ဆီပြေးသွား၏။
လူရိုးလည်းရောက်လက်စကြီးဖြစ်တာကြောင့် ကစားနေတဲ့သူတို့ကိုမနှောက်ယှက်ချင်တော့ပါ။လူကြီးတွေနဲ့တွေ့ပြီး ပြောစရာရှိတာပြောရအုန်းမှာမို့.....
"ဦးလေးနဲ့ဒေါ်လေးရှိလားလင်းခေး"
"အေး ရှိတယ်"
လူကြီးတွေရှိသည်ဆိုတာနဲ့ လူရိုးလည်းအိမ်ထဲကိုသာဝင်ခဲ့၏။အိမ်ထဲမှာ ဦးမိုးမြင့်၊ဒေါ်အေးသွယ်နဲ့မေမိုးတို့သုံးယောက်သားထိုင်နေကြတာမို့ စုံစုံလင်လင်တွေ့ရတာအတော်ဘဲဖြစ်သည်။
"လူရိုးပါလား"
"ဟုတ်ကဲ့ဒေါ်လေး"
လူရိုးလည်းလွတ်တဲ့နေရာမှာသာဝင်ထိုင်လိုက်၏။ပြီးမှ လာရင်းကိစ္စကိုအစချီပြီးပြောတော့သည်။
"အဘကလာပြောခိုင်းလို့ ကျွန်တော်တို့နောက်နှစ်ရက်နေရင် မြို့ပြန်တော့မှာ၊လင်းခေးက ဘယ်လိုလုပ်မှာလဲလာမေးတာပါ"
လူရိုးစကားကြောင့် သုံးယောက်သားအကြည့်ဆုံပြီးအကြပ်ရိုက်သွားတာတော့အမှန်။ပြောစရာစကားကိုအစရှာမရတော့ဘဲ သုံးယောက်သားတိတ်ဆိတ်သွားလိုက်ကြတာ အပ်ကျသံတောင်ကြားရမည့်အတိုင်းပင်။
"ကိုကို ပင်တိုင်ရေဆာတယ်၊ပင်တိုင်ပြန်လာမှဆော့မယ်နော်"
"ကိုကိုလိုက်ခဲ့ရအုံးမလား"
"ဟင့်အင်း"ဟူ၍ခေါင်းလေးရမ်းကာ နောက်ဖေးပေါက်မှအိမ်ထဲသို ပင်တိုင့်ရေသောက်ဖို့ပြေးဝင်သွားတာကြောင့် လင်းခေးအပြင်ကဘဲရပ်စောင့်နေလိုက်သည်။
"ပင်တိုင်ကနေသိပ်ကောင်းသေးတာမဟုတ်ဘူး ကျောင်းတက်ဖို့တစ်လလောက်နောက်ကျလည်းကိစ္စမရှိပါဘူးကွာ"
ငြိမ်သက်နေတဲ့စကားဝိုင်းမှ ဦးမိုးမြင့်ထပြောလိုက်တဲ့စကားကို ဒေါ်အေးသွယ်လက်မခံပါ။ပင်တိုင့်ကြောင့်နဲ့ လင်းခေးကျောင်းစာနောက်ကျမှာကိုသူမမလိုလားပေ။
"အို တစ်လကြီးတောင်နောက်ကျရင် ကျောင်းစာကောကျူရှင်စာပါ ကလေးကအမှီလိုက်နေရမှာပေါ့"
"ညီမရယ်သားကတော်ပါတယ် တစ်လစာလောက်တော့သူအမှီလိုက်နိုင်မှာပါ"
"မဖြစ်သေးပါဘူးအကိုရယ် လင်းခေးကိုကောအသိပေးပြီးပြီးလား"
"လင်းခေးကတော့ မသိသေးဘူးလို့ဘဲပြောတယ်ဒေါ်လေး"
အိမ်ရှေ့မှာလင်းခေးတီးတိုးပြောလိုက်တဲ့စကားကို လူရိုးဖြတ်ပြောလိုက်ရာ ဒေါ်အေးသွယ်လည်းငြိမ်ကျသွားလေသည်။
ဒေါ်အေးသွယ်နဲ့ဦးမိုးမြင့်ကို မေမိုးကောင်းကောင်းနားလည်သည်။ဒေါ်အေးသွယ်ဘက်ကကြည့်ရင်လည်း ပင်တိုင့်ကြောင့်နဲ့လင်းခေးစာနောက်ကျမှာကို အားနာနေလို ဦးမိုးမြင့်ဘက်ကကြည့်ရင်လည်း ကျောင်းစာနောက်ကျမှာထက်ပင်တိုင်တစ်ခုခုပြန်ဖြစ်မှာကိုပိုပြီးစိုးရိမ်ကာ သဘောထားကွဲလွဲနေကြခြင်းဖြစ်၏။
"ဒီလိုလုပ်ပါလားလူရိုးရယ် မင်းတို့မြို့သွားဖို့ကနှစ်ရက်တောင်လိုသေးတာဘဲ၊ဒီကြားထဲလင်းခေးနဲ့တိုင်ပင်ပြီးကော ပင်တိုင့်အခြေအနေကြည့်ပြီးပါ မသွားခင်တစ်ရက်အလိုလာပြီးအကြောင်းကြားပေးမယ်လေ"
အခြေအနေကသူမမေမေလေးနဲ့ ဖေကြီးတို့သဘောထားဆက်ပြီးကွဲလွဲနေအုံးမှာမို့ မေမိုးကဘဲကြားဝင်ပေးလိုက်ရသည်။သူမပြောတာကို သဘောပေါက်တဲ့ပုံစံနဲ့လူရိုးကတော့ နားလည်သည့်ဟန်ပြလေရာ...
"မမမိုးပြောတာဟုတ်တယ် ဒီကြားထဲဦးလေးနဲ့ဒေါ်လေးတို့ရဲ့သဘောထားကိုပြောနေမဲ့အစား လင်းခေးကိုမေးမြန်းပြီး ပင်တိုင့်အခြေအနေကိုစောင့်ကြည့်ဆုံးဖြတ်တာပိုကောင်းမယ်ထင်ပါတယ်"
"အေးပါကွယ် မမတို့ဆုံးဖြတ်ပြီးမင်းတို့ဆီအကြောင်းပြန်ပါမယ်"
"ဟုတ္ဗ် ကျွန်တော်လည်းလုပ်စရာရှိသေးလို့ ပြန်လိုက်ပါအုံးမယ်"
"အေးအေး လာပြောပေးလို့ကျေးဇူးပါကွယ်"
လူရိုးပြန်သွားတဲ့အထိ ဒေါ်အေးသွယ်နဲ့ဦးမိုးမြင့်တို့တိတ်ဆိတ်သွားလိုက်ကြတာ နှုတ်တောင်မဆက်နိုင်တဲ့အထိပင်။
သူတို့မသိလိုက်တာတစ်ခုက သူတို့မမြင်နိုင်တဲ့နေရာမှာ သူတို့စကားတွေနားထောင်နေတဲ့ကလေးလေးက ရေခွက်လေးကိုင်လျက်သားဖြင့်ပေးမောနေသည်ကိုသာ။
"ငါပြန်ပြီလင်းခေး"
လက်ပြနှုတ်ဆက်သွားတဲ့လူရိုးကိုလင်းခေး ပြန်ပြီးနှုတ်ဆက်လိုက်ပေမဲ့ အကြည့်တွေကတော့ပင်တိုင်ပြေးဝင်သွားတဲ့အိမ်နောက်ဘေးကိုသာကြည့်နေခဲ့၏။ရေသောက်သွားမည်ဆိုတဲ့ကလေးက အတော်နဲ့ပြန်ထွက်မလာဘဲ ဘာရယ်ကြောင့်များဒီလောက်အထိကြာနေရလဲမသိ။
လင်းခေးအထဲသို့ လိုက်သွားမည်လုပ်ကာမှ...
"ကိုကိုရေသောက်မလို့လား"...ရုတ်တရက်အိမ်ထဲကထွက်လာတဲ့ကလေးလေးက ပါးစပ်မှာစိုနေတဲ့ရေတွေကို လက်ကလေးဖြင့်သုပ်ကာမေးလာသည်။
"မသောက်ပါဘူး ကိုကိုကအမောပြေပြီးသား၊ကိုကိုတို့ဆက်ဆော့ကြမလား"
"ပင်တိုင်တူတူပုန်းတိုင်းကစားချင်တယ်၊ကိုကိုကပုန်း ပင်တိုင်ကလိုက်ရှာမယ်"
"ပြီးမှ ကိုကို့ကိုမတွေ့လိုငိုမနေနဲ့နော်"
"အွန်း"
"ဒါဆိုမျက်လုံးမှိတ် ကိုကိုပုန်းမယ်"
ပင်တိုင်မျက်လုံးလေးတွေမှိတ်လိုက်သည်နှင့် စိုးမိုးလာတဲ့အမှောင်ထုနဲ့အတူ ပါးစပ်ကလဲနံပါတ်စဉ်တွေကိုရေတွက်ရင်း....
"၁၀....လိုက်ပြီနော်"
တစ်ခဏအကြာမှိတ်လို့ထားတဲ့မျက်လုံးလေးတွေဖွင့်လိုက်ချိန်မှာတော့ လင်းခေးအရိပ်အယောင်တောင်မတွေ့ရတော့ချေ။
လင်းခေးပြောတာမှန်သည် အချိန်ကြာတဲ့အထိတစ်နေရာပြီးတစ်နေရာ ပင်တိုင်ရှာနေခဲ့ပေမဲ့လင်းခေးကိုမတွေ့ခဲ့ပါ။ပင်တိုင်ပုန်းလျှင် လင်းခေးအမြဲရှာတွေ့ပေမဲ့ လင်းခေးကိုတော့ပင်တိုင်ဘယ်တုန်းကမှမရှာတွေ့ဖူးပါ။ထူးခြားတာတစ်ခုက ဟိုးအရင်ကလင်းခေးကိုမတွေ့ရင်ငိုတက်သလို ဒီနေ့တော့ပင်တိုင်ငိုမနေခဲ့ပါ။
Zawgyi)
တစ္ညလံုးပင္တိုင္ လင္းေခးရင္ခြင္ထဲမွာဘဲအိပ္ေပ်ာ္ေနခဲ့ရာ သူေညာင္းမွာဆိုး၍ေဒၚေအးသြယ္ ပင္တိုင့္ကိုအိပ္ရာေပၚေျပာင္းသိပ္မည္ဆိုတာေတာင္လင္းေခးလက္မခံ၊ပင္တိုင္နိုးမွာ သူဆိုးတယ္တဲ့ေလ။
ညလံုးေပါက္ထိုအတိုင္းေပြ႕ခ်ီထားေပမဲ့ လင္းေခးတစ္ခ်က္မညီးခဲ့။အိပ္ေမ်ာက်ေနတဲ့ကေလးေလးကိုအရိပ္တၾကည့္ၾကည့္ၾကည့္ေနခဲ့ၿပီး မနက္မိုးလင္းခါနီးမွသူလဲအိပ္ေပ်ာ္သြားေလသည္။
"ေအာ္ အီး အီး အြတ္"
ေရာင္နီပ်ိဳးစအခ်ိန္ဝယ္ ေနလံုးႀကီးတပူတျပင္းနဲ႔ထြက္ေပၚလုဆဲဆဲတြင္ ႐ြာရဲ႕နႈိးစက္လို႔တင္စားမဲ့ၾကက္တြန္သံေတြက တစ္အိမ္နဲ႔တစ္အိမ္စီးခ်က္ဝါးခ်က္ညီစြာထြက္ေပၚေနခဲ့သည္။
မနက္မိုးလင္းခါနီးမွအိပ္ေပ်ာ္သြားလို႔လားမသိ လင္းေခးသိပ္ေတာင္အိပ္လိုက္ရသည္မထင္၊နားထဲတိုးဝင္လာတဲ့ၾကက္တြန္သံေတြကိုၾကားေပမဲ့ မ်က္လံုးေတြကေတာ့မဖြင့္ခ်င္ေလာက္ေအာင္ေလးလံေနခဲ့သလို ေခါင္းငိုက္စိုက္က်လ်က္သားျဖင့္ျဖစ္ေနခဲ့၏။
အိပ္ခ်င္ေနပါသည္ဆိုကာမွ ပါးေပၚဘဲအေကာင္တက္လာသလိုလို နႈတ္ေခါင္းေပၚဘဲအေကာင္တက္လာသလိုလိုျဖစ္ေနခဲ့တာေၾကာင့္ တစ္ခ်က္တစ္ခ်က္ပါးကိုပြတ္သပ္ေသာ္လည္း အရာမထင္။မ်က္လံုးကိုဖြင့္ၾကည့္လိုက္မွ သူ႔မ်က္နွာေပၚလက္ညိဳးေလးနဲ႔တို႔ကာတို႔ကာလုပ္ေနတဲ့ကေလးေလးက ၿပံဳးကာၾကည့္ေနေလသည္။
"ကိုကို႔ကိုစေနတယ္ေပါ့ေလ ဟမ္"
"အြန္း"
ကလိထိုးမယ္ႀကံကာ ပင္တိုင့္ခါးေလးေတြဆီေနရာယူသြားေပမဲ့ ခါးေလးေတြကိုကိုင္ကာလင္းေခးၿငိမ္က်သြားသည္။
ပင္တိုင္ပိန္က်သြားလိုက္တာ အရင္ကကလိထိုးေနက်ခါးေလးေတြေတာင္ ျပည့္ျပည့္တင္းတင္းေလးရွိမေနေတာ့။လင္းေခး သူကလိထိုးမွာေၾကာက္ေနတဲ့ကေလးေလးကိုသာ တစ္ခ်က္ျပန္ၾကည့့္ၿပီး.....
"ကိုကိုမ်က္နွာသစ္ေပးမယ္ ၿပီးရင္ထမင္းစားရေအာင္ေနာ္"
ေခါင္းေလးၿငိမ့္ကာ မခ်ိၿပံဳးေလးၿပံဳးေနတဲ့ပင္တိုင့္ကိုခ်ီကာ မ်က္နွာသစ္ရန္အတြက္ ေရတြင္းရွိရာသို႔သာေခၚလာခဲ့၏။
လင္းေခးမ်က္နွာသစ္ေပးတာကို သေဘာအက်ႀကီးက်ကာၿပံဳးေနတဲ့ပင္တိုင့္ကိုျမင္မွ ေဒၚေအးသြယ္လည္းစိတ္ေအးနိုင္သည္။ေရာဂါတစ္ဝက္သက္သာလာသလို ပင္တိုင္ထနိုင္ထိုင္နိုင္လာေတာ့ အရင္ရက္ေတြကနဲ႔စညလ်ွင္တိုးတက္လာသည့္သေဘာပင္။
ကေလးေတြမ်က္နွာသစ္ၿပီးၿပီးျခင္း အသင့္ယူလာတဲ့ထမင္းပန္းကန္ေလးကိုကိုင္ကာ ေဒၚေအးသြယ္ရပ္ေစာင့္ေနခဲ့၏။
"သား ထမင္းစားရေအာင္ေနာ္"
ေဒၚေအးသြယ္ထမင္းစားဖို႔ေျပာကာမွ သတိရတယ္။ညကပင္တိုင္ေျပာသည့္အထဲ လင္းေခးနားမလည္တာရွိတာေၾကာင့္....
"ပင္တိုင္ကေျပာတယ္ သူထမင္းစားလည္းသူ႔ဗိုက္ထဲမေနၾကဘူးဆိုတာ ဘာေျပာတာလဲ"
"ထမင္းျပန္စားေတာ့လည္း စားသမ်ွျပန္အန္ေနတယ္သားရယ္၊အခုလည္းေကြၽးသာေကြၽူးရမွာ ျပန္အန္ဖို႔မ်ားတယ္"
လင္းေခးလည္း ေဒၚေအးသြယ္လက္ထဲကထမင္းပန္းကန္ကိုၾကည့္ကာ အေတာ္ေလးအၾကပ္ရိုက္ေနခဲ့သည္။မစားတာကိုသူေခ်ာ့ေကြၽးလို႔ရနိုင္ေပမဲ့ ျပန္အန္မွာကိုတားဖို႔အေရး လင္းေခးအေတာ္ေတြးေနခဲ့ၿပီးမွ.....
"ဝါးေကြၽးရင္ေကာေမေမေလး"
လင္းေခးေျပာမွေဒၚေအးသြယ္လည္း စဥ္းစားမိတယ္၊ထမင္းစားလို႔ျပန္အန္ေနရင္ေတာင္ ဝါးေကြၽးရင္ေတာ့ျပန္မအန္ေကာင္းမအန္နိုင္ပါရဲ႕။
ဘာဘဲျဖစ္ျဖစ္ ႀကိဳးစားၾကည့္လို႔မမွားတာမို႔...
"ဟုတ္သားဘဲ ေမေမဝါးၿပီးခြံ႕မယ္ေနာ္သား"
ပင္တိုင္ လင္းေခးလည္ပင္းေလးကိုသိုင္းဖက္ၿပီး ခါးခါးသီးသီးျငင္းဆန္ေလသည္။အစာစားဖို႔ ပင္တိုင္ဘဲစိတ္ေျပာင္းသြားသည္လားမသိေခ်။
"ေမေမခြံ႕နဲ႔ ကိုကိုဝါးခြံ႕"
ၾကားလိုက္ရတဲ့စကားေၾကာင့္ ေဒၚေအးသြယ္ကိုယ့္နားကိုယ္ေတာင္မယံုနိုင္ပါ။သူမစိတ္ထဲ ပင္တိုင္မ်ားအစာစားဖို႔ျငင္းမလားစိတ္ပူသြားေပမဲ့ တကယ္တမ္းေျပာလာသည္ကဒါတဲ့လား။သူမဘဲအစိုးအရိမ္လြန္သြားသည့္ပံု။
"ကိုကိုဝါးခြံ႕တာဘဲစားမယ္ေနာ္ ေမေမခြံ႕နဲ႔"
ေဒၚေအးသြယ္ မ်က္နွာထားခ်က္ခ်င္းတင္းမာသြားၿပီး.....
"အမယ္ေလး ဘုရားျဖစ္မဲ့အုတ္နီခဲေလး၊ေမြးထားတဲ့အေမဝါးခြံ႕တာက်မစားဘူး သူ႔ကိုကိုဝါးခြံ႕တာဘဲစားမယ္တဲ့အရပ္ကတို႔ေရ။ေရာ႕ စားစား"
ထမင္းပန္းကန္ႀကီး လင္းေခးလက္ထဲထိုးေပးၿပီး ေဒၚေအးသြယ္ပြစိပြစိေျပာကာအိမ္ထဲျပန္ဝင္သြားေလသည္။
ထမင္းပန္းကန္ႀကီးလည္းကိုင္ကာ ပင္တိုင့္ကိုလည္းခ်ီထားတဲ့လင္းေခးမွာေတာ့ ပင္တိုင္နဲ႔နွစ္ေယာက္သားသေဘာက်ၿပီးစပ္ၿဖီးၿဖီးႀကီးသာျဖစ္လို႔။
မၾကားရတာၾကာတဲ့ေဒၚေအးသြယ္ရဲ႕ ပြစိပြစိေျပာသံေတြကိုျပန္ၾကားရတာ ဦးမိုးျမင့္ေတာ့စိတ္ခ်မ္းသာသလို ေမမိုးလည္းခ်က္ရင္းျပဳတ္ရင္းအလိုလိုၿပံဳးမ္၏။အရင္ကဆို တားမိမွာျဖစ္ေပမဲ့ အခုေတာ့သားအမိနွစ္ေယာက္ရဲ႕ စကားမ်ားသံေလးေတြကိုဘဲပိုၿပီးေတာင္းတေနမိေတာ့သည္။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
"မိုးျမင့္ေရ...မိုးျမင့္"
ဦးမိုးျမင့္ကေတာ့အိမ္မွာမရွိေခ်။ေဒၚေအးသြယ္အိမ္ေနာက္ေဖးမွာ ႏြားေခ်းႀကံဳးေနရင္းမွ အိမ္ေရွ႕ကေခၚသံေၾကာင့္ ထြက္လာခဲ့ရသည္။
"ရွင္...ေၾသာ္ ဦးညိဳပါလား၊အကိုက လယ္ထဲသြားတယ္ဦးညိဳရဲ႕"
"ေအး ဘာရယ္ေတာ့မဟုတ္ပါဘူးဟာ၊ပင္တိုင္သက္သာလားလို႔ လာၾကည့္တာ"
"သက္သာလား မသက္သာလားေတာ့ အိမ္ထဲဘဲသြားၾကည့္ေတာ့ဦးညိဳေရ"
ေဒၚေအးသြယ္ တက္တက္ႂကြႂကြေျပာလာပံုၾကည့္ရတာ ပင္တိုင္သက္သာလာသည့္ပံုေပၚသည္။
"အိမ္ထဲသြားေလဦးညိဳ ကြၽန္မကႏြားေခ်းႀကံဳးလက္စႀကီးျဖစ္ေနလို႔၊အိမ္ထဲမွာသားလင္းေခးနဲ႔ ေမမိုးတို႔လည္းရွိတယ္"
"ေဟ လင္းေခးျပန္ေရာက္ေနတာလား"
"ဟုတ္ပါ့ရွင္ ျဗဳန္းစားႀကီးေရာက္ခ်လာတာ"
"ေၾသာ္ ေအးေအးေအး"
ဦးညိဳအိမ္ထဲဝင္သြားသည္နွင့္ ေဒၚေအးသြယ္လည္းသူမလုပ္လက္စအလုပ္ကိုဘဲသြားလုပ္ေနခဲ့သည္။
"ေဟ့ ပင္တိုင္၊သက္သာေနၿပီလားကြ"
အိမ္ထဲေရာက္ေရာက္ျခင္း လင္းေခးရင္ခြင္ထဲမွာထိုင္ေနတဲ့ကေလးေလးကို ဦးညိဳေအာ္ၿပီးေမးလိုက္ရာ ကေလးေလးကေခါင္းေလးၿငိမ့္လို႔ပင္။
အရင္ရက္ရက္ေတြကနဲ႔စာရင္ ပင္တိုင့္အေျခအေနကတိုးတက္လာသည္ဘဲေျပာရမည္။အိပ္ရာထဲလွဲေနရသည္မဟုတ္ေတာ့ဘဲ မ်က္နွာေလး အနည္းငယ္ရႊင္လာၿပီး လင္းေခးရင္ခြင္ထဲဝင္ထိုင္ေနတာေလးျမင္ရေတာ့ ေတာ္ေသးသည္။
ဦးညိဳလည္းလင္းေခးတို႔နဲ႔မ်က္နွာျခင္းဆိုင္မွာ ထိုင္လိုက္၏။အလိုက္တသိျဖင့္ ေရေႏြးအိုးနဲ႔လက္ဖက္သုပ္ေလးလာခ်ေပးတဲ့ ေမမိုးကလည္းသူ႔အားနႈတ္ဆက္ၿပံဳးျပၿပီးမီးဖိုထဲျပန္ဝင္သြားေလသည္။
"အစာေကာဝင္ၿပီလားလင္းေခး"
"အရင္ကထက္စာရင္ ဝင္ပါတယ္ဦးညိဳ၊ထမင္းႀကီးမေကြၽးဘဲ ဝါးခြံ႕ေတာ့ေပ်ာ့လို႔လားမသိဘူး သိပ္မအန္ေတာ့ဘူး"
"ေတာ္ေသးတာေပါ့ကြာ ျမန္ျမန္ေနေကာင္းေအာင္လုပ္ေနာ္ပင္တိုင္"
"ပင္တိုင္ကျမန္ျမန္ေနေကာင္းေအာင္လုပ္မွာပါဦးညိဳရဲ႕ အဲ့ဒါမွကြၽန္ေတာ္နဲ႔အတူတူကစားရမွာ"
လင္းေခးၿပံဳးစိစိနဲ႔ရင္ခြင္ထဲကကေလးေလးကို ငံု႔ၾကည့္ေတာ့ သူ႔ရင္ခြင္ထဲကကေလးေလးကလည္းေမာ့ၾကည့္ကာၿပံဳးလို႔ပင္။
"အခုမွၾကည့္မိတယ္ ပင္တိုင္ကလြမ္းဖ်ားဖ်ားေနတာကိုးကြ"
"ဟုတ္တယ္ဦးညိဳေရ ကြၽန္မလဲေျပာကိုမေျပာခ်င္ေတာ့ဘူး"
ဦးညိဳစကားကိုေထာက္ခံကာ ေဒၚေအးသြယ္အိမ္ထဲဝင္လာၿပီး ဦးညိဳနဲ႔မလွမ္းမကမ္းမွာဝင္ထိုင္လိုက္ၿပီး.....
"ေရေႏြးေတြေသာက္အံုးေလ ဦးညိဳရဲ႕"
"ေအး ေသာက္ပါတယ္ဟ"
"ပင္တိုင့္အေၾကာင္းေတာ့ေျပာကိုမေျပာခ်င္ေတာ့ပါဘူးရွင္၊ေမြးရက်ိဳးနပ္တဲ့သားေလး ဦးညိဳရဲ႕"
"ေဟ ဟုတ္လား"
ပင္တိုင့္ကိုၾကည့္ကာေမးလာေတာ့ ပင္တိုင္ၿပံဳးစိစိျဖင့္ေခါင္းေလးၿငိမ့္ျပေလသည္။ေဒၚေအးသြယ္႐ြဲ႕ေျပာတာကိုလည္း သူသိပံုမရပါ။
"ဘယ္ကသာဟုတ္ရမွာလဲဦးညိဳရယ္ ဝမ္းနဲ႔လြယ္ၿပီးေမြးလာတဲ့အေမဝါးခြံ႕မဲ့ထမင္းကိုေတာ့ မစားခ်င္ဘူး၊သူ႔ကိုကိုဝါးခြံ႕တာမွစားခ်င္သတဲ့ေလ လိမ္မာလိုက္တဲ့သားေလး ရွားမွရွားဘဲ"
"ေဟ ဟုတ္လားပင္တိုင္"
ထိုသို႔ဆိုျပန္ေတာ့လည္း ပင္တိုင္မျငင္းေပ။ထပ္မံၿပီးေခါင္းေလးၿငိမ့္ကာ စပ္ၿဖီးၿဖီးေလးၿပံဳးျပလာျပန္သည္။
"ေအးပါကြယ္ ဘာဘဲေျပာေျပာပင္တိုင္သက္သာလာတာဘဲ ညဥ္းလဲဝမ္းသာေနတယ္မဟုတ္လား"
"ဝမ္းသာတာေပါ့ရွင္ ကြၽန္မဆိုလက္လႊတ္လိုက္ရရင္ဆိုတဲ့အေတြးေတြေတြးမိရင္ ရူးမတက္ဘဲ"
"မိဘေလ မိဘကို"
ဦးညိဳေျပာသည့္စကားကိုနားမလည္သည့္ပင္တိုင္ကေတာ့နားမလည္ေပမဲ့ နားလည္သည့္သူေတြကေတာ့ၿပံဳးမိသည္။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ရက္အနည္းငယ္ၾကာၿပီးေနာက္ အရင္ကထက္စာလ်ွင္ပင္တိုင္လည္းထူထူေထာင္ေထာင္ျပန္ျဖစ္လာၿပီ။လင္းေခးေျပာသလို ထမင္းႀကီးမေကြၽးေတာ့ဘဲ ဝါးခြံ႕တာကအေတာ္ေလးထိေရာက္၏။အစပိုင္းအန္ေပမဲ့ စားသမ်ွျပန္အန္သည္ေတာ့မဟုတ္ေပ၊အနည္းငယ္ေလာက္သာျပန္အန္တာမို႔ ျဖည္းျဖည္းျခင္းေဆးတိုက္လာခဲ့ရာ အခုဆိုထမင္းေတာင္အနည္းငယ္ေလာက္ေတာ့ျပန္စားနိုင္တဲ့အေနအထားကိုေရာက္လာၿပီျဖစ္သည္။
ပင္တိုင္ေနျပန္ေကာင္းစျပဳလာေပမဲ့ ႐ြာထဲကိုေတာ့ေပးမထြက္ေသးပါ။ေနျပန္မေကာင္းမွာဆိုးတာေၾကာင္ အိမ္ထဲနဲ႔ၿခံထဲမွာေဆာ့ေစသည္။
အိမ္ထဲမွာနဲ႔အိမ္အျပင္မွာဆိုေပမဲ့ ပင္တိုင္ပ်င္းေတာ့မပ်င္းရေခ်။လင္းေခးအတူေဆာ့ေပးေနတာနဲ႔တင္ အေတာ္ေလးေပ်ာ္ေနရွာေလသည္။
"လင္းေခး ဟိတ္ေကာင္"
လင္းေခး ပင္တိုင္နဲ႔ေဆာ့ေပးေနရင္း ၿခံေရွ႕မွာေရာက္ေနတဲ့လူရိုးေခၚသံေၾကာင့္ တံခါးဖြင့္ေပးရန္သာလာခဲ့၏။ပင္တိုင္ခပ္လွမ္းလွမ္းမွာရွိေနတုန္း လင္းေခးလက္ကိုလူရိုးဆြဲထားလိုက္ၿပီး......
"မင္းဘယ္ေတာ့ျပန္မွာလဲ"
အေဝးမွာသူတို႔ကိုရပ္ၾကည့္ကာ သူ႔အလာေစာင့္ေနတဲ့ကေလးေလးကို လင္းေခးတစ္ခ်က္ၾကည့္မိသည္။ၿပီးမွ သူ႔လက္အားဆြဲထားတဲ့လူရိုးလက္ကိုျဖဳတ္လိုက္ကာ တစ္စံုတစ္ရာအားတီးတိုးေျပာၿပီးသာ ပင္တိုင့္ဆီေျပးသြား၏။
လူရိုးလည္းေရာက္လက္စႀကီးျဖစ္တာေၾကာင့္ ကစားေနတဲ့သူတို႔ကိုမေနွာက္ယွက္ခ်င္ေတာ့ပါ။လူႀကီးေတြနဲ႔ေတြ႕ၿပီး ေျပာစရာရွိတာေျပာရအုန္းမွာမို႔.....
"ဦးေလးနဲ႔ေဒၚေလးရွိလားလင္းေခး"
"ေအး ရွိတယ္"
လူႀကီးေတြရွိသည္ဆိုတာနဲ႔ လူရိုးလည္းအိမ္ထဲကိုသာဝင္ခဲ့၏။အိမ္ထဲမွာ ဦးမိုးျမင့္၊ေဒၚေအးသြယ္နဲ႔ေမမိုးတို႔သံုးေယာက္သားထိုင္ေနၾကတာမို႔ စံုစံုလင္လင္ေတြ႕ရတာအေတာ္ဘဲျဖစ္သည္။
"လူရိုးပါလား"
"ဟုတ္ကဲ့ေဒၚေလး"
လူရိုးလည္းလြတ္တဲ့ေနရာမွာသာဝင္ထိုင္လိုက္၏။ၿပီးမွ လာရင္းကိစၥကိုအစခ်ီၿပီးေျပာေတာ့သည္။
"အဘကလာေျပာခိုင္းလို႔ ကြၽန္ေတာ္တို႔ေနာက္နွစ္ရက္ေနရင္ ၿမိဳ႕ျပန္ေတာ့မွာ၊လင္းေခးက ဘယ္လိုလုပ္မွာလဲလာေမးတာပါ"
လူရိုးစကားေၾကာင့္ သံုးေယာက္သားအၾကည့္ဆံုၿပီးအၾကပ္ရိုက္သြားတာေတာ့အမွန္။ေျပာစရာစကားကိုအစရွာမရေတာ့ဘဲ သံုးေယာက္သားတိတ္ဆိတ္သြားလိုက္ၾကတာ အပ္က်သံေတာင္ၾကားရမည့္အတိုင္းပင္။
"ကိုကို ပင္တိုင္ေရဆာတယ္၊ပင္တိုင္ျပန္လာမွေဆာ့မယ္ေနာ္"
"ကိုကိုလိုက္ခဲ့ရအံုးမလား"
"ဟင့္အင္း"ဟူ၍ေခါင္းေလးရမ္းကာ ေနာက္ေဖးေပါက္မွအိမ္ထဲသို ပင္တိုင္႔ေရေသာက္ဖို႔ေျပးဝင္သြားတာေၾကာင့္ လင္းေခးအျပင္ကဘဲရပ္ေစာင့္ေနလိုက္သည္။
"ပင္တိုင္ကေနသိပ္ေကာင္းေသးတာမဟုတ္ဘူး ေက်ာင္းတက္ဖို႔တစ္လေလာက္ေနာက္က်လည္းကိစၥမရွိပါဘူးကြာ"
ၿငိမ္သက္ေနတဲ့စကားဝိုင္းမွ ဦးမိုးျမင့္ထေျပာလိုက္တဲ့စကားကို ေဒၚေအးသြယ္လက္မခံပါ။ပင္တိုင့္ေၾကာင့္နဲ႔ လင္းေခးေက်ာင္းစာေနာက္က်မွာကိုသူမမလိုလားေပ။
"အို တစ္လႀကီးေတာင္ေနာက္က်ရင္ ေက်ာင္းစာေကာက်ဴရွင္စာပါ ကေလးကအမွီလိုက္ေနရမွာေပါ့"
"ညီမရယ္သားကေတာ္ပါတယ္ တစ္လစာေလာက္ေတာ့သူအမွီလိုက္နိုင္မွာပါ"
"မျဖစ္ေသးပါဘူးအကိုရယ္ လင္းေခးကိုေကာအသိေပးၿပီးၿပီးလား"
"လင္းေခးကေတာ့ မသိေသးဘူးလို႔ဘဲေျပာတယ္ေဒၚေလး"
အိမ္ေရွ႕မွာလင္းေခးတီးတိုးေျပာလိုက္တဲ့စကားကို လူရိုးျဖတ္ေျပာလိုက္ရာ ေဒၚေအးသြယ္လည္းၿငိမ္က်သြားေလသည္။
ေဒၚေအးသြယ္နဲ႔ဦးမိုးျမင့္ကို ေမမိုးေကာင္းေကာင္းနားလည္သည္။ေဒၚေအးသြယ္ဘက္ကၾကည့္ရင္လည္း ပင္တိုင့္ေၾကာင့္နဲ႔လင္းေခးစာေနာက္က်မွာကို အားနာေနလို ဦးမိုးျမင့္ဘက္ကၾကည့္ရင္လည္း ေက်ာင္းစာေနာက္က်မွာထက္ပင္တိုင္တစ္ခုခုျပန္ျဖစ္မွာကိုပိုၿပီးစိုးရိမ္ကာ သေဘာထားကြဲလြဲေနၾကျခင္းျဖစ္၏။
"ဒီလိုလုပ္ပါလားလူရိုးရယ္ မင္းတို႔ၿမိဳ႕သြားဖို႔ကနွစ္ရက္ေတာင္လိုေသးတာဘဲ၊ဒီၾကားထဲလင္းေခးနဲ႔တိုင္ပင္ၿပီးေကာ ပင္တိုင့္အေျခအေနၾကည့္ၿပီးပါ မသြားခင္တစ္ရက္အလိုလာၿပီးအေၾကာင္းၾကားေပးမယ္ေလ"
အေျခအေနကသူမေမေမေလးနဲ႔ ေဖႀကီးတို႔သေဘာထားဆက္ၿပီးကြဲလြဲေနအံုးမွာမို႔ ေမမိုးကဘဲၾကားဝင္ေပးလိုက္ရသည္။သူမေျပာတာကို သေဘာေပါက္တဲ့ပံုစံနဲ႔လူရိုးကေတာ့ နားလည္သည့္ဟန္ျပေလရာ...
"မမမိုးေျပာတာဟုတ္တယ္ ဒီၾကားထဲဦးေလးနဲ႔ေဒၚေလးတို႔ရဲ႕သေဘာထားကိုေျပာေနမဲ့အစား လင္းေခးကိုေမးျမန္းၿပီး ပင္တိုင့္အေျခအေနကိုေစာင့္ၾကည့္ဆံုးျဖတ္တာပိုေကာင္းမယ္ထင္ပါတယ္"
"ေအးပါကြယ္ မမတို႔ဆံုးျဖတ္ၿပီးမင္းတို႔ဆီအေၾကာင္းျပန္ပါမယ္"
"ဟုတ္ဗ် ကြၽန္ေတာ္လည္းလုပ္စရာရွိေသးလို႔ ျပန္လိုက္ပါအံုးမယ္"
"ေအးေအး လာေျပာေပးလို႔ေက်းဇူးပါကြယ္"
လူရိုးျပန္သြားတဲ့အထိ ေဒၚေအးသြယ္နဲ႔ဦးမိုးျမင့္တို႔တိတ္ဆိတ္သြားလိုက္ၾကတာ နႈတ္ေတာင္မဆက္နိုင္တဲ့အထိပင္။
သူတို႔မသိလိုက္တာတစ္ခုက သူတို႔မျမင္နိုင္တဲ့ေနရာမွာ သူတို႔စကားေတြနားေထာင္ေနတဲ့ကေလးေလးက ေရခြက္ေလးကိုင္လ်က္သားျဖင့္ေပးေမာေနသည္ကိုသာ။
"ငါျပန္ၿပီလင္းေခး"
လက္ျပနႈတ္ဆက္သြားတဲ့လူရိုးကိုလင္းေခး ျပန္ၿပီးနႈတ္ဆက္လိုက္ေပမဲ့ အၾကည့္ေတြကေတာ့ပင္တိုင္ေျပးဝင္သြားတဲ့အိမ္ေနာက္ေဘးကိုသာၾကည့္ေနခဲ့၏။ေရေသာက္သြားမည္ဆိုတဲ့ကေလးက အေတာ္နဲ႔ျပန္ထြက္မလာဘဲ ဘာရယ္ေၾကာင့္မ်ားဒီေလာက္အထိၾကာေနရလဲမသိ။
လင္းေခးအထဲသို႔ လိုက္သြားမည္လုပ္ကာမွ...
"ကိုကိုေရေသာက္မလို႔လား"...ရုတ္တရက္အိမ္ထဲကထြက္လာတဲ့ကေလးေလးက ပါးစပ္မွာစိုေနတဲ့ေရေတြကို လက္ကေလးျဖင့္သုပ္ကာေမးလာသည္။
"မေသာက္ပါဘူး ကိုကိုကအေမာေျပၿပီးသား၊ကိုကိုတို႔ဆက္ေဆာ့ၾကမလား"
"ပင္တိုင္တူတူပုန္းတိုင္းကစားခ်င္တယ္၊ကိုကိုကပုန္း ပင္တိုင္ကလိုက္ရွာမယ္"
"ၿပီးမွ ကိုကို႔ကိုမေတြ႕လိုငိုမေနနဲ႔ေနာ္"
"အြန္း"
"ဒါဆိုမ်က္လံုးမွိတ္ ကိုကိုပုန္းမယ္"
ပင္တိုင္မ်က္လံုးေလးေတြမွိတ္လိုက္သည္နွင့္ စိုးမိုးလာတဲ့အေမွာင္ထုနဲ႔အတူ ပါးစပ္ကလဲနံပါတ္စဥ္ေတြကိုေရတြက္ရင္း....
"၁၀....လိုက္ၿပီေနာ္"
တစ္ခဏအၾကာမွိတ္လို႔ထားတဲ့မ်က္လံုးေလးေတြဖြင့္လိုက္ခ်ိန္မွာေတာ့ လင္းေခးအရိပ္အေယာင္ေတာင္မေတြ႕ရေတာ့ေခ်။
လင္းေခးေျပာတာမွန္သည္ အခ်ိန္ၾကာတဲ့အထိတစ္ေနရာၿပီးတစ္ေနရာ ပင္တိုင္ရွာေနခဲ့ေပမဲ့လင္းေခးကိုမေတြ႕ခဲ့ပါ။ပင္တိုင္ပုန္းလ်ွင္ လင္းေခးအၿမဲရွာေတြ႕ေပမဲ့ လင္းေခးကိုေတာ့ပင္တိုင္ဘယ္တုန္းကမွမရွာေတြ႕ဖူးပါ။ထူးျခားတာတစ္ခုက ဟိုးအရင္ကလင္းေခးကိုမေတြ႕ရင္ငိုတက္သလို ဒီေန႔ေတာ့ပင္တိုင္ငိုမေနခဲ့ပါ။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋