(Zawgyi)
"ပင္တိုင္ထမင္းစားမယ္"
တုတ္ကေလးကိုကိုင္ၿပီး ေျမႀကီးေပၚေလ်ွာက္ျခစ္ေနတဲ့ပင္တိုင္က ေခါင္းေလးခါၿပီးျငင္းဆန္ေလသည္။ဒီကေန႔နဲ႔ဆိုလ်ွင္ လင္းေခး႐ြာကထြက္သြားကထဲက ပင္တိုင္ထမင္းေကာင္းေကာင္းမစားတာတစ္ပတ္ရွိၿပီ။အစပိုင္းရက္ေတြကထမင္းေခ်ာ့ေကြၽးလို႔ရေပမဲ့ ေနာက္ပိုင္းဘယ္လိုေခ်ာ့ေခ်ာမရခဲ့ပါ။မနက္စာစားသည္ဆိုလ်ွင္ ေန႔လည္စာက်မစား ေန႔လည္စာစားလ်ွင္ညစာက်ေကာင္းေကာင္းမစားေပ။မိခင္ေျခာက္နိုင္လြန္း၍ ေၾကာက္လြန္းလို႔သာစားေနေပမဲ့ တစ္ခါစားလ်ွင္လူႀကီးရဲ႕လက္တစ္ဆုပ္စာေလာက္သာစားသည္။
နဂိုမွပိန္ပိန္ပါးပါးေကာင္ေလးက အစာေကာင္းေကာင္းမစားေတာ့မ်က္တြင္းေလးေတြက်ကာ ထင္းထြက္လာတဲ့အရိုးေလးေတြကအစပါကာင္းေကာင္းျမင္ေနရရသည္မို႔ ေမမိုးစိုးလည္းစိုးရိမ္သလို စိတ္လဲမေကာင္းရပါ။
"ပင္တိုင္ရယ္လာပါ မမမိုးကိုမခ်စ္ဘူးလားဟင္၊မမမိုးကိုခ်စ္ရင္လာစားပါေနာ္"
"ေမေမ့ကိုလည္းခ်စ္တယ္ ေဖႀကီးကိုလည္းခ်စ္တယ္ မမမိုးကိုလည္းခ်စ္တယ္ ၿပီးေတာ့...."
တုတ္ကေလးနဲ႔ေျမႀကီးကိုရိုက္ကာ မိသားစုေတြကိုခ်စ္ေၾကာင္းေျပာေနသည့္ကေလးေလးက ဆက္၍မေျပာဘဲငိုမဲ့မဲ့ေလးျဖင့္ မ်က္ရည္ေလးေတြဝဲတက္လာခဲ့ေလသည္။
"ကိုကို႔ကိုမခ်စ္ဘူး ကိုကိုညာတယ္၊ခဏေလးဘဲၾကာမွာဆိုၿပီးအခုထိျပန္မလာေသးဘူး"
လက္ထဲကတုတ္ကေလးကိုခ်ၿပီး ဒူးေလးေပၚမ်က္နွာေလးအပ္ကာငိုေနသည့္ကေလးေလးက မသိနားမလည္ေသးေတာ့လည္း တစ္နွစ္ဆိုတဲ့အခ်ိန္ကိုခဏေလးရယ္ဟု ယံုေနသည္မွာမဆန္းပါ။ယံုရေလာက္တဲ့သူေျပာခဲ့တဲ့ စကားလည္းျဖစ္သည္ကိုး။
ကေလးကိုေခ်ာ့မရျပဳမရျဖစ္ကာ အခက္ေတြ႕ေနတဲ့ေမမိုးနဲ႔ေတာ့ ေဒၚေအးႏြယ္ဝင္မပါ၍မျဖစ္။ပင္တိုင္ထိုသို႔ျဖစ္ေနပံုနဲ႔ ေမမိုးအသည္းႏုသည္နဲ႔ေတာ့ ေခါင္းျခင္းဆိုင္ငိုမေနၾကရင္ဘဲကံေကာင္းလွသည္မို႔ သူမဝင္ပါရျပန္သည္။
"လင္းေခးကျပန္လာေတာ့မွာပါသားရဲ႕"
အိမ္ထဲကလွမ္းေအာ္လိုက္တဲ့သူမစကားေၾကာင့္ ပင္တိုင္ေခါင္းေလးေထာင္လာခဲ့ေပမဲ့ ဝမ္းသာအားရေတာ့ရွိမေန။
ပါးျပင္ထက္ကမ်က္ရည္ေလးေတြကိုသာ လက္ဖမိုးေသးေသးေလးျဖင့္သုတ္လိုက္ၿပီး....
"ေမေမညာေနတာ"ဆိုတဲ့ကေလးေလးက သူမတို႔ကိုအနားကိုအကပ္မခံေတာ့ေပ။သူမတို႔အနားလာလ်ွင္ ခပ္ခြာခြာျဖင့္ေနတက္ေနၿပီ။
အခုလည္းထမင္းအတင္းေကြၽးမွာေၾကာက္ၿပီး ပင္တိုင္႐ြာထဲသို႔အေျပးေလးထြက္သြားျပန္ရာ....
"ပင္တိုင္ဘယ္သြားျပန္ၿပီလဲမသိဘူးေမေမေလး"
"ဟင္း....ထံုးစံအတိုင္းဦးညိဳဆီဘဲေျပးမွာေပါ့"
ဘယ္ဘဝကေရစက္ေတြလဲမသိ ႐ြာလယ္မွာေဆးဆိုင္ဖြင့္ထားတဲ့ဦးညိဳကိုေတာ့ ပင္တိုင္ကအေတာ္ခ်စ္ရွာသည္။ဒါ့အျပင္သူစိတ္အလိုမက်ရင္မက်သလို ဦးညိဳဆီေျပးေျပးသြားတက္တဲ့အက်င့္ေလးကလည္းရွိေသး၏။
ေနာက္ၿပီးပင္တိုင္ခ်စ္တာလဲမေျပာနွင့္ ဦးညိဳကပံုေျပာေကာင္းသလို ကေလးေတြကိုလည္းလူႀကီးေပါက္စေလးေတြပမာ ေရေႏြးၾကမ္း၊မုန္႔နဲ႔ထန္းလ်က္ခဲေလးေတြျဖင့္ ဧည့္ခံတက္ေသးေတာ့ ႐ြာကကေလးေတြရဲ႕အခ်စ္ေတာ္လဲျဖစ္သည္။
"သမီးတို႔ဘယ္လိုလုပ္ၾကမလဲေမေမေလး ဒီပံုစံအတိုင္းဆက္သြားေနရင္ ပင္တိုင္တစ္ခုခုျဖစ္မွာစိုးရိမ္ရတယ္"
ပင္တိုင့္အေၾကာင္းစဥ္းစားလ်ွင္ ေဒၚေအးႏြယ္လည္းဦးေနွာက္ေျခာက္ရပါသည္။ေခ်ာ့လို႔လဲမရေတာ့သလို မုသားသံုးၿပီးေျပာရေအာင္လည္းပင္တိုင္က မယံုေတာ့ခက္သား။ေနာက္ၿပီးပင္တိုင့္ခံစားခ်က္တစ္ခုထဲကိုဦးစားေပးၿပီး အေဝးမွာပညာသင္ေနတဲ့လင္းေခးကိုခဏျပန္ေခၚရေအာင္ကလည္း ဒုကၡေပးရာက်အံုးမည္။
ကိစၥတစ္ဆံုးေတြးၿပီးတာေတာင္ သူမအႀကံထြက္မလာေတာ့တာေၾကာင့္....
"အင္း...သမီးေဖႀကီးနဲ႔ေမေမေလးတိုင္ပင္လိုက္ပါအံုးမယ္ကြယ္"
သက္ျပင္းရွည္ႀကီးခ်ကာေျပာလာတဲ့ေဒၚေအးႏြယ္လည္း အေတာ္စိတ္ရႈပ္ေနပံုရသည္။အခုဆိုပင္တိုင္ကလည္းအစာေကာင္းေကာင္းမစား အရင္ကမနက္မိုးလင္းရင္ပင္တိုင့္ကိုေအာ္ေနရတဲ့ေဒၚေအးႏြယ္အသံကိုေတာင္မၾကားရတာၾကာၿပီျဖစ္၏။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ၿမိဳ႕ကိုေရာက္တာရက္အေတာ္အတန္ခန္႔ၾကာၿပီျဖစ္ေပမဲ့ လင္းေခးေနသားမက်ေသးပါ။အေဒၚအိမ္မွာေနၿပီးက်ဴရွင္တက္ေနတာေၾကာင့္ စားရေသာက္ရေနရထိုင္ရတာအဆင္ေျပေပမဲ့ အားလပ္သည့္အခ်ိန္ဆိုလ်ွင္အိမ္ကိုလြမ္းသည့္စိတ္ကႀကီးစိုးေနသည္။
ေက်ာင္းေတြျပန္ဖြင့္ဖို႔ရက္ေတာင္သိပ္မလိုေတာ့ေပမဲ့ လင္းေခးကေတာ့ေက်ာင္းပိတ္ရက္ကိုဘဲေမ်ွာ္ေနမိသည္။သူအိမ္ျပန္လ်ွင္ ဝမ္းသာအားရဆီးႀကိဳေနမဲ့ကေလးေလးနဲ႔အေၾကာင္းေတြေတြးရင္ေတာ့ သူ႔မ်က္နွာကပီတိျဖာကာအၿပံဳးေတြေဝေနတက္သည္။
"ထူးထူးျခားျခား ဘာေတြမ်ားၿပံဳးေနတာတုန္းငါ့တူရဲ႕"
အခန္းထဲသို႔လက္ဖက္သုပ္ပန္းကန္ေလးကိုင္ကာ ေမးလာတဲ့ေဒၚမိုးေဆြေၾကာင့္ လင္းေခးအေတြးေတြရပ္တန္႔ကာ အေနာက္သို႔ခ်ာခနဲလွည့္ၾကည့္လိုက္၏။
"ဘာမွမေတြးပါဘူးေဒၚေလးရယ္"
လက္ထဲကပါလာတဲ့ လက္ဖက္သုပ္ပန္းကန္ေလးကိုေဒၚမိုးေဆြ လင္းေခးစားပြဲေပၚခ်လ်က္ ....
"ဟုတ္လို႔လားသားရယ္ ဘာမွမေတြးဘဲနဲ႔မင္းဒီေလာက္ၿပံဳးေနတာတစ္ခါမွမျမင္ဖူးေသးပါဘူး"
ညာေနတာလူမိသြားတဲ့လူတစ္ေယာက္လို လင္းေခးေခါင္းေလးကုပ္ကာၿပံဳးစိစိသာလုပ္ေနသည္။
"ေဒၚေလးကိုမွန္မွန္ေျပာစမ္း ငါ့တူဘာေၾကာင့္ၿပံဳးေနတာလဲ၊ႀကိဳေျပာထားမယ္ သမီးရည္းစားကိစၥေတြေတာ့ေဒၚေလးမၾကားခ်င္ဘူးေနာ္"
"အဲ့လိုကိစၥေတြ ကြၽန္ေတာ္စိတ္ထဲမရွိပါဘူးေဒၚေလးရဲ႕"
"ေဒၚေလးကသားကိုယံုပါတယ္ တစ္ခုခုဆိုေဒၚေလးတို႔မွာတာဝန္ရွိလို႔ လိုရမယ္ရသတိေပးယံုပါဘဲ"
သူမေျပာတာလဲအဓိပၸါယ္ေတာ့ရွိရွာသည္။ေဒၚမိုးေဆြက လင္းေခးဖခင္ရဲ႕ညီမ၊ေနာက္ၿပီးေဒၚမိုးေဆြတို႔လင္မယားမွာက သားသမီးလလည္းမထြန္းကားေတာ့ လင္းေခးသူတို႔အိမ္မွာေနၿပီးေက်ာင္းလာတက္သည္ကိုဘဲ အေပ်ာ္ႀကီးေပ်ာ္ေနၾကတဲ့သူေတြျဖစ္သည္။ေနာက္ၿပီးလင္းေခးဖခင္က သူတို႔ကိုယံုယံုၾကည္ၾကည္နဲ႔အပ္ထားသည့္အျပင္ သူတို႔အိမ္မွာလည္းေနေနေတာ့ လင္းေခးနဲ႔ပတ္သက္ရင္တစ္ခုခုဆိုသူတို႔မွာတာဝန္အျပည့္အဝရွိေသာေၾကာင့္ သူမစိုးရိမ္လည္းစိုးရိမ္ခ်င္စရာပါ။လင္းေခးတို႔အ႐ြယ္ဆိုတာ စိတ္ကစားတက္သည့္အ႐ြယ္မို႔ သတိေပးလိုက္ရေပမဲ့ လိမၼာေရးျခားရွိတဲ့လင္းေခးက သူမတို႔ေျပာစရာကိုအလြတ္ေပ။
"ကြၽန္ေတာ္ပင္တိုင့္အေၾကာင္းေတြးေနတာပါ ေႏြရာသီပိတ္လို႔ျပန္ရင္ကြၽန္ေတာ့္ကိုအားရပါးရေျပးဖက္မဲ့သူ႔ပံုစံကိုႀကိဳျမင္ေယာင္ၾကည့္ေနတာ"
"ပင္တိုင္ဆိုတာ အမေအးသြယ္ရဲ႕သားေလးမို႔လား"
"ကြၽန္ေတာ့္ညီေလးပါ ေဒၚေလးကလဲ"
"အမယ္ေလးဟုတ္ပါၿပီရွင္ ဘယ္လိုေျပာေျပာအတူတူပါဘဲ"
အိမ္ကိုစေရာက္တဲ့ေန႔ကထဲက အလိုက္အထိုက္ေနၿပီးလိုမွၿပံဳးေယာင္သမ္းတက္တဲ့လင္းေခးမ်က္နွာမွာ ပင္တိုင့္အေၾကာင္းေတြေျပာရင္းအၿပံဳးေတြအလိုလိုေဝဆာေနခဲ့သည္။
ေဒၚမိုးေဆြလည္း လင္းေခးစကားၾကားရတာဝမ္းသာပါတယ္။မိေထြးပါတဲ့သားရယ္လို႔စိတ္ဝမ္းမကြဲဘဲ လင္းေခးနဲ႔ေမမိုးတို႔ ပင္တိုင္နဲ႔ေမာင္နွမအရင္းအခ်ာေတြလိုခ်စ္ၾကတာ ဦးမိုးျမင့္နဲ႔ေဒၚေအးသြယ္တို႔အတြက္လည္း ကံေကာင္းသည္မဟုတ္လား။
"ေႏြရာသီပိတ္ရက္ကိုအျမန္ေရာက္ခ်င္လွၿပီ"
"ေက်ာင္းေတြကဖြင့္ေတာင္မဖြင့္ရေသးဘူး မင္းကေႏြရာသီေရာက္ခ်င္ေနရလားကြယ္၊ပင္တိုင့္အေၾကာင္းလည္းေတြးတာေတာ့ေတြးေပါ့ ေဒၚေလးသုပ္လာတဲ့လက္ဖက္သုပ္ေလးစားၿပီးစာလည္းလုပ္အံုး"
"ဟုတ္ကဲ့ေဒၚေလး"
ေခါင္းေလးကိုပုတ္ကာေဒၚေအးသြယ္ေျပာထြက္သြားၿပီးေနာက္ သူမေျပာသလိုလင္းေခးအေတြးေတြထက္ မ်က္စိေရွ႕ကစာအုပ္ကိုသာအာရံုျပန္စိုက္ခဲ့ေလသည္။
ေက်ာင္းေတြေတာင္မဖြင့္ေသးတာ ေႏြရာသီကိုႀကိဳေမ်ွာ္ေနမိတဲ့သူ႔ခံစားခ်က္ကို လင္းေခးကိုယ္တိုင္ကဘဲအသိဆံုး။သို႔ေပမဲ့ ဤအခ်ိန္မွာစာကိုအာရံုမစိုက္မိရင္ အတန္းက်ၿပီးအိမ္နဲ႔ပိုေဝးမည့္အေရးကို ႀကိဳေတြးၿပီးျဖစ္ခ်င္တာထက္ျဖစ္သင့္တာေတြကို လင္းေခးဦးစားေပးရအံုးမည္။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
"သမီးေရ ေမမိုး"
"လာၿပီ ေဖႀကီး"
အျပင္ကျပန္လာတဲ့ဦးမိုးျမင့္ေခၚသံေၾကာင့္ ေမမိုးမီးဖိုေပၚကဟင္းအိုးကိုအျမန္ခ်ၿပီးထြက္လာခဲ့၏။အိမ္ေအာက္ထပ္မွာေတာ့ လယ္ထဲကျပန္လာသည့္ဦးမိုးျမင့္လက္ထဲမွာ ဘယ္လိုျဖစ္ၿပီးမုန္႔ေတြနဲ႔တစ္ျခားပစၥည္းေတြပါလာလဲမသိ။မ်ားေတာ့အမ်ားသား။
"ေဖႀကီး လက္ထဲမွာလည္းမုန္႔ေတြနဲ႔၊လယ္ထဲသြားတာမဟုတ္ဘူးလား ဘယ္သူေပးလိုက္တာလဲဟင္"
ဦးမိုးျမင့္လက္ထဲကအထုပ္ေတြခ်ၿပီး ေခါင္းေပၚကခေမာက္ကိုခ်ကာ ေခြၽးသုတ္ရင္းေခါင္းခါျပ၏။
"ဘယ္သူကေပးရမွာလဲသမီးရယ္ ေဖႀကီးလယ္ထဲကအျပန္႐ြာထဲသြားဝယ္လာတာ"
ထင္ေတာ့ထင္သည္ ႐ြာထဲသြားတဲ့လမ္းနဲ႔လယ္ထဲသြားတဲ့လမ္းနွစ္သြယ္ကမတူညီတာေၾကာင့္သာ ျဖစ္နိုင္ေခ်ရွိတာေျပာလိုက္ေပမဲ့ လယ္ထဲဘယ္သူကဒီေလာက္မုန္႔ေတြအမ်ားႀကီးေပးနိုင္ပါ့မလဲ။
"ပင္တိုင္ေကာသမီး"
"ပင္တိုင္အိမ္ေပၚတက္သြားတာေတာ့ျမင္လိုက္တယ္ေဖႀကီး"
"သမီးေမာင္ေလးကိုသြားေခၚပါကြယ္ ထမင္းမစားရင္လည္းအစာဝင္ေအာင္ေပါင္မုန္႔ေလးေတြ ကိတ္ေျခာက္ေလးေတြေခ်ာ့ေကြၽးရေအာင္"
ေမးမိုးတို႔တစ္အိမ္လံုးလဲ ဒီရက္ပိုင္းပင္တိုင္အစာမစားသည့္ကိစၥနဲ႔ဘဲ ေခါင္းရႈပ္ေနခဲ့ရာ အခုဆိုဦးမိုးျမင့္လည္းလယ္ထဲကအျပန္ တကူးတ႐ြာထဲမုန္႔သြားဝယ္လာသလို ေဒၚေအးသြယ္လည္းဟိုဘက္႐ြာမွာေတာဝက္သားရေနတယ္ဆိုလို႔ ပင္တိုင့္အႀကိဳက္ဟင္းခ်က္ေပးရေအာင္ မနက္အေစာႀကီးကထဲကထၿပီးသြားဝယ္ေလသည္။
ထမင္းေကြၽးမရရင္ေတာင္ ကေလးဆိုေတာ့မုန္႔ေခ်ာ့ေကြၽးရင္ပင္တိုင္စားနိုင္ပါ့ရဲ႕။ေမမိုးလည္း အိမ္အေပၚတက္ၿပီးပင္တိုင့္ကိုသြားေခၚမည္အလုပ္......
"ေမမိုးေရ ေမေမေလးကိုေရတစ္ခြက္ေလာက္ပါကြယ္"
ေနပူထဲကအေမာတေကာျဖင့္အိမ္ထဲဝင္လာတဲ့ေဒၚေအးသြယ္မွာ လက္ကလဲဝက္သားတြဲႀကီးထုတ္ထားတဲ့အိတ္ကိုဆြဲလို႔သာ။
မိဘနွစ္ပါးလံုးေမာပန္းေနတာမို႔ ေမမိုးဘဲအိမ္အေပၚမတက္ေသးဘဲ ေဒၚေအးသြယ္အတြက္ေရေအးေအးေလးတစ္ခြက္သြားယူလာေလသည္။
"အကိုလည္းအေစာႀကီးျပန္လာတာလား"
"ဟုတ္တယ္ညီမ ပင္တိုင္ေလးမ်ားစားမလားလို႔ ေစာေစာျပန္လာၿပီးမုန္႔ေတြဝယ္လာခဲ့တာ"
"ညီမလည္းအေရာက္ဦးသြားလို႔အကိုေရ ေတာဝက္သားဆိုတာနဲ႔လူေတြကအလုအယက္ဘဲ ေတာ္ေသးတာေပါ့အေစာႀကီးထသြားလို႔။သမီးေမမိုးမီးေမႊးထားတယ္ထင္တယ္ အေမာေျဖၿပီးခ်က္ခ်င္းဟင္းခ်က္မွ"
ေျပာရင္းဆိုရင္း"ေမေမေလး"ဆိုကာ ေရေအးေအးေလးတစ္ခြက္ကမ္းေပးလာတဲ့ေမမိုးလက္ထဲမွ ေရခြက္ကေလးကိုေဒၚေအးသြယ္တစ္ခ်ိဳက္ထဲယူေသာက္လိုက္၏။
"ေမမိုး ပင္တိုင့္ကိုသြားေခၚလိုက္အံုးမယ္"
လင္မယားနွစ္ေယာက္လံုးမွသံၿပိဳင္ဆိုသလို...
"ေအးေအး သမီး"
ေမမိုးအေပၚတက္သြားၿပီးေနာက္ ေဒၚေအးသြယ္လည္းဝက္သားအတြဲကိုကိုင္ကာ မီးဖိုထဲသို႔သာဝင္သြားၿပီး ဦးမိုးျမင့္လည္းမျဖဳတ္ရေသးတဲ့လွည္းကိုသာသြားျဖဳတ္ေနခဲ့ေလသည္။
"ေမေမေလးေရ"
မီးဖိုထဲယူလာတဲ့ဝက္သားအတြဲေလးကိုခ်မလို႔ရွိေသး အေပၚထပ္ကေမမိုးေအာ္သံေၾကာင့္ လက္ထဲကဝက္သားတြဲကိုပစ္ခ်ၿပီး ေဒၚေအးသြယ္ပ်ာပ်ာတလဲအိမ္အေပၚတက္လာခဲ့သည္။
"ဘာျဖစ္တာလဲသမီး"
အိမ္အေပၚေရာက္ေရာင္ျခင္း ေမမိုးေဘးကပင္တိုင္မွာပက္လက္ေလးျဖင့္ "တဟင္းဟင္း"ျဖစ္ေနေလသည္။
"ပင္တိုင္ကိုယ္ေတြပူျခစ္ေနတာဘဲေမေမေလးရယ္"
"သား!..."
မၾကာလိုက္ပါဦးမိုးျမင့္လည္း ေဒၚေအးသြယ္နဲ႔ေရွ႕ဆင့္ေနာက္ဆင့္အိမ္အေပၚေရာက္လာၿပီး လင္မယားနွစ္ေယာက္သားပင္တိုင့္ေဘးမွာဝင္ထိုင္၍ ေဒၚေအးသြယ္မွပင္တိုင့္ကိုယ္ေလးအားေထြးေပြ႕လိုက္၏။
ေဒၚေအးသြယ္ေပြ႕ခ်ီထားတဲ့ပင္တိုင့္နဖူးေလးကို ဦးမိုးျမင့္လက္ဖမိုးျဖင့္စမ္းၾကည့္ေတာ့ ကိုယ္ကအေတာ္ေလးပူေနသည္။ပင္တိုင့္ကိုၾကည့္ေတာ့လည္း မ်က္လံုးေလးမွိတ္ၿပီးညီးေနယံုကလြဲလို႔ သတိလည္းကပ္ပံုမရေတာ့ပိုစိုးရိမ္ဖို႔ေကာင္းလာသျဖင့္...
"အကို ဆရာဝန္ေလးကိုသြားပင့္လိုက္အံုးမယ္"
ဦးမိုးျမင့္သုတ္သုတ္ပ်ာပ်ာဘဲ အိမ္အေပၚကဆင္းသြားေလသည္။
"သမီး ပင္တိုင့္ကိုေရပတ္တိုက္ဖို႔သြားျပင္လိုက္အံုးမယ္ေမေမေလး"
ကေလးကိုေပြ႕ခ်ီထားဆဲေဒၚေအးသြယ္မွာလည္း စိတ္နဲ႔လူနဲ႔မကပ္ေတာ့သျဖင့္ ေခါင္းညိမ့္ေခါင္းခါဘဲျပနိုင္ေတာ့သည္။နဂိုကမွက်န္းမာေရးခ်ဴခ်ာတဲ့ပင္တိုင္က ေနေကာင္းေနလ်ွင္လည္းနွစ္ေယာက္မရွိသန္မာသလို ဖ်ားၿပီနာၿပီေဟ့ဆိုလ်ွင္လည္းအေတာ္ေလးနလန္ျပန္မထူနိုင္တဲ့အထိျဖစ္တက္တာမို႔ ေဒၚေအးသြယ္စိတ္ပူမယ္ဆိုရင္လည္း စိတ္ပူခ်င္စရာပါ။
ကလင္...ကလင္...ကလင္
"ကေလးေတြ ဦးေလးကိုနည္းနည္းလမ္းဖယ္ေပးပါကြယ္"
႐ြာလယ္လမ္းလည္းျဖစ္ၿပီး ကေလးစည္ကားရာေဆာ့ကစားေနတဲ့အခ်ိန္မို႔ ဦးမိုးျမင့္စက္ဘီးေရွ႕မွာေျပးလိုက္လႊားလိုက္ျဖင့္ ကို႔ယို႔ကားယားလာပိတ္ေနသည္။ပါးစပ္ကလဲေအာ္ကာ စက္ဘီးဘဲလ္ကိုလဲအဆက္မျပတ္တီးေနသည့္မို႔ ဦးမိုးျမင့္အသံကအဆက္မျပတ္ထြက္ေပၚေနခဲ့၏။
အေရးႀကီးသုတ္ပ်ာျဖစ္ေနတဲ့ဦးမိုးျမင့္ကို ဦးညိဳေဆးဆိုင္ထဲကလွမ္းၾကည့္ေနခဲ့တာ အလ်င္လိုေနသည့္ဦးမိုးျမင့္က ကေလးေတြလမ္းဖယ္ေပးသည္နွင့္ သူ႔ေဆးဆိုင္အနားကစက္ဘီးျဖတ္နင္းသြားတာေၾကာင့္....
"ေဟ မိုးျမင့္၊ဘာေတြအေရးႀကီးေနတာတုန္းကြ"
"ပင္တိုင္အပ်င္းဖ်ားေနလို႔ ဦးညိဳေရ၊ဆရာေလးကိုသြားေခၚမလို႔"
စက္ဘီးကိုလည္းမရပ္ အေနာက္ကိုေတာင္လွည့္ၾကည့္ၿပီးစကားမေျပာနိုင္ဘဲ ဦးမိုးျမင့္စက္ဘီးကိုသာခပ္ျမန္ျမန္နင္းသြားေလသည္။
တစ္ျခားလူလည္းမဟုတ္ ပင္တိုင္ေနမေကာင္းသည္ဆိုေတာ့ ဦးညိဳလည္းမေနသာ။ေဆးဆိုင္ကိုပိတ္ၿပီးသာ ပင္တိုင္တို႔အိမ္ရွိရာထြက္လာခဲ့၏။
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
ဦးမိုးျမင့္ ဆရာဝန္ပင့္ၿပီးျပန္လာသည့္အခ်ိန္တြင္ ဦးညိဳလဲအိမ္မွာေရာက္ေနသည္။ဆရာဝန္မေရာက္ခင္ ေမမိုးႀကိဳၿပီးေရပတ္တိုက္ေပးထားလို႔ ပင္တိုင္ကိုယ္သိပ္မပူေတာ့ေပမဲ့ သတိေတာ့လည္မလာေသးေပ။
ဆရာဝန္ေလးေဆးထိုးေပးၿပီးေနာက္ ေဆးကဒ္တစ္ခ်ိဳ႕ေဒၚေအးသြယ္အားေပးကာ...
"ကေလးကအစာကလည္းမစားေတာ့ အားလဲအေတာ္နည္းေနတယ္၊အတက္နိုင္ဆံုးကေလးကိုအစာဝင္ေအာင္ေကြၽးၾကပါဗ်ာ ဒီအ႐ြယ္ဆိုတာကိုယ္ခံအားနည္းေနရင္အဖ်ားနဲ႔လည္းအသက္ဆံုးရႈံးနိုင္တယ္"
"ဟုတ္ကဲ့ပါဆရာ ကြၽန္မတို႔ေသခ်ာဂရုစိုက္ပါရင္"
"မသက္သာရင္ ကြၽန္ေတာ့္ကိုခ်က္ခ်င္းလာေခၚပါ"
"ဟုတ္ကဲ့ ဆရာ႕ကိုအကိုလိုက္ပို႔ေပးပါလိမ့္မယ္"
"ရပါတယ္ ဦးညိဳလည္းျပန္ေတာ့မွာမဟုတ္လား"
ဆရာေလးတစ္ဖက္လွည့္အေမး ဦးညိဳေခါင္းသာၿငိမ့္ျပေလသည္။
"ကြၽန္ေတာ္လည္းေဆးခန္းမွာေဆးတစ္ခ်ိဳ႕ကုန္ေနလို႔ ဦးညိဳဆိုင္မွာဝင္ဝယ္သြားရအံုးမွာ၊ကြၽန္ေတာ္ဦးညိဳနဲ႔ဘဲျပန္လိုက္ပါမယ္"
"ဟုတ္ကဲ့ပါဆရာ။သမီးေမမိုး ဆရာေလးကိုေျခႂကြခေလးေပးလိုက္ပါအံုး"
ေမမိုးတို႔အိမ္ေအာက္ဆင္းသြားၾကၿပီးေနာက္ ေဒၚေအးသြယ္နဲ႔ဦးမိုးျမင့္တို႔ ပင္တိုင့္ကိုၾကည့္ကာအေတြးကိုယ္စီျဖင့္ထိုင္ၿပီး တိတ္ဆိတ္ေနၾက၏။
ခဏေနမွ ေဒၚေအးသြယ္ကအရင္စကားစလိုက္ၿပီး....
"ကြၽန္မတို႔ဘယ္လိုလုပ္ၾကမလဲအကို"
"လုပ္သင့္လုပ္ထိုက္တာေပါ့ညီမရယ္"
🎋🎋🎋🎋🎋🎋🎋🎋🎋🎋🎋
(Unicode)
"ပင်တိုင်ထမင်းစားမယ်"
တုတ်ကလေးကိုကိုင်ပြီး မြေကြီးပေါ်လျှောက်ခြစ်နေတဲ့ပင်တိုင်က ခေါင်းလေးခါပြီးငြင်းဆန်လေသည်။ဒီကနေ့နဲ့ဆိုလျှင် လင်းခေးရွာကထွက်သွားကထဲက ပင်တိုင်ထမင်းကောင်းကောင်းမစားတာတစ်ပတ်ရှိပြီ။အစပိုင်းရက်တွေကထမင်းချော့ကျွေးလို့ရပေမဲ့ နောက်ပိုင်းဘယ်လိုချော့ချောမရခဲ့ပါ။မနက်စာစားသည်ဆိုလျှင် နေ့လည်စာကျမစား နေ့လည်စာစားလျှင်ညစာကျကောင်းကောင်းမစားပေ။မိခင်ခြောက်နိုင်လွန်း၍ ကြောက်လွန်းလို့သာစားနေပေမဲ့ တစ်ခါစားလျှင်လူကြီးရဲ့လက်တစ်ဆုပ်စာလောက်သာစားသည်။
နဂိုမှပိန်ပိန်ပါးပါးကောင်လေးက အစာကောင်းကောင်းမစားတော့မျက်တွင်းလေးတွေကျကာ ထင်းထွက်လာတဲ့အရိုးလေးတွေကအစပါကာင်းကောင်းမြင်နေရရသည်မို့ မေမိုးစိုးလည်းစိုးရိမ်သလို စိတ်လဲမကောင်းရပါ။
"ပင်တိုင်ရယ်လာပါ မမမိုးကိုမချစ်ဘူးလားဟင်၊မမမိုးကိုချစ်ရင်လာစားပါနော်"
"မေမေ့ကိုလည်းချစ်တယ် ဖေကြီးကိုလည်းချစ်တယ် မမမိုးကိုလည်းချစ်တယ် ပြီးတော့...."
တုတ်ကလေးနဲ့မြေကြီးကိုရိုက်ကာ မိသားစုတွေကိုချစ်ကြောင်းပြောနေသည့်ကလေးလေးက ဆက်၍မပြောဘဲငိုမဲ့မဲ့လေးဖြင့် မျက်ရည်လေးတွေဝဲတက်လာခဲ့လေသည်။
"ကိုကို့ကိုမချစ်ဘူး ကိုကိုညာတယ်၊ခဏလေးဘဲကြာမှာဆိုပြီးအခုထိပြန်မလာသေးဘူး"
လက်ထဲကတုတ်ကလေးကိုချပြီး ဒူးလေးပေါ်မျက်နှာလေးအပ်ကာငိုနေသည့်ကလေးလေးက မသိနားမလည်သေးတော့လည်း တစ်နှစ်ဆိုတဲ့အချိန်ကိုခဏလေးရယ်ဟု ယုံနေသည်မှာမဆန်းပါ။ယုံရလောက်တဲ့သူပြောခဲ့တဲ့ စကားလည်းဖြစ်သည်ကိုး။
ကလေးကိုချော့မရပြုမရဖြစ်ကာ အခက်တွေ့နေတဲ့မေမိုးနဲ့တော့ ဒေါ်အေးနွယ်ဝင်မပါ၍မဖြစ်။ပင်တိုင်ထိုသို့ဖြစ်နေပုံနဲ့ မေမိုးအသည်းနုသည်နဲ့တော့ ခေါင်းခြင်းဆိုင်ငိုမနေကြရင်ဘဲကံကောင်းလှသည်မို့ သူမဝင်ပါရပြန်သည်။
"လင်းခေးကပြန်လာတော့မှာပါသားရဲ့"
အိမ်ထဲကလှမ်းအော်လိုက်တဲ့သူမစကားကြောင့် ပင်တိုင်ခေါင်းလေးထောင်လာခဲ့ပေမဲ့ ဝမ်းသာအားရတော့ရှိမနေ။
ပါးပြင်ထက်ကမျက်ရည်လေးတွေကိုသာ လက်ဖမိုးသေးသေးလေးဖြင့်သုတ်လိုက်ပြီး....
"မေမေညာနေတာ"ဆိုတဲ့ကလေးလေးက သူမတို့ကိုအနားကိုအကပ်မခံတော့ပေ။သူမတို့အနားလာလျှင် ခပ်ခွာခွာဖြင့်နေတက်နေပြီ။
အခုလည်းထမင်းအတင်းကျွေးမှာကြောက်ပြီး ပင်တိုင်ရွာထဲသို့အပြေးလေးထွက်သွားပြန်ရာ....
"ပင်တိုင်ဘယ်သွားပြန်ပြီလဲမသိဘူးမေမေလေး"
"ဟင်း....ထုံးစံအတိုင်းဦးညိုဆီဘဲပြေးမှာပေါ့"
ဘယ်ဘဝကရေစက်တွေလဲမသိ ရွာလယ်မှာဆေးဆိုင်ဖွင့်ထားတဲ့ဦးညိုကိုတော့ ပင်တိုင်ကအတော်ချစ်ရှာသည်။ဒါ့အပြင်သူစိတ်အလိုမကျရင်မကျသလို ဦးညိုဆီပြေးပြေးသွားတက်တဲ့အကျင့်လေးကလည်းရှိသေး၏။
နောက်ပြီးပင်တိုင်ချစ်တာလဲမပြောနှင့် ဦးညိုကပုံပြောကောင်းသလို ကလေးတွေကိုလည်းလူကြီးပေါက်စလေးတွေပမာ ရေနွေးကြမ်း၊မုန့်နဲ့ထန်းလျက်ခဲလေးတွေဖြင့် ဧည့်ခံတက်သေးတော့ ရွာကကလေးတွေရဲ့အချစ်တော်လဲဖြစ်သည်။
"သမီးတို့ဘယ်လိုလုပ်ကြမလဲမေမေလေး ဒီပုံစံအတိုင်းဆက်သွားနေရင် ပင်တိုင်တစ်ခုခုဖြစ်မှာစိုးရိမ်ရတယ်"
ပင်တိုင့်အကြောင်းစဉ်းစားလျှင် ဒေါ်အေးနွယ်လည်းဦးနှောက်ခြောက်ရပါသည်။ချော့လို့လဲမရတော့သလို မုသားသုံးပြီးပြောရအောင်လည်းပင်တိုင်က မယုံတော့ခက်သား။နောက်ပြီးပင်တိုင့်ခံစားချက်တစ်ခုထဲကိုဦးစားပေးပြီး အဝေးမှာပညာသင်နေတဲ့လင်းခေးကိုခဏပြန်ခေါ်ရအောင်ကလည်း ဒုက္ခပေးရာကျအုံးမည်။
ကိစ္စတစ်ဆုံးတွေးပြီးတာတောင် သူမအကြံထွက်မလာတော့တာကြောင့်....
"အင်း...သမီးဖေကြီးနဲ့မေမေလေးတိုင်ပင်လိုက်ပါအုံးမယ်ကွယ်"
သက်ပြင်းရှည်ကြီးချကာပြောလာတဲ့ဒေါ်အေးနွယ်လည်း အတော်စိတ်ရှုပ်နေပုံရသည်။အခုဆိုပင်တိုင်ကလည်းအစာကောင်းကောင်းမစား အရင်ကမနက်မိုးလင်းရင်ပင်တိုင့်ကိုအော်နေရတဲ့ဒေါ်အေးနွယ်အသံကိုတောင်မကြားရတာကြာပြီဖြစ်၏။
မြို့ကိုရောက်တာရက်အတော်အတန်ခန့်ကြာပြီဖြစ်ပေမဲ့ လင်းခေးနေသားမကျသေးပါ။အဒေါ်အိမ်မှာနေပြီးကျူရှင်တက်နေတာကြောင့် စားရသောက်ရနေရထိုင်ရတာအဆင်ပြေပေမဲ့ အားလပ်သည့်အချိန်ဆိုလျှင်အိမ်ကိုလွမ်းသည့်စိတ်ကကြီးစိုးနေသည်။
ကျောင်းတွေပြန်ဖွင့်ဖို့ရက်တောင်သိပ်မလိုတော့ပေမဲ့ လင်းခေးကတော့ကျောင်းပိတ်ရက်ကိုဘဲမျှော်နေမိသည်။သူအိမ်ပြန်လျှင် ဝမ်းသာအားရဆီးကြိုနေမဲ့ကလေးလေးနဲ့အကြောင်းတွေတွေးရင်တော့ သူ့မျက်နှာကပီတိဖြာကာအပြုံးတွေဝေနေတက်သည်။
"ထူးထူးခြားခြား ဘာတွေများပြုံးနေတာတုန်းငါ့တူရဲ့"
အခန်းထဲသို့လက်ဖက်သုပ်ပန်းကန်လေးကိုင်ကာ မေးလာတဲ့ဒေါ်မိုးဆွေကြောင့် လင်းခေးအတွေးတွေရပ်တန့်ကာ အနောက်သို့ချာခနဲလှည့်ကြည့်လိုက်၏။
"ဘာမှမတွေးပါဘူးဒေါ်လေးရယ်"
လက်ထဲကပါလာတဲ့ လက်ဖက်သုပ်ပန်းကန်လေးကိုဒေါ်မိုးဆွေ လင်းခေးစားပွဲပေါ်ချလျက် ....
"ဟုတ်လို့လားသားရယ် ဘာမှမတွေးဘဲနဲ့မင်းဒီလောက်ပြုံးနေတာတစ်ခါမှမမြင်ဖူးသေးပါဘူး"
ညာနေတာလူမိသွားတဲ့လူတစ်ယောက်လို လင်းခေးခေါင်းလေးကုပ်ကာပြုံးစိစိသာလုပ်နေသည်။
"ဒေါ်လေးကိုမှန်မှန်ပြောစမ်း ငါ့တူဘာကြောင့်ပြုံးနေတာလဲ၊ကြိုပြောထားမယ် သမီးရည်းစားကိစ္စတွေတော့ဒေါ်လေးမကြားချင်ဘူးနော်"
"အဲ့လိုကိစ္စတွေ ကျွန်တော်စိတ်ထဲမရှိပါဘူးဒေါ်လေးရဲ့"
"ဒေါ်လေးကသားကိုယုံပါတယ် တစ်ခုခုဆိုဒေါ်လေးတို့မှာတာဝန်ရှိလို့ လိုရမယ်ရသတိပေးယုံပါဘဲ"
သူမပြောတာလဲအဓိပ္ပါယ်တော့ရှိရှာသည်။ဒေါ်မိုးဆွေက လင်းခေးဖခင်ရဲ့ညီမ၊နောက်ပြီးဒေါ်မိုးဆွေတို့လင်မယားမှာက သားသမီးလလည်းမထွန်းကားတော့ လင်းခေးသူတို့အိမ်မှာနေပြီးကျောင်းလာတက်သည်ကိုဘဲ အပျော်ကြီးပျော်နေကြတဲ့သူတွေဖြစ်သည်။နောက်ပြီးလင်းခေးဖခင်က သူတို့ကိုယုံယုံကြည်ကြည်နဲ့အပ်ထားသည့်အပြင် သူတို့အိမ်မှာလည်းနေနေတော့ လင်းခေးနဲ့ပတ်သက်ရင်တစ်ခုခုဆိုသူတို့မှာတာဝန်အပြည့်အဝရှိသောကြောင့် သူမစိုးရိမ်လည်းစိုးရိမ်ချင်စရာပါ။လင်းခေးတို့အရွယ်ဆိုတာ စိတ်ကစားတက်သည့်အရွယ်မို့ သတိပေးလိုက်ရပေမဲ့ လိမ္မာရေးခြားရှိတဲ့လင်းခေးက သူမတို့ပြောစရာကိုအလွတ်ပေ။
"ကျွန်တော်ပင်တိုင့်အကြောင်းတွေးနေတာပါ နွေရာသီပိတ်လို့ပြန်ရင်ကျွန်တော့်ကိုအားရပါးရပြေးဖက်မဲ့သူ့ပုံစံကိုကြိုမြင်ယောင်ကြည့်နေတာ"
"ပင်တိုင်ဆိုတာ အမအေးသွယ်ရဲ့သားလေးမို့လား"
"ကျွန်တော့်ညီလေးပါ ဒေါ်လေးကလဲ"
"အမယ်လေးဟုတ်ပါပြီရှင် ဘယ်လိုပြောပြောအတူတူပါဘဲ"
အိမ်ကိုစရောက်တဲ့နေ့ကထဲက အလိုက်အထိုက်နေပြီးလိုမှပြုံးယောင်သမ်းတက်တဲ့လင်းခေးမျက်နှာမှာ ပင်တိုင့်အကြောင်းတွေပြောရင်းအပြုံးတွေအလိုလိုဝေဆာနေခဲ့သည်။
ဒေါ်မိုးဆွေလည်း လင်းခေးစကားကြားရတာဝမ်းသာပါတယ်။မိထွေးပါတဲ့သားရယ်လို့စိတ်ဝမ်းမကွဲဘဲ လင်းခေးနဲ့မေမိုးတို့ ပင်တိုင်နဲ့မောင်နှမအရင်းအချာတွေလိုချစ်ကြတာ ဦးမိုးမြင့်နဲ့ဒေါ်အေးသွယ်တို့အတွက်လည်း ကံကောင်းသည်မဟုတ်လား။
"နွေရာသီပိတ်ရက်ကိုအမြန်ရောက်ချင်လှပြီ"
"ကျောင်းတွေကဖွင့်တောင်မဖွင့်ရသေးဘူး မင်းကနွေရာသီရောက်ချင်နေရလားကွယ်၊ပင်တိုင့်အကြောင်းလည်းတွေးတာတော့တွေးပေါ့ ဒေါ်လေးသုပ်လာတဲ့လက်ဖက်သုပ်လေးစားပြီးစာလည်းလုပ်အုံး"
"ဟုတ်ကဲ့ဒေါ်လေး"
ခေါင်းလေးကိုပုတ်ကာဒေါ်အေးသွယ်ပြောထွက်သွားပြီးနောက် သူမပြောသလိုလင်းခေးအတွေးတွေထက် မျက်စိရှေ့ကစာအုပ်ကိုသာအာရုံပြန်စိုက်ခဲ့လေသည်။
ကျောင်းတွေတောင်မဖွင့်သေးတာ နွေရာသီကိုကြိုမျှော်နေမိတဲ့သူ့ခံစားချက်ကို လင်းခေးကိုယ်တိုင်ကဘဲအသိဆုံး။သို့ပေမဲ့ ဤအချိန်မှာစာကိုအာရုံမစိုက်မိရင် အတန်းကျပြီးအိမ်နဲ့ပိုဝေးမည့်အရေးကို ကြိုတွေးပြီးဖြစ်ချင်တာထက်ဖြစ်သင့်တာတွေကို လင်းခေးဦးစားပေးရအုံးမည်။
"သမီးရေ မေမိုး"
"လာပြီ ဖေကြီး"
အပြင်ကပြန်လာတဲ့ဦးမိုးမြင့်ခေါ်သံကြောင့် မေမိုးမီးဖိုပေါ်ကဟင်းအိုးကိုအမြန်ချပြီးထွက်လာခဲ့၏။အိမ်အောက်ထပ်မှာတော့ လယ်ထဲကပြန်လာသည့်ဦးမိုးမြင့်လက်ထဲမှာ ဘယ်လိုဖြစ်ပြီးမုန့်တွေနဲ့တစ်ခြားပစ္စည်းတွေပါလာလဲမသိ။များတော့အများသား။
"ဖေကြီး လက်ထဲမှာလည်းမုန့်တွေနဲ့၊လယ်ထဲသွားတာမဟုတ်ဘူးလား ဘယ်သူပေးလိုက်တာလဲဟင်"
ဦးမိုးမြင့်လက်ထဲကအထုပ်တွေချပြီး ခေါင်းပေါ်ကခမောက်ကိုချကာ ချွေးသုတ်ရင်းခေါင်းခါပြ၏။
"ဘယ်သူကပေးရမှာလဲသမီးရယ် ဖေကြီးလယ်ထဲကအပြန်ရွာထဲသွားဝယ်လာတာ"
ထင်တော့ထင်သည် ရွာထဲသွားတဲ့လမ်းနဲ့လယ်ထဲသွားတဲ့လမ်းနှစ်သွယ်ကမတူညီတာကြောင့်သာ ဖြစ်နိုင်ချေရှိတာပြောလိုက်ပေမဲ့ လယ်ထဲဘယ်သူကဒီလောက်မုန့်တွေအများကြီးပေးနိုင်ပါ့မလဲ။
"ပင်တိုင်ကောသမီး"
"ပင်တိုင်အိမ်ပေါ်တက်သွားတာတော့မြင်လိုက်တယ်ဖေကြီး"
"သမီးမောင်လေးကိုသွားခေါ်ပါကွယ် ထမင်းမစားရင်လည်းအစာဝင်အောင်ပေါင်မုန့်လေးတွေ ကိတ်ခြောက်လေးတွေချော့ကျွေးရအောင်"
မေးမိုးတို့တစ်အိမ်လုံးလဲ ဒီရက်ပိုင်းပင်တိုင်အစာမစားသည့်ကိစ္စနဲ့ဘဲ ခေါင်းရှုပ်နေခဲ့ရာ အခုဆိုဦးမိုးမြင့်လည်းလယ်ထဲကအပြန် တကူးတရွာထဲမုန့်သွားဝယ်လာသလို ဒေါ်အေးသွယ်လည်းဟိုဘက်ရွာမှာတောဝက်သားရနေတယ်ဆိုလို့ ပင်တိုင့်အကြိုက်ဟင်းချက်ပေးရအောင် မနက်အစောကြီးကထဲကထပြီးသွားဝယ်လေသည်။
ထမင်းကျွေးမရရင်တောင် ကလေးဆိုတော့မုန့်ချော့ကျွေးရင်ပင်တိုင်စားနိုင်ပါ့ရဲ့။မေမိုးလည်း အိမ်အပေါ်တက်ပြီးပင်တိုင့်ကိုသွားခေါ်မည်အလုပ်......
"မေမိုးရေ မေမေလေးကိုရေတစ်ခွက်လောက်ပါကွယ်"
နေပူထဲကအမောတကောဖြင့်အိမ်ထဲဝင်လာတဲ့ဒေါ်အေးသွယ်မှာ လက်ကလဲဝက်သားတွဲကြီးထုတ်ထားတဲ့အိတ်ကိုဆွဲလို့သာ။
မိဘနှစ်ပါးလုံးမောပန်းနေတာမို့ မေမိုးဘဲအိမ်အပေါ်မတက်သေးဘဲ ဒေါ်အေးသွယ်အတွက်ရေအေးအေးလေးတစ်ခွက်သွားယူလာလေသည်။
"အကိုလည်းအစောကြီးပြန်လာတာလား"
"ဟုတ္တယ္ညီမ ပင်တိုင်လေးများစားမလားလို့ စောစောပြန်လာပြီးမုန့်တွေဝယ်လာခဲ့တာ"
"ညီမလည်းအရောက်ဦးသွားလို့အကိုရေ တောဝက်သားဆိုတာနဲ့လူတွေကအလုအယက်ဘဲ တော်သေးတာပေါ့အစောကြီးထသွားလို့။သမီးမေမိုးမီးမွှေးထားတယ်ထင်တယ် အမောဖြေပြီးချက်ချင်းဟင်းချက်မှ"
ပြောရင်းဆိုရင်း"မေမေလေး"ဆိုကာ ရေအေးအေးလေးတစ်ခွက်ကမ်းပေးလာတဲ့မေမိုးလက်ထဲမှ ရေခွက်ကလေးကိုဒေါ်အေးသွယ်တစ်ချိုက်ထဲယူသောက်လိုက်၏။
"မေမိုး ပင်တိုင့်ကိုသွားခေါ်လိုက်အုံးမယ်"
လင်မယားနှစ်ယောက်လုံးမှသံပြိုင်ဆိုသလို...
"အေးအေး သမီး"
မေမိုးအပေါ်တက်သွားပြီးနောက် ဒေါ်အေးသွယ်လည်းဝက်သားအတွဲကိုကိုင်ကာ မီးဖိုထဲသို့သာဝင်သွားပြီး ဦးမိုးမြင့်လည်းမဖြုတ်ရသေးတဲ့လှည်းကိုသာသွားဖြုတ်နေခဲ့လေသည်။
"မေမေလေးရေ"
မီးဖိုထဲယူလာတဲ့ဝက်သားအတွဲလေးကိုချမလို့ရှိသေး အပေါ်ထပ်ကမေမိုးအော်သံကြောင့် လက်ထဲကဝက်သားတွဲကိုပစ်ချပြီး ဒေါ်အေးသွယ်ပျာပျာတလဲအိမ်အပေါ်တက်လာခဲ့သည်။
"ဘာဖြစ်တာလဲသမီး"
အိမ်အပေါ်ရောက်ရောင်ခြင်း မေမိုးဘေးကပင်တိုင်မှာပက်လက်လေးဖြင့် "တဟင်းဟင်း"ဖြစ်နေလေသည်။
"ပင်တိုင်ကိုယ်တွေပူခြစ်နေတာဘဲမေမေလေးရယ်"
"သား!..."
မကြာလိုက်ပါဦးမိုးမြင့်လည်း ဒေါ်အေးသွယ်နဲ့ရှေ့ဆင့်နောက်ဆင့်အိမ်အပေါ်ရောက်လာပြီး လင်မယားနှစ်ယောက်သားပင်တိုင့်ဘေးမှာဝင်ထိုင်၍ ဒေါ်အေးသွယ်မှပင်တိုင့်ကိုယ်လေးအားထွေးပွေ့လိုက်၏။
ဒေါ်အေးသွယ်ပွေ့ချီထားတဲ့ပင်တိုင့်နဖူးလေးကို ဦးမိုးမြင့်လက်ဖမိုးဖြင့်စမ်းကြည့်တော့ ကိုယ်ကအတော်လေးပူနေသည်။ပင်တိုင့်ကိုကြည့်တော့လည်း မျက်လုံးလေးမှိတ်ပြီးညီးနေယုံကလွဲလို့ သတိလည်းကပ်ပုံမရတော့ပိုစိုးရိမ်ဖို့ကောင်းလာသဖြင့်...
"အကို ဆရာဝန်လေးကိုသွားပင့်လိုက်အုံးမယ်"
ဦးမိုးမြင့်သုတ်သုတ်ပျာပျာဘဲ အိမ်အပေါ်ကဆင်းသွားလေသည်။
"သမီး ပင်တိုင့်ကိုရေပတ်တိုက်ဖို့သွားပြင်လိုက်အုံးမယ်မေမေလေး"
ကလေးကိုပွေ့ချီထားဆဲဒေါ်အေးသွယ်မှာလည်း စိတ်နဲ့လူနဲ့မကပ်တော့သဖြင့် ခေါင်းညိမ့်ခေါင်းခါဘဲပြနိုင်တော့သည်။နဂိုကမှကျန်းမာရေးချူချာတဲ့ပင်တိုင်က နေကောင်းနေလျှင်လည်းနှစ်ယောက်မရှိသန်မာသလို ဖျားပြီနာပြီဟေ့ဆိုလျှင်လည်းအတော်လေးနလန်ပြန်မထူနိုင်တဲ့အထိဖြစ်တက်တာမို့ ဒေါ်အေးသွယ်စိတ်ပူမယ်ဆိုရင်လည်း စိတ်ပူချင်စရာပါ။
ကလင်...ကလင်...ကလင်
"ကလေးတွေ ဦးလေးကိုနည်းနည်းလမ်းဖယ်ပေးပါကွယ်"
ရွာလယ်လမ်းလည်းဖြစ်ပြီး ကလေးစည်ကားရာဆော့ကစားနေတဲ့အချိန်မို့ ဦးမိုးမြင့်စက်ဘီးရှေ့မှာပြေးလိုက်လွှားလိုက်ဖြင့် ကို့ယို့ကားယားလာပိတ်နေသည်။ပါးစပ်ကလဲအော်ကာ စက်ဘီးဘဲလ်ကိုလဲအဆက်မပြတ်တီးနေသည့်မို့ ဦးမိုးမြင့်အသံကအဆက်မပြတ်ထွက်ပေါ်နေခဲ့၏။
အရေးကြီးသုတ်ပျာဖြစ်နေတဲ့ဦးမိုးမြင့်ကို ဦးညိုဆေးဆိုင်ထဲကလှမ်းကြည့်နေခဲ့တာ အလျင်လိုနေသည့်ဦးမိုးမြင့်က ကလေးတွေလမ်းဖယ်ပေးသည်နှင့် သူ့ဆေးဆိုင်အနားကစက်ဘီးဖြတ်နင်းသွားတာကြောင့်....
"ဟေ မိုးမြင့်၊ဘာတွေအရေးကြီးနေတာတုန်းကွ"
"ပင်တိုင်အပျင်းဖျားနေလို့ ဦးညိုရေ၊ဆရာလေးကိုသွားခေါ်မလို့"
စက်ဘီးကိုလည်းမရပ် အနောက်ကိုတောင်လှည့်ကြည့်ပြီးစကားမပြောနိုင်ဘဲ ဦးမိုးမြင့်စက်ဘီးကိုသာခပ်မြန်မြန်နင်းသွားလေသည်။
တစ်ခြားလူလည်းမဟုတ် ပင်တိုင်နေမကောင်းသည်ဆိုတော့ ဦးညိုလည်းမနေသာ။ဆေးဆိုင်ကိုပိတ်ပြီးသာ ပင်တိုင်တို့အိမ်ရှိရာထွက်လာခဲ့၏။
ဦးမိုးမြင့် ဆရာဝန်ပင့်ပြီးပြန်လာသည့်အချိန်တွင် ဦးညိုလဲအိမ်မှာရောက်နေသည်။ဆရာဝန်မရောက်ခင် မေမိုးကြိုပြီးရေပတ်တိုက်ပေးထားလို့ ပင်တိုင်ကိုယ်သိပ်မပူတော့ပေမဲ့ သတိတော့လည်မလာသေးပေ။
ဆရာဝန်လေးဆေးထိုးပေးပြီးနောက် ဆေးကဒ်တစ်ချို့ဒေါ်အေးသွယ်အားပေးကာ...
"ကလေးကအစာကလည်းမစားတော့ အားလဲအတော်နည်းနေတယ်၊အတက်နိုင်ဆုံးကလေးကိုအစာဝင်အောင်ကျွေးကြပါဗျာ ဒီအရွယ်ဆိုတာကိုယ်ခံအားနည်းနေရင်အဖျားနဲ့လည်းအသက်ဆုံးရှုံးနိုင်တယ်"
"ဟုတ်ကဲ့ပါဆရာ ကျွန်မတို့သေချာဂရုစိုက်ပါရင်"
"မသက်သာရင် ကျွန်တော့်ကိုချက်ချင်းလာခေါ်ပါ"
"ဟုတ်ကဲ့ ဆရာ့ကိုအကိုလိုက်ပို့ပေးပါလိမ့်မယ်"
"ရပါတယ် ဦးညိုလည်းပြန်တော့မှာမဟုတ်လား"
ဆရာလေးတစ်ဖက်လှည့်အမေး ဦးညိုခေါင်းသာငြိမ့်ပြလေသည်။
"ကျွန်တော်လည်းဆေးခန်းမှာဆေးတစ်ချို့ကုန်နေလို့ ဦးညိုဆိုင်မှာဝင်ဝယ်သွားရအုံးမှာ၊ကျွန်တော်ဦးညိုနဲ့ဘဲပြန်လိုက်ပါမယ်"
"ဟုတ်ကဲ့ပါဆရာ။သမီးမေမိုး ဆရာလေးကိုခြေကြွခလေးပေးလိုက်ပါအုံး"
မေမိုးတို့အိမ်အောက်ဆင်းသွားကြပြီးနောက် ဒေါ်အေးသွယ်နဲ့ဦးမိုးမြင့်တို့ ပင်တိုင့်ကိုကြည့်ကာအတွေးကိုယ်စီဖြင့်ထိုင်ပြီး တိတ်ဆိတ်နေကြ၏။
ခဏေနမွ ဒေါ်အေးသွယ်ကအရင်စကားစလိုက်ပြီး....
"ကျွန်မတို့ဘယ်လိုလုပ်ကြမလဲအကို"
"လုပ်သင့်လုပ်ထိုက်တာပေါ့ညီမရယ်"