လမင်းခြေသံ { Completed }

By LinMyatMo23

44.9K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၂၁} (UNICODE)

452 25 2
By LinMyatMo23

ကျောင်းတက်ခေါင်းလောင်း ထိုးချိန်၌ ကျောင်းအုပ်ဆရာမရုံးခန်းထဲ ကျောင်းသူ ကျောင်းသားများအပြင် မိဘများပါ စုဝေးနေကြသည်။ စုစုရုံးရုံး ဖြစ်နေရသည့် အကြောင်းရင်းကိုမူ ပြေးကြည့်စရာ မလို ၊ တွေးကြည့်ရုံဖြင့် သိနေနိုင်သည်ပင်။ မြေကြီးလက်ခတ်မလွဲ မနေ့က ရန်ဖြစ်ကြသည့် ပြဿနာနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။

အရစ်ရှည်သော ကျောင်းအုပ်ဆရာမကြီး၏ အပြစ်ပေးမှု အဆုံးသတ်၌တော့ အားလုံး ရုံးခန်းထဲမှ ထွက်လာလိုက်ကြသည်။ ရန်ပွဲ၌ ပါဝင်ကြသည့်အတွက် ယောင်္ကျားလေးများအားလုံး ကျောင်းတစ်ပတ် နားခံရသည်။ ကျန်သည့်သူတော့ မသိ ... မိုးထက်မှာတော့ စိတ်တွေ ပိန်သွားရသည်။ ကျောင်းတက်ချင်သည့် အကြောင်းရင်းမှာ စာသင်ချင်လွန်း၍တော့ မဟုတ် ၊ အတန်းထဲရှိ ရေခဲတုံး ရှိုင်းကို တစ်ပတ်တိတိ မတွေ့ရလျှင် ဆိုသော အတွေးဖြင့် စောစောစီးစီး စိတ်က မကြည်လင်တော့။ အတန်းထဲ ပြန်ရောက်လာသောအခါ ကျေးဇူးရှင် အနှီရေခဲတုံးလေးက ဘေးဘီကို တစ်ချက် စိတ်ဝင်စားခြင်း မပြဘဲ အတန်းရှေ့မှ စာခေါ်နေသည့် မြန်မာစာ ဆရာမကိုသာ အာရုံထားကာ စာလိုက်ရေးနေသည်။ မိုးထက် အနားဝင်ထိုင်တော့လည်း တစ်ချက်ပင် စောင်းငဲ့မကြည့်။ မိုးထက်သည် အကြင်သူနှင့် မရင်းနှီးသည့် သူစိမ်းတစ်ယောက်နှယ် စိမ်းကားနိုင်လွန်းသည်။

"စန်း ..."

သူ သံရှည်စွဲကာ ခေါ်နေသည်ကို ကြားပါလျက်နှင့် အဖက်လုပ်ကာ စကားပြန်ပြောမည့် အမျိုး မဟုတ်သည်မှန်း သိနေလေတော့ မိုးထက်ကသာ စကားကို ဆက်ရသည်။ မိုးထက်ဘက်က စကားတစ်ခွန်း ပြောပြီးတိုင်း ရှိုင်းနောင်ခန့်ဆီမှ စကားပြန်လာသည်ကိုသာ မျှော်နေလျှင် သူ သင်္ချိုင်း၌ အရိုးဆွေးသွားဖို့သာ ရှိမည် ... သကောင့်သားကတော့ စကားပြောလာမည် မဟုတ်။

"ငါ ကျောင်းတစ်ပတ် နားခံရတယ်။"

မိုးထက်က လွယ်အိတ်ထဲမှ မြန်မာစာ ရေးစာအုပ်ကို ထုတ်ရင်း ပြောရာ ဆရာမ ခေါ်သည့် စာကို လိုက်ရေးနေသူက စကား ပြန်ပြောရန် မဆိုထားနှင့် ၊ ခေါင်းစောင်းလျက်ပင် ပြောနေသည့် စကားကို အသိအမှတ်မပြု။

"ငါပြောတာ ကြားလားလို့။ ငါ ကျောင်းတစ်ပတ် နားခံရပါတယ်ဆို။"

လက်ကို ဆတ်ခနဲ ဆွဲကာ ခပ်ဆတ်ဆတ် ပြောလိုက်ရာ အသံသည် အနည်းငယ် ကျယ်သွားသဖြင့် မြန်မာစာဆရာမ၏ မာန်မဲသံ ထွက်ပေါ်လာသည်။

"မိုးထက်ပိုင် စာလိုက်မရေးဘဲ ဘာလို့ စကားပြောနေတာလဲ။ ငါ စာခေါ်နေတာ သေချာလိုက်ရေး။"

"ဟုတ် တီချယ်"

မိုးထက်သည် ဆရာမအား မတ်တပ်ရပ်ကာ ပြန်ပြောပြီးမှ နေရာတွင် ပြန်ထိုင်ကာ ရှိုင်းဘက်သို့ တစ်ချက် စောင်းငဲ့ကြည့်သည်။ ထိုအခိုက် ရှိုင်းသည် သူ ကြည့်နေသည်ကို မျက်လုံးထောင့်မှ မြင်တွေ့နေရ၍ ထင်သည် ... မိုးထက်ကို တစ်ချက် ငဲ့စောင်းကြည့်ပြီး စကားဆိုလာသည်။

"အခု စာလိုက်ရေးလေ ရိန်း။ မင်း ကျောင်းနားရလို့ ပျက်သွားတဲ့ စာတွေကို ကိုယ် ပြန်ကူးထားပေးမယ်။"

"စာက အရေးမကြီးဘူးကွ။ မင်းက အရေးကြီးတာ ..ငါ မင်းကို တစ်ပတ်လုံး မတွေ့ရရင် ရူးသွားလိမ့်မယ်။ မင်းရော ..ငါ ကျောင်းနားခံရတာ ဘာမှ မဖြစ်ဘူးလား။"

"ကိုယ်က ဘာဖြစ်ရမှာလဲ။ မင်းဘာသာမင်း ရန်ဖြစ်ပြီး အပြစ်ပေးခံရတာလေ။"

"မဟုတ်သေးဘူးလေကွာ။ မင်း ငါနဲ့ တစ်ပတ်ကြီးတောင် မတွေ့ရမှာကို ဘာမှ မဖြစ်ဘူးလားလို့။"

မိုးထက်၏ စကားအဆုံး ရှိုင်းသည် မိုးထက်ဘက်သို့ အနည်းငယ် တိုးကပ်လာကာ ဆရာမကို တစ်ချက် လှမ်းကြည့်ပြီးမှ လေတိုးသံဖြင့် နှစ်ကိုယ်ကြား ကြားနိုင်ရုံမျှ ဆိုလာသည်။

"တစ်ပတ်တိတိ နားငြီးသက်သာမှာ ဆိုတော့ ..ကိုယ်က ဝမ်းသာရမှာပေါ့ ..မဟုတ်ဘူးလား။"

"ကျစ် ..အကျင့်ပုတ်ကောင်။ အယုတ်တမာကောင်။ အသည်းနှလုံး မရှိတဲ့ ဘီလူးသရဲကောင်။ ငါ့မှာတော့ သူ့ကို ခင်လိုက်ရတာ။ ဒင်းကတော့ နေနိုင်သူကြီး စတိုင် လာဖမ်းနေတယ်။ အတန်းထဲမှာ ခုံအလွတ် ရှိကြည့်ပါလား ..ဒီလို စိတ်ပုပ်ဘေးမှာ ထိုင်ကို မထိုင်ဘူး။"

မြန်မာစာ ဆရာမ ခေါ်ပေးသည့် စာကို လိုက်ရေးရင်း မိုးထက်ပိုင်၏ ပိတ်မရသည့် ပါးစပ်က ပွစိပွစိနှင့် မကျေမချမ်း ပြောဆိုနေသည်။ မျက်လုံးထောင့်မှ မြင်နေရသည့် နှုတ်ခမ်းတထော်ထော်နှင့် ပြောနေသည့် မိုးထက်ကြောင့် ရှိုင်း ခိုးပြုံးလိုက်မိသည်။ မိုးထက်တစ်ယောက်နှင့်တော့ ခက်ချေပြီ ... ဘယ်သူကရော အမြဲ လိုက်နှောင့်ယှက်နေသည့် အမွှေစိန်လေးကို တစ်ပတ်တိတိ မတွေ့ရမည်ကို သတိမရရိုး ရှိမည်နည်း။

နောက်လိုင်းမှ ကြားနေရသည့် ခပ်အုပ်အုပ် စကားသံများကြောင့် ဘုန်းသွင်ကတော့ သဘောတကျ ပြုံးလိုက်မိသည်။ မိုးထက်ပိုင်ကို နိုင်သည့်သူ ဤကမ္ဘာပေါ်၌ မွေးလာပြီပဲ။ မိုးထက်က အရမ်း ဆိုးနေသည်တော့ မဟုတ်သော်ငြား မိဘများကို အရွဲ့တိုက်ဖို့ဆိုလျှင် ရန်ဖြစ်ရန် နှစ်ခါမစဉ်းစားတတ်သူ ဖြစ်သည်။ ယခင်ကျောင်းမှာကတည်းက မိုးထက်က ထစ်ခနဲရှိ လက်ပါတတ်သဖြင့် ခဏ ခဏ ဆရာမ ဆူတာ ခံရသူ ဖြစ်သည်။ သို့သော် ရန်ပွဲတိုင်း၌ သူ့အလွန် ဟူ၍ မရှိ ... သူ့ကို ရန်မစလျှင် မိုးထက်သည် လူတိုင်းနှင့် ပျော်ပျော်သာ နေတတ်သည်။ သို့သော် ရန်ဖြစ်သည့်အခါ၍တော့ ဝင်မဆွဲလျှင် တစ်ဖက်လူကို သွေးသံရဲရဲ ဖြစ်သည်အထိ ထိုးကြိတ်တတ်ရာ ဆရာမက မိဘအကြိမ်ကြိမ် ခေါ်သော်လည်း မိုးထက်၏ ဒယ်ဒီနှင့် မာမီသည် ဘယ်သောအခါမှ ကျောင်းသို့ လိုက်လာခြင်း မရှိ။ သို့ဖြစ်၍ ဆရာမသည် ရန်ထပ်မဖြစ်စေရန် မိုးထက်ကို ခံဝန်သာ ထိုးခိုင်းရတော့သည်။ ဘုန်းသွင်တို့သည်လည်း မိုးထက် ဆိုးသွမ်းနေရသည့် အရင်းအမြစ်ကို သိနေလေရာ ဝင်စွက်ဖက်ခြင်း မပြုဘဲ အတတ်နိုင်ဆုံးသာ လိုက်ထိန်းကြသည်။

ယခု ကျောင်းအသစ်သို့ ရောက်လာချိန်၌ မိုးထက်၏ ရန်ပွဲများသည် ယခင်ကနည်းတူ တည်ရှိဆဲ ဆိုသော်ငြား မိုးထက်သည် ထူးခြားစွာဖြင့် ရန်သိပ်မဖြစ်တော့။ ဘုန်းသွင်တို့ကိုပင် သိပ်အဖက်မလုပ်တတ်သည့် ရှိုင်းနောင်ခန့်ဆိုသည့် အမျိုးကောင်းသားလေးသည် မိုးထက်ကိုတော့ လေသံမာမာ ၊ မျက်နှာထားတည်တည်ဖြင့် အလျဥ်းသင့်တိုင်း မာန်မဲတတ်ရာ သူ့ကြောင့် မိုးထက် လိမ္မာလာသည် ဆိုရမည်။

"ကိုရိပ် ရော့ ..အအေး။"

မုန့်ဈေးတန်းမှ ပြန်လာသည့် လှိုင်းက မာန် မှာလိုက်သည့် စတော်ဘယ်ရီအအေးအပြင် ချောကလက်တစ်ဘူးနှင့် နှင်းဆီနီရောင် ဘူးလေးတစ်ဘူးကိုပါ သယ်လာသဖြင့် မာန် မျက်ခုံးပင့်မိသွားသည်။

"ချောကလက်က မင်းကို ဘယ်ကောင်မလေး ပေးလိုက်တာလဲ။"

လှိုင်း ပေးနေသည့် အအေးကို မယူဘဲ ချောကလက်ဘူးကိုသာ မကျေနပ်ချက်များစွာ ဖြည့်သိပ်ထားသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည့် မာန်ကြောင့် လှိုင်းမှာ ချက်ချင်း ဖြေရှင်းချက် ပေးရတော့သည်။

"ဘယ်ကသာဗျာ။ ဒါက မိုးထက်အတွက်ဆိုပြီး ဆယ်တန်းက အစ်မတစ်ယောက် ပေးလိုက်တာ။ မိုးထက် ဒီမှာ ..မင်းအတွက်။"

နောက်တန်း၌ ထိုင်ကာ ခေါက်ဆွဲပြုတ် စားနေသည့် မိုးထက်ကို လှမ်းပေးလိုက်ရာ ထမင်းသုပ် စားနေသော ရှိုင်းက တစ်ချက် မျက်လုံးလှန်ကြည့်လာပါသေးသည် ... ဘာမှတော့ မပြော။ မိုးထက်ကတော့ ကမ်းပေးလာသည့် ချောကလက်ဘူးလေးအား ဆတ်ခနဲ လှမ်းယူကာ -

"ဘယ်သူ ပေးလိုက်တာလဲ လှိုင်း။"

မိန်းကလေးများသည် သူတို့အုပ်စုထဲမှ တစ်ယောက်ယောက်ကို လက်ဆောင် ပေးချင်လျှင် တိုက်ရိုက်ပေးသည်ထက် တစ်ယောက်ယောက်နှင့် လူကြုံ ထည့်ပေးတတ်သည်မှာ ခပ်များများရယ်မို့ မိုးထက်သည် လက်ထဲ ချောကလက်ဘူး ရောက်လာသည်ကို အဆန်းတကြယ် လုပ်ကာ မအံ့ဩတော့။

"ဆယ်တန်း B ခန်းက ..နာမည်က ပန်းအိန္ဒြာ တဲ့။ မင်းကိုလည်း လာတွေ့ပါဦးလို့ မှာလိုက်တယ်။"

"အေး အေး ..နက်ဖြန် သွားတွေ့လိုက်မယ်။ ဟာ ..မေ့တော့မလို့။ မနက်ဖြန်က စပြီး ကျောင်းတစ်ပတ် နားရမှာပဲ။ ကြာပါတယ် ..ခုပဲ သွားတွေ့တော့မယ်။ မင်းတို့ လိုက်ကြဦးမလား။"

"ကိုယ့်ဘာသာကိုယ် သွားစမ်းပါ မိုးထက်ရာ။"

မာန်က အအေးသောက်နေရင်း စိတ်ရှုပ်ဟန်ဖြင့် ပြောပြီး ဘုန်းသွင်နှင့် လှိုင်းကတော့ ခေါင်းသာ ခါပြသည် ... အတော်အားကိုးရသည့် သူငယ်ချင်းများပင်။ မိုးထက်ဘေးရှိ ရေခဲတုံးကတော့ မလှုပ်မယှက်။

"မလိုက်လည်း နေ။ စန်း လာ ..သွားမယ်။"

ထမင်းသုပ် စားနေသည့် ရှိုင်း၏ လက်ကို ဆွဲကာ အတန်းပြင်သို့ အတင်းဆွဲခေါ်လာသဖြင့် ရှိုင်းမှာ ထမင်းသုပ်ဘူးကို လက်ဖြင့် အမိအရ အမြန် လှမ်းဆွဲကာ ယက်ကန် ယက်ကန်ဖြင့် ပါလာရသည်။ အခန်းပြင် ရောက်မှ ခွင့်မတောင်းဘဲ ဆွဲလာသည့် လက်ထဲမှ ရုန်းကာ မေးမြန်းရပါတော့သည်။

"ဒါ ဘာလုပ်တာလဲ ရိန်း။"

ဦးစိတ်တိုက ခပ်ဆတ်ဆတ် မေးရင်း မိုးထက်ကို သတ်ဖြတ်တော့မည့်ဟန်ဖြင့် စိုက်ကြည့်နေသည် ... သည်ဒေါသအိုးကလည်း ပေါက်ကွဲလာပြန်ပြီ။

"ဆယ်တန်းဆောင် သွားမလို့ မင်းကို ခေါ်လာတာလေ။ ဘာလို့ တစ်ချိန်လုံး စိတ်တိုနေတာလဲ စန်းရ။"

"ကိုယ့်ကို ခေါ်လာရအောင် လိုက်မယ် ပြောမိလို့လဲ။"

‌မေးခွန်း မေးလျှင် တန်ပြန်မေးခွန်း ပြန်ထုတ်တတ်သည့် ရှိုင်းသည် ဒေါသကြောင့် ရှူးရှူးရှဲရှဲ ဖြစ်နေသည့်တိုင်အောင် ဆွဲဆောင်အားတို့က လျော့မသွားဘဲ ‌ဒေါသထွက်နေချိန်ဆိုလျှင် ပို၍ပင် ကြည့်ကောင်းနေသေးသည်။

"မင်း မလိုက်ဘူး ပြောလည်း ခေါ်မှာပဲ။ လာပါ စန်းကလည်း ..ငါနဲ့ လိုက်ခဲ့ပေးကွာ ..နော်။ ရော့ စိတ်မဆိုးနဲ့တော့။ ချောကလက် စား။"

ပြောပြောဆိုဆိုနှင့် ချောကလက်ဘူးထဲမှ ချောကလက်တစ်လုံးကို ထုတ်ကာ ရှိုင်း၏ ပါးစပ်၌ တေ့ပေးလာသည်။ ပါးစပ်နားထိ ရောက်လာနေပြီ ဖြစ်သော ချောကလက်ကြောင့် ရှိုင်းသည် တင်းတင်းစေ့ထားသော ပါးစပ်ကို ဟလိုက်ရသည်။ သူ၏ နှုတ်ခမ်းများနှင့် ထိတွေ့သွားသည့် မိုးထက်၏ လက်ချောင်းများသည် ပိုးသားလေးနှယ် နူးညံ့လွန်းနေသည်။ နူးညံ့သော အထိအတွေ့ကြောင့် ခန္ဓာကိုယ်၏ တစ်နေရာမှ ပြင်းရှစွာ လှုပ်ခတ်သွားသည်ကို ရှိုင်း ခံစားလိုက်မိပါသည်။ မိုးထက်က ချောကလက် ကျွေးပြီးနောက် မျက်လုံးများ မှေးစင်းသွားသည်အထိ ပြုံးပြကာ မျက်နှာချိုသွေးရင်း လက်မောင်းနေရာမှ ဆွဲပြီး ဆယ်တန်းဆောင်သို့ ဦးတည် ခေါ်ဆောင်သွားတော့သည်။ ထိုအခါ ရှိုင်းနောင်ခန့်မှာ မငြင်းဆန်မိတော့ဘဲ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသည့် လိုက်လျောမှုဖြင့် တစ်ယောက်သောသူနောက် လိုက်ပါသွားရပြန်သည်။

မာန့်စိတ်ထဲ မတင်မကျ ဖြစ်နေသော ကိစ္စကို မဖြေရှင်းရသေးပါဘူးဆိုမှ မိုးထက်က ဆယ်တန်းအစ်မဆီသွားမည့်အရေး မဲလာဆွယ်နေသေးသည် ... အလိုက်ကမ်းဆိုး မသိသည့် အကောင်။ မိုးထက်သည် ရှိုင်းကို အတင်းကာရော ဆွဲခေါ်သွားမှ မာန် စစ်ဆင်ရေး စတင်ရတော့သည်။ မာန့်ကို မျက်စိဆံပင်မွှေးစူးစေသည်ကား လှိုင်း၏ ခုံ‌ပေါ်ရှိ ဖဲကြိုးလေး ချည်ထားသည့် နှင်းဆီနီရောင်ဘူးလေး ဖြစ်သည်။

"ဒါကရော ..ဘယ်သူ့အတွက်လဲ။"

"ဒါကတော့ ..ကျွန်တော့်အတွက်ဆိုပြီး ပေးလိုက်တာ ကိုရိပ်။"

"ဘယ်သူကလဲ။"

"ခုနက မိုးထက်ကို ချောကလက် ပေးခိုင်းလိုက်တဲ့ အစ်မရဲ့ သူငယ်ချင်း ..ဟန်နီလို့ ခေါ်တယ် ပြောတယ်ဗျ။"

"မင်းက နာမည်ကိုတောင် မှတ်မိနေတယ်ပေါ့ ..ဟုတ်လား။"

"မဟုတ်ဘူးလေ ကိုရိပ်။ သူက သူ့နာမည် ပြောပြလိုက်တော့ ..."

"ဘာလို့ ယူလာတာလဲ။ မဟုတ်မှလွဲရော ..မင်း အဲ့အစ်မကို ကြိုက်နေတာလား။"

မာန်က အလိုမကျသလို ဖြတ်မေးလိုက်ရာ လှိုင်းက ထိုအနီရောင်ဘူးလေးကို ဖွင့်ပြလာသည်။ အတွင်း၌ နေရာယူထားသည်ကား ကော်ဖီသကြားလုံး အမြောက်အမြား။ ပြောမဲ့သာ ပြောတာ ... ဟန်နီ ဆိုသည့် အစ်မက လှိုင်းအကြောင်း သေချာ စုံစမ်းထားသည်မှန်း သိသာလှသည်။ လှိုင်းက သကြားလုံးဆိုလျှင် အမြဲ ကော်ဖီသကြားလုံးများကိုသာ ဝယ်ကာ ကိုယ်နှင့်မကွာ ဆောင်တတ်သည်ကို သူမ သိနေသည်လေ။ ဒါပေသိ သူမ မသိသည်ကတော့ ထိုကော်ဖီသကြားလုံးများသည် လှိုင်း၏ အကြိုက် ဆိုသည်ထက် မာန့်၏ အကြိုက် ဆိုသည့် အချက်ကိုပင်။ မာန်က ကော်ဖီ သောက်ရသည်ကို မနှစ်သက်သည့်တိုင်အောင် ကော်ဖီသကြားလုံးကိုတော့ အသဲစွဲ ဖြစ်သည်။

"ဘယ်ကသာ ကြိုက်ရမှာလဲဗျာ ..ကိုရိပ် ကြိုက်တဲ့ သကြားလုံး ဖြစ်နေလို့ ကျွန်တော်က ယူလာတာပါ ကိုရိပ်ရဲ့။ အဲ့ဒီအစ်မကိုလည်း တစ်ခါတည်း ပြောခဲ့တယ် ..ကျေးဇူးတင်ပေမဲ့ နောက်တစ်ခါ ဘာလက်ဆောင်မှ လက်ခံမှာ မဟုတ်ဘူးလို့။ အဲ့တာကြောင့် ဘာမှလည်း ထပ်မပေးပါနဲ့တော့လို့။ နောက်ပြီး ..ဒီအရွယ်မှာ ကျွန်တော် စာကိုပဲ အာရုံစိုက်ချင်တဲ့ အကြောင်းလည်း ပြောခဲ့တယ်။"

"တကယ် အဲ့လို ပြောခဲ့တာလား။"

"ဒါပေါ့ဗျ။"

"အေး ဒီတစ်ခါတော့ အလျှောက်ကောင်းလို့ အထောင်း သက်သာသွားတယ် မှတ်။ နောက်တစ်ခါ ဒီလို လက်ဆောင်တွေ ယူလာရင် မင်း မလွယ်ဘူးနော် လှိုင်းသံစဉ်။"

"ဟုတ်ကဲ့ပါဗျာ။ ကိုရိပ် မကြိုက်ရင် နောက် မယူလာတော့ပါဘူး။"

"ပြီးရော"

စိတ်ကျေနပ်သွားသည့်ဟန်ဖြင့် မာန်သည် သကြားလုံးတစ်လုံးကို ဖောက်စားသည်။ အစွန်၌ ထိုင်နေသည့် ဘုန်းသွင်မှာ ထိုနှစ်ယောက်ကို ကြည့်ရင်း ခေါင်းသာ ခါနေမိတော့သည်။ သည်နှစ်ယောက်နှင့်အတူ ထိုင်မိသည့် ကိုယ့်ကိုကိုယ်​တောင် သနားချင်လာသည်။ ယခင်ကတော့ မိုးထက် ရှိသေး၍ အဖော် ရှိသည် ဆိုသော်ငြား သွားတက်များ ပိုင်ရှင်ကလည်း နေနိုင်သူကြီးကို လွန်စွာမှ ခင်တွယ်နေလေတော့ ကိုယ်စီ ကိုယ်စီ နှစ်ယောက် တစ်ကမ္ဘာ ဆောက်နေကြသူများအကြား ဘုန်းသွင်မှာ တစ်ယောက်တည်း။ သည်လိုအချိန်မျိုးဆိုလျှင် ဘုန်းသွင်သည် မဆီမဆိုင် မျက်ဝန်းပြာများကို မြင်ယောင်ကာ လွမ်းဆွတ်လာတတ်သည်။

ဒီချိန် ဘာတွေများ လုပ်နေမလဲ ချာတိတ်ရယ် ... ကိုကို မင်းကို သိပ်လွမ်းတယ်ကွာ။

မုန့်စားကျောင်း ပြန်တက်မှ အတန်းထဲမှ ထွက်သွားသည့် နှစ်ယောက် ပြန်ရောက်လာသည်။ မြူးထူးနေသည့် မိုးထက်ကို ကြည့်ခြင်းအားဖြင့် အကြောင်းအရင်းကို သိနေသော်လည်း မာန်က မေးဖြစ်အောင် မေးလိုက်သေးသည်။

"ဘယ်လိုလဲ။ ချောလား။"

"ချောတာထက် မမက နာမည်နဲ့ လိုက်အောင် သိပ်လှတာကွ။ ဟုတ်တယ်နော် စန်း ..ငါ့မမ လှတယ်မလား။"

ဘေးရှိ ရှိုင်းအား တံတောင်နှင့် တွတ်ကာ ရှေ့နေငှါးနေသည့် မိုးထက်ကို စိုက်ကြည့်ရင်း ရှိုင်းက အမူအရာတစ်ချက် မပျက်ဘဲ တစ်ခွန်းသာ ပြောသည်။

"ကိုယ်တော့ မကြိုက်ဘူး။"

"မင်း မကြိုက်လည်း နေပေါ့။ ငါကတော့ ကြိုက်တယ်။"

"အဲ့တော့ ..."

"အဲ့တော့ ဘာဖြစ်ရမှာလဲ။ တွဲပြီပေါ့ လှိုင်းရ။"

တွဲလိုက် ၊ သူ့ဘက်က စဖြတ်လိုက်နှင့် ဤဝဲဂယက်ထဲ ချာချာလည်နေသည့် မိုးထက်ပိုင်လို လူမျိုးကို လာကြိုက်ရဲကြသည့် မိန်းကလေးများကိုလည်း မာန် အံ့ဩမိပါ၏။ တော်သေးသည်ကား လှိုင်းသံစဉ်သည် မိုးထက်ကဲ့သို့ ချစ်သူရည်းစား ထားဖို့ စိတ်မဝင်စားသည်ကိုပင်။ စိတ်ဝင်စား၍လည်း မရပါ။ မိန်းကလေးကိစ္စ လှိုင်းသံစဉ် စိတ်ဝင်စားကြည့်ပါလား ... အိမ်ထဲက အိမ်ပြင်ကို ပေးမထွက်ဘူး။ မာန်ရိပ်မော်ကို ဘာမှတ်နေလဲ။

"မာန်"

အင်္ဂလိပ်စာ လိုက်ရေးနေရင်း မာန်က လေသံဖြင့် ခေါ်နေသည့် ဘုန်းသွင်ကို "ဘာလဲ" ဟူသော သဘောဖြင့် မာန် မေးဆတ်ပြသည်။

"ဟိုမှာ မင်းကို ရှိုးနေတယ်။"

အတန်း၏ ရှေ့နား​၌ ထိုင်နေသည့် အတန်းဖော် မိန်းကလေးတစ်ယောက်သည် မာန်တို့ရှိရာသို့ လှည့်ကြည့် လှည့်ကြည့်ဖြင့် ခေါင်းလေး စောင်းကာ မသိမသာ ကြည့်နေသည်။ ဘုန်းသွင်၏ စကားကြောင့် မာန်သည် ထိုကောင်မလေးကို လှမ်းကြည့်မိလိုက်ချိန်တွင်တော့ မာန်နှင့် အကြည့်ချင်း ဆုံသွားခိုက် ရှက်သွေးဖြာသွားသည့် နုလွှာသည် မခို့တရို့လေး ပြုံးကာ ရှေ့သို့ ပြန်လှည့်သွားသည်။ နုလွှာသည် ရိုးရိုးလေးနှင့် ယဉ်နေသည့် အလှတရားပိုင်ရှင်လေး ဖြစ်သည်။ မာန်တို့လို သစ်ရွက်လှုပ်လျှင် ရင်ခုန်တတ်သည့် အသက်အရွယ်နှင့် ကောင်လေးများအတွက် နုလွှာသည်လည်း အကြည့်မလွှဲချင်စရာ မိန်းကလေးတစ်ဦးပင်။

"နုလွှာက ချစ်စရာလေးကွာ နော့။"

ရှက်သွားသဖြင့် နောက်လှည့်မကြည့်လာတော့သည့် နုလွှာ၏ ကျောပြင်ကို ကြည့်ရင်း မာန်က ဆရာမ မကြားစေရန် ခပ်အုပ်အုပ် ပြောလိုက်ရာ မာန့်စကား၏ နောက်ဆက်တွဲ တုံ့ပြန်မှုအနေဖြင့် မည်သူ့အသံမှ ထပ်မကြားရ။ တစ်ဖက်တစ်ချက်စီကို အကြည့်ရောက်ရာ လှိုင်းနှင့် ဘုန်းသွင်က စာကိုသာ အာရုံစိုက်ပြီး လိုက်ရေးနေသည်။

"ငါ ပြောတာ ကြားရော ကြားကြရဲ့လား။"

မာန်က ခပ်ဆတ်ဆတ် မေးရာ လှိုင်းက စာရေးလက်စကို ခဏ တန့်ကာ မာန့်ကို မျက်လုံးအဝိုင်းသားနှင့် ကြည့်ရင်း ခေါင်းလေးတညိတ်ညိတ်နှင့် ဖြေလာသည်။

"ဟုတ် ကြားတယ်လေ ကိုရိပ်။"

"ငါလည်း မင်းပြောတာ ကြားသားပဲ။ ဘာဖြစ်လို့လဲ။"

လှိုင်း၏ စကားအဆုံး ဘုန်းသွင်က စာရေးနေရင်းပင် မာန့်ကို မကြည့်ဘဲ ဘာမှ မသိ နားမလည်သလို ပြန်မေးလာသည်။ မိန်းကလေးများအကြောင်း ပြောလျှင် အမြဲတစေ စိတ်ဝင်တစား မရှိတတ်သည့် နှစ်ဦးသားသည် ရှေးမူမပျက် တည်ငြိမ်နေမြဲ ဖြစ်၏။

"ကြားရင် တစ်ခုခု ပြန်ပြောကြလေကွာ။ ငါက မင်းတို့ အမြင်ပါ သိချင်လို့ပါဆို။"

"ငါကတော့ သူ့ ရင်မခုန်ပါဘူး။"

"နုလွှာက မလှတာတော့ မဟုတ်ပေမဲ့ ကျွန်တော်လည်း ဘုန်းသွင်လိုပဲ သူ့ကို စိတ်မဝင်စားပါဘူး ကိုရိပ်။"

ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည့် စကားနှစ်ခွန်းကြောင့် မာန် သေချင်စိတ် ပေါက်သွားသည်။ တကယ့် ဘုရားဖြစ်မည့် အုတ်နီခဲတွေပင်။ သည်နှစ်ကောင် အသက်များ ကြီးလာလျှင်တော့ ရာသက်ပန် ဘုန်းကြီးဝတ်သွားကြမည်လားဟု စိုးရိမ်ရသည်အထိ ချစ်ရေးချစ်ရာနှင့် ပတ်သက်လျှင် အေးတိအေးစက်နိုင်လွန်းသော နှလုံးသားပိုင်ရှင်များ ဖြစ်ကြသည်။ သို့ပေမဲ့ လှိုင်းသံစဥ်က ဤသို့နှယ် မိန်းကလေးတွေနှင့် စပ်လျဥ်းလာလျှင် သွေးအေးနေတတ်သည်ကိုပင် မာန် စိတ်အေးရသည် ဖြစ်ရာ မသိစိတ်ထဲတွင်တော့ အကျေနပ်ကြီး ကျေနပ်နေမိ၏။

"တော်ပြီ တော်ပြီ။ မင်းတို့နဲ့ ဘာမှ မတိုင်ပင်ဘူး။ မိုးထက်လို ဘာမှလည်း အားမကိုးရဘူး။"

မာန်က ပွစိ ပွစိ ပြောပြီး စာကိုသာ ကုန်းရေးနေလိုက်သောအခါ လှိုင်းနှင့် ဘုန်းသွင် အကြည့်ချင်း ဆုံကာ ပြိုင်တူ ခေါင်းခါမိကြသည်။ လှိုင်းကတော့ ဘယ်လိုနေသည် မသိသော်ငြား ဘုန်းသွင်ကတော့ မည်သူ့ကိုမှ စိတ်မဝင်စားပါ။ လက်ဆောများကို သိတစ်မျိုး မသိတစ်မျိုး လာပေးကြသည်များ ရှိသော်လည်း မည်သည့် မိန်းကလေးကိုမှ မိုးထက်ကဲ့သို့ အပျော်ဟု သဘောထားခဲ့ခြင်း မရှိသလို မိန်းကလေးတစ်ယောက်၏ မာနနှင့် သိက္ခာကို မထိပါးမိစေရန် သတိချပ်လျက် ကောင်းကောင်းမွန်မွန်သာ ငြင်းဆန်စကား ဆိုခဲ့သည်ချည်းသာ။

ဤကမ္ဘာပေါ်၌ ဘုန်းသွင်ထက်သာသည့် အမျိုးသားကောင်းများစွာ ရှိပါလျက်နှင့် သူ့ဘက်က စိတ်ထဲက မပါသည့်တိုင်အောင် စိတ်ပါဝင်စားနေသည့် ဟန်ပန်ဖြင့် လက်ပွန်းတတီး ပြောဆိုနေလျှင် တစ်ဖက်မိန်းကလေးကို မျှော်လင့်ချက် ပေးမိသလို ဖြစ်သည့်အပြင် ကိုယ် မချစ်မနှစ်သက်နိုင်ဘဲ သူများ သမီးပျိုများ၏ ချစ်ခြင်းမေတ္တာကို အလွဲသုံးစား လုပ်သလိုလည်း ဖြစ်မည် မဟုတ်လား။ မိန်းကလေးတိုင်းကို ပန်းကောင်းတစ်ပွင့်သာ ပန်ဆင်ပြီး လှပတင့်တယ်နေသည်ကိုသာ မြင်တွေ့လိုသော ဘုန်းသွင်သည် သူကိုယ်တိုင်ကလည်း အပျော်ဇယားများထက်စာလျှင် ရင်နှင့်အမျှ မြတ်နိုးတန်ဖိုးထားရသူကိုသာ နှလုံးသားထဲရှိ လစ်လပ်နေသော ကွက်လပ်၌ တခမ်းတနား ၊ တစ်သီးတစ်သန့် နေရာချထားပေးချင်သည်။

"မာယာကင်းတဲ့ မျက်ဝန်းပြာတွေအောက် ကိုကို တကယ် ကျရှုံး‌နေမိပြီ ထင်တယ်။"

ယနေ့က စာကျက်ဝိုင်း သွားရန် မရှိသည်မို့ လှိုင်းတို့ အိမ်ကိုသာ တန်းပြန်လာလိုက်ကြသည်။ အိမ်ပြန်ရောက်တော့ ‌ဒေါ်သီတာနှင့် ဦးမင်းဉာဏ်က မရှိ။ အကြောင်းမှာ ထုံးစံအတိုင်း နန်းသော်တာတို့ အိမ်၌ တစ်ပတ် သွားနေကြခြင်း ဖြစ်၏။ အိမ်ပြန်ရောက်သည်နှင့် မာန်သည် ထမင်းမစားဘဲ အိပ်ရာတန်းဝင်သွားသဖြင့် လှိုင်းသည် မာန် ကွင်းလုံးချွတ်ထားခဲ့သည့် ပုဆိုးကို အဝတ်ခြင်းထဲ ထည့်သည်ကအစ ခြင်ထောင် ထောင်ပေးသည်အဆုံး ဇယ်စက်သလို တရစပ် လုပ်ပြီးသွားမှ အောက်ထပ် ပြန်ဆင်းလာကာ ‌ဒေါ်ဝင်းကို ကူပြီး မီးပူတိုက်ပေးနေလိုက်သည်။ မုန့်စားကျောင်း ဆင်းတုန်းက ဗိုက်ဆာနေသော်ငြား မာန်နှင့်မှ ထမင်းအတူ စားမည်ဟု ကြံထားသဖြင့် ဆာလောင်နေသော ဗိုက်ထဲသို့ လှိုင်းသည် ရေများ အပြည့် ဖြည့်သိပ်ထည့်ထားလိုက်သည်။

"လှိုင်းရေ"

"ဗျာ လေးပြုံး"

"ငါ့ကို မဟာဖြေဆေး သွားဝယ်ပေးပါဦးကွာ။"

"နေမကောင်းဘူးလား လေးပြုံး။ ဆေးခန်း သွားပြမလား ..ကျွန်တော် လိုက်ခဲ့ပေးမယ်လေ။"

"နေကောင်းပါတယ်ကွာ။ ဗိုက်သိပ်မကောင်းလို့။ ဆေးသောက်လိုက်ရင် သက်သာသွားမှာပါ။"

"ဟုတ် ဟုတ် ..ဒါဆို ကျွန်တော် ခုပဲ သွားဝယ်ပေးမယ်နော် လေးပြုံး။ ကွမ်းရော ဝယ်ခဲ့ပေးရဦးမလား။"

"အမလေး ကျေးဇူးရှင် ..ဆေးသာ မြန်မြန် သွားဝယ်ပါ။ မင့်လေးပြုံးက မေ့နေတဲ့ဟာကို အစသွားမဖော်ပေးနဲ့။"

‌‌ဒေါ်ဝင်းက အလန့်တကြား ပြောကာ လှိုင်းလက်ထဲ ဆေးဝယ်ဖို့ ပိုက်ဆံထည့်ပြီးသည်နှင့် ဦးပြုံးအနားမှ အတင်း နှင်လွှတ်တော့သည်။ ‌ဒေါ်ဝင်းကြောင့် လှိုင်းမှာ သဘောတကျ ရယ်ကာ ဆေးဝယ်ရန် ထွက်လာလိုက်သည်။ ဆေးဆိုင်သည် မာန့်အိမ်နှင့် အတော် လှမ်းသည်မို့ မိုးအုပ်နေသည့်တိုင်အောင် လှိုင်း လမ်းလျှောက်လာရင်း ချွေးပါ ဆို့ရသည်။ ဆေးဆိုင် ‌ရောက်သောအခါ ဆေးဝယ်ပြီး ပြန်ထွက်မည်အပြု တစ်စုံတစ်ယောက်နှင့် ဝင်တိုက်မိသွားသဖြင့် လှိုင်း၏ လက်ထဲမှ ဆေးထုပ် ပြုတ်ကျသွားရသည်။ ဆေးထုပ်ကို ပြန်မကောက်မီ ဝင်တိုက်သည့် လူကို အကြည့်ရောက်မိရာ -

"လှိုင်း"

ဝမ်းသာအားရ ခေါ်လိုက်သည့် သက္ကဆိုသည့် လူ၏ အသံမှာ စက်ဆုပ်ဖွယ်အတိ။ လှိုင်း ဘေးဘီသို့ မျက်စိကစားကြည့်မိရာ ကိုကြီးတို့ မပါလာသဖြင့် စိတ်ထဲ အနည်းငယ်တော့ ပေါ့သွားရသည်။ လှိုင်းသည် သက္ကကို တွေ့သည်နှင့် စက္ကန့်မလပ်ပါဘဲ ပြုတ်ကျသွားသည့် ဆေးထုပ်ကို ကောက်ကာ ဆေးဆိုင်ပြင်သို့ ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော် လှိုင်း၏ လက်ကို ဆွဲထားသည့် သက္ကကြောင့် လှိုင်းသည် ထိုလူအား စူးရဲရဲ စိုက်ကြည့်လိုက်ကာ -

"ကောင်းကောင်း ပြောနေတုန်း ကျွန်တော့်လက်ကို လွှတ်။"

လှိုင်းက အံကို ကြိတ်ရင်း ပြောမှ ပိုတင်းကျပ်စွာ ဆုပ်ကိုင်လာသည့်သက္က၏ ခြေထောက်ကို လှိုင်းသည် အားကုန် ဆောင့်နင်းလိုက်သည်။ မထင်မှတ်ထားသော အားပါသည့် လုပ်ရပ်ကြောင့် သက္ကသည် လှိုင်း၏ လက်ကို ဆက်ဆွဲထားဖို့ရာ အခွင့်မသာတော့ဘဲ လွှတ်ပေးလိုက်ရတော့သည်။ လက်ကို လွှတ်ပေးလိုက်သည်နှင့် လှိုင်းသည် တစ်မုဟုတ်ချင်း ဆေးဆိုင်ပြင်သို့ ပြေးထွက်လာလိုက်သည်။ မလှမ်းမကမ်း တစ်နေရာ အရောက်၌ လက်အား ထပ်မံ ဆောင့်ဆွဲခံလိုက်ရသဖြင့် လှိုင်း၏ ခြေလှမ်းများ တန့်သွားရရုံမက လူက ရင်ခွင်တစ်ခုဆီသို့ ယိုင်သွားသည်။

"မပြေးပါနဲ့ လှိုင်းရာ။ ငါ မင်းကို ဟိုးငယ်ငယ်လေးထဲက ချစ်တာပါ။"

"ခွေးပါးစပ်က နတ်စကား လာမထွက်နဲ့။ ကျွန်တော့်ကို လွှတ် ..‌ခွေးမသားရဲ့"

ဆဲရေးနေရင်း လှိုင်းသည် တစ်စုံတစ်ယောက် အမြန်ဆုံး လာကူညီပါစေဟူ၍သာ ဆုတောင်းနေမိသည်။ သို့သော် ဆေးဆိုင်ရှိရာ လမ်းသည် ချောင်ကျသည့် နေရာဖြစ်သည့်အပြင် နေ့ခင်းဘက်ဆိုလျှင် လူသွားလူလာ နည်းပါးသည်မို့ လှိုင်းသည် ကူကယ်ရာမဲ့ ဖြစ်နေရသည်။

"မလွှတ်ဘူးကွာ ..ငါ မင်းကို ချစ်တယ် လှိုင်း။"

ပြောရင်း ပါးထက်သို့ ကျရောက်လာသည့် အနမ်းတစ်ခုကြောင့် လှိုင်း၏ တစ်ကိုယ်လုံး ကျင်တက်သွားရသည်။ ထိုစဥ် မြင်ယောင်လာမိသည့် မာန့်မျက်နှာကြောင့် လှိုင်း၏ ကိုယ်ထဲ ဘယ်ကမှန်း မသိသည့် အားများ အရှိန်အဟုန်ဖြင့် စီးနင်းဝင်ရောက်လာသည့်အတွက် စက္ကန့်ပိုင်းအတွင်း လှိုင်းသည် သူ့ကို နောက်မှ သိုင်းဖက်ထားသည့် သက္ကလက်မှ မရမက ရုန်းထွက်ကာ သက္က၏ မျက်လုံးတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။ ပြီးသည်နှင့် အနီးနားရှိ အုတ်နီခဲကို ကောက်ကိုင်ကာ -

"ခင်ဗျား ဒီနေရာမှာတင် အသက်မပျောက်သွားချင်ရင် ဒိုးလိုက်တော့။ ရှေ့တစ်လှမ်း ထပ်တိုးလာတာနဲ့ ကျွန်တော့်အဆိုး မဆိုနဲ့နော်။"

"အဲ့တာ ဘာဖြစ်နေတာလဲ။"

ကားတစ်စီး လမ်းထဲ ဝင်လာရာ ကားပေါ်ရှိ လူနှစ်ယောက်က အ‌ပြေးရောက်လာသဖြင့် ‌ရှေ့တိုးရန် ပြင်နေသည့် သက္က ကိုယ်ရှိန်သတ်လိုက်ရသည်။ လက်ထဲရှိ အုတ်ခဲကို လှိုင်း မချသေးဘဲ -

"ဒီလူ ကျွန်တော်ကို ဆွဲလားရမ်းလား လာလုပ်နေလို့ပါ ဦးလေး။"

"ဟေ့ကောင်လေး မင်း စခန်းမရောက်သွားချင်ရင် ဝေးဝေးသွားတော့ ..နောက်တစ်ခါ ဒီရပ်ကွက်မှာ မင်းကို ထပ်တွေ့လို့ကတော့ မင်း မလွယ်ဘူး မှတ်။"

"လှိုင်း မင်းနဲ့ ငါနဲ့ တွေ့ကြသေးတာပေါ့ကွာ။"

လူများ ရောက်လာသဖြင့် သက္ကသည် လှိုင်းကို တစ်ချက် ကြိမ်းမောင်းပြီးသည်နှင့် မာန့်အိမ်ရှိရာ အရပ်နှင့် ဆန့်ကျင်ဘက်ကို လျှောက်သွားသည်။ တုန်ယင်နေသည့် လက်ဖျားများဖြင့် ဆေးထုပ်နှင့် အုတ်နီခဲကို လက်တစ်ဖက်တစ်ချက်တွင် တင်းတင်းကိုင်ဆုပ်ထားမိသည်။

"သား အဆင်ပြေရဲ့လား"

သိသိသာသာ တုန်လှုပ်နေသည့် သူ့အား ဦးလေးကြီးတစ်ယောက်က ဂရုတစိုက် မေးလာသဖြင့် လှိုင်းသည် ကိုင်ထားမိသည့် အုတ်ခဲကို ဘေးသို့ ပစ်ချလိုက်ရင်း -

"ဟုတ်ကဲ့ အဆင်ပြေပါတယ် ခင်ဗျ။ ဦးတို့ကိုလည်း ကျွန်တော် ကျေးဇူးအများကြီး တင်ပါတယ်။"

"ရပါတယ်ကွာ ..သတိထားပြီး သွားဦး။"

"ဟုတ်ကဲ့ခင်ဗျ။ တကယ် ကျေးဇူးတင်ပါတယ်။"

ကျေးဇူးတင်စကားကို နောက်တစ်ကြိမ် ထပ်ဆိုပြီးမှ လှိုင်းသည် မာန့်အိမ်သို့ အပြေးလာနေမိသည်။ ထိုစဉ်ပင် အငြိုးကြီးကြီးနှင့် ရွာချလာသည့် မိုးစက်များသည် တစ်လမ်းလုံး တသွင်သွင် စီးကျလာသည့် လှိုင်း၏ မျက်ရည်များနှင့် ရောထွေးနေတော့သည်။ ပါးထက်က အရည်ကြည်များကို မနားတမ်း သုတ်ဖယ်နေရင်း သက္ကဆိုသည့် လူ ထိတွေ့ခဲ့သည့် ပါးနှင့် လက်မောင်းများကို အကြိမ်ပေါင်းမနည်း ပွတ်သပ်နေမိသည် ... အသွေးထဲ အသားထဲမှ ပြောမပြတတ်လောက်အောင် ရွံသည်။ မာန့်ခြံ‌ရှေ့ ရောက်သောအခါမှ လှိုင်းသည် မျက်ရည်များကို အပြီးတိုင် သုတ်ဖယ်ပြီး အရာရာကို မေ့ပျောက်ရန် ကြိုးစားလိုက်ကာ ဘာမှမဖြစ်သည့် ဟန်ပန်ဖြင့် ဘဲလ်တီးလိုက်သည်။ တစ်ခဏလေးအတွင်း ခြံတံခါး လာဖွင့်ပေးသည့် ဦးပြုံးသည် မျက်နှာမကောင်း။

"မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်လို့လဲ လေးပြုံး။ ကျွန်တော် ဆေးသွားဝယ်တာ ကြာသွားလို့ ဗိုက်က ပိုအောင့်လာလို့လားဗျ။"

"မဟုတ်ဘူး သား။ မာန်လေး ..မာန်လေး သားကို စောင့်နေတယ်။"

ဟုတ်သား ... ဒီအချိန်ဆို မာန် နိုးလောက်ရောပေါ့။ လှိုင်းသည် ဆေးထုပ်ကို ထီးဆောင်းထားသည့် ဦးပြုံးလက်ထဲ ထည့်ကာ အိမ်ထဲသို့ အပြေးတစ်ပိုင်း ဝင်သွားလိုက်မိသည်။ အိမ်ထဲသို့ ခြေချလိုက်သည်ဆိုလျှင်ပဲ မာန်သည် သူ့အား လက်ပိုက်လျက် စောင့်ကြိုနေသည်။ စူးစိုက်ကြည့်နေသည့် အကြည့်တို့သည် ဒေါသငွေ့ မသေသည့်အပြင် ထို‌ဒေါသသည် နုနယ်သော မျက်နှာလေးကိုပါ သက်ရောက်မှု ရှိနေသည်။

"တော်တော်မှ ပျော်ခဲ့ရဲ့လား လှိုင်းသံစဥ်။"

"ဗျာ"

"မင်း အခန်းထဲ လိုက်ခဲ့။ စာရင်းရှင်းစရာ ရှိတယ်။"

မာန်သည် ပြောပြီးသည်နှင့် အိမ်ပေါ်ထပ်သို့ ဒေါကြီးမောကြီး တက်သွားသဖြင့် လှိုင်းမှာ အူကြောင်ကြောင်နှင့် နောက်မှ လိုက်ရတော့သည်။ လှိုင်း အခန်းထဲ ရောက်သည်နှင့် မာန်သည် တံခါးကို သူကိုယ်တိုင် လော့ခ်ချလိုက်ကာ လှိုင်းအား သေချာ စိုက်ကြည့်လာသဖြင့် လှိုင်းသည်လည်း မနေသာတော့ဘဲ ချော့ရတော့သည်။

"ဆောရီးပါ ကိုရိပ်ရယ် ..ကိုရိပ် အိပ်ရာနိုးတဲ့အချိန် ကျွန်တော် အနားမှာ တမင် ရှိမနေပေးတာ မဟုတ်ပါဘူး။ လေးပြုံးကလေ ..ဗိုက်နာနေလို့ ကျွန်တော့်ကို ဆေးသွားဝယ်ပေးဖို့ အကူအညီတောင်းလို့ သွားဝယ်ပေးနေရလို့ပါ။"

မာန်က သူ့ကို ဘာမှ မပြောဘဲ မျက်ခုံးတန်းများကို တွန့်ချိုးထားလျက် စိုက်ကြည့်နေဆဲမို့ လှိုင်းသည် ဦးနှောက်ကို အမြန် အလုပ်ပေးရတော့သည်။

"ဩ ..ကိုရိပ်က ကျွန်တော် ဆေးသွားဝယ်တာ ကြာလို့ စိတ်ကောက်နေတာလား။ နောက်ဆို မြန်မြန်သွား မြန်မြန်လာပါ့မယ် ကိုရိပ်ရယ်။ ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးပါဗျာ ..နော်။"

သည်တစ်ကြိမ်လည်း မာန်က အင်းမလုပ် အဲမလုပ်နှင့် စိုက်ကြည့်နေဆဲမို့ လှိုင်း အကျပ်ရိုက်ရတော့သည်။ သူ့ထင်မြင်ချက်နှစ်ခုစလုံး မမှန်လျှင် မာန်သည် အဘယ်အခြင်းအရာကြောင့် စိတ်တိုနေရတာလဲ။

"ကိုရိပ်"

မာန်သည် အနားတိုးကပ်သွားကာ သူ့မျက်နှာကို မော့ကြည့်ရင်း ခေါ်လိုက်သည့် လှိုင်း၏ နှုတ်ခမ်ပါးများကို သူ၏ နှုတ်ခမ်းများဖြင့် မလွတ်တမ်း ဖိကပ်လိုက်သည်။ မာန်က ရုတ်တရက် နမ်းလိုက်သော်လည်း မရုန်းလည်း မရုန်း ၊ မာန့်ကိုလည်း တွန်းမထုတ်ဘဲ လှိုင်းက ငြိမ်နေ‌ပေးရှာသည်။ မာန်သည် ဒေါသကြောင့် လှိုင်း၏ လည်တိုင်ကိုပါ ကိုင်ရင်း ကြမ်းတမ်းစွာ နမ်းရှိုက်နေမိသည်။ တဖြည်းဖြည်းနှင့် အားပါလာသောကြောင့် လှိုင်း၏ ခန္ဓာကိုယ်ကို နံရံနှင့် ထိကပ်လိုက်သည့်တိုင်အောင် မာန်သည် လှိုင်း၏ နှုတ်ခမ်းပါးများကို အလွတ်မပေးသေးဘဲ တရှိုက်မက်မက် ထိကပ်ထားမိသည်။

လှိုင်းသည် မာန်၏ အနမ်းများ၌ မွေ့လျော်နေသည်မျိုး မဟုတ်ပေမဲ့ မာန်သည် မနေ့က သူ့ကို ပြောသလို အစမ်းလေ့ကျင့်နေတာ ဖြစ်မှာပါဟု စိတ်ထဲ ခံယူထားသဖြင့် မာန် စိတ်ချမ်းသာအောင် ငြိမ်သက်ပေးနေမိသည်။ သို့သော် အချိန်တစ်ခု ကြာသည်အထိ ကင်းလွတ်ခွင့်မရသည့် နှုတ်ခမ်းများကြောင့် လှိုင်း အသက်ရှူမဝတော့သဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်မိသည်။ ထိုအခါ မာန်သည် သူ့ကို ဒေါသမကင်းသည့် မျက်လုံးများဖြင့် စိုက်ကြည့်ရင်း မထင်မှတ်ထားသော စကားကို ဆိုလိုက်လေသည်။

"ဘာလဲ ..မင်းက ငါ့ကိုကျ ရုန်းပြီး လမ်းလယ်ခေါင်မှာ မင်းအကောင်နဲ့ကျတော့ ပလူးချင်တိုင်း ပလူးနေတယ်ပေါ့ ..ဟုတ်လား လှိုင်းသံစဉ်။"

ဝိုင်းစက်သွားသည့် မျက်ဝန်းများဖြင့် လှိုင်း မာန့်ကို ကြည့်လိုက်မိသည်။ ခပ်ဟဟ ပွင့်လာသည့် နှုတ်ခမ်းပါးများသည် အံ့အားသင့်မှုကို မီးမောင်းထိုးပြနေသည်။ မာန် ယခု ... ဘာပြောလိုက်တာလဲ။

"မင်းက အဲ့လို အကောင်တွေနဲ့ ပလူးရတာ ကြိုက်တာလား။ ဘာလို့ ငါ့ကို စောစော မပြောတာလဲ ဟမ်။ ငါ့ကိုသာ အရင်ကတည်းက ပြောထားရင် ငါလည်း မင်းကို ..."

"ကိုရိပ်"

မာန်သည် ပြောနေရင်း လှိုင်း၏ အင်္ကျီအောက်သို့ လက်ထိုးထည့်ကာ ရင်ဘတ်တစ်လျှောက် မထိတထိ ထိတွေ့လာသဖြင့် လှိုင်းသည် မာန့်ကို မရည်ရွယ်ပါဘဲ တွန်းထုတ်လိုက်မိသည်။ မာန်သည် လှိုင်း၏ လုပ်ရပ်ကြောင့် မယုံသင်္ကာဟန်ဖြင့် ကြည့်လာကာ သူ့အား နာကျင်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသော လှိုင်းအနားသို့ ထပ်မံ တိုးကပ်သွားလိုက်သည်။

"မင်းက ငါ့ကိုကျ တွန်းထုတ်တယ်ပေါ့ ဟုတ်လား။"

စကားဆုံးသည်နှင့် မာန်သည် လှိုင်းကို မေးစေ့နားမှ လက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ဆာလောင်မွတ်သိပ်နေဟန်ဖြင့် ထပ်မံ နမ်းရှိုက်လာပြန်သည်။ သည်တစ်ကြိမ်တွင်တော့ လှိုင်းသည် ငြိမ်မနေတော့ဘဲ မာန့်ကို လက်များဖြင့် အတင်းတွန်းထုတ်နေမိသည်။

"အနာပေါ် အနာ ဆင့်အောင် ထပ်မလုပ်ပါနဲ့လား ကိုရိပ်ရယ်။ သက္ကဆိုတဲ့လူ လုပ်သလိုမျိုး မလုပ်ပါနဲ့ဗျာ။"

အားကုန် တွန်းနေသော်လည်း မာန်သည် လှိုင်း၏ လက်နှစ်ဖက်စလုံးကို သူ၏ လက်များဖြင့် နံရံ၌ ကပ်ကာ ချုပ်ထားသဖြင့် လှိုင်းမှာ ရုန်းနေသည့်တိုင်အောင် အခြေအနေက ထူးခြားမလာ။ မာန်သည် သူ ကျေနပ်အားရသည်အထိ နမ်းရှိုက်ပြီးမှသာ လှိုင်း၏ အောက်နှုတ်ခမ်းကို နာနာဖိကိုက်ထားသည်။ အောက်နှုတ်ခမ်းပါးလေးမှ ခါးသက်သက် အရသာ ရလာမှသာ မာန် လွှတ်ပေးလိုက်သည်။

ထိုအခါ သူ့ကို ကြည့်နေသည့် မျက်ရည်များ လျှံနေသော မျက်ဝန်းညိုများနှင့် မာန် အကြည့်ချင်းဆုံသည်။ သွေးထွက်နေသော အောက်နှုတ်ခမ်းလေးသည်လည်း ခပ်ဟဟ ဖြစ်နေသည်။ မျက်ရည်များ အဆက်မပြတ် စီးကျနေသည့် လှိုင်း၏ ပုံစံသည် မာန့်ကို တစ်ခုခု ပြောလိုဟန် ရှိသော်လည်း ရင်တွင်းရှိ စကားလုံးတို့သည် လည်ချောင်း၌ပင် ပျောက်ရှနေသဖြင့် ဆိတ်ငြိမ်နေပုံ ပေါ်သည်။

"ငါ့ကို ဘယ်လို အကြည့်နဲ့ လာကြည့်နေတာလဲ လှိုင်းသံစဉ်။ မင်း အကြည့်တွေကို ခုချက်ချင်း ပြင်လိုက်စမ်း။"

မာန့်ကို နာကျည်းချက်များ မပါသော်လည်း သူ၏ နှလုံးသားဒဏ်ရာကို ထင်ဟပ်စေသည့် နာကျင်မှုများ အပြည့်ပါဝင်နေသော မျက်ရည်ရောနေသည့် အကြည့်တို့ဖြင့် လှိုင်းသည် စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးမှ မျက်လွှာကို ချလိုက်မိသည်။ သက္က၏ အပြုအမူများမှ ပြန်ရုန်းထွက်ခဲ့သည်မှာ သူ၏ စိတ်ထဲ မာန်ရိပ်မော်ဆိုသည့် လူသား၏ ပုံရိပ်များ ကြီးစိုးနေခဲ့ကြောင်း မာန့်ကို လှိုင်း ဘယ်လို ရှင်းပြရမည်နည်း။ ခေါင်းငုံ့ကာ အကြည့်လွှဲထားသဖြင့် မျက်ရည်များသည် ကြမ်းပေါ်သို့ ပိုးပိုးပေါက်ပေါက် ကျနေသည်။

"အဲ့ကောင်က ဘယ်သူလဲ။"

"....."

"ငါ မေးတာ ဖြေလေ။ အဲ့ကောင်က ဘယ်သူလဲလို့။"

မာန်သည် သူ၏ မေးခွန်းကို မဖြေဘဲ ခေါင်းကိုသာ ငုံ့ငိုက်ထားသည့် လှိုင်း၏ မျက်နှာအား လက်ဖြင့် ဖျစ်ညှစ်ကာ သူနှင့် အကြည့်ချင်းဆုံစေလိုက်သည်။ လှိုင်းသည် ဝမ်းနည်းမှုကြောင့် တဆတ်ဆတ် တုန်ယင်နေသည့် နှုတ်ခမ်းဖျားများကို ထိန်းကာ စကားကို တိုးညှင်းညှင်း ဆိုလိုက်မိသည်။

"ကိုကြီးတို့ သူငယ်ချင်း"

"မင်းနဲ့ သူနဲ့က ဘာတွေလဲ။"

"သူစိမ်းတွေ"

"အဟက် ..သူစိမ်းတွေ ဟုတ်လား။ ဘယ်လိုမျိုး သူစိမ်းတွေက လူရှေ့မရှောင် သူရှေ့မရှောင် ဖက်နေကြမှာလဲ။"

"ကိုရိပ် ..ကိုရိပ် ကျွန်တော့်ကို အထင်သေးလွန်းနေပြီဗျ။"

"မင်းကို ငါက အထင်သေးတယ်ပေါ့။ အဟက် ..အထင်သေးမခံချင်ရင် လူပြောမခံရအောင် နေလေ။"

"ကိုရိပ်ကို ပြောပြီးပြီလေဗျာ။ ကျွန်တော်နဲ့ သူက ဘာမှ မဟုတ်ဘူးလို့ ..."

အဖျားခတ်ကာ တိမ်ဝင်သွားသည့် လှိုင်း၏ စကားသံကြောင့် မာန်သည်လည်း မွန်းကြပ်လာရသည်။ လှိုင်း တစ်ယောက်တည်း ဆေးသွားဝယ်သည်ကို စိတ်မချဘဲ အိပ်ရာမှ နိုးနိုးချင်း နောက်မှ လိုက်သွားခဲ့မိသည့် သူ့ကိုယ်သူပဲ မာန် အပြစ်ဖို့ရတော့မည်လား။

"ကိုရိပ် ... သူက ကျွန်တော့်ကို ..."

"တော်‌တော့ ..မင်းရဲ့ ဆင်ခြင်တွေ ငါ မကြားချင်ဘူး။"

"ကိုရိပ် ... အဲ့တော့ ..ကျွန်တော် ဘာပြောပြော ..ကိုရိပ်က မယုံဘူးပေါ့။ ဆင်ခြင်ပေးတယ်လို့ ထင်နေတယ်ပေါ့ ..ဟုတ်လား ကိုရိပ်။"

"အေး မယုံဘူး။ မင်းရဲ့ စကားတွေကို ငါ မယုံဘူး။ ငါ့ရှေ့က ထွက်သွား။ ငါ့ရှေ့က ခုချက်ချင်း ထွက်သွား လှိုင်းသံစဉ်။ မင်းမျက်နှာကို ငါ မမြင်ချင်ဘူး။"

"သွားလိုက်ပါတော့ ..ငါ မင်းကို နာကျင်အောင် ထပ်မလုပ်မိခင် ထွက်သွားလိုက်ပါ‌တော့ ပုတက်ရာ။"

မာန်သည် သူ တင်းတင်း ဆုပ်ကိုင်ထားသည့် လှိုင်း၏ မျက်နှာကို လွှတ်ပေးလိုက်ပြီး လှိုင်း၏ လက်ကို ဆွဲကာ အခန်းပြင်သို့ တွန်းထုတ်လိုက်မိသည်။ မာန် တွန်းထုတ်လိုက်သည်မှာ အားမပါလှသော်လည်း နှလုံးသားတစ်ခုလုံး အစိတ်စိတ် အမြွှာမြွှာ ပြိုလဲပျက်စီးနေသည့် လှိုင်းကမူ ကြမ်းပြင်၌ ထိုင်လျက် လဲကျသွားသည်။ ဂျိန်းခနဲ မြည်အောင် ပိတ်သွားသည့် တံခါးပိတ်သံကြောင့် လှိုင်း၏ ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားသည်။ ထိုင်လျက်နှင့်ပင် ပိတ်သွားခဲ့သည့် တံခါးကို ငေးရင်း မျက်ရည်မိုးကို အသံတိတ် သွန်းဖြိုး​နေမိသည်။

"ဘာလို့ မယုံနိုင်ရတာလဲ ကိုရိပ်ရယ်။ ကျွန်တော့်အတွက် ကိုရိပ်တစ်ယောက်တည်း ရှိတာကို ဘာလို့ မသိရတာလဲဗျာ။"

အချိန်ကာလတို့သည် အိမ်ကျယ်ကြီးထဲရှိ ကောင်လေးနှစ်ယောက်အတွက် မတည်ရှိတော့သကဲ့သို့ နာရီ မိနစ် စက္ကန့်တို့ကို မေ့လျော့ကာ လှိုင်းသည် မာန့်အခန်းဝ၌ ဒူးနှစ်ဖက်ကို ပိုက်လျက် အသံတိတ် ငိုနေမိသကဲ့သို့ မာန်သည်လည်း အခန်းတံခါးကို မှီလျက် တိုးတိမ်စွာ ရှိုက်နေမိသည်။ လှိုင်းသံစဉ် သူ့အပေါ် လုပ်ရက်သည်။ မာန့်မှာတော့ သူ့ကို ခင်တွယ်လိုက်ရတာ ... ဘုန်းသွင်နှင့် မိုးထက်တို့အပေါ်၌ပင် မထားရှိခဲ့ဖူးသည့် သံယောဇဉ်ကြိုးမျိုးနှင့် လှိုင်းသံစဉ်တစ်ယောက်တည်းကို ချည်နှောင်နေခဲ့မိသည်ကို သူကကျ မာန့်ကွယ်ရာမှာ တခြားတစ်ယောက်၏ ရင်ခွင်ထဲ ရောက်နေသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ လှိုင်းသံစဉ်အား မာန်ရိပ်မော်ဆီမှ ခေါ်ထုတ်သွားခွင့်မပြုနိုင်။ လှိုင်းသံစဉ် အိမ်ကို စရောက်သည့် ့ကတည်းက စာချုပ်စာတမ်း မရှိသော်ငြား သူသည် အမြဲတမ်းအတွက် မာန်၏ မူပိုင်။

မာန်ရိပ်မော်ကို ငိုအောင် လုပ်နိုင်သည့် သူစိမ်းကို လက်ညှိုးညွှန်ဟု ဆိုလျှင်လည်း တစ်‌လောကလုံး၌ လှိုင်းသံစဉ် တစ်ယောက်တည်းသာ ရှိလိမ့်မည်။ အိမ်ကို စရောက်သည့် နေ့ကတည်းက မာန့်ကို မျက်ရည်မိုး ရွာသွန်းစေခဲ့သူ။ ယခုလည်း မာန် မကြိုက်မှန်း သိသိလျက်နှင့် မာန့်မျက်ကွယ်ရာ၌ ဖြစ်ချင်တိုင်း ဖြစ်နေသည့်သူ။ လှိုင်းသည် လူမြင်ကွင်း၌ ထိုသို့ ပြုမူနေမည့် လူမျိုး မဟုတ်မှန်း မာန့်စိတ်ထဲ သိနေသည့်တိုင်အောင် တကယ့်လက်တွေ့တွင်တော့ လှိုင်းကို စကားလုံးအရရော အပြုအမူအရပါ နာကျင်အောင် လုပ်လိုက်မိပြီ။ အတောမသတ်နိုင်အောင် ကျဆင်းလာသည့် အရည်ကြည်များသည် ဝမ်းနည်းမှုကို ညွှန်းဆိုနေသည်လား ၊ အမျက်ဒေါသကို သက်သေထူနေသည်လား မာန်ကိုယ်တိုင် မသိတော့။

"လှိုင်း"

ညနေစောင်းနေပြီမို့ နေ့လည်စာပင် မစားရသေးသည့် ကလေးနှစ်ယောက်အား ဒေါ်ဝင်း အပေါ်ထပ် တက်ကြည့်လိုက်ရာ ဆေးသွားဝယ်ရင်း မိုးမိလာသည့် လှိုင်းသည် ရေစိုဝတ်များနှင့် အခန်းဝ၌ ကျုံ့ကျုံ့ကလေး ထိုင်နေသည်။ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့လည်း မာန်က တံခါးကို အတွင်းဘက်မှ ဂျက်ချထားသည်။

"သား ..မာန်လေးနဲ့ ဘာဖြစ်ထားတာလဲ။"

"ကိုရိပ် ... ကျွန်တော့်ကို စိတ်ဆိုးနေတယ် အန်တီဝင်း။"

ငိုမဲ့မဲ့လေးနှင့် ပြောလာသည့် လှိုင်းသည် အမှန်စင်စစ် ဆို့နစ်ကြေကွဲနေဟန်။ ငိုထားမှန်း သိသာသည့် ရီဝေဝေ မျက်လုံးများသည် မို့မောက်နေသည့်အပြင် နှာသီးထိပ်လေးသည်လည်း ရဲလို့ နေသည်။

"အင်္ကျီလည်း မလဲရသေးဘူး လှိုင်းရယ်။ လာ ..မာန်လေး တံခါးမဖွင့်ပေးလည်း အောက်မှာ မီးပူတိုက်ထားတဲ့ အင်္ကျီတွေ ရှိတယ်မလား။ သွား လဲလိုက် ..သွား"

လှိုင်းသည် ဒေါ်ဝင်း၏ စကားကို ခေါင်းခါပြလျက်သာ ငြင်းဆန်သည်။ ပုံစံလေးကိုက ငိုချင်လျက် လက်တို့ ဖြစ်နေသည်မို့ ‌‌‌‌ဒေါ်ဝင်းမှာ ကရုဏာသက်ရသည်။ မာန် စိတ်ဆိုးချိန်တိုင်း လှိုင်းသည် ဤသို့နှယ် ဝမ်းနည်းကာ သောကဝေနေသည့် အရိပ်အယောင်များဖြင့် ပူဆွေးနေတတ်သည်။

"သွားလဲလိုက်ပါ သားရယ်။ ရေစိုကြီးနဲ့ ကြာရင် ဖျားကုန်လိမ့်မယ်။"

"ကျွန်တော် ... ကိုရိပ်တံခါးဖွင့်တာ စောင့်နေတာ ..."

"ဒါဆိုလည်း ဒီမှာပဲ လဲမလား သား။ အန်တီဝင်း အဝတ်အစား သွားယူပေးမယ်လေ။"

ခေါင်းကိုသာ တသွင်သွင် ခါပြနေသည့် လှိုင်းကြောင့် ဒေါ်ဝင်း ရင်မောရသည်။ ဖြူရော်နေသည့် မျက်နှာလေးနှင့် သွေးထွက်နေသည့် အောက်နှုတ်ခမ်းပါးလေးသည် မြင်ရသူကို ရင်နင့်စေသည်။

"နှုတ်ခမ်းက ဘာဖြစ်တာလဲ လှိုင်း။"

"ကျွန်တော် ..ကျွန်တော် ခုန ခိုက်မိသွားလို့။"

"ဘာနဲ့ ခိုက်မိတာလဲ သားရဲ့ ..သွေးတောင် ဆို့နေပြီကို။"

"ဖြေရခက်တဲ့ မေးခွန်းတွေ မမေးပါနဲ့လား အန်တီဝင်းရယ်။"

လှိုင်းသည် မာန် ကိုက်လိုက်သည့် အောက်နှုတ်ခမ်းအား လက်ဖြင့် အသာအုပ်ကာ -

"ကျွန်တော် အဆင်ပြေပါတယ် အန်တီဝင်း။"

"အေးပါကွယ် ..ဒါဆိုထမင်းစားမယ်မလား။ အန်တီဝင်း ယူလာပေးမယ်လေ။"

"ကျွန်တော် မဆာသေးဘူး အန်တီဝင်း။ ကျွန်တော် ..ကိုရိပ်နဲ့မှ တူတူစားမလို့။"

ဒေါ်ဝင်းသည် လှိုင်းကို ပြောမရသည့်အဆုံး သက်ပြင်းမောကိုသာ ပင့်သက်ရှိုက်ရတော့သည်။ လှိုင်းကို ပြောမရသည့်အတွက် မာန့်ဘက်သို့ သူမ မြားခေါင်းလှည့်ရတော့သည်။

"မာန်လေး ထမင်းစားမယ်လေ။ ထွက်လာခဲ့ သား။"

"မစားဘူး။ ဘာထမင်းမှ မစားချင်ဘူး။"

"နေ့ခင်းကလည်း ဘာမှ မစားရသေးဘူးမလား မာန်။ ထွက်ခဲ့ လာ ..သားကြိုက်တဲ့ ဟင်းတွေပဲ အန်တီဝင်း ချက်ထားတာ။"

"မစားဘူး ..ဘာမှ မစားဘူး။ တံခါးထပ်မခေါက်နဲ့တော့ အန်တီဝင်း။ သား တစ်ယောက်တည်း နေချင်တယ်။"

အခန်းထဲမှ ပြန်အော်ပြောလာသည့် မာန်၏ အသံသည် အခန်းပြင်ထိ လျှံထွက်လာသည်။ တသိမ့်သိမ့် ရှိုက်နေသည့် လှိုင်းသည် မျက်ရည်များ ကျမနေသော်လည်း ဒူးနှစ်ဖက်ကို ပိုက်ကာ ငြိမ်သက်နေရှာသည်။ ဒေါ်ဝင်းလည်း ခေါင်းမာသည့် ကလေးနှစ်ယောက်စလုံးကို ပြောမနိုင်တော့သဖြင့် စိတ်လျှော့ကာ အောက်ထပ်သို့ ပြန်ဆင်းလာလိုက်ရသည်။ သူမ၏ ဩဇာသည် ဘယ်လိုနည်းနှင့် ဆရာ ဦးသော်က၏ တစ်ဦးတည်းသော မိတဆိုးသားလေး မာန်ရိပ်မော်အပေါ် သက်ရောက်နိုင်မည်နည်း။ လှိုင်းသံစဉ်ဆိုသည်မှာလည်း မာန့်ကိုသာ ဦးထိပ်ပန်ထားပြီး မာန့်မျက်နှာကိုသာ အရိပ်တကြည့်ကြည့်နှင့် နေလာခဲ့သည့် ကလေးမို့ မာန့်စကားလောက် သူမ၏ ပြောစကားမှာ အရာမဝင်။

မည်သို့ပင် ဖြစ်စေကာမူ ဒေါ်ဝင်းသည် ကလေးနှစ်ယောက်ကိုတော့ သူတို့သဘောအတိုင်း လွှတ်ထား၍ မရ။ နှစ်ယောက်စလုံးသည် ထမင်းမစားရသေးသည့်အပြင် လှိုင်းဆိုလျှင် မိုးမိထားသည် ဖြစ်၍ ဒေါ်ဝင်းသည် နှစ်ယောက်စာ ထမင်းကို ပြင်ကာ ဟင်းတွေကို ထမင်းဘေး၌ ပုံပေးကာ မာန့်အခန်းသော့ကိုပါ ယူပြီး အိမ်ပေါ်ထပ်သို့ ဗန်းတစ်ခု ကိုင်လျက် ပြန်တက်လာသည်။ သူမ အပေါ်ထပ် ပြန်ရောက်သောအခါ လှိုင်းသည် ငိုရလွန်း၍ ပင်ပန်းသွားဟန်ဖြင့် နံရံကို မှီလျက် မျက်လုံးများကို အသာမှိတ်ထားသည်။ ဒေါ်ဝင်းသည် မာန့်အခန်းတံခါးကို သော့ဖြင့် ဖွင့်လိုက်ပြီး တံခါးကို တွန်းကြည့်သော်လည်း တစ်ခုခုနှင့် ခံနေသဖြင့် ချက်ချင်း တံခါးဖွင့်မရ။

"အန်တီဝင်း ဘာဝင်လုပ်တာလဲဗျာ။ သားတစ်ယောက်တည်း နေချင်ပါတယ်ဆို။"

တံခါးဖွင့်ဝင်လာသည့် ဒေါ်ဝင်းကြောင့် မာန်သည် တံခါးကို မှီကာ ဆက်ထိုင်နေဖို့ အခွင့်မသာတော့ဘဲ မတ်တပ်ထရပ်လိုက်ရတော့သည်။ ဗန်းတစ်ခုကို ကိုင်ထားသည့် ဒေါ်ဝင်းသည် သူ့ကို နူးညံ့စွာသာ ကြည့်လျက် စကားဆိုလာသည်။

"ထမင်းမစားလို့ အစာအိမ်ဖြစ်ရင် မာန်လေးပဲ ခံရမှာနော်။ ထမင်း လာစား သား။"

အခန်းထဲ ရောက်မှ ‌ဒေါ်ဝင်း မာန့်ကို သေချာကြည့်မိရာ မာန်သည်လည်း လှိုင်းနည်းတူ ငိုထားပုံ ရသည်။ မာန်သည် အသားဖြူသူပီပီ မျက်နှာတစ်ခုလုံးသည် ပန်းနု‌ရောင်သန်းနေလေရာ ငိုထားမှန်း ပိုမို သိသာထင်ရှားနေလေသလေ။

"ဒါဆို ဘာလို့ နှစ်ပန်းကန်တောင်လဲ။"

"လှိုင်းလည်း မစားရသေးဘူးလေ မာန်လေးရဲ့။"

ပြောရင်း ဒေါ်ဝင်းသည် စာရေးစားပွဲ၌ ထိုဗန်းကို သွားချကာ အခန်းပြင်သို့ ထွက်သွားသည်။

"လှိုင်း ..လှိုင်း ... ဟယ် မာန်လေးရေ ..လှိုင်း သတိလစ်နေတယ်။"

"ဗျာ"

မာန်သည် ခုတင်ပေါ် ထိုင်နေရာမှ တစ်မုဟုတ်ချင်း လှိုင်းရှိရာ အခန်းပြင်သို့ ထွက်လာလိုက်မိသည်။

"လှိုင်းသံစဉ် ..လှိုင်းသံစဉ် ... ထဦး ဟိတ်ရောင်။ ဟာ ဒီကောင်ကတော့ ..."

မာန်သည် လှိုင်း၏ မျက်နှာကို အသာပုတ်ကာ နှိုးနေသော်လည်း မျက်လုံးများက ပွင့်လာခြင်း မရှိလေရာ မာန်သည် လှိုင်းကို ပွေ့ချီလျက် အခန်းထဲ ပြန်ဝင်လာလိုက်သည်။ ချီလာတော့လည်း ခန္ဓာကိုယ်ပိန်သွယ်သွယ်လေးက ယခင်ကအတိုင်း အသာလေး ပါလာသည်။ အိပ်ရာပေါ် တင်လိုက်သည်အထိ တုပ်တုပ်ပင် မလှုပ်သည့် အညိုလုံးလေး၏ ရင်ဘတ်၌ ကြိုးတပ်မျက်မှန်လေးက အခန့်သား တည်နေသည်။ ကိုယ်တွေလည်း ပူနေတာ ခြစ်ခြစ်တောက်ပဲ။ စိတ်တိုနေတာတောင် ကောင်းကောင်း တိုလို့မရအောင် သည်ပုတက်လေးက လုပ်နိုင်သည်။

"အန်တီဝင်း ဆရာဝန်ပင့်လိုက်တော့ ..ကိုယ်တွေ အရမ်းပူနေတယ်။"

မာန်၏ စကားကို ဒေါ်ဝင်းက ခေါင်းညိတ်ပြပြီး အခန်းပြင်သို့ ရေးကြီးသုတ်ဖျာ ထွက်သွားသည်။ မာန်သည် ရေများ စိုနေသည့် ဆံပင်များကို သပ်တင်ပေးရင်း ငိုထားသဖြင့် မို့မောက်နေသည့် မျက်ခွံလေးများကို ငေးကြည့်နေမိသည်။

"မင်းကို ငါ ဘယ်သူ့ကိုမှ မပေးနိုင်ဘူးနော် လှိုင်းသံစဉ်။ မင်းက ငါ့အတွက်ပဲ ဖြစ်ရမယ်။"

နှုတ်မှ တိုးတိုးပြောပြီး မာန်သည် ပြောင်ရှင်းနေသည့် လှိုင်း၏ နဖူးပေါ်သို့ အနမ်းတစ်ပွင့်ကို ခပ်ဖွဖွ ခြွေချလိုက်မိလေသည်။ မကြာမီပင် ဒေါ်ဝင်းက အခန်းထဲ ပြန်ရောက်လာကာ ဆရာဝန် ခေါ်ပြီးသည့်အကြောင်း လာပြောသည်။ မာန်သည် ဒေါ်ဝင်းကို အခန်းပြင် ပြန်ထွက်ခိုင်းပြီးမှ တံခါးကို လော့ခ်ချကာ လှိုင်းအား အဝတ်အစား လဲပေးလိုက်သည်။ အဝတ်အစား လဲပေးနေသော်လည်း ကျေးဇူးရှင်လေးက နိုးမလာဘဲ နှစ်ခြိုက်စွာဖြင့် အိပ်မောကျနေသည်။ ပထမဆုံးအကြိမ် မြင်တွေ့ခွင့်ရသည့် လှိုင်း၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းသည် မာန်၏ တွန့်တိုစိတ်ကို ပို၍ပင် အားကြီးလာစေသည်။ တစ်ဘဝလုံး ပိုင်ဆိုင်လိုစိတ်ကို ထပ်တိုး အားဖြည့်စေသည့် အတွင်းသားများသည် မာန်၏ ရင်ခုန်သံများကို မြန်ဆန်လာစေသည်။

"ငါ အခုလို တဇွတ်ထိုးတွေ လုပ်နေမိတာ မင်းကြောင့်ပဲ ပုတက် ... လှိုင်းသံစဉ်ဆိုတဲ့ မင်းကို ငါ ဘယ်သူ့လက်ထဲကိုမှ မထည့်ပေးနိုင်ဘူးကွ။ မင်းမရှိဘဲနဲ့လည်း ငါ မနေနိုင်ဘူး။ မင်းကို ငါ့ဆီက လာလုတဲ့ ဘယ်သူ့ကိုမဆို ငါကိုယ်တိုင် သတ်ပစ်မှာ။"

လှိုင်းကို အဝတ်အစား လဲပေးပြီးနောက် မာန်သည် သူကိုက်လိုက်သဖြင့် သွေးဆို့နေသော လှိုင်း၏ အောက်နှုတ်ခမ်းလေးကို ကြည့်ကာ တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေမိသည်။ ဤသည်ကိုတော့ သတိကင်းမဲ့နေသည့် လှိုင်းတစ်ယောက် မကြားလိုက်ပါချေ။

တိတ်ဆိတ်ခြောက်ကပ်နေသည့် အိမ်ကြီးထဲ အဖျားရှိန်ကြောင့် မိန်းမောနေသည့် ညိုစိမ့်စိမ့် ကောင်လေးအား တစ်ညလုံး မအိပ်ဘဲ လူနာစောင့် လုပ်ပေးနေသည့် ဆံပင်ကောက်ကောက်လေးများနှင့် ကောင်လေးတစ်ယောက်သည် အမှောင်ယံ ကြီးစိုးသည့် လကွယ်ည၌ အထီးကျန်စွာ တည်ရှိနေတော့သည်။

~ 8/5/2023 (10:31 p.m.) ~

{ Author's Note :
Recommend Song for Mhan Yeike Maw - ဆု (ရင်ဂို) }

Continue Reading

You'll Also Like

22.7K 1K 16
Jack Morrison is considered a farm boy, the Golden Boy, the most selfless one you could meet in Abnegation. But he decided to choose Dauntless when t...
35.1K 1.6K 27
Heracles Potter had everything she ever could have hoped for. She had a place to call home. She had people who understood her. For the first time in...
72.4K 868 32
A couple of fluffs and hyper unrealistic realities where you get to date, Sebastian Stan! (c'mon who doesn't want that?) And you're probably already...
6.2K 124 9
Amid the deadly war when hope was lost and despair embraced the warriors, an unnatural phenomena occured in the magestic Grandline. Time stopped, lig...