Sean's Adorer (Complete)
By peonywang18
96.9K 6.3K 570
ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး... More
SA°1°
SA°2°
SA°3°
SA°4°
SA°5°
SA°6°
SA°7°
SA°8°
SA°9°
SA°10°
SA°11°
SA°12°
SA°13°
SA°14°
SA°15°
SA°16°
SA°17°
SA°18°
SA°19°
SA°20°
SA°21°
SA°22°
SA°23°
SA°24°
SA°25°
SA°26°
SA°27°
SA°28°
SA°29°
SA°30°
SA°31°
SA°32°
SA°33°
SA°34°
Epilogue
3.6K 151 14
By peonywang18
SA°35°
"Bae...ဘာလုပ်ချင်လဲ။ ဘာစားချင်လဲ...ကိုယ့်ကိုစကားပြောပါအုန်းကွာ.."
စားရတဲ့ကလေးက ပိုငတ်ကြီးကျဆိုသည့်အတိုင်း တစ်ညလုံးတင်မဟုတ် မနက်ခင်းထိပါ အလွတ်မပေးသည့် ဉီး။ညစာပါလွတ်သည့်အပြင် မနက်စားနှင့် နေ့လယ်စားကို ပေါင်းစားရတဲ့ သူ့အဖြစ်...အရပ်ကတို့ရေ ကြားလို့မှကောင်းသေးရဲ့လား။ အခုမှ ယုန်ပေါက်လေးလို နှာခေါင်းတရှုံရှုံမျက်နှာကလေးငယ်လို့ လာချော့နေတာသူကြီးကို...မကျေနပ်နိုင်ပါဘူး။
"အခန်းအသစ်ဖွဲ့မယ် ဉီး အဲ့အခန်းမှာနေ။ ငြင်းမယ်မကြံနဲ့နော် မြေခွေးသား စားချင်နေတာ! "
လမ်းတောင်မလျှောက်နိုင်တဲ့ သူက ယခု ခုတင်ဘောင်ကို မှီလျက်ထိုင်နေရတယ်။ အသံတွေဝင်သည်အထိ...တကယ့်ကို လူကိုအလွတ်မပေဘူး။
"ကိုယ်က baeမရှိရင် အိပ်မပျော်ဘူးလေ...မြေခွေးသားထပ် ဝက်သားကပိုစား...မပြောတော့ပါဘူးကွာ"
မျက်စောင်းလေးက ဒိုင်းကနဲပစ်လာတာမို့။ ဝက်သားစားမည့် အရေးကိုအတွေးထဲက ခဏတာ ဖျောက်ပစ်လိုက်ရသည်။ သူကလည်း သူပဲ baeတောင် မထနိုင်သည်အထိ ယုယမိသွားတာ...နည်းနည်းလေး လက်သန်းလောက်လေး လွန်သွားသလိုပဲ။
"Bae ခွေးမွေးချင်တယ်ဆို အဲ့တာခွင့်ပြုမယ်"
အစက သူ့ထက် ခွေးလေးကို ပိုဂရုစိုက်မှာစိုး၍ အိမ်ကိုခွေးတစ်ကောင် ကြောင်တမြီးမှ မဝင်စေခဲ့။မဟုတ်ရင် သူ့မှာခွေးကိုသဝန်တိုရမဲ့ ဘဝရောက်လိမ့်မယ်။ အခုတော့ မင်းသားလေး စိတ်ဆိုးပြေဖို့အရေး၊ သူလည်းဝက်သားစားရ...အဲ့...မပြောတော့ပါဘူး စကားတွေ အများကြီးပြောရင် အမှားတွေပါလိမ့်မယ်။
Baeကိုမြင်တာနဲ့ ရွာထဲက ကလေးတစ်သိုက်က ပေါက်စီကောကောဆိုပြီး သူ့အပိုင် ပါးဖောင်းဖောင်းလေးတွေကို အာဝါး ပေးတာကြောင့် သူ့မှာ အိမ်အပြင်တောင် မထွက်ခိုင်းခဲ့..အခုတော့ ဟင်း..Bae စိတ်ဆိုးပြေမို့အရေး ဒို့အရေးပဲ..
"တကယ်လားဟင်..."
မျက်လုံးလေးတစ်လက်လက်နှင့် ချာတိတ်သည် ခွေးမွေးရမည်ဆိုတော့ ပျော်နေဟန်...
"ဒါပေါ့.."
"ဟီး..အဲ့တာကြောင့် ဉီးကို ချစ်.."
ခွေးမမွေးခိုင်းရင်တောင် ဉီးကိုချစ်တာပါပဲ...အခုကတော့ ပိုချစ်တာပေါ့..
ထိုနေ့တွင်Baeဟာ ပါပီအနွယ်ဝင်fluffy dogဖြစ်တဲ့ ဖြူလုံးကောင်ကို ဝယ်လာလေ၏။ ခွေးပေါက်လေးဆိုသည့်အတိုင်း လူအရမ်းကပ်သည်။အဲ့အကောင် အသံလေး ညောင်နာနာနဲ့ အော်တိုင်း သူ့baeက ကလေးသဖွယ် အမြဲချီပိုးထားရသည်။ ​ခှေး​ပေး​မှေးမိတာ မှားပြီလားမသိဘူး...
.
.
.
"ဉီးရေ ခရင်လေးလုပ်ပေးပါအုန်း.."
ဒီနေ့သည် သူတို့၏ ဆယ်နှစ်ပြည့် anniversaryနေ့ဖြစ်သည်။ သူ့၏baeသည် အသက်သုံးဆယ်ကျော် ရှိလာတာတောင် အရွယ်တင်နေဆဲပင်။ အပင်ပန်းမခံပါနဲ့ ဆိုလည်းမရဘူး မင်္ဂနှစ်ပတ်လည်အတွက် ကိတ်ကိုသူကိုတောင် လုပ်ချင်ပါတယ်တဲ့။ အပြင်ကမှာမယ်ဆိုလည်းမရ ဉီးကူပေးရင် မပင်ပန်းဘူးတဲ့...ကဲ...ဒီလူက ဘယ်လိုတားရမလဲ။
"ဒီလောက်ဆို ရပြီလား.."
"ဟုတ်...ဒါနဲ့ သုံးထပ်ကိတ်လုပ်မလားဉီး...ဘာအရသာကြိုက်လဲ"
"Baeသဘော..."
နှုတ်ခမ်းလေး တစ်ဆူဆူနဲ့ မျက်လုံးလေး မှိတ်ကာစဉ်းစားခန်းဝင်နေပါသော သူ့ကလေးလေး..
"အဲ့တာဆို...အင်း...စတော်ဘယ်ရီဆိုရင်ရော.."
"မင်းလေး သဘောပဲ.."
"ကျဲမာရီရာတို့လာရင် ထုံထုံလေးကို မဆူနဲ့နော်.."
မာရီရာသည် ထုံထုံဆိုသော မျောက်လောင်းတစ်ကောင်ကို မွေးထားလေးရဲ့။ ထိုကလေးသည် သူ့baeအာ အရမ်းကပ်သည်။ အသက်ကလေးက ငါးနှစ်ရှိသေး ကြီးလာရင်သူ့baeကို ယူပါမယ်တဲ့။ လူရှေ့သူရှေ့တွင် သူ့baeရင်ခွင်ထဲထိုင်၏ သူ့အပိုင်း ပါးဖောင်းဖောင်းလေးတွေကို တမွမွနဲ့..
သူ့baeကတော့ ကလေးချစ်တတ်တဲ့လူပီပီ သဘောကျနေလေရဲ့။ သူကတော့ ထိုကလေး​ေတွလာတိုင်း baeကို စောင့်ရှောက်ရတာ အမောပင်။ ဟင်း...ဒီမျောက်လောင်းကို မာရီရာဗိုက်ထဲ ပြန်ထည့်ချင်လိုက်တာ...
.
.
.
"ဆန်ဆန်ရေ ပါးပါးစီလာပါအုန်း...ဒီကလေးနဲ့ ချွေးတွေကြီးပဲ.."
"လာဝူး..လာဝူး...ကောကောနဲ့နေမှာ..."
မျောက်လောင်းထက်ဆိုးသော ကလေးကတော့ ပိုင်ရိစန်းတို့၏ မွေးစားသမီး ခွန်ပိုင်ဆန်ပင်။ အသက်ဆယ်နှစ်ရှိတဲ့ အဲ့ကလေးမက တကယ့်ကို နှာဘူးလေးပေ။
မူလတန်းကျောင်းတွင် သူပေးစားလို့ အတွဲရသွားတဲ့ ကောင်လေးတွေအများကြီး။ ကြီးလာရင်တော့ တွေ့သမျှယောကျာ်းတိုင်း လင်ရှာပေးမလားမသိဘူး။သူ့ကိုယ်သူလည်း ဉကဲတို့၏ မားမားတဲ့...Baeကို ခိုးနမ်းမိလျှင်လည်း သူကတအားအားနဲ့...ထပ်နမ်းဆိုတာကပါသေး။ သူက အကြောင်းမဟုတ်ပေမဲ့ သူ့ကလေးက သူမဆင်ခြင်လို့ အဲ့လိုအတတ်ကောင်း​ေတွတတ်တာဆိုပြီး သူ့ကိုဆူနေသေးတယ်။
Mr. Deepကတော့ အရင်အတိုင်း လူပျိုကြီးပင်..အသက်ကြီးလာတာနဲ့အမျှ အလုပ်ကနားလို့ ကမ္ဘာပတ်ပြီး အစားအသောက် food vlogလုပ်နေလေရဲ့။ သူဘဝတစ်ဝက်လောက် ဟင်းချက်ခဲ့တာ အခုတော့တစ်လှည့် စားချိန်တန်ပြီးတဲ့...
"ဉီးရေ...ကိတ်ခွဲရအောင်"
ဒီလို လူစုံတတ်ဆုံရှိနေရတဲ့ နေ့ရက်တွေကို သူသိပ်သဘောကျမိသည် ။ မားမားကတော့ ဇရာဒဏ်ကိုမခံနိုင်ဘဲ ထွက်သွားတာ သုံးနှစ်တောင်ရှိနေပြီ။ Konတို့အိမ်ထောင်ရေးကလည်း အဆင်ပြေပြေရှိတာမို့...မားကစိတ်ချလက်ချသွားနိုင်ခဲ့တာပေါ့...
Dreamနဲ့ jackကတော့ အရင်အတိုင်း စလိုက်နောက်လိုက်နှင့်။ တစ်ခါတစ်လေ ရန်ဖြစ်ပြီး jackက အိမ်ပေါ်ကခဏခဏဆင်းတာလည်းမနည်း...dreamက အသက်တွေတာ ကြီးလာပေမဲ့ jackကို စနောက်နေဆဲပင်။ ပြီးတော့ နေ့ဝက်တောင်မကြာဘူး ပြန်တည့်ကြတာပဲလေ..
"Happy 10years anniversary par Bae..."
"ဉီး...ဒါက ကျွန်တော်လက်ဆောင်..."
ဉီးမသိအောင် သူချည်ထိုးသင်ထားသည်။ ပထမဆုံးမို့လို့ လက်ရာမသေသပ်ပေမဲ့ အရမ်းအဆိုးကြီးတော့ မဟုတ်ပေ...။ဉီးနဲ့ပတ်သတ်သမျှကို သူ့ခြေသူလက်နဲ့သာ ဖြစ်စေချင်ခဲ့တာ။အခုတော့ လက်ဆောင်အနေနဲ့ အနီရောင် ကြိုက်တဲ့ဉီးအတွက် ရဲစိုနေသော အနီရောင်မာဖလာလေး...
"ကိုယ်သဘောကျတယ် bae...ဝတ်ပေးပါအုန်း.."
လခြမ်းကွေးလေးလို သဏ္ဍန်ပေါ်သည်အထိ မေးမှိတ်ထားသော မျက်ဝန်းလေး..သဘောတကျ ပြုံးရယ်နေသော ဉီးကြောင့် သူအပင်ပန်းခံထိုးရကြိုးနပ်လေရဲ့...
"ဒါက ကိုယ့်ရဲ့လက်ဆောင်.."
သူ့ရှေ့တွင် ဒူးထောက်လို့ ပလက်တီနမ် ခြေချင်းလေးကို ဝတ်ဆင်ပေးလာသော ဉီး။ အချိန်ကြာလျှင် အချစ်တို့သည် ပေါ့လျော့လာတတ်ပေမဲ့...ဉီးသည် တစ်နှစ်ထပ် တစ်နှစ်သူ့ကို ပိုဂရုစိုက်လာသည်။ ပိုချစ်လာသည်။ ပိုတန်ဖိုးထားလာသည်...
"အမယ်လေးရှင်တို့အတွဲကို ကျွန်မတို့ အိမ်ထောင်သည် အချင်းချင်းတောင် ပြန်အားကျရပါတယ်..."
"Konကို ကိုကိုကပူဆာတော့မှာပဲ.."
သူ့ကိုကိုသည် ကောတို့အတွဲ၏ ချစ်ခြင်းကို သိပ်ကိုအားကျတာ...သူ့bossကတကယ့်ကို boyfriend material ကြီးတဲ့...ရိပေါ်လေးနဲ့ အရမ်းလိုက်ဖက်တာတဲ့..
"ဟုတ်ပါတယ် ကျဲရေ...အန်ကယ်deepလို လူပျိုကြီးကတော့ ပြောမနေနဲ့..."
Dreamကတော့ ထုံးစုံအတိုင်း အတွဲတွေကြားက လူပျိုကြီးကို စနေလေရဲ့..
"ကဲ..ဒီကလေးတော့!"
"ဟား....ဟား..."
Mr.deepက စနောက် မာန်မဲမှုအဆုံး သူတို့အချင်းချင်း ရယ်မောမိကြလေရဲ့။ ဒီမိသားစုအရိပ်အမြုံတွင် သူတကယ်ပျော်ရွှင်ရပါသည်။ ဘဝသည် ဖယောင်းလမ်းလို အမြဲမချောမွေ့နိုင်ပေမဲ့...တစ်ချိန်ချိန်တွင် အပူအပင်ကင်းကင်းနှင့် အေးချမ်းစွာ ထိုသူ၏လက်ကို ကိုင်ဆွဲနိုင်ခဲ့သည်။
.
.
.
"ဉီး..."
သူ့အာရင်ခွဲထဲ ပွေ့ဖက်ထားလို့ ကောင်းကင်ရှိ ကြယ်များကို ကြည့်ရှုနေသောဉီး...
"ဗျာ..."
"သီချင်းဆိုပြ..."
"ကိုယ်မှမဆိုတတ်တာ..."
"ဟွန့်...ဒီကလေးလေးကို အလိုမလိုက်ချင်တာလား..ပြော...."
ချွဲစိန်လေးကြောင့် သူအရင်baeကိုချစ်ခွင့်ပန်တုန်းက perfect သီချင်းလေးကို ဆိုပြလိုက်သည်။ ဒီကလေး သူ့အတွက်အရမ်းကို ပြီးပြည့်စုံတဲ့လက်တွဲဖော်ပဲ။
ဉီးရဲ့ရင်ခွင်ထဲကို ပိုတိုးဝင်လို့ နှုတ်ခမ်းဖျားထပ်က သံစဉ်တွေကိုနားဆင်လိုက်သည်။ ဉီးရဲ့ရင်ခုန်သံသည် စီးချက်အလား...ငြိမ့်ငြောင်းလှသည်။ မေးဖျားလေးကို အသာနမ်းလို့...
"ဉီး..ချစ်လားဟင်..."
"ဒါပေါ့Baeကို ချစ်တာထပ် ပိုမြတ်နိုးမိပါတယ်။နွေမှာကျ အပူဒဏ်ကိုမင်းအစားယူပေးချင်တယ်။ မိုးမှာရွာတဲ့ မိုးစက်တွေရန်က ကာကွယ်ပေးချင်သည်။ ဆောင်းမှာတိုက်မဲ့ လေအေးတွေရန်မှထွေးပွေ့ထားချင်တယ်။ Baeကကိုယ့်ရဲ့ အသက်ဓာတ်ကလေး...ကိုယ့်ရဲ့ အသက်ရှည်ဆေးလေး"
"ဟီး...ကျွန်တော်က ဉီးရဲ့မြတ်နိုးသူလေး​ေပ​ါ့နော်.."
"Baeက Seanရဲ့ မူပိုင် Adorerပဲ..."
.
.
.
နွေသစ်ရွက်ကြွေ...မိုးရွက်သစ်ဝေလို့ အချိန်တွေဟာ တစ်ဖြည်းဖြည်း ကုန်ဆုံးခဲ့တယ်။အခုချိန်မှာ သူတို့အိုမင်းလာကြပေမဲ့ သူတို့ငယ်ရွယ်ချိန်အတိုင်း အချစ်တွေကမကုန်ဆုံးသေး။ အတူတူ စျေးဝယ်ထွက်ကြတယ်။ အတူတူ ချက်ပြုတ်ကြတယ်။ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းကြတယ်။
ဘိုးဘိုးကျန့်... ဘိုးဘိုးဝမ်ခေါ်သည့်တိုင်၊ ပါးရေတွေတွန့်သည့်တိုင်...ဆံဖြူသွားကျိုးအထိ သိပ်ကိုအဖိုးမဖြတ်နိုင်တဲ့ အချိန်တွေကိုပိုင်ဆိုင်ခဲ့တယ်။အတိတ်တွေဟာ လှပသည်ဖြစ်စေ မလှပခဲ့သည်ဖြစ်စေ ချစ်ရသူနဲ့ ပတ်သတ်ခဲ့သမျှအတိတ်မှတ်ဉာဏ်တွေဟာ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရနေ့စွဲတွေပဲ။
ညနေခင်းတိုင်း သူ့အာရင်ခွင်ထဲထွေးပွေ့လို့ နှစ်ယောက်အတူ နေဝင်ချိန်ကို အတူတူကြည့်ကြတယ်။ တောင်တွေစီသို့ ခိုဝင်သွားတဲ့နေမင်းကြီးကို ကြည့်ရင် အတိတ်အကြောင်းတွေပြောကြတယ်။ မနက်ခင်းရဲ့နေမင်းကြီးကိုနှုတ်ဆက်ရင် ချစ်စကားတွေဆိုကြတယ်။ဘိုးဘိုးကျန့် သည် ဓာတ်ပုံရိုက်ရတာကို ဝါသနာပါလာသည်။ဘိုးဘိုးဝမ်ကလည်း ပင်တိုင်မော်ဒယ်ဖြစ်လာသည်။
ဓာတ်ပုံတိုင်းသည် သူတို့၏ ချစ်နေ့စွဲတိုင်းကို မှတ်တမ်းတင်ထားသည်။ ဇရာကြောင့် ဆံနွယ်များဖြူသည့်တိုင် သူတို့၏တွဲလက်တို့သည်ဘမြဲခဲ့သည်။ အဘိုးအိုပေါက်စဟု အမြဲခေါ်တတ်သော ဉီး၏ကျီဆဲသံနှင့် သူ၏ရယ်မောသံများသည် တောင်ပေါ်အိမ်လေးတွင်ပြန့်လွှင့်​ေနဆဲ။
ကျွန်တော်ကိုချစ်ပေခဲ့လို့...ရွေးချယ်ပေးခဲ့လို့ ဉီးဘဝအတွက်နောင်တဆိုတာမရှိရအောင် ကျွန်တော်ကပိုချစ်ပေး၊ပိုဂရုစိုက်ပေးပါ့မယ်။အနာဂတ်တစ်လျှောက်လုံးမှာ ဉီးရဲ့လက်ကို ဆုပ်ကိုင်လို့ ရှေ့ဆက်နေမှာပါ။ကျွန်တော်ဟာ ဉီးရဲ့အပိုင်လူသားပါ...
Seanဆိုတဲ့ ကျွန်တော်ဟာ prefectသီချင်းထဲကလို ကျွန်တော့်ဘဝအတွက် ပြီးပြည့်စုံတဲ့လမ်းပြကြယ်ကို ရှာတွေ့ခဲ့တယ်။အိုမင်းလာတဲ့အချိန်အထိ ဒီလူသားလက်ကိုသာ ဆွဲကိုင်ထားနိုင်ရင် သူလောကဓံတိုင်းကို အံတူနိုင်ခဲ့ပါပြီ။
"ချစ်တယ်..."
နေ့တိုင်းကြားရသည့် ချစ်စကားသံတို့ကို ယခုတိုင်မငြီးငွေ့ခဲ့ရ။ သူတို့ရဲ့နောက်ဆုံး အသက်ဓာတ်ကျန်သည်အထိ...နေဝင်ချိန်တိုင်း၊နေထွက်ချိန်တိုင်းမှာ အတူတူရှိနေကြမယ်။
"ကိုယ်က ချစ်သည်ထပ် ပိုမြတ်နိုးရပါတယ်"
လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို ဘယ်လောက်ထိချစ်နိုင်သလဲ?ကျွန်တော်တို့ကတော့ အသက်ထပ်ပို၍ ချစ်ခဲ့မိပါတယ်။
Happy birthday💚王一博💚
Birthday present for someone who love me.
Sean's Adorer
The end~~~
5/8/2023
9:00pm
••••••
Zawgyi
SA°35°
"တကယ်လားဟင်..."
"ဒါပေါ့.."
.
.
.
"ဒီလောက်ဆို ရပြီလား.."
"Baeသဘော..."
"မင်းလေး သဘောပဲ.."
.
.
.
"ဉီးရေ...ကိတ်ခွဲရအောင်"
"ကဲ..ဒီကလေးတော့!"
"ဟား....ဟား..."
.
.
.
"ဉီး..."
"ဗျာ..."
"သီချင်းဆိုပြ..."
"ကိုယ်မှမဆိုတတ်တာ..."
"ဉီး..ချစ်လားဟင်..."
"ဟီး...ကျွန်တော်က ဉီးရဲ့မြတ်နိုးသူလေး​ပေါ့နော်.."
.
.
.
"ချစ်တယ်..."
Happy birthday💚王一博💚
Sean's Adorer
The end~~~
5/8/2023
9:00pm
Continue Reading
You'll Also Like
10.4K 317 10
The Justice League thinks that Batman organized the Flying Grayson's death and is blackmailing Dick with the circus's safety in order to make him his...
27.6K 2K 28
ပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါ‌မယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင...
309K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
675K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...