SA°18°

2.7K 176 6
                                    

ဉီးသည် ကိတ်အရင်ခွဲကျရအောင်ဟု ဆိုလာသည်။ဉီးသည် သူဉီးအတွက် လုပ်ထား​ေပးသော မွေးနေ့ကိတ်ကိုခွဲကာ သူ့တစ်ယောက်ထဲကို ခွံကျွေးခဲ့သည်။ထို့နောက် ဉီး၏ ဆုတောင်းသည်နှင့် သူပေးရမဲ့လက်ဆောင်သည်ထပ်တူညီကြောင်းပြောလာသည်။

"Bae မင်းသိတဲ့အတိုင်း ကိုယ်မင်းကို လက်ထပ်ဖို့ထိ ရည်ရွယ်ထားတာ...ဒါအပြင် ကိုယ်တောင်းဆိုချင်တာက ကိုယ်တို့လက်ထပ်​ြပီ​းရင်..."

ဉီးသည် ပြောရခက်နေဟန်...ကြည့်ရတာ လက်ဆောင်သည် အဖိုးတန်မည့်ပုံပင်။ မဟုတ်မှလွဲရော သူ့တို့လက်ထပ်ပြီးရင် ကလေးအတွက် အငှားကိုယ်ဝန်ဆောင်ဖို့အတွက်လား? သူသည် ယောကျာ်းလေးဖြစ်၍ မိသားစုတစ်စုကို မဖန်တီးပေးနိုင်ပေ။ ဒါကြောင့် ဉီးဒီလို ပြောလာလျှင်တောင် သူကလက်ခံမည်ဖြစ်သည်။

"ပြောလေ ဉီးရဲ့...ကျွန်တော့်ကို အားမနာနဲ့.."

"ကိုယ်....ကိုယ်....baeရဲ့ မျိုးရိုးကို ခံယူချင်တယ်..."

"ခွမ်း!!"

ဖန်ခွက်ကွဲသံကြောင့် သူတို့အကြည့်ပို့မို့တော့ ဘန်က ချက်ချင်းတောင်းပန်လာသည်...

"Sorry ပါနော်...bam လက်ချော်သွားလို့..."

"ခွင့်ပြုပေးနိုင်မလား bae..."

သူ့မျိုးရိုးကို ခံယူမယ်...ဒါက အများအမြင်မသင့်တော်ဘူးလေ? ဉီးသည် အိမ်ထောင်ဉီးစီးအနေနဲ့ သူကသာ ဉီး၏မျိုးရိုးကိုခံယူရမှာ..ဒါပေမဲ့ ဉီးရဲ့မိသားစုအတွင်းရေးကိုလည်း သူသိပြီးသားပင်။ သူ့အတွက်က အဆင်ပြေပေမဲ့...ဉီးအတွက်ကျသော နောက်ကွယ်တွင် အများပြောစရာဖြစ်လာနိုင်သည်။

"Bae..."

"ကျွန်တော်... ဉီး...ဒါက အဆင်ပြေနိုင်ပါ့မလား? "

ဒါပေါ့ ဉီးသည် ဒီအကြောင်းအရာကို စနောက်နေသည်မဟုတ်...အများရှေ့တွင် တရားဝင်ကြော်ညာနေတာ။ သူသာ ခွင့်ပြုလျှင် ချက်ချင်း မျိုးရိုးပြောင်းနိုင်ခြေ ရှိသည်။

"Bae ချက်ချင်းလက်မခံနိုင်ရင် အချိန်ယူပြီး စဉ်းစားနိုင်ပါတယ်။ ကိုယ်က တကယ် ဝမ်ကျန့် ဖြစ်ချင်တယ်..."

ဉီးဟာ တကယ့်ကို စံပြထိုက်တဲ့လူသားပင်။ ဝမ်ကျန့်ဟူသောနာမည်အာ ရှောင်ကျန့်ဆိုတဲ့ နာမည်ထက်ပိုသဘောကျနေသော ဉီး။
.
.

Sean's Adorer (Complete) Wo Geschichten leben. Entdecke jetzt