SA°4°

3.4K 222 4
                                    

"ခင်ဗျားက စောက်ရမ်းနားညီးလို့ ကျွန်တော် ခြေထိုးခံလိုက်တာ...japan madeဟုတ်လား??အဲ့စောက်ဖိနပ်က ဘယ်လောက်တန်လို့လဲ? ခင်ဗျားအဲ့စိတ်နဲ့မို့လို့...ကျစ်!.."

ထိုသူဟာ ပြောရင်းဆိုရင်းဖြင့် အရှိန်ထိန်းလိုက်သည်။အခြားလူများရှေ့တွင် မိသားစုရေးကို နှုတ်မလွန်ချင်လို့ထင်ပါရဲ့...

"Darling..."

တကယ်ဆို သူ့အာခြေထိုးခံတာ ထိုအမျိုးသမီးပင်။ ကြားထဲကသူက ထိုသုံးဉီးကြားတွင် မြေစာပင်ဖြစ်ခဲ့ရ၏။

"မင်းနဲ့ကိုယ်နဲ့ ပြတ်ပြီ။ ရော့...! ဝန်ကြီးရှောင်ကို တစ်ခါထဲပြောလိုက်ပါ့မယ်...ကိုယ့်အကန့်နဲ့ကိုယ်နေ။ ကျုပ်နဲ့ လာမပတ်သတ်နဲ့!!လာ..သွားမယ်.."

Black card ကို ထိုအမျိုးသမီးအာ ပစ်ပေးရင်း သူ့လက်မောင်းကို ဆွဲလို့ အခန်းပြင်ထုတ်သွားသော ထိုလူကြီး...ဘာလား? သူ့အလုပ်ချိန်မပြီးသေးဘူးလေ...ပိုင်ရှင်သိရင် အလုပ်ထုတ်ခံရတော့မှာပဲ...

>>>

သူ့အာ အခန်းတစ်ခုထဲသို့ ထိုးထည့်၍ ထိုင်ခုံမှာထိုင်စေကာ ဖိနပ်ကို အတင်းချွတ်နေသော ထိုလူကြီး..

"မင်းခြေထောက် ခိုက်မိသွား မှတ်လား"

ဟုတ်ပါ့..သူပြောမှကြည့်မိတယ်။သူ့ခြေကျင်းဝတ်တွင် ကြွေစကြောင့်ရတဲ့ ဒဏ်ရာ ထင်တယ်...သွေးစတို့ အနည်းငယ်ထွက်နေ၏။

"မင်းမှာ ပါးစပ်မပါဘူးလား?ဘာလည်း သူကဝန်ကြီးမို့လို့ ပြန်မပြောရဲတာလား..."

ပါးစပ်ကလည်း ပွစိပွစိပြောရင်း လက်တွေကလည်း သူ့ခြေထောက်အာ ဆေးထည့်ပေးနေသည်။ ဟွန့်...ခြေထောက်က ဒဏ်ရာကနည်းနည်း သူဆွဲလို့ လက်မောင်းက နာတာကခပ်များများ...

"ဟိတ်...ကိုယ်ပြောနေတာကြားလား.."

"ဒီမှာ ဉီးလေးကြီး ကျွန်တော်အလုပ်ချိန် မပြီးသေးဘဲ အခုလို ခေါ်လာတာဉပဒေအရ ဝတ်တရားနှောက်ယှက်မှု ​ေ​ြမာက်တယ်ဆိုတာ သိရဲ့လား။ ကျွန်တော် အလုပ်ထုတ်ခံရရင် ဉီးလေးကြီးကြောင့်နော်.."

What?? ဉီးလေးကြီး! ဘာလား ဒီချာတိတ်က သူ့ကိုမသိတာလား။ကြွားတာမဟုတ်ပေမဲ့ သူ့ရဲ့ရူပါဟာ ဘယ်အသိုင်းအဝိုင်းမှာမဆို ကျော်ကြားပြီးသားပဲ။ အသက်သုံးဆယ်ကျော်ပေမဲ့ သူကမအိုသေးပါဘူး။ မဒီလေးတွေကြားမှာတောင် daddy typeနဲ့​ေကျာ်​ကြားတဲ့သူက ဒီချာတိတ်​ေလးနဲ့ကျမှ ဉီးလေးကြီးတဲ့လား??

Sean's Adorer (Complete) Where stories live. Discover now