Chapter 44
ရုန်ယီ...ငါတောင်းပန်ပါတယ်
အကုန်လုံးကချန်းခယ့်ယောင်အမှားများပင်။ ချန်းခယ့်ယောင်ကသူ့ကိုစိတ်တိုစေပြီး အာရုံထွေပြားစေခဲ့၍ထိုသို့သောအရေးကြီးသည့်အရာကိုပင်မေ့သွားစေခဲ့သည်။
ကံဆိုးသည်မှာ သူသည်ပရိသတ်တွေ့ဆုံပွဲအကြောင်းကျိုးလီကိုပြောပြသည်တွင် တစ်ဖက်လူကမော့ယွီဖေးကိုစိတ်မဝင်စားသူဖြစ်နေသည်။လေယာဉ်လက်မှတ်စီစဉ်ရန် ထွက်ခွာမည့်ရက်မှာလည်းအလွန်နီးကပ်နေပြီ။ သို့ဖြစ်၍ ကျိုးလီကသူ့ကိုအဖော်မလုပ်ပေးနိုင်တော့ချေ။
"ဆိုတော့...သူကမင်းရဲ့အိုင်ဒေါပေါ့?"
ကျိုးလီကခေတ္တခန့်တွေးနေပြီးနောက် မေးမြန်းလာသည်။
"ဒါဆို မင်းဖတ်ပြီးရင်ထူးဆန်းလာလိမ့်မယ်၊ အဲဒါကဇာတ်ကြောင်းတိုးတက်လာတာနဲ့ဖတ်တဲ့လူရဲ့ကိုယ်ကျင့်တရားကပျက်ဆီးလာရောလေ"
"....."
"ငါကကြားဖူးရုံပါပဲ၊ မင်းယုံကြည်တယ်ဆိုရင်ထားလိုက်ပါတော့"
ကျိုးလီက ချန်းခယ့်ယောင်ထက်စဉ်းစားတတ်သည်။ ရုန်ယီ၏ခန့်မှန်းရခက်သည့်မျက်နှာအမူအရာကိုမြင်သည်နှင့် သူချက်ချင်းခေါင်းစဉ်လွှဲသည်။
"အဲဒီလူတွေကငါတို့နဲ့ဆန့်ကျင်ပြီးမတွေးနိုင်ဘူးလေ၊ အဲဒါကြောင့် အမှန်ကဘယ်လိုပဲဖြစ်ဖြစ်အရေးမကြီးတော့ဘူး"
သို့ထိတိုင် ရုန်ယီ၏စိတ်ပိုင်းဆိုင်ရာလုပ်ငန်းကကျိုးလီစိတ်ကူးထားသည်ထက်ပင် ရှုပ်ယှက်ခတ်နေသည်။
သူသည်အနုပညာရှင်အနောက်ကို နောက်ယောင်ခံလိုက်နေသူဟုပြော၍ရသည့်တိုင် တခါတရံမှလုပ်တတ်သည့်လေလွင့်နေသူဖြစ်သည်။သူသဘောကျသည့်အိုင်ဒေါထံမှအတုံ့အလှည့်မပါသည့် မေတ္တာမျိုးကိုနှစ်သက်သူလည်းမည်သူမှမရှိ။ သူစိတ်အလိုလိုက်မလုပ်လျှင်ပင် အတင်းအဖျင်းနှင့်ကောလဟလများကို အနည်းနှင့်အများအာရုံစိုက်နေမိနိုင်သည်။ သူသည်သူတို့မျက်လုံးများကိုပိတ်ထားသရွေ့မကောင်းသတင်းများကိုလျစ်လျုရှုထားနိုင်သည့်မည်သူနှင့်မဆို အလြယ္တကူဆက္ဆံနိုင်သည်။ အဆိုပါဗီဒီယိုမှာကျော်ကြားနေသောကြောင့် သူမတတ်နိုင်ဘဲကြားနေရဦးမည်ပင်။ အခြားသူများကတဆင့်ပြောလာသည်ကိုဖြင့် သူတစ်ခါမှမကြားဖူးချေ။
ချန်းခယ့်ယောင်က မော့ယွီဖေးကိုမုန်းသည်။ အကြောင်းမှာ သူကအိုင်ဒေါကိုသဘောကျနေခြင်းအားလက်မခံနိုင်၍ ပရိသတ်တစ်ယောက်အဖြစ်မှရပ်စဲပြီး ရန်သူဖြစ်သွားခြင်းလား? ။ ထိုအတိုင်းစဉ်းစားကြည့်သည့်အခါရုတ်တရက် ကိစ္စတစ်ရပ်လုံးကမမျှော်လင့်ဘဲအဓိပ္ပါယ်ရှိသွားသည်။
ထို့အပြင် အနှီသူ၏အကြိုက်ကသူနှင့်အတော်လေးတူသည်။ သူက မော့ယွီဖေးကိုအလွန်လေးစားပြီး နှစ်သက်သဘောကျရသည်။ ထို့သို့ဆိုလျင် ချန်းခယ့်ယောင်အတွက်လည်း မော့ယွီဖေး၏ ညို့ဓာတ်ကို လုံးဝတောင့်မခံနိုင်ဘဲဖြစ်စေနိုင်သည်။
ရုန်ယီကစကားတစ်လုံးမှမပြောဘဲ အုံမှိုင်းနေသည့်မျက်နှာဖြစ်နေသည်ကိုမြင်သည်တွင် ကျိုးလီမှာယောက်ယက်ခတ်နေသည်၊ သူယခုလေးတင်စကားမှားပြောမိပြီဟုစိုးရိမ်သွားကာ ခေါင်းစဉ်ပြောင်းရန်ဦးနှောက်ကိုဆွဲဆန့်လိုက်၏။
"ဟုတ်သားပဲ၊ မနေ့ကငါဘယ်သူနဲ့တွေ့ခဲ့လဲမှန်းကြည့်!"
သူသည်လိုအပ်သည်ထက်ပိုပြီး စားပွဲခုံကိုရိုက်လိုက်ဟန်ဆောင်သည်။
ရုန်ယီသည်သူ့စိတ်ကူးထဲရှိဇာတ်လမ်းလေးနှင့်အလုပ်ရှုပ်နေရာမှရုတ်တရက်ကြီးစိတ်ဝင်စားသွားသည်။
"လျိုယွမ်လား?"
"ဒါပေါ့"
ကျိုးလီကခေါင်းညိတ်ပြသည်။
"ဘယ်လိုသိတာလဲ သူေပြာတာလား?"
"သူ WeChat ကမင်းရဲ့ပို့စ်အောက်မှာစာချန်ထားခဲ့တာငါတွေ့တယ်"
ပြီးနောက် သူမေးလိုက်သည်။
"ဒီတော့မင်းသူ့ကို မီမီကိုကူရှာပေးနေတာလား?"
"အဲဒီလိုပြောလို့လည်းမရပါဘူး..."
ကျိုးလီကခေါင်းယမ်းသည်၊ စဉ်းစားနေပြီးမှရုတ်တရက်ပြုံးလာသည်။
"သူကမီမီကိုမုန်းနေတုန်းပဲလေ၊ ငါနောက်ကျမှရောက်သွားရင်သူမီမီကိုကင်နေတော့မှာငါသံသယဝင်မိတယ်"
မနေ့က ကျိုးလီအဘွားမှာရုတ်ချည်ူအိမ်ကိုနောက်တစ်ကြိမ်မပြောမဆိုနှင့်ရောက်လာသည်။ ပုံမှန်မဟုတ်သည့်အိမ်မွေးတိရစာၦန်လေးအားတွေ့သည်တွင် အလွန်စိတ်ဆိုးသွားသည်။ ရလဒ်မှာ ကျိုးလီကိုပင်မပြောဘဲ ၎င်းကိုပုံးနှင့်အတူလွှင့်ပစ်လိုက်သည်။
ကျိုးလီကသောကရောက်နေသော်ငြား သူ့အဘွားကခေါင်းမာနေပြီးအကျိုးအကြောင်းမပြောပြပေ။ ကျိုးလီမည်မျှတောင်းပန်ပါစေ၊ သူမကမီမီကိုမည်သည့်အမှိုက်ပုံးအတွင်းထည့်လိုက်မှန်းမပြောပြပေ။ ကူကယ်ရာမဲ့စွာဖြင့် သူသည်တစ်အိမ်လုံးအနှံ့လိုက်ရှာရတော့သည်။ နေ့လည်မှညနေစောင်းသည်အထိ ရှာလင့်ကစား အရိပ်အယောင်လေးပင်မမြင်ပေ။ စိတ်ဓာတ်ကျသွားပြီးစိုးရိမ်လွန်းသောကြောင့် နောက်ဆုံးသူငိုယိုတော့၏။
ငိုကြွေးရင်းတခဏမျှလမ်းလျှောက်နေပြီးနောက် မလှမ်းမကမ်းရှိပန်းခင်းအစွန်းတွင်ဆောင့်ကြောင့်ထိုင်နေသည့်လူတစ်ယောက်ကို သူရုတ်တရက်တွေ့လိုက်သည်၊ ထိုသူကသူနှင့်အတော်လေးတူသည်။
အနှီသူသည်မျက်မှောင်ကြုတ်၍ သူ့အရှေ့မှသေတ္တာကိုကြည့်နေခဲ့သည်။
"သူကပြောတယ် 'အမြန်လာပြီးဒါကိုယူသွားတော့တဲ့၊ မြင်နေရတာအရမ်းဒေါသထွက်တယ်' တဲ့"
ကျိုးလီကပြောရင်းရယ်နေသည်။
"ငါသူ့ကိုမေးလိုက်တယ်၊ 'မင်းငါ့ကိုကြည့်ရင်ရောဒေါသမထွက်ဘူးလား' ဆိုတော့ 'အရမ်းကြီးမဟုတ်ပါဘူးတဲ့"
ရုန်ယီ ပြန်မဖြေဘဲသူ့ကိုသာကြည့်နေလိုက်သည်။
ကျိုးလီကစိုက်ကြည့်ခံနေရသည်ကိုစိတ်အနှောင့်အယှက်ဖြစ်ပုံမရဘဲဆက်ပြောလာသည်။
"မင်းသိလား? ငါသူ့ကိုလျော်ကြေးပေးတဲ့အနေနဲ့ပေးထားတဲ့လက်စွပ်ကွင်းလေးဝတ်ထားတယ်၊ သူနဲ့လည်းမလိုက်ဘဲနဲ့၊ ငါ့မှာရယ်ချင်တာကိုထိန်းထားရတာစိတ်ဆင်းရဲတယ်"
ရုန်ယီသိသော်ငြား မသိချင်ဟန်ဆောင်လိုက်သည်။
သူ၏လက်ရှိစိတ်အခြေအနေကအလွန်ရှုပ်ထွေးနေသည်၊ လှပလွန်းသည့်ချစ်ခြင်းမေတ္တာတစ်ခု အညှောင့်ပေါက်လာသည်ကိုမျက်မြင်တွေ့နေရသလိုခံစားရသည်။ အနည်းငယ်ချိုမြိန်သည်၊ ပွင့်လာလျှင်လည်းပျော်ရွှင်မိလိမ့်မည်။ သို့သော်ငြား သူ့ကိုအနည်းအကျဉ်းမျှစိတ်မချမ်းသာဖြစ်စေသည်။
အကြောင်းမှာ သူ့အချစ်ကပျက်ဆီးလုနီးပါးဖြစ်နေသည်။ နှိုင်းယှဉ်ကြည့်ပါက ပိုပြီးစိတ်ပျက်စရာကောင်းလာသည်။
"ပြီးတော့မင်းဖုန်းနံပါတ်ပေးလိုက်တယ်ပေါ့?"
သူကျိုးလီကိုမေးလိုက်သည်။
"ငါသူ့ကိုကျေးဇူးတင်ချင်တာပါ၊ သူကအခုဘာလိုချင်မှန်းမသိသေးဘူးတဲ့၊ အဲဒါကြောင့်ငါသူ့ကိုအကူအညီပေးဖို့အကြွေးတင်နေတာ"
လျိုယွမ်လိုချင်နေသည့်အရာကို သူသိကောင်းသိနိုင်သည်ဟုရုန်ယီယုံကြည်နေသည်။
သူကျိုးလီကိုပြုံးပြုံးလေးမေးလိုက်သည်။
"ဒီလူကအရမ်းစိတ်ဝင်စားစရာကောင်းတာမင်းသိလား?"
"အင်း...."
ကျိုးလီက ခေတ္တစဉ်းစားနေသည်။
"အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်"
"သူကမင်းနဲ့ငါ့ကိုအတွဲတွေလို့ထင်နေတာ"
ရုန်ယီဆက်ပြောလိုက်သည်။
"မင်းရှင်းပြလိုက်ဖို့လိုအပ်တယ်ထင်လား?"
သူပြောသည့်စကားကိုကြားပြီး ကျိုးလီတွေဝေသွားသည်။ သူခေါင်းယမ်းလိုက်၏။
"အရေးကြီးလို့လား?"
ရုတ်တရက် ရုန်ယီသည်ထိုသူကအတော်လေးတုံးသည်ဟုခံစားရသည်။ ထိုသူကသူ့ကိုစိတ်ဝင်စားနေသည်မှာ ရှင်းသည်။ သို့သော် တစ်ဖက်လူကမဖွင့်ပြောသရွေ့ သူခံစားမိမည်မဟုတ်။
သူသည်ကျိုးလီနှင့်များလွန်းလှသည့်စိတ်ကူးယဉ်မှုများမှ အနည်းငယ်ကိုခွဲပေးသင့်သည်ဟုရုန်ယီတွေးမိသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးကလေးများနှင့်မြေးလေးများကိုစိတ်ကူးယဉ်နေရုံဖြင့် သူ့အတွက်လုံလောက်နေပြီ။
ရုန်ယီညနေပိုင်းတွင် အိမ်ပြန်လာသည့်အခါ ချန်းခယ့်ယောင်၏အခန်းတံခါးကပိတ်ထားဆဲပင်။ ရုန်ယီသည်တမင်မီးဖိုချောင်းထဲချောင်းကြည့်လိုက်ပြီး အသင့်စားအထုပ်များအမှိုက်ပုံးထဲတွင်ရှိနေမှန်းသေချာစေရန်စစ်ဆေးလိုက်သည်။
ချန်းခယ့်ယောင်သည် အသင့်စားအထုပ်များကိုအော်ငိုခြင်းမရှိ၊ ဆန္ဒပြခြင်းလည်းမရှိဘဲစားခဲ့သည်။ ကြည့်ရုံဖြင့် သူနှင့်ရှည်ရှည်ဝေးဝေးစကားမပြောချင်မှန်းထင်ရှားသည်။
ရုန်ယီလည်းထိုအကြောင်းကိုတွေးခဲ့သည်။ ချန်းခယ့်ယောင်ကသူ့ထံရောက်လာပြီးသူပြန်မလာခဲ့သည့်အကြောင်းအရင်းကိုရှင်းပြကာ အစားအသောက်ချက်ပေးရန်အထူးတလည် တောင်းဆိုခဲ့လျှင် သူသည်အခွင့်အရေးကိုကောင်းကောင်းအသုံးချပြီး သူ့အမှားကိုဝန်ချတောင်းပန်မည်ပင်။ ထို့နောက် မနက်ဖြန်မှစကာ သူ့အတွက်ဆက်လက်ချက်ပြုတ်ပေးပြီးနေ့တိုင်းညစာအတူစားပေးမည်။
ရက်အနည်းငယ်ကြာလျှင်သူတို့၏ရှက်စရာကောင်းသည့်ဆက်ဆံရေးကတဖြည်းဖြည်း ပျောက်သွားနိုင်သည်။
သို့ထိတိုင် မည်သို့သောအဓိပ္ပါယ်ရှိမည်နည်း။
ယခုလည်း ပိုကောင်းပါသည်။ ဆက်ဆံရေးတစ်ခုတွင် သူ၏ချစ်ခြင်းမေတ္တာက တုံ့ပြန်မှုမရလျှင် သူ့ဘက်မှပိုပေးလေ၊ သူသာနာကျင်ရလေဖြစ်လိမ့်မည်။ ယခုတစ်ဖက်လူကသူ့ကိုလွတ်လပ်ခွင့်ပေးထားပြီးသူ့စိတ်တိုင်းကျနေခွင့်ပြုထားသည်၊ သူအချိန်မီလေးသူ့ကိုယ်သူကယ်တင်နိုင်ရန်အခွင့်အရေးကိုဖမ်းဆုပ်ထားသည်ကပိုကောင်းသည်။
တစ်စုံတစ်ယောက်က ဘဝတွင်စိတ်ခံစားချက်အတက်အကျများနေလျှင် သူ့အလုပ်တွင်အဆင်ပြေလာလိမ့်မည်ဆိုသော စကားကတကယ်မှန်သည်။
ပရောဂျက်သည် နောက်ဆုံးတွင်ပြီးပြည့်စုံစွာအဆုံးသတ်သွားသည်။နောက်ဆုံးအစည်းအဝေးအပြီးတွင် အလုပ်ရှင်ကုမ္ပဏီကသူတို့ကိုဧည့်ခံရန်စီစဉ်ထားပြီး သူတို့ကိုအောင်ပွဲခံရန်ဖိတ်ကြားထားသည်။
ရုန်ယီကညနေတွင်တစ်ယောက်တည်းအိမ်တန်းပြန်ရန်စီစဉ်ထားခဲ့သည်၊ အရက်ဝင်သည်နှင့် သူ့ပင်ကိုယ်အပြုအမူတွေကိုစပြီးသံသယဝင်လာတတ်သောကြောင့် သူထိုညကဖျော်ရည်သာသောက်ခဲ့သည်။သူအကြိမ်များစွာ ငြင်းခုန်ခဲ့ရသော်ငြားကံကောင်းထောက်မ၍ သူနှင့်တစ်ဝိုင်းတည်းထိုင်သည့်လျိုယွမ်ထံမှဖြတ်တောက်ခံရသည်။
ရုန်ယီနှင့်လျိုယွမ်သည် ညစာကိုအတူတကွတစ်ကြိမ်ထက်မနည်းစားခဲ့ဖူးသော်ငြား ထိုသူသောက်နေခြင်းကိုသူပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ကနဦးတွင် ဘီယာတစ်ဝက်ဝင်သွားပြီးသူ့မျက်နှာကကြက်သွေးရောင်ထလာသည်၊ သူသည်လျိုယွမ်ကသူ့နည်းတူအရက်မသောက်နိုင်ဟုထင်ခဲ့သည်။ သူမမျှော်လင့်ထားမိခဲ့သည်မှာ လျိုယွမ်သည်အရက်များအပြည့်လောင်းချထားသည်ကိုပင် မျက်နှာမှာခပ်ပါးပါးရဲနေကာ အသိစိတ်ရှိနေသေးသည်။ သူ့အမူအရာနှင့်စကားပြောသည့်လေသံမှာလည်း ပုံမှန်အတိုင်းပင်။လေးစားမှုများက ရုန်ယီ၏နှလုံးသားထဲတွင်တလိမ့်လိမ့်တက်လာသည်။
သို့ထိတိုင် စားသောက်ပွဲပြီးခါနီးတွင် အရက်ဘယ်နှပုလင်းခန့်မြိုချထားမှန်းမသိသည့် အနှီသူကအနည်းငယ်မူးလာသည်။ မသဲမကွဲနှင့်ဗလုံးဗထွးရေရွတ်လာပြီး အတော်အတန်စိတ်လှုပ်ရှားလာသည်။
သူသည်ရုန်ယီထံပြေးလာကာ သူ့လက်ကိုဆန့်ထုတ်၍လည်ပင်းကိုလှမ်းချိတ်ပြီး ဆယ်လ်ဖီရိုက်ရန်သူ့မျက်နှာကိုရုန်ယီမျက်နှာနှင့်ကပ်ထားသည်။ ဓာတ်ပုံရိုက်ပြီးနောက် ထူးဆန်းသည့် filter တွေထည့်ပြီး WeChat တွင်ပို့စ်တင်ရန်ပြင်သည်။ သူသည်ဘေးတွင်ထိုင်ကာသူနှင့်ရုန်ယီ၏အဖွဲ့ထဲမှအခြားသူများနှင့်အတူရိုက်ထားသည့်ဆယ်လ်ဖီကိုးပုံကိုတင်နေတာမြင်သည်။ သူယခုလိုပုံစံနှင့်မူးနေသည်ကိုပင် ခပ်လှမ်းလှမ်းမှ အိုမီဂါများကိုဂရုစိုက်ပေးနေသေးသည်။ သူသည်အထူးသဖြင့်ရုန်ယီနှင့်ရင်းနှီးသည့်တိုင် မသိစိတ်အရသူသည်ရုန်ယီကိုအယ်ဖာတစ်ယောက်ဟုမှတ်ထားနေသည်။
"အိုး...ဟုတ်သားပဲ၊ ပွဲပြီးသွားရင်မသွားနဲ့ဦး၊ ငါ့ကိုစောင့်ဦး"
လျိုယွမ်သည်ဓာတ်ပုံများကို ပို့စ်တင်ပြီးသည့်နောက် သူ့အသံကအလေးအနက်ဖြစ်နေသည်။
"ငါမင်းကိုပြောစရာရှိသေးတယ်"
စားသောက်ပွဲအပြီးတွင် ရုန်ယီသူ့ကိုစောင့်နေရပြီး ဟိုတယ်ဥယျာဉ်တွင်ဆေးလိပ်အတူသောက်ကြသည်။
"ကျေးဇူးပဲကွာ၊ မဟုတ်ရင် ငါတကယ်ဒုက္ခရောက်မှာ"
"ရပါတယ်၊ ဒီလိုသောက်ပေးတာကကိစ္စကြီးမဟုတ်ပါဘူး"
လျိုယွမ်ကလက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ခယ့်ယောင်ပေးထားတဲ့မစ်ရှင်ဆိုတော့ပြီးအောင်လုပ်ဖို့လိုတာပေါ့"
ရုန်ယီ တမဟုတ်ချင်းမျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်သူပေးတာ?"
"အိုး!"
တွေးတောသည့်အခါသိသာစွာအလွန်နှေးတတ်သည့်လျိုယွမ်က တခဏခန့်မှင်သက်သွားကာ သူ့ခေါင်းကိုပုတ်သည်။
"သူကမင်းကိုမပြောဖို့မှာထားတာ၊ ငါမေ့သွားတယ်၊ ဒါဆိုလည်း ငါမင်းကိုပြောပြလိုက်တာသူ့ကိုပြန်မပြောနဲ့နော်"
"....."
"အိုး..ဟုတ်တယ်၊ မင်းမှာအရေးကြီးတဲ့ကိစ္စတွေရှိလို့ငါမင်းကိုနေခဲ့ခိုင်းတာ၊ ငါမင်းကိုလူကိုယ်တိုင်ပြောမှရမှာ"
လျိုယွမ်ကမူးနေပုံရသော်ငြား သူ့အမူအရာကလေးနက်နေသည်။
"ငါနားထောင်နေပါတယ်"
"ရုန်ယီ ငါမင်းကိုတကယ်ငါ့သူငယ်ချင်းလိုဆက်ဆံခဲ့ပါတယ်"
"ငါတို့အချိန်တွေအကြာကြီးမသိခဲ့ကြပေမဲ့ ငါတို့အရမ်းကိုအဆင်ပြေခဲ့ကြတယ်လို့ငါယုံကြည်ခဲ့တယ်"
ရုန်ယီပြုံးလိုက်သည်။
"ငါလည်းမင်းကိုငါ့မိတ်ဆွေလိုသဘောထားပါတယ်"
"ဒါပေမဲ့ ငါကြောက်စရာကောင်းတာတစ်ခုလုပ်ခဲ့မိတယ်"
လျိုယွမ်ပြောလိုက်သည်။
"အိုး..မဟုတ်သေးဘူး၊ ငါမလုပ်ရသေးဘူး၊ ဒါပေမဲ့ငါလုပ်တော့မှာ၊ ငါမင်းကိုသူငယ်ချင်းလိုမှတ်ထားပေမဲ့ ငါလုပ်ဖို့စီစဉ်နေတုန်းပဲ၊ အဲဒါကြောင့်ငါမင်းကိုတကယ်ကြီးတောင်းပန်နေတာ"
အနှီသူကဗလုံးဗထွေးပြောနေသော်ငြား ရုန်ယီကလျိုယွမ်ပြောချင်သည့်အရာကို နားလည်သလိုခံစားရသည်။
"ဒါပေမဲ့ တကယ်တော့မင်းလည်းမှားခဲ့တာပဲလေ"
လျိုယွမ်ကဆက်ပြောနေသည်။
"မင်းနဲ့ခယ့်ယောင်က အတူရှိနေကြပြီပဲ၊ အဲဒါကကျိုးလီအတွက်မတရားဘူးလေ၊ ဟုတ်တယ်မဟုတ်လား?"
ရုတ်တရက် ဗိုက်ကွဲအောင်ရယ်မိတော့မည့်ရုန်ယီမှာချန်းခယ့်ယောင်နာမည်ထွက်လာသည့်အခါ အေးခဲသွားသည်။
"ရုန်ယီ၊ ငါတောင်းပန်ပါတယ်၊ ဒါပေမဲ့ ငါကျိုးလီကိုကြိုက်တယ်"
ထို့နောက် လျိုယွမ်ကတခဏမျှရပ်သွားပြီးထပ်ဖြည့်ပြောလာသည်။
"ငါလျှပ်စီးလိုနှုန်းနဲ့တော့မင်းကိုတောင်းပန်ရမှာပဲ"
"အဲ့ဒီတော့ ဒါက အဲဒီနေ့ကညစာစားတော့မင်းအရမ်းစိတ်ဒုက္ခရောက်နေသလိုဖြစ်နေတဲ့အကြောင်းအရင်းပေါ့"
"ဒါပေမဲ့ အခုတော့ငါသိသွားပြီ၊ ငါသူနဲ့ချစ်ချင်တယ်၊ သူကတကယ်ကောင်းတယ်၊ သူကစိတ်မပါတပါတော့မဖြစ်သင့်ဘူး"
"အိုကေ"
ရုန်ယီခေါင်းညိတ်ပြသည်။
"ဘာကိစ္စပဲဖြစ်ဖြစ်မင်းကိုပြောရမယ်လို့ငါထင်တယ်၊ မင်းငါ့ကိုစိတ်ဆိုးမယ်ဆိုရင်တောင်ငါ..."
"ကောင်းပြီလေ"
ရုန်ယီဖြတ်ပြောလိုက်သည်။
"ကျိုးလီကအရမ်းကပ်ပြီးလိုက်တဲ့သူတွေကိုမကြိုက်ဘူး"
"ဘာ?"
"မင်းသူ့ကိုတကယ်သဘောကျရင်၊ မင်းကိုယ်မင်းထိန်းသိမ်းသင့်တယ်၊အရင်ဆုံး မင်းသူ့ကိုအရမ်းမကြိုက်သလိုဟန်ဆောင်"
ရုန်ယီပြောလိုက်သည်။
"သူ့ကိုအချိန်နည်းနည်းပေးလိုက်၊ သူနဲ့သူငယ်ချင်းတွေကနေအရင်စဖြည်းဖြည်းချင်းသွား"
လျိုယွမ်သောက်ထားသည့်အရက်များက အချိန်အနည်းငယ်ကြာပြီးမှတဖြည်းဖြည်းအစွမ်းပြလာသည်။
လျိုယွမ်ကအနည်းငယ်စိတ်ထွေပြားနေသည်၊ ရုန်ယီသည်သူပြောသည့်စကားဘယ်နှခွန်းခန့် နစ်မျောသွားခဲ့သည်လဲမသေချာပေ။ ရုန်ယီကသူ့အတွက်အငှါးယာဉ်ခေါ်ပေးပြီး ထွက်သွားသည်ကိုကြည့်နေခဲ့သည်။ဒရိုင်ဘာကိုလိပ်စာအတိအကျပေးပြီးသည့်နောက် သူစိတ်ချသွားသည်။
သူကိုယ်တိုင်အတွက်အငှါးယာဉ်ခေါ်တော့မည့်အချိန် သူ့ဖုန်းကရုတ်ချည်းတုန်ခါလာသည်။
အံ့ဩဖွယ်ကောင်းစွာ မက်ဆေ့ချ်မှာ သည်ရက်ပိုင်းဆန္ဒပြခြင်းမရှိခဲ့ဘဲအသင့်စားထုပ်များစားနေခဲ့သည့်ချန်းခယ့်ယောင်ထံမှဖြစ်နေသည်။
"နောက်ကျနေပြီ၊ စောစောပြန်ခဲ့တော့၊ လမ်းမှာလည်းဂရုစိုက်ဦး"
ရုန်ယီသည် မက်ဆေ့ချ်ကိုအတန်ကြာအောင်ငေးကြည့်နေခဲ့သည်။ သူစာပြန်ရန်အကြိမ်ကြိမ်နှိပ်ပြီး ထပ်ဖျက်ပစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကလွှမ်းမိုးခံနေရသည်။
ထို့နောက် "တစ်ဖက်မှစာရိုက်နေပါသည်" ဆိုသောစာကြောင်းကသူ၏စကားပြော window တွင်ပေါ်လာသည်။
စက္ကန့်အနည်းငယ်အကြာတွင် မက်ဆေ့ချ်အသစ်ခုန်ထွက်လာသည်။
"ဒါမှမဟုတ် ကိုယ်မင်းကိုလာကြိုရမလား?"
.
စာရေးသူတွင်ပြောစရာရှိပါသည်။
လဝက်ကြာပြီးတစ်ရက်တွင်
ရုန်ယီ: မင်းလျိုယွမ်ကို ငါနဲ့အတူသောက်ဖို့ပြောခဲ့တာလား?
ချန်းခယ့်ယောင်: ဘာ? ကိုယ်သူ့ကိုမင်းကိုမပြောနဲ့လို့မှာထားတာကို!
ရုန်ယီ: အိုး...ဒါဆို ငါ မင်းကိုပြောလိုက်တယ်ဆိုတာ သူ့ကိုမပြောနဲ့....
နောက်တစ်ရက်
လျိုယွမ်: ဘုရားရေ! ငါမင်းကို သူ့ကိုမပြောနဲ့လို့ပြောထားတယ်လေ!
ရုန်ယီ: အိုး၊ ဘုရားရေ သူမင်းကိုပြောလိုက်တယ်!
လျိုယွမ်: ဟေး...ဒါဆိုငါမင်းကိုလာပြောတယ်လို့သူ့ကိုမပြောနဲ့...
Xxxxxxx