ယဲ့ကျန်း
အပိုင်း ၁၄၆
လုလင်ကျစ်က နန်းတော်ထဲတွင် ရှိနေသောအချိန်တွင် ဝမ်ဖေးက နောက်ရက်တွင် လုယောင်ယောင်ကို နန်းတော်ထဲသို့ ဆင့်ခေါ်သည် ဆိုသော သတင်းကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ အနားတွင်ရှိသည့် ထျန်းကျန့်ကို ကြည့်သည်။
"မင်း နန်းတော်ထဲက အရင်ထွက်သွားလိုက်ပါ။ ငါက ငါ့ရဲ့ညီမဝမ်ဖေးကို မေးစရာရှိနေသေးတယ်"
ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကြောင်း သိထားသဖြင့် နားလည်မှုရှိသော ထျန်းကျန့်ကလည်း ခေါင်းညိတ်လိုက်ပြီး အပိုစကား ဆက်မမေးတော့ချေ။ သို့ရာတွင် သူ၏သိလိုစိတ် ပြင်းပြသော သဘာဝအရ မိတ်ဆွေဖြစ်သူ၏ ဒဏ်ရာအကြောင်း ဆက်လက်မေးမြန်းနေခဲ့သည်။
"နေအုံး.. မင်း တကယ်ပဲ တပ်ဖွဲ့နဲ့ ထွက်ခွာချင်နေတာလား။ မင်းရဲ့ဒဏ်ရာက အပြည့်အဝ မသက်သာသေးဘူးလေ"
"ယောင်ယောင်က ငါ့ကို ဆေးပေးထားတယ်။ အခု အများကြီး သက်သာသွားပြီ"
လုလင်ကျစ်က သူပင် သတိမထားမိသော တက်ကြွနေသည့် ဂုဏ်ယူလိုဟန်လေသံမျိုးဖြင့် ပြောသည်။
"ယောင်ယောင်ရဲ့ဆေးလား.."
ထျန်းကျန့်က မနာလိုမှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။
"သူမက အကြီးဆုံးအစ်ကိုဖြစ်တဲ့မင်းကို သဘောမကျဘူး မဟုတ်လား"
လုလင်ကျစ်က သူ့အား စူးစိုက်ကြည့်လိုက်သည်။
"ငါက သူမရဲ့အကြီးဆုံးအစ်ကိုပဲ ငါက သူမကို နာကျင်စေလောက်တဲ့ စကားအနည်းငယ် ပြောခဲ့ဖူးတာတောင်မှ သူမလေးက အမြဲတမ်းတော့ ရန်ငြှိုးဘယ်ထားပါ့မလဲ"
ထိုစကားကို ကြားသောအခါ ထျန်းကျန်းက မျက်လုံးလှန်လိုက်သည်။ အလိုအလျောက်ပင် လုလင်ကျစ်၏ ကြွားဝါနေခြင်းကို လျစ်လျူရှုထားလိုက်တော့သည်။
ယောင်ယောင်က ဘယ်အချိန်ကများ သူ့ကို ချစ်ကြောင်း ပြခဲ့ဖူးလို့လဲ...။ ယောင်ယောင်သာ သူ့ကို ဆေးလာပေးမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ သူ သိပ်ကို ပျော်ရွှင်မိမှာပဲ။
"မင်းက ဝမ်ဖေးဆီကို သွားမှာ မဟုတ်ဘူးလား။ စိတ်ပြောင်းသွားပြီလား"
လုလင်ကျစ်က ပြောသည်။
"နောက်မှတွေ့မယ်"
မော့ရုံကျန်းက သူ၏တော်ဝင်စာဖတ်ဆောင်အတွင်း ရှိနေချိန်တွင် လုလင်ကျစ်၏ ရုတ်တရက် ညီမဖြစ်သူထံ သွားရောက်လည်ပတ်ကြောင်း သတင်းကို ကြားလိုက်ရသည်။ သူက ချက်ချင်းလိုလို လက်အောက်ငယ်သားများကို ထိုင်းမှိုင်းစွာဖြင့် အမိန့်ပေးလိုက်သည်။
"ငါ့ရဲ့ဝမ်ဖေးဆီ သွားလည်မဲ့ကိစ္စကို ရှေ့တိုးလိုက်.. ရအောင်.."
ထို့နောက် သူ၏မျက်နှာတွင် အပြုံးက ပေါ်လာတော့သည်။ လုလင်ကျစ်က အချိန်ဖြုန်းမနေဘဲ နန်းတော်၏ လောကရေးရာများနှင့် ကင်းလွှတ်သော ဆိတ်ငြိမ်ဆောင်ထံသို့ အလျင်စလို သွားလိုက်သည်။ ထိုနေရာက သူ၏ညီမဖြစ်သူ နေထိုင်ရာ အဆောင်ဖြစ်သည်။ လုဝူရွှမ်းက အတွင်းတွင် သူ့အား စောင့်နှင့်နေပြီဖြစ်သည်။ သူမ၏ လှပသော မျက်နှာတွင် ချစ်စဖွယ်ကောင်းစေသော လှပသည့် ခပ်ညစ်ညစ် အမူအရာကို ချိတ်ဆွဲထားသည်။
"အစ်ကိုကြီးက ဘာလို့ ရုတ်တရက် ဒီဝမ်ဖေးကို တွေ့ချင်သွားတာလဲ"
"ကျွန်တော့်မှာ ဝမ်ဖေးနဲ့ ဆွေးနွေးဖို့ ကိစ္စရှိလို့ပါ"
လုလင်ကျစ်က ယဉ်ကျေးစွာ ပြောလိုက်သည်။ သို့သော် သူ၏မျက်နှာကမူ တည်ငြိမ်နေသည်။
"ကျေးဇူးပြုပြီး ခပ်မြန်မြန် ထိုင်ပါ"
လုဝူရွှမ်းကလည်း သူ၏ ယဉ်ကျေးစွာ သုံးနှုန်းနေမှုကို သတိပြုမိပြီး သဘောတကျ ရယ်မောလိုက်သည်။
"အစ်ကိုကြီးနဲ့ ဝမ်ဖေးက မောင်နှမအရင်းတွေပဲ အခုတော့ တဖြည်းဖြည်း စိမ်းသက်လာသလို ဖြစ်လာပြီ၊ ဒါကြောင့် တို့တွေ မကြာခဏ တွေ့သင့်တယ်"
ထိုအခါ လုလင်ကျစ်က သဘောမတူသလို ခေါင်းကို ခါသည်။
"ဝမ်ဖေးနဲ့ လက်ထောက်စစ်ဝန်ကြီးက တော်ဝင်အဆင့်သတ်မှတ်ချက်မှာ ကွာခြားမှု အများကြီး ရှိနေပါတယ်။ ကျွန်တော့်ညီမရဲ့အဆင့်အတန်းက အခုဆိုရင် ဒီလူထက်ပိုမြင့်သွားလို့ ကျင့်သားရဖို့ လိုအပ်ပါတယ်"
"တို့ရဲ့နောက်ခံက အရင်နဲ့ကွာခြားပြီး မြင့်မားသွားတာ မှန်ပါတယ်။ ဒါပေမဲ့ သီးသန့် တည်ရှိနေသလိုမျိုး အမြဲတမ်း အထီးကျန်နေရတယ်။ တို့ ဒါကို လက်မခံနိုင်ဘူး"
လုဝူရွှမ်းကလည်း ညှိုးငယ်စွာ ပြုံးပြသည်။
"ဘာပဲဖြစ်ဖြစ် အကြီးဆုံးအစ်ကို တို့က ဘာလုပ်ပေးရမလဲ"
"ကျွန်တော်ကြားထားတဲ့အတိုင်းဆိုရင် ဝမ်ဖေးက မနက်ဖြန်မှာ တတိယညီမကို ဆင့်ခေါ်တယ်လို့ ကြားပါတယ်"
လုလင်ကျစ်က လေသံခပ်တိုးတိုးဖြင့် မေးသည်။
လုဝူရွှမ်းက မျက်မှောင်အနည်းငယ် ကြုတ်ပြီးနောက် ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဒီအကြောင်းပြချက်ကြောင့် အကြီးဆုံးအစ်ကိုက တို့ရဲ့နန်းဆောင်ထဲကို လာရောက်လည်ပတ်တာလား။ တတိယညီမက အကယ်ဒမီကို ဝင်ရောက်ခွင့်ရလို့ တို့ရဲ့လုမိသားစုအပေါ် ဂုဏ်သိက္ခာတိုးမြင့်အောင် ဆောင်ကြည်းပေးနိုင်တယ်လို့ ယူဆတယ်။ ဒါကြောင့် တို့က နန်းတော်ထဲကို ဖိတ်ခေါ်ခဲ့တာ။ လက်ဆောင်တော် ချီးမြှင့်ချင်လို့ပဲ ဒါက ဘာမှားနေလို့လဲ"
"ဝမ်ဖေးက ဒီနေ့ စိတ်အခြေအနေ သိပ်မကောင်းတဲ့ပုံပါပဲ"
လုလင်ကျစ်က လုဝူရွှမ်း၏မျက်ဝန်းကို ကြည့်လိုက်သည်။ လုဝူရွှမ်း၏ မျက်ဝန်းထဲတွင် ဒေါသများကို မြင်နိုင်သည်။
လုဝူရွှမ်းက ရင်းနှီးကျွမ်းဝင်နေသော စေ့စေ့စပ်စပ် ကြည့်ရှုတတ်သော အမူအရာနှင့်အတူ စိတ်ဆိုးမာန်ဆိုး ဖြစ်လာသည်။
"တို့ကြားထားတဲ့အတိုင်း ဆိုရင် တချို့ အရာရှိတွေက ဧကရာဇ်ကို အနောက်ဆောင်ကို ဖြန့်ကျက်ခိုင်းနေတယ်။ မယ်တော်ကြီးကလည်း မနေ့က တို့ကို ကိုယ်တိုင်ကိုယ်ကျ လာတွေ့ပြီး မင်းသမီးလျိုဟွားကို လက်ခံပေးဖို့ ဧကရာဇ်ကို ဖျောင်းဖျခိုင်းနေတယ်။ အကြီးဆုံးအစ်ကို.. တို့ ဝမ်ဖေးဖြစ်လာတာ ရက်နည်းနည်းပဲ ရှိသေးတာနော်။ ရက်နည်းနည်းပဲ ကြာသေးတာ.."
လုဝူရွှမ်း၏ မျက်နှာက ရှုံ့မဲ့လာကာ တဖြည်းဖြည်း မုန်းတီးမှုများဖြင့် ရက်စက်လိုဟန် ပြောင်းသွားသည်။ ထိုကဲ့သို့သော အကြည့်မျိုးကို လုလင်ကျစ်အနေဖြင့် အကြိမ်ရာပေါင်းများစွာ မြင်ခဲ့ဖူးလေသည်။ ထိုအကြောင်းပြချက်ကြောင့် သူက ဒီနေ့ အခစားဝင်လာခဲ့ခြင်းလည်း ဖြစ်သည်။
"တို့ကို ဧကရာဇ်က မျက်နှာသာပေးထားတာကို သူတို့ မမြင်နိုင်ကြဘူးလား။ ဒါပေမဲ့ ဟုတ်ပါတယ်။ ဧကရာဇ်က အဆောင်တော်ကို မလာတာ ရက်နည်းနည်းပဲ ရှိသေးတာတောင်မှ ဒီလို အခြေအနေတွေ ရှိလာပြီ။ သေချာပေါက် အောက်တန်းစားမိန်းမတစ်ယောက်က ဖြားယောင်းလိုက်တာပဲ ဖြစ်မယ်"
"ဧကရာဇ်ဆိုတာက တိုင်းပြည်ရဲ့အရှင်သခင်ပဲ။ သူက ဝမ်ဖေးတစ်ယောက်တည်းကိုပဲ ကိုယ်လုပ်တော်အနေနဲ့ လက်ခံထားမှာ မဟုတ်ဘူး။ သူ့အတွက် အနောက်ဆောင်ကို ချဲ့ဖို့ လိုအပ်တယ်။ ဒါကို ဘာလို့ ဒေါသထွက်နေရတာလဲ။ ဒါ့အပြင် မင်းက ဧကရာဇ်ရဲ့နှလုံးသားထဲက ထူးခြားတဲ့ တည်ရှိမှုပဲ အမြဲဖြစ်နေမှာလေ"
လုလင်ကျစ်က လေသံတိုးတိုးဖြင့် ဖျောင်းဖျသည်။
သူမ၏ သဘောထားကြီးမှုကို ဆုံးရှုံးသွားပြီဖြစ်သော လုဝူရွှမ်း၏ လေသံက အက်ကွဲစွာ ထွက်လာသည်။ သူမက အော်ငိုတော့သည်။
"ဘယ်လိုမျိုး ခြားနားနေမှာလဲ။ ဒါက ညီမတို့ အပြန်အလှန်ချစ်မြတ်နိုးတာမှ မဟုတ်တာ။ ဒါက သူ ညီမကို ဘယ်လိုမှတ်မိနေတယ်ဆိုတဲ့ ကိစ္စလေးပဲလေ"
"ညီမ စကားပြောတာ သတိထားပါ"
လုလင်ကျစ်က သတိပေးသည်။ သူ၏မျက်လုံးက လေးနက်လာသည်။
တချို့သောစကားများက ပြော၍ မရပေ။ မဟုတ်လျှင် ကပ်ဘေးဆိုက်ပေလိမ့်မည်။ အထူးသဖြင့် ထိုကိစ္စဖြစ်သည်။ ထိုမောင်နှမနှစ်ယောက်လုံးကလည်း ဧကရာဇ်ကို မည်သူက ကယ်ခဲ့ကြောင်း ကောင်းကောင်းနားလည်ထားကြသည်။
"ညီမအထင်.. ညီမ.."
သူမက ခေါင်းကို ခါပြီး သူမအထင်က မှန်နေပြီဖြစ်ကြောင်း နားလည်နေသည်။ မော့ရုံကျန်းဟာ သူမ ကျင့်သားရနေခဲ့သလိုမျိုး သူမအား အလိုမလိုက်တော့ချေ။
Zawgyi
ယဲ့က်န္း
အပိုင္း ၁၄၆
လုလင္က်စ္က နန္းေတာ္ထဲတြင္ ရွိေနေသာအခ်ိန္တြင္ ဝမ္ေဖးက ေနာက္ရက္တြင္ လုေယာင္ေယာင္ကို နန္းေတာ္ထဲသို႔ ဆင့္ေခၚသည္ ဆိုေသာ သတင္းကို ၾကားလိုက္ရသျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ အနားတြင္ရွိသည့္ ထ်န္းက်န႔္ကို ၾကည့္သည္။
"မင္း နန္းေတာ္ထဲက အရင္ထြက္သြားလိုက္ပါ။ ငါက ငါ့ရဲ႕ညီမဝမ္ေဖးကို ေမးစရာရွိေနေသးတယ္"
ကိုယ္ေရးကိုယ္တာကိစၥျဖစ္ေၾကာင္း သိထားသျဖင့္ နားလည္မႈရွိေသာ ထ်န္းက်န႔္ကလည္း ေခါင္းညိတ္လိုက္ၿပီး အပိုစကား ဆက္မေမးေတာ့ေခ်။ သို႔ရာတြင္ သူ၏သိလိုစိတ္ ျပင္းျပေသာ သဘာဝအရ မိတ္ေဆြျဖစ္သူ၏ ဒဏ္ရာအေၾကာင္း ဆက္လက္ေမးျမန္းေနခဲ့သည္။
"ေနအုံး.. မင္း တကယ္ပဲ တပ္ဖြဲ႕နဲ႔ ထြက္ခြာခ်င္ေနတာလား။ မင္းရဲ႕ဒဏ္ရာက အျပည့္အဝ မသက္သာေသးဘူးေလ"
"ေယာင္ေယာင္က ငါ့ကို ေဆးေပးထားတယ္။ အခု အမ်ားႀကီး သက္သာသြားၿပီ"
လုလင္က်စ္က သူပင္ သတိမထားမိေသာ တက္ႂကြေနသည့္ ဂုဏ္ယူလိုဟန္ေလသံမ်ိဳးျဖင့္ ေျပာသည္။
"ေယာင္ေယာင္ရဲ႕ေဆးလား.."
ထ်န္းက်န႔္က မနာလိုမႈအျပည့္ျဖင့္ ဆက္ေျပာလိုက္သည္။
"သူမက အႀကီးဆုံးအစ္ကိုျဖစ္တဲ့မင္းကို သေဘာမက်ဘူး မဟုတ္လား"
လုလင္က်စ္က သူ႔အား စူးစိုက္ၾကည့္လိုက္သည္။
"ငါက သူမရဲ႕အႀကီးဆုံးအစ္ကိုပဲ ငါက သူမကို နာက်င္ေစေလာက္တဲ့ စကားအနည္းငယ္ ေျပာခဲ့ဖူးတာေတာင္မွ သူမေလးက အၿမဲတမ္းေတာ့ ရန္ျငႇိဳးဘယ္ထားပါ့မလဲ"
ထိုစကားကို ၾကားေသာအခါ ထ်န္းက်န္းက မ်က္လုံးလွန္လိုက္သည္။ အလိုအေလ်ာက္ပင္ လုလင္က်စ္၏ ႂကြားဝါေနျခင္းကို လ်စ္လ်ဴရႈထားလိုက္ေတာ့သည္။
ေယာင္ေယာင္က ဘယ္အခ်ိန္ကမ်ား သူ႔ကို ခ်စ္ေၾကာင္း ျပခဲ့ဖူးလို႔လဲ...။ ေယာင္ေယာင္သာ သူ႔ကို ေဆးလာေပးမယ္ဆိုရင္ ဘယ္ေလာက္ ေကာင္းလိုက္မလဲ သူ သိပ္ကို ေပ်ာ္႐ႊင္မိမွာပဲ။
"မင္းက ဝမ္ေဖးဆီကို သြားမွာ မဟုတ္ဘူးလား။ စိတ္ေျပာင္းသြားၿပီလား"
လုလင္က်စ္က ေျပာသည္။
"ေနာက္မွေတြ႕မယ္"
ေမာ့႐ုံက်န္းက သူ၏ေတာ္ဝင္စာဖတ္ေဆာင္အတြင္း ရွိေနခ်ိန္တြင္ လုလင္က်စ္၏ ႐ုတ္တရက္ ညီမျဖစ္သူထံ သြားေရာက္လည္ပတ္ေၾကာင္း သတင္းကို ၾကားလိုက္ရသည္။ သူက ခ်က္ခ်င္းလိုလို လက္ေအာက္ငယ္သားမ်ားကို ထိုင္းမႈိင္းစြာျဖင့္ အမိန႔္ေပးလိုက္သည္။
"ငါ့ရဲ႕ဝမ္ေဖးဆီ သြားလည္မဲ့ကိစၥကို ေရွ႕တိုးလိုက္.. ရေအာင္.."
ထို႔ေနာက္ သူ၏မ်က္ႏွာတြင္ အၿပဳံးက ေပၚလာေတာ့သည္။ လုလင္က်စ္က အခ်ိန္ျဖဳန္းမေနဘဲ နန္းေတာ္၏ ေလာကေရးရာမ်ားႏွင့္ ကင္းလႊတ္ေသာ ဆိတ္ၿငိမ္ေဆာင္ထံသို႔ အလ်င္စလို သြားလိုက္သည္။ ထိုေနရာက သူ၏ညီမျဖစ္သူ ေနထိုင္ရာ အေဆာင္ျဖစ္သည္။ လုဝူ႐ႊမ္းက အတြင္းတြင္ သူ႔အား ေစာင့္ႏွင့္ေနၿပီျဖစ္သည္။ သူမ၏ လွပေသာ မ်က္ႏွာတြင္ ခ်စ္စဖြယ္ေကာင္းေစေသာ လွပသည့္ ခပ္ညစ္ညစ္ အမူအရာကို ခ်ိတ္ဆြဲထားသည္။
"အစ္ကိုႀကီးက ဘာလို႔ ႐ုတ္တရက္ ဒီဝမ္ေဖးကို ေတြ႕ခ်င္သြားတာလဲ"
"ကြၽန္ေတာ့္မွာ ဝမ္ေဖးနဲ႔ ေဆြးေႏြးဖို႔ ကိစၥရွိလို႔ပါ"
လုလင္က်စ္က ယဥ္ေက်းစြာ ေျပာလိုက္သည္။ သို႔ေသာ္ သူ၏မ်က္ႏွာကမူ တည္ၿငိမ္ေနသည္။
"ေက်းဇူးျပဳၿပီး ခပ္ျမန္ျမန္ ထိုင္ပါ"
လုဝူ႐ႊမ္းကလည္း သူ၏ ယဥ္ေက်းစြာ သုံးႏႈန္းေနမႈကို သတိျပဳမိၿပီး သေဘာတက် ရယ္ေမာလိုက္သည္။
"အစ္ကိုႀကီးနဲ႔ ဝမ္ေဖးက ေမာင္ႏွမအရင္းေတြပဲ အခုေတာ့ တျဖည္းျဖည္း စိမ္းသက္လာသလို ျဖစ္လာၿပီ၊ ဒါေၾကာင့္ တို႔ေတြ မၾကာခဏ ေတြ႕သင့္တယ္"
ထိုအခါ လုလင္က်စ္က သေဘာမတူသလို ေခါင္းကို ခါသည္။
"ဝမ္ေဖးနဲ႔ လက္ေထာက္စစ္ဝန္ႀကီးက ေတာ္ဝင္အဆင့္သတ္မွတ္ခ်က္မွာ ကြာျခားမႈ အမ်ားႀကီး ရွိေနပါတယ္။ ကြၽန္ေတာ့္ညီမရဲ႕အဆင့္အတန္းက အခုဆိုရင္ ဒီလူထက္ပိုျမင့္သြားလို႔ က်င့္သားရဖို႔ လိုအပ္ပါတယ္"
"တို႔ရဲ႕ေနာက္ခံက အရင္နဲ႔ကြာျခားၿပီး ျမင့္မားသြားတာ မွန္ပါတယ္။ ဒါေပမဲ့ သီးသန႔္ တည္ရွိေနသလိုမ်ိဳး အၿမဲတမ္း အထီးက်န္ေနရတယ္။ တို႔ ဒါကို လက္မခံႏိုင္ဘူး"
လုဝူ႐ႊမ္းကလည္း ညႇိဳးငယ္စြာ ၿပဳံးျပသည္။
"ဘာပဲျဖစ္ျဖစ္ အႀကီးဆုံးအစ္ကို တို႔က ဘာလုပ္ေပးရမလဲ"
"ကြၽန္ေတာ္ၾကားထားတဲ့အတိုင္းဆိုရင္ ဝမ္ေဖးက မနက္ျဖန္မွာ တတိယညီမကို ဆင့္ေခၚတယ္လို႔ ၾကားပါတယ္"
လုလင္က်စ္က ေလသံခပ္တိုးတိုးျဖင့္ ေမးသည္။
လုဝူ႐ႊမ္းက မ်က္ေမွာင္အနည္းငယ္ ၾကဳတ္ၿပီးေနာက္ ခပ္ျပတ္ျပတ္ ေျပာလိုက္သည္။
"ဒီအေၾကာင္းျပခ်က္ေၾကာင့္ အႀကီးဆုံးအစ္ကိုက တို႔ရဲ႕နန္းေဆာင္ထဲကို လာေရာက္လည္ပတ္တာလား။ တတိယညီမက အကယ္ဒမီကို ဝင္ေရာက္ခြင့္ရလို႔ တို႔ရဲ႕လုမိသားစုအေပၚ ဂုဏ္သိကၡာတိုးျမင့္ေအာင္ ေဆာင္ၾကည္းေပးႏိုင္တယ္လို႔ ယူဆတယ္။ ဒါေၾကာင့္ တို႔က နန္းေတာ္ထဲကို ဖိတ္ေခၚခဲ့တာ။ လက္ေဆာင္ေတာ္ ခ်ီးျမႇင့္ခ်င္လို႔ပဲ ဒါက ဘာမွားေနလို႔လဲ"
"ဝမ္ေဖးက ဒီေန႔ စိတ္အေျခအေန သိပ္မေကာင္းတဲ့ပုံပါပဲ"
လုလင္က်စ္က လုဝူ႐ႊမ္း၏မ်က္ဝန္းကို ၾကည့္လိုက္သည္။ လုဝူ႐ႊမ္း၏ မ်က္ဝန္းထဲတြင္ ေဒါသမ်ားကို ျမင္ႏိုင္သည္။
လုဝူ႐ႊမ္းက ရင္းႏွီးကြၽမ္းဝင္ေနေသာ ေစ့ေစ့စပ္စပ္ ၾကည့္ရႈတတ္ေသာ အမူအရာႏွင့္အတူ စိတ္ဆိုးမာန္ဆိုး ျဖစ္လာသည္။
"တို႔ၾကားထားတဲ့အတိုင္း ဆိုရင္ တခ်ိဳ႕ အရာရွိေတြက ဧကရာဇ္ကို အေနာက္ေဆာင္ကို ျဖန႔္က်က္ခိုင္းေနတယ္။ မယ္ေတာ္ႀကီးကလည္း မေန႔က တို႔ကို ကိုယ္တိုင္ကိုယ္က် လာေတြ႕ၿပီး မင္းသမီးလ်ိဳဟြားကို လက္ခံေပးဖို႔ ဧကရာဇ္ကို ေဖ်ာင္းဖ်ခိုင္းေနတယ္။ အႀကီးဆုံးအစ္ကို.. တို႔ ဝမ္ေဖးျဖစ္လာတာ ရက္နည္းနည္းပဲ ရွိေသးတာေနာ္။ ရက္နည္းနည္းပဲ ၾကာေသးတာ.."
လုဝူ႐ႊမ္း၏ မ်က္ႏွာက ရႈံ႕မဲ့လာကာ တျဖည္းျဖည္း မုန္းတီးမႈမ်ားျဖင့္ ရက္စက္လိုဟန္ ေျပာင္းသြားသည္။ ထိုကဲ့သို႔ေသာ အၾကည့္မ်ိဳးကို လုလင္က်စ္အေနျဖင့္ အႀကိမ္ရာေပါင္းမ်ားစြာ ျမင္ခဲ့ဖူးေလသည္။ ထိုအေၾကာင္းျပခ်က္ေၾကာင့္ သူက ဒီေန႔ အခစားဝင္လာခဲ့ျခင္းလည္း ျဖစ္သည္။
"တို႔ကို ဧကရာဇ္က မ်က္ႏွာသာေပးထားတာကို သူတို႔ မျမင္ႏိုင္ၾကဘူးလား။ ဒါေပမဲ့ ဟုတ္ပါတယ္။ ဧကရာဇ္က အေဆာင္ေတာ္ကို မလာတာ ရက္နည္းနည္းပဲ ရွိေသးတာေတာင္မွ ဒီလို အေျခအေနေတြ ရွိလာၿပီ။ ေသခ်ာေပါက္ ေအာက္တန္းစားမိန္းမတစ္ေယာက္က ျဖားေယာင္းလိုက္တာပဲ ျဖစ္မယ္"
"ဧကရာဇ္ဆိုတာက တိုင္းျပည္ရဲ႕အရွင္သခင္ပဲ။ သူက ဝမ္ေဖးတစ္ေယာက္တည္းကိုပဲ ကိုယ္လုပ္ေတာ္အေနနဲ႔ လက္ခံထားမွာ မဟုတ္ဘူး။ သူ႔အတြက္ အေနာက္ေဆာင္ကို ခ်ဲ႕ဖို႔ လိုအပ္တယ္။ ဒါကို ဘာလို႔ ေဒါသထြက္ေနရတာလဲ။ ဒါ့အျပင္ မင္းက ဧကရာဇ္ရဲ႕ႏွလုံးသားထဲက ထူးျခားတဲ့ တည္ရွိမႈပဲ အၿမဲျဖစ္ေနမွာေလ"
လုလင္က်စ္က ေလသံတိုးတိုးျဖင့္ ေဖ်ာင္းဖ်သည္။
သူမ၏ သေဘာထားႀကီးမႈကို ဆုံးရႈံးသြားၿပီျဖစ္ေသာ လုဝူ႐ႊမ္း၏ ေလသံက အက္ကြဲစြာ ထြက္လာသည္။ သူမက ေအာ္ငိုေတာ့သည္။
"ဘယ္လိုမ်ိဳး ျခားနားေနမွာလဲ။ ဒါက ညီမတို႔ အျပန္အလွန္ခ်စ္ျမတ္ႏိုးတာမွ မဟုတ္တာ။ ဒါက သူ ညီမကို ဘယ္လိုမွတ္မိေနတယ္ဆိုတဲ့ ကိစၥေလးပဲေလ"
"ညီမ စကားေျပာတာ သတိထားပါ"
လုလင္က်စ္က သတိေပးသည္။ သူ၏မ်က္လုံးက ေလးနက္လာသည္။
တခ်ိဳ႕ေသာစကားမ်ားက ေျပာ၍ မရေပ။ မဟုတ္လွ်င္ ကပ္ေဘးဆိုက္ေပလိမ့္မည္။ အထူးသျဖင့္ ထိုကိစၥျဖစ္သည္။ ထိုေမာင္ႏွမႏွစ္ေယာက္လုံးကလည္း ဧကရာဇ္ကို မည္သူက ကယ္ခဲ့ေၾကာင္း ေကာင္းေကာင္းနားလည္ထားၾကသည္။
"ညီမအထင္.. ညီမ.."
သူမက ေခါင္းကို ခါၿပီး သူမအထင္က မွန္ေနၿပီျဖစ္ေၾကာင္း နားလည္ေနသည္။ ေမာ့႐ုံက်န္းဟာ သူမ က်င့္သားရေနခဲ့သလိုမ်ိဳး သူမအား အလိုမလိုက္ေတာ့ေခ်။