Sean's Adorer (Complete)

Por peonywang18

97K 6.3K 570

ZSWW {Myanmar Fan Fiction) Birthday present for someone who love me~~💚💚💚 မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး... Mais

SA°1°
SA°2°
SA°3°
SA°4°
SA°5°
SA°6°
SA°7°
SA°8°
SA°9°
SA°10°
SA°11°
SA°12°
SA°13°
SA°14°
SA°15°
SA°16°
SA°17°
SA°18°
SA°19°
SA°20°
SA°21°
SA°22°
SA°23°
SA°24°
SA°25°
SA°26°
SA°27°
SA°28°
SA°29°
SA°30°
SA°31°
SA°32°
SA°34°
Epilogue

SA°33°

2.1K 127 2
Por peonywang18

"သတို့သား ဝမ်ကျန့်သည် သတို့သား ဝမ်ရိပေါ်အပေါ် ချမ်းသာသည်ဖြစ်​စေ၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊န​ာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည်ဟု ကတိသစ္စာပြုပါသလော "

သူ၏ မျိုးရိုးအမည်ကို ခံယူခဲ့သော ဉီး။ သူ့အပေါ်တွင် အချစ်များပုံအပ်ခဲ့သော ဉီး။ အကြွင်းမဲ့ ယုံကြည်​ေပးခ့ဲသော ဉီး။ သူ့ဘဝကို အပိုင်စိုးမိုးထားတဲ့ အရှင်သခင်ဟာ ဉီးတစ်ယောက်ထဲသာ..

"Yes I do"

ဖာသာစီသို့ပြန်ဖြေလာတဲ့ ကတိစကားနှင့်အတူ သူ့၏လက်ကိုဆုပ်ကိုင်လျက်..

"ကိုယ်ဘဝတစ်သက်လုံး မင်းကို ဘယ်တော့မှလက်လွှတ်မှာ မဟုတ်ဘူး bae။ ကိုယ်အသက်ရှင်နေသ၍ ကိုယ့်အချစ်တွေ၊ ကိုယ်အသက်သေဆုံးသွားချိန်မှာ ကိုယ့်ရဲ့ဝိဉာဉ်...ကိုယ်ဘဝအသစ် တစ်ဖန်မွေးဖွားခဲ့ရင်တောင် ကိုယ်ဟာ မင်းတစ်ယောက်အတွက်ပဲ..."

ကိုယ့်ရဲ့ ငယ်ရွယ်စဉ်မှာ မင်းကိုမတွေ့ခဲ့တာ ကိုယ်ရဲ့ကံဆိုးချင်း​ေတွပဲ။ ဒါပေမဲ့ကိုယ့်ရဲ့ အနာဂတ်မှာတော့ မင်းနဲ့ဘယ်တော့မှ လက်တွဲမဖြုတ်ပဲ အတူတူဖြတ်သန်းကြရအောင်။

"သတို့သား ဝမ်ရိပေါ်သည် သတို့သား ဝမ်ကျန့်အပေါ်ချမ်းသာသည်ဖြစ်စေ​၊ဆင်းရဲသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊န​ာမကျန်းသည်ဖြစ်စေ ဘဝတစ်သက်လုံး ပေါင်းဖက်မည့်ဟု ကတိသစ္စာပြုပါသလော "

"Yes I do"

"ဉီးထပ် မပိုရင်တောင် ဉီးထပ် မလျော့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ပေးပါ့မယ်။ ကျွန်တော် ဝမ်ရိပေါ်ရဲ့ဖူးစာဖက်ဟာ ဘဝစက်တိုင်းမှာ ဉီးတစ်ယောက်ထဲအတွက်ပါပဲ။ ကျွန်တော်ဟာ ဉီးရဲ့အပိုင်ကလေးငယ်ပါ.."

ကျွန်တော် ရွေးချယ်လိုက်တဲ့ ဉီးသည် ကျွန်တော့်ဘဝအတွက် အချစ်ဉီးဖြစ်သလို အချစ်ဆုံးလည်းဖြစ်ပြန်သည် ။ကျွန်တော့်ဘဝကို ဉီးနဲ့စလို့ ဉီးနဲ့ပဲ အဆုံးသတ်ခွင့်ရတာ ဘုရား​ေပးတဲ့ ကံကောင်းချင်းပါပဲ။

ကျမ်းကျိန်ခြင်းသည် အများသူငှာ သိစေဖို့အတွက်ဆိုပေမဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို သူတို့နှစ်ဉီးသားသိနိုင်သည်။ အထင်လွဲမှုတွေရှိလာရင်တောင် သူတို့နှစ်ဉီးတွင် နားလည်ခြင်းအပြည့် ရှိနေမှာအမှန်ပင်...တခြားသူများထက် သူသည် ဉီးကို နားလည်သလို ဉီးသည်လည်း သူရဲ့စိတ်ကိုနားလည်မှာ အမှန်ပင်။

"သတို့သား နှစ်ယောက် အကြင်နာအနမ်း​ေ​ြခွကြပါ.."

ဖာသာ၏ ခွင့်​ပြုမှုအဆုံး ဂဟေဆက်ထားခဲ့တဲ့ နှုတ်ခမ်းသားတို့ထက်က အနမ်းချိုချိုလေးများ။ နှုတ်ခမ်းထပ်က နူးညံ့တဲ့တိမ်ဆိုင်အလားအတိအတွေ့နဲ့အတူ လွှင့်မောမိတဲ့အသိစိတ်တွေ။ ဒီလူသားငယ်​ေလးဟာ သူရဲ့ခင်ပွန်းဖြစ်ခဲ့ပြီ။ ဝမ်ရိပေါ် ဆိုတဲ့ချာတိတ်ကို ချစ်သည်ထက် ပိုမြတ်နိုးခဲ့ပါသည်။ ယုယခြင်းပါသည်။ ထွေးပွေ့ခြင်းပါသည်။ အသက်ထက်ဆုံး စောင့်ရှောက်ပေးခြင်းပါသည်။

ပန်းစည်းပစ်ချိန်တွင် ဒီဘက်ကိုပစ်ပေးပါ၊ဒီနေရာနော်...ဆိုတဲ့အသံများကဆူဆူညံ့ညံ့။ ထိုအတွဲတွင် konကလည်းရိစန်းကောကိုရစေချင်ဟန်။ နောက်ကျောဘက်ကို ပန်းစည်းပစ်ပေးလိုက်ချိန်တွင်..တိတ်ကျသွားသောအသံတို့ကြောင့် လှည့်ကြည့်မိတော့...မျက်နှာနီနီနဲ့ပန်းစည်းပိုင်ရှင်က Mr.Deepသာ...။

"ဒီလူအိုကြီးကတော့ လူပျိုသိုးဘဝက လွှတ်မှာမဟုတ်ဘူး။ပန်းစည်းလေးကို နှမြောလိုက်တာ"

ခပ်ကျယ်ကျယ်ထွက်လာတဲ့ dreamရဲ့စကားသံအဆုံး သူတို့လည်းပြိုင်တူရယ်မောမိကြသည်။

ဧည့်သည်တွေကို ဧည်ခံနေသော ဉီးသည် ရယ်မောပျော်ရွှင်နေတာ ယုန်သွားလေးတွေပင်ပေါ်လို့။ အရင်က တည်ငြိမ်လွန်တဲ့သူဟာ အပျော်ကြီးပျော်နေသဖြင့် မိတ်ဆွေအချို့ကစနောက်လျက်။ ဉီးသည်ယုန်လေးနှင့် တူပါသည်။ဒါပေါ့ ဉီးကို ပိုင်ဆိုင်ခွင့်ရလို့ သူကလည်းသိပ်ကိုပျော်ရတာပေါ့...

ထိုနေ့ညမှာတော့ ယုန်က​ေလးယောင်ဆောင်နေသော မြေခွေးကြီးသည် ဝက်ပေါက်လေးကို တစ်ညလုံးအလွတ်မပေးဘဲ အရိုး​ေကြကြေအရေခမ်းခမ်း ပြုစုယုယခဲ့လေသည်။

.
.
.
.

အချိန်တို့သည် သူတို့လက်ထပ်ပြီး၍ တစ်နှစ်ကုန်ဆုံးခဲ့ပြီ။ ဉီးသည် လုပ်ငန်းများကို konတို့နှင့်လွှဲ၍ ချုံချင်းမြို့တွင် အခြေချ​ နေထိုင် ခဲ့သည်။ တောင်ပေါ်ဒေသဖြစ်သော ဤမြို့​ေလးတွင် အသီးအနှံများကိုစိုက်ပျိုးစား၍ ငြိမ်းချမ်းစွာ ရပ်တည်ခဲ့သည်။ Company များကို Konနဲ့ရိစန်းကောတို့ကို ဉီးဆောင်စေလို့ ဉီးက ဒီကညွှန်ကြားရုံမျှသာ..တစ်ခါတစ်ရံတော့ ဉီးသည် ဘေဂျင်းကို အလုပ်ကိစ္စနဲ့တစ်ရက်လေတစ်လေ သွားရသည်။

တကယ်ဆို ဘန်ကို သူသတ်ခဲ့တာကို မှတ်မိပါတယ်။ တကယ်တော့ သူလူသတ်ခဲ့ပေမဲ့ နောင်တရစိတ်၊ အပြစ်တင်စိတ်မရှိခဲ့ပေ။ ဉီးသည် သူထိုအကြောင်း သူမှတ်မိမှာကို သိပ်ကြောက်​နေခဲ့သည်။

တကယ်တော့ အိမ်မက်ဆိုးများမက်၍ ထိုအကြောင်းကို သူသတိရခဲ့တာ ဖြစ်သည်။ ပြီးတော့ သူမနိုးထခင် ဆရာဝန်နှင့် စကားပြောနေသော ဉီး၏ဝါးတားတား အသံတို့ကြောင့် သူချိတ်ဆက်မိခဲ့တာ။ မာရီရာသည် ဘန်ဖြစ်ပြီး သူသတ်ခဲ့တဲ့ သူဖြစ်သည်ကိုပေါ့။ဉီးမမှတ်မိစေချင်သော ထိုဖြစ်ရပ်ကို သူကလည်း မမှတ်မိချင်ယောင်ဆောင်ခဲ့သည်။ သူ့မှတ်ဉာဏ်များသည်လည်း ဉီးအပိုင်လေ။

"Bae...မအေးဘူးလား"

အပြင်တွင်ထိုင်လို့ တောင်ပေါ်ရှုခင်းများကို ငေးမောနေတတ်သော bae။ ခြုံစောင် အပါးလေးကို ပခုံးပေါ်တင်ပေးမိတော့ ပြုံးပြလာတဲ့ မျက်နှာနုနုလေး။သူ့ကလေးငယ်သည် တချို့အချိန်တို့၌ တွေဝေနေတတ်သည်။

သူ့စိတ်ထဲတွင် bae၏အချစ်သည် သူ့ကို မမှီဘူးလို့ တွေးနေမှန်းသူသိတာပေါ့။ တကယ့်တော့ ကျွန်တော့်အချစ်က baeနဲ့ယှဉ်ရင် သေးငယ်သွားတာကို ဒ​ီချာတိတ်လေးမသိလေသလော။ ဖြူစင်တဲ့ကလေးငယ်သည် သူ့အတွက်နဲ့ လူတောင်သတ်ရဲသည်အထိတဲ့လား?

"မအေးပါဘူး..ဉီးရဲ့..စိုက်ခင်းဘက်မှာအဆင်ပြေရဲ့လား"

"ကိုယ် ကုန်တွေပို့လိုက်ပြီ။ ရိစန်းတို့တောင် ကလေးမွေးစားထားတယ်တဲ့.."

"ဉီးရော...က​ေလးလိုချင်လား"

"ကိုယ်က ဒီကလေးလေးကိုပဲ ချစ်မဝဖြစ်နေတာ..မွ..မွ"

ပါးပြင်ကို တမွမွနမ်းတော့ တခစ်ခစ်ရယ်သံလေးဟာ နားစည်အိမ်ထဲ ချိုမြစွာ တိုးဝင်လာတယ်...

"ခစ်ခစ်...ဉီး..ယားတယ်လေ.."

လည်ပင်းသားတို့ကို ကျီစယ်မိတော့ အသာအယာတားထားတဲ့လက်ကလေး။အိမ်ထောင်သက်သာ ကြာလာတယ် ချာတိတ်သည် သူကျည်စဲတိုင်း ရှက်​ေနဆဲပင်။ Baeသည် အမြဲတန်း သူ့သဘော၊ သူ့ဆန္ဒကို မငြင်းပေ။ ဟက်...တစ်ချိန်မှာတော့ အငြင်းစကား ဆိုပါသည်။ ဟင်း...ဒီကလေးဟာ ဘယ်တော့မှ အားအင်ပြည့်ဝတဲ့ ဝက်ပေါက်လေးဖြစ်လာမှာလဲ??
.
.
.
"Bae. ..မစားနိုင်တော့ဘူးလို့"

ညစာအတင်းကျွေးနေသော သူ့ကလေး။ သူစားမကုန်တော့ဘူးပြောမိတော့ မျက်စောင်းကဒိုင်းကနဲ ပစ်ပစ်ဝင်လာတော့ ဒီလူမှာ အရှုးတစ်ပိုင်း။ သူ့ချာတိတ်လေးမှာ အကျင့်တစ်ခုတိုးလာပါတယ်။ အဲ့တာကတော့ သူ​ေလးသဝန်တိုတိုင်း သူ့အာအစားများများစားခိုင်းပါတယ်။

ဒါက အပြစ်ပေးနည်းတစ်မျိုးပင် ကြာလာရင် အစားများများစားခိုင်းမှုကြောင့် သူရဲ့ပေါင်မုန့်များသည် အဆီရစ်သောဗိုက်ခေါက်ဖြစ်လာတော့မည်။

"ဘာတွေ စိတ်ဆိုးနေတာလဲ"

"မနက်က ကောင်မလေးက..."

မျက်လုံးလေးက မီးဝင်းဝင်းတောက်လို့ တရားခံလိုစစ်မေးသလို မေးမြန်း နေတဲ့ သူ့baeလေး။ အသက်ကြီးမှ ဇာတာတက်နေသော ဒီရုပ်ရည်ကို မွေးအမေကို ပြန်ပေးလိုက်ရ။

"သူက...အဲ...စာလာပေးတာ။ ကိုယ်မယူဘူးနဲ့ ကိုယ်မှာbaeရှိကြောင်း အပြတ်ပြောထားပြီသား"

"ဒီည အပြင်မှာအိပ်!"

ဟွန့် အရင်ရက်က ဉီးနဲ့အတူအပြင်ထွက်တော့ ​ေရှာင်ကောကော ပြုံးလိုက်ရင် အရမ်းချောတာပဲတဲ့...ဘာလို့အဲ့လောက်ချောနေတာလဲတဲ့?? ဉီးကတော့ ပုံမှန်အတိုင်း သူ့ကိုမွေးပေးတဲ့အမေကို ေမးကြည့်ပေါ့တဲ့...

ကဲကြည့်အဲ့လို အဖြေကို ဟိုက ကောကော အမေက သူ့မားမားပဲလေ ဆိုပြီး စကားအသာယူသွားတာ ဉီးကငြိမ်နေလို့ကောင်းတုန်း ။ ဒီဘက်​ေခတ်ကလေးမတွေက ပြောရဲဆိုရဲတွေ။

ရက်စက်လိုက်တာ baeရယ် အပြင်မှာ ကိုယ်ရော ကိုယ့်ညီလေးရော အေးတယ်လေ။ ရက်စက်တော့မှာလား...ဂျိန်းကနဲတံခါးပိတ်ပြီး..ဝင်သွားသော baeလေး မက်မွန်သီးလေးနဲ့ ဝေးရပြီလား...

"ကျွီ..."

အခန်းတံခါး ဖွင့်လာတဲ့ baeလေး။သူထင်ပါတယ် သူကလေးက မရက်စက်လောကျပါဘူး..

"ကိုယ် အထဲဝင်အိပ်လို့ ရပြီလား"

ဉီးသည် ညာပြောနေတာဖြစ်သည်။ အခုဖြေရှင်းချက်တွင် သူ့မျက်နှာအာ သေချာမကြည့်၊ စကားက ထစ်သေးတယ်။ အရင်ကဆို ဒေါက်ဒေါက်နဲ့ အလွတ်ကျက်ထားသလိုပင်..

"ရော့..စောင်နဲ့ခေါင်းအုံ..ဟွန့်..လူညာ"

သူ့မှာ အပြစ်ဆိုတော့ မွေးထဲကပါတဲ့ ခန့်ညားလှတဲ့ဒီရုပ်ရည်လေးပဲရှိတာကို။ တကယ်ဆို ချုံချင်းရောက်ကတည်းက သူ့အာစာလာပေးတဲ့လူအမြောက်အမြား...Baeကို သူကစိတ်မပူရဘဲ သူ့ကိုသာ baeက အူတိုနေရတာ။ အစကတော့ အူတိုတာလေးကို အသည်းတယားယားပေမဲ့ နောက်ပိုင်း baeသဝန်တိုတိုင်း သူ့အာ ညစာအဆမတန်စားခိုင်းလို့ အခန်းပြင်ထွက်ရတာ ခဏခဏ..ဒါပေမဲ့ သူ့ကို ညလယ်မှာတော့ အခန်းထဲဝင်ခွင့်ရပါသေးတယ်။

"Dream အဲ့လိုလုပ်ရင် အဆင်ပြေပါ့မလား..."

ဖုန်းဆက်လို့ dreamကို အကြံဉာဏ်တောင်းမိတော့ ထိုကလေးပေးတဲ့ အကြံ တကယ့်အကြီးစား...ဖြစ်ပါ့မလား...

"အင်း ကော...လုပ်ကြည့်လိုက်မယ်"

အရင်က ညလယ်လောက်ဆို ခေါ်ပေမဲ့ ကိစ္စကြီးကြီးအတွက် သည်းခံထား။ အမြဲနွေးနေကျအိပ်ရာကြီးကလည်း အခုမနွေးတော့သလို။ ညတိုင်းရနေကျ အနမ်းနဲ့တံတိုင်းမွှေးရနံ့ဟာလည်း ယနေ့ညတွင် ပယ်ပျောက်ကုန်ပြီ။လွမ်းလိုက်တာ ဉီးရယ်..ဒီညတော့ အတွေးတွေရှည်အုန်းမှာပဲ။

ညလယ်လောက်ဆို အရင်ကဝင်ခွင့်ပေးပေမဲ့...အခုဆို ည၁နာရီ​ေတာင်ရှိ​ေနပြီ။Baeသည် သူ့အာလာမခေါ်​ေပ။ သူ့လို အိုကြီးအိုမကို စိတ်ကုန်သွားတာလား? Baeက လူငယ်လေး သူကမှ baeသူများနောက်ပါမှာ ပူပန်နေရတာ...ဒီနေ့ကောင်မလေးကလည်း သူ့ကိုစာပေးတာမဟုတ် ဉီးဉီးရဲ့ညီလေးကိုသဘောကျတယ်တဲ့...သူ့မှာbaeကို မပြောရဲ ဟိုကသွက်သွက်လက်လက်နဲ့ baeပါသွားမှဖြစ်..ရင်မောလိုက်တာ။ လေအေးတွေကြား baeရဲ့အနွေးဓာတ်လေးကို သတိရရင် အတွေးများဆဲ ဒီညတော့ ညတာရှည်အုန်းမှာပဲ။


3/8/2023
9:00pm

••••••••••••••

Zawgyi

"သတို႔သား ဝမ္က်န့္သည္ သတို႔သား ဝမ္ရိေပၚအေပၚ ခ်မ္းသာသည္ျဖစ္ေစ၊ဆင္းရဲသည္ျဖစ္ေစ၊ က်န္းမာသည္ျဖစ္ေစ၊နာမက်န္းသည္ျဖစ္ေစ ဘဝတစ္သက္လုံး ေပါင္းဖက္မည္ဟု ကတိသစ္စာပြုပါသလော "

သူ၏ မ်ိဳးရိုးအမည္ကို ခံယူခဲ့ေသာ ဉီး။ သူ႕အေပၚတြင္ အခ်စ္မ်ားပုံအပ္ခဲ့ေသာ ဉီး။ အႂကြင္းမဲ့ ယုံၾကည္ေပးခ့ဲသော ဉီး။ သူ႕ဘဝကို အပိုင္စိုးမိုးထားတဲ့ အရွင္သခင္ဟာ ဉီးတစ္ေယာက္ထဲသာ..

"Yes I do"

ဖာသာစီသို႔ျပန္ေျဖလာတဲ့ ကတိစကားႏွင့္အတူ သူ႕၏လက္ကိုဆုပ္ကိုင္လ်က္..

"ကိုယ္ဘဝတစ္သက္လုံး မင္းကို ဘယ္ေတာ့မွလက္လႊတ္မွာ မဟုတ္ဘူး bae။ ကိုယ္အသက္ရွင္ေနသ၍ ကိုယ့္အခ်စ္ေတြ၊ ကိုယ္အသက္ေသဆုံးသြားခ်ိန္မွာ ကိုယ့္ရဲ႕ဝိဉာဥ္...ကိုယ္ဘဝအသစ္ တစ္ဖန္ေမြးဖြားခဲ့ရင္ေတာင္ ကိုယ္ဟာ မင္းတစ္ေယာက္အတြက္ပဲ..."

ကိုယ့္ရဲ႕ ငယ္႐ြယ္စဥ္မွာ မင္းကိုမေတြ႕ခဲ့တာ ကိုယ္ရဲ႕ကံဆိုးခ်င္းေတွပဲ။ ဒါေပမဲ့ကိုယ့္ရဲ႕ အနာဂတ္မွာေတာ့ မင္းနဲ႕ဘယ္ေတာ့မွ လက္တြဲမျဖဳတ္ပဲ အတူတူျဖတ္သန္းၾကရေအာင္။

"သတို႔သား ဝမ္ရိေပၚသည္ သတို႔သား ဝမ္က်န့္အေပၚခ်မ္းသာသည္ျဖစ္ေစ၊ဆင္းရဲသည္ျဖစ္ေစ၊ က်န္းမာသည္ျဖစ္ေစ၊နာမက်န္းသည္ျဖစ္ေစ ဘဝတစ္သက္လုံး ေပါင္းဖက္မည့္ဟု ကတိသစ္စာပြုပါသလော "

"Yes I do"

"ဉီးထပ္ မပိုရင္ေတာင္ ဉီးထပ္ မေလ်ာ့တဲ့ ခ်စ္ျခင္းေတြနဲ႕ ခ်စ္ေပးပါ့မယ္။ ကြၽန္ေတာ္ ဝမ္ရိေပၚရဲ႕ဖူးစာဖက္ဟာ ဘဝစက္တိုင္းမွာ ဉီးတစ္ေယာက္ထဲအတြက္ပါပဲ။ ကြၽန္ေတာ္ဟာ ဉီးရဲ႕အပိုင္ကေလးငယ္ပါ.."

ကြၽန္ေတာ္ ေ႐ြးခ်ယ္လိုက္တဲ့ ဉီးသည္ ကြၽန္ေတာ့္ဘဝအတြက္ အခ်စ္ဉီးျဖစ္သလို အခ်စ္ဆုံးလည္းျဖစ္ျပန္သည္ ။ကြၽန္ေတာ့္ဘဝကို ဉီးနဲ႕စလို႔ ဉီးနဲ႕ပဲ အဆုံးသတ္ခြင့္ရတာ ဘုရားေပးတဲ့ ကံေကာင္းခ်င္းပါပဲ။

က်မ္းက်ိန္ျခင္းသည္ အမ်ားသူငွာ သိေစဖို႔အတြက္ဆိုေပမဲ့ သူတို႔ရဲ႕ခ်စ္ျခင္းေမတၱာကို သူတို႔ႏွစ္ဉီးသားသိနိုင္သည္။ အထင္လြဲမႈေတြရွိလာရင္ေတာင္ သူတို႔ႏွစ္ဉီးတြင္ နားလည္ျခင္းအျပည့္ ရွိေနမွာအမွန္ပင္...တျခားသူမ်ားထက္ သူသည္ ဉီးကို နားလည္သလို ဉီးသည္လည္း သူရဲ႕စိတ္ကိုနားလည္မွာ အမွန္ပင္။

"သတို႔သား ႏွစ္ေယာက္ အၾကင္နာအနမ္းေႁခြၾကပါ.."

ဖာသာ၏ ခြင့္ျပဳမႈအဆုံး ဂေဟဆက္ထားခဲ့တဲ့ ႏႈတ္ခမ္းသားတို႔ထက္က အနမ္းခ်ိဳခ်ိဳေလးမ်ား။ ႏႈတ္ခမ္းထပ္က ႏူးညံ့တဲ့တိမ္ဆိုင္အလားအတိအေတြ႕နဲ႕အတူ လႊင့္ေမာမိတဲ့အသိစိတ္ေတြ။ ဒီလူသားငယ္ေလးဟာ သူရဲ႕ခင္ပြန္းျဖစ္ခဲ့ၿပီ။ ဝမ္ရိေပၚ ဆိုတဲ့ခ်ာတိတ္ကို ခ်စ္သည္ထက္ ပိုျမတ္နိုးခဲ့ပါသည္။ ယုယျခင္းပါသည္။ ေထြးေပြ႕ျခင္းပါသည္။ အသက္ထက္ဆုံး ေစာင့္ေရွာက္ေပးျခင္းပါသည္။

ပန္းစည္းပစ္ခ်ိန္တြင္ ဒီဘက္ကိုပစ္ေပးပါ၊ဒီေနရာေနာ္...ဆိုတဲ့အသံမ်ားကဆူဆူညံ့ညံ့။ ထိုအတြဲတြင္ konကလည္းရိစန္းေကာကိုရေစခ်င္ဟန္။ ေနာက္ေက်ာဘက္ကို ပန္းစည္းပစ္ေပးလိုက္ခ်ိန္တြင္..တိတ္က်သြားေသာအသံတို႔ေၾကာင့္ လွည့္ၾကည့္မိေတာ့...မ်က္ႏွာနီနီနဲ႕ပန္းစည္းပိုင္ရွင္က Mr.Deepသာ...။

"ဒီလူအိုႀကီးကေတာ့ လူပ်ိဳသိုးဘဝက လႊတ္မွာမဟုတ္ဘူး။ပန္းစည္း​ေလးကိုႏွေျမာလိုက္တာ"

ခပ္က်ယ္က်ယ္ထြက္လာတဲ့ dreamရဲ႕စကားသံအဆုံး သူတို႔လည္းၿပိဳင္တူရယ္ေမာမိၾကသည္။

ဧည့္သည္ေတြကို ဧည္ခံေနေသာ ဉီးသည္ ရယ္ေမာေပ်ာ္႐ႊင္ေနတာ ယုန္သြားေလးေတြပင္ေပၚလို႔။ အရင္က တည္ၿငိမ္လြန္တဲ့သူဟာ အေပ်ာ္ႀကီးေပ်ာ္ေနသျဖင့္ မိတ္ေဆြအခ်ိဳ႕ကစေနာက္လ်က္။ ဉီးသည္ယုန္ေလးႏွင့္ တူပါသည္။ဒါေပါ့ ဉီးကို ပိုင္ဆိုင္ခြင့္ရလို႔ သူကလည္းသိပ္ကိုေပ်ာ္ရတာေပါ့...

ထိုေန႕ညမွာေတာ့ ယုန္ကေလးယောင်ဆောင်နေသော ေျမေခြးႀကီးသည္ ဝက္ေပါက္ေလးကို တစ္ညလုံးအလြတ္မေပးဘဲ အရိုးေကြကြေအရေခမ်းခမ်း ျပဳစုယုယခဲ့ေလသည္။

.
.
.
.

အခ်ိန္တို႔သည္ သူတို႔လက္ထပ္ၿပီး၍ တစ္ႏွစ္ကုန္ဆုံးခဲ့ၿပီ။ ဉီးသည္ လုပ္ငန္းမ်ားကို konတို႔ႏွင့္လႊဲ၍ ခ်ဳံခ်င္းၿမိဳ႕တြင္ အေျခခ် ေနထိုင္ ခဲ့သည္။ ေတာင္ေပၚေဒသျဖစ္ေသာ ဤၿမိဳ႕ေလးတွင် အသီးအႏွံမ်ားကိုစိုက္ပ်ိဳးစား၍ ၿငိမ္းခ်မ္းစြာ ရပ္တည္ခဲ့သည္။ Company မ်ားကို Konနဲ႕ရိစန္းေကာတို႔ကို ဉီးေဆာင္ေစလို႔ ဉီးက ဒီကၫႊန္ၾကား႐ုံမွ်သာ..တစ္ခါတစ္ရံေတာ့ ဉီးသည္ ေဘဂ်င္းကို အလုပ္ကိစၥနဲ႕တစ္ရက္ေလတစ္ေလ သြားရသည္။

တကယ္ဆို ဘန္ကို သူသတ္ခဲ့တာကို မွတ္မိပါတယ္။ တကယ္ေတာ့ သူလူသတ္ခဲ့ေပမဲ့ ေနာင္တရစိတ္၊ အျပစ္တင္စိတ္မရွိခဲ့ေပ။ ဉီးသည္ သူထိုအေၾကာင္း သူမွတ္မိမွာကို သိပ္ေၾကာက္ေနခဲ့သည္။

တကယ္ေတာ့ အိမ္မက္ဆိုးမ်ားမက္၍ ထိုအေၾကာင္းကို သူသတိရခဲ့တာ ျဖစ္သည္။ ၿပီးေတာ့ သူမနိုးထခင္ ဆရာဝန္ႏွင့္ စကားေျပာေနေသာ ဉီး၏ဝါးတားတား အသံတို႔ေၾကာင့္ သူခ်ိတ္ဆက္မိခဲ့တာ။ မာရီရာသည္ ဘန္ျဖစ္ၿပီး သူသတ္ခဲ့တဲ့ သူျဖစ္သည္ကိုေပါ့။ဉီးမမွတ္မိေစခ်င္ေသာ ထိုျဖစ္ရပ္ကို သူကလည္း မမွတ္မိခ်င္ေယာင္ေဆာင္ခဲ့သည္။ သူ႕မွတ္ဉာဏ္မ်ားသည္လည္း ဉီးအပိုင္ေလ။

"Bae...မေအးဘူးလား"

အျပင္တြင္ထိုင္လို႔ ေတာင္ေပၚရႈခင္းမ်ားကို ေငးေမာေနတတ္ေသာ bae။ ၿခဳံေစာင္ အပါးေလးကို ပခုံးေပၚတင္ေပးမိေတာ့ ၿပဳံးျပလာတဲ့ မ်က္ႏွာႏုႏုေလး။သူ႕ကေလးငယ္သည္ တခ်ိဳ႕အခ်ိန္တို႔၌ ေတြေဝေနတတ္သည္။

သူ႕စိတ္ထဲတြင္ bae၏အခ်စ္သည္ သူ႕ကို မမွီဘူးလို႔ ေတြးေနမွန္းသူသိတာေပါ့။ တကယ့္ေတာ့ ကြၽန္ေတာ့္အခ်စ္က baeနဲ႕ယွဥ္ရင္ ေသးငယ္သြားတာကို ဒီခ်ာတိတ္ေလးမသိေလသေလာ။ ျဖဴစင္တဲ့ကေလးငယ္သည္ သူ႕အတြက္နဲ႕ လူေတာင္သတ္ရဲသည္အထိတဲ့လား?

"မေအးပါဘူး..ဉီးရဲ႕..စိုက္ခင္းဘက္မွာအဆင္ေျပရဲ႕လား"

"ကိုယ္ ကုန္ေတြပို႔လိုက္ၿပီ။ ရိစန္းတို႔ေတာင္ ကေလးေမြးစားထားတယ္တဲ့.."

"ဉီးေရာ...ကေလးလိုချင်လား"

"ကိုယ္က ဒီကေလးေလးကိုပဲ ခ်စ္မဝျဖစ္ေနတာ..မြ..မြ"

ပါးျပင္ကို တမြမြနမ္းေတာ့ တခစ္ခစ္ရယ္သံေလးဟာ နားစည္အိမ္ထဲ ခ်ိဳျမစြာ တိုးဝင္လာတယ္...

"ခစ္ခစ္...ဉီး..ယားတယ္ေလ.."

လည္ပင္းသားတို႔ကို က်ီစယ္မိေတာ့ အသာအယာတားထားတဲ့လက္ကေလး။အိမ္ေထာင္သက္သာ ၾကာလာတယ္ ခ်ာတိတ္သည္ သူက်ည္စဲတိုင္း ရွက္ေနဆဲပင်။ Baeသည္ အၿမဲတန္း သူ႕သေဘာ၊ သူ႕ဆႏၵကို မျငင္းေပ။ ဟက္...တစ္ခ်ိန္မွာေတာ့ အျငင္းစကား ဆိုပါသည္။ ဟင္း...ဒီကေလးဟာ ဘယ္ေတာ့မွ အားအင္ျပည့္ဝတဲ့ ဝက္ေပါက္ေလးျဖစ္လာမွာလဲ??
.
.
.
"Bae. ..မစားနိုင္ေတာ့ဘူးလို႔"

ညစာအတင္းေကြၽးေနေသာ သူ႕ကေလး။ သူစားမကုန္ေတာ့ဘူးပြောမိတော့ မ်က္ေစာင္းကဒိုင္းကနဲ ပစ္ပစ္ဝင္လာေတာ့ ဒီလူမွာ အရႈးတစ္ပိုင္း။ သူ႕ခ်ာတိတ္ေလးမွာ အက်င့္တစ္ခုတိုးလာပါတယ္။ အဲ့တာကေတာ့ သူေလးသဝန်တိုတိုင်း သူ႕အာအစားမ်ားမ်ားစားခိုင္းပါတယ္။

ဒါက အျပစ္ေပးနည္းတစ္မ်ိဳးပင္ ၾကာလာရင္ အစားမ်ားမ်ားစားခိုင္းမႈေၾကာင့္ သူရဲ႕ေပါင္မုန့္မ်ားသည္ အဆီရစ္ေသာဗိုက္ေခါက္ျဖစ္လာေတာ့မည္။

"ဘာေတြ စိတ္ဆိုးေနတာလဲ"

"မနက္က ေကာင္မေလးက..."

မ်က္လုံးေလးက မီးဝင္းဝင္းေတာက္လို႔ တရားခံလိုစစ္ေမးသလို ေမးျမန္း ေနတဲ့ သူ႕baeေလး။ အသက္ႀကီးမွ ဇာတာတက္ေနေသာ ဒီ႐ုပ္ရည္ကို ေမြးအေမကို ျပန္ေပးလိုက္ရ။

"သူက...အဲ...စာလာေပးတာ။ ကိုယ္မယူဘူးနဲ႕ ကိုယ္မွာbaeရွိေၾကာင္း အျပတ္ေျပာထားၿပီသား"

"ဒီည အျပင္မွာအိပ္!"

ဟြန့္ အရင္ရက္က ဉီးနဲ႕အတူအျပင္ထြက္ေတာ့ ေရှာင်ကောကော ၿပဳံးလိုက္ရင္ အရမ္းေခ်ာတာပဲတဲ့...ဘာလို႔အဲ့ေလာက္ေခ်ာေနတာလဲတဲ့?? ဉီးကေတာ့ ပုံမွန္အတိုင္း သူ႕ကိုေမြးေပးတဲ့အေမကို ေမးကြည့်ပေါ့တဲ့...

ကဲၾကည့္အဲ့လို အေျဖကို ဟိုက ေကာေကာ အေမက သူ႕မားမားပဲေလ ဆိုၿပီး စကားအသာယူသြားတာ ဉီးကၿငိမ္ေနလို႔ေကာင္းတုန္း ။ ဒီဘက္ေခတ်ကလေးမတွေက ေျပာရဲဆိုရဲေတြ။

ရက္စက္လိုက္တာ baeရယ္ အျပင္မွာ ကိုယ္ေရာ ကိုယ့္ညီေလးေရာ ေအးတယ္ေလ။ ရက္စက္ေတာ့မွာလား...ဂ်ိန္းကနဲတံခါးပိတ္ၿပီး..ဝင္သြားေသာ baeေလး မက္မြန္သီးေလးနဲ႕ ေဝးရၿပီလား...

"ကြၽီ..."

အခန္းတံခါး ဖြင့္လာတဲ့ baeေလး။သူထင္ပါတယ္ သူကေလးက မရက္စက္ေလာက်ပါဘူး..

"ကိုယ္ အထဲဝင္အိပ္လို႔ ရၿပီလား"

ဉီးသည္ ညာေျပာေနတာျဖစ္သည္။ အခုေျဖရွင္းခ်က္တြင္ သူ႕မ်က္ႏွာအာ ေသခ်ာမၾကည့္၊ စကားက ထစ္ေသးတယ္။ အရင္ကဆို ေဒါက္ေဒါက္နဲ႕ အလြတ္က်က္ထားသလိုပင္..

"ေရာ့..ေစာင္နဲ႕ေခါင္းအုံ..ဟြန့္..လူညာ"

သူ႕မွာ အျပစ္ဆိုေတာ့ ေမြးထဲကပါတဲ့ ခန့္ညားလွတဲ့ဒီ႐ုပ္ရည္ေလးပဲရွိတာကို။ တကယ္ဆို ခ်ဳံခ်င္းေရာက္ကတည္းက သူ႕အာစာလာေပးတဲ့လူအေျမာက္အျမား...Baeကို သူကစိတ္မပူရဘဲ သူ႕ကိုသာ baeက အူတိုေနရတာ။ အစကေတာ့ အူတိုတာေလးကို အသည္းတယားယားေပမဲ့ ေနာက္ပိုင္း baeသဝန္တိုတိုင္း သူ႕အာ ညစာအဆမတန္စားခိုင္းလို႔ အခန္းျပင္ထြက္ရတာ ခဏခဏ..ဒါေပမဲ့ သူ႕ကို ညလယ္မွာေတာ့ အခန္းထဲဝင္ခြင့္ရပါေသးတယ္။

"Dream အဲ့လိုလုပ္ရင္ အဆင္ေျပပါ့မလား..."

ဖုန္းဆက္လို႔ dreamကို အႀကံဉာဏ္ေတာင္းမိေတာ့ ထိုကေလးေပးတဲ့ အႀကံ တကယ့္အႀကီးစား...ျဖစ္ပါ့မလား...

"အင္း ေကာ...လုပ္ၾကည့္လိုက္မယ္"

အရင္က ညလယ္ေလာက္ဆို ေခၚေပမဲ့ ကိစၥႀကီးႀကီးအတြက္ သည္းခံထား။ အၿမဲႏြေးေနက်အိပ္ရာႀကီးကလည္း အခုမႏြေးေတာ့သလို။ ညတိုင္းရေနက် အနမ္းနဲ႕တံတိုင္းေမႊးရနံ႕ဟာလည္း ယေန႕ညတြင္ ပယ္ေပ်ာက္ကုန္ၿပီ။လြမ္းလိုက္တာ ဉီးရယ္..ဒီညေတာ့ အေတြးေတြရွည္အုန္းမွာပဲ။

ညလယ္ေလာက္ဆို အရင္ကဝင္ခြင့္ေပးေပမဲ့...အခုဆို ည၁နာရီေတာင်ရှိေနပြီ။Baeသည္ သူ႕အာလာမေခၚေပ။ သူ႕လို အိုႀကီးအိုမကို စိတ္ကုန္သြားတာလား? Baeက လူငယ္ေလး သူကမွ baeသူမ်ားေနာက္ပါမွာ ပူပန္ေနရတာ...ဒီေန႕ေကာင္မေလးကလည္း သူ႕ကိုစာေပးတာမဟုတ္ ဉီးဉီးရဲ႕ညီေလးကိုသေဘာက်တယ္တဲ့...သူ႕မွာbaeကို မေျပာရဲ ဟိုကသြက္သြက္လက္လက္နဲ႕ baeပါသြားမွျဖစ္..ရင္ေမာလိုက္တာ။ ေလေအးေတြၾကား baeရဲ႕အႏြေးဓာတ္ေလးကို သတိရရင္ အေတြးမ်ားဆဲ ဒီညေတာ့ ညတာရွည္အုန္းမွာပဲ။

3/8/2023
9:00pm

Continuar a ler

Também vai Gostar

310K 6.8K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
676K 33.4K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
10.4K 317 10
The Justice League thinks that Batman organized the Flying Grayson's death and is blackmailing Dick with the circus's safety in order to make him his...
217K 1.6K 18
This is a story about you and draco but its an 18+ story, if you know what i mean.. its wild, So it will have sexual content its geting dirty so rea...