အပိုင်း ၁၄၃
ကောင်ငယ်လေးက မြေတွင်လဲနေပြီး ထိန်းချုပ်၍မရအောင် ဆက်တိုက်တုန်ယင် နေသည်။ သူက အသက် ၅ နှစ်၊ ၆ နှစ်အရွယ်သာရှိနေသေးကာ ပါးပြင်များက နီရဲလျက် နာကျင်မှုကို ခံစားနေရဟန်ရပြီး တစ်ကိုယ်လုံးက တသိမ့်သိမ့်တုန်လျက် ပါးစပ်မှပင် အမြှုပ်အနည်းငယ် ထွက်နေလေပြီ။
သူမကို ဆီးကြိုသော မြင်ကွင်းကြောင့် ကြောင်အပြီး အနားတွင် ဒူးတစ်ဖက် ထောက်ထိုင်ကာ ခေါင်းကိုမော့လျက် ဘေးဘက်သို့မှီထားစေသည်။ သည်နည်းအားဖြင့် ပါးစပ်ထဲမှ အမြှုပ်များကို အရင်ထွေးထုတ်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူမက ငွေရောင်လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး သူ၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး အင်္ကျီကော်လံကို အနည်းငယ်ဖွင့်ကာ အသက်ကို အနည်းငယ်ရှူစေသည်။
ငါ ဘာလုပ်ရမလဲ။
ယဲ့ကျန်းက အနည်းငယ်စိုးရိမ်နေသည်။ သူမ၏ ဆေးပညာစွမ်းရည်က လိုအပ်ချက်များစွာ ရှိနေသေးသည်။ လက်ရှိအချိန်တွင် သူမက ညီမဖြစ်သူ၏မှတ်ဉာဏ်ကိုသာ အားကိုးနေရသော်လည်း ညီမဖြစ်သူကိုယ်တိုင်ကလည်း မည်သူ့ကိုမျှ မကုသခဲ့ဖူးသေးချေ။
"တတိယသခင်မလေး ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ"
ဘေးဘက်တွင် သူမနည်းတူဒူးထောက်နေသည့် သိုက်မေ့က ခပ်တိုးတိုးပြောသည်။
ပတ်ဝန်းကျင်မှ အမှားမခံနိုင်သည်ဆိုသော ရေရွတ်သံကို ကြားချိန်တွင် ယဲ့ကျန်းက ကောင်ငယ်လေးထံမှတစ်ဆင့် မော့ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်တွင်စုရုံးနေသည့် လူအုပ်ကို မြင်လိုက်ရသည်။ အချို့က သူမကိုလက်ညှိုးထိုးပြီး သူမကို မှတ်မိသွားဟန်ရသည်။ ထိုအခါမှသာ သူမ၏မျက်နှာကို ပဝါဖြင့် မအုပ်ထားကြောင်း သတိရလိုက်သည်။
သို့သော် ထိုအခြေအနေကို စိုးရိမ်ရန် အချိန်မရှိတော့ချေ။ သူမက ကလေးသို့သာ အာရုံပို့ထားလိုက်တော့သည်။ ထိုကောင်လေးက ပြန်လည်တည်ငြိမ်ဖြစ်ကြောင်း သိလိုက်ရသည်။
"ပထမဆုံးတစ်ချက်အနေနဲ့ သူ့ကို ရထားလုံးထဲကို ကူတွဲပြီးပို့ပေးကြပါ၊ သိပ်မကြာခင်မှာ သူ့မိသားစု ရောက်လာလောက်တယ်"
သူမက ညွှန်ကြားသည်။ အနီးအနားမှ လူတစ်ယောက်က ပြောသည်။
"ဒီကလေးက တော်ဝင်ဆေးဝါးပညာရှင်ချီရဲ့ မြေးလေးဖြစ်လောက်တယ်"
ထိုစကားကကျယ်သည့်အတွက် ယဲ့ကျန်းကိုယ်တိုင်ကပင် ကြားလိုက်ရသည်။ ထိုလူ၏စကားအရ ဒီကလေး၏အပူချိန်ကြောင့် လောင်ကျွမ်းနေသောအခြေအနေကို စိုးရိမ်နေဟန်ရသည်။ သူမကလည်း ဧကရာဇ်ချီယန်လင်း၏ ဆေးဝါးစာအုပ်ထဲတွင် မြင်ဖူးခဲ့သည့် အကြောင်းအရာကို သတိရသွားသည်။
သူ့အဖျားက အကြောဆွဲစေတယ်၊ အချိန်အတန်ကြာသွားရင် ဦးနှောက်ကိုပါ သက်ရောက်မှု ရှိလာနိုင်တယ်။
"ရထားလုံးထဲမှာ ဝိုင်များမပါဘူးလား"
ယဲ့ကျန်းက သိုက်မေ့ကို ဖျော့တော့သောလေသံဖြင့်ပြောသည်။
သိုက်မေ့ကလည်း ခေါင်းညိတ်သည်။
"ပါပါတယ်"
ဝိုင်က အပူဓာတ်ကို ဖယ်ရှားပေးနိုင်သည်။
ယဲ့ကျန်းက ချွမ်ဖူကို လက်ထဲတွင် ကလေးကို ပွေ့ထားစေပြီးနောက်တွင် ရထားလုံးထဲသို့ ခေါ်သွားစေလိုက်သည်။ ထို့နောက် သူမက ရထားလုံးထဲမှ မီးဖိုငယ်ဖြင့် နွေးအောင်လုပ်ထားသည့် ဝိုင်အနည်းငယ်ကို ယူလိုက်သည်။ ထို့နောက် ကလေး၏လည်ပင်းနှင့် ပေါင်များကို ထိုအရက်ဖြင့် ပွတ်သည်။ ထိုအချက်များက ဧကရာဇ်ချီ၏စာအုပ်ထဲမှ ဖတ်ထားဖူးသည့်အချက်များ ဖြစ်ပြီး သူမက တစ်ကြိမ်သာ ဖတ်ထားဖူးသော်လည်း အရာအားလုံးကို ပြီးပြည့်စုံစွာမှတ်မိနေသည်။
ထိုအချက်အရ သူမက မွေးဖွားလာပြီးကတည်းက လက်ဆောင်အဖြစ် ရရှိထားသော လင်းချွမ်ကို ပိုင်ဆိုင်ခဲ့ရသည့်အပြင် အလွန်ကောင်းမွန်သည့် မှတ်ဉာဏ်ကလည်း သူမကို အကူအညီပေးခဲ့ကြောင်း ပို၍သိသာထင်ရှားလာသည်။
ကောင်လေး၏အပူချိန်က ကျသွားတော့မှသာ သိုက်မေ့က သူ့အဝတ်များကို အပြည့်အဝပြန်ဝတ်ပေးလိုက်တော့သည်။
ယဲ့ကျန်းက ထိုအချိန်၌ နဖူးမှ ချွေးများ တောက်လျှောက်စီးကျနေပြီဖြစ်ပြီး ရထားလုံးပတ်ဝန်းကျင်မှ အသံများကလည်း ကျွတ်စီနေသည်။ လူအများစုက သူမက မည်သူဖြစ်ကြောင်းနှင့် သူမက ဆေးဝါးပညာရှင်ဆိုလျှင်ပင် သူစိမ်းကလေးတစ်ယောက်ကို ရထားလုံးထဲသို့ ခေါ်သွားရဲသည့်အကြောင်းအရာကို သိချင်စိတ်ပြင်းပြနေကြသည်။
"တတိယသခင်မလေး သူ နိုးလာပြီ"
သိုက်မေ့ကလည်း ကောင်လေး၏မျက်ခွံက လှုပ်လာကြောင်းမြင်သည့်အခါ ပျော်ရွှင်စွာအော်သည်။
"ဒါဆိုရင် တို့ကို ရေတစ်ခွက်လောက် ထည့်ပေးပါအုံး"
ယဲ့ကျန်းနှုတ်ခမ်းများက ကော့တက်လာကာ စိတ်သက်သာရာရသွားသည်။
"ဒါဆိုရင် ဒီကလေးရဲ့မိဘတွေကို မေးလိုက်ပါ"
သိုက်မေ့ကလည်း ရေခွက်ကို ယဲ့ကျန်းအား ပေးပြီးနောက်တွင် ရထားလုံးပေါ်မှ ဆင်းသွားသည်။ ထိုကလေးက သိပ်ဝေးဝေးတွင် နေခြင်းမဟုတ်ပေ။ သူက အိမ်မှကစားရန် ထွက်လာခြင်း ဖြစ်လောက်သည်။ ယဲ့ကျန်းက ရေတစ်ငုံသောက်ပြီး နောက်တွင် မသက်မသာ အနည်းငယ်လှုပ်ရှားနေသည့် ကောင်လေးကို ကြည့်လိုက်သည်။
ဒီကလေး နာနေသေးတာ ဖြစ်လောက်တယ်။
သူမက အသက်ပြင်းပြင်းရှူပြီး သိပ်မကြာခင်မှာပင် သူမ၏လက်ဖဝါးတွင် လင်းချွမ်တစ်စက်က ပေါ်လာပြီးနောက် သူမ၏ရေခွက်ထဲသို့ ရောနှောလိုက်သည်။
ထိုကောင်လေးက နောက်ဆုံးတွင် အသိစိတ်ဝင်လာခါနီးဖြစ်လာသဖြင့် ယဲ့ကျန်းက သူ၏ခွက်ကို ပါးစပ်နားတွင် ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ထိုင်သည့်ပုံစံဖြစ်အောင် ထိန်းညှိပေးပြီးသည်နှင့် ခွက်ကို ပို၍ တိုးကပ်လိုက်တော့သည်။ ထိုကောင်လေးကလည်း ရေဆာနေသောကြောင့် ဖြစ်လောက်သည်။ ရေက ပါးစပ်ထဲသို့ အနည်းငယ်ဝင်လာသည်နှင့် ဆက်တိုက်မျိုချတော့သည်။ ထိုသို့ဖြင့် တစ်ခွက်လုံးက ကုန်သွားသည်။ ထို့နောက်မှသာ သူက မျက်လုံးဖွင့်နိုင်သည်။
"နောက်ဆုံးတော့ နိုးလာပြီလား"
ယဲ့ကျန်းက အပြုံးနှင့်မေးသည်။
"ထပ်လိုချင်သေးလား"
ကောင်လေး၏ ကြည့်ကောင်းလွန်းသော မျက်ဝန်းနက်တစ်စုံက ဖွင့်လာပြီးနောက်တွင် ယဲ့ကျန်းကို သံသယအချို့နှင့်ကြည့်ပြီးနောက် ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။
ယဲ့ကျန်းက သူ့ကို နောက်ထပ် ရေတစ်ခွက် ငဲ့ပေးလိုက်သည်။ တစ်ဖန် သူက တစ်ခွက်လုံး ကုန်အောင် သောက်လိုက်ပြန်သည်။
"မင်းရဲ့နာမည်က ဘယ်လိုခေါ်လဲ၊ ဘယ်နေရာမှာနေလဲ"
ယဲ့ကျန်းကလည်း တိုးလျသောလေသံမျိုးဖြင့် မေးလျက် ကလေးကို စကားပြောချင်စိတ် ရှိလာအောင် နှစ်သိမ့်လိုသောအသံမျိုးဖြင့် ပြောလိုက်သည်။
ကောင်လေးက နှုတ်ခမ်းလေးကို တင်းတင်းစေ့သွားပြီး စကားပြောချင်စိတ်ရှိဟန် မရတော့ချေ။ ယဲ့ကျန်းကလည်း ထူးဆန်းသည်ဟုခံစားရသည်။
ဒီကောင်လေးက စကားမပြောဘူးပဲ။
သူ၏ တိတ်ဆိတ်နေခြင်းကပင် ပတ်ဝန်းကျင်တွင် သူမကဲ့သို့သူစိမ်းများရှိနေခြင်းကို မသက်မသာ ဖြစ်သလို ခံစားရစေသည်။ သူမက သူ့ကို နှစ်သိမ့်ကာ ပြုံးပြလိုက်ပြီးနောက် ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ တို့က တစ်ယောက်ယောက်ကိုခေါ်ပြီး မင်းကိုအိမ်ပြန်ပို့ခိုင်းပေးမယ်"
ထိုအချိန်တွင် ထိုကောင်လေးက စကားတစ်ခွန်းမှ မဆိုသော်လည်း ခေါင်းကို တဆတ်ဆတ် ခါလာပြီးနောက်တွင် မျက်ရည်များကျလာတော့သည်။ မျက်ရည်များ ကျလာသည့်တိုင်အောင် အသံတစ်စက်မှ မထွက်ပေ။ ယဲ့ကျန်းက အံ့ဩသွားရသည်။ ဒီကောင်လေးက စကားမပြောနိုင်တာလား။
ယဲ့ကျန်းက သဘောကျနေချိန်တွင် သိုက်မေ့က သတင်းအချို့နှင့်အတူ ပြန်လာသည်။
"တတိယသခင်မလေး ကျွန်မတို့ သူ့မိသားစုကို ရှာတွေ့ပါပြီ"
ယဲ့ကျန်းက လိုက်ကာစကို မလိုက်ချိန်တွင် သိုက်မေ့က အသက် ၅၀ အရွယ်ရှိသော အမျိုးသမီးတစ်ယောက်နှင့်အတူ ရပ်နေကြောင်းမြင်လိုက်ရသည်။ တစ်ဖက်သူက ရိုးရှင်းစွာ ဝတ်စားထားပြီး သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားလေသည်။ သာမန်လူတစ်ယောက်နှင့် မတူနေသော်လည်း အထက်တန်းလွှာဆန်သည့် အရှိန်အဝါက ပျံ့လွင့်နေသည်။
သူမအရှေ့ရှိလူကသာ အထက်တန်းလွှာမျိုးရိုးဆိုလျှင် သူမက သိထားသင့်သည်။ သို့သော် ယဲ့ကျန်းက တစ်ဖက်သူကို မသိချေ။ ဖြစ်နိုင်သည်မှာ တစ်ဖက်သူက အခြားနေရာမှ လာခဲ့ခြင်း သို့မဟုတ် မြို့တော်မှာ ကြာရှည်စွာ နေသော်လည်း ပွဲတော်များသို့ တက်ခဲခြင်းကြောင်း ဖြစ်လောက်သည်။ မဟုတ်လျှင် ယဲ့ကျန်းက သိနေပေလိမ့်မည်။
"ငါ့မြေးကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ချီမိသားစုက ဒီကိစ္စကို မှတ်ထားမှာပါ"
ထိုအမျိုးသမီးက ယဲ့ကျန်းကို ကြည့်ပြီးသည်နှင့် ရထားလုံးထဲတွင် ထိုင်နေသော မြေးဖြစ်သူထံသို့ သွားပြီးနောက် မျက်လုံးများကို ပွတ်သုတ်ပေးသည်။
သူက ကောင်းကောင်းမွန်မွန် ရှိနေကြောင်း မြင်သောအခါ သူမ၏မျက်လုံးထဲတွင် ရှိသော ပြင်းအားများက ပြေလျော့ကျသွားပြီးနောက် ယဲ့ကျန်းကို တစ်ဖန် ကျေးဇူးတင်လာပြန်သည်။
ချီဟုတ်လား။
ယဲ့ကျန်း၏နှလုံးခုန်နှုန်းက မြန်သွားသည်။ သို့သော် သူမက ကြော့ရှင်း ကြည့်ကောင်းစွာ ပြုံးလိုက်သေးသည်။
"ဒါက ဘာရယ်မဟုတ်ပါဘူး၊ ကျွန်မကသူ့ကို အပူကျသွားအောင် နည်းနည်း ကူညီပေးလိုက်ရုံပါပဲ၊ အမျိုးသမီးကသာ နောက်တစ်ကြိမ်မှာ ကျေးဇူးပြုပြီး ပိုပြီးဂရုစိုက်ပေးပါ"
ချီကျင်းက ယဲ့ကျန်းကို မင်သက်စွာကြည့်သည်။
"မိန်းကလေးက ဆေးပညာကို သိတာလား"
"နည်းနည်းပါ"
ယဲ့ကျန်းကဖြေသည်။
သူမ၏စိတ်ထဲတွင်မူ တစ်ဖက်သူကို သိပြီးလေပြီ။ တစ်ဖက်သူက ဆေးဝါးပညာတွင် အလွန်အမင်း ကျွမ်းကျင်သူဖြစ်လာသည်။ မြို့တော်တွင် ချီမျိုးရိုးအမည်ဖြင့် ဆေးဝါးပညာ လေ့ကျင့်သူများ ရှိကြသည်။ ချီမျိုးနွယ်စုထဲတွင် ရှိနေသည့် တိုင်အောင် ယခင်မင်းဆက်ကတည်းက အထက်တန်းလွှာများ၏ အထွတ်အထိပ်နယ်ပယ်တွင် ကျင်လည်ကျက်စားသူများ ဖြစ်ကြပြီး ယခုမင်းဆက်တွင် အရှိန်အဝါ လျော့ကျသွားသောသူများ ဖြစ်သည့်တိုင်အောင် ထိုသူများ၏ ဆေးဝါးပညာက အမြဲတစေ ပြိုင်ဘက်ကင်းလေ့ရှိသည်။ ထိုအကြောင်းပြချက်များကြောင့် ယဲ့ကျန်းက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မင်းဆက်အပြောင်းအလဲပြီးနောက်တွင် ချီမိသားစုဝင်များအားလုံးက လူမှုအသိုင်းအဝိုင်းမှ ပျောက်ကွယ်သွားကြပြီး ဟွမ်ဖူမိသားစုဟူ၍သာ တည်ရှိတော့သည်။ ဧကရာဇ်ထိုက်ကျုံးက ထိုလူများကို ရှာဖွေခိုင်းသည်မှာ ကြာလှပြီ ဖြစ်သည့်တိုင်အောင် မည်သူကမျှ ရှာမတွေ့နိုင်ကြချေ။
ထိုအမျိုးသမီးနှင့်ကလေးများက ဧကရီသွမ့်ဟွေး၊ ချီရန်လင်း၏ဆွေမျိုးများ ဖြစ်နေလောက်သည်။ ချီကျင်းက ယဲ့ကျန်းကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်ပြီးနောက်တွင် သူမ၏လက်ကို ကောင်လေးထံသို့ ဆန့်တန်းကာပြောလိုက်သည်။
"ရီအာ အဘွားဆီကို လာပါအုံး"
ကောင်လေးက ရေခွက်ကို ချပြီးနောက် ရထားလုံးထဲမှ ခုန်ဆင်းကာ ချီကျင်း၏လည်ပင်းကို ပြေးဖက်သည်။
"ဒီနေ့ ငါ့ရဲ့မြေးက နေမကောင်းဖြစ်နေတာကြောင့် မင်းကို ကောင်းကောင်း ကျေးဇူးမတင်နိုင်တော့ဘူး၊ ဒါပေမဲ့ နောက်တစ်ကြိမ် သူ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြဖို့အတွက် ကိုယ်တိုင်ကိုယ်ကျလာပြီး ကျေးဇူးတင်ပါ့မယ်"
ချီကျင်းက ဆေးဝါးနယ်ပယ်တွင် ထူးချွန်သောကြောင့် သူမမြေး၏ရောဂါက မည်မျှအန္တရာယ်များကြောင်း သိနေသည်။ ယွမ့်ကျန်းကြောင့်သာ မဟုတ်လျှင် သူက သေသွားပြီးလောက်လေပြီ။
ယဲ့ကျန်းက ပြုံးသည်။
" ကိစ္စမရှိပါဘူး၊ ဆေးဝါးပညာကို သိတဲ့လူတိုင်းကလည်း သူ့ကို ကယ်ဖို့ကြိုးစားကြမှာပါ"
ချီကျင်းက ရထားလုံးအတွင်းရှိနေရာကို တစ်ချက်ကြည့်ပြီးနောက်တွင် တစ်ဖက်သူ၏ နောက်ခံကို ခန့်မှန်းမိသွားဟန်ရသည်။ ထို့နောက် ယဲ့ကျန်း၏မျက်နှာကို ဖြည်းညင်းစွာကြည့်ကာ အံ့အားတကြီးပြောလာသည်။
"မင်းက တတိယမိသားစုက သခင်မလေးလုပဲ"
"ဘယ်လိုများ သတိထားမိတာပါလဲ"
ယွမ့်ကျန်းကလည်း အံ့ဩသွားသည်။ သို့သော် စကားအပိုထပ်မပြောချေ။
ချီကျင်းက ဖျော့တော့စွာပြုံးသည်။
"နှစ်ရက်နေရင် သိရပါလိမ့်မယ်"
တတိယသခင်မလေးလုက အမျိုးသမီးအကယ်ဒမီတွင် အလွန်ကျော်ကြားလာလေသည်။ ထို့ကြောင့် ချီကျင်းကဲ့သို့ အကယ်ဒမီတွင် သင်ကြားသူတစ်ယောက်အနေနှင့် မကြားဖူးစရာအကြောင်း မရှိပေ။ ထိုသခင်မလေးလုက ဆေးပညာအကြောင်း သိထားကတည်းက သူမက တတိယသခင်မလေးလုမှ လွဲပြီး မည်သူမျှ မဖြစ်နိုင်တော့ချေ။
ယဲ့ကျန်းက ထိုအမျိုးသမီး၏စကားကြောင့် တွေဝေရှုပ်ထွေးသွားပြီး သည်စိတ်ရှုပ်ထွေးမှုကို ရှင်းလင်းချင်သည့်အချိန်တွင် ချီကျင်းက မြေးဖြစ်သူကို ခေါ်ကာ နာမည်အပြည့်အဝပင် ပြောကြားခြင်းမရှိဘဲ ထွက်သွားသည်။
"နှုတ်ဆက်ပါတယ် တတိယသခင်မလေးလု"
...
Zawgyi
အပိုင္း ၁၄၃
ေကာင္ငယ္ေလးက ေျမတြင္လဲေနၿပီး ထိန္းခ်ဳပ္၍မရေအာင္ ဆက္တိုက္တုန္ယင္ ေနသည္။ သူက အသက္ ၅ ႏွစ္၊ ၆ ႏွစ္အ႐ြယ္သာရွိေနေသးကာ ပါးျပင္မ်ားက နီရဲလ်က္ နာက်င္မႈကို ခံစားေနရဟန္ရၿပီး တစ္ကိုယ္လုံးက တသိမ့္သိမ့္တုန္လ်က္ ပါးစပ္မွပင္ အျမႇဳပ္အနည္းငယ္ ထြက္ေနေလၿပီ။
သူမကို ဆီးႀကိဳေသာ ျမင္ကြင္းေၾကာင့္ ေၾကာင္အၿပီး အနားတြင္ ဒူးတစ္ဖက္ ေထာက္ထိုင္ကာ ေခါင္းကိုေမာ့လ်က္ ေဘးဘက္သို႔မွီထားေစသည္။ သည္နည္းအားျဖင့္ ပါးစပ္ထဲမွ အျမႇဳပ္မ်ားကို အရင္ေထြးထုတ္ခိုင္းလိုက္ျခင္း ျဖစ္သည္။ ထို႔ေနာက္ သူမက ေငြေရာင္လက္ကိုင္ပဝါကို ထုတ္လိုက္ၿပီး သူ၏ပါးစပ္ထဲသို႔ ထိုးထည့္လိုက္ၿပီး အက်ႌေကာ္လံကို အနည္းငယ္ဖြင့္ကာ အသက္ကို အနည္းငယ္ရႉေစသည္။
ငါ ဘာလုပ္ရမလဲ။
ယဲ့က်န္းက အနည္းငယ္စိုးရိမ္ေနသည္။ သူမ၏ ေဆးပညာစြမ္းရည္က လိုအပ္ခ်က္မ်ားစြာ ရွိေနေသးသည္။ လက္ရွိအခ်ိန္တြင္ သူမက ညီမျဖစ္သူ၏မွတ္ဉာဏ္ကိုသာ အားကိုးေနရေသာ္လည္း ညီမျဖစ္သူကိုယ္တိုင္ကလည္း မည္သူ႔ကိုမွ် မကုသခဲ့ဖူးေသးေခ်။
"တတိယသခင္မေလး ကြၽန္မတို႔ ဘယ္လိုလုပ္ၾကမလဲ"
ေဘးဘက္တြင္ သူမနည္းတူဒူးေထာက္ေနသည့္ သိုက္ေမ့က ခပ္တိုးတိုးေျပာသည္။
ပတ္ဝန္းက်င္မွ အမွားမခံႏိုင္သည္ဆိုေသာ ေရ႐ြတ္သံကို ၾကားခ်ိန္တြင္ ယဲ့က်န္းက ေကာင္ငယ္ေလးထံမွတစ္ဆင့္ ေမာ့ၾကည့္လိုက္သည့္အခါ ပတ္ဝန္းက်င္တြင္စု႐ုံးေနသည့္ လူအုပ္ကို ျမင္လိုက္ရသည္။ အခ်ိဳ႕က သူမကိုလက္ညႇိဳးထိုးၿပီး သူမကို မွတ္မိသြားဟန္ရသည္။ ထိုအခါမွသာ သူမ၏မ်က္ႏွာကို ပဝါျဖင့္ မအုပ္ထားေၾကာင္း သတိရလိုက္သည္။
သို႔ေသာ္ ထိုအေျခအေနကို စိုးရိမ္ရန္ အခ်ိန္မရွိေတာ့ေခ်။ သူမက ကေလးသို႔သာ အာ႐ုံပို႔ထားလိုက္ေတာ့သည္။ ထိုေကာင္ေလးက ျပန္လည္တည္ၿငိမ္ျဖစ္ေၾကာင္း သိလိုက္ရသည္။
"ပထမဆုံးတစ္ခ်က္အေနနဲ႔ သူ႔ကို ရထားလုံးထဲကို ကူတြဲၿပီးပို႔ေပးၾကပါ၊ သိပ္မၾကာခင္မွာ သူ႔မိသားစု ေရာက္လာေလာက္တယ္"
သူမက ၫႊန္ၾကားသည္။ အနီးအနားမွ လူတစ္ေယာက္က ေျပာသည္။
"ဒီကေလးက ေတာ္ဝင္ေဆးဝါးပညာရွင္ခ်ီရဲ႕ ေျမးေလးျဖစ္ေလာက္တယ္"
ထိုစကားကက်ယ္သည့္အတြက္ ယဲ့က်န္းကိုယ္တိုင္ကပင္ ၾကားလိုက္ရသည္။ ထိုလူ၏စကားအရ ဒီကေလး၏အပူခ်ိန္ေၾကာင့္ ေလာင္ကြၽမ္းေနေသာအေျခအေနကို စိုးရိမ္ေနဟန္ရသည္။ သူမကလည္း ဧကရာဇ္ခ်ီယန္လင္း၏ ေဆးဝါးစာအုပ္ထဲတြင္ ျမင္ဖူးခဲ့သည့္ အေၾကာင္းအရာကို သတိရသြားသည္။
သူ႔အဖ်ားက အေၾကာဆြဲေစတယ္၊ အခ်ိန္အတန္ၾကာသြားရင္ ဦးေႏွာက္ကိုပါ သက္ေရာက္မႈ ရွိလာႏိုင္တယ္။
"ရထားလုံးထဲမွာ ဝိုင္မ်ားမပါဘူးလား"
ယဲ့က်န္းက သိုက္ေမ့ကို ေဖ်ာ့ေတာ့ေသာေလသံျဖင့္ေျပာသည္။
သိုက္ေမ့ကလည္း ေခါင္းညိတ္သည္။
"ပါပါတယ္"
ဝိုင္က အပူဓာတ္ကို ဖယ္ရွားေပးႏိုင္သည္။
ယဲ့က်န္းက ခြၽမ္ဖူကို လက္ထဲတြင္ ကေလးကို ေပြ႕ထားေစၿပီးေနာက္တြင္ ရထားလုံးထဲသို႔ ေခၚသြားေစလိုက္သည္။ ထို႔ေနာက္ သူမက ရထားလုံးထဲမွ မီးဖိုငယ္ျဖင့္ ေႏြးေအာင္လုပ္ထားသည့္ ဝိုင္အနည္းငယ္ကို ယူလိုက္သည္။ ထို႔ေနာက္ ကေလး၏လည္ပင္းႏွင့္ ေပါင္မ်ားကို ထိုအရက္ျဖင့္ ပြတ္သည္။ ထိုအခ်က္မ်ားက ဧကရာဇ္ခ်ီ၏စာအုပ္ထဲမွ ဖတ္ထားဖူးသည့္အခ်က္မ်ား ျဖစ္ၿပီး သူမက တစ္ႀကိမ္သာ ဖတ္ထားဖူးေသာ္လည္း အရာအားလုံးကို ၿပီးျပည့္စုံစြာမွတ္မိေနသည္။
ထိုအခ်က္အရ သူမက ေမြးဖြားလာၿပီးကတည္းက လက္ေဆာင္အျဖစ္ ရရွိထားေသာ လင္းခြၽမ္ကို ပိုင္ဆိုင္ခဲ့ရသည့္အျပင္ အလြန္ေကာင္းမြန္သည့္ မွတ္ဉာဏ္ကလည္း သူမကို အကူအညီေပးခဲ့ေၾကာင္း ပို၍သိသာထင္ရွားလာသည္။
ေကာင္ေလး၏အပူခ်ိန္က က်သြားေတာ့မွသာ သိုက္ေမ့က သူ႔အဝတ္မ်ားကို အျပည့္အဝျပန္ဝတ္ေပးလိုက္ေတာ့သည္။
ယဲ့က်န္းက ထိုအခ်ိန္၌ နဖူးမွ ေခြၽးမ်ား ေတာက္ေလွ်ာက္စီးက်ေနၿပီျဖစ္ၿပီး ရထားလုံးပတ္ဝန္းက်င္မွ အသံမ်ားကလည္း ကြၽတ္စီေနသည္။ လူအမ်ားစုက သူမက မည္သူျဖစ္ေၾကာင္းႏွင့္ သူမက ေဆးဝါးပညာရွင္ဆိုလွ်င္ပင္ သူစိမ္းကေလးတစ္ေယာက္ကို ရထားလုံးထဲသို႔ ေခၚသြားရဲသည့္အေၾကာင္းအရာကို သိခ်င္စိတ္ျပင္းျပေနၾကသည္။
"တတိယသခင္မေလး သူ ႏိုးလာၿပီ"
သိုက္ေမ့ကလည္း ေကာင္ေလး၏မ်က္ခြံက လႈပ္လာေၾကာင္းျမင္သည့္အခါ ေပ်ာ္႐ႊင္စြာေအာ္သည္။
"ဒါဆိုရင္ တို႔ကို ေရတစ္ခြက္ေလာက္ ထည့္ေပးပါအုံး"
ယဲ့က်န္းႏႈတ္ခမ္းမ်ားက ေကာ့တက္လာကာ စိတ္သက္သာရာရသြားသည္။
"ဒါဆိုရင္ ဒီကေလးရဲ႕မိဘေတြကို ေမးလိုက္ပါ"
သိုက္ေမ့ကလည္း ေရခြက္ကို ယဲ့က်န္းအား ေပးၿပီးေနာက္တြင္ ရထားလုံးေပၚမွ ဆင္းသြားသည္။ ထိုကေလးက သိပ္ေဝးေဝးတြင္ ေနျခင္းမဟုတ္ေပ။ သူက အိမ္မွကစားရန္ ထြက္လာျခင္း ျဖစ္ေလာက္သည္။ ယဲ့က်န္းက ေရတစ္ငုံေသာက္ၿပီး ေနာက္တြင္ မသက္မသာ အနည္းငယ္လႈပ္ရွားေနသည့္ ေကာင္ေလးကို ၾကည့္လိုက္သည္။
ဒီကေလး နာေနေသးတာ ျဖစ္ေလာက္တယ္။
သူမက အသက္ျပင္းျပင္းရႉၿပီး သိပ္မၾကာခင္မွာပင္ သူမ၏လက္ဖဝါးတြင္ လင္းခြၽမ္တစ္စက္က ေပၚလာၿပီးေနာက္ သူမ၏ေရခြက္ထဲသို႔ ေရာေႏွာလိုက္သည္။
ထိုေကာင္ေလးက ေနာက္ဆုံးတြင္ အသိစိတ္ဝင္လာခါနီးျဖစ္လာသျဖင့္ ယဲ့က်န္းက သူ၏ခြက္ကို ပါးစပ္နားတြင္ ထားလိုက္သည္။ သူ၏ခႏၶာကိုယ္ကို ထိုင္သည့္ပုံစံျဖစ္ေအာင္ ထိန္းညႇိေပးၿပီးသည္ႏွင့္ ခြက္ကို ပို၍ တိုးကပ္လိုက္ေတာ့သည္။ ထိုေကာင္ေလးကလည္း ေရဆာေနေသာေၾကာင့္ ျဖစ္ေလာက္သည္။ ေရက ပါးစပ္ထဲသို႔ အနည္းငယ္ဝင္လာသည္ႏွင့္ ဆက္တိုက္မ်ိဳခ်ေတာ့သည္။ ထိုသို႔ျဖင့္ တစ္ခြက္လုံးက ကုန္သြားသည္။ ထို႔ေနာက္မွသာ သူက မ်က္လုံးဖြင့္ႏိုင္သည္။
"ေနာက္ဆုံးေတာ့ ႏိုးလာၿပီလား"
ယဲ့က်န္းက အၿပဳံးႏွင့္ေမးသည္။
"ထပ္လိုခ်င္ေသးလား"
ေကာင္ေလး၏ ၾကည့္ေကာင္းလြန္းေသာ မ်က္ဝန္းနက္တစ္စုံက ဖြင့္လာၿပီးေနာက္တြင္ ယဲ့က်န္းကို သံသယအခ်ိဳ႕ႏွင့္ၾကည့္ၿပီးေနာက္ ေခါင္းကို ညင္သာစြာ ညိတ္လိုက္သည္။
ယဲ့က်န္းက သူ႔ကို ေနာက္ထပ္ ေရတစ္ခြက္ ငဲ့ေပးလိုက္သည္။ တစ္ဖန္ သူက တစ္ခြက္လုံး ကုန္ေအာင္ ေသာက္လိုက္ျပန္သည္။
"မင္းရဲ႕နာမည္က ဘယ္လိုေခၚလဲ၊ ဘယ္ေနရာမွာေနလဲ"
ယဲ့က်န္းကလည္း တိုးလ်ေသာေလသံမ်ိဳးျဖင့္ ေမးလ်က္ ကေလးကို စကားေျပာခ်င္စိတ္ ရွိလာေအာင္ ႏွစ္သိမ့္လိုေသာအသံမ်ိဳးျဖင့္ ေျပာလိုက္သည္။
ေကာင္ေလးက ႏႈတ္ခမ္းေလးကို တင္းတင္းေစ့သြားၿပီး စကားေျပာခ်င္စိတ္ရွိဟန္ မရေတာ့ေခ်။ ယဲ့က်န္းကလည္း ထူးဆန္းသည္ဟုခံစားရသည္။
ဒီေကာင္ေလးက စကားမေျပာဘူးပဲ။
သူ၏ တိတ္ဆိတ္ေနျခင္းကပင္ ပတ္ဝန္းက်င္တြင္ သူမကဲ့သို႔သူစိမ္းမ်ားရွိေနျခင္းကို မသက္မသာ ျဖစ္သလို ခံစားရေစသည္။ သူမက သူ႔ကို ႏွစ္သိမ့္ကာ ၿပဳံးျပလိုက္ၿပီးေနာက္ ေျပာလိုက္သည္။
"မစိုးရိမ္ပါနဲ႔ တို႔က တစ္ေယာက္ေယာက္ကိုေခၚၿပီး မင္းကိုအိမ္ျပန္ပို႔ခိုင္းေပးမယ္"
ထိုအခ်ိန္တြင္ ထိုေကာင္ေလးက စကားတစ္ခြန္းမွ မဆိုေသာ္လည္း ေခါင္းကို တဆတ္ဆတ္ ခါလာၿပီးေနာက္တြင္ မ်က္ရည္မ်ားက်လာေတာ့သည္။ မ်က္ရည္မ်ား က်လာသည့္တိုင္ေအာင္ အသံတစ္စက္မွ မထြက္ေပ။ ယဲ့က်န္းက အံ့ဩသြားရသည္။ ဒီေကာင္ေလးက စကားမေျပာႏိုင္တာလား။
ယဲ့က်န္းက သေဘာက်ေနခ်ိန္တြင္ သိုက္ေမ့က သတင္းအခ်ိဳ႕ႏွင့္အတူ ျပန္လာသည္။
"တတိယသခင္မေလး ကြၽန္မတို႔ သူ႔မိသားစုကို ရွာေတြ႕ပါၿပီ"
ယဲ့က်န္းက လိုက္ကာစကို မလိုက္ခ်ိန္တြင္ သိုက္ေမ့က အသက္ ၅၀ အ႐ြယ္ရွိေသာ အမ်ိဳးသမီးတစ္ေယာက္ႏွင့္အတူ ရပ္ေနေၾကာင္းျမင္လိုက္ရသည္။ တစ္ဖက္သူက ႐ိုးရွင္းစြာ ဝတ္စားထားၿပီး သန႔္ရွင္းသပ္ရပ္စြာ ျပင္ဆင္ထားေလသည္။ သာမန္လူတစ္ေယာက္ႏွင့္ မတူေနေသာ္လည္း အထက္တန္းလႊာဆန္သည့္ အရွိန္အဝါက ပ်ံ႕လြင့္ေနသည္။
သူမအေရွ႕ရွိလူကသာ အထက္တန္းလႊာမ်ိဳး႐ိုးဆိုလွ်င္ သူမက သိထားသင့္သည္။ သို႔ေသာ္ ယဲ့က်န္းက တစ္ဖက္သူကို မသိေခ်။ ျဖစ္ႏိုင္သည္မွာ တစ္ဖက္သူက အျခားေနရာမွ လာခဲ့ျခင္း သို႔မဟုတ္ ၿမိဳ႕ေတာ္မွာ ၾကာရွည္စြာ ေနေသာ္လည္း ပြဲေတာ္မ်ားသို႔ တက္ခဲျခင္းေၾကာင္း ျဖစ္ေလာက္သည္။ မဟုတ္လွ်င္ ယဲ့က်န္းက သိေနေပလိမ့္မည္။
"ငါ့ေျမးကို ကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ခ်ီမိသားစုက ဒီကိစၥကို မွတ္ထားမွာပါ"
ထိုအမ်ိဳးသမီးက ယဲ့က်န္းကို ၾကည့္ၿပီးသည္ႏွင့္ ရထားလုံးထဲတြင္ ထိုင္ေနေသာ ေျမးျဖစ္သူထံသို႔ သြားၿပီးေနာက္ မ်က္လုံးမ်ားကို ပြတ္သုတ္ေပးသည္။
သူက ေကာင္းေကာင္းမြန္မြန္ ရွိေနေၾကာင္း ျမင္ေသာအခါ သူမ၏မ်က္လုံးထဲတြင္ ရွိေသာ ျပင္းအားမ်ားက ေျပေလ်ာ့က်သြားၿပီးေနာက္ ယဲ့က်န္းကို တစ္ဖန္ ေက်းဇူးတင္လာျပန္သည္။
ခ်ီဟုတ္လား။
ယဲ့က်န္း၏ႏွလုံးခုန္ႏႈန္းက ျမန္သြားသည္။ သို႔ေသာ္ သူမက ေၾကာ့ရွင္း ၾကည့္ေကာင္းစြာ ၿပဳံးလိုက္ေသးသည္။
"ဒါက ဘာရယ္မဟုတ္ပါဘူး၊ ကြၽန္မကသူ႔ကို အပူက်သြားေအာင္ နည္းနည္း ကူညီေပးလိုက္႐ုံပါပဲ၊ အမ်ိဳးသမီးကသာ ေနာက္တစ္ႀကိမ္မွာ ေက်းဇူးျပဳၿပီး ပိုၿပီးဂ႐ုစိုက္ေပးပါ"
ခ်ီက်င္းက ယဲ့က်န္းကို မင္သက္စြာၾကည့္သည္။
"မိန္းကေလးက ေဆးပညာကို သိတာလား"
"နည္းနည္းပါ"
ယဲ့က်န္းကေျဖသည္။
သူမ၏စိတ္ထဲတြင္မူ တစ္ဖက္သူကို သိၿပီးေလၿပီ။ တစ္ဖက္သူက ေဆးဝါးပညာတြင္ အလြန္အမင္း ကြၽမ္းက်င္သူျဖစ္လာသည္။ ၿမိဳ႕ေတာ္တြင္ ခ်ီမ်ိဳး႐ိုးအမည္ျဖင့္ ေဆးဝါးပညာ ေလ့က်င့္သူမ်ား ရွိၾကသည္။ ခ်ီမ်ိဳးႏြယ္စုထဲတြင္ ရွိေနသည့္ တိုင္ေအာင္ ယခင္မင္းဆက္ကတည္းက အထက္တန္းလႊာမ်ား၏ အထြတ္အထိပ္နယ္ပယ္တြင္ က်င္လည္က်က္စားသူမ်ား ျဖစ္ၾကၿပီး ယခုမင္းဆက္တြင္ အရွိန္အဝါ ေလ်ာ့က်သြားေသာသူမ်ား ျဖစ္သည့္တိုင္ေအာင္ ထိုသူမ်ား၏ ေဆးဝါးပညာက အၿမဲတေစ ၿပိဳင္ဘက္ကင္းေလ့ရွိသည္။ ထိုအေၾကာင္းျပခ်က္မ်ားေၾကာင့္ ယဲ့က်န္းက အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။ မင္းဆက္အေျပာင္းအလဲၿပီးေနာက္တြင္ ခ်ီမိသားစုဝင္မ်ားအားလုံးက လူမႈအသိုင္းအဝိုင္းမွ ေပ်ာက္ကြယ္သြားၾကၿပီး ဟြမ္ဖူမိသားစုဟူ၍သာ တည္ရွိေတာ့သည္။ ဧကရာဇ္ထိုက္က်ဳံးက ထိုလူမ်ားကို ရွာေဖြခိုင္းသည္မွာ ၾကာလွၿပီ ျဖစ္သည့္တိုင္ေအာင္ မည္သူကမွ် ရွာမေတြ႕ႏိုင္ၾကေခ်။
ထိုအမ်ိဳးသမီးႏွင့္ကေလးမ်ားက ဧကရီသြမ့္ေဟြး၊ ခ်ီရန္လင္း၏ေဆြမ်ိဳးမ်ား ျဖစ္ေနေလာက္သည္။ ခ်ီက်င္းက ယဲ့က်န္းကို ေက်းဇူးတင္စိတ္အျပည့္ျဖင့္ ၾကည့္ၿပီးေနာက္တြင္ သူမ၏လက္ကို ေကာင္ေလးထံသို႔ ဆန႔္တန္းကာေျပာလိုက္သည္။
"ရီအာ အဘြားဆီကို လာပါအုံး"
ေကာင္ေလးက ေရခြက္ကို ခ်ၿပီးေနာက္ ရထားလုံးထဲမွ ခုန္ဆင္းကာ ခ်ီက်င္း၏လည္ပင္းကို ေျပးဖက္သည္။
"ဒီေန႔ ငါ့ရဲ႕ေျမးက ေနမေကာင္းျဖစ္ေနတာေၾကာင့္ မင္းကို ေကာင္းေကာင္း ေက်းဇူးမတင္ႏိုင္ေတာ့ဘူး၊ ဒါေပမဲ့ ေနာက္တစ္ႀကိမ္ သူ႔အသက္ကို ကယ္ေပးတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းျပဖို႔အတြက္ ကိုယ္တိုင္ကိုယ္က်လာၿပီး ေက်းဇူးတင္ပါ့မယ္"
ခ်ီက်င္းက ေဆးဝါးနယ္ပယ္တြင္ ထူးခြၽန္ေသာေၾကာင့္ သူမေျမး၏ေရာဂါက မည္မွ်အႏၲရာယ္မ်ားေၾကာင္း သိေနသည္။ ယြမ့္က်န္းေၾကာင့္သာ မဟုတ္လွ်င္ သူက ေသသြားၿပီးေလာက္ေလၿပီ။
ယဲ့က်န္းက ၿပဳံးသည္။
" ကိစၥမရွိပါဘူး၊ ေဆးဝါးပညာကို သိတဲ့လူတိုင္းကလည္း သူ႔ကို ကယ္ဖို႔ႀကိဳးစားၾကမွာပါ"
ခ်ီက်င္းက ရထားလုံးအတြင္းရွိေနရာကို တစ္ခ်က္ၾကည့္ၿပီးေနာက္တြင္ တစ္ဖက္သူ၏ ေနာက္ခံကို ခန႔္မွန္းမိသြားဟန္ရသည္။ ထို႔ေနာက္ ယဲ့က်န္း၏မ်က္ႏွာကို ျဖည္းညင္းစြာၾကည့္ကာ အံ့အားတႀကီးေျပာလာသည္။
"မင္းက တတိယမိသားစုက သခင္မေလးလုပဲ"
"ဘယ္လိုမ်ား သတိထားမိတာပါလဲ"
ယြမ့္က်န္းကလည္း အံ့ဩသြားသည္။ သို႔ေသာ္ စကားအပိုထပ္မေျပာေခ်။
ခ်ီက်င္းက ေဖ်ာ့ေတာ့စြာၿပဳံးသည္။
"ႏွစ္ရက္ေနရင္ သိရပါလိမ့္မယ္"
တတိယသခင္မေလးလုက အမ်ိဳးသမီးအကယ္ဒမီတြင္ အလြန္ေက်ာ္ၾကားလာေလသည္။ ထို႔ေၾကာင့္ ခ်ီက်င္းကဲ့သို႔ အကယ္ဒမီတြင္ သင္ၾကားသူတစ္ေယာက္အေနႏွင့္ မၾကားဖူးစရာအေၾကာင္း မရွိေပ။ ထိုသခင္မေလးလုက ေဆးပညာအေၾကာင္း သိထားကတည္းက သူမက တတိယသခင္မေလးလုမွ လြဲၿပီး မည္သူမွ် မျဖစ္ႏိုင္ေတာ့ေခ်။
ယဲ့က်န္းက ထိုအမ်ိဳးသမီး၏စကားေၾကာင့္ ေတြေဝရႈပ္ေထြးသြားၿပီး သည္စိတ္ရႈပ္ေထြးမႈကို ရွင္းလင္းခ်င္သည့္အခ်ိန္တြင္ ခ်ီက်င္းက ေျမးျဖစ္သူကို ေခၚကာ နာမည္အျပည့္အဝပင္ ေျပာၾကားျခင္းမရွိဘဲ ထြက္သြားသည္။
"ႏႈတ္ဆက္ပါတယ္ တတိယသခင္မေလးလု"
...