"နိုးလာပြီလား...တစ်ခုခုစားချင်လား?"
ဘာလို့ သူ့ကိုယ်သူ ပျောက်ဆုံးနေသလို ခံစားရတာလဲ?? သူ့ရဲ့အစစ်အမှန်က ဘာလဲ...ပြန်ရှာရမယ်...ပျောက်ဆုံးနေလို့မဖြစ်ဘူး။ သူက ဘယ်သူလဲ??
"ကျွန်တော် ဟင်းချက်ကြည့်ချင်တယ်..."
နိုးနိုးချင်း ဟင်းချက်ချင်တယ်တဲ့လား။ မီးဖိုချောင် ဘက်ကို ခေါ်သွားပေမဲ့ baeကစိတ်နဲ့ကိုယ်နဲ့ မကပ်...
"ထွက်သွားပေးပါလား"
တစ်ယောက်ထဲ မထားခဲ့ချင်ပေမဲ့ Bae မင်းလုပ်နိုင်တယ် ကိုယ်သိနေတယ်...ယုံကြည်တယ်။ ကိုယ့်ရဲ့ ကလေးငယ်က သိပ်ကိုသန်မာတာလေ..
"အင်း..."
သူဟာ chefတစ်ယောက်? ဟင်းချက်တယ်တဲ့လား?ဒါပေမဲ့သူ့မှတ်ဉာဏ်ထဲမှာ သူဟာတစ်ခါမှ ဟင်းမချက်ဖူးဘူးေပ။ ဒါပေမဲ့ အခု သူ့ခန္ဓာကိုယ်က မှတ်မိနေတာလား?သူက ဝမ်ရိပေါ်လား?
"ဝိုး...ဒါဝမ်ကောပဲ..ကောလက်ရာကို သေတောင်မမေ့ဘူး...jack ဒါငါတို့ကောပဲ!!..."
သူ့ကိုဝိုင်းဖက်လာတဲ့ကောင်လေးနှစ်ယောက် သူစိမ်းနဲ့ဆိုအသားထိရမှာကြောက်တဲ့သူဟာ ဘာလို့ဒီကလေးတွေကိုရင်းနှီးနေရတာလဲ??
စားပွဲပေါ်တွင် သူမစားဘူးသော ဟင်းများလည်း ပါသည်။ ဒါပေမဲ့ သူချက်ပြုတ်နိုင်တယ်တဲ့လား? ကြက်သွန်တောင် မခွာဖူးတဲ့သူကလေ...ဒီလောက်ကောင်းတဲ့ ဟင်းတွေကို..
"သားက သတိရနေတာ...ကောမရှိတုန်း အပင်တွေကို သေချာပြုစုထားတယ်"
Konဆိုတဲ့သူဟာ အပင်နဲ့ပတ်သတ်ပြီး တစ်ခါမှဂရုစိုက်ခဲ့တာမဟုတ်ပေမဲ့ ကောပျောက်နေတဲ့အချိန်အတွင်းသူတောင် အပင်တွေကိုတန်ဖိုးထားတတ်နေပြီ..
"အပင်??"
"Baeကအရင်က အပင်လေးတွေ ပန်းပင်တွေကို သိပ်သဘောကျတာလေ.."
ယခုသူဟာ ဆိုင်ကယ်၊စကိတ်တွေကိုသာ ဝါသနာပါခဲ့တာ။သိပ်သဘောကျခဲ့တာ ဒါပေမဲ့ဝမ်ရိပေါ်က အပင်တွေ၊ပန်းပင်တွေကိုနှစ်သက်တယ်တဲ့လား?နူးညံ့တဲ့ဝမ်ရိပေါ်နဲ့ ခပ်ဆိုးဆိုးangleမှာ ဘယ်သူက ကျွန်တော်အစစ်အမှန်လဲ?
"ကျွန်တော် ပြန်မှတ်မိချင်တယ်...ကူညီပေးပါ ဉီး..."
ကျွန်တော်ရဲ့ဘဝအမှန်ကိုပြန်မှတ်မိချင်တယ်။ ကျွန်တော်ဟာ စစ်မှန်တဲ့မှတ်ဉာဏ်ကိုပိုင်ဆိုင်ချင်တယ်...
ဉီးတဲ့လား...ဒီခေါ်သံလေးကို မကြားရတော့ဘူး ထင်နေတာ...ကိုယ့်လိုလူကို ထပ်ယုံကြည်ပေးတာ ကျေးဇူးတင်ပါတယ်...
.
.
.
အိပ်ငွေ့အထူးကုဆရာနဲ့ပေးတွေ့ချိန်မှာ တစ်ခုခု ထူးခြားဖို့ကို မျှော်လင့်မိပါတယ်..
"ဒီအတောအတွင်း စွဲစွဲမြဲမြဲ လတိုင်းသောက်နေရတာရှိလား..."
"လကုန်ရက်တိုင်း အားဆေးဆိုပြီး တိုက်တာတော့ ရှိတယ်..."
"မဟုတ်မှ ဒီပုံထဲက ဆေးလား.."
အညိုရောင် ဆေးအကြည်တောက်လေး..ဒါလေးဟာ သူလတိုင်းသောက်နေရတဲ့ အားဆေးပဲ
"ဟုတ်တယ်.."
"ဒါက ဉီးနှောက် မှတ်ဉာဏ်အားနည်းဆေး နိုင်ငံရေးသမားအချို့သုံးတာများတယ်။ ကြာရင် ဉီးနှောက် nerves ကြောတွေကို ထိခိုက်စေနိုင်တယ်။ ဒီဆေးက ရေရှည်ဆို အဆိပ်ဖြစ်လာမှာ...ဒါကြောင့် စဉ်းစားရင် အြမဲခေါင်းကိုက်ပြီး သတိလစ်နေရတာ"
အပြန်လမ်းတွင် သူ့မှာအတွေးများနေရတယ်။ သူ့ရဲ့မှတ်ဉာဏ်မှာ dadက သူ့ကိုနွေးထွေးတယ်။ အစားအသောက်နဲ့နေစရာပေးတယ်...သူက သူမကိုချစ်တယ်တဲ့။ ဒါပေမဲ့ သူမမျက်ဝန်းတွေထဲမှာက အမုန်းတွေရှိတဲ့အပြင် သူ့ရဲ့စိတ်ကလဲ ဗလာပဲ...
.
.
.
"မမလေးကို ဝန်ကြီးရှောင်က ကြိုခိုင်းလိုက်ပါတယ်..."
ဒီမြေဒီရေကိုပြန်လာခဲ့ပြီ။ကိုကို ကျွန်မလာပြီး...
"Dad.. မောင်ရော..."
"Seanစီမှာ..."
ဘာလို့လဲ သူသာမှတ်မိသွားခဲ့ရင် စီစဉ်ထားသမျှဟာ ပျက်စီးသွားမှာ။ သူမ သူ့ကိုလိုချင်တယ်။ ဝန်ကြီးရှောင်က seanစီက အာဏာကိုလိုချင်တယ်...ဒါဟာ သိပ်ကောင်းတဲ့တွဲဖက်မှုပဲ။
"ကျွန်မပြန်လာပြီလေ...သူ့ကိုခေါ်လိုက်"
"သူ သက်သေရှာနေတယ်"
Seanက angleကို ဒီအတိုင်းလွှတ်မယ်ထင်လား??ထိုအိမ်မှာ သူရဲ့မှောင်ခို လုပ်ငန်းသက်သေတွေကို ရှာဖို့အကောင်းဆုံးသူက ထိုကောင်လေးပဲလေ...
"ယုံလား..."
"မင်းဘဝအသစ်ကို ငါပေးထားတာ..မမေ့နဲ့ မင်းက ငါ့နောက်လိုက်ဆိုတာ.."
ဟုတ်တယ်...သေမတတ် ဆက်ဆံမှုတွေကြားမှာ အသက်ငွေ့ငွေ့ကျန်တဲ့သူ့ကို ကယ်ပေးခဲ့တာ ဝန်ကြီးရှောင်ပဲ။ဘဝသစ် ဟုတ်တာပေါ့...အခုသူမက အဲလစ်။ Angleရဲ့ အိမ်ထောင်ဖက် အဲလစ်ပဲ...
"Seanအရှေ့မှာ ပိရိပါစေ။ မင်းသူ့စီသွားရမှာ ငါမဟုတ်ဘူး...မင်းကိုယ်တိုင် ခေါ်လာခဲ့"
ကျွန်မလာပြီ ကိုကို...ဘန်ကိုမချစ်ရင်တောင် အဲလစ်ဆိုတဲ့ သူမကို ချစ်ပေးရမယ်...
>>>
"ဝင်လို့မရပါဘူး!!!"
ကိုယ်ကျပ် အကျီအနက်ရောင်နဲ့ ဆံပင်တို့ကို အမြင့်ကို မွှောကျစီထားသော မိန်းကလေးတစ်ယောက်။ အကြည့်တို့သည် တစ်စုံတစ်ယောက်နဲ့တူပေမဲ့...
"မောင်!"
Baeကို ဆွဲဖက်သော ထိုမိန်းကလေး သူမက ဘယ်သူလဲ??
"အဲလစ်..."
ကိုကိုက ပိုခန့်ညှားလာတာပဲ...ဒီပုံစံကို ကြိုက်ရဲ့လား...ကိုကို ကိုယ်သင်းနံ့လေး...ဟင်း...သူ့အပိုင်ပဲ!!
"ဒီဘက်က ကိုကို...အဲလစ်ပါ တွေ့ရတာ ဝမ်းသာပါတယ်"
သူ့ကို ကျော်လို့ ဉီးနဲ့ နှုတ်ဆက်နေသော အဲလစ်...သူမမျက်ဝန်းတွေက...တောက်ပနေတာ....
"ကိုကိုက သူ့အပိုင်!" "ဘန်ကို ချစ်တာ! ကောကောသာမရှိရင်! သေလိုက်!"
ဘယ်သူလဲ အဲ့ကောင်လေးက ဘာလို့ ကြောက်လန့်စရာ ကောင်းရတာလဲ...သူရဲ့မျက်ဝန်းတွေက...အဲလစ်နဲ့ ဘာလို့တူနေရတာလဲ..ဘန်က ဘယ်သူလဲ??
"Bae ခေါင်းကိုက်လာပြန်ပြီလား...လာ...ကိုယ့်ကိုမှီထား..."
တောက်!! ဒီအချိန်ထိ ကောကောကိုပဲလား...ဘာလို့လဲ...ဒီမျက်နှာက မလှလို့လား။ သူအခုလို ခွဲစိတ်ထားတာ ကောကောကြောင့်လေ...သူ့မျက်နှာကိုတောင် ကောကောကို အခြေခံထားတာ...ဘာလို့ သူမဟုတ်ရတာလဲ!!
"မောင်!!! ဟက်...အိမ်ပြန်ရအောင်။ ပါးပါး စောင့်နေပြီ"
လာခဲ့စမ်း နင့်ကြောင့်...နင့်ကြောင့်လို့!!!!!!
"မခေါ်သွားရဘူး!!"
ဖြူဖျော့နေသော baeသည် သူမ၏ ဆောင့်ဆွဲမှုမှာ ယိုင်နဲနဲနှင့်...အားကိုးနေသော မျက်ဝန်းတွေ...ပြန်မပေးနိုင်ဘူး။
"မောင်က ဝန်ကြီးရှောင်ရဲ့မွေးစားသား...အဲလစ်ရဲ့ခင်ပွန်း...သူ အိမ်ပြန်ရမယ်"
ကိုကိုလို့အမြဲခေါ်ဖူးတဲ့ ဘန်နဲ့ ကိုကိုလို့ခေါ်လာတဲ့သူမ။ သူမရဲ့မျက်ဝန်းတွေ လေသံတွေက....
"မင်း ဘန်နဲ့သိလား??"
"ဘန် ကဘယ်သူလဲ??"
တကယ်မသိတာလား မသိချင်ယောင်ဆောင်တာလား? ငါ့ကိုတောင် ဖုန်းကွယ်မထားနိုင်တဲ့ မျက်ဝန်းတွေ...မင်းသာ ဘန်ဆိုရင်...
"မောင်က အခုလိုနေနေတာ ဘာလို့လဲသိလား? သူက ကိုကိုစီက သက်သေရှာချင်နေတာ"
သူ့ကို dadက သက်သေရှာခိုင်းခဲ့ပေမဲ့ သူမလုပ်ခဲ့ပါဘူး။ သူဒီအိမ်ရောက်မှာ ပုံရိပ်ယောင်တွေက ဝေးဝါးခဲ့တာ...ကျွန်တောျကိုယုံပါ..ကျွန်တော့် မျက်ဝန်းတွေကို မြင်အောင်ကြည့် ဉီး ကျွန်တော်ကို ယုံကြည်ပေးပါ...
"Baeကို ငါ ယုံတယ်တယ်။မင်းဘန်ကိုမသိပေမဲ့ ငါပြောလိုက်မယ်။ငါ သူ့ကို ညီလေးလိုပဲ သဘောထားခဲ့တာ...ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး!!! မုန်းတောင် မုန်းသေးတယ်!!"
ဒေါသ အရှိန်ကြောင့် ထိုမိန်းမကို လက်ညိုးငေါက်ငေါက်ထိုးကာ ပြောဆိုနေမိသည်။ သူ့ကြောင့်... baeကို ဆုံးရှုံးခဲ့ရတာ...ဘာအေကြာင်းကြောင့်နဲ့မှ ထပ်မဖြစ်စေရဘူး။
"အုန်း..."
ခန္ဓာကိုယ်သည် နာကျင်လာသည်။ဆူးတွေနဲ့ အထိုးခံရသည့်အထိ ဝေးဝေးဝါးဝါးအမြင်တွေမှာ ပြေးလို့ သူ့ကိုထွေးပွေ့လာတဲ့ ဉီး...
"Bae!!"
မြူတွေ မှိုင်းနေတယ်။ ကျွန်တော်အမှောင်ကိုကြောက်တယ်။ဒီနေရာဟာ သူ့ရဲ့နိုးထရာ...
မင်းမှတ်မိတဲ့ အပိုင်းအစတွေကို မေ့လိုက်။ မင်းက အခုကစပြီး angle ဝန်ကြီးရှောင်ရဲ့ မွေးစားသား...ဒီလက်ဖြောက်တီးသံအဆုံး အတိတ်ကို မေ့လိုက်! တစ် နှစ် သုံး ဖြောက်!!
သူဘယ်တော့မှ မှတ်မိလာမှာမဟုတ်ပါဘူး ဝန်ကြီး...
သူက ငါ့ရဲ့လက်နက်...ကြည့်ရအောင် ငါ့ရဲ့သားအရင်းမဟုတ်တဲ့ကောင် ရွေးချယ်ထားတဲ့သူကိုလေ။...ဟက်...ေပျာ့ညံ့ညံ့ေကာင်လေးပဲ။ နောက်ဆို ငါ့ပေးတာယူ ငါကျွေးတာစား ငါခိုင်းတာလုပ်...angle...
ဉီး...ဒီအမှောင်ထုထဲကနေ လာခေါ်ပါ။တကယ်တော့ ကျွန်တော်အမှောင်ထုကို ကြောက်တယ်။ပြီးတော့ သရဲကိုလည်းကြောက်တယ်။
ဒါပေမဲ့ ဉီးကိုမမှတ်မိမှာကို ပိုကြောက်တယ်။အခုတော့ ကျွန်ေတာ်မှတ်မိပြီး...ကျွန်တော်က seanရဲ့ မူပိုင်adorerပဲ...
27/7/2023
9:00pm
•••••••••••
Zawgyi
"နိုးလာၿပီလား...တစ္ခုခုစားခ်င္လား?"
"ထွက်သွားပေးပါလား"
"အင်း..."
"အပင်??"
.
.
.
"ဟုတ်တယ်.."
.
.
.
"Dad.. မောင်ရော..."
"Seanစီမှာ..."
"သူ သက်သေရှာနေတယ်"
"ယုံလား..."
>>>
"ဝင်လို့မရပါဘူး!!!"
"မောင်!"
"အဲလစ်..."
"မခေါ်သွားရဘူး!!"
"မင်း ဘန်နဲ့သိလား??"
"ဘန် ကဘယ်သူလဲ??"
ွေကာင့်နဲ့မှ ထပ်မဖြစ်စေရဘူး။
"အုန်း..."
"Bae!!"
27/7/2023
9:00pm