ငါဟာ ကံကောင်းခြင်းနှင့်မွေးဖွ...

By Luna_levanna

197K 38.5K 1.2K

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်ရဲ့ Book-2 ပါနော် ငါဟာကံေကာင္းျခင္းႏွင့္ေမြးဖြားလာတာမဟုတ္ရဲ႕ Book-2 ပ... More

197: Vol 15: 9
198: Vol 15: 10
199: Vol 15: 11
200: Vol 15: 12
201: Vol 15: 13
202: Vol 15: 14
203: Vol 15: 15
204: Vol 15: 16
205: Vol 15: 17
206: Vol 15: 18
207 : Vol 15: 19
208: Vol 15: 20
209: Vol 15: 21
210: Vol 15:22
211: Vol 15: 23
212: Vol 15: 24
213: Vol 15: 25
214: Vol 15: End
215
216
217
218
219
220
221
222
223
224: Vol 16: စီရင်ချက်အကျဉ်းထောင်/စီရင္ခ်က္အက်ဥ္းေထာင္
225: Vol 16: 2
226: Vol 16: 3 (Part-1)
226: Vol 16: 3 (Part-2)
227: Vol 16: 4
228: Vol 16: 5
229: Vol 16: 6
230: Vol 16: 7
231: Vol 16: 8
232: Vol 16: 9
233: Vol 16: 10
234: Vol 16: 11
235: Vol 16: 12
236: Vol 16: 13
237: Vol 16: 14
238: Vol 16: 15
239: Vol 16: 16
240: Col 16: 17
241: Vol 16: End
242
243
244: Vol17: 1
245: Vol 17: 2
246: Vol 17: 3
247: Vol 17: 4
248: Vol 17: 5
249: Vol 17: 6
250: Vol 17: 7
251: Vol 17: 8
252: Vol 17: 9
253: Vol17: 10
254: Vol 17: 11
255: Vol 17: 12
256: Vol 17: 13
257: Vol 17: 14
258: Vol 17: 15
259: Vol 17: 16
260: Vol 17: 17
262: Vol 17: 19
263: Vol 17: 20
264: Vol 17: 21
265: Vol 17: 22
266: Vol 17: 23
267: Vol 17: 24
268: 17: End
269: Extra 1
270: Extra 2
THE END 271: Extra 3
Announcement

261: Vol 17: 18

1.9K 391 3
By Luna_levanna

Unicode

အကြောင်းပြချက်တစ်ချို့ကြောင့် ဒီဘောပင်နတ်သမီးက သူ့ဘေးခန်းကအိမ်နီးချင်းနဲ့ ပြဿနာတခုခုရှိနေတယ်လို့ ဖူကျန်လင် ခံစားနေရတယ်။

သူ ဒီမေးခွန်းမမေးရသေးခင်က ဘောပင်နတ်သမီးရဲ့အဖြေက အတော်လေးဟိတ်ကြီးဟန်ကြီးနိုင်ပြီး ဟာသအနည်းငယ်ပါဝင်နေကာ သူ့ကို ဒေါသထွက်စေခဲ့တယ်။ ဘေးခန်းကလူငယ်လေးလို့ သူပြောပြီးတဲ့နောက် ဘောပင်နတ်သမီးက ရုတ်တရက်အသက်ဝင်လာပြီး ဒေါသတွေအပြည့်နဲ့ ဖြေလေတယ်။ ဘောပင်နတ်သမီးက သူ့ကို နတ်ဆိုးလို့ ခေါ်တယ်ဆိုရင်...

ဖူကျန်လင်က ရုတ်တရက် သူ့စိတ်ထဲမှာ ကိစ္စပေါင်းများစွာ ဖန်တီးလိုက်တယ်။ ဆံပင်နက်လူငယ်ရဲ့မျက်နှာက ယောက်ျားတစ်ယောက်အတွက် အရမ်းလှပလွန်းတာကြောင့် ရုတ်ခြည်း မှုန်မှိုင်းသွားတယ်။

ဘေးကအမျိုးသမီးက ရှောင်လီနဲ့ သိပ်ပြီးအဆက်အဆံမရှိသလို အမျိုးသားလောက် ခံစားချက် နက်နက်ရှိုင်းရှိုင်းမရှိပေ။ သူမက ခေါင်းမော့လာပြီး မဝံမရဲနဲ့ လိုက်ပြောလိုက်တယ်။ "နတ်ဆိုးလား?"

အစောပိုင်းတုန်းက ဖူကျန်လင်က ဘောပင်နတ်သမီးကို တချိန်လုံး မေးခွန်းမေးနေပြီး အမျိုးသမီးက ကြားဖြတ်မနှောင့်ယှက်ခဲ့ပေ။ ဒီတစ်ခါတော့ ဘောပင်နတ်သမီးက သူမဘက်လှည့်ပြီး စာကြောင်းတစ်ကြောင်း ရေးလိုက်တယ် : [မင်း ရပ်တည်နိုင်တယ်]

"အာ...?" အမျိုးသမီးက နားမလည်တာကြောင့် ပါးစပ်ဖွင့်ဟလာပြီး စိတ်ရှုပ်ထွေးတဲ့အသံ ထွက်လာတယ်။

ဖူကျန်လင်လည်းပဲ နားမလည်ပေမယ့် ဒါက ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာတော့ သူ့နှလုံးသားထဲက သိနေတယ်။ ဘေးမှာရှိတဲ့ရေကို တစ်ငုံသောက်လိုက်ပြီးနောက် ဘောပင်ကိုကိုင်ထားရင်း ဘောပင်နတ်မသမီးကို ပြန်ပို့ချင်ခဲ့တယ်။ မထွက်သွားခင် ဘောပင်နတ်သမီးက ဖူကျန်လင်ကိုဦးတည်ပြီး စာတစ်ကြောင်း ရေးသွားလေတယ် : [ဖူကျန်လင်၊ မင်း အဲ့ဒီအခိုက်အတန့်ကို သတိရလာတဲ့အခါကျရင် မင်းလုပ်ခဲ့သမျှ အရာရာတိုင်းကို ပြန်ပေးဆပ်ရလိမ့်မယ်။]

စာရွက်ဖြူပေါ်မှာ ပေါ်လာတဲ့ ဒီစာကြောင်းက ချိတ်ကောက်နဲ့တူပြီး သူ့ကို ဖြူတွေနဲ့ဖုံးလွှမ်းဖို့ ဆက်တိုက် ကြိုးစားနေသလိုပဲ။ ဒါပေမယ့် မြူခိုးတွေ လုံးဝပျောက်ကွယ်သွားခြင်းက ကာကွယ်ဖို့ တွန်းအားတချို့နဲ့ အတင်းအကြပ် ဖိနှိပ်ခဲ့တယ်။

ဖူကျန်လင်က သူ့နှလုံးသားထဲမှာ စိုးရိမ်စိတ်တွေ တင်းကြပ်နေတယ်။ သူက ဘောပင်ကိုဆွဲလိုက်ပြီး ကြမ်းပြင်ပေါ်ပစ်ပေါက်ချကာ သူ့ခြေထောက်နဲ့နင်းပြီး ခြေမွပစ်လိုက်တယ်။
"ဒါက ဘယ်လိုအမှိုက်လဲ? မင်း ဘာမှမသိဘူး။ အမှိုက်၊ အမှိုက်ပဲ!"

ငိုပြီးမောသွားတဲ့ကလေးဟာ မူလတုန်းက အိပ်ပျော်သွားခဲ့တယ်။ ဒိီအချိိန်မှာ ဖူကျန်လင်ရဲ့ရုတ်တရက်အော်ဟစ်သံကြောင့် ကလေးက လန့်သွားပြီး ထပ်ပြီးငိုကြွေးပြန်လေတဘ်။ အမျိုးသမီးက အမြန်အဝေးကိုပြေးဖို့ ကြိုးစားလိုက်တယ်။
"ကျ-ကျွန်မ ကလေးကို သွားကြည့်လိုက်ဦးမယ်"

ဖူကျန်လင်က သူမလက်မောင်းကိုဆွဲပြီး ကြမ်းပြင်ပေါ်တွန်းချလိုက်ကာ သူ့နှလုံးသားထဲက စိုးရိမ်ထိတ်လန့်မှုတွေအတွက် ထွက်ပေါက်ရှာလိုက်တယ်။
"မင်း ဘယ်သွားမလို့လဲ? မင်းလည်းပဲ အမှိုက်ပဲ။ အဲ့ဒါကြောင့် မင်းရဲ့သားလဲ—"

သူက ကလေးအခန်းကို ခြေလှမ်းကျဲနဲ့သွားတော့မယ့်အချိန်မှာ သူ့ကို အမြဲတမ်းနာခံခဲ့တဲ့ အမျိုးသမီးက ခေါင်းမော့လာပြီး သူ့ခြေထောက်ကို ဆွဲထားလေတယ်။
"သူ့ကို မလုပ်ပါနဲ့။ သူလည်းပဲ ရှင့်ရဲ့သားပဲလေ။ အဲ့အစား ကျွန်မကိုပဲ ရိုက်ပါ!"

ဖူကျန်လင်က လှည့်လာပြီး ကျိုးနေတဲ့ဘောပင်ကို ထောင့်ဘက်ကန်ထုတ်လိုက်ပြီး သူမကို ကြိမ်းမောင်းလိုက်တယ်။
"ဒီကလေးက တကယ်ပဲ ငါ့ကလေးဟုတ်ရဲ့လား? သူက ငါ့နဲ့မတူပါဘူး။ မင်း အပြင်မှာ လူရိုင်းတချို့နဲ့ ကမြင်းပြီးရလာတဲ့ကလေးလို့ပဲ ငါတော့ထင်တယ်။ မသာမ၊ မင်းကလေး ငိုနေတာကို တိတ်အောင်လုပ်စမ်း!"

သူက ကလေးကို ပြဿနာရှာဖို့ ရည်ရွယ်ချက်မရှိတော့တာကိုတွေ့တော့ အမျိုးသမီးက အမြန်ပဲထကာ ကလေးကိုချော့ဖို့ ပြေးသွားလိုက်တယ်။

ဖူကျန်လင်က ကြီးမားတဲ့အခန်းထဲမှာ တစ်ယောက်ထဲကျန်ခဲ့ပြီး သူ့ဆံပင်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဆွဲလိုက်တယ်။ ကြော်နေတဲ့အသံနဲ့ အသားခုတ်နေတဲ့အသံက ဘေးခန်းကနေ ဆက်တိုက်ထွက်နေတယ်။ သူက တစ်ရှုးနှစ်ရွက်ကို လုံးခြေပြီး သူ့နားထဲ အကြမ်းပတမ်းထိုးထည့်လိုက်ပေမယ့် ဂနာမငြိမ်ဖြစ်နေတုန်းပါပဲ။

***

ဘေးခန်းက လှုပ်ရှားမှုတွေက လူတိုင်းရဲ့နားထဲကို မပြောင်းလဲပဲ ရောက်လာတယ်။

လော်ရှန်းက ထိုင်မနေနိုင်တော့ပါဘူး။ လုံးဝကို ပိတ်နေပြီး ဖုန်းမှာလည်း ဘာလိုင်းမှ မမိပေ။ သူမက အခန်းထဲမှာသာ နေနေရတယ်။ သူမက ညရောက်တဲ့အထိ အကြာကြီးစောင့်နေပြီး ဖူကျန်လင်က လှုပ်ရှားမှုလုပ်ဖို့ တွေးတော့ချိန်ထိ သူမ မစောင့်နိုင်တော့ပေ။

သူမက မီးဖိုချောင်ကို ကြည့်လိုက်တယ်။ မီးဖိုခန်းတံခါးက ပိတ်ထားတယ်။ ရှောင်လီက ကုန်းမင်မင်ဆီက တာဝန်ကို လက်လွှဲယူခဲ့ပြီး ရှန်ချန်ကျီးနဲ့အတူ မီးဖိုချောင်ထဲမှာ နေနေတယ်။

လော်ရှန်းက သူတို့ကို သွားမနှောင့်ယှက်ပဲ အဲ့အစား ကုန်းမင်မင်ကို ပြောလိုက်တယ်။
"ဖူကျန်လင်က အဲ့ညက ဖြစ်ပျက်ခဲ့တာကို ဘာလို့ မမှတ်မိတာလဲ? Moriarty က သူ့ကို လုံလောက်အောင် လှုံ့ဆော်မှု မပေးခဲ့လို့လား?"

ရယ်ကျယ်ချင်းက ဖရဲစေ့တွေ ဘယ်ကရှာတွေ့လာလည်းမသိပေမယ့် လောလောဆယ် သူက အခန်းထောင့်မှာထိုင်ပြီး စားနေတယ်။
"ငါတို့တွေ သူ့ကို ပိုပြီးတိုက်ရိုက်ပြောရမယ် ထင်တယ်။ ဥပမာ သူမိန်းမနဲ့ကလေးကို သတ်ခဲ့တယ်လို့ စာရွက်မှာရေးပြီး ပေးတာမျိုး။ အခု သူ့မိန်းမက သရဲအဖြစ်ပြောင်းသွားပြီး လက်စာချေဖို့ ပြန်ရောက်လာတာလို့"

"အဲ့ဒါက မလိုအပ်ဘူး" ကုန်းမင်မင်က လော်ရှန်းကို တိုက်ရိုက်ပြောလိုက်တယ်။ ဒီမိန်းမငယ်လေးက တစ္ဆေသင်္ဘောပေါ်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို မကြာခဏပြောပြခဲ့တာကြောင့် သူမက လော်ရှန်နဲ့ စကားပြောတိုင်း Moriarty ဆိုတဲ့နာမည်ကိုပဲ သုံးတယ်။
"Moriarty လုပ်ခဲ့တာက လုံလောက်ပြီ။ အဲ့ဒါက အလုပ်မဖြစ်ရင် အမှန်တရားကို တိုက်ရိုက်ရေးတာက အဓိပ္ပါယ်မရှိတာတွေလို့ သူကသတ်မှတ်မှာပဲ။ အဲ့ဒါကြောင့် အခွင့်အရေးတစ်ခု ရှိမှာပဲ။ အဲ့ဒါကို ခုထိ ငါတို့ မဖမ်းမိသေးတာ"

"ဒါက ပုံတူကမ္ဘာတစ်ခု ဆိုရင်တော့ ငါတို့ရဲ့ပန်းတိုင်က သက်သေပြဖို့ ဒီအခွင့်အရေးနဲ့ သဲလွန်စကိုရှာဖို့ပဲ"

လော်ရှန်းက ကုန်းမင်မင်ရဲ့စကားတွေကို ကြားတော့ အတွေးနက်သွားပြီး အသက်ရှင်မယ့်လမ်းကို ကြိုးစားရှာဖွေနေတယ်။

ဝမ်ဟွိုင်နဲ့ ရယ်လင်းရှစ်က သူတို့စကားဝိုင်းမှာ မပါဝင်ခဲ့ပါဘူး။ ဒီအမည်မသိအမျိုးသမီးအလောင်းရဲ့နယ်မြေနဲ့ နှိုင်းယှဉ်ရင် ဝမ်ဟွိုင်က အစစ်အမှန်ကမ္ဘာက လတ်တလောအခြေအနေကိုသာ ပိုပြီးစိုးရိမ်နေတယ်။ သူ့အကြည့်တွေက နောက်ဆုံး သူ့ရဲ့အရိုးခေါင်းလက်စွပ်ပေါ် ရောက်သွားတယ်။ ဒီအရိုးခေါင်းက သူ့အကြည့်ကို လက်ခံလိုက်ရပုံပေါ်ပြီး မျက်လုံးကနေ နက်မှောင်တဲ့အလင်းတန်း တစ်ချက်လက်သွားလေတယ်။

တစ်ဖက်မှာတော့ ရှောင်လီက မီးဖိုချောင်ထဲမှာ အကြော်ဒယ်အိုးကိုကိုင်ထားပြီး အသားကို အပြန်ပြန်အလှန်လှန်ကြော်နေတယ်။

သူ့ဘေးမှာ ပန်းကန်တစ်လုံး ရှိတယ်။ သူက အသားပိုင်းသုံးပိုင် ကြော်ပြီးသွားပေမယ့် သူတို့တွေက စိမ်းနေဆဲဖြစ်ပြီး မု့န်သားက ထူလွန်းနေတယ်။ အောင်မြင်စွာကြော်ပြီးတဲ့အသားရယ်လို့ ရှိမနေပါဘူး။ ဒယ်အိုးထဲက အသားပိုင်းက သူ့ရဲ့စတုတ္ထမြောက် စမ်းသပ်ချက်ဖြစ်တယ်။

ရှောင်လီက ဒီအသားပိုင်းတွေကို သူတိုယ်တိုင်ချက်မယ်လို့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချထားပုံပေါ်တယ်။ သူ့ဘေးကလူငယ်ကို အကူအညီမတောင်းတာကြောင့် ရှန်ချန်ကျီးက သူ့နောက်မှာ မှီပြီးရပ်ကြည့်နေတယ်။ ရှောင်လီက ဒယ်အိုးထဲ ဆီလောင်းထည့်လိုက်တဲ့အချိန်မှာ ပူနေတဲ့ဆီက သူ့လက်ဖမိုးကိုစင်သွားပြီး ချက်ချင်းပဲ နီရဲလာလေတယ်။

ရှောင်လီက မျက်မှောင်နည်းနည်းကြုပ်လိုက်ပေမယ့် မနာပါဘူး။ ဒီနာကျင်မှုက တကယ်ပဲ ဘာမှကို မဟုတ်ပေ။ သူက ဒါကို လျစ်လျူရှုလိုက်ချိန်မျာ သူ့နောက်ကို တစ်ခြားခန္ဓာကိုယ်တစ်ခုက ပြေးလာတယ်။ ရှန်ချန်ကျီးက ရှောင်လီ့ကို အနောက်ကနေဖိထားပြီး မီးဖိုမီးပိတ်လိုက်တယ်။ ပြီးတော့ သူက ရှောင်လီ့ကို ဘေစင်နားဆွဲခေါ်လာပြီး ရေဖွင့်ကာ ရှောင်လီ့လက်ဖမိုးကို ရေနဲ့ဆေးလိုက်လေတယ်။ အေးစက်တဲ့ရေနဲ့ထိတွေ့မှုအောက်မှာ ဆီထိထားတဲ့အသားက အေးသွားပေမယ့် ရှန်ချန်ကျီးက ရပ်တန့်လိုက်ဖို့ မရည်ရွယ်ပါဘူး။

ရှောင်လီက သူ့ခေါင်းကို လှည့်ချင်ပေမယ့် ရှန်ချန်ကျီးက အနောက်ကနေ သူ့ခါးကို တင်းတင်းဆုပ်ကိုင်ထားပြီး ဗလုံးဗထွေးပြောလိုက်တယ်။
"မလှုပ်နံ"

"ဘာလဲ?"

ရှောင်လီက ရှန်ချန်ကျီးရဲ့ရုတ်တရက်နီးကပ်လာမှုကို အကျင့်ဖြစ်နေပြီဆိုပေမယ့် ဒီလိုမျိုး စင်နဲ့ကပ်ပြီးဖိထားတာက သူ့ကိ မသက်မသာဖြစ်စေတယ်။ ရှန်ချန်ကျီးရဲ့အသံတိုးတိုးကို ကြားလိုက်ရတယ်။
"အားသွင်းတာ"

ရေကျသံက ဘေးခန်းက ကလေးငိုသံကို ဖုံးလွှမ်းသွားပြီး အရှေ့ခန်းကဆွေးနွေးသံကိုတောင် တိုးသွားစေတယ်။ ဒီတစ်လက်မပတ်လည်နေရာလေးကသာ ကမ္ဘာပေါ်မှာ တည်ရှိနေသလိုပါပဲ။

ရှောင်လီက လူငယ်လေးကို ခဏလောက် သူ့ကိုဖက်ထားခွင့်ပေးပြီးနောက် သူက ဒယ်အိုးထဲက အသားကို လှည့်ကြည့်လိုက်ပြီး အကြံပေးလိုက်တယ်။
"အားသွင်းတဲ့အချိန်ကို ပြောင်းလိုက်ရင်ရော?"

"ဟင့်အင်း" ရှန်ချန်ကျီးရဲ့နှုတ်ခမ်းတွေက လှပတဲလူငယ်လေးရဲ့လည်တိုင်ကို ပွတ်သပ်နေတယ်။
"သူတို့တွေအားလုံး ဒီနေ့ရှိနေတာ။ ကိုယ်မင်းကို မထိရဘူး"

အရင်တုန်းက သူဟာ ရှောင်လီ့ကိုမကြာခဏထိတွေ့ဖို့ မဖြစ်နိုင်ခဲ့တာကို အသားကျခဲ့တယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီခြွေတာမှုကနေ လွန်လွန်ကျူကျူး ပြောင်းလဲသွားခဲ့ပြီ။ သူတို့ရဲ့ relationship အစပြုကတည်းက သူ့ချစ်သူကို အချိန်အတော်ကြာမထိပဲနေဖို့ သည်းမခံနိုင်တော့ပါဘူး။

နေ့လည်တုန်းက ရှန်ချန်ကျီးရဲ့အမူအရာကို ရှောင်လီ မှတ်မိတယ်။ သူက မဖိတ်ခေါ်ထားတဲ့ဧည့်သည်တွေကို ကြည့်ပြီး ဘေးမှာစိတ်ကောက်နေတဲ့ ကြောင်အကြီးကြီးတစ်ကောင်နဲ့ တူလေတယ်။ သူက အမြဲတမ်း အေးစက်စက်နေခဲ့သလို အခြေအနေအပေါ် ရှောင်လီ့ရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဒါကို ဘယ်သူမှ မမြင်ခဲ့ပါဘူး။

ရှောင်လီက အပြုံးမပျက်တာကို ရှန်ချန်ကျီးတွေ့တော့ သူ့ကို မပျော်မရွှင်နဲ့ ဖိလိုက်တယ်။ ရှောင်လီ့ရဲ့အနက်ရောင်မျက်ဝန်းမှာ အပြုံးတစ်ခုပေါ်လာပြီး သူ့ခေါင်းကိုလှည့်ကာ ရှန်ချန်ကျီးရဲ့မေးစေ့ကို နမ်းလိုက်တယ်။

ရှန်ချန်ကျီးက သူ့လက်ကို လွှတ်လိုက်လေတယ်။ သူက ရှောင်လီ့ကို တိုက်ရိုက်ပွေ့ချီပြီး ဘေစင်ခုံတန်းပေါ်တင်ကာ နှုတ်ခမ်းတွေကို နမ်းလိုက်လေတယ်။ သူ့ရဲ့ခွန်အားက ပြင်ပကမ္ဘာမှာ မိုးကြိုးလျှပ်စီးတွေလိုပါပဲ။ သူတို့ ဒီနောက်ဆုံးတည်ငြိမ်မှုထဲကနေ ပျော်ရွှင်စရာတချို့ကို ခိုးယူလိုက်လေတယ်။

အဲ့ဒီအချိန်မှာပဲ ရယ်ကျယ်ချင်းရဲ့အသံက ပိတ်ထားတဲ့တံခါးကနေ ဖြတ်လာတယ်။
"Moriarty မင်း အသားကြော်ဖို့အချိန်အကြာကြီး ယူနေရတာလား? ပြဿနာတစ်ခုခုရှိလား?"

ရှောင်လီက ပင့်သက်ရှိုက်လိုက်တယ်။ ဒီတစ်ခါတော့ သူ့လက်ဖမိုးပဲ နီနေတာ မဟုတ်တော့ပါဘူး။ သူ့မျက်နှာတစ်ခုလုံးနဲ့ နားရွက်တွေပါ နီရဲနေပြီး အထူးသဖြင့် သူ့နှုတ်ခမ်းတွေပါပဲ။ ရှန်ချန်ကျီးက နမ်းနေရင်း သူ့ကို နည်းနည်းကိုက်လိုက်တာပဲ။ သူ့နှုတ်ခမ်းတွေက သွေးထွက်ပြီးနီနေရုံသာမက ကိုက်ရာအမှတ်အသားတွေလည်း ရှိနေတယ်။

ရှောင်လီက နေရာလွတ်ကနေ ဝိုးတဝါးပြောလိုက်တယ်။
"ငါ အသားကြော်ရဦးမယ်"

"... ကိုယ် ကူညီပေးမယ်"

ရှန်ချန်ကျီးက ရှောင်လီ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ပြီး သူ့ကို အနောက်သို့ ဖိလိုက်လေတယ်။

***

ဒီလိုနေရာမှာ ညရောက်လာခြင်းက အမြဲတမ်း သတိနိုးကြားစေတယ်။ မနေ့ညတုန်းက အမည်မသိအမျိုးသမီးရဲ့ကြေညာမှုကြောင့် လူတိုင်းက ထွက်မသွားပဲ ရှောင်လီ့အခန်းထဲမှာပဲ တူတူနေနေကြတယ်။ သူတို့တွေက ဗီရိုထဲမှစောင်တချို့ကို ဆွဲထုတ်ပြီး ဧည့်ခန်းကြမ်းပြင်ပေါ်ခင်းကာ ပြင်ပကမ္ဘာဘက်က လှုပ်ရှားမှုတွေကို အာရုံစိုက်နေကြတယ်။

ညသန်းခေါင်ရောက်တော့ အပြင်ဘက်မှာ အပြောင်းအလဲမရှိပေမယ့် တစ်စုံတစ်ခုကို ခုတ်ထစ်နေသံက ဘေးခန်းကနေ အချိန်မှန်ထွက်လာတယ်။ မနေ့ညကနဲ့ ကွဲပြားခြားနားတာက ဒီနေ့ညရဲ့အကြော်ဒယ်အိုးသံက ထူးထူးခြားခြား ကျယ်လောင်နေပြီး အသားခုတ်သံက တစ်ခါတစ်လေမှသာ ပေါ်ထွက်လာလေတယ်။

ဒီအသံက မသေခင် ဝမ်းနည်းဖွယ်ရာတေးဂီတသံနဲ့ တူပြီး အန္တရာယ်ကျရောက်တော့မယ်လို့ အဆက်မပြတ် ကြိုတင်ပြောနေတယ်။

အကယ်၍ သာမန်လူတွေ သို့မဟုတ် တချို့ကူးပြောင်းဝင်ရောက်သူဆိုရင်တောင်မှ အမည်မသိအမျိုးသမီးအလောင်းရဲ့ပိုင်နက်ထဲကျရောက်သွားရင် သူတို့တွေ အလွန်အမင်းကိုစိုးရိမ်နေရလိမ့်မယ်။ အစောပိုင်းလုံခြုံတဲ့နေ့ရက်တွေအတွင်းမှာ အသက်ရှင်သန်မယ့်နည်းလမ်းကို ရှာမတွေ့ခဲ့ရင် ညဘက်မှာ အမျိုးသမီးအလောင်းကိုကန့်သတ်ထားတာတွေ ပျောက်ကွယ်သွားပြီးတဲ့နောက် သူတို့တွေ အသတ်ခံရလိမ့်မယ်။

သန်းခေါင်ကျော်သွားပြီဆိုပေမယ့် လော်ရှန်းက မအိပ်နိုင်ပါဘူး။ သူမက ဆိုဖာပေါ်မှာထိုင်ပြီး စားပွဲပေါ်က အသားကြော်ကို တချိန်လုံး ကြည့်နေတယ်။ အဲ့ဒါက ရှန်ချန်ကျီးလက်ကနေ ထွက်လာတာဖြစ်ပြီး အပြင်ဘက်မှာကြွပ်ရွနေကာ အတွင်းမှာတော့ နူးညံ့နေလေတယ်။ အရသာအတော်ရှိတယ်။ ရှောင်လီက အသားကြော်ပေါ်ကို ငရုတ်ကောင်းအနည်းငယ်ဖြူးလိုက်ပြီး အနံ့က အမဲသားကြော်အနံ့ပဲ။

အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးနေတယ်။ နောက်ဆုံးတော့ တံခါးခေါက်သံ ကြားလိုက်ရလေတယ်။ ရှောင်လီက အသားပန်းကန်ပြားနဲ့အတူ တံခါးဆီသွားပြီး ဖွင့်လိုက်တယ်။ တံခါးမှာရပ်နေတဲ့တစ်ယောက်ဟာ ဘေးခန်းကအမည်မသိအမျိုးသမီးပဲ ဖြစ်တယ်။

မနေ့ညကနဲ့မတူတာက သူမမျက်နှာပေါ်ကဆီပူရာအမှတ်ဟာ ပိုပြိးထင်ရှားနေတာပဲ။ ဆီပူစင်ပြီးလောင်တဲ့ဒါဏ်ရာမဟုတ်တော့ပဲ ဆီအိုးနဲ့ရိုက်ခံထိပြိး လောင်ကျွမ်းထားတာနဲ့ ပိုတူတယ်။ ဒါဏ်ရာက သူမမျက်နှာ တစ်ဝက်လောက်ကို ဖုံးအုပ်နေတယ်။

အမျိုးသမီးက သူမဆံပင်တွေ ပြေလျော့နေပြီး ရေဘဝဲလက်တံနဲ့ တူနေတယ်။ သူမလက်ထဲမှာ ပန်းကန်တစ်လုံး ကိုင်ထားတယ်။ ပန်းကန်လုံးက အပြင်မှာ ဝက်ဝံကာတွန်းပုံရှိပြီး ကလေးအတွက်ပန်းကန်လုံးဆိုတာ သိသာတယ်။ ပန်းကန်လုံးထဲမှာ ကြော်ထားတဲ့အသားပုံတစ်ပုံ ရှိနေတယ်။

ဘေးခန်းကတံခါးဟာ ပွင့်နေတယ်။ ကလေးငိုသံ သို့မဟုတ် အမျိုးသားဟောက်သံ ဘာတစ်ခုမှာ မကြားရပဲ အသံလုံးဝ ရှိမနေပေ။

"ငါ ဒီကို အသားစားဖို့လာဖိတ်တာပါ"
အမျိုးသမီးက စကားပြောနေရင်း သူမမျက်နှာပေါ်က ဒါဏ်ရာဟာ ရွေ့လျားသွားတယ်။ တစ်ညလေးကျော်ဖြတ်ပြီးရုံနဲ့ သူမက ပိုပြီးသန်မာလာပုံရတယ်။
"မင်းတို့ ကောင်းကောင်းမွန်မွန်နဲ့ ကုန်အောင်စားရမယ်။ အဲ့လိုမှမဟုတ်ရင် မင်းတို့က ငါ့အသား ဖြစ်လာလိမ့်မယ်"

ရှောင်လီက သူမလက်ထဲက ပန်းကန်လုံးကို ကြည့်လိုက်တော့ အသားကို ဆီထဲထည့်ပြီး ရိုးရိုးရှင်းရှင်းချက်ထားတာကို တွေ့လိုက်ရတယ်။ သူက မေးလိုက်တယ်။
"ဘာ ဟင်းခတ်အမွှေးအကြိုင်မှ မပါဘူးလား? မင်း အနည်းဆုံး ဆားနည်းနည်းတော့ ဖြူးထားသင့်တယ်။ ငါ ဇီရာစေ့ကို ပိုနှစ်သက်တယ်။ အဲ့ဒါက အရသာ ပိုကောင်းတယ်လေ"

အမျိုးသမီး, "???"

ဒါက ဟင်းချက်တာ ဇီဇာကြောင်ကြေးများနေတာ မဟုတ်ဘူးလား? ပန်းကန်လုံးက လေထုထဲမှာ ရပ်တန့်သွာပြီး သူမက သူ့ကို တိုက်ရိုက်ပေးလိုက်ရမလားလို့ ချီတုန်ချတုန် ဖြစ်နေတယ်။ ရှောင်လီကတော့ တွေဝေမနေပါဘူး။ အမျိုးသမီးလက်ထဲက ပန်းကန်လုံးကို တိုက်ရိုက်ပဲ ယူလိုက်ပြီး သူ့ပန်းကန်ပြားကို တစ်ဖက်လူဆီ ကမ်းပေးကာ ပြောလိုက်တယ်။
"လဲစားမယ်"

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi

အေၾကာင္းျပခ်က္တစ္ခ်ိဳ႕ေၾကာင့္ ဒီေဘာပင္နတ္သမီးက သူ႕ေဘးခန္းကအိမ္နီးခ်င္းနဲ႕ ျပႆနာတခုခုရွိေနတယ္လို႔ ဖူက်န္လင္ ခံစားေနရတယ္။

သူ ဒီေမးခြန္းမေမးရေသးခင္က ေဘာပင္နတ္သမီးရဲ႕အေျဖက အေတာ္ေလးဟိတ္ႀကီးဟန္ႀကီးနိုင္ၿပီး ဟာသအနည္းငယ္ပါဝင္ေနကာ သူ႕ကို ေဒါသထြက္ေစခဲ့တယ္။ ေဘးခန္းကလူငယ္ေလးလို႔ သူေျပာၿပီးတဲ့ေနာက္ ေဘာပင္နတ္သမီးက ႐ုတ္တရက္အသက္ဝင္လာၿပီး ေဒါသေတြအျပည့္နဲ႕ ေျဖေလတယ္။ ေဘာပင္နတ္သမီးက သူ႕ကို နတ္ဆိုးလို႔ ေခၚတယ္ဆိုရင္...

ဖူက်န္လင္က ႐ုတ္တရက္ သူ႕စိတ္ထဲမွာ ကိစၥေပါင္းမ်ားစြာ ဖန္တီးလိုက္တယ္။ ဆံပင္နက္လူငယ္ရဲ႕မ်က္ႏွာက ေယာက္်ားတစ္ေယာက္အတြက္ အရမ္းလွပလြန္းတာေၾကာင့္ ႐ုတ္ျခည္း မႈန္မွိုင္းသြားတယ္။

ေဘးကအမ်ိဳးသမီးက ေရွာင္လီနဲ႕ သိပ္ၿပီးအဆက္အဆံမရွိသလို အမ်ိဳးသားေလာက္ ခံစားခ်က္ နက္နက္ရွိုင္းရွိုင္းမရွိေပ။ သူမက ေခါင္းေမာ့လာၿပီး မဝံမရဲနဲ႕ လိုက္ေျပာလိုက္တယ္။ "နတ္ဆိုးလား?"

အေစာပိုင္းတုန္းက ဖူက်န္လင္က ေဘာပင္နတ္သမီးကို တခ်ိန္လုံး ေမးခြန္းေမးေနၿပီး အမ်ိဳးသမီးက ၾကားျဖတ္မေႏွာင့္ယွက္ခဲ့ေပ။ ဒီတစ္ခါေတာ့ ေဘာပင္နတ္သမီးက သူမဘက္လွည့္ၿပီး စာေၾကာင္းတစ္ေၾကာင္း ေရးလိုက္တယ္ : [မင္း ရပ္တည္နိုင္တယ္]

"အာ...?" အမ်ိဳးသမီးက နားမလည္တာေၾကာင့္ ပါးစပ္ဖြင့္ဟလာၿပီး စိတ္ရႈပ္ေထြးတဲ့အသံ ထြက္လာတယ္။

ဖူက်န္လင္လည္းပဲ နားမလည္ေပမယ့္ ဒါက ေကာင္းတဲ့အရာမဟုတ္ဘူးဆိုတာေတာ့ သူ႕ႏွလုံးသားထဲက သိေနတယ္။ ေဘးမွာရွိတဲ့ေရကို တစ္ငုံေသာက္လိုက္ၿပီးေနာက္ ေဘာပင္ကိုကိုင္ထားရင္း ေဘာပင္နတ္မသမီးကို ျပန္ပို႔ခ်င္ခဲ့တယ္။ မထြက္သြားခင္ ေဘာပင္နတ္သမီးက ဖူက်န္လင္ကိုဦးတည္ၿပီး စာတစ္ေၾကာင္း ေရးသြားေလတယ္ : [ဖူက်န္လင္၊ မင္း အဲ့ဒီအခိုက္အတန့္ကို သတိရလာတဲ့အခါက်ရင္ မင္းလုပ္ခဲ့သမွ် အရာရာတိုင္းကို ျပန္ေပးဆပ္ရလိမ့္မယ္။]

စာ႐ြက္ျဖဴေပၚမွာ ေပၚလာတဲ့ ဒီစာေၾကာင္းက ခ်ိတ္ေကာက္နဲ႕တူၿပီး သူ႕ကို ျဖဴေတြနဲ႕ဖုံးလႊမ္းဖို႔ ဆက္တိုက္ ႀကိဳးစားေနသလိုပဲ။ ဒါေပမယ့္ ျမဴခိုးေတြ လုံးဝေပ်ာက္ကြယ္သြားျခင္းက ကာကြယ္ဖို႔ တြန္းအားတခ်ိဳ႕နဲ႕ အတင္းအၾကပ္ ဖိႏွိပ္ခဲ့တယ္။

ဖူက်န္လင္က သူ႕ႏွလုံးသားထဲမွာ စိုးရိမ္စိတ္ေတြ တင္းၾကပ္ေနတယ္။ သူက ေဘာပင္ကိုဆြဲလိုက္ၿပီး ၾကမ္းျပင္ေပၚပစ္ေပါက္ခ်ကာ သူ႕ေျခေထာက္နဲ႕နင္းၿပီး ေျခမြပစ္လိုက္တယ္။
"ဒါက ဘယ္လိုအမွိုက္လဲ? မင္း ဘာမွမသိဘူး။ အမွိုက္၊ အမွိုက္ပဲ!"

ငိုၿပီးေမာသြားတဲ့ကေလးဟာ မူလတုန္းက အိပ္ေပ်ာ္သြားခဲ့တယ္။ ဒိီအခ်ိိန္မွာ ဖူက်န္လင္ရဲ႕႐ုတ္တရက္ေအာ္ဟစ္သံေၾကာင့္ ကေလးက လန့္သြားၿပီး ထပ္ၿပီးငိုေႂကြးျပန္ေလတဘ္။ အမ်ိဳးသမီးက အျမန္အေဝးကိုေျပးဖို႔ ႀကိဳးစားလိုက္တယ္။
"က်-ကြၽန္မ ကေလးကို သြားၾကည့္လိုက္ဦးမယ္"

ဖူက်န္လင္က သူမလက္ေမာင္းကိုဆြဲၿပီး ၾကမ္းျပင္ေပၚတြန္းခ်လိဳက္ကာ သူ႕ႏွလုံးသားထဲက စိုးရိမ္ထိတ္လန့္မႈေတြအတြက္ ထြက္ေပါက္ရွာလိုက္တယ္။
"မင္း ဘယ္သြားမလို႔လဲ? မင္းလည္းပဲ အမွိုက္ပဲ။ အဲ့ဒါေၾကာင့္ မင္းရဲ႕သားလဲ—"

သူက ကေလးအခန္းကို ေျခလွမ္းက်ဲနဲ႕သြားေတာ့မယ့္အခ်ိန္မွာ သူ႕ကို အၿမဲတမ္းနာခံခဲ့တဲ့ အမ်ိဳးသမီးက ေခါင္းေမာ့လာၿပီး သူ႕ေျခေထာက္ကို ဆြဲထားေလတယ္။
"သူ႕ကို မလုပ္ပါနဲ႕။ သူလည္းပဲ ရွင့္ရဲ႕သားပဲေလ။ အဲ့အစား ကြၽန္မကိုပဲ ရိုက္ပါ!"

ဖူက်န္လင္က လွည့္လာၿပီး က်ိဳးေနတဲ့ေဘာပင္ကို ေထာင့္ဘက္ကန္ထုတ္လိုက္ၿပီး သူမကို ႀကိမ္းေမာင္းလိုက္တယ္။
"ဒီကေလးက တကယ္ပဲ ငါ့ကေလးဟုတ္ရဲ႕လား? သူက ငါ့နဲ႕မတူပါဘူး။ မင္း အျပင္မွာ လူရိုင္းတခ်ိဳ႕နဲ႕ ကျမင္းၿပီးရလာတဲ့ကေလးလို႔ပဲ ငါေတာ့ထင္တယ္။ မသာမ၊ မင္းကေလး ငိုေနတာကို တိတ္ေအာင္လုပ္စမ္း!"

သူက ကေလးကို ျပႆနာရွာဖို႔ ရည္႐ြယ္ခ်က္မရွိေတာ့တာကိုေတြ႕ေတာ့ အမ်ိဳးသမီးက အျမန္ပဲထကာ ကေလးကိုေခ်ာ့ဖို႔ ေျပးသြားလိုက္တယ္။

ဖူက်န္လင္က ႀကီးမားတဲ့အခန္းထဲမွာ တစ္ေယာက္ထဲက်န္ခဲ့ၿပီး သူ႕ဆံပင္ကို စိတ္ဆိုးမာန္ဆိုးနဲ႕ ဆြဲလိုက္တယ္။ ေၾကာ္ေနတဲ့အသံနဲ႕ အသားခုတ္ေနတဲ့အသံက ေဘးခန္းကေန ဆက္တိုက္ထြက္ေနတယ္။ သူက တစ္ရႈးႏွစ္႐ြက္ကို လုံးေျခၿပီး သူ႕နားထဲ အၾကမ္းပတမ္းထိုးထည့္လိုက္ေပမယ့္ ဂနာမၿငိမ္ျဖစ္ေနတုန္းပါပဲ။

***

ေဘးခန္းက လႈပ္ရွားမႈေတြက လူတိုင္းရဲ႕နားထဲကို မေျပာင္းလဲပဲ ေရာက္လာတယ္။

ေလာ္ရွန္းက ထိုင္မေနနိုင္ေတာ့ပါဘူး။ လုံးဝကို ပိတ္ေနၿပီး ဖုန္းမွာလည္း ဘာလိုင္းမွ မမိေပ။ သူမက အခန္းထဲမွာသာ ေနေနရတယ္။ သူမက ညေရာက္တဲ့အထိ အၾကာႀကီးေစာင့္ေနၿပီး ဖူက်န္လင္က လႈပ္ရွားမႈလုပ္ဖို႔ ေတြးေတာ့ခ်ိန္ထိ သူမ မေစာင့္နိုင္ေတာ့ေပ။

သူမက မီးဖိုေခ်ာင္ကို ၾကည့္လိုက္တယ္။ မီးဖိုခန္းတံခါးက ပိတ္ထားတယ္။ ေရွာင္လီက ကုန္းမင္မင္ဆီက တာဝန္ကို လက္လႊဲယူခဲ့ၿပီး ရွန္ခ်န္က်ီးနဲ႕အတူ မီးဖိုေခ်ာင္ထဲမွာ ေနေနတယ္။

ေလာ္ရွန္းက သူတို႔ကို သြားမေႏွာင့္ယွက္ပဲ အဲ့အစား ကုန္းမင္မင္ကို ေျပာလိုက္တယ္။
"ဖူက်န္လင္က အဲ့ညက ျဖစ္ပ်က္ခဲ့တာကို ဘာလို႔ မမွတ္မိတာလဲ? Moriarty က သူ႕ကို လုံေလာက္ေအာင္ လႈံ႕ေဆာ္မႈ မေပးခဲ့လို႔လား?"

ရယ္က်ယ္ခ်င္းက ဖရဲေစ့ေတြ ဘယ္ကရွာေတြ႕လာလည္းမသိေပမယ့္ ေလာေလာဆယ္ သူက အခန္းေထာင့္မွာထိုင္ၿပီး စားေနတယ္။
"ငါတို႔ေတြ သူ႕ကို ပိုၿပီးတိုက္ရိုက္ေျပာရမယ္ ထင္တယ္။ ဥပမာ သူမိန္းမနဲ႕ကေလးကို သတ္ခဲ့တယ္လို႔ စာ႐ြက္မွာေရးၿပီး ေပးတာမ်ိဳး။ အခု သူ႕မိန္းမက သရဲအျဖစ္ေျပာင္းသြားၿပီး လက္စာေခ်ဖိဳ႕ ျပန္ေရာက္လာတာလို႔"

"အဲ့ဒါက မလိုအပ္ဘူး" ကုန္းမင္မင္က ေလာ္ရွန္းကို တိုက္ရိုက္ေျပာလိုက္တယ္။ ဒီမိန္းမငယ္ေလးက တေစၦသေဘၤာေပၚမွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္ေတြကို မၾကာခဏေျပာျပခဲ့တာေၾကာင့္ သူမက ေလာ္ရွန္နဲ႕ စကားေျပာတိုင္း Moriarty ဆိုတဲ့နာမည္ကိုပဲ သုံးတယ္။
"Moriarty လုပ္ခဲ့တာက လုံေလာက္ၿပီ။ အဲ့ဒါက အလုပ္မျဖစ္ရင္ အမွန္တရားကို တိုက္ရိုက္ေရးတာက အဓိပၸါယ္မရွိတာေတြလို႔ သူကသတ္မွတ္မွာပဲ။ အဲ့ဒါေၾကာင့္ အခြင့္အေရးတစ္ခု ရွိမွာပဲ။ အဲ့ဒါကို ခုထိ ငါတို႔ မဖမ္းမိေသးတာ"

"ဒါက ပုံတူကမာၻတစ္ခု ဆိုရင္ေတာ့ ငါတို႔ရဲ႕ပန္းတိုင္က သက္ေသျပဖို႔ ဒီအခြင့္အေရးနဲ႕ သဲလြန္စကိုရွာဖို႔ပဲ"

ေလာ္ရွန္းက ကုန္းမင္မင္ရဲ႕စကားေတြကို ၾကားေတာ့ အေတြးနက္သြားၿပီး အသက္ရွင္မယ့္လမ္းကို ႀကိဳးစားရွာေဖြေနတယ္။

ဝမ္ဟြိုင္နဲ႕ ရယ္လင္းရွစ္က သူတို႔စကားဝိုင္းမွာ မပါဝင္ခဲ့ပါဘူး။ ဒီအမည္မသိအမ်ိဳးသမီးအေလာင္းရဲ႕နယ္ေျမနဲ႕ ႏွိုင္းယွဥ္ရင္ ဝမ္ဟြိုင္က အစစ္အမွန္ကမာၻက လတ္တေလာအေျခအေနကိုသာ ပိုၿပီးစိုးရိမ္ေနတယ္။ သူ႕အၾကည့္ေတြက ေနာက္ဆုံး သူ႕ရဲ႕အရိုးေခါင္းလက္စြပ္ေပၚ ေရာက္သြားတယ္။ ဒီအရိုးေခါင္းက သူ႕အၾကည့္ကို လက္ခံလိုက္ရပုံေပၚၿပီး မ်က္လုံးကေန နက္ေမွာင္တဲ့အလင္းတန္း တစ္ခ်က္လက္သြားေလတယ္။

တစ္ဖက္မွာေတာ့ ေရွာင္လီက မီးဖိုေခ်ာင္ထဲမွာ အေၾကာ္ဒယ္အိုးကိုကိုင္ထားၿပီး အသားကို အျပန္ျပန္အလွန္လွန္ေၾကာ္ေနတယ္။

သူ႕ေဘးမွာ ပန္းကန္တစ္လုံး ရွိတယ္။ သူက အသားပိုင္းသုံးပိုင္ ေၾကာ္ၿပီးသြားေပမယ့္ သူတို႔ေတြက စိမ္းေနဆဲျဖစ္ၿပီး မု႔န္သားက ထူလြန္းေနတယ္။ ေအာင္ျမင္စြာေၾကာ္ၿပီးတဲ့အသားရယ္လို႔ ရွိမေနပါဘူး။ ဒယ္အိုးထဲက အသားပိုင္းက သူ႕ရဲ႕စတုတၳေျမာက္ စမ္းသပ္ခ်က္ျဖစ္တယ္။

ေရွာင္လီက ဒီအသားပိုင္းေတြကို သူတိုယ္တိုင္ခ်က္မယ္လို႔ ဆုံးျဖတ္ခ်က္ ျပတ္ျပတ္သားသား ခ်ထားပုံေပၚတယ္။ သူ႕ေဘးကလူငယ္ကို အကူအညီမေတာင္းတာေၾကာင့္ ရွန္ခ်န္က်ီးက သူ႕ေနာက္မွာ မွီၿပီးရပ္ၾကည့္ေနတယ္။ ေရွာင္လီက ဒယ္အိုးထဲ ဆီေလာင္းထည့္လိုက္တဲ့အခ်ိန္မွာ ပူေနတဲ့ဆီက သူ႕လက္ဖမိုးကိုစင္သြားၿပီး ခ်က္ခ်င္းပဲ နီရဲလာေလတယ္။

ေရွာင္လီက မ်က္ေမွာင္နည္းနည္းၾကဳပ္လိုက္ေပမယ့္ မနာပါဘူး။ ဒီနာက်င္မႈက တကယ္ပဲ ဘာမွကို မဟုတ္ေပ။ သူက ဒါကို လ်စ္လ်ဴရႈလိုက္ခ်ိန္မ်ာ သူ႕ေနာက္ကို တစ္ျခားခႏၶာကိုယ္တစ္ခုက ေျပးလာတယ္။ ရွန္ခ်န္က်ီးက ေရွာင္လီ့ကို အေနာက္ကေနဖိထားၿပီး မီးဖိုမီးပိတ္လိုက္တယ္။ ၿပီးေတာ့ သူက ေရွာင္လီ့ကို ေဘစင္နားဆြဲေခၚလာၿပီး ေရဖြင့္ကာ ေရွာင္လီ့လက္ဖမိုးကို ေရနဲ႕ေဆးလိုက္ေလတယ္။ ေအးစက္တဲ့ေရနဲ႕ထိေတြ႕မႈေအာက္မွာ ဆီထိထားတဲ့အသားက ေအးသြားေပမယ့္ ရွန္ခ်န္က်ီးက ရပ္တန့္လိုက္ဖို႔ မရည္႐ြယ္ပါဘူး။

ေရွာင္လီက သူ႕ေခါင္းကို လွည့္ခ်င္ေပမယ့္ ရွန္ခ်န္က်ီးက အေနာက္ကေန သူ႕ခါးကို တင္းတင္းဆုပ္ကိုင္ထားၿပီး ဗလုံးဗေထြးေျပာလိုက္တယ္။
"မလႈပ္နံ"

"ဘာလဲ?"

ေရွာင္လီက ရွန္ခ်န္က်ီးရဲ႕႐ုတ္တရက္နီးကပ္လာမႈကို အက်င့္ျဖစ္ေနၿပီဆိုေပမယ့္ ဒီလိုမ်ိဳး စင္နဲ႕ကပ္ၿပီးဖိထားတာက သူ႕ကိ မသက္မသာျဖစ္ေစတယ္။ ရွန္ခ်န္က်ီးရဲ႕အသံတိုးတိုးကို ၾကားလိုက္ရတယ္။
"အားသြင္းတာ"

ေရက်သံက ေဘးခန္းက ကေလးငိုသံကို ဖုံးလႊမ္းသြားၿပီး အေရွ႕ခန္းကေဆြးေႏြးသံကိုေတာင္ တိုးသြားေစတယ္။ ဒီတစ္လက္မပတ္လည္ေနရာေလးကသာ ကမာၻေပၚမွာ တည္ရွိေနသလိုပါပဲ။

ေရွာင္လီက လူငယ္ေလးကို ခဏေလာက္ သူ႕ကိုဖက္ထားခြင့္ေပးၿပီးေနာက္ သူက ဒယ္အိုးထဲက အသားကို လွည့္ၾကည့္လိုက္ၿပီး အႀကံေပးလိုက္တယ္။
"အားသြင္းတဲ့အခ်ိန္ကို ေျပာင္းလိုက္ရင္ေရာ?"

"ဟင့္အင္း" ရွန္ခ်န္က်ီးရဲ႕ႏႈတ္ခမ္းေတြက လွပတဲလူငယ္ေလးရဲ႕လည္တိုင္ကို ပြတ္သပ္ေနတယ္။
"သူတို႔ေတြအားလုံး ဒီေန႕ရွိေနတာ။ ကိုယ္မင္းကို မထိရဘူး"

အရင္တုန္းက သူဟာ ေရွာင္လီ့ကိုမၾကာခဏထိေတြ႕ဖို႔ မျဖစ္နိုင္ခဲ့တာကို အသားက်ခဲ့တယ္။ ဒါေပမယ့္ အခုေတာ့ အဲ့ဒီေႁခြတာမႈကေန လြန္လြန္က်ဴက်ဴး ေျပာင္းလဲသြားခဲ့ၿပီ။ သူတို႔ရဲ႕ relationship အစျပဳကတည္းက သူ႕ခ်စ္သူကို အခ်ိန္အေတာ္ၾကာမထိပဲေနဖို႔ သည္းမခံနိုင္ေတာ့ပါဘူး။

ေန႕လည္တုန္းက ရွန္ခ်န္က်ီးရဲ႕အမူအရာကို ေရွာင္လီ မွတ္မိတယ္။ သူက မဖိတ္ေခၚထားတဲ့ဧည့္သည္ေတြကို ၾကည့္ၿပီး ေဘးမွာစိတ္ေကာက္ေနတဲ့ ေၾကာင္အႀကီးႀကီးတစ္ေကာင္နဲ႕ တူေလတယ္။ သူက အၿမဲတမ္း ေအးစက္စက္ေနခဲ့သလို အေျခအေနအေပၚ ေရွာင္လီ့ရဲ႕ ပူးေပါင္းပါဝင္မႈေၾကာင့္ ဒါကို ဘယ္သူမွ မျမင္ခဲ့ပါဘူး။

ေရွာင္လီက အၿပဳံးမပ်က္တာကို ရွန္ခ်န္က်ီးေတြ႕ေတာ့ သူ႕ကို မေပ်ာ္မ႐ႊင္နဲ႕ ဖိလိုက္တယ္။ ေရွာင္လီ့ရဲ႕အနက္ေရာင္မ်က္ဝန္းမွာ အၿပဳံးတစ္ခုေပၚလာၿပီး သူ႕ေခါင္းကိုလွည့္ကာ ရွန္ခ်န္က်ီးရဲ႕ေမးေစ့ကို နမ္းလိုက္တယ္။

ရွန္ခ်န္က်ီးက သူ႕လက္ကို လႊတ္လိုက္ေလတယ္။ သူက ေရွာင္လီ့ကို တိုက္ရိုက္ေပြ႕ခ်ီၿပီး ေဘစင္ခုံတန္းေပၚတင္ကာ ႏႈတ္ခမ္းေတြကို နမ္းလိုက္ေလတယ္။ သူ႕ရဲ႕ခြန္အားက ျပင္ပကမာၻမွာ မိုးႀကိဳးလွ်ပ္စီးေတြလိုပါပဲ။ သူတို႔ ဒီေနာက္ဆုံးတည္ၿငိမ္မႈထဲကေန ေပ်ာ္႐ႊင္စရာတခ်ိဳ႕ကို ခိုးယူလိုက္ေလတယ္။

အဲ့ဒီအခ်ိန္မွာပဲ ရယ္က်ယ္ခ်င္းရဲ႕အသံက ပိတ္ထားတဲ့တံခါးကေန ျဖတ္လာတယ္။
"Moriarty မင္း အသားေၾကာ္ဖို႔အခ်ိန္အၾကာႀကီး ယူေနရတာလား? ျပႆနာတစ္ခုခုရွိလား?"

ေရွာင္လီက ပင့္သက္ရွိုက္လိုက္တယ္။ ဒီတစ္ခါေတာ့ သူ႕လက္ဖမိုးပဲ နီေနတာ မဟုတ္ေတာ့ပါဘူး။ သူ႕မ်က္ႏွာတစ္ခုလုံးနဲ႕ နား႐ြက္ေတြပါ နီရဲေနၿပီး အထူးသျဖင့္ သူ႕ႏႈတ္ခမ္းေတြပါပဲ။ ရွန္ခ်န္က်ီးက နမ္းေနရင္း သူ႕ကို နည္းနည္းကိုက္လိုက္တာပဲ။ သူ႕ႏႈတ္ခမ္းေတြက ေသြးထြက္ၿပီးနီေန႐ုံသာမက ကိုက္ရာအမွတ္အသားေတြလည္း ရွိေနတယ္။

ေရွာင္လီက ေနရာလြတ္ကေန ဝိုးတဝါးေျပာလိုက္တယ္။
"ငါ အသားေၾကာ္ရဦးမယ္"

"... ကိုယ္ ကူညီေပးမယ္"

ရွန္ခ်န္က်ီးက ေရွာင္လီ့လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ၿပီး သူ႕ကို အေနာက္သို႔ ဖိလိုက္ေလတယ္။

***

ဒီလိုေနရာမွာ ညေရာက္လာျခင္းက အၿမဲတမ္း သတိနိုးၾကားေစတယ္။ မေန႕ညတုန္းက အမည္မသိအမ်ိဳးသမီးရဲ႕ေၾကညာမႈေၾကာင့္ လူတိုင္းက ထြက္မသြားပဲ ေရွာင္လီ့အခန္းထဲမွာပဲ တူတူေနေနၾကတယ္။ သူတို႔ေတြက ဗီရိုထဲမွေစာင္တခ်ိဳ႕ကို ဆြဲထုတ္ၿပီး ဧည့္ခန္းၾကမ္းျပင္ေပၚခင္းကာ ျပင္ပကမာၻဘက္က လႈပ္ရွားမႈေတြကို အာ႐ုံစိုက္ေနၾကတယ္။

ညသန္းေခါင္ေရာက္ေတာ့ အျပင္ဘက္မွာ အေျပာင္းအလဲမရွိေပမယ့္ တစ္စုံတစ္ခုကို ခုတ္ထစ္ေနသံက ေဘးခန္းကေန အခ်ိန္မွန္ထြက္လာတယ္။ မေန႕ညကနဲ႕ ကြဲျပားျခားနားတာက ဒီေန႕ညရဲ႕အေၾကာ္ဒယ္အိုးသံက ထူးထူးျခားျခား က်ယ္ေလာင္ေနၿပီး အသားခုတ္သံက တစ္ခါတစ္ေလမွသာ ေပၚထြက္လာေလတယ္။

ဒီအသံက မေသခင္ ဝမ္းနည္းဖြယ္ရာေတးဂီတသံနဲ႕ တူၿပီး အႏၲရာယ္က်ေရာက္ေတာ့မယ္လို႔ အဆက္မျပတ္ ႀကိဳတင္ေျပာေနတယ္။

အကယ္၍ သာမန္လူေတြ သို႔မဟုတ္ တခ်ိဳ႕ကူးေျပာင္းဝင္ေရာက္သူဆိုရင္ေတာင္မွ အမည္မသိအမ်ိဳးသမီးအေလာင္းရဲ႕ပိုင္နက္ထဲက်ေရာက္သြားရင္ သူတို႔ေတြ အလြန္အမင္းကိုစိုးရိမ္ေနရလိမ့္မယ္။ အေစာပိုင္းလုံၿခဳံတဲ့ေန႕ရက္ေတြအတြင္းမွာ အသက္ရွင္သန္မယ့္နည္းလမ္းကို ရွာမေတြ႕ခဲ့ရင္ ညဘက္မွာ အမ်ိဳးသမီးအေလာင္းကိုကန့္သတ္ထားတာေတြ ေပ်ာက္ကြယ္သြားၿပီးတဲ့ေနာက္ သူတို႔ေတြ အသတ္ခံရလိမ့္မယ္။

သန္းေခါင္ေက်ာ္သြားၿပီဆိုေပမယ့္ ေလာ္ရွန္းက မအိပ္နိုင္ပါဘူး။ သူမက ဆိုဖာေပၚမွာထိုင္ၿပီး စားပြဲေပၚက အသားေၾကာ္ကို တခ်ိန္လုံး ၾကည့္ေနတယ္။ အဲ့ဒါက ရွန္ခ်န္က်ီးလက္ကေန ထြက္လာတာျဖစ္ၿပီး အျပင္ဘက္မွာႂကြပ္႐ြေနကာ အတြင္းမွာေတာ့ ႏူးညံ့ေနေလတယ္။ အရသာအေတာ္ရွိတယ္။ ေရွာင္လီက အသားေၾကာ္ေပၚကို င႐ုတ္ေကာင္းအနည္းငယ္ျဖဴးလိုက္ၿပီး အနံ႕က အမဲသားေၾကာ္အနံ႕ပဲ။

အခ်ိန္ေတြက တစ္မိနစ္ၿပီးတစ္မိနစ္ ကုန္ဆုံးေနတယ္။ ေနာက္ဆုံးေတာ့ တံခါးေခါက္သံ ၾကားလိုက္ရေလတယ္။ ေရွာင္လီက အသားပန္းကန္ျပားနဲ႕အတူ တံခါးဆီသြားၿပီး ဖြင့္လိုက္တယ္။ တံခါးမွာရပ္ေနတဲ့တစ္ေယာက္ဟာ ေဘးခန္းကအမည္မသိအမ်ိဳးသမီးပဲ ျဖစ္တယ္။

မေန႕ညကနဲ႕မတူတာက သူမမ်က္ႏွာေပၚကဆီပူရာအမွတ္ဟာ ပိုၿပိးထင္ရွားေနတာပဲ။ ဆီပူစင္ၿပီးေလာင္တဲ့ဒါဏ္ရာမဟုတ္ေတာ့ပဲ ဆီအိုးနဲ႕ရိုက္ခံထိၿပိး ေလာင္ကြၽမ္းထားတာနဲ႕ ပိုတူတယ္။ ဒါဏ္ရာက သူမမ်က္ႏွာ တစ္ဝက္ေလာက္ကို ဖုံးအုပ္ေနတယ္။

အမ်ိဳးသမီးက သူမဆံပင္ေတြ ေျပေလ်ာ့ေနၿပီး ေရဘဝဲလက္တံနဲ႕ တူေနတယ္။ သူမလက္ထဲမွာ ပန္းကန္တစ္လုံး ကိုင္ထားတယ္။ ပန္းကန္လုံးက အျပင္မွာ ဝက္ဝံကာတြန္းပုံရွိၿပီး ကေလးအတြက္ပန္းကန္လုံးဆိုတာ သိသာတယ္။ ပန္းကန္လုံးထဲမွာ ေၾကာ္ထားတဲ့အသားပုံတစ္ပုံ ရွိေနတယ္။

ေဘးခန္းကတံခါးဟာ ပြင့္ေနတယ္။ ကေလးငိုသံ သို႔မဟုတ္ အမ်ိဳးသားေဟာက္သံ ဘာတစ္ခုမွာ မၾကားရပဲ အသံလုံးဝ ရွိမေနေပ။

"ငါ ဒီကို အသားစားဖို႔လာဖိတ္တာပါ"
အမ်ိဳးသမီးက စကားေျပာေနရင္း သူမမ်က္ႏွာေပၚက ဒါဏ္ရာဟာ ေ႐ြ႕လ်ားသြားတယ္။ တစ္ညေလးေက်ာ္ျဖတ္ၿပီး႐ုံနဲ႕ သူမက ပိုၿပီးသန္မာလာပုံရတယ္။
"မင္းတို႔ ေကာင္းေကာင္းမြန္မြန္နဲ႕ ကုန္ေအာင္စားရမယ္။ အဲ့လိုမွမဟုတ္ရင္ မင္းတို႔က ငါ့အသား ျဖစ္လာလိမ့္မယ္"

ေရွာင္လီက သူမလက္ထဲက ပန္းကန္လုံးကို ၾကည့္လိုက္ေတာ့ အသားကို ဆီထဲထည့္ၿပီး ရိုးရိုးရွင္းရွင္းခ်က္ထားတာကို ေတြ႕လိုက္ရတယ္။ သူက ေမးလိုက္တယ္။
"ဘာ ဟင္းခတ္အေမႊးအႀကိဳင္မွ မပါဘူးလား? မင္း အနည္းဆုံး ဆားနည္းနည္းေတာ့ ျဖဴးထားသင့္တယ္။ ငါ ဇီရာေစ့ကို ပိုႏွစ္သက္တယ္။ အဲ့ဒါက အရသာ ပိုေကာင္းတယ္ေလ"

အမ်ိဳးသမီး, "???"

ဒါက ဟင္းခ်က္တာ ဇီဇာေၾကာင္ေၾကးမ်ားေနတာ မဟုတ္ဘူးလား? ပန္းကန္လုံးက ေလထုထဲမွာ ရပ္တန့္သြာၿပီး သူမက သူ႕ကို တိုက္ရိုက္ေပးလိုက္ရမလားလို႔ ခ်ီတုန္ခ်တဳန္ ျဖစ္ေနတယ္။ ေရွာင္လီကေတာ့ ေတြေဝမေနပါဘူး။ အမ်ိဳးသမီးလက္ထဲက ပန္းကန္လုံးကို တိုက္ရိုက္ပဲ ယူလိုက္ၿပီး သူ႕ပန္းကန္ျပားကို တစ္ဖက္လူဆီ ကမ္းေပးကာ ေျပာလိုက္တယ္။
"လဲစားမယ္"

~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

9K 280 25
A collection of my original platonic yandere one shots and short stories. This book will not be related to any sort of challenge and will be updated...
30.4K 3.8K 66
This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team
6.2K 128 12
They say opposites attract and maybe it's true. When bright and bubbly Wooyoung becomes drawn to the Emotionless Rocker Insoo what would happen betwe...
106K 16K 62
How Is it to have Found Love in Childhood Right ! A dream come true for many, Your soulmate is none other than your best friend from years Ever thoug...